အခန်း ၁၃၄၄
Vol. 90 Ch. 1344
အခန်း ( ၁၃၄၄ ) ရွှေကျီးကန်းဘုရင် ပေါ်လာပြီ။
"အဲဒါက ရီမျိုးနွယ်ရဲ့ ဧကရာဇ်တစ်ပိုင်းပဲ။ သူက ရန်ပြည်နယ်အကျဉ်းထောင်မှာ အကျဉ်းခံထားရတာ မဟုတ်ဘူးလား"
ရီကျင်းရှန်ကို မြင်လိုက်ရသောအခါ လူတိုင်း အံ့ဩသွားကြသည်။
ယခင်က ရီကျင်းရှန်နှင့် နေနတ်ဘုရားတောင်မှ အကြီးအကဲတို့ကြားမှ တိုက်ပွဲက ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးကို တုန်လှုပ်စေခဲ့သည်။
ရလဒ်အနေဖြင့် ရီကျင်းရှန်က ဖိနှိပ်ခံခဲ့ရပေသည်။
သို့ရာတွင်၊ ရီကျင်းရှန်က တစ်ကျော့ပြန်လာဦးမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
သူ့လက်ထဲတွင် ကိုင်ဆောင်ထားသောအရာမှာ ရီမျိုးနွယ်၏ အဖိုးတန်ဆုံး ရတနာဖြစ်သည့် ဟုန်ယွိလေး ဖြစ်သည်။
ဤလေးက ဧကရာဇ်လက်နက်တစ်ခုဖြစ်ပြီး ရွှေကျီးကန်းမျိုးနွယ်ကို အထူးဖိနှိပ်နိုင်စွမ်းရှိပေသည်။ ၎င်းက သူတို့၏ သဘာဝရန်သူ ဖြစ်သည်။
"လက်စသတ်တော့ ဒီလိုပဲ၊ ကျွင်းဧကရာဇ်ခုံရုံးက အင်မော်တယ်စစ်ပွဲကို စတင်ချိန်မှာပဲ ရီမျိုးနွယ်ရဲ့ ဧကရာဇ်တစ်ပိုင်းကို ကယ်တင်ဖို့ လူတွေကို စေလွှတ်ထားပြီးပြီ"
"ဒါက တကယ်ကို ပါးနပ်လွန်းတဲ့လုပ်ရပ်ပဲ။ နေနတ်ဘုရားတောင်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလို့တောင် ဆိုနိုင်တယ်"
တိုက်ပွဲကို စောင့်ကြည့်နေသော အင်အားစုကြီးများက ကျွင်းဧကရာဇ်ခုံရုံး၏ နည်းလမ်းများကြောင့် အံ့အားသင့်သွားကြသည်။
"ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ ဖြစ်ရမယ်။ အခြေအနေကိုလိုက်ပြီး လှုပ်ရှားနိုင်တဲ့ သူ့ရဲ့ အကြံအစည်နဲ့ ဗျူဟာတွေက သာမန်မဟုတ်ဘူး"
ကျင့်ကြံသူတချို့လည်း သက်ပြင်းချလိုက်ကြသည်။
ကျွင်းရှောင်ယောက်က လူငယ်တစ်ဦးဖြစ်သော်လည်း သူ၏ ဉာဏ်ပညာနှင့် ဗျူဟာများက အချို့သော မြေခွေးအိုကြီးများထက်ပင် ပို၍ နက်နဲသေးသည်။
ထိုအချိန်တွင်၊ နောက်ထပ် ဧကရာဇ်တစ်ပိုင်းအဆင့် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။
၎င်းက ထျန်းကွမ်နတ်စစ်သူကြီးနှင့် ဘုရင်ဖုဖုန်းတို့ ဖြစ်၏။
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်သုံးဦးက ရောက်ရှိလာသည်နှင့်တပြိုင်နက် တိုက်ပွဲအတွင်းကို ဝင်ရောက်သွားတော့သည်။
လက်ရှိ တိုက်ပွဲအခြေအနေတွင် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးက အခြေအနေကို လွှမ်းမိုးသွားရန် လုံလောက်သည်။
ယခုကဲ့သို့ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်သုံးဦး ပေါ်လာချိန်မှာတော့ အထူးပြောနေရန် မလိုတော့ပေ။
သူတို့ထဲမှ ရီကျင်းရှန်ဆိုလျှင် ထိပ်တန်းအဆင့် ဧကရာဇ်လက်နက်တစ်ခုကိုပင် ပိုင်ဆိုင်ထားသည်။
ဒါကို မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။
"ရီကျင်းရှန်၊ ဒီလိုဖြစ်မှန်းသာကြိုသိခဲ့ရင် နင့်ကို အစောကြီးကတည်းက နေနတ်ဘုရားမီးပြင်းဖိုထဲထည့်ပြီး သန့်စင်ပစ်ခဲ့တယ်"
တတိယအကြီးအကဲက အော်ပြောလိုက်သည်။ သူ့ပါးစပ်ထဲမှ သွေးများကလည်း တပွက်ပွက် အန်ထွက်နေ၏။
သူ့မျက်လုံးများက အမုန်းတရားများဖြင့် ပြည့်နှက်နေပြီး သူမ၏ အသက်စွမ်းအားများ ဆုတ်ယုတ်လာသည်ကို ခံစားနေရသည်။
မြှားချက်မထိမှန်ခင်ကတည်းက သူဟာ ဒဏ်ရာပြင်းထန်စွာရရှိနေပြီ။
ဤထိုးနှက်ချက်က သူ၏ အသက်မီးတောက်ကို တိုက်ရိုက်ငြိမ်းသတ်စေခဲ့သည်။
"နေနတ်ဘုရားတောင်နဲ့ ရီမျိုးနွယ်တို့ကြားက ရန်ငြိုးတွေအားလုံး ဒီနေ့မှာ အဆုံးသတ်သွားလိမ့်မယ်"
ရီကျင်းရှန်က ပြောလိုက်သည်။ ဟုန်ယွိလေးကို သူ့လက်ထဲတွင် ကိုင်ထားပြီး သူ့မျက်လုံးများမှာလည်း အေးစက်နေ၏။
အကျဉ်းထောင်ထဲတွင် ဆိုးရွားစွာ နှိပ်စက်ခံခဲ့ရသော်လည်း...
ပြန်လည်လွတ်မြောက်လာပြီးနောက် ရီယုနှင့် အခြားသူများက ရီကျင်းရှန်ကို ဆေးဝါးများစွာ တိုက်ကျွေးခဲ့သည်။
ထို့ကြောင့် ရီကျင်းရှန်က သူ၏ အထွတ်အထိပ်သို့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိသော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦး ဖြစ်နေသေးသည်။
"ဦးလေးပြေတာ မှန်တယ်၊ ဒီနေ့မှာ နေနတ်ဘုရားတောင်နဲ့ ကျုပ်တို့ရဲ့ ရန်စဟောင်းတွေကို အပြီးသတ် ဖြေရှင်းမယ်"
ရီယု၏ မျက်လုံးများမှာလည်း ကလဲ့စားချေခြင်း မီးတောက်များက ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။
ယနေ့ကို ရီမျိုးနွယ်ဝင်များ စောင့်နေသည်မှာ မည်မျှကြာမြင့်ခဲ့ပြီနည်း။
အကယ်၍၊ ကျွင်းရှောင်ယောက်က အရေးယူရန် ဆန္ဒမရှိခဲ့လျှင် နေနတ်ဘုရားတောင်၏ ပျက်စီးခြင်းကို မြင်တွေ့ရန် မဖြစ်နိုင်သလောက်ပင်။
ရီမျိုးနွယ်အပြင် လနတ်ဘုရားနန်းတော်မှလူများလည်း ပါဝင်သည်။
သူတို့တွင် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ မရှိသော်လည်း ပျက်စီးခြင်းတာအိုသခင်နှင့် နတ်ဖန်ဆင်းခြင်းအဓိပတိများ ရှိနေကြသေးသည်။
သူတို့အားလုံးသည် ယခင်က သေခြင်းမှ လွတ်မြောက်ခဲ့သူများ ဖြစ်သည်။ ယခုတော့ သူတို့အားလုံး၏ မျက်လုံးများက ကလဲ့စားချေခြင်း မီးတောက်များ ပြည့်နေတော့သည်။
"နေနတ်ဘုရားတောင်က ထိုက်ယင်မြင့်မြတ်ခန္ဓာကို လိုချင်တာနဲ့ ငါ့ရဲ့ လနတ်ဘုရားနန်းတော်ကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒီနေ့ ဒါကို လက်စားချေရမယ်"
ယွိချန်ကျွမ့်၏ မျက်နှာက အေးစက်နေသည်။ သူက ယနေ့ကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပေသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်သုံးဦး ပိုတိုးလာပြီးနောက်...
ကျွင်းဧကရာဇ်ခုံရုံး၏ အောင်ပွဲက အချိန်ကာလတစ်ခုသာဖြစ်သည်ဟု ဆိုနိုင်သည်။
ဧကရာဇ်တစ်ပိုင်းအဆင့် တတိယအကြီးအကဲ၏ သေဆုံးခြင်း ကောင်းကင်တွင် ထူးခြားသော သဘာဝဖြစ်စဉ်များ ပေါ်လာစေခဲ့ပေသည်။
ဒါက ဧကရာဇ်တစ်ပါး ကျဆုံးခြင်းကဲ့သို့ မကြီးကျယ်သော်လည်း လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပထမအကြီးအကဲ၏ မျက်လုံးများက နီရဲသွားသည်။
"သူတို့သွားနှင့်ပြီ၊ အခုက မင်းအလှည့်ပဲ"
ရီကျင်းရှန်၏ မျက်နှာက အေးစက်ပြီး လူသတ်ချင်စိတ်တို့ ပေါ်လာခဲ့၏။ သူက ဟုန်ယွိလေးကိုမြှောက်ပြီး လေးကြိုးကို ဆွဲတင်လိုက်တော့သည်။
အဆုံးမဲ့ နိယာမစွမ်းအားက ဟုန်ယွိလေးတွင် စုစည်းသွားပြီး ဧကရာဇ်အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
ဘုရင်ဖုဖုန်းနှင့် ထျန်းကွမ်နတ်စစ်သူကြီးတို့ကလည်း တိုက်ခိုက်ခဲ့၏။
ထို့ပြင်၊ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အခြား နတ်စစ်သူကြီးသုံးပါးတို့လည်း ရှိနေကြသေးသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် ခြောက်ဦးက ပထမအကြီးအကဲကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည်။
ပထမအကြီးအကဲက နေနတ်ဘုရားတောင်၏ အကြီးအကဲလေးဦးတွင် အသန်မာဆုံးဖြစ်သော်လည်း...
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ခြောက်ဦး၏ တိုက်ခိုက်မှုများကို တစ်ချိန်တည်းတွင် တားဆီးရန်မှာ မဖြစ်နိုင်ပေ။
ဒုတိယအကြီးအကဲက ဤမြင်ကွင်းကိုမြင်သောအခါ ဒေါသတကြီးဖြင့် အကူအညီပေးရန် ကြိုးစားလိုက်သည်။
"မင်းရဲ့ပြိုင်ဘက်က ငါပဲ"
ဝူဟူ၏ မျက်လုံးများက အေးစက်နေသည်။ သူက ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်နှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာတို့ကြောင့် ဒုတိယအကြီးအကဲကို ထိန်းချုပ်ထားနိုင်စွမ်းရှိ၏။
"ကြောက်စရာကောင်းလွန်းတယ်။ ငါတို့မသိလိုက်ခင်မှာပဲ ကျွင်းဧကရာဇ်ခုံရုံးက ဧကရာဇ်တစ်ပိုင်းတွေ အများကြီးရှိနေပြီ"
အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေသူများက အံ့အားသင့်စွာ ပြောဆိုလိုက်ကြသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်က အင်မော်တယ်အင်အားစုတစ်ခု၏ ကျောရိုး ဖြစ်နိုင်သည်။
ထိုသို့သောလူတစ်ဦး သို့မဟုတ် နှစ်ဦးရှိပါက အနှစ်တစ်သောင်းကြာအောင် တည်တံ့နိုင်လိမ့်မည်။
ရလဒ်အနေဖြင့်၊ ကျွင်းဧကရာဇ်ခုံရုံးက အချိန်တိုအတွင်းသာ တည်ထောင်ခဲ့သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် အများအပြား ရှိနေပြီ ဖြစ်သည်။
ဤနောက်ခံက ကြောက်စရာကောင်းလွန်းပေသည်။
"နေနတ်ဘုရားတောင်က ပျက်စီးတော့မယ်"
လူတစ်ယောက်က သက်ပြင်းချလိုက်သည်။
"ဒါက ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး၊ နေနတ်ဘုရားတောင်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှာ ရပ်တည်နေတာ ကြာခဲ့ပြီ။ ဒါက ဧကရာဇ်တစ်ပိုင်းအကျော်အမော် လေးယောက်တည်းကြောင့် မဖြစ်နိုင်ဘူး"
တစ်ယောက်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။
ရီကျင်းရှန်နှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များက ပထမအကြီးအကဲကို တိုက်ခိုက်လိုက်ချိန်...
နေနတ်ဘုရားတောင်၏ ဘိုးဘွားဘွားတောင်ဖြစ်သော နေထွက်တောင်ထိပ်မှ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
ပြိုးပြိုးပြက်ပြက် တောက်ပသော ရွှေရောင်အလင်းများက ဖြာထွက်လာပြီး ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ၏ တိုက်ခိုက်မှုတို့ကို ဟန့်တားလိုက်၏။
"နောက်ဆုံးတော့ ပေါ်လာပြီ"
ရီကျင်းရှန်၏ မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။
"မျှော်လင့်ထားတဲ့အတိုင်း၊ နောက်ဆုံးတော့ အဲဒီလူက နိုးထလာခဲ့ပြီ"
အဝေးမှ ကြည့်နေသူများကလည်း အချင်းချင်း ဆက်သွယ်ပြီး ပြောဆိုလိုက်ကြသည်။
နေနတ်ဘုရားတောင်တွင် အမှန်တကယ် သန်မာပြီး ကျော်ကြားဆုံးသူက အကြီးအကဲလေးဦး မဟုတ်ပါ။
ရွှေကျီးကန်းဘုရင် ဖြစ်သည်။
ရွှေကျီးကန်းဘုရင်က လွန်ခဲ့သည့် အချိန်ကာလတစ်ခုမှာပင် ကပ်ဘေးကိုးပါး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ထို့နောက်မှာတော့ သူက တိတ်တဆိတ် လေ့ကျင့်ခဲ့ပေသည်။
ယေဘုယျအားဖြင့်၊ ရွေကျီးကန်းဘုရင်သည် နေနတ်ဘုရားတောင်၏ ကပ်ဘေးကြီးနှင့် မကြုံရသရွေ့ ထွက်ပေါ်လာမည် မဟုတ်ပေ။
ဤအခိုက်တွင် နေထွက်တောင်၏ တောင်ထိပ်မှ မီးတောက်များ တောက်လောင်လာသည်။ ခြေသုံးချောင်း ရွှေကျီးကန်း၊ နေသစ်ပင်နှင့် အခြား ထူးခြားသော ဖြစ်စဉ်များလည်း ပေါ်လာကြ၏။
အနီရောင်နေမင်း နတ်ဘုရားရွှေမှ ပြုလုပ်ထားသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူရိပ်တစ်ခု ပေါ်လာတော့သည်။
သူ၏ ဆံပင်များက ရွှေရောင်ဖြစ်ပြီး နေအလင်းရောင်ထက်ပင် ပိုတောက်ပသည်။
သူ့မျက်လုံးများကလည်း အဆုံးမဲ့နယ်မြေကြီးကို လောင်ကျွမ်းစေနိုင်သော နေနှစ်စင်းကဲ့သို့ပင်။
ရွှေကျီးကန်းဘုရင် ဖြစ်သည်။
သူက ရွှေကျီးကန်း မင်းသားဆယ်ပါး၏ ဖခင်ဆိုလျှင်လည်း မမှားပေ။
"ရွှေကျီးကန်းဘုရင် ပေါ်လာပြီဟေ့။ သူ့အငွေ့အသက်ကလည်း ဧကရာဇ်အဆင့်ကို ရောက်နေပြီလား မသိဘူး"
"ဒါပေမဲ့ နည်းနည်း မတည်မငြိမ်ဖြစ်နေသလိုပဲ။ ကြည့်ရတာ အပြည့်အဝ မအောင်မြင်သေးဘူးထင်တယ်"
"သူက တာအိုကိုက်သက်သေပြဖို့ ခြေတစ်လှမ်းလိုနေသေးတယ်။ အဲဒါက အတုအယောင်ဧကရာဇ်လို့ပြောရမယ်"
ရွှေကျီးကန်းဘုရင်၏ အရှိန်အဝါကို ခံစားမိသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။
ရွှေကျီးကန်းဘုရင်က အပြည့်အဝ မအောင်မြင်သေးကြောင်း သူတို့ သတိပြုမိ၏။
မဟုတ်လျှင်၊ ဧကရာဇ်အငွေ့အသက်က မတည်မငြိမ်ဖြစ်နေမည် မဟုတ်ပေ။
ထို့ပြင် တာအိုကိုသက်သေပြု၍ ဧကရာဇ်ဖြစ်လာပါက ယေဘုယျအားဖြင့် ထူးခြားသော သဘာဝဖြစ်စဉ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။
သို့သော်လည်း ဤကာလအတွင်း၌ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် ဉာဏ်အလင်းပြခြင်း လက္ခဏာများကို မတွေ့ခဲ့ရပေ။
ထို့ကြောင့် ရွှေကျီးကန်းဘုရင်က ဧကရာဇ်နယ်ပယ်သို့ ခြေတစ်လှမ်းအလိုဟုသာ ဆိုနိုင်သည်။
သူက စစ်မှန်သောဧကရာဇ်မဟုတ်ဘဲ အတုအယောင်ဧကရာဇ်ဟု ဆိုရမည်။
သို့သော်လည်း အတုအယောင်ဧကရာဇ်ဆိုလျှင်ပင် အလွန်ကြောက်စရာကောင်းနေဆဲပင်။
တစ်ချက်တည်းဖြင့်၊ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများစွာ၏ တိုက်ခိုက်မှုကို သူက တားဆီးနိုင်ခဲ့သည်။
"အရှင်မင်းကြီး"
ပထမ အကြီးအကဲ၊ ဒုတိယ အကြီးအကဲ နှင့် အခြား သူများက ရွှေကျီးကန်းဘုရင်ကိုမြင်သောအခါ ဝမ်းသာသွားကြသည်။
သို့သော်လည်း အနည်းငယ် စိတ်မကောင်းဖြစ်သွား၏။
နေနတ်ဘုရားတောင်တွင် အချိန်အနည်းငယ်ပိုရပါက ရွှေကျီးကန်းဘုရင်သည် ဉာဏ်အလင်းကို အပြည့်အဝရရှိပြီး ဧကရာဇ်ဖြစ်လာမည် ဖြစ်သည်။
ကျွင်းဧကရာဇ်ခုံရုံးကလည်း အင်မော်တယ်စစ်ပွဲကို ဆင်နွှဲချင်လျှင် နှစ်ခါပြန်ပြီး စဉ်းစားရလိမ့်မည်။