← Chapters

အခန်း ၄၀၅

Vol. 41 Ch. 405

အခန်း ၄၀၅

Vol. 41 Ch. 405

အခန်း (၄၀၅) မိစ္ဆာနဂါး မြို့တော်သို့ ပြန်လာခြင်း... ကောင်းကင်လျှို့ဝှက်ချက်များကို နှောင့်ယှက်ဖျက်ဆီးခြင်း

ကျန်းချဲ့ သည် အောက်ခွန် နှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ပြီးနောက် ချီရွှယ်မိစ္ဆာသခင် က ခပ်ဖွဖွ ရယ်မောလိုက်လေသည်။

"ဒီနဂါးအိုကြီးက နဂါးလှောင်ရေတွင်း ထဲကနေ လွတ်မြောက်ဖို့အတွက် ဘာမဆို ပေးဆပ်ဖို့ ဆန္ဒရှိနေပုံရတယ်..."

သေချာသည်ကတော့ အောက်ခွန် ၏ အပြုအမူကို သူ အလွန် နားလည် သဘောပေါက်လေသည်။ သူ ကိုယ်တိုင်လည်း လျှို့ဝှက်နယ်မြေ အတွင်းတွင် ပိတ်မိနေစဉ်က အလွန်တရာ ဆင်းရဲဒုက္ခ ရောက်ခဲ့ရပြီး နောက်ပိုင်းတွင် ကျောက်ရုပ်တု အတွင်းသို့ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားခဲ့ပါက တစ်နေ့နေ့ အပြင်ထွက်ခွင့် ရလျှင်တောင်မှ ရူးသွပ်သွားလောက်ပြီဟု သူ ထင်မြင်မိလေသည်။

သူ ပိတ်လှောင်ခံရသည်မှာ နှစ်တစ်ရာကျော်မျှသာ ရှိသေးသော်ငြား အောက်ခွန် ဆိုသည့် ထို မိစ္ဆာနဂါးအိုကြီး မှာ ထျန်းလုံ ဘုန်းကြီးကျောင်း ၏ ဖိနှိပ် ချုပ်နှောင်ခြင်းကို ရာစုနှစ်ပေါင်းများစွာ ခံခဲ့ရသူ ဖြစ်လေသည်။ ထို့ကြောင့် တစ်ဖက်လူ မည်မျှပင် နှိမ့်ချ သိမ်ငယ်နေပါစေ သူ ကောင်းစွာ နားလည်ပေးနိုင်လေသည်။

"အခုချိန်မှာ သူက မျှော်လင့်ချက်တွေ အကုန်လုံး ဆုံးရှုံးသွားပြီလေ... အရာအားလုံးကို ကျုပ်ရဲ့ ကတိစကား အပေါ်မှာပဲ ပုံအပ်ထားရတော့တာဆိုတော့ သဘာဝကျကျပဲ ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်ဖို့ ဆန္ဒရှိနေမှာပဲ..."

ကျန်းချဲ့က တည်ငြိမ်စွာ ပြန်လည် ဖြေကြားလိုက်လေသည်။

"ဒါပေမဲ့ မင်းလည်း ပေါ့ပေါ့ဆဆ မနေနဲ့ဦးကွာ... ဒီနဂါးအကြေးခွံလေးကနေ တစ်ဆင့် သစ္စာဆိုတာက ဘာကန့်သတ်ချက်မှ မရှိဘူး... သူ လွတ်မြောက်သွားတဲ့ အချိန်ကျရင် တခြား မျက်နှာတစ်မျက်နှာ ဖြစ်လာနိုင်တယ်..."

ချီရွှယ်မိစ္ဆာသခင် က သူ၏ အတွေ့အကြုံများကို အခြေခံ၍ အောက်ခွန် အနေဖြင့် လွတ်မြောက်သွားပါက သေချာပေါက် ပုန်ကန်လိမ့်မည်ဟု တွေးတောမိကာ သတိပေးလိုက်လေသည်။ ကျန်းချဲ့၏ ထိန်းချုပ်မှု အောက်တွင် ငြိမ်ငြိမ်သက်သက် နေမည်ဟု သူ မယုံကြည်ချေ။

"နှစ်ပေါင်း ရာချီ ပိတ်လှောင်ခံထားရပြီး ကိုယ်ပွားလည်း ပျက်စီးသွားပြီ... ဒဏ်ရာတွေလည်း ရထားသေးတယ်... ဒီနဂါးအိုကြီးမှာ ဘယ်လို အကြံအစည်တွေပဲ ရှိနေပါစေ ကျုပ်က လွယ်လွယ်လေး ဖိနှိပ်ပစ်လို့ ရပါတယ်... ဒါပေမဲ့ အဲ့ဒီအချိန်ကျရင်တော့ ကျုပ်ကလည်း သူ့အပေါ် အခုလိုမျိုး ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေမှာ မဟုတ်တော့ဘူး... အရာအားလုံးက သူ့ရဲ့ ရွေးချယ်မှု အပေါ်မှာပဲ မူတည်တယ်..."

ကျန်းချဲ့က ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

ထျန်းလုံ ဘုန်းကြီးကျောင်း ကို တိုက်ခိုက်ရန် ကျန်းချဲ့ တစ်ယောက်တည်း လှုပ်ရှားမည် မဟုတ်ဘဲ အခြားသော အကူအညီများကိုလည်း ခေါ်ယူသွားမည် ဖြစ်လေသည်။ ထို အင်အားများက အောက်ခွန် ကို ဖိနှိပ်ရန် အပြည့်အဝ လုံလောက်ပေသည်။ အကယ်၍ တစ်ဖက်လူက အခြေအနေကို သဘောပေါက်ပြီး ကတိအတိုင်း လိုက်နာမည် ဆိုပါက ထျန်းယာ မဟာမိတ်အဖွဲ့ ၏ ဒုတိယ ခေါင်းဆောင် တစ်နေရာကို ပေးအပ်ရန် သူ တွန့်တိုနေမည် မဟုတ်ချေ။

သို့သော် ထို နဂါးအိုကြီး က မနာခံဘဲ ပုန်ကန်မည် ဆိုပါက သူလည်း သနားညှာတာနေမည် မဟုတ်ပေ။

"ဒါဆို မင်း ဘယ်တော့လောက် လှုပ်ရှားဖို့ ပြင်ထားလဲ..."

ချီရွှယ်မိစ္ဆာသခင် က သံသယ မျက်ဝန်းများဖြင့် မေးလိုက်လေသည်။

"ခုလေးတင် ပြောလိုက်တယ်လေ... အချိန်တစ်ခုလောက် ကြန့်ကြာဦးမယ်လို့... ဒီအတောအတွင်း မြို့တော်ကို အရင်ဆုံး ပြန်သွားရမယ်..."

"မြို့တော်ကို ပြန်မယ် ဟုတ်လား... မင်းက လုကျဲ့ယွင် နဲ့ အတူတူ အဲ့ဒီ မြောက်ပိုင်းလူရိုင်း သံတမန်တွေကို လမ်းခုလတ်မှာ ကြားဖြတ်သတ်ဖြတ် ချင်လို့လား..."

ယခင်က မသေမျိုး တက်လှမ်းခြင်း အဆောက်အအုံ တွင် သူတို့ တွေ့ဆုံခဲ့စဉ်က ချီရွှယ်မိစ္ဆာသခင် ကိုယ်တိုင် ထွက်မပြခဲ့သော်ငြား ကျန်းချဲ့၏ အနီးတွင် အမြဲရှိနေခဲ့သဖြင့် ကျန်းချဲ့ နှင့် လုကျဲ့ယွင် တို့၏ အစီအစဉ် အချို့ကို သူ ကောင်းစွာ သိရှိထားလေသည်။

"မှန်ပါတယ်..."

ကျန်းချဲ့၏ မျက်နှာထား လေးနက်သွားပြီး ခေါင်းညိတ်ပြလိုက်လေသည်။

"နိုင်ငံခြား သံတမန်တွေကို ကြားဖြတ်သတ်ဖြတ်တာက ကြီးလေးတဲ့ ပြစ်မှုကြီးကွ... အထူးသဖြင့် အခုလို အလယ်ပိုင်းဒေသ နဲ့ တော်ဝင်နန်းတော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မျိုးမှာ... ဒီကိစ္စသာ ပေါက်ကြားသွားရင် မင်းက တော်ဝင်နန်းတော်ရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်နေရင်တောင် ဧကရာဇ်မင်း က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး..."

တော်ဝင်နန်းတော်၏ အကျပ်အတည်းကို အမြင်ကျယ်သူတိုင်း သိရှိကြလေသည်။ တစ်ဖက်တွင် မိစ္ဆာမျိုးနွယ်စုများကို ကာကွယ်ရန် ကောင်းကင်ချောက်ကမ်းပါး တွင် တပ်စွဲထားရပြီး အခြား တစ်ဖက်တွင်လည်း မြောက်ပိုင်း နယ်စပ်တွင် မြောက်ပိုင်းလူရိုင်း များနှင့် ရင်ဆိုင်နေရလေသည်။ ဤ ကိစ္စ နှစ်ခုက တော်ဝင်နန်းတော်၏ အင်အား အများစုကို စုပ်ယူထားသဖြင့် မကြာသေးမီ နှစ်များ အတွင်း အလယ်ပိုင်းဒေသ တွင် မငြိမ်မသက်မှုများ မကြာခဏ ဖြစ်ပွားကာ ချင်းထျန်းမိစ္ဆာဂိုဏ်း ကဲ့သို့သော အဖွဲ့အစည်းများ ထင်တိုင်းကျဲ ခွင့် ရနေခြင်း ပင်ဖြစ်သည်။

သို့သော် အကယ်၍ တော်ဝင်နန်းတော်သာ ငြိမ်းချမ်းရေး ရယူနိုင်ပါက အခြေအနေများကို ပြန်လည် ထိန်းချုပ်နိုင်ရန် အခွင့်အရေး ရရှိမည် ဖြစ်လေသည်။ ဤသည်မှာ တာ့ကျိုး နိုင်ငံတော် ၏ နိုင်ငံတော် ကံကြမ္မာ နှင့် သက်ဆိုင်နေသော အစီအစဉ်ကြီး တစ်ရပ် ဖြစ်ရာ ဧကရာဇ်မင်း အနေဖြင့် အလွန်အမင်း အလေးထားမည်မှာ အသေအချာ ပင်ဖြစ်သည်။

"စီနီယာကတော့ နောက်နေပြန်ပါပြီ... တော်ဝင်နန်းတော် အပေါ်မှာ ကျုပ်က ဘယ်တုန်းကမှ နိုင်ငံနဲ့ ဧကရာဇ် အပေါ် သစ္စာစောင့်သိတဲ့ လူမျိုး မဟုတ်ခဲ့ပါဘူး... ကျုပ် လိုချင်တာက အဆင်ပြေချောမွေ့မှု တစ်ခု သက်သက်ပါပဲ... တကယ်လို့ တစ်နေ့နေ့မှာ ရန်သူတွေ ဖြစ်သွားခဲ့ရင်တောင် ကျုပ်အတွက်တော့ ဘာမှ မဟုတ်ပါဘူး..."

ကျန်းချဲ့က ပြုံးလျက် ပြန်ဖြေလိုက်လေသည်။

မြောက်ပိုင်းလူရိုင်း သံတမန် များကို သူ သေချာပေါက် သတ်ဖြတ်ရမည် ဖြစ်လေသည်။

သူတို့ထံမှ ကိုးရောင်ခြယ် နတ်ဘုရားနှင်းရည် ကို ရယူလိုရုံသာမက လုကျဲ့ယွင် ပြောခဲ့သော သက်တမ်းတိုးစေသည့် ဝိညာဉ်ရတနာ ကိုလည်း သူ အလွန် စိတ်ဝင်စားနေလေသည်။ မည်သို့ပင်ဆိုစေ တကယ်တမ်း တွက်ကြည့်မည် ဆိုပါက သူ၏ လက်ကျန် သက်တမ်းမှာ အလွန်နည်းပါးနေပြီ မဟုတ်ပါလော။

အကယ်၍ ဖြည့်တင်းနိုင်မည့် အခွင့်အရေး ရှိပါက အကောင်းဆုံး ပင်ဖြစ်သည်။ ထို့အပြင် မြောက်ပိုင်းလူရိုင်း သံတမန် များကို ကြားဖြတ်သတ်ဖြတ်ခြင်းက လုကျဲ့ယွင် ပြောခဲ့သော လျှို့ဝှက်ချက် နှင့်လည်း သက်ဆိုင်နေလေသည်။

ကျန်းချဲ့ အနေဖြင့် ကျီချန်ရှန်း သားအမိ နှစ်ယောက်ကို ထိန်းချုပ်ကာ သူတို့၏ လက်ထဲမှ ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း ကို တောင်းဆိုရန် အတွက် ထို လျှို့ဝှက်ချက် ၏ အထောက်အပံ့ လိုအပ်လေသည်။ သို့သော် ဤစကားများကိုတော့ သူ ချီရွှယ်မိစ္ဆာသခင် အား ဖွင့်ဟပြောဆို၍ မရနိုင်ချေ။

"ဟားဟားဟား... ကောင်းတယ်... တကယ်ကို ငါကိုယ်တော် အထင်ကြီးရတဲ့ လူပီသပါပေတယ်... လူ့ဘဝ ဆိုတာ စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ် နေထိုင်ရမှာကွ... တော်ဝင်နန်းတော်တွေ ဧကရာဇ်တွေ ဆိုတာ မျက်စိရှေ့က ဖြတ်တိုက်သွားတဲ့ တိမ်တိုက်တွေ သက်သက်ပါပဲ..."

ချီရွှယ်မိစ္ဆာသခင် က ကျယ်လောင်စွာ ရယ်မောကာ အားပေးလိုက်လေသည်။ ကျန်းချဲ့၏ ဤ စကားများက သူ၏ စိတ်ကြိုက် လုံးဝ ဖြစ်နေလေသည်။

"ဒါဆို ငါတို့ ဘယ်တော့ ခရီးထွက်ကြမလဲ..."

"ခဏနေရင် ထွက်မယ်..."

ကျန်းချဲ့ က အဝေးတွင် တရားထိုင်နေသော ကျောက်ရှန်းကျစ် ကို တစ်ချက် လှမ်းကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလျက် ဖြေကြားလိုက်လေသည်။

ကျန်းချဲ့တို့ သုံးယောက် မြို့တော်သို့ အပြေးအလွှား ပြန်လာနေချိန်တွင်...

တာ့ကျိုး နိုင်ငံတော် နှင့် မြောက်ပိုင်းလူရိုင်း သံတမန် တို့၏ နောက်ဆုံး ဆွေးနွေးပွဲမှာလည်း ကနဦး သဘောတူညီချက် ရရှိသွားခဲ့လေပြီ။ အလယ်ပိုင်းဒေသ နှင့် မြက်ခင်းပြင် တို့ အကြား အပြန်အလှန် ကုန်သွယ်မှု ပြုလုပ်ရန် နှင့် လူငယ် သိုင်းပညာရှင် များကို အပြန်အလှန် စေလွှတ်၍ လေ့လာကြရန် အပြင်...

အရေးအကြီးဆုံးသော သတ်မှတ်ချက် တစ်ခုသာ ရှိလေသည်။

၎င်းမှာ အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် ဘက်မှ စစ်သည် အင်အား လေးသိန်း ဆုတ်ခွာပေးရန် ပင်ဖြစ်သည်။

သို့သော် နယ်စပ် အချက်အချာကျသော မြို့များကို လွှဲပြောင်းပေးရမည် ဟူသော အချက်ကိုတော့ ဖျက်သိမ်းနိုင်ခဲ့လေသည်။ သို့ဖြစ်ရာ မြောက်ပိုင်း နယ်စပ် အတွင်းရှိ တော်ဝင်နန်းတော် ၏ စစ်အင်အားမှာ အထူးတပ်ဖွဲ့ နှစ်သိန်း သာ ကျန်ရှိတော့မည် ဖြစ်လေသည်။

ထိုအရာများ အပြင် တော်ဝင်နန်းတော် ဘက်မှ မဟာသိုင်းသခင် အချို့ နှင့် သိုင်းသူတော်စင် တစ်ပါး ကိုလည်း ရုပ်သိမ်းပေးရမည် ဖြစ်လေသည်။

ဤသည်မှာ သူတို့၏ စေတနာကို ပြသခြင်း ပင်ဖြစ်သည်။

သေချာသည်ကတော့ မြောက်ပိုင်းလူရိုင်း များ ဘက်ကလည်း တပ်များ ဆုတ်ခွာပေးရမည် ဖြစ်ပြီး အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် ကို မြေဩဇာ ကောင်းမွန်သော မြေကွက် ကျယ်ကြီး ပြန်လည် ပေးအပ်ရမည် ဖြစ်လေသည်။ နှစ်ဖက်စလုံး စစ်ရပ်စဲ ကာ ငြိမ်းချမ်းရေး ယူမည် ဖြစ်ပြီး စာချုပ် ချုပ်ဆိုရန် သာ ကျန်ရှိတော့လေသည်။

နှစ်နိုင်ငံ မဟာမိတ် စာချုပ် ကို ဤမျှလောက် ပေါ့ပေါ့ဆဆ ချုပ်ဆို၍ မရနိုင်ချေ။

နှစ်ဖက်စလုံး မှ အလွန် အရေးပါသော အစွမ်းထက်သူ များကို စေလွှတ်ကာ နှစ်နိုင်ငံ ၏ နိုင်ငံတော် ကံကြမ္မာ များကို အာမခံချက် အဖြစ် ထားရှိပြီးမှသာ အစစ်အမှန် မဟာမိတ် စာချုပ် အဖြစ် တရားဝင် အတည်ပြုနိုင်မည် ဖြစ်လေသည်။ ဤသို့ ဆိုလျှင် မည်သည့်ဘက်က စာချုပ် ဖောက်ဖျက်သည် ဖြစ်စေ ကြီးမားသော တန်ဖိုးကို ပေးဆပ်ရမည် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ ဤ လောကကြီးတွင် လူမိုက် ဆိုသည်မှာ မရှိချေ။ ယွမ်ခန်းဧကရာဇ် လည်း မအပေ။ သူ သည် ငြိမ်းချမ်းရေး ကို အလွန်အမင်း အလိုရှိနေသော်ငြား မြောက်ပိုင်းလူရိုင်း များသည် သူတို့၏ အဓိက ရန်သူကြီး ဖြစ်ကြောင်းကို ကောင်းစွာ သိရှိထားလေသည်။ နှုတ်ကတိ သက်သက်ဖြင့် သာ တပ်များကို မြောက်ပိုင်း နယ်စပ်မှ ရုပ်သိမ်းလိုက်ပါက... မြောက်ပိုင်းလူရိုင်း များ အလုံးအရင်း နှင့် ဝင်ရောက် ကျူးကျော်လာချိန်တွင် တော်ဝင်နန်းတော် အနေဖြင့် အလွန်တရာ အကျပ်အတည်း တွေ့သွားမည် ဖြစ်လေသည်။

မြောက်ပိုင်းလူရိုင်း သံတမန် များ မြက်ခင်းပြင် သို့ ပြန်ရောက်သွားပြီးနောက် မှသာ နှစ်ဖက်စလုံး မြောက်ပိုင်း နယ်စပ်တွင် တရားဝင် မဟာမိတ် စာချုပ် ချုပ်ဆိုကြမည် ဖြစ်လေသည်။

နန်းတော် ဥယျာဉ် အတွင်းတွင်...

ယွမ်ခန်းဧကရာဇ် ကျီဝမ်ဟောက် ၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရနိုင်သော အပြုံးများ ပေါ်လွင်နေပြီး ယခင်က ကဲ့သို့ မှုန်မှိုင်းနေခြင်း မရှိတော့ချေ။ ဧကရာဇ်မင်း မျက်နှာပွင့်လန်း နေသဖြင့် ဘေးနားရှိ အစေခံ များ လည်း စိတ်အနည်းငယ် ပေါ့ပါး သွားကြလေသည်။

မည်သို့ပင်ဆိုစေ ဧကရာဇ်မင်း ကဲ့သို့သော အဆင့်အတန်းမျိုး ရှိသူများ၏ အရှေ့တွင် မည်သူ တစ်ဦးတစ်ယောက်ကမျှ အနည်းငယ်လေးပင် ပေါ့ဆရဲခြင်း မရှိကြချေ။

"ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ မျက်နှာတော်ပေါ်မှာ အခုလို ပေါ့ပါးရွှင်လန်းတဲ့ အပြုံးမျိုးကို မမြင်ရတာ တော်တော်လေး ကြာနေပြီ..."

အတွင်းဝန် လီချန်ကျုံး ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာပြီး အချိန်ကိုက်ပင် ချီးမွမ်း မြှောက်ပင့် လိုက်လေသည်။

"မင်း ငါကိုယ်တော်ရဲ့ နောက်ကို လိုက်လာတာလည်း အချိန် တော်တော်လေး ကြာနေပြီ မဟုတ်လား..."

ကျီဝမ်ဟောက် က လီချန်ကျုံး ကို တစ်ချက် စွေကြည့်လိုက်လေသည်။

"ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ အနားကို ရောက်လာတာ နှစ်ဆယ့်လေးနှစ် နဲ့ ခုနစ်လ တိတိ ရှိပါပြီ..."

လီချန်ကျုံး က ခေါင်းငုံ့ကာ မိမိ ခစားခဲ့ရသော အချိန်ကာလကို တိတိကျကျ ပြောပြလိုက်လေသည်။ ဤ စကားက ယွမ်ခန်းဧကရာဇ် ကို ပို၍ပင် ကျေနပ် အားရ သွားစေခဲ့လေသည်။

"အကယ်၍ နန်းတွင်းက အရာရှိတွေ အကုန်လုံးသာ မင်းတို့လို မိန်းမစိုးတွေလောက် သစ္စာရှိကြမယ် ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ..."

လီချန်ကျုံး ၏ မျက်နှာပေါ်တွင် မြှောက်ပင့်သော အပြုံးတစ်ခု ပေါ်လွင်လာလေသည်။

"အဲ့ဒီ စစ်ဘက် နယ်ဘက် အရာရှိတွေ အကုန်လုံးက နောက်ခံ ဇာစ်မြစ် ကောင်းကြတယ်လေ... ဘယ်သူမှ မိန်းမစိုး မလုပ်ချင်ကြဘူး... သူတို့က အရမ်းကို ဂုဏ်မောက်နေကြတာ..."

"အေးပါ ဂုဏ်မောက်တယ်... တစ်ယောက်ထက် တစ်ယောက် ပိုပြီး ဂုဏ်မောက်ကြတယ်..."

ကျီဝမ်ဟောက် မျက်လုံးများကို မှေးကျဉ်းကာ ခပ်ဟဟ နှာမှုတ်လိုက်လေသည်။ သူ၏ ခေါင်းထဲတွင် နိုင်ငံတော်ဆရာ ယောင်ယွဲ့ ၏ မျက်နှာ ပေါ်ထွက်လာလေသည်။ ယခင်က သူ စကားများကို ထိုမျှလောက် အထိ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သော်ငြား တစ်ဖက်လူ က သူ့ကို ငြင်းဆန်ခဲ့လေသည်။

အကယ်၍ တစ်ဖက်လူ၏ စွမ်းအား နှင့် နောက်ကွယ်ရှိ ရွှမ်ထျန်း ဝူကျိ နန်းတော် ကိုသာ သူ မကြောက်ရွံ့ခဲ့ပါက ဒေါသတကြီး ပေါက်ကွဲခဲ့ပြီး လောက်ပြီ ပင်ဖြစ်သည်။

"ဒါပေမဲ့ ဒါတွေ အကုန်လုံးက ယာယီပါပဲ လို့ ကျွန်တော်မျိုး ထင်ပါတယ်... အရှင်မင်းကြီး သာ နယ်စပ် ကိစ္စတွေကို ဖြေရှင်းပြီးလို့ နန်းတွင်းကို ပြန်လည် စီမံ အုပ်ချုပ်ပြီး လောက တစ်ခုလုံးကို ရှင်းလင်းပစ်လိုက်ရင်... အဲ့ဒီအချိန်ကျရင် သူတို့ အားကိုးစရာ မရှိတော့တဲ့အခါ အရှင်မင်းကြီးရဲ့ အမိန့်တွေကို နာခံရတော့မှာပါ..."

"မင်းက တကယ်ကို စကားတတ်တာပဲ..."

ကျီဝမ်ဟောက် အလွန်အမင်း ကျေနပ် အားရ သွားလေသည်။

"အရှင်မင်းကြီး... ကုန်းကုန်းဝေ့ ရောက်နေပါပြီ..."

ရယ်မော စကားပြောဆို နေကြစဉ် အစောင့် တစ်ယောက် က ကျီဝမ်ဟောက် ၏ အနီးသို့ လျှောက်လာကာ တိုးတိုးလေး လျှောက်တင် လိုက်လေသည်။

"အမြန် ခေါ်လာခဲ့..."

ကျီဝမ်ဟောက် ၏ မျက်နှာထား ချက်ချင်း တည်ကြည် လေးနက် သွားပြီး အလွန်တရာ လေးစားမှု ရှိသော ဟန်ပန် ကို ပြသလိုက်လေသည်။

နန်းတွင်း တစ်ခုလုံး တွင် သူ အယုံကြည်ရဆုံး သူမှာ တံဆိပ်တော်ထိန်း အကြီးအကဲ မိန်းမစိုးကြီး... ဇာထိုးပန်းထိုး ကိုယ်ရံတော် တပ်ဖွဲ့ ၏ စစ်သူကြီး ကုန်းကုန်းဝေ့ ပင်ဖြစ်သည်။

မင်းဆက် အဆက်ဆက် ကို အလုပ်အကျွေး ပြုခဲ့သော သက်တော်ရှည် အရာရှိကြီး အဖြစ် ဤ ကုန်းကုန်းဝေ့ သည် တာ့ကျိုး နိုင်ငံတော် တည်ထောင်စ အချိန်ထိ ပြန်လည် ခြေရာခံ နိုင်သူ ဖြစ်လေသည်။ ထို အချိန်က သူသည် နိုင်ငံတော် တည်ထောင်သူ ဧကရာဇ်မင်း ၏ ဘေးတွင် ရှိနေခဲ့သော မိန်းမစိုးလေး တစ်ယောက် သာ ဖြစ်ခဲ့သော်ငြား ပါရမီ အလွန် ကောင်းမွန်ပြီး နောက်ခံ ဇာစ်မြစ် မရှိသဖြင့် နန်းတွင်း အတွင်းသို့ ခေါ်ယူကာ ကျင့်ကြံစေခဲ့လေသည်။

ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီးနောက် ယခုအခါတွင်တော့ သူသည် တာ့ကျိုး တော်ဝင် မိသားစု ၏ ပင်မ ထောက်တိုင်ကြီး တစ်ခု အဖြစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

နန်းတော်ကို စောင့်ရှောက်ပေးနေသော အရေးအကြီးဆုံး အင်အားစု တစ်ခု ပင်ဖြစ်သည်။

ထို့ကြောင့် ကုန်းကုန်းဝေ့ သည် မိန်းမစိုး တစ်ယောက် ဖြစ်သော်ငြား သူ့အပေါ် အလွန်အမင်း ရိုသေ လေးစားမှု ထားရှိလေသည်။

ထို့အပြင် ယခင် ဧကရာဇ်မင်း ကပင် မင်းဆက် အဆက်ဆက် ကို အလုပ်အကျွေး ပြုခဲ့သော သူ၏ ဂုဏ်ကျေးဇူး များကို အသိအမှတ် ပြုသည့် အနေဖြင့် တာ့ကျိုး နိုင်ငံတော် သမိုင်း တစ်လျှောက် တွင် တစ်ဦးတည်းသော မိန်းမစိုး အဖြစ်ဖြင့် မြို့စား ရာထူး ကို ပေးအပ် ချီးမြှင့် ခဲ့ပြီး အခြားသော နယ်စား များ အားလုံးထက် အဆင့်အတန်း ပိုမို မြင့်မားစေခဲ့လေသည်။

ဘေးနားရှိ လီချန်ကျုံး လည်း မျက်နှာပေါ်ရှိ မြှောက်ပင့်သော အပြုံးများကို ချက်ချင်း ရုပ်သိမ်း လိုက်ပြီး အမူအရာ ကင်းမဲ့စွာဖြင့် တစ်ဖက်တွင် ရပ်နေလိုက်လေသည်။ ထို ကုန်းကုန်းဝေ့ သည် မျိုးဆက် အနေဖြင့် တွက်မည် ဆိုပါက သူ၏ ဘိုးဘိုးကြီး နှင့်ပင် တော်စပ်လေသည်။

မကြာမီ တွင်...

အနက်ရောင် ဝတ်ရုံ ကို ဆင်မြန်း ထားသော ဆံဖြူ အဘိုးအို တစ်ယောက် နန်းတော် ဥယျာဉ် အတွင်းသို့ ဝင်ရောက် လာလေသည်။ လေတိုက်လျှင်ပင် လဲကျ သွားတော့မည့် အလား လမ်းလျှောက် ရာတွင် အလွန် နှေးကွေး လှသော်ငြား သေသေချာချာ အကဲခတ် ကြည့်မည် ဆိုပါက သူ လှမ်းလိုက်သော ခြေလှမ်း တိုင်းမှာ အတိအကျ ညီမျှ နေသည်ကို တွေ့ရမည် ဖြစ်လေသည်။

သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါ များကိုလည်း အပြည့်အဝ ဖုံးကွယ် ထားပြီး သာမန် အဘိုးအို တစ်ယောက် နှင့် လုံးဝ မခြားနားချေ။

ကုန်းကုန်းဝေ့ ၏ မျက်နှာ အသွင်အပြင် မှာ အလွန် သာမန် ဆန်လှပြီး လူအုပ်ထဲ ရောက်သွားပါက ရုတ်တရက် ရှာဖွေ ရန်ပင် အလွန် ခက်ခဲလှပေသည်။ သို့သော် သူ၏ မျက်လုံးများ ကတော့ အနည်းငယ် ထူးခြား နေပြီး အစိမ်းရောင် အလင်းတန်း များ ခပ်ဖျော့ဖျော့ လင်းလက် နေလေသည်။

"ဒီအစေခံအိုကြီး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်..."

ကုန်းကုန်းဝေ့ က ခါးညွှတ် အရိုအသေ ပေးလိုက်သော်ငြား ကျီဝမ်ဟောက် က အလျင်အမြန်ပင် ရှေ့သို့ တိုးလာကာ သူ့ကို တွဲဖက် ထူမ လိုက်လေသည်။

"ဘယ်နှကြိမ်တောင် ပြောရမလဲ ကုန်းကုန်းဝေ့... ငါကိုယ်တော်ကို တွေ့ရင် အရိုအသေ ပေးစရာ မလိုပါဘူး..."

ကုန်းကုန်းဝေ့ က ခေါင်းရမ်း လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပင် ပြောလိုက်လေသည်။

"စည်းကမ်းကို ဖျက်လို့ မရပါဘူး..."

"ကုန်းကုန်းဝေ့ အရင်ထိုင်ပါ... ဒီတစ်ခေါက် ငါကိုယ်တော် ကုန်းကုန်းဝေ့ကို ခေါ်လိုက်ရတာက ကိစ္စတစ်ခုအတွက် ကုန်းကုန်းဝေ့ကို အကူအညီ တောင်းချင်လို့ပါ..."

ကျီဝမ်ဟောက် ၏ မျက်နှာထား ချက်ချင်း တည်ကြည် လေးနက် သွားပြီး အဓိက ကိစ္စ ကို စတင် ပြောဆို လိုက်လေသည်။

"အရှင်မင်းကြီး အမိန့်သာ ပေးတော်မူပါ..."

"လွန်ခဲ့တဲ့ အချိန်ကာလ တစ်ခုတုန်းက မြောက်ပိုင်းလူရိုင်း သံတမန်တွေ မြို့တော်ကို ဝင်လာခဲ့တယ်... ပြီးတော့ ငါကိုယ်တော်ရဲ့ အစီအစဉ် အောက်မှာ တော်ဝင်နန်းတော်က မြောက်ပိုင်းလူရိုင်းတွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်ဆင်နေပြီ..."

ကုန်းကုန်းဝေ့ သည် နန်းတော် အနက်ရှိုင်းဆုံး နေရာတွင် နေထိုင်ပြီး လျှို့ဝှက် အခန်းထဲမှ အပြင်သို့ ထွက်ခဲ သဖြင့် ပြင်ပ လောက ၏ ကိစ္စ အများစု ကို ကောင်းစွာ သိရှိ နားလည် ခြင်း မရှိချေ။ ဇာထိုးပန်းထိုး ကိုယ်ရံတော် တပ်ဖွဲ့ နှင့် တံဆိပ်တော်ထိန်း တာဝန် များကို အမှန်တကယ်တော့ အခြား သူများ ကသာ ပူးတွဲ တာဝန် ယူထားရခြင်း ဖြစ်လေသည်။

ထို့ကြောင့် ကျီဝမ်ဟောက် က သေသေချာချာ ရှင်းပြ နေရခြင်း ပင်ဖြစ်သည်။

"မြောက်ပိုင်းလူရိုင်း သူပုန်တွေက ငါတို့ အလယ်ပိုင်းဒေသကို ဖျက်ဆီးချင်တဲ့ စိတ်က သေဆုံးသွားမှာ မဟုတ်ဘူး... ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကိစ္စမှာ အရှင်မင်းကြီး သတိထားပြီး လှုပ်ရှားသင့်တယ်..."

ငြိမ်းချမ်းရေး ဆွေးနွေး မည့် အကြောင်း ကို ကြားသည် နှင့် ကုန်းကုန်းဝေ့ က သူ၏ အကြံပေးချက် ကို ချက်ချင်း ဖွင့်ဟ ပြောဆို လိုက်လေသည်။

"ကုန်းကုန်းဝေ့ စိတ်ချပါ... ဒါတွေ အကုန်လုံးက ငါကိုယ်တော်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိပါတယ်... အမှန်တိုင်း ပြောရရင် အလယ်ပိုင်းဒေသမှာ ပြည်တွင်းစစ်တွေ အဆက်မပြတ် ဖြစ်နေပြီး သူပုန်တွေ ခဏခဏ ပုန်ကန်နေတာသာ မဟုတ်ရင် ငါကိုယ်တော် ဒီလို ကိစ္စမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ဘူး..."

"ခေါက်ရှန်းနတ်မင်းကြီး ရဲ့ သဘောထားကရော ဘယ်လိုရှိလဲ... သူက သဘောတူခဲ့ရဲ့လား..."

ကုန်းကုန်းဝေ့ သည် နန်းတော် အနက်ရှိုင်းဆုံး နေရာတွင် နေထိုင်သော်ငြား ပြင်ပ လောက ၏ အခြေအနေ များကို သူ ကိုယ်တိုင် တွက်ချက် နိုင်စွမ်း ရှိလေသည်။ တော်ဝင် နန်းတော် တစ်ခုလုံး တွင် အရာအားလုံး ကို အပြည့်အဝ ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိသူမှာ ခေါက်ရှန်းနတ်မင်းကြီး သာ ဖြစ်ကြောင်း သူ ထင်မြင် မိလေသည်။

ကျီချန်တောက် ၏ အကြောင်း ကို ပြောရချိန် တွင် ကျီဝမ်ဟောက် ၏ မျက်နှာထား အနည်းငယ် ပျက်ယွင်း သွားသော်ငြား ဒေါသ ကို အတင်းအဓမ္မ မျိုသိပ် ကာ အပြုံး တစ်ခု ကို ဖန်တီး လိုက်လေသည်။

"ကုန်းကုန်းဝေ့ စိတ်ချပါ... ဦးရီးတော် က ဒီကိစ္စကို ကန့်ကွက်မှာ မဟုတ်ပါဘူး..."

"ဒါဆိုရင်လည်း ဒီအစေခံအိုကြီး စိတ်အေးရပါပြီ... အရှင်မင်းကြီးက ဒီအစေခံအိုကြီးကို ဘာလုပ်ခိုင်းချင်လို့လဲ မသိဘူး..."

"ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကိစ္စက လောလောဆယ် ကနဦး အနေနဲ့ပဲ သဘောတူညီချက် ရသေးတာ... မြောက်ပိုင်းလူရိုင်း သံတမန်တွေ မြက်ခင်းပြင်ကို ပြန်ရောက်သွားပြီးမှ မဟာမိတ်စာချုပ်ကို တရားဝင် ချုပ်ဆိုရဦးမှာ... ဒါပေမဲ့ မိန်းမစိုးကြီး လည်း သိတဲ့အတိုင်းပဲ အခုခေတ် လောကကြီးမှာ ပုန်ကန်ချင်တဲ့ စိတ်ရှိတဲ့ သူတွေ မရေမတွက်နိုင်အောင် ရှိနေတယ်... တော်ဝင်နန်းတော် ထဲမှာတောင်မှ သစ္စာဖောက်ချင်တဲ့ သူတွေ ရှိနေတယ်... အဲ့ဒီအပေါ်မှာ ချင်းထျန်းမိစ္ဆာဂိုဏ်း က သူပုန်တွေ ပါ ပေါင်းထည့်လိုက်ရင် ငါကိုယ်တော် တကယ်ကို စိတ်မအေးနိုင်ဘူး... တကယ်လို့ သူတို့သာ ဝင်ပြီး နှောင့်ယှက်လိုက်ရင် အကျိုးဆက်က မှန်းဆလို့ ရမှာ မဟုတ်ဘူး... ဒါကြောင့် ငါကိုယ်တော်က ကုန်းကုန်းဝေ့ ကို ကိုယ်တိုင် လှုပ်ရှားပြီး မြောက်ပိုင်းလူရိုင်း သံတမန်တွေ မြောက်ဘက်ကို အဆင်ပြေပြေ ပြန်ရောက်သွားအောင် လျှို့ဝှက် စောင့်ရှောက်ပေးစေချင်တယ်..."

ကျီဝမ်ဟောက် ကောင်းစွာ သိရှိထားလေသည်။ တော်ဝင် နန်းတော် အတွင်း အပြင် တွင် ဤ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို အလိုမရှိ သူ များစွာ ရှိနေပြီး ဝင်ရောက် ဟန့်တား ရန် သေချာပေါက် ကြိုးပမ်း လိမ့်မည် ဖြစ်လေသည်။ ဤကဲ့သို့သော အခြေအနေ မျိုး တွင် ပို၍ စိတ်ချ ရသူ ကိုသာ သူ ယုံကြည် အပ်နှံ ရမည် ဖြစ်လေသည်။

ထို့ကြောင့်သာ ကုန်းကုန်းဝေ့ ကို လာရောက် ရှာဖွေ ရခြင်း ပင်ဖြစ်သည်။

"တကယ်လို့ တခြား အမိန့်တွေ ဆိုရင် ဒီအစေခံအိုကြီး လုံးဝ ငြင်းဆန်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီကိစ္စကိုတော့ ဒီအစေခံအိုကြီး တကယ် လုပ်ပေးလို့ မရပါဘူး..."

ကုန်းကုန်းဝေ့ သည် အနည်းငယ်မျှ စဉ်းစား ခြင်း မရှိဘဲ တိုက်ရိုက် ပင် ခေါင်းရမ်း ငြင်းဆန် လိုက်လေသည်။

"ဘာဖြစ်လို့လဲ..."

"ဒီအစေခံအိုကြီးရဲ့ အကြီးမားဆုံး တာဝန်က နန်းတော်ကို စောင့်ရှောက်ပြီး အရှင်မင်းကြီးကို ကာကွယ်ပေးဖို့ပါ... တကယ်လို့ မြို့တော်ကနေ ထွက်သွားလိုက်ရင် ဘာပြဿနာမှ မဖြစ်လာဘူးလို့ အာမမခံနိုင်ဘူး... ပြီးတော့ ဒီအစေခံအိုကြီးက မြောက်ပိုင်းနယ် ကနေ ဆင်းသက်လာတာလေ... မိသားစုဝင် အကုန်လုံးက မြောက်ပိုင်းလူရိုင်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ... အရှင်မင်းကြီးရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မကန့်ကွက်ဘူး ဆိုပေမဲ့ ဒီအစေခံအိုကြီးကို လူရိုင်းတွေကို အစောင့်အရှောက် လိုက်ပေးခိုင်းတာကတော့..."

ကုန်းကုန်းဝေ့ စကားကို ရပ်တန့် လိုက်သော်ငြား သူ၏ ရည်ရွယ်ချက် ကို အပြည့်အဝ နားလည် နိုင်ရန် လုံလောက် နေပြီ ဖြစ်လေသည်။

"ကုန်းကုန်းဝေ့... ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကိစ္စက တော်ဝင်နန်းတော်ရဲ့ အဓိက အစီအစဉ်ကြီး နဲ့ သက်ဆိုင်နေတယ်လေ..."

ကျီဝမ်ဟောက် မျက်မှောင် တင်းတင်း ကြုတ်သွားလေသည်။

ကုန်းကုန်းဝေ့ မျက်လုံး ကို တစ်ဝက် ခန့် ဖွင့်ကာ ဆက်ပြော လိုက်လေသည်။

"ဒီအစေခံအိုကြီးရဲ့ စွမ်းအားက ထိပ်တန်း အဆင့်လို့ မဆိုနိုင်ပါဘူး... တကယ်လို့ ချင်းထျန်းမိစ္ဆာဂိုဏ်း က သူပုန်တွေသာ လှုပ်ရှားလာရင် ဒီအစေခံအိုကြီး တောင့်ခံနိုင်ဖို့ မသေချာဘူး... ခေါက်ရှန်းနတ်မင်းကြီး လှုပ်ရှားမှသာ အမှားအယွင်း မရှိနိုင်မှာပါ..."

ကျီဝမ်ဟောက် ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေး သွားပြီး အကူအညီ မဲ့စွာ ရှင်းပြ လိုက်လေသည်။

"ခေါက်ရှန်းနတ်မင်းကြီး က လွန်ခဲ့တဲ့ ရက်အနည်းငယ် ကတည်းက တံခါးပိတ် ကျင့်ကြံနေတာ... ငါကိုယ်တော် လည်း သူ့ကို အတင်းအဓမ္မ ထွက်လာခိုင်းလို့ မကောင်းဘူး... ဗုဒ္ဓဘာသာဂိုဏ်း က တစ်ယောက်ကလည်း ပြီးခဲ့တဲ့ တစ်ခေါက် တာ့လဲ့ရင် ဘုန်းကြီးကျောင်း ကို သွားကတည်းက အခုချိန်ထိ နှစ်ဝက်လောက် ရှိနေပြီ ပြန်မလာသေးဘူး... ယောင်ယွဲ့ နိုင်ငံတော်ဆရာ ကလည်း..."

သူ သည် ယောင်ယွဲ့ ကို အကူအညီ မတောင်း လိုချင်ဘဲ သူမ ကို အချိန် အနည်းငယ် လျစ်လျူရှု ထားရန် ရည်ရွယ် ထားသဖြင့် သူမ သည်လည်း သူ၏ ရွေးချယ်စရာ များထဲတွင် မပါဝင်ချေ။

အခြား သူများ ကိုတော့ သတင်း ပေါက်ကြား သွားမည် ကို သူ အလွန် စိုးရိမ် နေမိလေသည်။

ကုန်းကုန်းဝေ့ သည် ဤ စကားကို ကြားသောအခါ စက္ကန့် အနည်းငယ်မျှ တိတ်ဆိတ် သွားပြီးနောက် ဆက်ပြော လိုက်လေသည်။

"ဒီလို ဆိုမှတော့ တကယ်ကို ခက်ခဲတဲ့ ပြဿနာပဲ... ဒါပေမဲ့ ဒီအစေခံအိုကြီးက စောစောက စကားကိုပဲ ထပ်ပြောရလိမ့်မယ်... မြို့တော်ကနေ တကယ် ထွက်သွားလို့ မရဘူး... ဒါပေမဲ့ ဒီအစေခံအိုကြီး မြို့တော်ကနေ မထွက်နိုင်ပေမဲ့ လှုပ်ရှားလို့တော့ ရပါတယ်..."

"ကုန်းကုန်းဝေ့ ရဲ့ အဓိပ္ပာယ်က ကောင်းကင်လျှို့ဝှက်ချက် တွေကို နှောင့်ယှက် ပစ်မယ် ဆိုတဲ့ သဘောလား..."

ကျီဝမ်ဟောက် ၏ မျက်ဝန်း များ အရောင် တလက်လက် လင်းလက် သွားလေသည်။

"မှန်ပါတယ်... ဒီအစေခံအိုကြီးရဲ့ စွမ်းအားက ထိပ်တန်း အဆင့်လို့ မဆိုနိုင်ပေမဲ့ နှစ်ပေါင်း ရာချီ ဖြတ်သန်းလာတဲ့ အခါကျတော့ ကောင်းကင်လျှို့ဝှက်ချက် တွေနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးတော့ နားလည်ထားပါတယ်... ကောင်းကင်လျှို့ဝှက်ချက် တွေကို လုံးဝ နှောင့်ယှက်ပစ်လို့ ရပါတယ်... တခြားသူတွေ မြောက်ပိုင်းလူရိုင်း သံတမန်တွေကို ခြေရာခံလို့ မရအောင် လုပ်ပေးလို့ ရတယ်... ဒီအစေခံအိုကြီးရဲ့ အမြင်မှာတော့ ဒါက အသင့်တော်ဆုံး နည်းလမ်းပါပဲ... ဘာဖြစ်လို့လဲ ဆိုတော့ လူတွေ အများကြီး သုံးလေ သတင်းပေါက်ကြားဖို့ အခွင့်အရေး ပိုများလေပဲ... အကောင်းဆုံး အစီအစဉ်က တစ်လမ်းကို အတုအယောင် တပ်ဖွဲ့တွေ လွှတ်ပြီး နောက်တစ်လမ်းကနေ မြောက်ပိုင်းလူရိုင်း သံတမန်တွေကို အစစ်အမှန် လွှတ်လိုက်တာပဲ... ပြီးတော့ ဒီအစေခံအိုကြီးက ကောင်းကင်လျှို့ဝှက်ချက် တွေကို နှောင့်ယှက်ပေးထားမယ် ဆိုရင် တခြားသူတွေ အချိန်တိုအတွင်းမှာ မြောက်ပိုင်းလူရိုင်း သံတမန်တွေကို ခြေရာခံလို့ ရမှာ မဟုတ်ဘူး... မြောက်ပိုင်းနယ် အစွန်ကို ရောက်သွားတဲ့ အချိန်ကျမှ အရှင်မင်းကြီး က လူလွှတ်ပြီး သွားကြိုခိုင်းလိုက်ရင် အဆင်ပြေသွားပါပြီ..."

ကုန်းကုန်းဝေ့ ၏ စကားကို နားထောင် ပြီးနောက် ကျီဝမ်ဟောက် သည် အတွေးနက် သွားပြီး ဤ ကိစ္စ ၏ ဖြစ်နိုင်ခြေ ကို စတင် စဉ်းစား တွက်ချက် နေလေသည်။ တွေးတော ကြည့်ပြီးနောက် တွင်တော့ ဤသည်မှာ အမှန်တကယ် ပင် အလွန် ကောင်းမွန်သော အစီအစဉ် တစ်ခု ဖြစ်ကြောင်း တွေ့လိုက် ရလေသည်။

အကြောင်းမူကား ကုန်းကုန်းဝေ့ ပြောသကဲ့သို့ ပင် လူ အများအပြား အသုံးပြု လေ... သတင်း ပေါက်ကြား ရန် အခွင့်အရေး ပိုများ လေ ပင်ဖြစ်သည်။

လူတိုင်း ကို ခေါင်းရှုပ် သွားစေခြင်း ကသာ အသင့်တော်ဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ခေါက်ရှန်းနတ်မင်းကြီး ဖြစ်စေ... ဗုဒ္ဓဘာသာ နှင့် တာအို ဘာသာ ၏ နိုင်ငံတော် ဆရာ များ ဖြစ်စေ... သူ လုံးဝ ယုံကြည် စိတ်ချ မှု အပြည့်အဝ မရှိချေ။ ဘေးနားရှိ ဇာထိုးပန်းထိုး ကိုယ်ရံတော် တပ်ဖွဲ့ ကို လှုပ်ရှား ခိုင်းပါကလည်း အခြား သူများ ၏ အာရုံစိုက် မှု ကို သေချာပေါက် ဆွဲဆောင် နိုင်မည် ဖြစ်လေသည်။

သာမန် မဟာသိုင်းသခင် များကို အစောင့်အရှောက် အဖြစ် လိုက်ပါ စေခြင်း ကလည်း အန္တရာယ် အလွန် များပြား လွန်းပြီး အကျိုး မတန် သလို ဖြစ်သွားနိုင်လေသည်။

ထို့အပြင် ကောင်းကင်လျှို့ဝှက်ချက် ကို နှောင့်ယှက် ခြင်း ဆိုသည်မှာ သာမန် လူများ အနေဖြင့် အချိန် တို အတွင်း ပြန်လည် ရှင်းလင်း ရန် အလွန် ခက်ခဲ လှပေသည်။ ကြိုတင် တွက်ချက် နိုင်သူ များ သာ မရှိခဲ့ပါက ဤသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

"ကောင်းပြီ... ဒါဆိုရင် ကုန်းကုန်းဝေ့ ရဲ့ အကြံပေးချက် အတိုင်း ကောင်းကင်လျှို့ဝှက်ချက် တွေကို နှောင့်ယှက်ပစ်လိုက်…”

All Chapters