← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

🍅 Chapter 81

ဝူယွီလန် လုပ်လက်စအလုပ်ကို ခေတ္တရပ်လိုက်ပြီး လှမ်းပြောလိုက်သည်။

“ဘာကြောင်ရပ်နေတာလဲ၊ သူ လာလည်တာ ကြုံတောင့်ကြုံခဲပဲကို၊ ကလေးတွေကို မြန်မြန်ခေါ်ပြီး အဖော်လုပ်ပေးခိုင်းလိုက်လေ”

ဝူယွီလန်သည် လက်ဖက်ရည်ကြမ်း ပြင်ဆင်ရန် မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားပြီး ဧည့်ခံရန်အတွက် မုန့်များနှင့် သရေစာများကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့၏။

ဝူယွီလန် တစ်ခေါက်ပြီးတစ်ခေါက် ပစ္စည်းများသယ်ယူနေသည်ကို မြင်သောအခါ အဒေါ်လီမှာ တံတွေးများကို ခက်ခက်ခဲခဲ မြိုချနေမိသည်။

‘ဒီအဘွားကြီးက တကယ်ပဲ စိတ်သဘောထားတွေ ပြောင်းလဲသွားပြီလား၊ ငါ့ကို ဧည့်ခံဖို့အတွက် မုန့်တွေထုတ်လာပေးဖို့အထိ ဝန်မလေးတော့ဘူးတဲ့လား၊ ပြီးတော့ ဒီလက်ဖက်ရည်တွေ၊ ဒီလက်ဖက်ရည်ခွက်တွေက ငါ့အတွက်တော့ အိပ်မက်တစ်ခုလိုပဲ၊ အခုထိ မယုံနိုင်သေးဘူး’

အဒေါ်လီ ရုတ်တရက် တစ်ခုခုသတိရသွားကာ သမီးဖြစ်သူကို စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

“ကွေ့ချင်၊ ငါ့ကို အမှန်တိုင်းပြောစမ်း၊ ဒီအဘွားကြီးက ယင်ဟွာကိုပါ ရောင်းစားလိုက်ပြီလား”

ဝမ်ကွေ့ချင် ခေါင်းကို အဆက်မပြတ်ခါယမ်းပြသည်။

“မဟုတ်ပါဘူး၊ အဲဒီအကြောင်းကို သမီး အခုပဲပြောပြမလို့ပါ”

“လွန်ခဲ့တဲ့ရက်ပိုင်းက ယောက္ခမကိုယ်တိုင် သွားပြီး ကျင်းဟွာကို ပြန်ရွေးလာခဲ့တာပါ”

အဒေါ်လီ၏မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“တကယ်လား”

ဝမ်ကွေ့ချင် အတည်ပြုပေးလိုက်၏။

“တကယ်ပါ၊ သူနဲ့ ယင်ဟွာတို့ ဆေးပင်သွားရှာကြတယ်၊ သိပ်မကြာခင် ပြန်ရောက်လာတော့မယ်”

“အမေ၊ ယောက္ခမက တကယ်ကိုအကောင်းဘက်ကို ပြောင်းလဲသွားပါပြီ၊ ဒီရက်ပိုင်းအတွင်း သမီးတို့အပေါ် အရမ်းကောင်းတယ်”

သမီးဖြစ်သူ၏မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ ညှိုးနွမ်းပူဆွေးနေခြင်းမျိုး မရှိတော့ဘဲ ရွှင်လန်းတက်ကြွမှုများ အထင်းသား ပေါ်လွင်နေကြောင်း အဒေါ်လီ ရုတ်တရက် သတိပြုမိလိုက်သည်။

‘ဒီအဘွားကြီးက တကယ်ပဲ ပြောင်းလဲသွားပြီလား’

‘ငါ ဘာဖြစ်လို့ မယုံကြည်နိုင်သေးတာလဲ၊ မဖြစ်ဘူး၊ ငါ ဒီမှာ ဆက်နေရမယ်။ ငါ့ရဲ့အကြီးဆုံးမြေးမလေး ပြန်လာတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျ မမြင်ရသရွေ့ ငါ စိတ်အေးနိုင်မှာ မဟုတ်ဘူး'

သို့သော် အဒေါ်လီကို အံ့အားသင့်မှင်တက်သွားစေမည့် အရာများက ပြီးဆုံးမသွားသေးချေ။

သံသယများဖြင့် ပြည့်နှက်နေစဉ်မှာပင် ‘အွပ်... အွပ်’ ဟူသော ကြက်တွန်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤအသံကြောင့် အဒေါ်လီ ပိုသံသယဝင်သွားကာ မျက်မှောင်ကြုတ်လျက် တိတ်တဆိတ် တွေးတောနေမိသည်။

‘နေ့ခင်းကြောင်တောင်ကြီး သူ ကြက်ကို ဘာလုပ်ဖို့ဖမ်းနေတာလဲ’

အဒေါ်လီသည် မေးခွန်းပေါင်းများစွာကို ရင်ဝယ်ပိုက်ကာ အခြေအနေအား စူးစမ်းရန် အခန်းထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့၏။

ခြံဝင်းထဲသို့ ရောက်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားစေမည့် မြင်ကွင်းတစ်ခုကို သူမ တွေ့လိုက်ရသည်။

ဝူယွီလန်သည် ကြက်တစ်ကောင်ကို တကယ်သတ်နေခြင်းပင်။

အဒေါ်လီ၏မျက်လုံးများ ပြူးကျယ်သွားပြီး သူမအရှေ့မှ မြင်ကွင်းကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိကာ ရင်ထဲတွင် သက်ပြင်းချလိုက်သည်။

‘ဘုရားရေ၊ သူက တကယ်ပဲ ဒီလောက်အထိ အကုန်အကျခံရဲတာလား’

ယခုလိုအချိန်မျိုးတွင် ဝူယွီလန် အဘယ်ကြောင့် ကြက်သတ်ရန် ရွေးချယ်ခဲ့လဲဆိုသည့် မေးခွန်းအပြင် ထိုအရာက သူမအတွက် သတ်ပေးခြင်းလောဆိုသည်ကို အဒေါ်လီ တကယ်နားမလည်နိုင်အောင် ဖြစ်နေရသည်။

ယခင်ကဆိုလျှင် ကြက်ဥတစ်လုံးလောက် ကျွေးဖို့အတွက်ပင် ဝန်လေးနေခဲ့သူမဟုတ်ပါလား။

သို့သော် ယခုအခါတွင်မူ ဝူယွီလန်သည် သူမအတွက် ဤမျှလောက်အထိ ရက်ရောနေခြင်းက အဒေါ်လီကို အနည်းငယ် စိုးရိမ်ပူပန်သွားစေသည်။

အဒေါ်လီက သူမတစ်ယောက်တည်း ကြားနိုင်ရုံမျှ လေသံလေးဖြင့် တီးတိုးရေရွတ်လိုက်၏။

“သူက ရှေ့ဆက်ဘဝကို မဖြတ်သန်းတော့ဘူးလို့များ ဆုံးဖြတ်ထားတာလား”

ထိုအချိန်တွင် ဘေးနားရှိ ဝမ်ကွေ့ချင်သည် မိခင်ဖြစ်သူ၏မျက်နှာအမူအရာကို သတိပြုမိသွား၏။

သူမ အလျင်အမြန် ပြေးသွားကာ ဝူယွီလန်လက်ထဲမှ အလုပ်ကိုလွှဲယူရန်ကြိုးစားရင်း စိုးရိမ်တကြီးပြောလိုက်လေသည်။

“အမေ၊ သမီး လုပ်လိုက်ပါ့မယ်၊ အမေ နားလိုက်ပါ”

ဝူယွီလန် ပြုံးလျက် လက်ဝှေ့ယမ်းပြလိုက်သည်။

“နင့်အမေ ကြုံတောင့်ကြုံခဲ လာလည်တာပဲ၊ သွားပြီး အဖော်လုပ်ပေးလိုက်ပါ”

ထိုသို့ပြောပြီးနောက် ဝူယွီလန်သည် ကြက်မွေးများကို ကျွမ်းကျင်ပိုင်နိုင်စွာ တစ်ချောင်းချင်းစီနှုတ်ပစ်ရင်း သူမ၏အလုပ်ကို ဆက်လက်လုပ်ဆောင် နေလေသည်။

ထိုစကားကို ကြားသောအခါ ဝမ်ကွေ့ချင်သည် မိခင်ဖြစ်သူကို အိမ်မကြီးခန်းထဲသို့ တွဲခေါ်သွားရုံသာ တတ်နိုင်တော့သည်။

အဒေါ်လီသည် ခွေးခြေပေါ်တွင် ထိုင်နေသော်လည်း သူမ မြင်တွေ့ခဲ့ရသောအရာများကို မယုံကြည်နိုင်သေးချေ။

ဝမ်ကွေ့ချင်ကမူ သူမ မိခင်ကို ထပ်မံအတည်ပြုပေးလိုက်သည်။

“အမေ၊ သမီး အမေ့ကိုမလိမ်ပါဘူး၊ သမီး ပြောသားပဲ၊ အခု ယောက္ခမက တကယ်ကို သမီးတို့အပေါ် အရမ်းကောင်းနေပါပြီ”

အဒေါ်လီ မျက်မှောင်ကြုတ်သွားသည်။ လူတစ်ယောက်က ဤမျှလောက်အထိ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားနိုင်သည်ကို သူမ နားမလည်နိုင်ပေ။

‘တစ်ခုခုတော့ မှားနေပြီ၊ တစ်ခုခုတော့ မှားနေပြီ’

‘ဝူယွီလန်မှာ အကြံအစည်တစ်ခုခုရှိနေတာ သေချာတယ်’

ထိုစဉ် ခြံဝင်းအတွင်းမှ မိန်းကလေးတစ်ဦး၏ကြည်လင်ပြတ်သားသောအသံလေးတစ်ခု ထွက်ပေါ်လာသည်။

“အမေ၊ သမီးတို့ ပြန်ရောက်ပြီ”

ဤရင်းနှီးကျွမ်းဝင်နေသောအသံလေးကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အဒေါ်လီသည် ခြံဝင်းထဲသို့ အလျင်အမြန် ပြေးထွက်သွားလေသည်။

ခြံဝင်းထဲရှိ သူမ၏အကြီးဆုံးမြေးမလေးကို မြင်လိုက်ရသောအခါ သူမ မျက်ဝန်းများ ချက်ချင်းနီရဲသွားကာ သူမ၀တ်ဆင်ထားသော အင်္ကျီကော်လံအဖြူလေးမှာလည်း မျက်ရည်များကြောင့် စိုစွတ်သွားလေတော့သည်။

အဒေါ်လီ တုန်ရီနေသော အသံဖြင့် ခေါ်လိုက်သည်။

“ကျင်းဟွာ၊ ငါ့မြေးလေး၊ အဖွားရဲ့ကျင်းဟွာလေး မဟုတ်လား”

အဒေါ်လီကို မြင်သောအခါ စုန့်ကျင်းဟွာ၏မျက်လုံးများ တောက်ပသွားလေ၏။

“အဖွား”

စုန့်ကျင်းဟွာသည် အပြေးအလွှား သွားရောက်ဖက်တွယ်လိုက်လေ၏။

“အဖွား ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ”

အဒေါ်လီ လက်ဆန့်တန်းကာ ကျင်းဟွာ၏ နူးညံ့သောဆံပင်လေးများကို တယုတယ ပွတ်သပ်ပေးလိုက်သည်။

“ငါ့မြေးလေး၊ မြေးလေး တော်တော် ဒုက္ခရောက်ခဲ့ရပြီပဲ”

စုန့်ကျင်းဟွာ ခေါင်းခါယမ်းပြလိုက်သည်။ သူမ၏ အကြီးဆုံးမြေးမလေး အမှန်တကယ် ပြန်လည်ရွေးယူခံခဲ့ရကြောင်း တွေ့မြင်လိုက်ရပြီးနောက် ဝူယွီလန်အပေါ်ထားရှိသော အဒေါ်လီ၏သဘောထားမှာ အတော်လေး ပျော့ပျောင်းသွားခဲ့သည်။

သူမသည် မီးဖိုချောင်သို့ ကိုယ်တိုင်လျှောက်သွားလိုက်ပြီး တစ်ခုခုပြောဆိုရန် ဟန်ပြင်လိုက်စဉ် အိုးထဲရှိ အရာများကို မြင်လိုက်ရသဖြင့် သူမ မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားလေသည်။

အဒေါ်လီ အလန့်တကြား အော်ဟစ်လိုက်သည်။

“တကယ့်ကို ဖြုန်းတီးလွန်းတာပဲ”

“ကြက်သတ်တယ်၊ ငါးသတ်တယ်၊ ဒါက နင် ဘဝကို ဖြတ်သန်းနေတဲ့ပုံစံလား”

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် စဉ်းတီတုံးပေါ်ရှိ ဝက်သားကို မြင်လိုက်ရသောအခါ သူမ ခေါင်မိုးပေါ်အထိ ခုန်တက်မိမတတ် ဖြစ်သွားသည်။

“ပြီးတော့ ဝက်သားလည်း ပါသေးတယ်၊ ဖြုန်းတီးလိုက်တာ၊ တကယ့်ကို ဖြုန်းတီးလွန်းတာပဲ”

ဝူယွီလန် ပြုံးရွှင်စွာဖြင့် တုံ့ပြန်လာ၏။

“ခမည်းခမက်က ကြုံတောင့်ကြုံခဲ လာလည်တာလေ၊ ဧည့်ခံဖို့အတွက် အိမ်မှာရှိတဲ့ အကောင်းဆုံးအရာတွေကို ထုတ်ယူရမှာပေါ့”

အဒေါ်လီ နှမျှောတသဖြစ်ဟန်ဖြင့် သတိပေးလာသည်။

“နည်းနည်းပါးပါး ချွေတာသင့်တယ်လေ၊ ကျွေးမွေးရမယ့် မိသားစုကြီးတစ်ခုလုံးရှိသေးတဲ့ဟာကို”

သူမ ဘေးဘက်ရှိအိုးကို တစ်ချက်လှမ်းကြည့်လိုက်ရာ……

‘အိုးးး၊ ဘုရားရေ’

ဆန်သားအကောင်းဖြင့်ပြုတ်ထားသည့် ခပ်ပျစ်ပျစ်ဆန်ပြုတ်တစ်အိုးဖြစ်နေသည်။

“နင်... နင်က ဆက်ပြီး အသက်ရှင်ဖို့ ရည်ရွယ်ထားသေးရဲ့လား”

“အခုချက်ချင်း ရပ်လိုက်တော့၊ ငါ ဆန်ပြုတ်ကျဲကျဲတစ်ပန်းကန် သောက်ရရင်ကို ရပါပြီ”

ဝူယွီလန် ဟင်းမွှေနေခြင်းကို မရပ်တန့်ဘဲ အမိန့်ပေးလိုက်လေ၏။

“ချွေးမအကြီး၊ ဒီမှာ မီးခိုးတွေ အရမ်းများတယ်၊ နင့်အမေကို ဧည့်ခန်းမထဲ မြန်မြန်ခေါ်သွားလိုက်”

“ဟုတ်ကဲ့ပါ”

ဝမ်ကွေ့ချင် ချက်ချင်းပြန်ဖြေလိုက်ပြီး မိခင်ဖြစ်သူကို ဧည့်ခန်းမဆီသို့ ဆွဲခေါ်သွားလေ၏။

“အမေ၊ ဒီမှာထိုင်ပြီး ခဏလောက် နားလိုက်ပါ၊ လက်ဖက်ရည်လေး သောက်ပါဦး”

ဝူယွီလန်ကို ဖျောင်းဖျ၍မရနိုင်ကြောင်း မြင်သောအခါ အဒေါ်လီ ခေါင်းခါယမ်းလိုက်သည်။

ဤမိသားစုတစ်ခုလုံး စားဝတ်နေရေး ကျပ်တည်းလာချိန်တွင် သူတို့အတွက် အနည်းငယ်ဖယ်ထားနိုင်ရန် သူမ ပိုချွေတာရမည်ဟု ရင်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။

All Chapters