← Chapters

အခန်း ၁၃၄၇

Vol. 90 Ch. 1347

အခန်း ၁၃၄၇

Vol. 90 Ch. 1347

အခန်း ( ၁၃၄၇ ) နေနတ်ဘုရားတောင်၏ စစ်မှန်သောအမွေအနှစ်။

နေနတ်ဘုရားတောင် တစ်ခုလုံးက ယခုအချိန်တွင် သွေးလွှမ်းသော ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

အော်ဟစ်ညည်းညူသံများ၊ သတ်ရန် ကြွေးကြော်သံများနှင့် တိုက်ခိုက်မှု အသံများကို နေရာတိုင်းတွင် ကြားရ၏။

ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ အရှေ့ဘက်ကို လွှမ်းမိုးထားသော ဤအင်မော်တယ်အင်အားစုကို ယခုကဲ့သို့ ပြီးဆုံးသွားရမည်ဟု မည်သူကထင်ထားခဲ့မည်နည်း။

"တကယ်ပါပဲ၊ ကမ္ဘာမှာ ထာဝရတည်တံ့နိုင်တဲ့ အင်အားစုဆိုတာ မရှိဘူး"

လူတစ်ယောက်က သက်ပြင်းချလိုက်သည်။

"နေနတ်ဘုရားတောင်က တကယ် ပျက်စီးရတော့မယ်ထင်တယ်။ အခုချိန်ထိ အဘက်ဘက်မှာ ကျွင်းဧကရာဇ်ခုံရုံးကို မယှဉ်နိုင်ဘူး"

"ဒီလောက်တော့ မလွယ်ကူနိုင်ဘူး၊ နေနတ်ဘုရားတောင်က ရွှေကျီးကန်းဘုရင်ကြောင့် ကျော်ကြားပေမဲ့..."

"ရွှေကျီးကန်းဘုရင်က တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ဘူး"

လူတချို့ကတော့ လေးနက်သော အမူအရာဖြင့် ပြောကြ၏။

ထိုအချိန်တွင် ပြင်းထန်သော တိုက်ခိုက်မှုအားလှိုင်းတစ်ခုက ပျံ့လွင့်သွားသည်။

လူရိပ်တစ်ခုက ဒယီးဒယိုင်ဖြင့် ဆုတ်သွားရ၏။ ၎င်းက သွေးစွန်းနေသော ဒဏ်ရာဒဏ်ချက်များဖြင့် ရွှေကျီးကန်းဘုရင် ဖြစ်တော့သည်။

ဧကရာဇ်လက်နက် အနီရောင်နေမင်း နတ်ဘုရားချပ်ဝတ်၏ အကာအကွယ်၊ ထိပ်တန်းအဆင့် ဧကရာဇ်လက်နက် နေနတ်ဘုရားမီးပြင်းဖိုတို့၏ အကူအညီဖြင့်ပင် သူက လူသတ်ဘုရင်ကို မယှဉ်နိုင်သေးပါ။

အတုအ‌ယောင်ဧကရာဇ်နှင့် အစစ်အမှန်ဧကရာဇ်တို့ကြားမှ ကွာခြားချက်က ကြီးမားသည်။

"ဒီကစားပွဲက တော်လောက်ပြီ"

လူသတ်ဘုရင်၏ မျက်လုံးများက အေးစက်စက် အလင်းရောင်တို့ လက်သွားသည်။

သူသည် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို မစားသောက်မီ ကစားနေသကဲ့သို့ ရွှေကျီးကန်းဘုရင်ကို ကစားနေခဲ့ခြင်း ဖြစ်သည်။

ယခုအတော့ ရွှေကျီးကန်းဘုရင်ကို အဆုံးသတ်ပေးရန် အချိန်တန်ပြီ။

"ချီးပဲ"

ရွှေကျီးကန်းဘုရင်မှာ စိတ်တည်ငြိမ်မှုမရှိတော့ဘဲ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။

သူ့ကို နှစ်တစ်ရာ သို့မဟုတ် ဆယ်စုနှစ် အနည်းငယ်မျှ အချိန်ပိုပေးလျှင်ပင် သူသည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ကံမကောင်းစွာဖြင့်၊ ကျွင်းရှောင်ယောက်က ပြတ်သားပြီး သူတို့ကို ဤအခွင့်အရေးမျိုး မပေးခဲ့ပေ။

ဤအခိုက်တွင်၊ လူသတ်ဘုရင်၏ မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ ပေါ်လာတာကို သူ သတိပြုလိုက်မိသည်။

ရွှေကျီးကန်းဘုရင်က သူက မထိန်းထားနိုင်တော့ကြောင်း ကောင်းကောင်းသိလိုက်၏။

သူက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်တော့သည်။

"ကျေးဇူးပြုပြီး ဘိုးဘေးကြီး..."

ကြွေးကြော်သံနှင့်အတူ ကောင်းကင်က ပေါက်ကွဲထွက်ပြိး အရပ်ဆယ်မျက်နှာကို တုန်လှုပ်သွားစေခဲ့သည်။

လေးနက်သော မျက်လုံးအကြည့်ဖြင့် လူတချို့မှလွဲ၍ အများစုက အံ့ဩသွား၏။

နေနတ်ဘုရားတောင်တွင် နောက်ခံတချို့ ရှိနေသေးသလော။

"ဝုန်း"

ရွှေကျီးကန်းဘုရင်၏ အော်သံအဆုံးတွင်...

နေမင်း၏ ဘိုးဘေးတောင်ဟုလည်း လူသိများသော နေထွက်တောင်ထိပ်က ပြင်းထန်စွာ တုန်ခါလာခဲ့သည်။

နေမင်း၏ အဆုံးမဲ့မီးလျှံက လောင်ကျွမ်းသွားပြီး မိုးနှင့်မြေကြားတွင် အပူချိန်က မြင့်တက်လာပုံရ၏။

ထို့နောက် လူတိုင်း၏ အံ့အားသင့်သော အကြည့်များကြားတွင်...

နေထွက်တောင်က မြေပြင်မှ ဖြည်းဖြည်းချင်း ကြွတက်လာတော့သည်။

"အလို"

ကျွင်းရှောင်ယောက်လည်း စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခုအနေဖြင့် နေနတ်ဘုရားတောင်ကို အမြစ်ဖြတ်ချေမှုန်းရန် လွယ်ကူမည်မဟုတ်ကြောင်းကို သူသိပေသည်။

နေထွက်တောင်က တဖြည်းဖြည်းချင်း လေထဲကို ကြွတက်လာနေဆဲ ဖြစ်သည်။

တောင်အောက်တွင် ချော်ရည်များက ပေါက်ကွဲထွက်လာ၏။

ထို့နောက်၊ အလွန်အိုမင်းသော အသံတစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာတော့သည်။

"နှစ်ပေါင်းများစွာကြာပြီးနောက်၊ ငါ့ရဲ့ နေနတ်ဘုရားတောင်ဟာ ဒီလိုအခြေအနေမျိုးကို ကျဆင်းခဲ့ရပြီ"

စကားသံအဆုံးတွင်...

အဆုံးမဲ့ ချော်ရည်များကြား၌ ခြေသုံးချောင်းရှိသော ရွှေကျီးကန်းတစ်ကောင် ပေါ်လာခဲ့သည်။

ခြေသုံးချောင်းရှိသော ရွှေကျီးကန်းက တဖြည်းဖြည်း ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွား၏။

သူက ပိန်ပါးလွန်းပြီး အလွန်အိုမင်းနေပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ အသားအရေက ဗုဒ္ဓ၏ ရွှေခန္ဓာကဲ့သို့ ရွှေရောင်ဖျော့ဖျော့ လင်းလက်နေပေသည်။

ဤအဘိုးအို ပေါ်လာသည်နှင့် တပြိုင်နက်၊ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားသော အရှိန်အဝါတစ်ခုက သူ့ထံမှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဘုရင်ဖုဖုန်းကဲ့သို့ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များပင်လျှင် အလွန်ကြောက်စရာကောင်းသော ဖိအားကို ခံစားလိုက်ရတော့သည်။

"ဒီအငွေ့အသက်က..."

အမြဲ အေးချမ်းတည်ငြိမ်သော နတ်စစ်သူကြီးလေးဦး၏ မျက်နှာများမှာပင် ထူးခြားသော အရိပ်အယောင်တို့‌ ပေါ်လာခဲ့သည်။

အလွန်အိုမင်းပြီး ပိန်လှီသော အဘိုးအိုတစ်ဦးက ဤမျှကြောက်စရာကောင်းသော အငွေ့အသက်မျိုး ရှိသလော။

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... မင်းက ဘယ်သူလဲ။"

ရီမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော် ရီကျင်းရှန်က ဤအဘိုးအိုကို မြင်သောအခါတွင် တုန်လှုပ်သွားမိသည်။

ထိုအချိန်က ရွှေကျီးကန်းမျိုးနွယ်၏ အသန်မာဆုံး ကျွမ်းကျင်သူဆယ်ဦးက တောက်လောင်သော နေဆယ်စင်းအဖြစ် ပြောင်းလဲကာ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို လောင်ကျွမ်းစေခဲ့သည်။

သူတို့က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ရွှေကျီးကန်းမျိုးနွယ်အတွက် သင့်လျော်သော အပူပိုင်းနယ်မြေအဖြစ် ပြောင်းလဲလိုခြင်းပင်။

ထိုအတွက်၊ ရီမျိုးနွယ်၏ နတ်ဘုရားရီက လှုပ်ရှားခဲ့ပြီး ရွှေကျီးကိုးကောင်ကို ပစ်သတ်ခဲ့ပြီး နောက်ဆုံးတစ်ကောင်သာ ကျန်ခဲ့သည်။

ထိုကျန်ရစ်သူက သူတို့ရှေ့မှ အဘိုးအိုပင် ဖြစ်မည်လော။

ရီကျင်းရှန် သာမက၊ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှ အကျော်အမော်များပင် ဤအချက်ကို တွေးတောလိုက်မိသည်။

ဤအတိုင်းမှန်လျှင်၊ သူတို့ရှေ့မှ ပိန်ပိန်ပါးပါး အဘိုးအို၏ ခွန်အားက အလွန်ကြောက်စရာကောင်းလိမ့်မည်။

သူ၏ခွန်အားက သာမန်ဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်သောအရာ မဟုတ်တော့ပါ။

"ဟားဟားဟား၊ မင်းတို့ ဘာတွေတွေးနေလဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက အဲဒါက မမှန်ဘူး"

"အဲဒီသူက ငါ့အဘိုးပဲ"

ပိန်လှီသော အဘိုးအိုက ရယ်မောလိုက်သည်။

သို့မှသာ လူတိုင်းက သတိပြန်ဝင်လာပြီး တွေးတောမိကြသည်။

နောက်ဆုံးမှာတော့ ရီနတ်ဘုရားက ရွှေကျီးကိုးကောင်ကို ပစ်သတ်ခဲ့တာ လွန်စွာကြာခဲ့ပြီ။

နောက်ဆုံး ကျန်ရစ််ခဲ့သူပင် ယခုအချိန်အထိ ရှင်သန်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် သူတို့ရှေ့မှ အဖိုးအိုက ထိုကျန်ရစ်သူ၏ မြေးဖြစ်သည်။

သို့သော်လည်း မျက်မှောက်ခေတ်တွင် သူက နေနတ်ဘုရားတောင်၏‌ ရှေးဘိုးဘေးအဆင့် တည်ရှိမှုတစ်ခု ဖြစ်နေမည်မှာ သေချာပေသည်။

"မင်းက ကျွင်းမိသားစုရဲ့ ကောင်လေးလား။ ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ်ကြောက်ဖို့ကောင်းတာပဲ..."

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

သူ၏ မှုန်ရီဝါးနေပုံရသော မျက်လုံးများက ဒေါသအရိပ်အယောင်တို့ မရှိပေ။

သို့သော်လည်း တစ်ဖက်လူက တည်ငြိမ်လွန်းလေ၊ အန္တရာယ် ပိုများလေ ဖြစ်သည်။

"ယဉ်ကျေးလွန်းပါပြီ၊ တကယ်တော့ ဒီဧကရာဇ်အရှင်က နေနတ်ဘုရားတောင်ကို ဖျက်ဆီးတာဟာ ပေါ့ပေါ့ပါးပါး လုပ်ရပ်တစ်ခုပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သာမာန်ဧကရာဇ်များထက်ပင် အင်အားကြီးမားသော ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးနှင့် ရင်ဆိုင်ရချိန်၌ပင်...

ကျွင်းရှောင်ယောက်၏ အမူအရာမှာက တည်ငြိမ်အေးဆေးသည်။

ထိုသို့သောအမူအရာက အဝေးမှ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ အကျော်အမော်များကို အံ့အားသင့်စေခဲ့ပေသည်။

"ဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒီလိုစိတ်နေစိတ်ထားက အံ့ဩစရာကောင်းတယ်"

"ပေါက်တတ်ကရ၊ ကျွင်းရှောင်ယောက်ဆိုတာ အရင်က တိုင်းတစ်ပါးမှာ အန္တိမကပ်ဘေးကြီးကိုတောင် ရင်ဆိုင်ခဲ့ဖူးတယ်"

"ရွှေကျီးကန်းမျိုးနွယ်ရဲ့ ရှေးဘိုးဘေးက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ အန္တိမကပ်ဘေးကြီးထက် သန်မာနိုင်ပါ့မလား"

ကျွင်းရှောင်ယောက်၏ အကြောက်အရွံ့မရှိသော အမူအရာကိုမြင်တော့ ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက အေးစက်စွာ ပြုံးလိုက်သည်။

"ငါတို့ နေနတ်ဘုရားတောင်ကို ဖျက်ဆီးမယ်ဆိုရင် ကျွင်းမိသားစုကလည်း နာကျင်မှုကို ခံစားရလိမ့်မယ်"

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက အရာအားလုံးကို ပေးဆပ်ရန် ဆုံးဖြတ်ပြီးနေပြီ။

ကျွင်းရှောင်ယောက်ကို သတ်လိုက်ခြင်းက အလွန်ကြောက်စရာကောင်းသော အကျိုးဆက်များ ရှိနိုင်သည်။

သို့သော်လည်း သူ့ကို မသတ်လျှင်ပင် နေနတ်ဘုရားတောင်က တည်ရှိနိုင်မှာ မဟုတ်ပါ။

ဤအခြေအနေတွင်၊ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ကို သူတို့နှင့်အတူ ငရဲသို့ ဆွဲခေါ်သွားနိုင်ပါက အရှုံးမရှိနိုင်ပေ။

"ဝုန်း"

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက လှုပ်ရှားလိုက်သည်။

သူ့လက်ဝါးတစ်ဖက်ကို ရိုးရိုးရှင်းရှင်း ဆန့်ထုတ်လိုက်ရုံဖြင့် ပတ်ဝန်းကျင်မှ တောင်များက ပြိုကျသွား၏။

ဘုရင်ဖုဖုန်းနှင့် အခြား ဧကရာဇ်တစ်ပိုင်းအဆင့် နတ်စစ်သူကြီးများပင်လျှင် မဟန်နိုင်ဘဲ တွန်းထုတ်ခံလိုက်ရတော့သည်။

'ဘီလူးအဆင့်လား...၊ မဟုတ်သေးဘူး... ဒါပေမဲ့ သာမန်ဧကရာဇ်ထက်တော့ အများကြီး သန်မာတယ်'

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေး၏ ခွန်အားကို ခံစားမိသောအခါ ရွှေကျီးကန်းဘုရင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ဧကရာဇ်နယ်ပယ်မှာလည်း အဆင့်သတ်မှတ်ချက်များ ရှိပေသည်။

ဧကရာဇ်တစ်ပိုင်းက ဧကရာဇ်အဆင့်သို့ လျှောက်လှမ်းဆဲအဆင့် ဖြစ်သည်။

အတွေ့များပြီး အပြောများသော ဧကရာဇ်ကတော့ ပထမအဆင့် ဧကရာဇ် ဖြစ်၏။

ထိုအဆင့်ကို ကျော်လွန်ပါက ဘီလူးအဆင့် ဧကရာဇ် ဖြစ်သည်။

နာမည်အတိုင်း၊ ထိုအဆင့်ပုဂ္ဂိုလ်က ဧကရာဇ်များကြားတွင်ပင် စွမ်းအားကြီးမားသော အကျော်အမော်များပင်။

ဥပမာအားဖြင့်၊ ကျွင်းမိသားစု၏ လျှို့ဝှက်မျိုးရိုးမှ ဧကရာဇ်ကြီး ကျွင်းရှန်းယွီက ဧကရာဇ်များကြားတွင် ညီလူးကြီး ဖြစ်သည်။

ထို့ပြင်၊ ပို၍ နက်နဲပြီး အဆင့်မြင့်သော အဆင့်များရှိသေးသည်။

ဥပမာအားဖြင့်၊ အနီရောင်လီလီပန်းလေးများ၏မိခင်...

သူ့ခွန်အားက အလွန်ကြောက်စရာကောင်းပြီး ဘီလူးကြီးများထက် များစွာပို၍ အားကောင်းပေသည်။

လက်ရှိ ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက သာမာန်ဧကရာဇ်များထက် ပိုမိုအားကောင်းသည့် အဆင့်ကို ရောက်နေပြီ ဖြစ်သည်။

သို့သော်လည်း ဘီလူးအဆင့် ဧကရာဇ်များထက်တော့ အနည်းငယ် နိမ့်ကျနေသေးသည်။

ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ စွမ်းအားကို အသုံးပြုမည်ဆိုလျှင် နေနတ်ဘုရားတောင်ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။

သို့ရာတွင်၊ သူက ဒီလိုမလုပ်ချင်ပါ။

ဒါက အဓိပ္ပါယ်မဲ့သည်။

ကျွင်းရှောင်ယောက် လိုချင်တာက ကျွင်းဧကရာဇ်ခုံရုံးကို အမှန်တကယ် နာမည်ကြီးလာစေရန်ပင်။

ထို့ကြောင့် ကျွင်းမိသားစု၏ အကျော်အမော်များကို သူ မပြောပြခဲ့ပါ။

သို့သော်လည်း သူ မပြောပြလျှင်ပင် တတိယဘိုးဘေး ကျွင်းထိုက်ဟွမ် သို့မဟုတ် ကျွင်းရှန်းယွီကဲ့သို့ အကျော်အမော်များက သိနိုင်သည်။

သူတို့က ကျွင်းရှောင်ယောက်ကို အချိန်မရွေး ကူညီပေးနိုင်ပေသည်။

All Chapters