အခန်း ၁၃၄၅
Vol. 90 Ch. 1345
အခန်း ( ၁၃၄၅ ) လူသတ်ဘုရင် ပေါ်လာခြင်း။
ရွှေကျီးကန်းဘုရင်က ပေါ်လာပြီးနောက် ကောင်းကင်ယံ၌ ရပ်နေသည်။
၎င်းက ကမ္ဘာပေါ်သို့ ဆင်းသက်လာသော ရှေးဧကရာဇ်တစ်ပါးကဲ့သို့ သို့မဟုတ် နေရာတိုင်းကို ထွန်းလင်းစေနိုင်သော နေတစ်စင်းကဲ့သို့ပင်။
သူ့အင်အားက စစ်မှန်သော ဧကရာဇ်နယ်ပယ်သို့ မရောက်သေးသော်လည်း...
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များထက် များစွာ သာလွန်နေပြီဟု ဆိုနိုင်သည်။
ရွှေကျီးကန်းဘုရင်၏ တည်ရှိမှုက ကျွင်းဧကရာဇ်ခုံရုံးကို ဖိအားတချို့ ခံစားရစေခဲ့ပေသည်။
ရီကျင်းရှန်၏ အမူအရာမှာလည်း လေးနက်လာသည်။
နေနတ်ဘုရားတောင်နှင့် ရီမျိုးနွယ်တို့က မသင့်မြတ်နိုင်သော ရန်သူများ ဖြစ်ကြသော်လည်း...
ရွှေကျီးကန်းဘုရင်၏ ခွန်အားက တကယ်ကို ကြောက်စရာကောင်းကြောင်း ဝန်ခံရမည်။
ဤအခိုက်တွင်၊ ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်နှင့် တတိယအကြီးအကဲ၏ အလောင်းကိုကြည့်ရင်း ရွှေကျီးကန်းဘုရင်၏ မျက်လုံးများက အေးစက်လာသည်။
ယခင်က တံခါးပိတ်ကျင့်ကြံချိန်တွင်...
သူ၏ စိတ်ကူးမှာ ဉာဏ်အလင်းရပြီး ဧကရာဇ်ဖြစ်မလာသရွေ့ ဤလောကသို့ ပြန်လည်ခြေမချရန် ဖြစ်သည်။
ထို့ပြင်၊ နေနတ်ဘုရားတောင်၏ အင်အားနှင့် ဧကရာဇ်တစ်ပိုင်း အကြီးအကဲလေးပါးတို့ကြောင့် မည်သူမျှ သူတို့ကို ရန်စသည်အထိ မိုက်မဲနေမည် မဟုတ်ပေ။
သို့သော်လည်း ကျွင်းဧကရာဇ်ခုံရုံးက လုပ်ဝံ့သည်။
ထိုအခိုက်အတန့်တွင်၊ ရွှေကျီးကန်းဘုရင်၏ မျက်လုံးများက လေဟာနယ်ကို ဖောက်မြင်နေဟန်ဖြင့် စူးစိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။
"ကျွင်းမိသားစုက အငယ်လေး၊ မင်းက ငါ့ရဲ့ နေနတ်ဘုရားတောင်ကို တကယ်တိုက်ခိုက်ဝံ့တယ်လား"
"မင်း ဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်ကို ဘယ်လိုပြောဝံ့တာလဲ"
ဝူဟူ၏ မျက်လုံးများက အေးစက်သောအလင်းရောင်ဖြင့် လင်းလက်သွား၏။
အသက်အရွယ်နှင့် ကျင့်ကြံမှုအဆင့်အရ ကျွင်းရှောင်ယောက်ဟာ ရွှေကျီးကန်းဘုရင်၏ရှေ့တွင် အငယ်လေးတစ်ဦး ဖြစ်နိုင်သည်။
သို့သော်လည်း ကျွင်းမိသားစု၏ နတ်ဘုရားသားတော် အထောက်အထားကို ဘေးဖယ်ထားလျှင်ပင်...
ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင် အထောက်အထား တစ်ခုတည်းက ရွှေကျီးကန်းဘုရင်ထက် မနိမ့်ကျပေ။
နောက်အခိုက်တွင်၊ ပျက်ရယ်ပြုသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟဲ... ရွှေကျီးကန်းဘုရင်၊ မင်းက ဒီဧကရာဇ်အရှင်ကို ဒီလိုပြောဖို့ ဘယ်လိုအရည်အချင်းရှိလို့လဲ"
ထို့နောက်၊ ရှေးဟောင်း နယ်မြေဖြတ်ကျော် စစ်သင်္ဘောတစ်စီး၏ အနောက်ဘက်မှ အရပ်မြင့်မြင့်နှင့် ချောမောသော လူငယ်တစ်ယောက် ထွက်လာ၏။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက်ကို ပွေ့ချီကာ သင်္ဘောကုန်းပတ်ပေါ်သို့ လျှောက်လာသည်။
ထိုသူက သဘာဝအတိုင်း ကျွင်းရှောင်ယောက်ပင်။
သို့ရာတွင်၊ သူ့ကိုယ်သူ နတ်ဘုရားသားတော်ဟု မခေါ်ပါ။
သူက ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင် ဖြစ်သည်။
တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက်က ယခုအချိန်မှာ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်မဟုတ်ဘဲ ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင်အနေဖြင့် စစ်ပွဲတွင် ပါဝင်နေခြင်းပင်။
"ကျွင်းမိသားစုရဲ့ကောင်လေး၊ မင်းက တကယ်အတင့်ရဲတာပဲ"
တည်ငြိမ်စွာ လျှောက်လာသော ကျွင်းရှောင်ယောက်ကိုကြည့်ရင်း ရွှေကျီးကန်းဘုရင်၏ မျက်လုံးထဲတွင် ဒေါသမီးလျှံများ တောက်လောင်လာသည်။
သူ့မျိုးဆက် ဆယ်ယောက်စလုံးက ကျွင်းရှောင်ယောက်ကြောင့် တစ်နည်းနည်းဖြင့် သေဆုံးခဲ့ကြခြင်း ဖြစ်၏။
အထူးသဖြင့်၊ မဟာနေမင်း မြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ရွှေကျီးကန်း ဒသမမင်းသား ဖြစ်သည်။
သူ့ဘဝက သနားစရာကောင်းအောင် ဆိုးရွားလှပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အထောက်အထားက ကြောက်စရာကောင်းလွန်းသည်။
သူ့နောက်တွင် ရှေးဟောင်း မိသားစုကြီးနှစ်ခု ရှိ၏။
ရွှေကျီးကန်းဘုရင်က မည်မျှပင် ဒေါသထွက်နေပါစေ၊ ကျွင်းရှောင်ယောက်ကို မတိုက်ခိုက်နိုင်ပေ။
မဟုတ်ပါက၊ နေနတ်ဘုရားတောင်သို့ ကပ်ဆိုးကြီး ကျရောက်စေမည် ဖြစ်သည်။
ထို့ကြောင့် ရွှေကျီးကန်းဘုရင်မှာ သူ့ဒေါသကို မျိုသိပ်ခဲ့ရပေသည်။
သူ၏အကြံအစည်မှာ၊ သူကိုယ်တိုင် ဧကရာဇ်နယ်ပယ်သို့ ချိုးဖြတ်ပြီး အခွင့်ကောင်းတစ်ခုကို စောင့်ဆိုင်းရန် ဖြစ်သည်။
ကမ္ဘာတွင် ထာဝရတည်တံ့နိုင်သော အင်အားစုမရှိပေ။
ကပ်ဘေးကြီးများ ကျရောက်လာသည့်အခါ ကျွင်းမိသားစုက သူတို့ကိုယ်ကိုပင် ကာကွယ်နိုင်မည် မဟုတ်ပါ။
ထိုအချိန်တွင်၊ သူကိုယ်တိုင် လှုပ်ရှားပြီး သူ့သားသမီးများအတွက် ကျွင်းရှောင်ယောက်ကို ကိုယ်တိုင်သတ်ပစ်မည် ဖြစ်သည်။
ယခုတော့၊ အချိန်မတန်ခင်မှာ ကျွင်းရှောင်ယောက်က အစပြုပြီး နေနတ်ဘုရားတောင်ကို တိုက်ခိုက်ခဲ့ပြီ။
ဒါက ရွှေကျီးကန်းဘုရင်ကို ပို၍ ဒေါသထွက်စေသည်။
သူက နစ်နာမှုများအတွက်ပင် ကလဲ့စားမချေရသေးပါ။
ကျွင်းရှောင်ယောက်က သူ့အိမ်တံခါးဝသို့ အမှန်တကယ် ရောက်လာသည်။
တရားလွန်ချေပြီ။
"ရွှေကျီးကန်းဘုရင်၊ မင်းရဲ့ အသက်အရွယ်... အတွေ့အကြုံတို့နဲ့ ဒီလောက်ထိ မနုံအသင့်ဘူး"
"ရွှေကျီးကန်း မင်းသားဆယ်ပါးကို ငါသတ်ခဲ့ပြီးနောက် နေနတ်ဘုရားတောင်နဲ့ ငါ့ကြားက ရန်ငြိုးတွေဟာ ညှိနှိုင်းမရနိုင်တော့ဘူး"
"ဒီလိုအခြေအနေမျိုးမှာ ဒီဧကရာဇ်အရှင်က မင်း လာပြီးလက်စားချေမှာကို ထိုင်စောင့်နေရမှာလား"
ကျွင်းရှောင်ယောက်က သူ့နှုတ်ခမ်းထောင့်ကို တွန့်ကွေးကာ ပြုံးလိုက်သည်။
သူနှင့် အခြားရှေးဟောင်းတော်ဝင်မိသားစုများမှာလည်း မုန်းတီးမှု အနည်းနှင့်အများ ရှိသည်။
သို့ရာတွင်၊ နေနတ်ဘုရားတောင်နှင့် မုန်းတီးမှုက အနက်ရှိုင်းဆုံးပင်။
ရွှေကျီးကန်းဘုရင်က သူ့ကို သေစေချင်စိတ်အများဆုံးသူလည်း ဖြစ်သည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်က သူနှင့် အနက်ရှိုင်းဆုံး ရန်စရှိသော ရှေးဟောင်းတော်ဝင်မျိုးနွယ်ကို ဦးစွာ ဖျက်ဆီးပစ်ရမည်။
"ကျွင်းမိသားစုရဲ့ကောင်လေး၊ မင်းက တကယ်ကို ရက်စက်ကြမ်းကြုတ်တာပဲ"
ရွှေကျီးကန်းဘုရင်က အေးစက်စက် ပြောလိုက်သည်။ သူ့အရှိန်အဝါက ကြီးမား၏။
သူ့လက်ကိုမြှောက်လိုက်သောအခါ နိယာမစွမ်းအားက မြင့်တက်လာပြီး ခြေသုံးချောင်း ရွှေကျီးကန်းအဖြစ် ဖွဲ့စည်းသွားတော့သည်။
၎င်းက အတောင်ပံတဖြန်းဖြန်းခတ်လိုက်သောအခါ အဆုံးမဲ့ အမွေးအတောင်များက ဓားငှက်မွေးများကဲ့သို့ လေဟာနယ်ကို ဖြတ်သန်းသွားကြသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ကို လောင်ကျွမ်းသွားစေနိုင်သော မီးတောက်ကြီးကြောင့် ဟင်းလင်းပြင်က ပြိုကျသွား၏။
ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ခြင်းဖြစ်သော်လည်း အလွန်အစွမ်းထက်သည်။
ဘုရင်ဖုဖုန်းနှင့် အခြား ဧကရာဇ်တစ်ပိုင်း အများအပြားက ကျွင်းရှောင်ယောက်၏ရှေ့သို့ ပြေးဝင်လာကာ ခုခံရန် ကြိုးစားလိုက်ကြသည်။
"ဝုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ တော်တော်များများ၏ ရင်ဘတ်များက တုန်ခါသွားတော့သည်။
ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှ စောင့်ကြည့်နေသူများစွာတို့လည်း ဤမြင်ကွင်းကြောင့် အလွန်တုန်လှုပ်သွားကြသည်။
ရွှေကျီးကန်းဘုရင်၏ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ချောမောပြီး ကြည်လင်သော မျက်နှာပေါ်တွင် ဂရုမစိုက်သော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။
"ဝမ်..."
လေဟာနယ်က လှုပ်ရှားသွားပြီး သွေးအရိပ်တစ်ခုက သူ့အနားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
"ငါသိတယ်"
ရွှေကျီးကန်းဘုရင်၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု လင်းလက်လာသည်။
သူသည် အချိန်ပြည့် တိတ်တဆိတ်နေလေ့ရှိသော်လည်း အပြင်လောကအကြောင်းကို လျစ်လျူမရှုထားပေ။ အကြီးအကဲများထံမှတဆင့် ပြင်ပကမ္ဘာမှ အချက်အလက်များစွာကို သိရှိထားသည်။
ရွှေကျီးကန်းဘုရင်က ကျွင်းဧကရာဇ်ခုံရုံးတွင် ကြောက်စရာအကောင်းဆုံးမှာ မည်သူဖြစ်မှန်း သဘာဝအတိုင်း သိပေသည်။
ရွှေကျီးကန်းဘုရင်၏ နောက်ကျောဘက်မှ သုံးမီတာစီ ရှည်လျားသော ရွှေကျီးကန်း တောင်ပံတစ်စုံက ရုတ်တရက် ပေါ်လာခဲ့သည်။
သူ့အတောင်များကိုခတ်ပြီး ရွှေကျီးကန်းဘုရင်က အလင်းတန်းတစ်ခုကဲ့သို့ ဆုတ်သွားတော့သည်။
"အို... ရွှေကျီးကန်းအမြန်နှုန်းလား"
သွေးအရိပ်က သူ၏တိုက်ခိုက်မှု လွဲချော်သွားသောအခါ အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
"ဒါက လူသတ်ဘုရင်ပဲ"
အဝေးမှ ကြည့်နေသူတစ်ဦးက အော်လိုက်သည်။
သို့သော်၊ ထိုအချိန်တွင် ရွှေကျီးကန်းဘုရင်၏ နောက်ဘက်မှ လေဟာနယ်က လှုပ်ရှားသွားသည်။
နောက်ထပ် သွေးအရိပ်တစ်ခု ပေါ်လာ၏။ ၎င်းက လူသတ်ဘုရင်ပင်။
"စိတ်မကောင်းစရာပဲ၊ မင်းက ဧကရာဇ်အဆင့်ကို မချိုးဖြတ်နိုင်သေးဘူး။ မဟုတ်ရင် ငါ လူသတ်ဘုရင်က ဒီနေ့မှာ ဧကရာဇ်တစ်ပါးကို ထပ်ပြီး သတ်နိုင်လိမ့်မယ်"
လူသတ်ဘုရင်၏ ပတ်ပတ်လည်တွင် သွေးရောင် မိစ္ဆာလက်စွပ်ကွင်းများ ပေါ်လာသည်။
သူက သွေးစွန်းနေသော ဓားမြှောင်တစ်ချောင်းကို ကိုင်ထားပြီး ရွှေကျီးကန်းဘုရင်ကို ထိုးခုတ်လိုက်၏။
"ဘာ"
ရွှေကျီးကန်းဘုရင်က ထိတ်လန့်သွားသည်။
ယခင်က သွေးအရိပ်ကို အယောက်ပြခြင်းဖြစ်မည်ဟု မမျှော်လင့်ထားပေ။
ဒါကိုမြင်လိုက်သည်နှင့် ရွှေကျီးကန်းဘုရင်က သူ၏ နတ်ဘုရားချပ်ဝတ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာပ အနီရောင်နေမင်း နတ်ရွှေမှ ပြုလုပ်ထားခြင်း ဖြစ်သည်။
၎င်းက ဧကရာဇ်အဆင့် ကာကွယ်ရေးလက်နက်တစ်ခု ဖြစ်၏။
လူသတ်ဘုရင်က သူ့လက်ကောက်ဝတ်ကို လှည့်လိုက်သောအခါ သွေးအလင်းတစ်ခု ပေါ်လာခဲ့သည်။
သူက ရွှေကျီးကန်းဘုရင်၏ ခန္ဓာကိုယ်ကို မတိုက်ခိုက်ခဲ့ပေ။
သူ့ခန္ဓာကိုယ်ကို အနီရောင်နေမင်း နတ်ဘုရားချပ်ဝတ်ဖြင့် ကာကွယ်ထားသောကြောင့် အချိန်တိုအတွင်း ဖြတ်ကျော်ရန် ခက်သည်။
သို့သော်လည်း ထိုသွေးအလင်းက ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖြတ်တောက်နိုင်ပုံရသည်။
"ရွှစ်..."
ရွှေကျီးကန်းဘုရင်၏ လက်တစ်ဖက်နှင့် တောင်ပံတစ်ဖက်ကို ပြတ်ကျသွားစေတော့သည်။
တစ်ချက်တည်းဖြင့်၊ လူသတ်ဘုရင်က ရွှေကျီးကန်းဘုရင်၏ အမြန်နှုန်းကို တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။
"ဟင်..."
"ဒါက လူသတ်ဘုရင်ရဲ့ တကယ့်ခွန်အားပဲလား"
"ရွှေကျီးကန်းဘုရင်က အတုအယောင်ဧကရာဇ်ဖြစ်ပြီး ကာကွယ်ရေး ဧကရာဇ်လက်နက်ကို ဝတ်ဆင်ထားပေမဲ့ လူသတ်ဘုရင်ရှေ့မှာတော့ အလွယ်တကူ ဒဏ်ရာရနေတုန်းပဲ"
လူသတ်ဘုရင်၏ စွမ်းဆောင်မှုက လူအများကို တုန်လှုပ်စေခဲ့သည်။
ကျွင်းရှောင်ယောက်လည်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
လူသတ်ဘုရင်၏ စွမ်းဆောင်ရည်က တကယ်ကို အထင်ကြီးစရာကောင်းသည်။
ရွှေကျီးကန်းဘုရင်ကိုယ်တိုင်က အတုအယောင်ဧကရာဇ်ဖြစ်သည်။ အကာအကွယ် ဧကရာဇ်လက်နက်ဖြစ်သော အနီရောင်နေမင်း နတ်ဘုရားချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားသေးသည်။
သာမာန် အစစ်အမှန်ဧကရာဇ်များက သူ့ကို ဖိနှိပ်ရန် အနည်းငယ် အားထုတ်ရမည် ဖြစ်သည်။
လူသတ်ဘုရင်ကတော့ ရွှေကျီးကန်းဘုရင်ကို လွှမ်းမိုးလုနီးပါးဖြစ်ပြီး တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပေသည်။