← Chapters

အခန်း ၁၃၄၈

Vol. 90 Ch. 1348

အခန်း ၁၃၄၈

Vol. 90 Ch. 1348

အခန်း ( ၁၃၄၈ ) ပိုင်သို့ဧကရာဇ် ပေါ်လာပြီ။

ဤအခိုက်အတန့်တွင် ရွှေကျီးကန်းမျိုးနွယ်စု ရှေးဘိုးဘေး၏ စွမ်းအားက ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ဧကရာဇ်တစ်ပိုင်းများကို မဆိုထားဘိ၊ လူသတ်ဘုရင်၏ မျက်နှာမှာ‌ပင် လေးနက်သွား၏။

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးကဲ့သို့ အကျော်အမော်တစ်ဦး၏ရှေ့တွင် ဧကရာဇ်တစ်ပိုင်းများက အရေးမပါတော့ပေ။

ဤဧကရာဇ်တစ်ပိုင်း အကျော်အမော်များ ပူးပေါင်းလိုက်လျှင်ပင် ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးကို ရပ်တန့်ရန် အခက်တွေ့မည် ဖြစ်သည်။

"ငါတို့မျိုးနွယ်ရဲ့ ရှေးဘိုးဘေးက ပြိုင်ဘက်ကင်းပဲကွ"

"ငါတို့ နေနတ်ဘုရားတောင်က ကယ်တင်ခံရပြီ"

နေနတ်ဘုရားတောင်၏ သတ္တဝါများက အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဖမ်းယူမိသကဲ့သို့ပင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက သူ့လက်ဖဝါးတွင် ကမ္ဘာကြီးတစ်ခုလုံးကို ဆုပ်ကိုင်ထားလိုသည့်အတိုင်း သူ့လက်တစ်ဖက်ကို တစ်ဖန်ဆန့်လိုက်သည်။

အဆုံးမဲ့ မီးလျှံများက လေထဲတွင် ပြည့်သွား၏။

ဒါက အလွန်ကြောက်စရာကောင်းသော စွမ်းအားဖြစ်သည်။

ကျွင်းရှောင်ယောက်သည်လည်း မီးလျှံများကြားတွင် သဘာဝအတိုင်း ရှိနေခဲ့ပေသည်။

သို့သော်လည်း၊ ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် တည်ငြိမ်ပြီး သက်တောင့်သက်သာရှိသော အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။

သူ့ရင်ခွင်ထဲတွင် ပွေ့ချီထားသော ရှောင်ချမ်ရွယ်ကတော့ ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုကို ခံစားမိပုံရသည်။

သူမကိုယ်တိုင် သတိမထားမိဘဲ သူ့မျက်လုံးများတွင် အေးစက်မှုနှင့် လျစ်လျူရှုမှုတို့ ပေါ်လာခဲ့၏။

ဒါက သူမ၏ ဟန်ပန်အမူအရာနှင့် မသက်ဆိုင်သောအရာပင်။

၎င်းမှာ သက်ရှိ သတ္တဝါ အားလုံးကို ဂရုမစိုက်ဘဲ ကောင်းကင်ထက်မှ ငုံ့ကြည့်နေသော နတ်ဘုရား၏ မျက်လုံးအစုံနှင့် တူသည်။

ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင်...

"ဝမ်"

လေဟာနယ်က ကွဲအက်သွားပြီး မြှားတစ်စင်းက လေထုကို ထိုးဖောက်လာသည်။

ဒါက ဟုန်ယွီ၏လေးနှင့် ရီကျင်းရှန်၏ တိုက်ခိုက်မှု မဟုတ်ပေ။

အဆုံးမဲ့ တောက်ပသော ကြယ်အလင်းများကို သယ်ဆောင်ထားသော မြှားချက်က ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးဆီသို့ ပစ်လွှတ်လိုက်သည်။

မြှားက ရွှေကျီးကန်းမျိုးနွယ်စု ရှေးဘိုးဘေး၏ လက်ဝါးကို ထိမှန်သောအခါ မုန်တိုင်းတိုက်ခတ်သကဲ့သို့ လှိုင်းလုံးကြီးများ ထွက်ပေါ်လာတော့သည်။

"ဟမ်"

ရွှေကျီးကန်းမျိုးနွယ်စု၏ ရှေးဘိုးဘေးက ‌လှမ်းကြည့်လိုက်သည်။

ကောင်းကင်မှ ကြယ်များကြားတွင် အဘိုးအိုတစ်ယောက် ပေါ်လာပေသည်။

သူ့ပတ်ဝန်းကျင်တွင် ကြယ်ခုနစ်ပွင့်က တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ လေးကြိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ဒါက ပိုင်သို့ဧကရာဇ်ပင်။

ပိုင်သို့ဧကရာဇ်က ကျွင်းဧကရာဇ်ခုံရုံး၏ ပွဲတော်၌ မပေါ်လာခဲ့ပါ။

နောက်ဆုံးမှာတော့ သူသည် ဧည့်အကြီးအကဲတစ်ဦးဖြစ်သောကြောင့် ကျွင်းဧကရာဇ်ခုံရုံး၏ ဌာနခြောက်ခု၏ ထိန်းချုပ်မှုအောက်တွင် မရှိပေ။

သို့‌သော်လည်း ကျွင်းရှောင်ယောက်က တောင်းဆိုလျှင်တော့ ပိုင်သို့ဧကရာဇ်က သဘာဝအတိုင်း လှုပ်ရှားမည် ဖြစ်သည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်က သူ၏ ပြင်းထန်သော နာမကျန်းမှုမှ ပြန်လည်ကောင်းမွန်လာစေရန် ကျွင်းမိသားစုမှ ရှားပါးအရင်းအမြစ်များစွာကို ဆောင်ယူပေးခဲ့သည်။

"ပိုင်သို့ဧကရာဇ်၊ မင်းက ကျွင်းမိသားစုထဲက ဒီလူငယ်အတွက် တကယ်အလုပ်လုပ်နေတာလား"

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက တင်းမာသောအမူအရာဖြင့် ကြည့်လိုက်သည်။

ပိုင်သို့ဧကရာဇ်အမည်ကို သူလည်း ကြားဖူးပေသည်။

"မိတ်ဆွေလေး ရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးကို ကယ်တင်တဲ့အထိ ကြီးမားတဲ့ ပံ့ပိုးမှုတွေ လုပ်ခဲ့ဖူးတယ်။ သူဟာ အနာဂတ်မှာ ငါ့အင်မော်တယ်နယ်မြေကြီးရဲ့ မဏ္ဍိုင်တစ်ဦး ဖြစ်လာမဲ့သူပဲ"

"တကယ်လို့ ရှောင်ယောက်နဲ့ နေနတ်ဘုရားတောင်ကြားမှာ ရွေးချယ်ရမယ်ဆိုရင်တော့ နေနတ်ဘုရားတောင်ကိုပဲ ဖျက်ဆီးပစ်လိုက်မယ်"

ပိုင်သို့ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။

သူက အင်မော်တယ်နယ်မြေကြီး၏ ကောင်းကျိုးအတွက်သာ ဂရုစိုက်သည်။

ကမ္ဘာနှစ်ရပ်ကြားမှ တိုက်ပွဲမှာလည်း ပိုင်သို့ဧကရာဇ်က ပထမဆုံး လှုပ်ရှားခဲ့သော ဧကရာဇ် ဖြစ်၏။

သူ့အမြင်တွင်၊ ကျွင်းရှောင်ယောက်က အနာဂတ်မှာ အင်မော်တယ်နယ်မြေကြီး၏ မဏ္ဍိုင်ပုဂ္ဂိုလ် ဖြစ်လာမည်မှာ သေချာသည်။

ထို့ပြင်၊ ဤရှေးဟောင်းတော်ဝင်မျိုးနွယ်များက ယုံကြည်လို့မရပါ။

အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ရန် မဆိုထားဘိ။

အခြေအနေကို အခွင့်ကောင်းယူပြီး ရှောင်ထွက်မသွားလျှင်ပင် ကံကောင်းပြီ ဖြစ်သည်။

"ပိုင်သို့ဧကရာဇ်၊ မင်းက ငါ့ကို မတားဆီးနိုင်သေးဘူး"

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက တည်ငြိမ်စွာ ပြောလိုက်သည်။

သူက ကောင်းကင်ကိုးပါးနှင့် ကမ္ဘာဆယ်ခုကို တုန်ခါစေသော ရှေးရွှေကျီးကန်းအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားပုံရ၏။

သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် ရွှေကျီးကန်းငှက်မွေး ဓားတစ်သိန်းက ထွက်ပေါ်လာကာ အလင်းတန်းများကဲ့သို့ ဖြာထွက်သွားတော့သည်။

သို့သော်လည်း ဤအခိုက်တွင်၊ အနက်ရောင် ဧကရာဇ်အမှတ်အသားများက ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက အရပ်ရှစ်မျက်နှာသို့ ဖြာထွက်သွားသော ငှက်မွေးဓားများကို ပိတ်ဆို့သွား၏။

"ပိုင်သို့က မလုံလောက်ရင် ငါ့ကိုထပ်ပေါင်းလိုက်ရင်ကော"

လူရိပ်တစ်ခုက လေထဲတွင် တိတ်ဆိတ်စွာ ထွက်ပေါ်လာတော့သည်။

မီးခိုး‌ငွေ့ကဲ့သို့ အခိုးအငွေ့များကလည်း သူ့ကို ဖုံးလွှမ်းထားသည်။

သို့ရာတွင်၊ လွှမ်းမိုးထားပြီး ကြီးမားသော အရှိန်အဝါကို လူတိုင်း ခံစားနိုင်ပေသည်။

"ရှေးဘိုးဘေး"

ချီလုံ၊ ချီယုနှင့် ချီယိုမျိုးရိုးမှ လူများအားလုံး စိတ်လှုပ်ရှားသွားကြသည်။

ပေါ်လာသူမှာ၊ ချီယိုမျိုးရိုး၏ ရှေးဘိုးဘေးကြီး ချီရှောင်ထျန်းမှတပါး အခြား မဟုတ်ပေ။

သို့သော်လည်း မူလခန္ဓာမဟုတ်ဘဲ ဓမ္မခန္ဓာတစ်ခုမျှသာ ဖြစ်သည်။

သို့ပေသော်ငြား၊ ဓမ္မခန္ဓာတစ်ခုဖြစ်လျှင်ပင် ၎င်း၏ စွမ်းအားက ကြောက်စရာကောင်းနေသေးသည်။

"ချီယိုအင်မော်တယ်မျိုးရိုးလား..."

ရွှေကျီးကန်းမျိုးနွယ် ရှေးဘိုးဘေး၏ မျက်နှာက မည်းမှောင်သွားသည်။

"မင်း မှားနေပြီ၊ ချီယို အင်မော်တယ်မျိုးရိုးက မရှိတော့ဘူး။ အခုချိန်မှာ ချီယိုမျိုးရိုးပဲ ရှိတော့တယ်"

ချီရှောင်ထျန်း၏ ဓမ္မခန္ဓာက လျစ်လျူရှုစွာ ပြောလိုက်သည်။

သူ့တကိုယ်လုံးကို အခိုးအငွေ့များက ဖုံးလွှမ်းနေပြီး စစ်မြေပြင်မှ စစ်နတ်ဘုရားကဲ့သို့ပင်။

သူ့မျက်လုံးအကြည့်များကလည်း ဓားသွားကဲ့သို့ စူးရှပြီး အေးစက်နေခဲ့သည်။

"ဒါက ဓမ္မခန္ဓာတစ်ခုပါပဲ၊ ငါ့ကို ဘာလုပ်နိုင်မှာလဲ"

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက အေးစက်စွာ ပြောလိုက်၏။

"ဒါဆိုရင် မင်းစမ်းကြည့်နိုင်တယ်"

ချီရှောင်ထျန်း၏ ဓမ္မခန္ဓာ၊ ပိုင်သို့ဧကရာဇ်နှင့် ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးကြီး...

ဧကရာဇ်ကြီးသုံးပါးတို့က ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်ခဲ့ကြသည်။

သို့သော်ဘည်း သူတို့အားလုံးက မြင့်မားသော ကြယ်တာရာ ကောင်းကင်ယံသို့ ပျံတက်သွား၏။

နောက်ဆုံးတွင်၊ သူတို့အဆင့် တိုက်ခိုက်မှုများက အလွန်ပြင်းထန်သည်။ နောက်ဆက်တွဲ တိုက်ခိုက်မှုလှိုင်းများသည်ပင် သာမန်ကျင့်ကြံသူများကို ပြာကျသွားစေရန် လုံလောက်ပေသည်။

ကောင်းကင်အမြင့်တွင် တိမ်များက ချက်ချင်း လွင့်ပါးသွားကြသည်။

ဟင်းလင်းပြင် အက်ကြောင်းနှင် အပေါက်ကြီးများကလည်း တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

“တကယ်ကို အံ့သြစရာပါပဲ..."

ကုန်းပတ်ပေါ်တွင်၊ ကျွင်းရှောင်ယောက်က ဤမြင်ကွင်းကို စိတ်ဝင်စားစွာ ကြည့်နေရင်း သက်ပြင်းချလိုက်မိသည်။

သူသည် ဤအင်မော်တယ်စစ်ပွဲကို စတင်သူဖြစ်သော်လည်း အနည်းငယ်မျှ မလှုပ်ရှားပေ။ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

အရာရာတိုင်းကို ကိုယ်တိုင်လုပ်ရမည်ဆိုလျှင် သူ့ကို ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင်ဟု မည်သို့ခေါ်ဆိုရမည်နည်း။

ကျွင်းရှောင်ယောက်က လက်ရာမြောက်သော ပန်းချီကားတစ်ချပ်ကို မြတ်နိုးစွာ ကြည့်ရှုနေသော ပန်းချီဆရာတစ်ယောက်ကဲ့သို့ သူ့ရှေ့မှ တိုက်ပွဲကို ကြည့်နေခဲ့သည်။

ဒါက ကျွင်းမိသားစု၏ အင်အားကို အားမကိုးဘဲ ပထမဆုံးအကြိမ် အနေဖြင့် အင်မော်တယ်စစ်ပွဲကို စတင်ခြင်းပင်။

ဤတိုက်ပွဲက ကျွင်းရှောင်ယောက်၏ တကယ့်အရည်အချင်းကို ပို၍ သိသာထင်ရှားစေမည် ဖြစ်သည်။

လက်ရှိ စစ်ပွဲအခြေအနေတွင်...

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက ရေစီးကြောင်းကို လှည့်ပြောင်းရန် ထွက်လာသော်လည်း နေနတ်ဘုရားတောင်၏ ပျက်စီးခြင်း၏ရလဒ်ကိုတော့ ပြောင်းလဲနိုင်မည် မဟုတ်ပေ။

ဧကရာဇ်တစ်ပိုင်းအဆင့် နတ်စစ်သူကြီးများက ဧကရာဇ်လက်နက်များကို ကိုင်ဆွဲထားကာ ပြိုင်စံရှားနေသည်။

သူတို့က မဟာအကြီးအကဲကို ဦးစွာ သုတ်သင်ရန် ပစ်မှတ်ထား၏။

သို့သော်လည်း ‌ထိုအချိန်တွင်၊ ကောင်းကင်ယံမှာ လွင့်မျောနေသော နေထွက်တောင်က အားကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး သေအံ့ဆဲဆဲ ရွှေကျီးကန်းဘုရင်နှင့် အခြားသူများကို ကာကွယ်ပေးခဲ့သည်။

သို့ရာတွင်... ဒုတိယအကြီးအကဲက ခပ်လှမ်းလှမ်းကို ရောက်နေသောကြောင့် အကာအကွယ်ကို မရရှိနိုင်တော့ပေ။

မူလက သူသည် နောက်ပြန်လှည့်ချင်သော်လည်း ဝူဟူက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ စွမ်းအားကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်သည်။

သံရှည်ဆွဲကာ မာန်သွင်းပြီး ဟိန်းဟောက်သံက တောင်နှင့်မြစ်များကို တုန်လှုပ်စေခဲ့သည်။

ဝူဟူသည် လူစင်စစ်မှ နတ်မီးတောက်များ တောက်လောင်နေသည့် ရှေးခေတ် ရွှေရောင်စစ်နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရ၏။ သူက ဒုတိယအကြီးအကဲကို အတင်းအကြပ် ဝင်ပူးကပ်ကာ သူ့လက်နှစ်ဖက်ဖြင့် ထက်ခြမ်း ဆွဲခွဲလိုက်တော့သည်။

ရူးသွပ်သည်။

ကြမ်းတမ်းပြီး ကြီးစိုး၏။

ရှေးဟောင်းမြင့်မြတ်ခန္ဓာစွမ်းအားကို အပြည့်အဝ ပြသခဲ့ပေသည်။

"ဒါ... ဒါက ... ကြမ်းကြုတ်လွန်းတယ် မဟုတ်လား..."

အဝေးတွင်၊ စောင့်ကြည့်နေသူများက တုန်လှုပ်စွာ ပြောဆိုလိုက်ကြသည်။

ပျက်စီးခြင်းတာအိုသခင်တစ်ပါးက တန်ပြန်တိုက်ခိုက်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကို သတ်လိုက်တာလား။

ဒါက လူမဆန်လွန်းပေ။

"ရှေးဟောင်းမြင့်မြတ်ခန္ဓာတစ်ခုက ဘာဖြစ်လို့ ဒီလောက် ကြောက်စရာကောင်းရတာလဲ"

လူတိုင်း အံ့အားသင့်ကုန်သည်။ ဒါက မယုံနိုင်စရာကောင်းလွန်းသည် မဟုတ်ပါလား။

ဝူဟူက အတားအဆီးကို ဖြတ်ကျော်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ဖြတ်သွားပါက...

ဧကရာဇ်တစ်ပါးကိုတောင် အရှင်လတ်လတ် အရေခွံဆုတ်တော့မှာလား။

"မဟုတ်ဘူး...."

ပထမအကြီးအကဲ၏ မျက်လုံးများက နီရဲသွားသည်။

နေနတ်ဘုရားတောင်၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကြီးအကဲ လေးဦးအနက်မှ သူတစ်ဦးတည်းသာ ကျန်တော့သည်။

"နောက်ထပ် ရှေးဟောင်းရတနာတစ်ခုပဲ၊ ဒါပေမဲ့ ရတနာတစ်ခုကို ထပ်တိုးလိုက်ရင်တောင် ဘာဖြစ်သလဲ။ ဒါက နည်းနည်းပိုပြီး အသက်ရှည်စေရုံပဲ"

နေထွက်တောင်ကို တစ်ချက်ကြည့်ရင်း လူသတ်ဘုရင်၏ မျက်လုံးများတွင် အေးစက်စက် အလင်းတို့ ဖြတ်သွားသည်။

နေနတ်ဘုရားတောင်တွင် အမွေအနှစ်များ အများကြီးရှိသည်ဟု ဆိုရမည်။

နေနတ်ဘုရားတောင်၏ ဘိုးဘေးတောင်ဖြစ်သော ဤနေထွက်တောင်က ဧကရာဇ်လက်နက် သို့မဟုတ် အင်မော်တယ်လက်နက်တစ်ခု မဟုတ်ပါ။ သို့ရာတွင် အားကောင်းသော အထူးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်။

အတိုင်းအတာတစ်ခုအထိ၊ ၎င်းက ကြေးအင်မော်တယ်နန်းတော်နှင့် အနည်းငယ် ဆင်တူပေသည်။

ဟုတ်သည်၊ ဒါက ကြေးအင်မော်တယ်နန်းတော်လောက်တော့ အဆင့်မမြင့်ပေ။

သို့သော်လည်း ဤအရာက ရွှေကျီးကန်းဘုရင်နှင့် ပထမအကြီးအကဲတို့ကို ကာကွယ်ပေးထားနိုင်ခဲ့သည်။

"ဒါက ချောင်ပိတ်မိနေတဲ့ သားရဲတစ်ကောင်ရဲ့ ခုခံတိုက်ခိုက်ခြင်းလောက်ပါပဲ။ ဒီလိုဆိုမှတော့ နေနတ်ဘုရားတောင်ရဲ့ အခြားသတ္တဝါတွေကို အရင်သတ်လိုက်မယ်"

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

သူက အဖြူရောင်ဝတ်စုံဝတ် နတ်တစ်ပါးနှင့် ဆင်တူသော်လည်း သူထုတ်သောအမိန့်မှာ သွေးလွှမ်းသော အရှိန်အဝါနှင့် ရက်စက်ကြမ်းကြုတ်သော ဘုရင်တစ်ပါးကဲ့သို့ ဖြစ်ပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။

နေနတ်ဘုရားတောင်တွင် အခွင့်အရေးရှိလျှင် ရွှေကျီးကန်းဘုရင်သည် သူ့အား ကိုင်တွယ်ရန် ပိုမိုရက်စက်သော နည်းလမ်းများကိုပင် အသုံးပြုလိမ့်မည်ဟု ကျွင်းရှောင်ယောက်က ယုံကြည်သည်။

ဤကမ္ဘာကြီးတွင် တရားမျှတမှုနှင့် ကောင်းမွန်သော ကိုယ်ကျင့်သီလ မရှိပါ။ ဤကမ္ဘာလောကမှာ ရက်စက်လွန်းပြီး အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်သူက သူပုန် ဖြစ်သည်။

All Chapters