အခန်း ၁၃၄၉
Vol. 90 Ch. 1349
အခန်း ( ၁၃၄၉ ) အမြစ်မှ ဖယ်ရှားခြင်း။
ကျွင်းရှောင်ယောက်က ကြင်နာတတ်သော မိန်းကလေးတစ်ယောက်မဟုတ်သလို ကရုဏာစိတ်လည် မရှိပါ။
မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်ပြီး တိုင်းပြည်ကို မအုပ်ချုပ်သင့်သော်လည်း သနားကြင်နာတတ်လွန်းပါက မတစ်ရာသား ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
အင်မော်တယ်အင်အားစုကြီးတစ်ခု၏ အုပ်စိုးရှင်က ပြတ်သားမှုမရှိလျှင် ဤအင်အားစုက ပျက်စီးခြင်းမှ ဝေးကွာလိမ့်မည် မဟုတ်ချေ။
ကြီးကျယ်ခမ်းနားသော အင်မော်တယ်ခုံရုံးသည်ပင် မြောက်များစွာသော အင်အားစုများကို လျှို့ဝှက်စွာ ဖျက်ဆီးပစ်ခဲ့သည်။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်က နောင်အခါတွင် ဖြစ်လတ္တံ့သော အန္တရာယ်များကို ဖယ်ရှားပစ်တော့မည်။
ကျွင်းရှောင်ယောက်က ရန်သူများကို ဖယ်ရှားရာတွင် ကျူပင်ခုတ်၊ ကျူငုတ်မကျန်စေရန် ရှင်းပစ်ကြခြင်း နိယာမကို နားလည်သည်။
ကျွင်းရှောင်ယောက်၏ အမိန့်အတိုင်း...
စစ်ရေးဌာန၊ တရားစီရင်ရေးဌာနှင့် ကျွင်းဧကရာဇ်ခုံရုံး၏ တိုက်ခိုက်သူများက သုတ်သင်ရှင်းလင်းခြင်းနှင့် သတ်ဖြတ်ခြင်းများကို စတင်လုပ်ဆောင်လာတော့သည်။
ဤတပ်အင်အားစုများတွင် ရှန်းကူမျိုးနွယ်စုများ၊ တော်ဝင်အစောင့်တပ်များ၊ သံမဏိလူရိုင်းမြင်းတပ် စသည်တို့လည်း ပါဝင်သည်။
ချူယွင်နန်းတော်၊ ကျစ်ရှောင်းမုခ်ဝ၊ ယွီတင်းအဆောင်၊ နက္ခတ်ဗေဒင်ဂိုဏ်းနှင့် ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှ အခြား မဟာမိတ်အင်အားစုများလည်း ပါဝင်ကြသေးသည်။
သူတို့သည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသော်လည်း နေနတ်ဘုရားတောင်၏ ပျက်စီးခြင်းကို မြင်သောအခါတွင် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။
ထို့ပြင် ရမ်ကျန့်လျို၊ ယောင်တောက်ကျောင်း စသည့် ကျွင်းဧကရာဇ်ခုံရုံး၏ မျိုးဆက်သစ် ပါရမီရှင် လူငယ်များလည်း ပါဝင်ကြသေးသည်။ သူတို့က စစ်မှန်သော တိုက်ပွဲတွင် ပါဝင်ကြပြီး တိုက်ပွဲအတွေ့အကြုံများ စုဆောင်းကြသည်။
ကျွင်းဧကရာဇ်ခုံရုံး၏ အကြွင်းမဲ့အင်အားကို နေနတ်ဘုရားတောင်က လုံးဝ မတားဆီးနိုင်တော့ပေ။
နေနတ်ဘုရားတောင်၏ ထိပ်တန်းစစ်သည်များဖြစ်သည့် ရွှေတောင်ပံအစောင့်များပင် တော်ဝင်အစောင့်များနှင့် သံမဏိလူရိုင်းမြင်းတပ်၏ ရှေ့မှောက်တွင် စက္ကူကဲ့သို့ နုနယ်နေခဲ့သည်။
နေနတ်ဘုရားတောင်၏ သတ္တဝါများက ခန္ဓာကိုယ်အစိတ်အပိုင်းများ အစုံအလင် မရှိကြတော့ဘဲ သွေးအိုင်ထဲတွင် လဲကျနေခဲ့ကြပေသည်။
ကျွင်းဧကရာဇ်ခုံရုံး၏ စစ်တပ်က ခက်ထန်သော အမူအရာများရှိပြီး လူသတ်စက်များကဲ့သို့ တိုက်ခိုက်သတ်ဖြတ်နေခဲ့သည်။
သူတို့က ကျွင်းရှောင်ယောက်ကိုသာ နာခံကြ၏။
ကျွင်းရှောင်ယောက်က ရပ်ခိုင်းလျှင် သူတို့ ရပ်တန့်ကြလိမ့်မည်။
သွေးအိုင်ထဲတွင် လဲကျကုန်သော မျိုးနွယ်ဝင်များကိုကြည့်ရင်း ရွှေကျီးကန်းဘုရင်နှင့် ပထမအကြီးအကဲ၏ ရင်ဘတ်ထဲတွင် ဒေါသများ ပြည့်နေခဲ့ကြသည်။
သို့သော်လည်း သူတို့ကို လူသတ်ဘုရင်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များက ဝိုင်းထားကြ၏။
နေထွက်တောင်၏ အကာအကွယ်ကြောင့်သာ မဟုတ်လျှင်၊ အစောကြီးကတည်းက ကြွေလွင့်သွားလောက်ပြီ။
သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက အနိုင်ရရှိရန် ဖြစ်သည်။
နေနတ်ဘုရားတောင်၏ နက်နဲရာတွင်...
ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် ကျွမ်းကျင်သူများက နေနတ်ဘုရားတောင်၏ မျိုးဆက်သစ် လူငယ်များကို ခေါ်ယူနေကြသည်။
သူတို့ကို နေနတ်ဘုရားတောင်၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော မျိုးစေ့များဟု ဆိုနိုင်ပေသည်။
ထိုအထဲတွင် သခင်လေး ဝူမော့လည်း ပါဝင်သည်။
"လူတိုင်းပဲ... မင်းတို့က ငါ့နေနတ်ဘုရားတောင်ရဲ့ အရည်အချင်းအရှိဆုံး ပါရမီရှင်တွေလို့ ဆိုနိုင်တယ်။ ဒါကြောင့် မင်းတို့ကို ငါတို့ ကယ်ထုတ်ရမယ်"
"မင်းတို့ အသက်ရှင်နေသရွေ့ နေနတ်ဘုရားတောင်မှာ မျှော်လင့်ချက်ရှိသေးတယ်။ အနာဂတ်မှာ အခွင့်အရေးရတဲ့အခါ ဒီအမုန်းတရားအတွက် လက်စားချေဖို့ မမေ့ပါနဲ့"
ကျွမ်းကျင်သူတစ်ဦးက အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
"ကျွင်း... ရှောင်... ယောက်...၊ ကျုပ်တို့တွေ သူ့ကိုသတ်ပြီး ကျုပ်တို့မျိုးနွယ်အတွက် လက်စားချေရအောင် သေချာပေါက် နည်းလမ်းရှာမယ်"
လူငယ် များက ပြောဆိုလိုက်ကြသည်။ သူတို့၏မျက်နှာများက ခက်ထန်မှုတို့ ပေါ်နေကြ၏။ မုန်းတီးမှုတို့ကလည်း သူတို့၏ အသွေးအသားတွင် စွဲနေတော့သည်။
သူတို့ထဲတွင် ရွှေကျီးကန်း ဒသမမင်းသားနှင့် ရွှေကျီးကန်းမျိုးနွယ်၏ သူတော်စင်ဘုရင်လေးထက် များစွာ မနိမ့်ကျသော အရည်အချင်းဖြင့် ပါရမီရှင် အနည်းငယ်ပင် ရှိသည်။
"ကောင်းပြီ၊ သွားကြရအောင်..."
သခင်လေးဝူမော့က ပြောလိုက်သည်။ ဖြစ်နိုင်လျှင်၊ သူက အခုပဲ ထွက်သွားချင်နေပြီ။
သူ့အဘိုးအတွက်ကတော့... သူ့ကို ဂရုမစိုက်နိုင်တော့ပါ။
ဤဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် အကျော်အမော်နှင့် ရွှေတောင်ပံအစောင့်များ၏ ကာကွယ်မှုဖြင့် သူတို့က နေနတ်ဘုရားတောင်၏ လျှို့ဝှက်လမ်းကြောင်းတစ်ခုကို ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဤလျှို့ဝှက်လမ်းကြောင်းက ယောင်ပြည်နယ်၏ အစွန်းသို့ ဦးတည်သွားစေသည်။
ယောင်ပြည်နယ်မှ ထွက်ခွာပြီးသည်နှင့် သူတို့ကို ပြန်ရှာတွေ့ရန် အလွန်ခက်ခဲလိမ့်မည်။
မကြာမီပင်၊ သခင်လေးဝူမော့နှင့် အခြားသူများက ယောင်ပြည်နယ် အစွန်းနားသို့ ရောက်လာခဲ့ကြသည်။
သို့သော်...
သူတို့ ထွက်ခွာသွားရန် ကြိုးစားလိုက်မိပြီးနောက် အံ့ဩသွားရသည်။
ယောင်ပြည်နယ်၏ နယ်စပ်တစ်လျှောက်လုံးတွင် အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်သော တာအိုအမှတ်အသားများက ရောယှက်နေ၏။
ဟင်းလင်းပြင် အတက်အကျတစ်မျိုးကိုပင် ထုတ်လွှတ်နေတော့သည်။
"ဒါက..."
နေနတ်ဘုရားတောင်၏ သတ္တဝါအားလုံး အံ့အားသင့်သွားကြသည်။
ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် အကျော်အမော်၏ အမူအရာလည်း ပြောင်းလဲသွားသည်။ သူက အတားအဆီးကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
သို့သော်လည်း အနည်းငယ်မျှပင် အရာမယွင်းပေ။
"ဘယ်လိုဖြစ်ပြီး..."
ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် အကျော်အမော်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း နယ်စပ်တစ်ခုလုံးကို တာအိုအမှတ်အသားများဖြင့် ဖုံးအုပ်ထားကြောင်း သူတွေ့လိုက်ရသည်။
၎င်းက ဤနေရာတစ်ခုလုံးကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားသကဲ့သို့ပင်။
သခင်လေးဝူမော့နှင့် အခြားသူများ၏ နှလုံးသားများမှာ လေးလံသွားကြသည်။
ထိုအချိန်တွင် ကြီးမားသော အရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။
နေနတ်ဘုရားတောင်မှ ပါရမီရှင်များလည်း မော့ကြည့်လိုက်၏။
၎င်းက အလွန်ရှေးကျသော အငွေ့အသက်တို့ဖြင့် ကြေးနန်းတော်တစ်ခု ဖြစ်သည်။
ကြေးနန်းတော်၏အထက်မှာတော့ လူသုံးဦးနှင့် ငှက်တစ်ကောင် ရပ်နေပေသည်။
သူတို့အားလုံးက ပျက်စီးခြင်းတာအိုသခင်အဆင့် အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။
၎င်းတို့မှာ ကြေးအင်မော်တယ်နန်းတော်၏ အုပ်ထိန်းသူလေးဦးဖြစ်သော မျက်မမြင်အဘိုးကြီး၊ ဒုက္ခိတ၊ ဖန့်ရှို့နျန်းနှင့် ကြက်တူရွေးတို့ပင်။
"ဟက်ဟက်... ပိုက်ကွန်ကိုဖြတ်ပြီး လွတ်ထွက်လာတဲ့ ငါးကလေးတွေ ရှိနေဦးမယ်လို့ မမျှော်လင့်ထားဘူး"
ဒုက္ခိတက ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်သည်။
"သူတို့က ပုရွက်ဆိတ်လေးတွေပါပဲ... ဒါပေမဲ့ ရှောင်ယောက်က အများကြီး ပိုစဉ်းစားထားတတ်တယ်။ နေနတ်ဘုရားတောင်က မီးပွားတွေကို သေချာပေါက် ထိန်းသိမ်းထားဦးမယ်ဆိုတာ သူ သိတယ်လေ။ ဒါကြောင့် နယ်စပ်တွေမှာ စောင့်ကြပ်စေဖို့ ပြောထားတာ"
ကြက်တူရွေးက ပြောလိုက်၏။
"ဒါက ပုရွက်ဆိတ်တွေပါပဲလေ၊ သတ်လိုက်ရုံပေါ့"
ဖန့်ရှို့နျန်းက အနည်းငယ် စိတ်မရှည်ဖြစ်နေဟန်ဖြင့် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"မလုပ်နဲ့..."
နေနတ်ဘုရားတောင်၏ ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် အကျော်အမော်မှာ စိတ်ပျက်အားငယ်မှု အရိပ်အယောင်တို့ ပေါ်လာတော့သည်။
ပျက်စီးခြင်းတာအိုသခင်၏ လက်ဝါးက သူ့အတွက်တော့ ကောင်းကင်ကြီး ပြိုလဲသွားသကဲ့သို့ ဖြစ်သည်။
"မဟုတ်ဘူး... ငါမသေချင်သေးဘူး... အဘိုး ကယ်ပါဦး..."
သခင်လေးဝူမော့မှာလည်း မျက်နှာက သွေးမရှိတော့သလို ဖြူရော်နေပြီး မျက်ရည်နှင့် နှပ်များ စီးကျလာတော့သည်။
နေနတ်ဘုရားတောင်၏ လူငယ်လေးများမှာ ယခုလေးတင် နာကြည်းမှုအပြည့်ဖြင့် ကျွင်းရှောင်ယောက်ကို လက်စားချေမည်ဟု ကတိပြုခဲ့ကြသည်။
ရလဒ်အနေဖြင့်၊ ယခုအခါတွင် သူတို့၏နှလုံးသားက ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေပြီး ပြိုလဲတော့မည်။
"ဝုန်း..."
နောက်အခိုက်တွင်၊ ဧရာမ လက်ဝါးကြီးက ကျရောက်လာပြီး အရာအားလုံး ပြီးသွားသည်။
"သွားရအောင်၊ တိုက်ပွဲက မကြာခင် ပြီးလိမ့်မယ်"
ဖန့်ရှို့နျန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။
ထို့နောက်တွင်၊ ကြေးအင်မော်တယ်နန်းတော်က လေထဲတွင် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားပြန်တော့သည်။
နေနတ်ဘုရားတောင်၏ ဘိုးဘွားနယ်မြေတွင်...
ယောင်ပြည်နယ် နယ်စပ်မှ အတက်အကျများကို ခံစားမိသောအခါ ရွှေကျီးကန်းဘုရင်၊ ပထမအကြီးအကဲနှင့် အခြားသူများ အားလုံး၏ နှလုံးသားများ တုန်လှုပ်သွားကာ ဒေါသတို့ ပြည့်နှက်သွားကြသည်။
"ကျွင်းရှောင်ယောက်... မင်းက ရက်စက်သလောက် မင်းရဲ့ နည်းလမ်းတွေကလည်း ကြမ်းကြုတ်လွန်းတယ်"
ပထမအကြီးအကဲက ဝမ်းခေါင်းသံဖြင့် အော်ဟစ်လိုက်သည်။
သူ့မြေးလေးသည် ထိုအဖွဲ့တွင် ပါဝင်သွားသော်လည်း ယခု သူသေသွားပြီ။
"ကျွင်းရှောင်ယောက်၊ မင်းက ရက်စက်လွန်းတယ်"
ရွှေကျီးကန်းဘုရင်၏ မျက်လုံးများမှာလည်း နီရဲနေခဲ့သည်။
သူသည် ငယ်ရွယ်သူတစ်ဦးဖြစ်သည်မှာ ထင်ရှားသော်လည်း သူ၏ ရက်စက်ကြမ်းကြုတ်ပြီး ပြတ်သားသော နည်းလမ်းများက မြေခွေးအိုကြီးများထက် နိမ့်ကျမှုမရှိပေ။
ဒါဟာ တကယ်ကို ပျက်သုဥ်းခြင်း ဖြစ်သည်။
စစ်သင်္ဘော ကုန်းပတ်ပေါ်တွင်... ကျွင်းရှောင်ယောက်က ပြပွဲကောင်းကို ကြည့်နေသကဲ့သို့ တည်ငြိမ်သော အမူအရာဖြင့် ရပ်နေဆဲပင်။
အင်မော်တယ်စစ်ပွဲ၏ အစောပိုင်းအချိန်တွင် ယောင်ပြည်နယ် နယ်နိမိတ်မှာ တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်ကို လျှို့ဝှက်စွာ သူ ချမှတ်ခဲ့သည်။
ရွှေကျီးကန်းမျိုးနွယ်၏ သွေးမျိုးဆက်ကို အာရုံခံစားမိသရွေ့ တံဆိပ်တော်ကို အသက်သွင်းပြီး ၎င်းတို့၏ ရှင်သန်မှုကို တိုက်ရိုက် ဖြတ်တောက်ပစ်လိမ့်မည်။
"အမြစ်တွေကို မဖယ်ရှားရင် နွေဦးလေပြေမှာ မြက်ပင်တွေ ပြန်ပေါက်လာလိမ့်မယ်။ ငါက ဒီပုရွက်ဆိတ်တွေရဲ့ လက်စားချေမှုကို ဂရုမစိုက်ပေမဲ့..."
"နေ့တိုင်း နှောင့်ယှက်ခံရရင် အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတယ်"
ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
"မင်း ကောင်စုတ်လေး...၊ မင်းက တကယ် သေချင်နေတာပဲ။ ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်တော့ဘူး"
ကောင်းကင်ထက်တွင် အပြင်းအထန် တိုက်ခိုက်နေသော ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးကလည်း အခြေအနေကို မြင်လိုက်ရပြီး အူအသည်းများ လောင်ကျွမ်းခံရသကဲ့သို့ ဒေါသပေါက်ကွဲသွားခဲ့သည်။
သူတို့ နေနတ်ဘုရားတောင်၏ သတ္တဝါများ အားလုံးနီးပါး အသတ်ခံခဲ့ရပြီ။
သူတို့ အနည်းငယ်သာ ကျန်ရှိတော့သည်။
ယခုအချိန်မှစ၍ နေနတ်ဘုရားတောင် မရှိတော့ပါ။
ထိုအကြောင်းများကို တွေးမိသောအခါ ရွှေကျီးကန်းမျိုးနွယ် ရှေးဘိုးဘေး၏ နောက်ဘက်တွင် ပြိုးပြိုးပြက်ပြက် တောက်ပသော ရွှေကျီးကန်းတောင်ပံတစ်စုံ ဖြန့်ကျက်လာခဲ့သည်။
သူက ရွှေကျီးကန်းမျိုးနွယ်၏ အဆုံးစွန် အမြန်နှုန်းကို ချက်ချင်း အသက်သွင်းလိုက်သည်။ ၎င်းက မီးအလင်းတစ်ခုကဲ့သို့ စစ်သင်္ဘောအထက်သို့ ရောက်ရှိလာပြီး လက်ဝါးတစ်ဖက်နှင့် ဖိချလိုက်၏။
လေထဲတွင် တဂျုန်းဂျုန်း မြည်ဟီးသံများလည်း ထွက်ပေါ်လာတော့သည်။
ကြီးမားသော အင်အားဖြင့် လွန်ကဲစွာ ဖိနှိပ်မှုက လေဟာနယ်ကို တင်းမာသွားစေသည်။
ဤအင်အားအောက်တွင် ပျက်စီးခြင်းတာအိုသခင်ပင်လျှင် လွတ်မြောက်ရန် ခက်ခဲလိမ့်မည်။
“သေ..."
ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးက ဟိန်းဟောက်လိုက်သည်။
"မကောင်းတော့ဘူး"
ဝူဟူနှင့် အခြားသူများက ကူညီချင်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ။
သို့ရာတွင်...
ကျွင်းရှောင်ယောက်က ဘာမျှသတိမထားမိသလို မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။
"ပြီးသွားပြီ၊ ကျွင်းဧကရာဇ်ခုံရုံးက ခဏတာပဲ တောက်လောင်လာတဲ့ မီးတောက်တစ်ခုလို ချုပ်ငြိမ်းသွားရတော့မှာလား"
ဤမြင်ကွင်းကို မြင်သူတိုင်း၏ စိတ်ထဲတွင် မတူညီသော အတွေးအမြင်များ ပေါ်လာခဲ့ကြသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက် တစ်ခုခုဖြစ်သွားမည်ဆိုပါက သူတို့ ကောင်းစွာ သိသည်။
ကျွင်းဧကရာဇ်ခုံရုံးက သေချာပေါက် ကွဲထွက်သွားလိမ့်မည်။
အကြောင်းမှာ၊ ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံး၏ တစ်ခုတည်းသော မဏ္ဍိုင်ဖြစ်သောကြောင့်ပင်။
လူသတ်ဘုရင်ကဲ့သို့ ဧကရာဇ်ကြီးများပင် ကျွင်းဧကရာဇ်ခုံရုံးမှာ ကျွင်းရှောင်ယောက်ကဲ့သို့ ဩဇာအာဏာ မကြီးမားပေ။
ရွှေကျီးကန်းမျိုးနွယ် ရှေးဘိုးဘေး၏ လက်ဝါးကြီးက ကောင်းကင်ကို ဖုံးအုပ်ပြီး ကျွင်းရှောင်ယောက်ကို ဖိချလိုက်တော့မည်...
ထိုအချိန်တွင်၊ သူ့ရင်ခွင်ထဲတွင် ပွေ့ချီထားသော ရှောင်ချမ်ရွယ်က ခြိမ်းခြောက်မှုကို ခံစားမိသွားပုံရသည်။
သူက ကောင်းကင်ကို စူးစူးရဲရဲ မော့ကြည့်လိုက်၏။
သူမ၏ ဝိုင်းစက်ပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်လုံးတစ်စုံမှာလည်း ကမ္ဘာလောကတစ်ခုလုံးကို လျစ်လျူရှုထားနိုင်သကဲ့သို့ အရိပ်အယောင်တစ်မျိုး ပေါ်လာတော့သည်။