← Chapters

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း (၄၀၆) အရာအားလုံးက လက်တစ်ကမ်းမှာပဲ ရှိတယ်

မြို့တော်၏ အပြင်ဘက် ယန်လုံကန် အနီးရှိ တောင်ထွတ်တစ်ခု အပေါ်တွင်။

ကျန်းချဲ့သည် ရွှေရောင်အဆင်တန်ဆာများ ပါဝင်သော အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားလေသည်။ သူ၏ ကိုယ်ပေါ်မှ သာမန်မဟုတ်သော အရှိန်အဝါများ လွင့်စင်ထွက်ပေါ်နေပြီး စိမ်းပြာရောင် ကျောက်တုံးကြီး တစ်တုံးပေါ်တွင် အမူအရာကင်းမဲ့စွာ ရပ်နေလေသည်။ မားမတ်နေသော တောင်ထွတ်ကြီး တစ်ခုအလား ခန့်ညားထည်ဝါလှပေသည်။

သူ လူတစ်ယောက်ကို စောင့်ဆိုင်းနေခြင်း ပင်ဖြစ်သည်။ သူစောင့်နေသူမှာ လုကျဲ့ယွင် ပင်တကား။

အရှေ့ပင်လယ်မှ မြို့တော်သို့ လာရာလမ်း တစ်လျှောက်တွင် ကျန်းချဲ့ အနေဖြင့် အချိန် လုံးဝ မဖြုန်းတီးခဲ့ချေ။ သို့သော် အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် နှင့် မြောက်ပိုင်း လူရိုင်း မင်းဆက် တို့ ငြိမ်းချမ်းရေး ဆွေးနွေးမည့် ကိစ္စကိုတော့ သူ ကြားသိခဲ့ရလေသည်။ ဤသတင်းကြောင့် လောကတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရလေသည်။

ထောက်ခံသူများ ရှိသလို ကန့်ကွက်သူများလည်း ရှိလေသည်။

ဤသို့ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော် ကတည်းက အလယ်ပိုင်းဒေသ နှင့် မြက်ခင်းပြင် တို့သည် သေရာပါ ရန်သူများ ဖြစ်ခဲ့ကြသောကြောင့် ပင်ဖြစ်သည်။ နှစ်တိုင်းလိုလို စစ်ပွဲများ ဆင်နွှဲခဲ့ကြပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ရပ်တန့်သွားခြင်း မရှိခဲ့ချေ။ အထူးသဖြင့် တာ့ကျိုး နိုင်ငံတော် မတည်ထောင်မီ အမှောင်မိုက်ဆုံး အချိန်ကာလ များကို ပြန်လည် ကြည့်မည်ဆိုလျှင်...

မြောက်ပိုင်း လူရိုင်း မြင်းသည်တော် များသည် အလယ်ပိုင်းဒေသ ကို ဝင်ရောက် နင်းခြေ ဖျက်ဆီးခဲ့သဖြင့် အလယ်ပိုင်းဒေသ၏ မြောက်ဘက် တစ်ခွင်လုံး ပြိုကျ ပျက်စီးခဲ့ရပြီး သက်ရှိ သတ္တဝါများ အားလုံး ဆင်းရဲဒုက္ခ ရောက်ခဲ့ရလေသည်။ ဤသည်မှာ အလယ်ပိုင်းဒေသ မြောက်ပိုင်းသား တိုင်း၏ သွေးကြောထဲတွင် စီးဆင်းနေသော နက်ရှိုင်းလှသည့် ရန်ငြိုးကြီး ပင်ဖြစ်သည်။

သို့သော် ယခုအခါတွင်တော့ တော်ဝင်နန်းတော် က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆုံးဖြတ်လိုက်လေပြီ။

လူအများစု ကတော့ တကယ့် အကြောင်းရင်း အစစ်အမှန် ကို ဂရုမစိုက်ကြဘဲ တော်ဝင်နန်းတော် အနေဖြင့် အလွန် သတ္တိကြောင် လွန်းသည်ဟုသာ ထင်မြင် နေကြပြီး အပြင်းအထန် ဝေဖန် ပြစ်တင် နေကြလေသည်။

သေချာသည်ကတော့ ဤကဲ့သို့ ဝေဖန် နေကြသူ အများစုမှာ ထိပ်တန်း မိသားစု များနှင့် ဂိုဏ်းကြီးများသာ ဖြစ်ကြပြီး သာမန် ပြည်သူများ အနေဖြင့်တော့ ထင်မြင်ချက် ပေးရန် အခွင့်အရေး လုံးဝ မရှိကြချေ။ သူတို့ ကတော့ အရာအားလုံးကို တိတ်ဆိတ်စွာ သာ လက်ခံ ရုံမှလွဲ၍ တခြား မရှိတော့ပေ။

ကျန်းချဲ့ အနေဖြင့်လည်း ဤ ကိစ္စ အပေါ် များစွာ ခံစားချက် မရှိလှချေ။ မည်သို့ပင်ဆိုစေ သူ ကိုယ်တိုင် ထို အဖြစ်အပျက် များကို ဖြတ်သန်း ခဲ့ရသူ မဟုတ်ပါလော။

သို့သော် သူ သေချာပေါက် လှုပ်ရှား ရမည် ဖြစ်လေသည်။ အရာအားလုံး ၏ အကြောင်းရင်း မှာ မြောက်ပိုင်း လူရိုင်း သံတမန် များ ၏ ကိုယ်ပေါ်တွင် သူ အလိုရှိသော အရာများ ရှိနေသောကြောင့် ပင်ဖြစ်သည်။

သို့သော် ကျန်းချဲ့ အနေဖြင့် ယခု အချိန်တွင် မြို့တော် အတွင်း၌ ပေါ်ပေါ်ထင်ထင် ထွက်ပေါ် လာ၍ မရနိုင်သေးချေ။ နောက်ပိုင်းတွင် အခြား သူများ သံသယ ဝင်လာမည် ကို ကာကွယ် ရန် အတွက် အကောင်းဆုံး ရွေးချယ်မှု မှာ ကိစ္စ အားလုံး ပြီးဆုံး သွားပြီးနောက် တောင်ပိုင်း မှ မြို့တော် သို့ ခရီးဆက် လာခြင်း ပင်ဖြစ်သည်။

ထို့ကြောင့် ကျန်းချဲ့ သည် ချန်ချင်းဖန် ကိုပင် အသိပေး အကြောင်းကြား ခြင်း မရှိခဲ့သလို မြို့တော် အတွင်းသို့ လည်း ခြေတစ်လှမ်းမျှ ဝင်ရောက် ခဲ့ခြင်း မရှိဘဲ မြို့တော် အပြင်ဘက် တွင်သာ လုကျဲ့ယွင် ကို စောင့်ဆိုင်း နေခဲ့ခြင်း ပင်ဖြစ်သည်။

တစ်ဖက်လူ က သူ့ကို အကူအညီ တောင်းခံ ခဲ့ခြင်း ဖြစ်ပြီး အခြား ကိစ္စများ အားလုံးကို လည်း တစ်ဖက်လူ ၏ အပေါ်တွင် သာ ပုံအပ် ထားခဲ့လေသည်။ ကျန်းချဲ့ ၏ အမြင် တွင်တော့ လုကျဲ့ယွင် အနေဖြင့် သူ့ကို စိတ်ပျက် စေမည် မဟုတ်ဟု ထင်မြင် မိလေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက မြောက်ပိုင်း လူရိုင်း သံတမန် များကို ကြားဖြတ် တိုက်ခိုက် ရန် မည်ကဲ့သို့ သတ္တိ မျိုး ရှိလာနိုင်မည်နည်း။

တွေးတော နေဆဲ မှာပင် ရုတ်တရက် ကျန်းချဲ့ သည် အလွန် သိမ်မွေ့သော အရှိန်အဝါ တစ်ခု နီးကပ် လာသည်ကို အာရုံခံ မိလိုက်ပြီး ဘယ်ဘက် အနောက်ပိုင်း သို့ မျက်လုံးထောင့် မှနေ၍ တစ်ချက် ကြည့်လိုက်လေသည်။ ထင်ထားသည့် အတိုင်းပင် နောက်တစ်ခဏ တွင် အလင်းတန်း တစ်ခု ကောင်းကင် မှ ဆင်းသက် လာလေသည်။

ထို သူမှာ အစိမ်းရောင် ဝတ်ရုံ ကို ဆင်မြန်း ထားသော လုကျဲ့ယွင် ပင်ဖြစ်သည်။ သူ သည် ယခင် က အတိုင်း ပင် ဖြစ်ပြီး မည်သည့် ပြောင်းလဲမှု မျှ မရှိသေးချေ။

"ရက်အနည်းငယ်လောက် မတွေ့ရတဲ့ အတောအတွင်း ကျန်းညီလေးရဲ့ အရှိန်အဝါတွေက အရင်ကထက် ပိုပြီးတော့တောင် နက်နဲလာပါလား..."

လုကျဲ့ယွင် ရောက်ရောက်ချင်းပင် မြှောက်ပင့် စကား ဆိုလိုက်လေသည်။

"လုအစ်ကိုကြီး ကတော့ မြှောက်ပြောနေပြန်ပါပြီ..."

သူတို့ နှစ်ယောက် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် ပြုံးလိုက်ကြလေသည်။

"ကျန်းညီလေး ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး အစကတော့ ကျုပ်ကပဲ အရင် ဆက်သွယ်ပြီး သတိပေးရမလားလို့ တွေးနေတာ အခုတော့ ကျန်းညီလေး ဆီကပဲ အရင် သတင်းရလိုက်တယ်..."

လုကျဲ့ယွင် က ခေါင်းရမ်းကာ ခပ်ဟဟ ရယ်မောလိုက်လေသည်။

"ကျုပ်က ကတိပေးပြီးသွားရင် အခြားသူတွေ လာသတိပေးတာကို စောင့်နေလေ့ မရှိဘူး အခု အခြေအနေ ဘယ်လို ရှိနေပြီလဲ..."

ကျန်းချဲ့ က စကားလမ်းကြောင်း ကို လွှဲကာ အဓိက အကြောင်းအရာ ကို တိုက်ရိုက် မေးမြန်း လိုက်လေသည်။

"ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကိစ္စကတော့ သဘောတူညီချက် ရသွားပါပြီ မြောက်ပိုင်းလူရိုင်း သံတမန်တွေ ဒီရက်ပိုင်း အတွင်းမှာပဲ မြက်ခင်းပြင်ကို ပြန်ကြတော့မယ် ထင်တယ်..."

သူ က လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ဖြစ်ပျက် ခဲ့သော ကိစ္စ များကို အကြမ်းဖျင်း ရှင်းပြ လိုက်ပြီး ကျန်းချဲ့ ကို အခြေအနေ အရပ်ရပ် ကို သိရှိ သွားစေရန် လုပ်ဆောင် လိုက်လေသည်။

"ဒီလောက်ကြီးတော့ ရိုးရှင်းမယ် မထင်ပါဘူး တော်ဝင်နန်းတော်က ငြိမ်းချမ်းရေး ဆွေးနွေးတာက ချင်းထျန်းမိစ္ဆာဂိုဏ်း အတွက်တော့ သတင်းကောင်း တစ်ခု လုံးဝ မဟုတ်ဘူးလေ အဲ့ဒီအတွက် တော်ဝင်နန်းတော် ဘက်က ဘယ်လို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလဲ..."

ဤသည်မှာ ကျန်းချဲ့ အလွန်အမင်း စိတ်ဝင်စား နေသော ပြဿနာ တစ်ခု ပင်ဖြစ်သည်။

"ကျန်းညီလေး စိတ်ချပါ အရာအားလုံးက အစီအစဉ် အတိုင်း ဖြစ်နေပါပြီ..."

လုကျဲ့ယွင် က လေးနက် ယုံကြည်စွာ ဖြင့် ကတိပေး ပြောဆို လိုက်လေသည်။ သို့သော် အမှန်တကယ် လက်တွေ့ တွင်တော့ ထိုသို့ မဟုတ်ပေ။

မူလ က လုကျဲ့ယွင် သည် မိမိကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် လှုပ်ရှား ကာ မြောက်ပိုင်း လူရိုင်း သံတမန် များ၏ လှုပ်ရှားမှု များကို စောင့်ကြည့် ရန် နှင့် တော်ဝင် နန်းတော် ၏ အတုအယောင် တပ်ဖွဲ့ စေလွှတ်မည့် လမ်းကြောင်း ကို စုံစမ်း ရန် တွေးတော ထားခဲ့လေသည်။ သို့သော် သူ့ကို စိတ်ပျက် သွားစေခဲ့သည် မှာ သူ သည် ဤ ကိစ္စ တွင် လုံးဝ ဝင်ရောက် စွက်ဖက် ခွင့် မရခဲ့ခြင်း ပင်ဖြစ်သည်။

ဤ ကိစ္စ နှင့် ပတ်သက်၍ တော်ဝင် နန်းတော် ဘက်မှ လုံးဝ လှုပ်ရှားမှု မရှိဘဲ နိုင်ငံခြား သံတမန် တည်းခိုဆောင် ကိုသာ အသေ ပိတ်ဆို့ ထားခဲ့လေသည်။

သို့သော် လုကျဲ့ယွင် ၏ အမြင် တွင်တော့ ဤကဲ့သို့ လုံးဝ မဟုတ်ကြောင်း သေချာ နေလေသည်။ တော်ဝင် နန်းတော် တွင် လှုပ်ရှားမှု မရှိသည် မဟုတ်ဘဲ ဤ ကိစ္စ တွင် သူ ပါဝင် ပတ်သက် ရန် အဆင့်အတန်း မမီသေးခြင်း သာ ဖြစ်ပေမည်။ ပို၍ တိတိကျကျ ပြောရမည် ဆိုလျှင် ယွမ်ခန်းဧကရာဇ် ၏ ယုံကြည် စိတ်ချ မှု ကို သူ အပြည့်အဝ မရရှိသေးခြင်း သာ ဖြစ်လေသည်။

ဤသည် က သူ့ကို အလွန် အကူအညီမဲ့ သွားစေခဲ့လေသည်။

ယခု အချိန်အထိ သူ သည် မှတ်ဉာဏ် ထဲမှ အဖြစ်အပျက် အချို့ ကို သာ အခြေခံ ပြီး အကဲဖြတ် တွက်ချက် နေရဆဲ ပင်ဖြစ်သည်။ ထို့ကြောင့် မကြာသေးမီ ကာလ တစ်လျှောက်လုံး တွင် သူ သည် အလွန် တည်ငြိမ်စွာ ဖြင့်သာ ပြုမူ နေထိုင် ခဲ့ပြီး အနာဂတ် ၏ ပြောင်းလဲမှု များကို ထိခိုက် သွားစေမည် ကို အလွန် စိုးရိမ် နေခဲ့ခြင်း ပင်ဖြစ်သည်။

အရာအားလုံး သာ မူလ လမ်းကြောင်း အတိုင်း ဖြစ်ပျက် လာမည် ဆိုပါက သူ့ အတွက် အဆုံးအစမရှိသော အကျိုး ကျေးဇူး များကို ယူဆောင် လာပေးမည် ဖြစ်လေသည်။ မြောက်ပိုင်း လူရိုင်း သံတမန် များ ဖြတ်သန်း ရမည့် လမ်းကြောင်း တွင် ကြိုတင် ချုံခို တိုက်ခိုက် နိုင်မည် ဖြစ်လေသည်။

"အရာအားလုံးက လက်တစ်ကမ်းမှာပဲ ရှိနေတယ်ဆိုတော့ ဒါဆို ငါတို့ ဘယ်တော့ လှုပ်ရှားကြမလဲ..."

လုကျဲ့ယွင် အလွန်အမင်း ယုံကြည်ချက် ရှိနေသည် ကို မြင်သောအခါ ကျန်းချဲ့ လည်း ထပ်မံ မေးမြန်း နေခြင်း မပြုတော့ချေ။

"သုံးရက် နေရင်..."

လုကျဲ့ယွင် က လက်သုံးချောင်း ထောင်ပြ ကာ ဖြေကြား လိုက်လေသည်။

"ဘယ်နေရာမှာလဲ..."

"ကျန်းညီလေးကို မယုံလို့တော့ မဟုတ်ဘူး ကိစ္စက အရမ်း အရေးကြီးလွန်းလို့ ငါတို့ နှစ်ယောက် အရင်ဆုံး သွေးသစ္စာ ဆိုဖို့ လိုအပ်လိမ့်မယ်..."

ယခင် က နတ်မသေမျိုး တက်လှမ်းခြင်း အဆောက်အအုံ တွင် ကျန်းချဲ့ ၏ အရှေ့၌ သူ သစ္စာ ဆိုခဲ့ဖူး သော်ငြား အလွန် တရားဝင်မှု မရှိခဲ့ချေ။ ယခုအခါ တွင်တော့ သူ သည် အပြည့်အဝ စိတ်ချ ရစေရန် အတွက် နောက်ဆုံး အကာအကွယ် တစ်ခု ပြုလုပ် လိုခြင်း ပင်ဖြစ်သည်။ စကား အဆုံး တွင် သူ ကိုယ်တိုင် ပင် စတင် လိုက်လေသည်။

အဆီအနှစ် သွေး ကို အသုံးပြု ကာ သွေးသစ္စာ ဆိုပြီး တားမြစ် ချက်များ ပြုလုပ် လိုက်ခြင်း ပင်ဖြစ်သည်။ သူ ၏ သစ္စာ စကား မှာ ယခင် ယင်ချုံဟိုင် ထက် အများကြီး ပိုမို တိကျ သေချာ လေသည်။ လှုပ်ရှား ရမည့် ကိစ္စ များကို သာမက ကိစ္စ ပြီးဆုံး သွားပြီးနောက် နှစ်ယောက် စလုံး အနေဖြင့် အခြား မည်သူ တစ်ဦးတစ်ယောက် ကိုမျှ ဤ ကိစ္စ ကို ဖွင့်ဟ မပြောဆို ရန် အစရှိသည် များကိုပါ ထည့်သွင်း ပြောဆို ခဲ့လေသည်။

ဤ မြင်ကွင်း ကို မြင်သောအခါ ကျန်းချဲ့ လည်း လုကျဲ့ယွင် ၏ သတိကြီး မှု ကို ကောင်းစွာ သဘောပေါက် လိုက်ပြီး သူ လည်း လိုက်ပါ သစ္စာ ဆိုလိုက်လေသည်။ ဤ သစ္စာ စကား ကို ကျန်းချဲ့ အနေဖြင့် မည်သည့် လှည့်ကွက် မျှ သုံးရန် ရည်ရွယ် မထားခဲ့ချေ။ မည်သို့ပင်ဆိုစေ အကယ်၍ လုကျဲ့ယွင် ၌ လျှို့ဝှက် အကြံအစည် တစ်ခုခု ရှိနေမည် ဆိုပါက လည်း သူ့ကို ထိန်းချုပ် နိုင်မည့် နည်းလမ်းများ ရှိထားပြီးသား ပင်ဖြစ်သည်။

ကျောက်ရှန်းကျစ် ပင်လျှင် သူ၏ လျှို့ဝှက် ဖဲချပ် တစ်ချပ် ပင်ဖြစ်သည်။

လုကျဲ့ယွင် သူ့ကို အလွန်အမင်း အားထုတ် ကာ ဖိတ်ခေါ် ရခြင်း ၏ အဓိက အကြောင်းရင်း မှာ စွမ်းအား မလုံလောက် သောကြောင့် ပင်ဖြစ်သည်။ ကျောက်ရှန်းကျစ် ကဲ့သို့သော ရှန်ရှန်းအဆင့် နှောင်းပိုင်း မဟာသိုင်းသခင် ၏ စွမ်းအား မှာ တိုက်ပွဲ ၏ အခြေအနေ ကို ပြောင်းလဲ ပစ်ရန် အပြည့်အဝ လုံလောက် နေလေသည်။

ထို့ကြောင့် ကိစ္စ ပြီးဆုံး သွားပြီးနောက် လုကျဲ့ယွင် ရုတ်တရက် သစ္စာဖောက် လာမည် ကို သူ လုံးဝ မကြောက်ရွံ့ချေ။ သစ္စာ စကား ဆိုပြီးနောက် လုကျဲ့ယွင် က ဆက်ပြော လိုက်လေသည်။

"ကျုပ် ရထားတဲ့ သတင်းတွေ အရဆိုရင် ဒီတစ်ခေါက် မြောက်ပိုင်းလူရိုင်း သံတမန်တွေက ချန်းကျိုးပြည်နယ် ရင်းထျန်းမြို့ ကို ဖြတ်ပြီး ချီတောင်တန်း ထဲကို ဝင်မယ် ပြီးရင် ချိုးနျို တောင်ကြား ကို ဖြတ်ပြီး ဖုန်းကျိုးပြည်နယ် ထဲကို ဝင်သွားလိမ့်မယ် ကျုပ် ကြားဖြတ် တိုက်ခိုက်ဖို့ ရွေးထားတဲ့ နေရာကတော့ ချန်းကျိုးပြည်နယ် ချီတောင်တန်း လမ်းဝ မှာပဲ..."

"လုအစ်ကိုကြီး ရဲ့ သတင်းတွေက အရမ်းကို အသေးစိတ် ကျလွန်း နေတယ် ထောင်ချောက် များ ဖြစ်နေမလား..."

ဤ စကားကို ကြားသောအခါ ကျန်းချဲ့ မျက်မှောင် ကြုတ်သွားလေသည်။ အကယ်၍ လုကျဲ့ယွင် က နေရာ တစ်ခုခု ကို ခန့်မှန်း ပြီး ပြောဆို သည် ဆိုပါက သူ ယုံကြည် နိုင်သလို လောင်းကြေး ထပ်ရန် လည်း ဆန္ဒ ရှိလေသည်။ သို့သော် တစ်ဖက်လူ ပြောဆို လိုက်သည်များ က အလွန်အမင်း အသေးစိတ် ကျလွန်း နေပြီး မြောက်ပိုင်း လူရိုင်း သံတမန် များ ၏ လမ်းကြောင်း ကို ကြိုတင် သိရှိ နေသည့် အလား ဖြစ်နေသဖြင့် အလွန် ထူးဆန်း နေလေသည်။

"ကျန်းညီလေး စိတ်ချပါ ဒီသတင်း ရင်းမြစ်က အရမ်းကို ယုံကြည် စိတ်ချရတယ် လုံးဝ မှားယွင်းမှာ မဟုတ်ဘူးလို့ ကိုးဆယ်ရာခိုင်နှုန်း လောက် ယုံကြည်ချက် ရှိတယ် ကျုပ် ကိုယ်တိုင် ကြိုတင် စုံစမ်း ထားရုံသာ မကဘူး ကောင်းကင် လျှို့ဝှက်ချက် နည်းလမ်းတွေ နဲ့ပါ တွက်ချက် ထားတာမို့ အမှားအယွင်း ရှိလာစရာ အကြောင်း မရှိပါဘူး..."

ဤ စကား များ မှာ တစ်ဝက် မှန်ပြီး တစ်ဝက် မှားနေလေသည်။ ဤ ကိစ္စ မှာ အမှန်တကယ် ပင် ယုံကြည် စိတ်ချ ရလေသည်။ အကြောင်းမူကား ၎င်းသည် သူ၏ မှတ်ဉာဏ် ထဲမှ သတင်း အချက်အလက် များ သာ ဖြစ်သောကြောင့် ပင်ဖြစ်သည်။ ချီတောင်တန်း လမ်းဝ ကို ချုံခို တိုက်ခိုက် မည့် နေရာ အဖြစ် ရွေးချယ် ရခြင်း ၏ အကြောင်းရင်း မှာလည်း သူ၏ မှတ်ဉာဏ် ထဲတွင် မြောက်ပိုင်း လူရိုင်း သံတမန် များ ကို ချိုးနျို တောင်ကြား အတွင်း တွင် ကြားဖြတ် တိုက်ခိုက် ခြင်း ခံလိုက်ရ သည် ဟု မှတ်သား ထားသောကြောင့် ပင်ဖြစ်သည်။ ထို့ကြောင့် သူ သည် တစ်လှမ်း ကြိုတင် လှုပ်ရှား ရမည် ဖြစ်လေသည်။

ယခင် က လျှောက်လှမ်း ခဲ့သော လမ်းကြောင်း များကိုတော့ သူ ၏ မှတ်ဉာဏ် ထဲတွင် လုံးဝ မသိရှိ ခဲ့ချေ။

ကျန်းချဲ့ မျက်လုံး များကို မှေးကျဉ်း ကာ လုကျဲ့ယွင် ၏ အမူအရာ ပြောင်းလဲမှု များကို စူးစိုက် ကြည့်နေလေသည်။ စက္ကန့် အနည်းငယ် ကြာပြီးနောက် မှသာ ခေါင်းညိတ် လိုက်လေသည်။

"ကောင်းပြီ ဒါဆိုရင် လည်း ချီတောင်တန်း လမ်းဝ မှာပဲ လှုပ်ရှား ကြတာပေါ့ ခင်ဗျား ဘယ်တော့လောက် ထွက်လာ လို့ ရမလဲ..."

"မနက်ဖြန် မနက်ဖြန် မွန်းတည့် အချိန် လောက်ဆိုရင် ကျုပ်တို့ အတူတူ ထွက်လာ လို့ ရပါပြီ..."

မြို့တော် ၊ နိုင်ငံခြား သံတမန် တည်းခိုဆောင်။

မြောက်ပိုင်း လူရိုင်း မင်းသားလေး ဇာကူမု ၊ မြောက်ပိုင်း လူရိုင်း စစ်သူကြီး လီမုကျန်း နှင့် ယဇ်ပုရောဟိတ် ဆုဖုန်း တို့ သုံးယောက် အတူတကွ စုရုံး နေကြပြီး လေထု မှာ အနည်းငယ် တင်းမာ နေလေသည်။ ခေတ္တခဏ တိတ်ဆိတ် နေပြီးနောက် ယဇ်ပုရောဟိတ် ဆုဖုန်း က ပထမဆုံး စတင် စကားပြော လိုက်လေသည်။

"ခုလေးတင် အလယ်ပိုင်းဒေသ ဧကရာဇ် ရဲ့ အနားက လူတွေ လာပြီး စာတစ်စောင် ပေးသွားတယ် ဒီည သန်းခေါင်ယံ အချိန်မှာ မြို့တော် ကနေ ထွက်သွား ဖို့ ပြောထားတယ် ပြီးတော့ ပုံရိပ်ယောင် ဖန်တီးနိုင်တဲ့ ဝိညာဉ်ကျောက်တုံး တစ်တုံး ကိုလည်း ပေးသွားတယ် ငါတို့ မြို့တော် ထဲမှာ ဆက်ရှိ နေသေးတဲ့ အတုအယောင် ကို ဖန်တီး ဖို့ တဲ့ နှစ်ရက် လောက် အဲ့ဒီ ပုံစံ အတိုင်း ဆက်ထိန်း ထားရမယ် ဒီ အချိန် အတွင်း မှာ သူတို့ ဘက်က ငါတို့ မြက်ခင်းပြင် ကို ဘေးကင်းကင်း နဲ့ ပြန်ရောက် အောင် အစွမ်းကုန် ကူညီ ပေးသွားမယ် လို့ ပြောတယ်..."

"ကြည့်ရတာ ဒီ အလယ်ပိုင်းဒေသ က လူတွေ က ငါတို့ ရဲ့ လုံခြုံရေး ကို တော်တော်လေး ဂရုစိုက် တာပဲ..."

လီမုကျန်း က ခပ်ဟဟ ရယ်မော လိုက်လေသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင် သွားပြီး နောက်ပိုင်း တော်ဝင် နန်းတော် က နိုင်ငံခြား သံတမန် တည်းခိုဆောင် ကို အသေ ပိတ်ဆို့ ထားခဲ့လေသည်။ ယခုအခါ သူတို့ အနေဖြင့် အပြင် သို့ပင် ထွက်ခွင့် မရတော့ချေ။

"ငါ့ အမြင် မှာတော့ အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် ရဲ့ ဩဇာ အာဏာ က တကယ်ကို မလုံလောက် တော့ဘူး ငါတို့ ကြားဖြတ် တိုက်ခိုက် ခံရမှာ ကိုတောင် ကြောက်နေ ရတယ် တကယ်ကို ရယ်စရာ ကောင်းတယ် ငါတို့ကို တိတ်တဆိတ် ထွက်သွား ဖို့ ဒီလို နည်းလမ်း မျိုးကို တောင် သုံးနေရတယ်..."

ဇာကူမု က ခေါင်းရမ်း လိုက်ပြီး ဤ ကိစ္စ အပေါ် အလွန် မကျေမနပ် ဖြစ်နေလေသည်။ ကျန်းချဲ့ ပြန်လာ မည့် အချိန်ကို သူ စောင့်ဆိုင်း နေဆဲ ဖြစ်ပြီး နောက်တစ်ကြိမ် တရားမျှတ သော တိုက်ပွဲ တစ်ခု ကို ဆင်နွှဲ လိုသေးလေသည်။ ယခု အချိန် တွင် သူ အမှန်တကယ် ပင် ပြန်မသွား လိုသေးချေ။ ယခင် က ရှုံးနိမ့် ခဲ့ပြီးနောက် သူ ၏ စွမ်းအား များ တိုးတက် လာသည် ဟု ခံစား နေရပြီး နောက်တစ်ကြိမ် တိုက်ခိုက် လျှင် သေချာပေါက် ရှုံးနိမ့် မည် မဟုတ်ဟု တွေးတော နေမိလေသည်။

သို့သော် ကျန်းချဲ့ ပြန်မလာ သေးမီ တွင် တော်ဝင် နန်းတော် ၏ စီစဉ် ညွှန်ကြားမှု များကို သူတို့ လက်ခံ ရတော့မည် ဖြစ်လေသည်။

"ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကိစ္စက အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် အတွက် အကျိုး ရှိပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတဲ့ သိုင်းလောက အင်အားစု တွေ အတွက်တော့ သတင်းကောင်း မဟုတ်ဘူးလေ အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် က အခုလို လုပ်တာ လည်း နားလည် ပေးလို့ ရပါတယ်..."

ဆုဖုန်း အနေဖြင့် ဤ ကိစ္စ ကို ကောင်းစွာ နားလည် သဘောပေါက် လေသည်။ အကယ်၍ မြက်ခင်းပြင် တွင် ဆိုပါက လည်း ဝမ်ထင် အနေဖြင့် ဤကဲ့သို့သော ကြိုတင် ပြင်ဆင်မှု များကို သေချာပေါက် ပြုလုပ် မည် ဖြစ်လေသည်။

"ဒီလောက်ကြီး ဒုက္ခ ခံနေမယ့် အစား ပေါ်ပေါ်ထင်ထင် ကြီးကို ပြန်သွား လိုက်ပါလား လမ်းမှာ အလယ်ပိုင်းဒေသ က အစွမ်းထက် သူတွေ ကို အစောင့်အရှောက် လိုက်ခိုင်း လိုက်ရင် ကြားဖြတ် တိုက်ခိုက် ခံရမှာ ကို လုံးဝ ကြောက်နေ စရာ မလိုတော့ဘူး..."

လီမုကျန်း ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေး သွားလေသည်။

"အလယ်ပိုင်းဒေသ ကြီး က အရမ်းကို ကျယ်ဝန်း ပြီး အစွမ်းထက် တဲ့ သူတွေ လည်း မရေမတွက် နိုင်အောင် ရှိတယ် ငါတို့ ရဲ့ လုံခြုံရေး ကို ကာကွယ် ဖို့ အတွက် အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် က လူ ဘယ်နှယောက် လောက် လွှတ်ရ မယ်လို့ မင်း ထင်လဲ ပြီးတော့ တကယ်လို့များ ငါတို့ကို ဒုက္ခ ပေးချင် တဲ့ သူတွေက အယောင်ပြ ပြီး တိုက်ခိုက် လာရင် ဘယ်လို လုပ်မလဲ အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် ရဲ့ စဉ်းစား ချက် က မှားယွင်း မှု မရှိဘူးလို့ ငါ ထင်တယ်..."

ဆုဖုန်း က ရှင်းပြ လိုက်လေသည်။

"ဘယ်သူက ကြားဖြတ် တိုက်ခိုက် ရဲမှာလဲ အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် က မသိဘူး လား ယဇ်ပုရောဟိတ် ကြီး ရော သေချာ မသိဘူး လား အလယ်ပိုင်းဒေသ က ချင်းထျန်းမိစ္ဆာဂိုဏ်း သူပုန် တွေ တောင်မှ ငါတို့ နဲ့ ပူးပေါင်း နေပြီလေ ဘယ်သူက ငါတို့ကို ထပ်ပြီး ဒုက္ခ ပေးရဲ မှာလဲ..."

ဇာကူမု က သဘောထား ကွဲလွဲ နေလေသည်။ သို့သော် ဆုဖုန်း ၏ မျက်နှာထား ကတော့ တည်ကြည် လေးနက် သွားလေသည်။

"ငါတို့ ရဲ့ လုံခြုံရေး နဲ့ ပတ်သက် လာရင် နည်းနည်းလေး မှ ပေါ့ဆ နေလို့ မရဘူး အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် က စီစဉ် ပေးရုံ သာမက ငါတို့ ကိုယ်တိုင် လည်း ကြိုတင် ပြင်ဆင် ထားရမယ် တကယ်လို့ တကယ့် အန္တရာယ် တွေ ကြုံလာ ရင် ဒုက္ခ ရောက်သွား နိုင်တယ် ဒါကြောင့် ငါ တွေးထား တာက ငါတို့ သုံးယောက် ကလွဲလို့ ကျန်တဲ့ အစောင့်အရှောက် တွေ အကုန်လုံး ကို တည်းခိုဆောင် မှာပဲ ထားခဲ့ မယ် တခြား သူတွေ ငါတို့ ရဲ့ အခြေအနေ ကို မသိနိုင် အောင် လှည့်စား ထားတာပေါ့ ပြီးတော့ ငါတို့ က မြို့တော် ကနေ ထွက်သွား ပြီးတာ နဲ့ လမ်းကြောင်း အသစ် တစ်ခု ကို ပြန်ဆွဲ မယ် လူတိုင်း ငါတို့ ဘယ်ကို သွားနေလဲ ဆိုတာ လုံးဝ မသိနိုင်အောင် လုပ်ပစ် ရမယ်..."

"တကယ်လို့များ သိုင်းသူတော်စင် တစ်ယောက်ယောက် က ကောင်းကင် လျှို့ဝှက်ချက် ကို တွက်ချက် ပြီး ကြည့်လိုက် ရင်ကော ဘယ်လို လုပ်မလဲ..."

ဇာကူမု က ဆက်လက် ၍ ကန့်ကွက် နေဆဲ ပင်ဖြစ်သည်။

သိုင်းသူတော်စင် များသည် သာမန် သိုင်းပညာရှင် များနှင့် လုံးဝ မတူညီ တော့ဘဲ နတ်ဘုရား များနှင့် ညီမျှသော စွမ်းအား များကို ပိုင်ဆိုင် ထားကြလေသည်။ ၎င်းတို့ အထဲတွင် ကောင်းကင် လျှို့ဝှက်ချက် များကို တွက်ချက် နိုင်စွမ်း ရှိသူများ လည်း ပါဝင်လေသည်။ မြက်ခင်းပြင် တွင် လည်း ထိုကဲ့သို့သော သူမျိုး ရှိလေသည်။ ၎င်းမှာ ဝမ်ထင် မဟာ ယဇ်ပုရောဟိတ် ကြီး ပင်ဖြစ်သည်။

"ဒီ ကိစ္စ ကို လည်း အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် ဘက်က စီစဉ် ပြီးပြီ အခု ကောင်းကင် လျှို့ဝှက်ချက် တွေကို နှောင့်ယှက် ထားလိုက်ပြီ ငါ လာတုန်း ကလည်း မဟာ ယဇ်ပုရောဟိတ် ကြီး က နတ်မန္တန် တစ်ခု ပေးလိုက် သေးတယ် ကောင်းကင် လျှို့ဝှက်ချက် တွေကို ဖုံးကွယ် ပေးနိုင်တယ် လောက ကြီး က အကျယ်ကြီး ပဲ သွားစရာ လမ်းတွေ ကလည်း အများကြီး ပဲ သိုင်းသူတော်စင် တွေ တောင်မှ ငါတို့ ရဲ့ အစစ်အမှန် လမ်းကြောင်း ကို တွက်ချက် နိုင်ဖို့ ဆိုတာ အရမ်း ခက်ခဲ သွားလိမ့်မယ် တစ်ယောက်ယောက် ကများ ကောင်းကင် လျှို့ဝှက်ချက် တွေကို လျစ်လျူရှု ပြီး ငါတို့ ရဲ့ ရည်ရွယ်ချက် ကို တိုက်ရိုက် ခန့်မှန်း နိုင်မှသာ ဖြစ်နိုင် လိမ့်မယ်..."

ဤ အကြောင်း ကို ပြောရချိန် တွင် ဆုဖုန်း ကိုယ်တိုင် ပင် ရယ်မော လိုက်မိလေသည်။ အကြောင်းမူကား ထိုကဲ့သို့ ဖြစ်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ တစ်ခု ဖြစ်သောကြောင့် ပင်ဖြစ်သည်။

"နှမြော စရာ ကောင်းတာက အဲ့ဒီ ကျန်းချဲ့ နဲ့ နောက်တစ်ကြိမ် မတိုက်ခိုက် ရတော့ တာပဲ ဒါက ငါ့ တစ်သက်တာ အတွက် နောင်တ ကြီး တစ်ခု ဖြစ်သွား လိမ့်မယ် ထင်တယ်..."

ဇာကူမု လေပူ တစ်ချက် ကို မှုတ်ထုတ် လိုက်ပြီး အလွန်အမင်း အကူအညီမဲ့ နေသော်ငြား ဝမ်ထင် ၏ အစီအစဉ် ကြီး ကသာ အရေးအကြီး ဆုံး ဖြစ်ကြောင်း ကို သူ သိရှိထားလေသည်။ ပြိုင်ဘက် များနှင့် တိုက်ခိုက် စမ်းသပ် ခြင်း မှာ ကြီးမားသော ပြဿနာ မဟုတ်သော်ငြား ဤ ကိစ္စ ကြောင့် အဓိက အလုပ် များကို အနှောင့်အယှက် ဖြစ်စေ၍ မရနိုင်ချေ။

ဆုဖုန်း က သူ့ကို တစ်ချက် ကြည့်လိုက်လေသည်။

"ငါတို့ မြက်ခင်းပြင် က မြင်းသည်တော် တွေ တောင်ပိုင်း ကို ဝင်ရောက် လာတဲ့ အချိန် ကျရင် မင်း အတွက် အခွင့်အရေး ထပ်ရ လာမှာပါ..."

"ဒါဆိုရင် မြောက်ဘက် ကို ပြန်မယ့် လမ်းကြောင်း နဲ့ ပတ်သက် ပြီးတော့ ယဇ်ပုရောဟိတ် ဆုဖုန်း ဘယ်လို စီစဉ် ထားလဲ..."

လီမုကျန်း က ရုတ်တရက် မေးလိုက်လေသည်။

ဆုဖုန်း က အရပ်လေးမျက်နှာ ကို တစ်ချက် အကဲခတ် ကြည့်လိုက်ပြီး သူ၏ အင်္ကျီလက် အတွင်းမှ အလယ်ပိုင်းဒေသ မြောက်ပိုင်း ၏ အသေးစိတ် မြေပုံ တစ်ချပ် ကို ထုတ်ယူ လိုက်လေသည်။ အလွန် အသေးစိတ် ကျစွာ ရေးဆွဲ ထားပြီး မြက်ခင်းပြင် မှ အလယ်ပိုင်းဒေသ သို့ လာစဉ် က သူ၏ အကြီးမားဆုံးသော သီးသန့် အကျိုးအမြတ် တစ်ခု လည်း ဖြစ်လေသည်။

မြေပုံ ကို စားပွဲ ပေါ်တွင် ဖြန့်ခင်း လိုက်ပြီး ဆုဖုန်း က လက်ညှိုး ထိုးကာ ပြောလိုက်လေသည်။

"မြို့တော် အနီးအနား နဲ့ အလယ်ပိုင်း ပြည်နယ် တွေ အတွင်း မှာတော့ ငါတို့ ဘာ အန္တရာယ် မှ မရှိနိုင် လောက်ဘူး အလယ်ပိုင်း ပြည်နယ် တွေ ကနေ ထွက်လာ တဲ့ အခါ ကျရင် ငါတို့ က လမ်းဟောင်း ကနေ မသွား ဘဲ ချန်းကျိုးပြည်နယ် ရင်းထျန်းမြို့ ကို တိုက်ရိုက် သွားမယ် ပြီးရင် ချီတောင်တန်း လမ်းဝ ကို ဖြတ်မယ် ချိုးနျို တောင်ကြား ထဲကို ဝင်မယ် ပြီးရင် မြောက်ပိုင်း နယ်စပ် ဖုန်းကျိုးပြည်နယ် ထဲကို တိုက်ရိုက် ဝင်ပြီး အဲ့ဒီ ကနေ ယိုးကျိုးပြည်နယ် ကို သွားမယ်..."

ဤ လမ်းကြောင်း မှာ အမြန်ဆုံး မဟုတ်သလို အလုံခြုံ ဆုံး လည်း မဟုတ်ချေ။ သာမန် လမ်းကြောင်း တစ်ခု သက်သက် သာ ဖြစ်လေသည်။ သို့သော် ဤကဲ့သို့ ဖြစ်နေ သဖြင့် သူတို့ ၏ အစစ်အမှန် ရည်ရွယ်ချက် ကို မည်သူ ကမျှ ခန့်မှန်း မိနိုင်မည် မဟုတ်ချေ။

"ယဇ်ပုရောဟိတ် ဆုဖုန်း က တကယ်ကို သတိကြီး တာပဲ ဒီ လမ်းကြောင်း က မင်း ကြုံသလို လျှောက်ရွေး ထားတာတော့ မဟုတ်ပါဘူး နော်..."

လီမုကျန်း က မေးလိုက်လေသည်။

ဆုဖုန်း ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေး သွားပြီး မျက်နှာ ပေါ်တွင် အလွန်တရာ ကျေနပ် ဂုဏ်ယူ နေသည့် အမူအရာ များ ပေါ်လွင် နေလေသည်။

"ခုလေးတင် ငါ ရုတ်တရက် စဉ်းစား မိသွား တာပါ ဒီလို လုပ်မှသာ လူတွေ မျှော်လင့် မထား တာကို လုပ်နိုင် မှာလေ အသက် အန္တရာယ် နဲ့ သက်ဆိုင် နေတာ ဆိုတော့ ဘယ်လောက် ပဲ သတိထား ထား လွန်တယ် လို့ မရှိပါဘူး သေသေချာချာ စီစဉ် တွက်ချက် ထားတဲ့ လမ်းကြောင်း တွေကသာ ပြဿနာ တက်ဖို့ အလွယ်ဆုံး ပဲလေ ငါတို့ တွေ ဒီ လမ်း ကနေ သွားမယ် ဆိုရင် ဆုဖုန်း ရဲ့ အသက် နဲ့ အာမခံ ပါတယ် ဘာ ပြဿနာ မှ လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး..."

"ယဇ်ပုရောဟိတ် ဆုဖုန်း နဲ့ တကယ်ကို ထိုက်တန် ပါပေတယ် ဒါကြောင့် လည်း ခမည်းတော် က ယဇ်ပုရောဟိတ် ကို လိုက်ပါ ခိုင်းတာ နေမှာပါ..."

ဇာကူမု လည်း ဝန်ခံ လိုက်ရလေသည်။ လိမ္မာ ပါးနပ် မှု နှင့် တွက်ချက် နိုင်စွမ်း တွင် သူ သည် ယဇ်ပုရောဟိတ် ဆုဖုန်း ကို လုံးဝ မမီချေ။ အကယ်၍ သူ သာ ဆိုပါက အမြန်ဆုံး လမ်းကြောင်း ကို ရွေးချယ် မိမည် ဖြစ်လေသည်။

အကြောင်းမူကား သူ၏ အမြင် တွင် တော်ဝင် နန်းတော် ကလည်း သူတို့ကို ထောက်ခံ နေသလို ချင်းထျန်းမိစ္ဆာဂိုဏ်း ကလည်း သူတို့ကို ထောက်ခံ နေသဖြင့် မည်သည့် အန္တရာယ် မျှ မရှိနိုင် ဟု တွေးတော နေမိသောကြောင့် ပင်ဖြစ်သည်။ အလွန်အမင်း သတိကြီး လွန်း နေခြင်း က မြောက်ပိုင်း လူရိုင်း ယောက်ျားကောင်း တစ်ယောက် ၏ ဂုဏ်သိက္ခာ ကို ကျဆင်း စေသည် ဟု ထင်မြင် နေမိလေသည်။

"ဆုဖုန်း က ကောင်းကင် ခန်မင်းကြီး ရဲ့ အမိန့်ကို နာခံ ရတာ ဆိုတော့ ဝမ်ထင် ရဲ့ အစီအစဉ် ကြီး အောင်မြင် ဖို့ အတွက် အစွမ်းကုန် ကြိုးစား ရမှာပါပဲ..."

စကား ပြောရင်း ဆုဖုန်း က လက်လှုပ်ရှား ကာ အရှေ့ရှိ မြေပုံ ကို ပြာ အဖြစ် သို့ ပြောင်းလဲ ပစ်လိုက်လေသည်။ ဤ အချိန် မှစ၍ သူတို့ ၏ လမ်းကြောင်း မှာ သူတို့ ၏ မှတ်ဉာဏ် ထဲတွင် သာ ရှိနေတော့မည် ဖြစ်ပြီး မည်သူ ကမျှ လာရောက် စူးစမ်း နိုင်တော့မည် မဟုတ်ချေ။

ည အချိန် ရောက်လာ ခဲ့လေသည်။

ဇာကူမု တို့ သုံးယောက် သည် ဇာထိုးပန်းထိုး ကိုယ်ရံတော် တပ်ဖွဲ့ ၏ အစီအစဉ် ဖြင့် နိုင်ငံခြား သံတမန် တည်းခိုဆောင် မှ တိတ်တဆိတ် ထွက်ခွာ လာကြပြီး မြို့တော် ကို လျှို့ဝှက် လမ်းကြောင်း မှ တစ်ဆင့် စွန့်ခွာ သွားကြလေသည်။ သို့သော် တည်းခိုဆောင် အတွင်း တွင်တော့ သူတို့ သုံးယောက် ၏ ပုံရိပ် များကို မြင်တွေ့ နေရဆဲ ပင်ဖြစ်သည်။

သို့သော် ထိုအရာ များမှာ ပုံရိပ်ယောင် ကျောက်တုံး ဖြင့် ဖန်တီး ထားသော အတုအယောင် များသာ ဖြစ်လေသည်။

ဆုဖုန်း တို့ ၏ လမ်းကြောင်း ကိုတော့ ကျီဝမ်ဟောက် ပင်လျှင် ဝင်ရောက် စွက်ဖက် ခြင်း မပြုခဲ့ချေ။ ဤကဲ့သို့ လုပ်ဆောင် ခြင်း ကသာ မြောက်ပိုင်း လူရိုင်း သံတမန် များ ၏ လုံခြုံရေး ကို အပြည့်အဝ အာမခံ နိုင်မည် ဟု တွေးတော ထားသောကြောင့် ပင်ဖြစ်သည်။

ဧကရာဇ် စာကြည့်ဆောင် အတွင်း တွင်။

ကျီဝမ်ဟောက် သည် စုတ်တံ ကို ကိုင်ဆောင် ကာ မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော မြစ်ချောင်း တောင်တန်း ကြီး ၏ ပန်းချီကား တစ်ချပ် ကို ရေးဆွဲ လိုက်လေသည်။ အလယ်ပိုင်းဒေသ ဆယ့်နှစ် ပြည်နယ် ၏ မြေမျက်နှာသွင်ပြင် များကို ပုံဖော် ရေးဆွဲ ထားခြင်း ပင်ဖြစ်သည်။ ထို ပန်းချီကား ထက်ရှိ ခမ်းနား ထည်ဝါ လှသော မြင်ကွင်း များကို ကြည့်ရင်း သူ သည် စုတ်တံ ကို ဘေးသို့ ပစ်ချ လိုက်လေသည်။

ပါးစပ် မှ လေပူ တစ်ချက် ကို မှုတ်ထုတ် လိုက်လေသည်။

"ငါကိုယ်တော် ရဲ့ နိုင်ငံတော် ကြီး ပြန်လည် တည်ထောင် ဖို့ အစီအစဉ် က နောက်ဆုံးတော့ တိုးတက် မှု တွေ ရှိလာခဲ့ပြီ တကယ်ကို ကောင်းကင် က မစ တာပဲ..."

နောက်တစ်နေ့ ရောက်သော် မြို့တော် တစ်ခုလုံး ငြိမ်းချမ်း နေလေသည်။

ကျီဝမ်ဟောက် လည်း ပုံမှန် အတိုင်း နန်းတက် ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြီးဆုံး သွားပြီးနောက် ပုန်ကန် မှု များကို မည်သို့ နှိမ်နင်း ရမည်နည်း ဆိုသည့် အစီအစဉ် များကို နန်းတွင်း အရာရှိ များ နှင့်အတူ ဆွေးနွေး တိုင်ပင် နေလေသည်။ ထို အထဲတွင် အဓိက အချက် တစ်ချက် မှာ တောင်ပိုင်း နယ်စား လီချန်ကော ၏ ဩဇာ အာဏာ များကို အမြန်ဆုံး လျှော့ချ ရန် ပင်ဖြစ်သည်။

နိုင်ငံခြား သံတမန် တည်းခိုဆောင် အတွင်း တွင်လည်း သံတမန် အချို့ မှာ ပုံမှန် အတိုင်း ပေါ်ထွက် လာကြပြီး ယခင် နေ့ရက် များ နှင့် လုံးဝ ခြားနား ခြင်း မရှိချေ။

မြို့တော် ၏ အပြင်ဘက် တွင်တော့ ရာထူး တာဝန် များမှ အနားယူ ထားသော လုကျဲ့ယွင် သည် မြို့တော် အတွင်းမှ တိတ်တဆိတ် ထွက်ခွာ လာခဲ့ပြီး ယန်လုံ ကန် အနီးတွင် ကျန်းချဲ့ နှင့် သွားရောက် ပူးပေါင်း လိုက်လေသည်။ ထို့နောက် သူတို့ နှစ်ယောက် သည် ရင်းထျန်းမြို့ ရှိ ချီတောင်တန်း လမ်းဝ သို့ တိုက်ရိုက် ဦးတည် သွားကြလေတော့သည်။

လူတိုင်း သည် မိမိ တို့ ၏ ရှင်းလင်း သေချာသော ပစ်မှတ် များကို အသီးသီး ပိုင်ဆိုင် ထားကြသည့် အလား ပင်ဖြစ်ပေတကား။

All Chapters