အခန်း ၄၀၇
Vol. 41 Ch. 407
အခန်း (၄၀၇) စွမ်းအားများ စတင်ပေါ်ထွက်လာခြင်း... လူတိုင်း အံ့အားသင့် ထိတ်လန့်သွားရခြင်း
ချန်းကျိုးပြည်နယ်၊ ရင်းထျန်းမြို့၊ ချီတောင်တန်း လမ်းဝ။
အေးချမ်းသော နားနေဆောင်လေး တစ်ခု အတွင်းတွင်။
ကျန်းချဲ့နှင့် လုကျဲ့ယွင်တို့ နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး သူတို့၏ အလယ်တွင် စစ်တုရင်ခုံ တစ်ခုကို ချထားလေသည်။ အဖြူနှင့် အနက် ရုပ်လုံးများမှာ အကြိတ်အနယ် ယှဉ်ပြိုင် တိုက်ခိုက်နေကြပြီး အခြေအနေအရ ကျန်းချဲ့ဘက်က အသာစီး ရနေလေသည်။
ကျန်းချဲ့၏ စစ်တုရင် ကစားဟန်မှာ သာမန်မျှသာ ဖြစ်သော်ငြား လုကျဲ့ယွင်၏ ကစားဟန်က ပို၍ ညံ့ဖျင်းနေသည်မှာ သိသာလှပေသည်။ များသောအားဖြင့် ကျန်းချဲ့က နောက်ချန် အကွက်များဖြင့် သူ၏ ဆုတ်ပေါက်များကို ဖြတ်တောက် ပိတ်ဆို့တတ်လေသည်။ စစ်တုရင် ကစားဟန်ကို ကြည့်၍ လူကို အကဲခတ်ရမည် ဆိုလျှင် လုကျဲ့ယွင်သည် အရာအားလုံးကို ပုံအော လောင်းကြေးထပ်တတ်သော စရိုက်လက္ခဏာမျိုး ရှိသူဟု ကျန်းချဲ့ တွေးတောမိလေသည်။
သို့သော် လုကျဲ့ယွင်၏ အမြင်တွင်တော့ ကျန်းချဲ့သည်လည်း ထိုကဲ့သို့ပင် ဖြစ်လေသည်။ ရည်ရွယ်ချက်ကို အောင်မြင်ရန် အတွက် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုမည့်သူ ဟုပင် ဆိုနိုင်လေသည်။ ကစားဟန်မှာ ရက်စက် ကြမ်းကြုတ်ပြီး သူ၏ မျက်ဝန်းထဲတွင် ပစ်မှတ် တစ်ခုတည်းကိုသာ မြင်ပုံရလေသည်။
"ဒီအချိန်ကျမှပဲ ကျန်းညီလေးက ဘာဖြစ်လို့ နှစ်အနည်းငယ်လေး အတွင်းမှာ ဒီလောက်အထိ ကြီးမားတဲ့ အောင်မြင်မှုတွေ ရလာတာလဲ ဆိုတာကို ကျုပ် နားလည်သွားတော့တယ် ဒီလို စိတ်နေစိတ်ထား မျိုးလေး တစ်ခုတည်း နဲ့တင် သာမန်လူတွေ လိုက်မီဖို့ ဆိုတာ ခက်ခဲလွန်းလှပါတယ်ကွာ"
လုကျဲ့ယွင်က စစ်တုရင်ရုပ်ကို ဘေးသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး အရှုံးပေးလိုက်လေသည်။
"လုအစ်ကိုကြီး ကကော ဒီလို မဟုတ်လို့လား"
ကျန်းချဲ့၏ မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လွင်နေလေသည်။ သူတို့ နှစ်ယောက် အချင်းချင်း စိုက်ကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင် အလင်းတန်းများ တလက်လက် တောက်ပသွားကြလေသည်။
"တော်ဝင်နန်းတော် အပေါ်မှာ ကျန်းညီလေး အနေနဲ့ ဘယ်လို သဘောထားလဲ ဆိုတာကိုတော့ မသိရသေးဘူးနော်"
လုကျဲ့ယွင် က စကားလမ်းကြောင်းကို ပြောင်းကာ ရုတ်တရက် မေးလိုက်လေသည်။
"လုအစ်ကိုကြီး ရည်ရွယ်တာက..."
"သဘာဝကျကျပဲ တော်ဝင်နန်းတော် အပေါ်မှာ ထားရှိတဲ့ သဘောထားကို ပြောတာပါ"
ကျန်းချဲ့ ဤစကားကို ကြားသောအခါ ရယ်မောလိုက်ပြီး သူ၏ ခြေအောက်ရှိ မြေပြင်ကို လက်ညိုးထိုးပြလိုက်လေသည်။
"ခင်ဗျားရော ကျုပ်ရော ကြီးမားတဲ့ အန္တရာယ်ကြီးကို စွန့်စားပြီး မြောက်ပိုင်းလူရိုင်း သံတမန်တွေကို ကြားဖြတ် သတ်ဖြတ်ဖို့ ရောက်နေကြပြီလေ အဲ့ဒါကို တော်ဝင်နန်းတော် အပေါ်မှာ ကျုပ်က ဘယ်လို သဘောထား မျိုး ထားရဦးမှာလဲ"
"ဒါဆို ကျန်းညီလေးရဲ့ နောက်တစ်လှမ်းက မြို့တော်မှာပဲ ဆက်နေဖို့လား ဒါမှမဟုတ် ပြည်နယ်တွေဆီကို သွားဖို့များလား"
"လုအစ်ကိုကြီး ကကော"
"ဒီတိုက်ပွဲ ပြီးသွားရင်တော့ ကျုပ်က မြောက်ပိုင်း နယ်စပ်ဘက်ကို တစ်ခေါက်လောက် သွားမလို့လေ ကျန်းညီလေးရော စိတ်ဝင်စားမှု ရှိလား"
လုကျဲ့ယွင်သည် ကျန်းချဲ့နှင့် ဆက်ဆံခဲ့ရသည့် အချိန်ကာလ မကြာသေးသော်ငြား ကျန်းချဲ့၏ စရိုက်လက္ခဏာကို အတော်လေး ယုံကြည် စိတ်ချနေလေသည်။ ကျန်းချဲ့မှာ သာမန်အားဖြင့် လူကောင်း တစ်ယောက် မဟုတ်သော်ငြား သူ၏ စိတ်ကြိုက်နှင့် အလွန် ကိုက်ညီနေလေသည်။
အရေးအကြီးဆုံး အချက်မှာ ကျန်းချဲ့၌ ခိုင်မာသော နောက်ခံ အင်အားရှိပြီး စွမ်းအားမှာလည်း ထက်မြက်လှပေသည်။ ထို့အပြင် ကျန်းချဲ့သည် သူ၏ မှတ်ဉာဏ်ထဲတွင် လုံးဝ မရှိခဲ့ဖူးသော တစ်ဦးတည်းသော သူဖြစ်ရာ ဆက်ဆံရေးကို ပိုမို နက်ရှိုင်းအောင် တည်ဆောက်လိုမိလေသည်။
ကျန်းချဲ့ က ခေါင်းရမ်းလိုက်လေသည်။
"ကျုပ်က တောင်ပိုင်းကနေ ဆင်းသက်လာတာ ဆိုတော့ နောက်တစ်လှမ်း ကလည်း သဘာဝကျကျပဲ တောင်ပိုင်းကို ပြန်ရမှာပေါ့"
မြောက်ပိုင်း ဒေသနှင့် ပတ်သက်၍ ကျန်းချဲ့ လုံးဝ နားမလည်သလို သိရှိလိုစိတ်လည်း မရှိချေ။ ထိုနေရာတွင် သူ အလိုရှိသော ယဇ်ပူဇော် ပစ္စည်းများ မရှိပါက ထိုနေရာသို့ သွားရောက်ကာ မည်သည့် ရာထူးကိုမျှ ယူမည် မဟုတ်ပေ။ မြောက်ပိုင်းဒေသ က တောင်ပိုင်းလောက် မည်သို့ ကောင်းမွန်နိုင်မည်နည်း။ သူ့တွင် နောက်ခံ အင်အား ရှိသည် စွမ်းအား ရှိသည် အဆက်အသွယ် လည်း ရှိလေသည်။
အနာဂတ်တွင် လီချန်ကော ၏ နေရာကို အစားထိုးကာ ယွဲ့ပြည်နယ်၏ အာဏာရှင် တစ်ဦး ဖြစ်လာရန် အပြည့်အဝ မျှော်လင့်ချက် ရှိနေလေသည်။
လုကျဲ့ယွင် သည် အတွေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သော်ငြား သူ၏ မျက်ဝန်းများထဲတွင်တော့ စိတ်ပျက်သွားသည့် အရိပ်အယောင်များကို ဖုံးကွယ်ထား၍ မရနိုင်ချေ။ မြောက်ပိုင်း နယ်စပ် တွင်လည်း ကံကြမ္မာ အခွင့်အရေးများ ရှိနေသော်ငြား ထို အရာများကို ရယူရန် အလွန် ခက်ခဲလှပေသည်။ အကယ်၍ သူ့ကို ကူညီမည့်သူ တစ်ယောက်သာ ရှိမည်ဆိုပါက အများကြီး ပို၍ လွယ်ကူသွားမည် ဖြစ်လေသည်။
"လုအစ်ကိုကြီး အခု အချိန်အထိ ရောက်နေပြီ ဆိုတော့ ကျီချန်ရှန်း သားအမိ နှစ်ယောက်ရဲ့ အားနည်းချက်ကို ခင်ဗျား နည်းနည်းလောက် ထုတ်ပြောသင့်ပြီ မဟုတ်ဘူးလား"
ကျန်းချဲ့ လည်း စကားကို လှည့်ပတ် မနေချင်တော့ချေ။ ယဇ်ပူဇော် ပစ္စည်းများမှလွဲ၍ ဤအချက်သည် သူ အလေးထားဆုံး ကိစ္စ ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤအရာက နောက်ထပ် ယဇ်ပူဇော် ပစ္စည်း ဖြစ်သော ကောင်းကင်မိစ္ဆာ ကျောက်စိမ်းဧကရာဇ် ကြာပန်း နှင့် သက်ဆိုင်နေသည် မဟုတ်ပါလော။
"ဒါက..."
လုကျဲ့ယွင် စကားပြန်ပြောရန် ပြင်လိုက်စဉ် မှာပင် ရုတ်တရက် သူနှင့် ကျန်းချဲ့တို့ နှစ်ယောက်စလုံး၏ မျက်နှာထားများ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားလေသည်။ အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် နှုတ်ခမ်းထောင့်တွင် အလွန် နားလည်မှု ရှိစွာဖြင့် အပြုံးတစ်ခု ပေါ်လွင်လာကြလေသည်။
"ရောက်လာပြီပဲ"
ချီတောင်တန်း လမ်းဝ။
ဇာကူမု တို့ သုံးယောက် အုပ်စု နောက်ဆုံးတွင် ရောက်ရှိလာကြလေသည်။ မည်သည့် အမှားအယွင်းမျှ မဖြစ်ပေါ်စေရန် ဤတစ်ကြိမ်တွင် သူတို့သည် အစောင့်အရှောက် များ အားလုံးကို မခေါ်ဆောင်လာခဲ့ရုံသာမက စီးတော်ယာဉ် များကိုပင် မြို့တော် အတွင်း၌ ချန်ထားရစ်ခဲ့လေသည်။
သူတို့ ကိုယ်တိုင် ပင်လျှင် အလယ်ပိုင်းဒေသ သားများ အသွင် ဝတ်ဆင်ထားကြပြီး ကျင့်ကြံမှု အဆင့်ကိုလည်း မွေးရာပါအဆင့် လောက် အထိသာ ဖိနှိပ်ထားကြလေသည်။ အခြား သူများ၏ အာရုံစိုက်မှုကို မဆွဲဆောင်လိုသောကြောင့် ပင်ဖြစ်သည်။
"နောက်ဆုံးတော့ ချီတောင်တန်း လမ်းဝကို ရောက်လာခဲ့ပြီ ခရီးနည်းနည်းလောက် ဆက်သွားလိုက်ရင် ချိုးနျို တောင်ကြားကို ရောက်ပြီပေါ့..."
လီမုကျန်း က သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ အမှန်တကယ်တော့ သူတို့၏ ကျင့်ကြံမှု စွမ်းအားများဖြင့် ဆိုပါက ခရီးသွား အမြန်နှုန်းမှာ ဤမျှလောက် နှေးကွေးနေစရာ အကြောင်း မရှိချေ။ သို့သော် မွေးရာပါ သိုင်းပညာရှင် များ၏ အသွင်ကို ဆောင်ထားသဖြင့် သူတို့၏ အမြန်နှုန်းကိုလည်း လျှော့ချထားရလေသည်။ ဤသည်က သူ့ကို အတော်လေး အနေရခက်စေလေသည်။
"တကယ်တော့ ယဇ်ပုရောဟိတ် ဆုဖုန်း အရမ်းကို သတိကြီးလွန်းနေတယ်လို့ ငါ ထင်တယ် ဒီ လမ်းခရီး တစ်လျှောက်လုံးမှာ ဘာ အန္တရာယ်မှ လည်း မတွေ့ရဘူး အလယ်ပိုင်းဒေသ က လူတွေရဲ့ စကားနဲ့ ပြောရရင် မဖြစ်လာသေးတဲ့ ကိစ္စကို ကြိုတွေးပြီး ပူပန်နေတာ များလွန်းတယ်"
ဇာကူမု ၏ အမြင်တွင် သူတို့ အနေဖြင့် ပေါ်ပေါ်ထင်ထင် ကြီး ပြန်လာမည် ဆိုလျှင်တောင်မှ မည်သည့် ပြဿနာမျှ ဖြစ်လာမည် မဟုတ်ဟု ထင်မြင် နေမိလေသည်။ ဤကဲ့သို့ ပုန်းလျှိုးကွယ်လျှိုး သွားလာ နေရခြင်းက သူတို့ အနေဖြင့် အလယ်ပိုင်းဒေသ က လူများကို အလွန်အမင်း ကြောက်ရွံ့ နေသယောင် ဖြစ်နေစေလေသည်။
အမှန်တကယ် လက်တွေ့တွင်တော့ စစ်သူကြီး နဲ့ ယဇ်ပုရောဟိတ် တို့က ကြီးကြပ် ပေးနေပြီး သူ ကိုယ်တိုင် ကလည်း ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင် တစ်ပါး နှင့် ရင်ပေါင်တန်း နိုင်စွမ်း ရှိလေရာ သိုင်းသူတော်စင် များ သာ ထွက်မလာပါက မည်သူကမျှ သူတို့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ဟု ယုံကြည်ထားလေသည်။
"သတိထားတာ ကတော့ ဘယ်လိုပဲဖြစ်ဖြစ် အမှားအယွင်း မရှိနိုင်ပါဘူးကွာ တကယ်တမ်း ပြောရရင် ဒီလမ်းခရီး တစ်လျှောက်လုံး ငါ့ဆီမှာ သိပ်မကောင်းတဲ့ ကြိုတင် ခံစားမှု တစ်ခု ရှိနေခဲ့တယ် ဒါပေမဲ့ ဘယ်နေရာမှာ ပြဿနာ တက်နေလဲ ဆိုတာကိုတော့ ရေရေရာရာ မပြောတတ်ဘူး"
ဆုဖုန်း သည် လီမုကျန်း နှင့် ဇာကူမု တို့ ကဲ့သို့ အကြောက်အလန့် ကင်းမဲ့ နေသူ မျိုး မဟုတ်ချေ။ သူ၏ ခေါင်းပေါ်တွင် အန္တရာယ် အငွေ့အသက် များ ဖုံးလွှမ်း နေသည့်အလား မကောင်းသော ကြိုတင် ခံစားမှု တစ်ခု ရှိနေလေသည်။
"ဆုဖုန်း မင်း အသက်တွေ ကြီးလာလေလေ သတ္တိတွေ ပိုပြီး ငယ်လာလေလေ ဖြစ်နေပါလား"
လီမုကျန်း က ချက်ချင်းပင် လှောင်ပြောင် ရယ်မော လိုက်လေသည်။
"မှန်တယ် အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် နဲ့ ချင်းထျန်းမိစ္ဆာဂိုဏ်း ကတောင် ငါတို့ကို ထောက်ခံ နေတာလေ ဘာ အန္တရာယ် များ ရှိလာနိုင်ဦးမှာလဲ"
ဇာကူမု ကလည်း လုံးဝ ဂရုမစိုက်သည့် ဟန်ဖြင့် ပြောလိုက်လေသည်။
"ရန်သူကို အထင်မသေးသင့်ဘူး ဘယ်နေရာကနေ အန္တရာယ်တွေ ရောက်လာမလဲ ဆိုတာ ဘယ်သူမှ ရေရေရာရာ မသိနိုင်ဘူး"
ဆုဖုန်း က မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"ဘယ်နေရာကနေ လာရမှာလဲ အခု ချက်ချင်းကြီး ရောက်လာမှာ မို့လို့လား"
ဇာကူမု က ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။
လီမုကျန်း က ထောက်ခံ စကား ပြောရန် ပြင်လိုက်စဉ် မှာပင် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံ မိလိုက်သည့် အလား သူ၏ အကြည့်များ ချက်ချင်း စူးရှ သွားပြီး ဘေးနားရှိ ဆုဖုန်း ကို ကြည့်လိုက်လေသည်။
"ဒီ ပတ်ဝန်းကျင် ကြီးက အရမ်း တိတ်ဆိတ် လွန်းမနေဘူးလား"
သူသည် ဇာကူမု ကဲ့သို့ ဝမ်ထင် အတွင်း ကြီးပြင်း လာသူ မဟုတ်ချေ။ မရေမတွက် နိုင်သော သွေးထွက်သံယို တိုက်ပွဲ များကို ဖြတ်သန်း ပြီးမှသာ ယနေ့ အခြေအနေ သို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်လေသည်။ အန္တရာယ် ကို အာရုံခံ နိုင်စွမ်း မှာ အလွန် လျင်မြန် လှပြီး ဘေးပတ်ဝန်းကျင် တွင် တစ်စုံတစ်ခု မှားယွင်း နေကြောင်းကို သူ ခံစား မိလိုက်လေသည်။
ဆုဖုန်း ၏ မျက်နှာထား အနည်းငယ် ပျက်ယွင်း သွားပြီး နေရာတွင် ရပ်တန့် ကာ ဝိညာဉ် အာရုံ ဖြင့် အရပ်လေးမျက်နှာ ကို စူးစမ်း ကြည့်လိုက်လေသည်။
"ဒီနေရာ က တစ်ခုခု မှားယွင်း နေတယ် သွားမယ် မြန်မြန် သွားကြမယ်"
"ဘာဖြစ်လို့လဲ"
ဇာကူမု ကြက်သေသေ သွားသော်ငြား ချက်ချင်းပင် အသိဝင် လာခဲ့လေသည်။ ယခင် က သူ၏ ဂရုမစိုက် မှု မှာ မိမိ ကိုယ်ကိုယ် ယုံကြည် မှု အပေါ် တွင် အခြေခံ ထားခြင်း ဖြစ်သော်ငြား ယခုအခါ စစ်သူကြီး နဲ့ ယဇ်ပုရောဟိတ် နှစ်ယောက်စလုံး ဤကဲ့သို့သော အမူအရာ မျိုး ဖြစ်နေသည် ကို ကြည့်ခြင်း အားဖြင့် အခြေအနေ မဟန် မှန်း သူ လည်း သိရှိ သွားလေသည်။
ချက်ချင်း ပင် နောက်သို့ လှည့်ကာ ဆုတ်ခွာ ရန် ပြင်ဆင် လိုက်လေသည်။
သို့သော် သူတို့ သုံးယောက် လှုပ်ရှား ရန် အချိန် မရလိုက်ချေ။
ရုတ်တရက် ပေတစ်သောင်း ပတ်လည် အတွင်းရှိ မြေပြင် ထက်မှ အလင်းတန်း များ ကောင်းကင် သို့ ထိုးတက် သွားလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဘေးပတ်ဝန်းကျင် ကို အသေ ပိတ်ဆို့ လိုက်ပြီး ဇာကူမု တို့ လူစု ကိုလည်း အစီအရင် ကြီး တစ်ခု အတွင်း တွင် ပိတ်လှောင် လိုက်လေသည်။
ခပ်ဖျော့ဖျော့ ဖိအား တစ်ခု က သုံးယောက် စလုံး ၏ အပေါ်သို့ လွှမ်းခြုံ လာခဲ့လေသည်။
"ဘယ် တာအိုမိတ်ဆွေများ ဒီနေရာမှာ ရောက်နေလဲ ဆိုတာတော့ မသိပါဘူး ကိုယ်ထင်ပြပြီး တွေ့ဆုံခွင့် ရနိုင်မလား"
ဘေးပတ်ဝန်းကျင် ရှိ အစီအရင် ကို ကြည့်ရင်း ဆုဖုန်း ၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ် နေလေသည်။ ဤ အစီအရင် မှာ သူတို့ ၏ လှုပ်ရှားမှု ကို ကန့်သတ် ရန် သက်သက် သာ ဖြစ်သော ထောင်ချောက် အစီအရင် တစ်ခု သာ ဖြစ်ပြီး သတ်ဖြတ်ခြင်း အစီအရင် မဟုတ်ကြောင်း သူ တွေ့ရှိ လိုက်ရလေသည်။
လာရောက် သူများ တွင် သတ်ဖြတ် လိုစိတ် မရှိခြင်း လည်း ဖြစ်နိုင်လေသည်။
သို့သော် သူ မသိရှိ ခဲ့သည် မှာ လုကျဲ့ယွင် နှင့် ကျန်းချဲ့ တို့ အနေဖြင့် သတ်ဖြတ်ခြင်း အစီအရင် ကို မချထား ခဲ့ခြင်း မှာ ခြေရာလက်ရာ များစွာ မကျန်ရစ် စေရန် သက်သက် သာ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ သည် အန္တရာယ် ကို ကြိုတင် အာရုံခံ နိုင်သော စွမ်းရည် မျိုး ရှိကြသည် မဟုတ်ပါလော။
အကယ်၍ သတ်ဖြတ်ခြင်း အစီအရင် သာ ချထား ပါက သူတို့ကို အစီအရင် အတွင်းသို့ မျှားခေါ် ရန် အလွန် ခက်ခဲ မည် ဖြစ်လေသည်။ ထောင်ချောက် အစီအရင် ကတော့ ကွာခြား လေသည်။ လူ များကို အတိုင်းအတာ တစ်ခု အထိ သတိလက်လွတ် ဖြစ်သွား စေနိုင်လေသည်။
ကောင်းကင် နှင့် မြေကြီး ပဲ့တင်ထပ် သွားသော ပေါက်ကွဲသံ ကြီး တစ်ချက် နှင့်အတူ ကောင်းကင် ထက်မှ အနက်ရောင် အလင်းတန်း တစ်ခု မြေပြင် ပေါ်သို့ အရှိန်ပြင်းစွာ ရိုက်ချ လာလေသည်။ ကြီးမားသော တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ် သွားပြီး ဘေးပတ်ဝန်းကျင် ရှိ မြေပြင် များ မှာလည်း ပင့်ကူအိမ် အလား အက်ကွဲ ကြေမွ သွားလေသည်။
ဖုန်မှုန့် များ လွှမ်းခြုံ နေသော်ငြား ဇာကူမု တို့ သုံးယောက် စလုံး မှာ ရှန်ရှန်းအဆင့် မဟာသိုင်းသခင် များ ဖြစ်ကြရာ သူတို့ ၏ အမြင်အာရုံ ကို လုံးဝ မထိခိုက် စေချေ။ ကျဆင်း လာသော အရာ ကို မြင်လိုက် ရချိန် တွင် သုံးယောက် စလုံး ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲ သွားလေသည်။
"ဒီ ပစ္စည်း ကြီးကို ငါ ဘယ်နေရာမှာ မြင်ဖူး ထားသလိုမျိုး ခံစား နေရပါလား"
ဇာကူမု မျက်မှောင် ကြုတ်ကာ စဉ်းစား နေလေသည်။
ထို့နောက် သူ၏ မျက်ဝန်း များ ထဲတွင် အေးစက်သော အလင်းတန်း များ လင်းလက် သွားလေသည်။
"ဒါ ကျန်းချဲ့ ရဲ့ ဟွမ်ကူနတ်လှံတံ ပဲ"
သူ သည် ကျန်းချဲ့ နှင့် တိုက်ခိုက် ခဲ့ဖူး ပြီး ဤ နတ်လှံတံ ၏ အပြင်းအထန် ရိုက်နှက် ခြင်းကို လည်း ခံခဲ့ရ ဖူးလေသည်။ အလွန် နက်ရှိုင်းသော မှတ်ဉာဏ် များ ရှိနေပြီး နောက်ပိုင်း တွင် လည်း ကျန်းချဲ့ ၏ အခြေအနေ များကို စုံစမ်း ခဲ့သေးလေသည်။
ကျန်းချဲ့ ဤ နတ်လှံတံ ကို ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ သန့်စင်သော သားတော် ထံမှ လုယူ ခဲ့ခြင်း ဖြစ်ကြောင်း ကို သဘာဝ ကျကျ ပင် သိရှိ ထားလေသည်။
"သူ ဖြစ်နေတာကိုး သတ္တိ ကတော့ မသေးဘူးပဲ"
လီမုကျန်း ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေး သွားပြီး ယခင် က တည်ကြည် လေးနက် နေသော မျက်နှာထား မှာ ပျောက်ကွယ် သွားကာ ယုံကြည် စိတ်ချ မှု အပြည့် ရှိနေသည့် အသွင် သို့ ပြောင်းလဲ သွားလေသည်။ ရှန်ရှန်းအဆင့် အစောပိုင်း မဟာသိုင်းသခင် တစ်ယောက် ကို ရင်ဆိုင် ရချိန် တွင် သူ့ ထံ၌ လုံလောက်သော ယုံကြည် မှု အပြည့်အဝ ရှိနေလေသည်။
"ပေါ့ပေါ့ဆဆ မနေနဲ့ ဒီလူ က လှုပ်ရှား ရဲတယ် ဆိုမှတော့ သေချာပေါက် အားကိုးစရာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်"
ဆုဖုန်း ကတော့ အကောင်း မမြင်နိုင်ဘဲ ရင်ထဲတွင် ပို၍ပင် လေးလံ သွားလေသည်။
ဖုန်မှုန့် များ ကွဲလွင့် သွားချိန် တွင် နတ်လှံတံ ကို ကိုင်ဆောင် ထားပြီး အနက်ရောင် အကြေးခွံ များ နှင့် အလွန် ခန့်ညား ထည်ဝါ လှသော ကျန်းချဲ့ က သူ၏ အစစ်အမှန် ရုပ်သွင် ကို ဖြည်းညင်းစွာ ဖော်ပြ လိုက်လေသည်။ နဖူး အလယ် ဗဟို တွင် အနက် နှင့် အဖြူ ရောင် အလင်းတန်း များ လင်းလက် နေပြီး တစ်ကိုယ်လုံး မှ သတ်ဖြတ်ခြင်း အငွေ့အသက် များ လွှမ်းခြုံ နေလေသည်။
"မင်း ဖြစ်နေလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး ငါက မင်း နဲ့ နောက်တစ်ကြိမ် တိုက်ခိုက် ဖို့ အမြဲတမ်း တွေးနေခဲ့တာ အခုတော့ အခွင့်အရေး ရလာပြီပဲ"
ဇာကူမု က အေးစက်စွာ နှာမှုတ် လိုက်ပြီး လက်ထဲတွင် နတ်လက်နက် ကို ကိုင်ဆောင် ကာ တိုက်ခိုက် လိုစိတ် များ အလွန်အမင်း ထကြွ လာလေသည်။
"မင်း က ငါတို့ ရဲ့ လမ်းကြောင်း ကို ဘယ်လို လုပ်ပြီး သိနေ ရတာလဲ မင်း နောက်ကွယ် က လူတွေကော ဘယ်မှာလဲ မင်း တစ်ယောက်တည်း ငါတို့ကို လာရင်ဆိုင် ချင်နေတာတော့ မဟုတ်ပါဘူးနော်"
ဆုဖုန်း က ကျန်းချဲ့ ကို အကဲခတ် ကြည့်ရင်း အဓိပ္ပာယ် နက်ရှိုင်းစွာ မေးလိုက်လေသည်။
"ဒီ မေးခွန်းတွေ အားလုံးကို နောက်ဘဝ ကျမှပဲ ပြန်ဖြေ ပေးတော့မယ်"
ထိုစဉ် အသံ တစ်သံ ထပ်မံ ထွက်ပေါ် လာလေသည်။
ဇာကူမု တို့ သုံးယောက် လှည့်ကြည့် လိုက်ရာ အစိမ်းရောင် ဝတ်ရုံ နှင့် လုကျဲ့ယွင် လေဟာနယ် အတွင်းမှ ထွက်ပေါ် လာသည်ကို တွေ့လိုက် ရလေသည်။ သူ၏ ပတ်လည် တွင် ဓားစွမ်းအင် များ ရစ်ပတ် နေပြီး သူ၏ ဘေး တွင်တော့ မျက်နှာ ကို ရှင်းလင်းစွာ မမြင်ရသော ပုံရိပ် တစ်ခု ရပ်နေလေသည်။
ထို သူ၏ တစ်ကိုယ်လုံး ကို အနက်ရောင် ဝတ်ရုံ ကြီး ဖြင့် ဖုံးလွှမ်း ထားလေသည်။ ဇာကူမု တို့ လူစု သေသေချာချာ ကြည့်လိုက် ချိန် တွင် ထို အနက်ရောင် ဝတ်ရုံ ရှင် က ခေါင်းကို ဖြည်းညင်းစွာ မော့လာပြီး သူတို့ကို အကြီးအကျယ် ထိတ်လန့် သွားစေခဲ့လေသည်။
အကြောင်းမူကား ထို အရာ မှာ အရိုးဖြူ သက်သက် ခေါင်းခွံ ကြီး တစ်ခု ဖြစ်နေပြီး မျက်လုံး အိမ် အတွင်း တွင် အစိမ်းရောင် မီးတောက် များ တောက်လောင် နေသောကြောင့် ပင်ဖြစ်သည်။ တစ်ကိုယ်လုံး မှ အရှိန်အဝါ မှာလည်း ရှန်ရှန်းအဆင့် နှောင်းပိုင်း သို့ ရောက်ရှိ နေပြီး သေမင်းတမန် အငွေ့အသက် များ လွှမ်းခြုံ နေလေသည်။
"လုကျဲ့ယွင် ပါလား"
ဇာကူမု ၏ မျက်နှာထား ပြောင်းလဲ သွားပြီး မျက်ခုံး အကြား တွင် သတ်ဖြတ် လိုစိတ် များ ကိန်းအောင်း လာလေသည်။
ဤတစ်ကြိမ် ချုံခို တိုက်ခိုက် သူများ မှာ ယခင် က သူ၏ ပြိုင်ဘက် ဟောင်း နှစ်ယောက် ဖြစ်နေလိမ့်မည် ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။ တစ်ယောက် မှာ သူ အလွယ်တကူ အနိုင်ယူ ခဲ့ဖူး သူ ဖြစ်ပြီး ယခုအခါ တွင်တော့ သူတို့ကို ကြားဖြတ် သတ်ဖြတ် ရန် ကြံစည် နေလေပြီ။
"ငါတို့ က မြောက်ပိုင်း လူရိုင်း သံတမန် တွေ ကွ နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နဲ့ ပတ်သက် နေတယ် မင်းတို့ ဒီလို လုပ်တာက အလယ်ပိုင်းဒေသ ဧကရာဇ် ရဲ့ အမျက်တော် ရှ ပြီး ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် သတ်ဖြတ် ခံရမှာကို မကြောက် ဘူးလား"
ဆုဖုန်း က ကျယ်လောင်စွာ ဟစ်အော် လိုက်လေသည်။
"တကယ်လို့ ကြောက်နေမယ် ဆိုရင် ဒီနေ့ လာခဲ့မှာ မဟုတ်ဘူး ကျန်းညီလေး အချိန် ဆွဲမနေ ပါနဲ့တော့ ချီရွှယ် စီနီယာ ကော ဘယ်မှာလဲ"
လုကျဲ့ယွင် အပို စကား များများ မပြောချင် တော့သလို အချိန် လည်း အကြာကြီး မဆွဲ လိုတော့ချေ။ အမြန်ဆုံး အဆုံးသတ် ရန်သာ အလိုရှိ နေလေသည်။
"သေချာပေါက် ရောက်နေတာပေါ့"
ကျန်းချဲ့ ၏ စကား အဆုံး တွင် လေဟာနယ် တစ်ခုလုံး ပဲ့တင်ထပ် သွားသော ဓားမြည်သံ ကြီး တစ်ချက် ထွက်ပေါ် လာလေသည်။ နောက်တစ်ခဏ တွင် အဆုံးအစမရှိသော ဓားစွမ်းအင် များ လေဟာနယ် ထက်တွင် စုစည်း သွားပြီး ဆုဖုန်း ဆီသို့ တိုက်ရိုက် ဦးတည် သွားလေသည်။
ကျောက်ရှန်းကျစ် လှုပ်ရှား လိုက်ပြီ ဖြစ်ပြီး စတင် လှုပ်ရှား သည် နှင့် တိုက်ရိုက် ပင် သတ်ကွက် ကို အသုံးပြု လိုက်ခြင်း ပင်ဖြစ်သည်။
ကျန်းချဲ့ က သူမ ကို အကျိုးအကြောင်း အားလုံး ရှင်းပြ ပြီးပြီ ဖြစ်ရာ ဤ ကိစ္စ အပေါ် ကျောက်ရှန်းကျစ် အနေဖြင့် မည်သည့် ကန့်ကွက် မှု မျှ မရှိခဲ့ချေ။ ယခင် က ကတိ စကား များကို ထည့်မတွက် လျှင် တောင် မှ သူတို့ ၏ ဆက်ဆံရေး မှာ သာမန် လုံးဝ မဟုတ်တော့ချေ။
သူမ ၏ တာဝန် မှာ တစ်ဖက် မှ မဟာသိုင်းသခင်ကြီး တစ်ပါး ကို သတ်ဖြတ် ရန် ပင်ဖြစ်သည်။
"သေချင်နေတာလား"
မည်သည့် နှုတ်ဆက် စကား မျှ မရှိဘဲ တိုက်ရိုက် ပင် သတ်ကွက် များကို အသုံးပြု လာသည်ကို မြင်သောအခါ ဆုဖုန်း ချက်ချင်း ဒေါသ ထွက်သွား လေသည်။ အေးစက်စွာ နှာမှုတ် လိုက်ပြီး သူ၏ ကိုယ်ပေါ် မှ ရှန်ရှန်းအဆင့် နှောင်းပိုင်း မဟာသိုင်းသခင်ကြီး တစ်ပါး ၏ အရှိန်အဝါ များကို ရုတ်တရက် ပေါက်ကွဲ ထုတ်လွှတ် လိုက်လေသည်။
နောက်တစ်ခဏ တွင် သူ ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး တစ်ကိုယ်လုံး နတ်ဘုရား အလင်းတန်း များ လွှမ်းခြုံ လျက် ကျောက်ရှန်းကျစ် ဆီသို့ ပြေးဝင် သွားလေသည်။
'ချီရွှယ်မိစ္ဆာသခင် မဟုတ်ပါလား...'
ရုတ်တရက် ပေါ်ထွက် လာသော လျှို့ဝှက်ဆန်းကြယ် မဟာသိုင်းသခင်ကြီး ကို မြင်သောအခါ လုကျဲ့ယွင် အနည်းငယ် ကြက်သေသေ သွားလေသည်။ ကျန်းချဲ့ သည် ချီရွှယ်မိစ္ဆာသခင် ကို ခေါ်ဆောင် လာမည် ဟု သူ အမြဲတမ်း ထင်မှတ် နေခဲ့သော်ငြား မည်သူ က သိမည်နည်း ရုတ်တရက် အစိမ်းသက်သက် အမျိုးသမီး တစ်ယောက် ပေါ်ထွက် လာခဲ့လေသည်။
သို့သော် သူ ဤ ကိစ္စ အပေါ် မည်သည့် ကန့်ကွက် မှု မျှ မရှိချေ။ အကြောင်းမူကား ရုတ်တရက် ပေါ်ထွက် လာသော ဤ အစွမ်းထက် သူ ၏ ကိုယ်ပေါ်မှ ထွက်ပေါ် နေသော အရှိန်အဝါ ကို ကြည့်ခြင်း အားဖြင့် သူမ ၏ ထူးခြား ပြောင်မြောက် မှု ကို သိရှိ နိုင်ပြီး သူ၏ ဘေးရှိ အစောင့်အရှောက် နှင့် နည်းနည်းလေးမျှ အားနည်း ခြင်း မရှိကြောင်း တွေ့ရသောကြောင့် ပင်ဖြစ်သည်။
"အရိုးဖြူ စီနီယာကြီး လှုပ်ရှား လိုက်ပါတော့"
အစိမ်းရောင် မီးတောက် များ တောက်လောင် နေသော အရိုးဖြူ မဟာသိုင်းသခင်ကြီး က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခန္ဓာကိုယ် မှာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပြောင်းလဲ သွားကာ အဖြူရောင် အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲ သွားလေသည်။ ကြယ်ကြွေ သည့်အလား လီမုကျန်း ဆီသို့ တိုက်ရိုက် ပြေးဝင် သွားလေသည်။
အလားတူ ပင် လုကျဲ့ယွင် လည်း ငြိမ်မနေ တော့ဘဲ ဇာကူမု ကို ရင်ဆိုင် ရန် ချက်ချင်း လှုပ်ရှား လိုက်လေသည်။
သို့သော် သူ မလှုပ်ရှား ရသေးမီ မှာပင် ဇာကူမု က ပထမဆုံး စတင် လှုပ်ရှား လိုက်လေသည်။ လက်ထဲရှိ နတ်လက်နက် ကို ကိုင်ဆောင် ကာ ကျန်းချဲ့ ဆီသို့ အရှိန်ပြင်းစွာ ရိုက်ချ လိုက်ပြီး ကျယ်လောင်စွာ ဟစ်အော် လိုက်လေသည်။
"ကျန်းချဲ့ သေစမ်းကွာ"
ရုတ်တရက် ဖြစ်ပေါ်လာသော တိုက်ပွဲ ကြောင့် လေဟာနယ် တစ်ခုလုံး တွင် မျက်စိတစ်မှိတ် အတွင်းမှာပင် အဆုံးအစမရှိသော ပေါက်ကွဲသံ ကြီး များ ထွက်ပေါ် လာလေသည်။ ပေရာချီ ကျယ်ဝန်းသော တောင်ကြား ကြီး မှာလည်း တိုက်ရိုက် အပြတ်အသတ် ဖျက်ဆီး ခံလိုက်ရပြီး ပေါက်ကွဲသံ ကြီး များ က အဆက်မပြတ် ထွက်ပေါ် နေလေသည်။
ဇာကူမု ၏ ပေါက်ကွဲ တိုက်ခိုက် မှု ကို ရင်ဆိုင် ရချိန် တွင် ကျန်းချဲ့ သည် မည်သည့် ထူးခြားသော လှုပ်ရှားမှု မျှ မပြုလုပ် ခဲ့ချေ။ မျက်ဝန်း များ ထဲတွင် အလင်းတန်း တစ်ချက် လင်းလက် သွားပြီးနောက် မြေပြင် ထက်မှ ပေတစ်ရာကျော် ကြီးမားသော ဧရာမ အစစ်အမှန် နဂါး ဓမ္မရုပ်တု ကြီး တစ်ခု လျင်မြန်စွာ စုစည်း ပေါ်ထွက် လာလေသည်။
နဂါးဟိန်းသံ တစ်ချက် နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီး ကို သယ်ဆောင် ကာ ဇာကူမု ဆီသို့ တိုက်ရိုက် ဝင်ရောက် သတ်ဖြတ် လိုက်လေသည်။
"ဘာ ဓမ္မရုပ်တု ဟုတ်လား"
ဤ အခိုက်အတန့် တွင် ဇာကူမု အကြီးအကျယ် တုန်လှုပ် သွားလေသည်။
မြောက်ပိုင်း လူရိုင်း မင်းသား တစ်ပါး အနေဖြင့် သူ၏ ဗဟုသုတ မှာ သဘာဝ ကျကျ ပင် သာမန် မဟုတ်ချေ။ မည်သည့် အရာ က ဓမ္မရုပ်တု ဖြစ်ပြီး မည်သည့် အရာ က ပုံရိပ်ယောင် ဖြစ်သည် ဆိုသည်ကို သူ ကောင်းစွာ ခွဲခြား နိုင်စွမ်း ရှိလေသည်။ ဤ နဂါးကြီး မှာ အစစ်အမှန် ဓမ္မရုပ်တု ကြီး ဖြစ်ကြောင်း ကို မြင်မြင်ချင်း ပင် သူ ကောင်းစွာ သိရှိ သွားလေသည်။
ထိတ်လန့် တုန်လှုပ် မှု နှင့်အတူ သူ ၏ ဓမ္မရုပ်တု ပုံရိပ်ယောင် ကြီး ကို အလျင်အမြန် ခေါ်ယူ ကာ ကာကွယ် ရန် ကြိုးပမ်း လိုက်လေသည်။
သို့သော် ဓမ္မရုပ်တု နှင့် ပုံရိပ်ယောင် အကြား တွင် အလွန် ကြီးမားသော ကွာဟချက် ရှိလေသည်။ သူ သည် မူလ ကတည်းက ကျန်းချဲ့ ၏ ပြိုင်ဘက် မဟုတ်ခဲ့ရာ ယခု ကဲ့သို့ အဆင့် ကျော်လွန် ပြီး တိုက်ခိုက် ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ပုံရိပ်ယောင် ကြီး မှာ အပြတ်အသတ် ပြိုကျ ပျက်စီး သွားခဲ့လေသည်။
သူ ကိုယ်တိုင် လည်း နဂါးအမြီး ၏ ရိုက်နှက် ခြင်းကို ခံလိုက်ရပြီး လေဟာနယ် ထက်မှ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားလေသည်။
တစ်ကိုယ်လုံး တုန်ယင် နေပြီး ဆံပင် များ လည်း ဖရိုဖရဲ ဖြစ်နေကာ မျက်ဝန်း များ ထဲတွင်တော့ ဖယ်ရှား ၍ မရနိုင်သော အံ့အားသင့် ထိတ်လန့် မှု များ အပြည့်အဝ ပေါ်လွင် နေဆဲ ပင်ဖြစ်သည်။
သူ တစ်ယောက်တည်း အံ့အားသင့် နေခြင်း မဟုတ်ဘဲ လုကျဲ့ယွင် ပါ အလွန်အမင်း အံ့အားသင့် နေလေသည်။
မူလ က သူ သည် ဝင်ရောက် တိုက်ခိုက် ကာ ကျန်းချဲ့ နှင့် အတူ ဇာကူမု ကို အမြန်ဆုံး အဆုံးသတ် ပြီးနောက် အခြား နှစ်ယောက် ကို သွားရောက် ကူညီ ရန် တွေးတော ထားခဲ့ခြင်း ပင်ဖြစ်သည်။ သို့သော် သူ မလှုပ်ရှား ရသေးမီ မှာပင် ကျန်းချဲ့ က ဓမ္မရုပ်တု ကြီး တစ်ခု ကို တိုက်ရိုက် ခေါ်ယူ လိုက်သည် ကို တွေ့လိုက် ရလေသည်။
ချက်ချင်း ပင် သူ ၏ ရင်ထဲတွင် လှိုင်းလုံး ကြီး များ ရိုက်ခတ် လာခဲ့လေသည်။
ကျန်းချဲ့ တစ်ယောက် ဓမ္မရုပ်တု အဆင့် သို့ ရောက်ရှိ နေပြီ ဟု သူ လုံးဝ ထင်မှတ် မထားခဲ့မိချေ။
'သူ ယွမ်ယင်း ကို ဖန်တီး ခဲ့တာ ဘယ်လောက်တောင် ကြာသေး လို့လဲ... လပိုင်းလေးပဲ ရှိသေးတာ မဟုတ်ဘူးလား...'
သူ ကိုယ်သူ အလွန် အစွမ်းထက် နေပြီ ဟု အမြဲတမ်း ထင်မြင် ခဲ့လေသည်။ ကံကြမ္မာ အခွင့်အရေး များစွာ ကို ပိုင်ဆိုင် ထားပြီး ကျင့်ကြံ မှု အမြန်နှုန်း မှာလည်း အလွန် လျင်မြန် လှသည် ဟု တွေးတော နေခဲ့သော်ငြား အခြား တစ်ယောက် က သူ့ထက် ပို၍ ကြမ်းတမ်း နေပြီး ကျင့်ကြံ မှု အဆင့် တွင် သူ့ကို အပြတ်အသတ် ကျော်လွန် နေလိမ့်မည် ဟု လုံးဝ မထင်ထား ခဲ့မိချေ။
ဤ အခိုက်အတန့် တွင် သူ ၏ စိတ်ထဲ၌ အတွေး တစ်ခု ဖြတ်ပြေး သွားလေသည်။
'ကျန်းချဲ့ ဒီ လဝက် အတွင်းမှာ အဆင့်တက် ခဲ့တာလား သို့မဟုတ် အစောကြီး ကတည်းက အဆင့်တက် ထားခဲ့ပြီးသား လား...'
'အရင်က နဂါးမွေးမြူရေးကန် မှာတုန်းက သူ့ရဲ့ စွမ်းအားတွေကို ဖုံးကွယ် ထားခဲ့တာများလား...'
'ဒါပေမဲ့ ဘေးပတ်ဝန်းကျင်မှာ အဲ့ဒီလောက် အစွမ်းထက်တဲ့ သူတွေ အများကြီး ရှိနေတာကို ဘယ်သူကမှ သူ့ရဲ့ အစစ်အမှန် အခြေအနေကို မသိခဲ့ကြဘူးလား...'
ယခု အချိန်တွင် လုကျဲ့ယွင် ၏ စိတ်အခြေအနေ မှာ အလွန် ရှုပ်ထွေး နေလေသည်။
ပထမဆုံး အကြိမ် အဖြစ် ကြီးမားလှသော စိတ်ပျက် အားငယ် မှု ကြီး တစ်ရပ် ကို သူ ခံစား လိုက်ရလေသည်။
သူ သည် ကျန်းချဲ့ နှင့် ရင်ပေါင်တန်း နိုင်စွမ်း ရှိပြီး တစ်နေ့နေ့ တွင် သူ့ကို ကျော်တက် သွားနိုင်မည် ဟု အမြဲတမ်း တွေးတော နေခဲ့လေသည်။ မည်သို့ပင်ဆိုစေ သူ၏ ခေါင်းထဲတွင် အလွန် များပြား လှသော အရာ များစွာ ရှိနေသည် မဟုတ်ပါလော။ သို့သော် အမှန်တရား ကတော့...
သူတို့ နှစ်ယောက် အကြားရှိ ကွာဟချက် မှာ တဖြည်းဖြည်း ကြီးမား လာနေခြင်း ပင်ဖြစ်သည်။
ဇာကူမု နှင့် လုကျဲ့ယွင် တို့၏ အံ့အားသင့် နေမှု များကို ကျန်းချဲ့ အနေဖြင့် ကြိုတင် ခန့်မှန်း ထားပြီးသား ဖြစ်သော်ငြား ဂရုမစိုက် ခဲ့ချေ။ မည်သို့ပင်ဆိုစေ သူ အနေဖြင့် လက်ညှာ နေမည် မဟုတ်သလို အပြင်းအထန် တိုက်ခိုက် နေဟန် လည်း ဟန်ဆောင် နေမည် မဟုတ်ချေ။
လုကျဲ့ယွင် ပြောခဲ့သည့် အတိုင်း ပင် သူတို့ကို အမြန်ဆုံး ဖြေရှင်း ပစ်ခြင်း ကသာ အမှန်ကန် ဆုံး လမ်းစဉ် ပင်ဖြစ်သည်။
ထို့ကြောင့် အစစ်အမှန် နဂါး ဓမ္မရုပ်တု က ဇာကူမု ကို အနောက် သို့ လွင့်စင် သွားစေသည့် အချိန် တွင် ကျန်းချဲ့ စတင် လှုပ်ရှား လိုက်လေသည်။
သူ ၏ တစ်ကိုယ်လုံး လေဟာနယ် တွင် အရိပ်အယောင် များ ချန်ရစ် ထားခဲ့ပြီး ဘေးပတ်ဝန်းကျင် ရှိ ယင်ယန် မိစ္ဆာမီးတောက် များ က လမ်းဖွင့် ပေးကာ အရာအားလုံး ကို လောင်ကျွမ်း ပြာကျ သွားစေလေသည်။ အနက်ရောင် ချပ်ဝတ်တန်ဆာ ကို ဝတ်ဆင် ထားသော စစ်နတ်ဘုရား တစ်ပါး အလား မျက်စိတစ်မှိတ် အတွင်းမှာပင် ဇာကူမု ၏ အရှေ့သို့ ရောက်ရှိ သွားလေတော့သည်။