အခန်း ၁၃၄၂
Vol. 90 Ch. 1342
အခန်း ( ၁၃၄၂ ) ဝူဟူနှင့် ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော်။
ယခုအချိန်တွင် ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး တစ်ခုလုံးက ဆူပွက်နေပြီဟု ဆိုနိုင်သည်။
မရေမတွက်နိုင်သော အင်အားစုများ အထိတ်တလန့် ဖြစ်ခဲ့ရ၏။
အကျော်အမော်များစွာကလည်း ကောင်းကင်သို့ တက်လာပြီး သက်တန့်အလင်းများအဖြစ် ပြောင်းလဲကာ ယောင်ပြည်နယ်ဆီသို့ ပျံသန်းသွားကြကုန်တော့သည်။
ကျွင်းဧကရာဇ်ခုံရုံးက နေနတ်ဘုရားတောင်ကို ဝင်ရောက်စီးနင်းပြီး အင်မော်တယ်စစ်ပွဲ စတင်ခဲ့သည်။
ဒါက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေပြီး မယုံနိုင်လောက်အောင် ခံစားရစေခဲ့ပေသည်။
နောက်ဆုံးတွင်၊ အင်မော်တယ်စစ်ပွဲအဆင့် စစ်ပွဲကြီးများက သက်ရောက်မှုများစွာ ရှိသည်။
စစ်ပွဲတစ်ခု စတင်မည်ဆိုပါက သေချာစဉ်းစားရမည်။
ကျွင်းမိသားစုကဲ့သို့ ဘီလူးကြီးတချို့မှလွဲ၍ အချိန်မရွေး အင်မော်တယ်စစ်ပွဲကို ဆင်နွှဲနိုင်သူက များများမရှိပေ။
ထို့ကြောင့် သာမန်အင်မော်တယ်အင်အားစုများက အင်မော်တယ်စစ်ပွဲကို မည်သည့်အခါမှ အလွယ်တကူ စတင်နိုင်လိမ့်မည် မဟုတ်ပါ။
သတိမထားမိလျှင် ရန်သူတစ်ထောင်ကိုသတ်ရန် လူရှစ်ရာကို ဆုံးရှုံးသွားနိုင်သည်။
ကျွင်းဧကရာဇ်ခုံရုံးကို ကျွင်းရှောင်ယောက်မှ တည်ထောင်ခဲ့သည်။
သို့သော်လည်း ဒါက အင်အားစုသစ်တစ်ခု ဖြစ်၏။
ယခုတော့၊ ကျွင်းဧကရာဇ်ခုံရုံးက စတင်တည်ထောင်ပြီး မကြာမီပင် အင်မော်တယ်စစ်ပွဲတစ်ခုကို စတင်လိုက်ပြီ။
ဒါက လူတိုင်း၏ အသိအမြင်ကို ကျော်လွန်သွားခဲ့သည်။
"ကျားကိုမကြောက်တဲ့ မွေးကင်းစ နွားသူငယ်ဆိုတဲ့ အဓိပ္ပါယ်ကို ငါနားလည်သွားပြီ"
"ဒါက ကျွင်းဧကရာဇ်ခုံရုံးနဲ့ မဆိုင်တော့ဘူး။ သူတို့မှာ အကြီးအကဲတွေရှိပေမဲ့ အဓိက အာဏာကတော့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်မှာပဲ ရှိတယ်။ ပြောရရင် ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ"
"သူက တကယ်သတ္တိရှိတယ်"
ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရှိ အကျော်အမော်များစွာက ယောင်ပြည်နယ်သို့ ရောက်လာပြီးနောက် ဝိညာဉ်အသိဖြင့် အချင်းချင်း ဆက်သွယ်ပြောဆိုခဲ့ကြသည်။
အားလုံးက အာရုံစိုက်နေချိန်...
ယောင်ပြည်နယ်တွင်...
ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများက ကောင်းကင်နှင့်မြေပြင်ကို အရောင်ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။
လေထဲတွင်၊ ရှေးဟောင်း နယ်မြေဖြတ်ကျော် စစ်သင်္ဘောများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
စစ်သင်္ဘောများက ဒါဇင်ပေါင်းများစွာ ရှိ၏။
၎င်းတို့က အလွန်များပြားခြင်းမရှိသော်လည်း၊ ရှေးဟောင်းစစ်သင်္ဘော တစ်စင်းစီတွင် နေရာလွတ်အစီရင်ကြီးများ ရေးထွင်းထားသည်။
ဒါက စစ်အင်အားများစွာကို သယ်ဆောင်လာရန် လုံလောက်ပေသည်။
ထို့ပြင် တိုက်ခိုက်မှုနှင့် သတ်ဖြတ်မှု အစီရင်ကြီးများလည်း ရှိသည်။
ကျွင်းဧကရာဇ်ခုံရုံးမှ ကျင့်ကြံသူများက အစီရင်များကို အသက်သွင်းပြီး နေနတ်ဘုရားတောင်၏ အခြေစိုက်စခန်းကို ပစ်လွှတ်တိုက်ခိုက်နေတော့သည်။
"ကျွင်းဧကရာဇ်ခုံရုံး၊ မင်းတို့ အတင့်ရဲလှချေလား"
နေနတ်ဘုရားတောင်၏ အကြီးအကဲ သုံးယောက်စလုံး ဒေါသတကြီး ဖြစ်နေကြသည်။
ကျွင်းဧကရာဇ်ခုံရုံးက သူတို့၏ နေနတ်ဘုရားတောင်ကို ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
ဒါက သူတို့ကို ပြင်ဆင်မှုမရှိဘဲ အငိုက်မိစေသည်။
ဒါက ကျွင်းရှောင်ယောက်၏ အစီအစဉ်ပင်။
ကျွင်းရှောင်ယောက်က သူ၏ စစ်အင်အားကို လေ၊ မီး၊ တော၊ တောင်ကဲ့သို့ ဖြစ်စေချင်သည်။
လေကဲ့သို့ မြန်သည်၊ တောကဲ့သို့ ကြီးမား၏။ မီးကဲ့သို့ပြင်းထန်ပြီး တောင်ကဲ့သို့ မရွေ့ပေ။
ကျွင်းမိသားစု၏ လေ၊မီး၊တော၊တောင် အစောင့်လေးပါးအတိုင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်သည် ကျွင်းဧကရာဇ်ခုံရုံးမှ စတင်သော အင်မော်တယ်စစ်ပွဲဖြစ်သောကြောင့် ကျွင်းမိသားစု၏ စစ်အင်အားသည် သဘာဝအတိုင်း ပါဝင်မည် မဟုတ်ပေ။
"ဧကရာဇ်ခုံရုံး ရောက်လာပြီ၊ အညံ့မခံသူတွေ အသတ်ခံရမယ်"
ဝူဟူက မိုးကြိုးထစ်ချုံးသကဲ့သို့ ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
"လေသံကတော့ အတော်မြင့်တာပဲ၊ ငါ့ရဲ့ နေနတ်ဘုရားတောင်က အနိုင်ကျင့်ရလွယ်တယ်လို့ တကယ်ထင်နေတာလား"
တတိယအကြီးအကဲ အဘွားအိုက အေးစက်စက်ဖြင့် ဒေါသတကြီး အော်လိုက်သည်။
၎င်းတို့က ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခုဖြစ်သည့် နေနတ်ဘုရားတောင် ဖြစ်သည်။
ရလဒ်အနေဖြင့် အခုအချိန်မှာတော့ မျိုးဆက်သစ်တစ်ယောက်မှ ဖွဲ့စည်းထားသော အင်အားစုတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ဒါက လုံးဝ အရှက်ခွဲခြင်းပင်။
'စတုတ္တညီလေးကို မဆက်သွယ်သေးဘူးလား'
ပထမအကြီးအကဲက ပြောလိုက်သည်။
'မဟုတ်ဘူး၊ စတုတ္ထညီကို ဆက်သွယ်လို့မရဘူး၊ ရန်ပြည်နယ် အကျဉ်းထောင်နဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်'
ဒုတိယအကြီးအကဲက အသံပို့လွှတ်ပြီး ပြောလိုက်၏။
ပထမအကြီးအကဲ၏ နှလုံးသားက ရုတ်တရက် လေးလံသွားသည်။
မကောင်းသော ခံစားချက်ကလည်း ပိုပြင်းထန်လာတော့သည်။
"ကျွင်းရှောင်ယောက်က တိုက်ပွဲစတင်တာနဲ့ မဟာမိတ်ဖွဲ့တဲ့အထိ စေ့စပ်သူပါလား၊ အဟက်..."
ရှေ့မှ အမျိုးမျိုးသော အင်အားစုများကိုကြည့်ရင်း ပထမအကြီးအကဲက အေးစက်စက် ပြုံးလိုက်သည်။
ချူယွင်နန်းတော်၊ ကျစ်ရှောင်းမုခ်ဝ၊ ယွီတင်းအဆောင်၊ နက္ခတ်ဗေဒင်ဂိုဏ်း...
ဤအင်အားစုများအားလုံးသည် နေနတ်ဘုရားတောင်နှင့် တစ်ချိန်က အမုန်းတရားကြီးမားခဲ့ကြသော အင်အားစုများ ဖြစ်ကြသည်။
"သတ်"
ကျွင်းဧကရာဇ်ခုံရုံးဘက်မှာတော့ စိတ်ဓာတ်များက မြင့်မားနေကြဆဲ။
ရှေးဟောင်းနယ်မြေဖြတ်ကျော် စစ်သင်္ဘောများမှ နိယာမအမြောက်များဖြင့် ပစ်လွှတ်ခဲ့ကြသည်။
နိယာမအလင်းတန်းတစ်ခုက မြေပြင်ပေါ်ရှိ နက်နဲသော ချောက်ကြီးကဲ့သို့ လျှိုမြောင်တစ်ခုကို ကျရောက်သွား၏။
အတွင်းပိုင်းမှ၊ နေနတ်ဘုရားတောင်၏ သတ္တဝါများ အော်ဟစ်သံတို့ ထွက်ပေါ်လာတော့သည်။
"တောင်ကာကွယ် အစီရင်ကြီး အသက်သွင်းကြတော့ဟေ့"
ပထမအကြီးအကဲက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"ဝုန်း"
နေနတ်ဘုရားတောင် တောင်ခြေမှ အလင်းတန်းများ တောက်ပလာကြ၏။
မြေပြင်တွင် ရှေးကျပြီး ရှုပ်ထွေးသော ကမ္ပည်းများစွာကို ရေးထိုးထားသည်။
ဤရှေးဟောင်းအစီရင်ကို အသက်မသွင်းခဲ့ရသည်မှာ မည်မျှကြာမြင့်ခဲ့ပြီနည်း။
သူတို့တောင် မမှတ်မိတော့ပေ။
အကြောင်းမှာ၊ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် နေနတ်ဘုရားတောင်၏ အခြေစိုက်စခန်းကို ကျူးကျော်ဝင်ရောက်ရန် မဆိုထားဘိ...
နေနတ်ဘုရားတောင်ကို မည်သူမျှ မထိပါးဝံ့သောကြောင့် ဖြစ်သည်။
အစီရင်များက လည်ပတ်လာပြီးနောက် တောက်ပသော နေမင်းကဲ့သို့ အလင်းရောင်များ ဖြာထွက်နေသော အလင်းလုံးဆယ်ခုက ကောင်ကင်သို့ ထိုးတက်သွားသည်။
အလင်းစက်လုံးတစ်ခုစီက နေတစ်စင်းနှင့်တူပြီး အတွင်းမှာလည်း ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်၏ ပုံရိပ်တစ်ခု ရှိနေပုံရ၏။
"အဲဒါက... နေဆယ်စင်း ပျံသန်းခြင်း အစီရင်ကြီးပဲ။ နေနတ်ဘုရားတောင်က တကယ်ပဲ တောင်ကာကွယ်ရေးအစီရင်ကို အသက်သွင်းလိုက်ပြီ"
ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှ လာရောက်ကြည့်ရှုသူအားလုံး တုန်လှုပ်သွားကြသည်။
မည်သည့်အင်အားစုအတွက်မဆို အကာအကွယ်အစီရင်က မရှိမဖြစ် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။
ဥပမာအားဖြင့်၊ ကျွင်းမိသားစု၏ ကာကွယ်ရေးအစီရင်က တတိယ ရှေးဟောင်းသတ်ဖြတ်ခြင်းအစီရင်၏ ပြီးပြည့်စုံသောမူ ဖြစ်သည်။
ဤနေဆယ်စင်း ပျံသန်းခြင်းအစီရင်ကလည်း ထိပ်တန်းအဆင့် တောင်ကာကွယ်ခြင်း အစီရင်ပင်။
ရွှေကျီးကန်းမျိုးနွယ်စုမှ ကျွမ်းကျင်သူဆယ်ဦးက ကောင်းကင်ထံတွင် ပျံဝဲနေကြသည်။ ၎င်းတို့က ကမ္ဘာလောကကို ကပ်ဘေးဆိုက်ရောက်စေခဲ့သော ရှေးခေတ်က ရွှေကျီးကန်းဆယ်ကောင်ကဲ့သို့ပင်။
ထိုခေတ်မှာတော့ ရီမျိုးနွယ်စု၏ တန်ခိုးကြီးမားသော ဘိုးဘေးတစ်ဦးက ဟုန်ယွိ၏လေးနှင့် ရွှေကျီးကန်းမျိုးနွယ်မှ အကျော်အမော်ကိုးဦးကို ပစ်သတ်ခဲ့သည်။
ဤသို့ဖြင့် ကပ်ဘေးကို အဆုံးသတ်စေခဲ့ပေသည်။
လက်ရှိ နေဆယ်စင်း၏ ပျံသန်းခြင်းအစီရင်က ထိုတန်ခိုးရှင်ကျီးကန်း ဆယ်ကောင်ကို အတုယူ၍ ဖွဲ့စည်းထားသော အစီရင်ကြီးတစ်ခု ဖြစ်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
နေဆယ်စင်းမှ မီးလုံးကြီးများကို ပစ်လွှတ်လိုက်သည်။
ချူယွင်နန်းတော်၊ ကျစ်ရှောင်းဂိုဏ်း၊ ယွီတင်းအဆောင်၊ နက္ခတ်ဗေဒင်ဂိုဏ်းနှင့် အခြား အင်အားစုများမှ လူများ ချက်ချင်း ဒဏ်ရာရသွားကြ၏။
မီးတောက်တစ်ခုက ပေါက်ကွဲထွက်တိုင်း သူတော်စင်တစ်တပါးကို လောင်ကျွမ်းစေလောက်အောင် ပြင်းထန်သည်။
"နေနတ်ဘုရားတောင်ရဲ့ ကာကွယ်ရေးအစီရင် ဖြစ်ထိုက်တယ်။ သူ့ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းတာပဲ"
"ပေါက်တတ်ကရ၊ နေနတ်ဘုရားတောင်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရဲ့ ထိပ်တန်းကို ရောက်ရှိနေတာဖြင့်ကြာပြီ။ သူတို့မှာ ဝှက်ဖဲတွေ ဘယ်လိုလုပ်ပြီး မရှိဘဲနေမှာလဲ"
"ကျွင်းဧကရာဇ်ခုံရုံးက နေနတ်ဘုရားတောင်ကို ဝါးမျိုချင်ရင် ဒီလောက်မလွယ်ဘူး"
လက်ရှိ စစ်ပွဲအခြေအနေကို ကြည့်ရင်း လူတော်တော်များများ ဆွေးနွေးလိုက်ကြသည်။
နေနတ်ဘုရားတောင်က အိမ်ကွင်းဖြစ်၍ သူတို့တွင် အကာအကွယ် အစီရင်များရှိကာ အားသာချက်ရှိသည်။
တိုက်ခိုက်သူများကတော့ ဤကဲ့သို့ အစီရင်ကြီးများကို ထူထောင်ရန် မဖြစ်နိုင်ပေ။
"ဟမ့်၊ ဒါက အစီရင်လေးတစ်ခုပဲ။ ဖျက်ဆီးလိုက်ရင်ပြီးပြီ"
ဝူဟူက အေးစက်စက် ပြောလိုက်သည်။ သူ့သွေးများက ဆူပွက်လာ၏။ သူက လက်သီးဆုပ်ပြီး နေဆယ်စင်း၏ပျံသန်းခြင်း အစီရင်ထံသို့ ပြေးဝင်သွားတော့သည်။
"မင်းက ဧကရာဇ်တစ်ပိုင်းတောင် မဖြစ်သေးဘဲ ငါတို့ရှေ့မှာ မောက်မာဝံ့တယ်။ မင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာဆိုရင်တောင် ဘာဖြစ်လဲ"
ဝူဟူက သူ့ဘက်ကို တည့်တည့်လာနေကြောင်း မြင်ရသောအခါ ဒုတိယအကြီးအကဲက အေးစက်စွာ အော်လိုက်သည်။
သူက လက်တစ်ဖက်ကို မြှောက်လိုက်သည်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားများ မြင့်တက်လာ၏။
ဒုတိယအကြီးအကဲ၏ ကျင့်ကြံမှုအဆင့်က စတုတ္ထအကြီးအကဲနှင့် မတူပါ။
သူက အလွန်သန်မာပြီး ကပ်ဘေးငါးခု ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။
သို့သော်လည်း ရွှေကျီးကန်းမျိုးရိုး၏ ကပ်ဘေးငါးခု ဧကရာဇ်တစ်ပိုင်းနှင့် ရင်ဆိုင်နေရသည့်တိုင်...
ဝူဟူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်မျှမရှိပေ။
စင်စစ်တွင်၊ သူက ကမ္ဘာကိုကာကွယ်သူ၏ နှလုံးသားကို မသန့်စင်ရသေးသလို ဧကရာဇ်တစ်ပိုင်း နယ်ပယ်သို့လည်း မချိုးဖောက်ရသေးပါ။
သို့သော်လည်း ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရှိသည်။
ထို့ပြင် သူက ရှေးဟောင်းပျက်စီးခြင်းဘုရားကျောင်း၏ ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားသေးသည်။
ထို့ကြောင့် ကပ်ဘေးငါးခု ဧကရာဇ်တစ်ပိုင်းနှင့် ရင်ဆိုင်နေရသည့်တိုင် ဝူဟူက လုံးဝ ကြောက်ရွံ့မှုမရှိပေ။
ဝူဟူက အချုပ်အနှောင်ကို ချိုးဖျက်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ဖြတ်သွားပါက သာမန်ဧကရာဇ်ကိုပင် တိုက်ခိုက်နိုင်သည်။
သို့သော်လည်း ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကိုတော့ ဤစစ်ပွဲတွင် အသုံးမပြုခဲ့ပေ။
အကြောင်းမှာ၊ ကျွင်းရှောင်ယောက်က မလိုအပ်ဘူးဟု ခံစားမိသောကြောင့် ဖြစ်သည်။
"ဝုန်း"
ဝူဟူနှင့် ဒုတိယအကြီးအကဲတို့က ထိပ်တိုက် တွေ့ဆုံသွားကြသည်။ မဟာလမ်းစဉ်၏ မြင့်မြတ်သော စွမ်းအားများပင် လှိုင်းထသွား၏။
"ဒါက... ပျက်စီးခြင်းတာအိုသခင်နယ်ပယ်နဲ့ ဧကရာဇ်တစ်ပိုင်းကို တကယ်တိုက်ခိုက်နိုင်တာလား"
ဤမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှ စောင့်ကြည့်နေသူများအားလုံး အံ့ဩသွားကြသည်။
ကျွင်းဧကရာဇ်ခုံရုံးရဲ့ လူတွေကလည်း ကျွင်းရှောင်ယောက်လို ကြမ်းတမ်းကြတာလား။