အခန်း ၄၁၀
Vol. 41 Ch. 410
အခန်း (၄၁၀) မိဖုရားကြီးရွှီ သားအမိကို ချုပ်ကိုင်နိုင်မယ့် လျှို့ဝှက်ချက်
'ကျီချန်ရှန်းရဲ့ မင်းသားကတော် ရွှီချိုးယွဲ့က ချင်းထျန်းမိစ္ဆာဂိုဏ်းရဲ့ လျှို့ဝှက်သူလျှို ဖြစ်နေခဲ့တာပဲ...'
မြို့တော်အတွင်း၌။
ညီလာခံတက်ရန် ပြင်ဆင်နေသော ကျန်းချဲ့၏ ခေါင်းထဲတွင် လုကျဲယွင်ထံမှ သိရှိခဲ့ရသော ကျီချန်ရှန်း သားအမိကို ချုပ်ကိုင်နိုင်မည့် လျှို့ဝှက်ချက်အကြောင်းကို ဆက်လက် တွေးတောနေမိလေသည်။
မူလက မြို့တော်အတွင်း ကျီချန်ရှန်း ကျူးလွန်ထားသော ပြစ်မှုတစ်ခုခုကို လုကျဲယွင် သိရှိသွားခြင်းဟုသာ သူ ထင်မှတ်ထားခဲ့သော်ငြား ဤမျှလောက် ကြီးမားသော နိုင်ငံတော်ပုန်ကန်မှုကြီး ဖြစ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိချေ။
အကျိုးအမြတ်များ ခွဲဝေပြီးနောက် ကျန်းချဲ့သည် လုကျဲယွင်အား ထိုလျှို့ဝှက်ချက်ကို မစောင့်ဆိုင်းနိုင်တော့ဘဲ ချက်ချင်း မေးမြန်းခဲ့လေသည်။
တစ်ဖက်လူကလည်း ဖုံးကွယ်ထားခြင်း မရှိဘဲ ထိုကိစ္စကို ဖွင့်ဟပြောပြခဲ့ရာ ထိုစဉ်က ကျန်းချဲ့ပင်လျှင် အကြီးအကျယ် တုန်လှုပ်အံ့အားသင့် သွားခဲ့ရလေသည်။
ချင်းထျန်းမိစ္ဆာဂိုဏ်း... ၎င်းမှာ တော်ဝင်နန်းတော်က အမုန်းတီးဆုံးသော သူပုန်အဖွဲ့အစည်းကြီး ပင်ဖြစ်သည်။
မင်းသားကတော် ရွှီချိုးယွဲ့သည် ချင်းထျန်းမိစ္ဆာဂိုဏ်းမှ သူပုန်တစ်ယောက်ဖြစ်ကြောင်း သတင်းသာ ပေါက်ကြားသွားပါက ကျီချန်ရှန်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ၏ နန်းမွေဆက်ခံခွင့် အရည်အချင်းမှာ အပြတ်အသတ် ပျောက်ကွယ်သွားမည် ဖြစ်လေသည်။
ဒေါသထွက်နေသော ဧကရာဇ်မင်း၏ တိုက်ရိုက် ရာထူးချထားခြင်းကိုပင် ခံရနိုင်ချေရှိလေသည်။
'ရွှီချိုးယွဲ့သည် အမှန်တကယ်ပင် ချင်းထျန်းမိစ္ဆာဂိုဏ်း၏ နယ်ရုပ်လေး တစ်ရုပ် ဖြစ်နေမလား...'
မြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ကျန်းချဲ့သည် ဤကိစ္စ၏ အမှားအမှန်ကို အဆက်မပြတ် တွေးတောနေခဲ့လေသည်။
မည်သို့ပင်ဆိုစေ ဤကိစ္စမှာ အလွန် ကြီးမားလေးနက်လှပြီး ခိုင်လုံသော သက်သေအထောက်အထားသာ မရှိပါက သူ့အနေဖြင့် မည်သည့် အကျိုးအမြတ်ကိုမျှ ရရှိနိုင်မည် မဟုတ်ချေ။
လုကျဲယွင်၏ နှုတ်ဖျားမှ သိရှိရသည်မှာ ရွှီမိသားစု၏ အိမ်တော်ဟောင်းမှာ ချင်းထျန်းမိစ္ဆာဂိုဏ်း၏ မြို့တော်အတွင်းရှိ အရေးပါသော ဌာနခွဲတစ်ခု ဖြစ်ပုံရပြီး ကျန်းချဲ့အား တိတ်တဆိတ် စောင့်ကြည့်နေပါက သက်သေအထောက်အထားကို သေချာပေါက် ရရှိမည်ဟု ဆိုလေသည်။
သို့သော် ကျန်းချဲ့တွင် ထိုမျှလောက် အချိန်မရှိချေ။ ထို့ကြောင့် ချီရွှယ်မိစ္ဆာသခင်ကို ရွှီမိသားစု အိမ်တော်ဟောင်းတွင် ယာယီ ပုန်းကွယ်နေရန် အကူအညီ တောင်းခံထားလိုက်လေသည်။
ချီရွှယ်မိစ္ဆာသခင်၏ လက်ရှိစွမ်းအားမှာ သူ့ကို ကူညီနိုင်စွမ်း မရှိတော့သော်ငြား တစ်ဖက်လူသည် ထူးဆန်းသော လျှို့ဝှက်ပညာရပ် များစွာကို တတ်ကျွမ်းထားလေသည်။
ထိုအထဲတွင် မိမိ၏ အရှိန်အဝါကို အနိမ့်ဆုံးအထိ ဖိနှိပ်ဖုံးကွယ်ထားနိုင်သော နည်းလမ်းလည်း ပါဝင်လေသည်။
ဤကဲ့သို့သော လမ်းလွဲ နည်းလမ်းများတွင် ကျန်းချဲ့ကိုယ်တိုင်ပင် တစ်ဖက်လူကို လုံးဝ ယှဉ်နိုင်စွမ်း မရှိချေ။
သို့သော် ဤကိစ္စ၏ အမှားအမှန်ကိုတော့ အတည်ပြုရန် လိုအပ်နေဆဲ ပင်ဖြစ်သည်။
ထိုအရာများအပြင် ကျန်းချဲ့၌ နောက်ထပ် သံသယတစ်ခု ရှိနေသေးလေသည်။ ၎င်းမှာ လုကျဲယွင် သည် ဤကိစ္စကို မည်ကဲ့သို့ သိရှိခဲ့သနည်း ဆိုသည့် အချက်ပင် ဖြစ်သည်။
ဤကဲ့သို့သော ကိစ္စမျိုးမှာ လျှို့ဝှက်ချက်များထဲမှ လျှို့ဝှက်ချက် ဖြစ်ကြောင်း ကောင်းစွာ သိရှိထားရမည် ဖြစ်လေသည်။
လုကျဲယွင် မြို့တော်သို့ ရောက်ရှိလာကာ တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်ကာလမှာ သူ့ထက် အများကြီး ပိုမို ကြာမြင့်နေခဲ့ခြင်း မရှိချေ။
ဤအထဲတွင် သူ မသိရှိသော အရာတစ်ခုခု သေချာပေါက် ရှိနေမည် ဖြစ်လေသည်။
၎င်းအပြင် ယခင်က လုကျဲယွင်၏ ထူးဆန်းသော အပြုအမူများ... ရန်သူကို ကြိုတင် ခန့်မှန်းနိုင်ခြင်း... အချိန်ကိုက် နေရာမှန် ကြိုတင် ချုံခိုနိုင်ခြင်း အစရှိသည်တို့က ဤလူအပေါ် သူ့ကို အလွန်အမင်း သိချင်စိတ် ပြင်းပြလာစေခဲ့လေသည်။
လုကျဲယွင်သည် သူ ထင်မှတ်ထားသည်ထက် ပို၍ လျှို့ဝှက်ဆန်းကြယ် နေနိုင်သည်ဟု သူ ခံစားမိလေသည်။
"ဘာတွေ တွေးနေတာလဲ..."
ကျန်းချဲ့ တွေးတောနေဆဲမှာပင် ချန်ချင်းဖန်၏ အသံက သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာလေသည်။
ကျန်းချဲ့ ချက်ချင်း သတိဝင်လာပြီး ပြုံးလိုက်လေသည်။
"ဘာမှမဟုတ်ပါဘူး... မြောက်ပိုင်းလူရိုင်း သံတမန်တွေ ကိစ္စကို တွေးနေလို့ပါ..."
ဤစကားကို ကြားသောအခါ ချန်ချင်းဖန်၏ မျက်ခုံးအကြားတွင်လည်း စိုးရိမ်ပူပန်မှု အရိပ်အယောင် အနည်းငယ် ပေါ်လွင်လာလေသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း မြို့တော် တစ်ခုလုံးတွင် အကြီးအကျယ်ဆုံးသော သတင်းကြီးမှာ မြောက်ပိုင်းလူရိုင်း သံတမန်အဖွဲ့ တစ်ဖွဲ့လုံး သုတ်သင်ခံလိုက်ရသည့် ကိစ္စပင် ဖြစ်လေသည်။
ကောလာဟလများအရ ဧကရာဇ်မင်းသည် နန်းတော်ဥယျာဉ် အတွင်းတွင် အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး သူ အလွန် မြတ်နိုးသော ဝိညာဉ်ခွက် တစ်ခွက်ကိုပင် နေရာမှာတင် ရိုက်ခွဲပစ်ခဲ့သည်ဟု ဆိုကြလေသည်။
ထို့အပြင် တားမြစ်ခံ ကိုယ်ရံတော်တပ်ဖွဲ့ နှင့် အနက်ရောင်ရုံးတော် တို့ကို လူသတ်သမားအား အချိန်မီ ဖမ်းဆီးရန် အပြင်းအထန် အမိန့်ပေးထားလေသည်။
မြို့တော်သို့ နတ်ဘုရားသံတမန် အဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ခံရသော ချန်ချင်းဖန်မှာ ဤကိစ္စတွင် ထိပ်ဆုံးမှ တာဝန်ယူရသူ ဖြစ်လေသည်။
ဤရက်ပိုင်းအတွင်း သူသည် အနက်ရောင်ရုံးတော်၏ အင်အား ထက်ဝက်ကျော်ကို အသုံးပြုခဲ့သော်ငြား လူသတ်သမား၏ အရိပ်အယောင်ကိုပင် လုံးဝ ရှာမတွေ့ခဲ့ချေ။
နောက်ဆုံးတွင်တော့ ချင်းထျန်းမိစ္ဆာဂိုဏ်း အပေါ်သို့သာ အပြစ်ပုံချလိုက်ရလေတော့သည်။
သို့သော် ပြဿနာမှာ ချင်းထျန်းမိစ္ဆာဂိုဏ်းက မြောက်ပိုင်းလူရိုင်း သံတမန်များ၏ မြောက်ဘက်သို့ ပြန်မည့် လမ်းကြောင်းကို မည်သို့ သိရှိသွားသနည်း ဆိုသည်ပင် ဖြစ်သည်။
ဤကိစ္စကို တော်ဝင်နန်းတော် ပင်လျှင် အပြည့်အဝ ရှင်းလင်းစွာ သိရှိထားခြင်း မရှိခဲ့ချေ။
"အရင်က အစောင့်အရှောက် လိုက်ပေးတုန်းက အနက်ရောင်ရုံးတော်ကို အသိမပေးခဲ့ဘဲ အခု ပြဿနာ တက်လာတော့မှ..."
ချန်ချင်းဖန် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။
နန်းတော်ထဲရှိ ထိုပုဂ္ဂိုလ် အပေါ် သူ၏ ရင်ထဲတွင် အလွန်အမင်း မကျေမနပ် ဖြစ်နေလေသည်။ ဤသည်မှာ သူ့ကို အပြစ်ပေးရန် ဗြောင်ကျကျ ရည်ရွယ်နေခြင်း ပင်ဖြစ်သည်။
"ဒီလို လုပ်နိုင်တဲ့ စွမ်းရည်နဲ့ ရည်ရွယ်ချက် ရှိတဲ့သူက ချင်းထျန်းမိစ္ဆာဂိုဏ်းက သူပုန်တွေကလွဲလို့ ဘယ်သူမှ မရှိနိုင်ဘူးလေ... တကယ်လို့ နတ်ဘုရားသံတမန် အနေနဲ့ ချင်းထျန်းမိစ္ဆာဂိုဏ်းက သူပုန် အနည်းငယ်လောက်ကို ဖမ်းနိုင်ရင် တာဝန်ကျေပြီလို့ ဆိုနိုင်ပါတယ်..."
ကျန်းချဲ့က အချိန်ကိုက်ပင် လမ်းပြ ပြောဆိုလိုက်လေသည်။
"ချင်းထျန်းမိစ္ဆာဂိုဏ်းက အရေးပါတဲ့ သူပုန်တွေကို ဖမ်းဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ..."
ချန်ချင်းဖန် ခေါင်းရမ်းလိုက်လေသည်။
သာမန် ချင်းထျန်းမိစ္ဆာဂိုဏ်းမှ သူပုန်များမှာ ဧကရာဇ်မင်းကို ကျေနပ်စေနိုင်စွမ်း လုံးဝ မရှိချေ။ သို့သော် ထို အရေးပါသော သူပုန်ကြီးများ မှာလည်း ဖမ်းဆီးရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။
အကယ်၍သာ လွယ်ကူမည် ဆိုပါက သူတို့ နှစ်ရာချီတိုင်အောင် လွတ်လပ်စွာ နေထိုင်နိုင်မည် မဟုတ်ချေ။
ဤ စကားနှင့် ပတ်သက်၍ ကျန်းချဲ့ ဆက်လက် မပြောဆိုတော့ချေ။
အမှန်တကယ်တော့ သူ၏ လက်ထဲတွင် ချူဟယ် ကို သတ်ဖြတ်ခဲ့ခြင်း နှင့် နန်ကုန်းကျိ ကိုယ်တိုင် ပေါက်ကွဲသေဆုံးသွားခဲ့သည့် ပုံရိပ်ယောင် မှတ်တမ်း ရှိနေလေသည်။
သို့သော် သူသည် ယခုအချိန်တွင် ထုတ်ပြရန် မရည်ရွယ်ထားဘဲ နောင်တစ်ချိန်တွင် ကြီးမားသော ဂုဏ်ပြုဆုလာဘ် အဖြစ် အသုံးပြုရန် ရည်ရွယ်ထားလေသည်။
သေချာသည်ကတော့ ဤအချိန်ကို အလွန်အမင်း ကြာရှည်စွာ ဆွဲထား၍ မရနိုင်ချေ။ မည်သို့ပင်ဆိုစေ ချင်းထျန်းမိစ္ဆာဂိုဏ်း ဘက်မှ မည်သည့် ပြဿနာများ ထပ်မံ ဖန်တီးလာမည်ကို မည်သူမျှ မသိနိုင်ပါလော။
ရွှီချိုးယွဲ့ ဆိုသော နယ်ရုပ်လေး နှင့် ပတ်သက်၍တော့ သူ အခြား အသုံးဝင်မည့် နေရာ ရှိနေလေသည်။
အကယ်၍ ကျီချန်ရှန်း သားအမိသာ အခြေအနေကို နားလည်သဘောပေါက်မည် ဆိုပါက ဤကိစ္စကို သူ ဖွင့်ချမည် မဟုတ်ချေ။
သို့သော် တစ်ဖက်လူက သူ အလိုရှိသော အရာကို ထုတ်မပေးနိုင်ပါက သူသည် ကျီချန်ရှန်း သားအမိကို ကပ်ဘေးကြီး တစ်ခုထံသို့ သေချာပေါက် ပို့ဆောင်ပေးရတော့မည် ဖြစ်လေသည်။
စကားပြောဆိုနေကြစဉ် သူတို့ နှစ်ယောက်သည် ဖုန်းထျန်း နန်းဆောင် ၏ အပြင်ဘက်သို့ ရောက်ရှိလာကြလေသည်။
ဘေးပတ်ဝန်းကျင်တွင် ညီလာခံတက်ရန် ရောက်ရှိနေကြသော နန်းတွင်း အရာရှိများဖြင့် ပြည့်နှက်နေပြီး သာမန် သိုင်းပညာရှင်များ စုဝေးနေသည့်အလား အလွန်အမင်း ဆူညံပွက်လောရိုက် နေလေသည်။
သို့သော် ကျီချန်တောက် ရောက်ရှိလာချိန်တွင်တော့ ဘေးပတ်ဝန်းကျင် တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားလေတော့သည်။
"နတ်မင်းကြီးကို ဂါရဝပြုပါတယ်..."
"နတ်မင်းကြီးကို ဂါရဝပြုပါတယ်..."
ကျီချန်တောက် လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် အရိုအသေ ပေးကြသူများ ရှိနေလေသည်။
ကျန်းချဲ့နှင့် ချန်ချင်းဖန်တို့ လည်း ချွင်းချက် မဟုတ်ချေ။
သို့သော် ကျီချန်တောက် သူ၏ အနီးသို့ ရောက်ရှိလာချိန်တွင် ကျန်းချဲ့သည် ကျီချန်တောက်၏ အကြည့်များ သူ၏ ကိုယ်ပေါ်တွင် ခေတ္တခဏမျှ ရပ်တန့်သွားကြောင်းကို သိသာထင်ရှားစွာ ခံစားလိုက်ရလေသည်။
သို့သော် မည်သည့် အခြေအနေ ဖြစ်ကြောင်းကိုတော့ ကျန်းချဲ့ နားမလည်နိုင်ချေ။
အရိုအသေ ပေးပြီးနောက် တိတ်ဆိတ်စွာပင် နေလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် ကျီချန်တောက် လည်း အပိုစကားများ မဆိုတော့ဘဲ သူ့ကို တစ်ချက် ကြည့်ပြီးနောက် ဖုန်းထျန်း နန်းဆောင် အတွင်းသို့ ဝင်ရောက်သွားလေသည်။
ယခင်က လုပ်ထုံးလုပ်နည်း များအတိုင်းပင် ဧကရာဇ်မင်း ကျီဝမ်ဟောက် သည် ဘေးပေါက်မှ ထွက်လာကာ နဂါးပလ္လင် ဆီသို့ လျှောက်သွားလေသည်။
အောက်ဘက်ရှိ နန်းတွင်း အရာရှိများ အားလုံး အရိုအသေ ပေးကြပြီးနောက် ဧကရာဇ်မင်းက မှူးမတ်များကို မတ်တတ်ရပ်ခိုင်းလိုက်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ အနည်းငယ် ကွာခြားနေလေသည်။
ကျီဝမ်ဟောက် သည် နဂါးပလ္လင်ထက်တွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်စွာ ထိုင်နေပြီးမှသာ စကားစတင် ပြောဆိုလိုက်လေသည်။
မျက်နှာထားမှာလည်း အလွန်အမင်း မှုန်မှိုင်းနေပြီး ဩဇာတိက္ကမ ပြည့်ဝသော အကြည့်များဖြင့် အောက်ဘက်ရှိ မှူးမတ်များကို လှည့်ပတ် ကြည့်ရှုလိုက်လေသည်။ ကျီချန်တောက် မှလွဲ၍ မည်သူကမျှ သူ့ကို မျက်လုံးချင်း ဆုံရဲခြင်း မရှိကြချေ။
"မှူးမတ်တို့ မတ်တတ်ရပ်နိုင်ပြီ..."
အေးစက်စက် အသံတစ်သံက ယွမ်ခန်းဧကရာဇ် ၏ နှုတ်ဖျားမှ ထွက်ပေါ်လာလေသည်။
ကျီဝမ်ဟောက်၏ စိတ်အခြေအနေမှာ အမှန်တကယ်ပင် အလွန် ဆိုးရွားနေလေသည်။
မြောက်ပိုင်းလူရိုင်း သံတမန်များ ကြားဖြတ် သတ်ဖြတ်ခံရကြောင်း သိရှိပြီးကတည်းက သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုမျှ မပေါ်ထွက်တော့ချေ။
ယခင်က သူ၏ အစီအစဉ်များ အားလုံးမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်မှု အပေါ်တွင် အခြေခံ တည်ဆောက်ထားခဲ့ခြင်း ပင်ဖြစ်သည်။
သို့သော် ယခုအခါ အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
ကုန်းကုန်းဝေ့ ၏ အကြံပေးချက်ကို နားမထောင်ဘဲ တစ်ဖက်လူကို အတင်းအဓမ္မ အစောင့်အရှောက် လိုက်ခိုင်းခဲ့သင့်သည်ဟု သူ တွေးတော နေမိလေသည်။
သို့သော် ယခု ဘာပြောပြော အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။
အရာအားလုံး နောက်ကျ သွားခဲ့လေပြီ။
မြောက်ပိုင်းလူရိုင်း များ ဘက်မှ အပြစ်တင် မေးခွန်းထုတ်ထားသော စာလွှာ ရောက်ရှိလာပြီး အလယ်ပိုင်းဒေသ တော်ဝင်နန်းတော် အနေဖြင့် တိကျသော ဖြေရှင်းချက် တစ်ခု ပေးရန် တောင်းဆိုထားလေသည်။
သို့သော် သူ မည်သည့် အရာကို အသုံးပြု၍ ဖြေရှင်းချက် ပေးရမည်နည်း။
ယခု အချိန်အထိ ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ လက်ချက် ဖြစ်နိုင်သည်ဟု သံသယ ဝင်ရုံသာ တတ်နိုင်သေးလေသည်။
ပြဿနာမှာ ချင်းထျန်းမိစ္ဆာဂိုဏ်း၏ လက်ချက် ဖြစ်နေလျှင်တောင်မှ ဘာလုပ်နိုင်မည်နည်း။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုသည်မှာ အချိန်တိုအတွင်း ထပ်မံ ဖြစ်ပေါ်လာရန် လုံးဝ မဖြစ်နိုင်တော့ချေ။
သူကိုယ်တိုင် ငြိမ်းချမ်းရေးကို အလွန်အမင်း အလိုရှိနေသော်ငြား ဤတစ်ကြိမ်တွင် မြောက်ပိုင်းလူရိုင်း များ ဘက်မှ အလွန် ကြီးမားသော တောင်းဆိုမှုများ ပြုလုပ်လာမည်ကို ကောင်းစွာ သိရှိထားလေသည်။
ထိုကဲ့သို့သော ပေးဆပ်ရမှု မျိုးကို သူ့ကို မဆိုထားနှင့် နန်းတွင်း အရာရှိများ အားလုံး ပင်လျှင် သဘောတူခွင့်ပြုမည် မဟုတ်ချေ။
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်..."
မှူးမတ်များ အားလုံး အရိုအသေ ပေးကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြလေသည်။
"မှူးမတ်တို့ အားလုံး သိကြတဲ့ အတိုင်းပဲ... မြောက်ပိုင်းလူရိုင်း သံတမန်တွေဟာ ချီတောင်တန်း လမ်းဝမှာ ကြားဖြတ် သတ်ဖြတ်ခံလိုက်ရတယ်... တစ်ယောက်မှ အသက်ရှင် မကျန်ရစ်ခဲ့ဘူး... မင်းတို့ ပြောစမ်း... ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်သလဲ..."
ယွမ်ခန်းဧကရာဇ် ၏ အကြည့်များက မှူးမတ်များကို လှည့်ပတ် ကြည့်ရှုလိုက်လေသည်။
သို့သော် အဓိက အားဖြင့်တော့ ကျီချန်တောက် ၏ အပေါ်သို့ ကျရောက်သွားလေသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ဧကရာဇ်မင်း၏ အကြည့်ကို ကျီချန်တောက် က စိတ်လွင့်မျော နေသည့်အလား လုံးဝ လျစ်လျူရှု ထားလိုက်လေသည်။
"ကိစ္စတွေက ဒီအခြေအနေကို ရောက်နေပြီ ဆိုမှတော့... မြောက်ပိုင်းလူရိုင်း သူပုန်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှာကို ကာကွယ်ဖို့ အတွက် မြောက်ပိုင်း နယ်စပ်ကို ချက်ချင်း စစ်တပ်တွေ စေလွှတ်သင့်တယ်လို့ ကျွန်တော်မျိုး ထင်မြင်ပါတယ်..."
"စစ်တပ် စေလွှတ်မယ် ဟုတ်လား... ပြောတာကတော့ လွယ်ပါတယ်... ဒါပေမဲ့ မြို့တော်မှာက တားမြစ်ခံ ကိုယ်ရံတော်တပ်ဖွဲ့ နှစ်သိန်း ကလွဲလို့ ဘယ်မှာ အင်အားတောင့်တင်းတဲ့ စစ်တပ်တွေ ကျန်တော့လို့လဲ... ပြည်နယ်တွေ အားလုံးမှာလည်း သူပုန်တွေ အဆက်မပြတ် ထကြွနေတာ ဆိုတော့ စစ်တပ်တွေကို ဆွဲထုတ်လို့ မရနိုင်ဘူးလေ..."
လူတစ်ယောက်က နေရာမှာတင် ဝင်ရောက် ကန့်ကွက်လိုက်လေသည်။
"မြောက်ပိုင်းလူရိုင်း တွေသာ နယ်စပ်ကို ချိုးဖောက် ဝင်ရောက်လာရင် အဲ့ဒီအချိန်ကျမှ စစ်တပ် စေလွှတ်ဖို့ စဉ်းစားတာက အရမ်း နောက်ကျသွားလိမ့်မယ်..."
"တကယ်လို့များ စစ်တပ်တွေကို ရမ်းသန်းပြီး ဆွဲထုတ်လိုက်မယ် ဆိုရင် မြောက်ပိုင်းလူရိုင်း တွေ ဝင်ရောက် လာစရာတောင် မလိုဘူး... လောက တစ်ခုလုံး စစ်မီးတွေ တောက်လောင် သွားလိမ့်မယ်..."
"တော်ကြတော့... ငါကိုယ်တော်က မင်းတို့ကို ဖြေရှင်းမယ့် နည်းလမ်း စဉ်းစားခိုင်းတာ... ဒီနေရာမှာ လာပြီး ရန်ဖြစ်ခိုင်းနေတာ မဟုတ်ဘူး..."
ယွမ်ခန်းဧကရာဇ် သည် မူလကတည်းက အလွန်အမင်း စိတ်ရှုပ်ထွေး နေခဲ့ရာ နန်းဆောင် အတွင်းရှိ ဆူညံသံများကို ကြားသောအခါ ချက်ချင်းပင် အော်ဟစ် ကြိမ်းမောင်း လိုက်လေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဖုန်းထျန်း နန်းဆောင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
"ချန်ချင်းဖန်... မြောက်ပိုင်းလူရိုင်း သံတမန်တွေ သတ်ဖြတ်ခံရတဲ့ ကိစ္စကို စုံစမ်းလို့ ဘယ်အခြေအနေ ရောက်ပြီလဲ..."
ကျီဝမ်ဟောက် အေးစက်စွာ နှာမှုတ်လိုက်ပြီး အောက်ဘက်ရှိ ပုံရိပ် တစ်ခုထံသို့ အကြည့်ကို ရွှေ့လိုက်လေသည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... လက်ရှိ အချိန်မှာ ကျွန်တော်မျိုး အနေနဲ့ ချင်းထျန်းမိစ္ဆာဂိုဏ်း က သူပုန်တွေရဲ့ လက်ချက် ဆိုတာကိုပဲ အတည်ပြု နိုင်ပါသေးတယ်... ဒါပေမဲ့ လူသတ်သမားကို အခုချိန်ထိ မဖမ်းမိသေးပါဘူး... မြို့တော် အတွင်းမှာ ရန်သူနဲ့ ပူးပေါင်းတဲ့သူတွေ ရှိနေနိုင်တယ်လို့ ကျွန်တော်မျိုး သံသယ ရှိပါတယ်... အဲ့ဒီ လူယုတ်မာ တွေကို အဓိကထားပြီး ဖမ်းဆီးသင့်ပါတယ်..."
ဧကရာဇ်မင်း၏ ဒေါသများ သူ၏ အပေါ်သို့ ကျရောက်လာမည်ကို စိုးရိမ်သဖြင့် ချန်ချင်းဖန် သည် ချက်ချင်းပင် ဆင်ခြေပေးကာ လွှဲချလိုက်လေသည်။
ဤ ဆင်ခြေကို ကြားသောအခါ ကျီဝမ်ဟောက် ၏ မျက်နှာထား အေးစက်သွားလေသည်။
မြောက်ပိုင်းလူရိုင်း သံတမန်များ မြို့တော်မှ ထွက်ခွာသွားပြီးနောက် လှုပ်ရှားမှု များကို သူ ကိုယ်တိုင် ပင် မသိရှိ ခဲ့ချေ။ ကောင်းကင် လျှို့ဝှက်ချက် များ ပင်လျှင် နှောင့်ယှက် ဖျက်ဆီး ခံထားရသဖြင့် မြို့တော် အတွင်းရှိ ကိစ္စများ နှင့် မည်သို့ သက်ဆိုင် နိုင်မည်နည်း။
သို့သော် သူ၏ စိတ်ထဲတွင် အတွေးတစ်ချက် ပြောင်းသွားပြီး ဤ အခွင့်အရေး ကို အသုံးချ ကာ မြို့တော် ကို နောက်ထပ် တစ်ကြိမ် ရှင်းလင်း ပစ်ရန် တွေးတော လိုက်လေသည်။
ထို့ကြောင့် အသံနိမ့်နိမ့် ဖြင့် ပြောလိုက်လေသည်။
"ဒါဆိုရင် လည်း စုံစမ်းစမ်း... အစကနေ အဆုံးအထိ ငါကိုယ်တော့် အတွက် သေသေချာချာ စုံစမ်း... ဒီကိစ္စမှာ ပါဝင် ပတ်သက်နေတဲ့ သူမှန်သမျှ အကုန်လုံးကို နေရာမှာတင် ကွပ်မျက်လိုက်..."
"အရှင်မင်းကြီး... ကျွန်တော်မျိုး လက်အောက်က အင်အား အများစု က မြို့တော်ကနေ ထွက်ခွာသွားပြီး ဒီကိစ္စကို စုံစမ်းဖို့ ချန်းကျိုးပြည်နယ် ကို သွားနေကြပါပြီ... လက်ရှိ အချိန်မှာ လူအင်အား လိုအပ်ချက် ရှိနေလို့ တားမြစ်ခံ ကိုယ်ရံတော်တပ်ဖွဲ့ ကို အကူအညီ တောင်းလို့ ရနိုင်မလား..."
ချန်ချင်းဖန် က ဆက်လက် လျှောက်တင် လိုက်လေသည်။
ဤကိစ္စ နှင့် ပတ်သက်၍ ကျီဝမ်ဟောက် သဘာဝကျကျပင် သဘောတူညီမည် မဟုတ်ချေ။
အကြောင်းမူကား မြို့တော် အတွင်းတွင် ပြဿနာ ကြီးကြီးမားမား မရှိကြောင်း သူ ကောင်းစွာ သိရှိထားပြီး အခွင့်အရေး ရတုန်း မြို့တော်ကို ရှင်းလင်း ပစ်ရန် သက်သက်သာ ဖြစ်လေသည်။
ထို့အပြင် ပြည်သူများ၏ မကျေနပ်မှု များကို အနက်ရောင်ရုံးတော် ၏ အပေါ်သို့ ပုံချ ကာ နောင်တစ်ချိန်တွင် ဩဇာအာဏာ လျှော့ချရန် ကြိုတင် ပြင်ဆင်နေခြင်း ပင်ဖြစ်သည်။
ထို့ကြောင့် တားမြစ်ခံ ကိုယ်ရံတော်တပ်ဖွဲ့ ကို အသုံးပြုရန် လုံးဝ မဖြစ်နိုင်ချေ။ မည်သို့ပင်ဆိုစေ တားမြစ်ခံ ကိုယ်ရံတော်တပ်ဖွဲ့ မှာ သူ၏ အမိန့် တစ်ခုတည်း ဖြင့်သာ လှုပ်ရှားရကြောင်း လူတိုင်း သိရှိထားကြသည် မဟုတ်ပါလော။
"တော်ဝင်နန်းတော် တစ်ခုလုံးမှာ အရည်အချင်းရှိတဲ့ လူတွေ အများကြီး ရှိနေတာကို လူအင်အား လိုအပ်နေသေးတယ် ဟုတ်လား... ကွမ်ကျွင်းနယ်စား ဘယ်မှာလဲ..."
ကျီဝမ်ဟောက် ၏ အကြည့်များက ချန်ချင်းဖန် ၏ ဘေးနားရှိ ပုံရိပ်တစ်ခု အပေါ်သို့ ရုတ်တရက် ကျရောက်သွားလေသည်။
"ကျွန်တော်မျိုး ရှိပါတယ်..."
ကျန်းချဲ့ ဘေးသို့ တစ်လှမ်း ထွက်ကာ မတ်တတ်ရပ် လိုက်လေသည်။
"မင်းရဲ့ လက်ထဲမှာ အခု လောလောဆယ် ဘာ ရာထူး တာဝန်မှ မရှိသေးဘူး ဆိုတော့... အဆင့်သုံး အနက်ရောင်ရုံးတော် တပ်မှူးကြီး အနေနဲ့ ချန်ချင်းဖန် ကို ကူညီပြီး မြောက်ပိုင်းလူရိုင်း သံတမန်တွေ သတ်ဖြတ်ခံရတဲ့ အမှု ကို သွားရောက် စုံစမ်းလိုက်..."
ကျန်းချဲ့ ၏ ရင်ထဲတွင် လှုပ်ရှားသွားလေသည်။ ဤသို့ ဆိုလျှင် သူ့အတွက် အကြောင်းပြချက် ကောင်းကောင်း တစ်ခု ရရှိသွားပြီ ဖြစ်လေသည်။ ချက်ချင်းပင် ခါးညွှတ် အရိုအသေ ပေးကာ လျှောက်တင် လိုက်လေသည်။
"အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး..."
ထို ကိစ္စများကို ညွှန်ကြား ပြီးနောက် ကျီဝမ်ဟောက် ၏ အကြည့်များက ဘေးနား တွင် စိတ်လွင့်မျော နေသော ကျီချန်တောက် ထံသို့ ရွှေ့သွားလေသည်။
"ဦးရီးတော်..."
"ကျွန်တော်မျိုး ရှိပါတယ်..."
ကျီချန်တောက် မျက်လုံး ကို တစ်ဝက်ခန့် ဖွင့်ကာ နဂါးပလ္လင် ထက်ရှိ ပုံရိပ် ကို မော့ကြည့် လိုက်လေသည်။
"မြောက်ပိုင်းလူရိုင်း သံတမန်တွေ သတ်ဖြတ်ခံလိုက်ရတော့ မြက်ခင်းပြင် ဝမ်ထင် က အကြီးအကျယ် ဒေါသထွက်နေတယ်... နောက်တစ်လှမ်း အနေနဲ့ အလွဲအချော် မရှိဘူး ဆိုရင် သေချာပေါက် အလုံးအရင်းနဲ့ ဝင်ရောက် ကျူးကျော် လာလိမ့်မယ်... ဦးရီးတော် က တော်ဝင်နန်းတော် ရဲ့ အဓိက ထောက်တိုင် ကြီး တစ်ခု ဖြစ်သလို ငါကိုယ်တော့် ရဲ့ အားကိုးရာ လည်း ဖြစ်တယ်... ဒါကြောင့် ဦးရီးတော် ကိုယ်တိုင် မြောက်ပိုင်း နယ်စပ်ကို သွားပြီး အခြေအနေ ကို ထိန်းသိမ်း ပေးရင်ရော ဘယ်လို သဘောရလဲ..."
ကျီဝမ်ဟောက် သည် ကျီချန်တောက် ကို မြို့တော် မှ အဝေးသို့ ပို့ဆောင် ကာ ဩဇာအာဏာ ကို တဖြည်းဖြည်း လျှော့ချ လိုသော်ငြား သူကိုယ်တိုင် ဧကရာဇ် တစ်ပါး ဖြစ်နေလျှင်တောင် မှ အတင်းအဓမ္မ အမိန့်ပေး ရန် မဝံ့ရဲ သဖြင့် ဤကဲ့သို့ နူးညံ့ သိမ်မွေ့သော လေသံ မျိုးကိုသာ အသုံးပြု ရလေသည်။
ကျီချန်တောက် ကတော့ ခေါင်းရမ်း လိုက်လေသည်။
"ကျွန်တော်မျိုး အခု တလော ကျင့်ကြံ တဲ့ နေရာမှာ အမှားအယွင်း လေး တွေ ရှိနေလို့ ခန္ဓာကိုယ် ကို ပြန်လည် ထိခိုက် ဒဏ်ရာ ရသွားပါတယ်... ဒါကြောင့် မြောက်ပိုင်း ကို သွားဖို့ အတွက် ခက်ခဲ နေပါတယ်... ပြီးတော့ ကျွန်တော်မျိုး မှာ စစ်တပ် ကို ဦးဆောင် နိုင်တဲ့ အရည်အချင်း လည်း မရှိပါဘူး... ကိစ္စ တွေ မှားယွင်း သွားမှာ စိုးရိမ် ရတဲ့ အတွက် အရှင်မင်းကြီး အနေနဲ့ တခြား သင့်တော် တဲ့ သူကိုသာ ရွေးချယ် လိုက်ပါ..."
နဂါးဝတ်ရုံ အောက်တွင် ကျီဝမ်ဟောက် ၏ လက်သီး နှစ်ဖက် တင်းကျပ်စွာ ဆုပ်ထား မိပြီး မျက်ဝန်း အောက်ခြေ တွင် မကျေမနပ် ဖြစ်မှု များ ဖြတ်ပြေး သွားလေသည်။
'ဆင်ခြေ...'
လုံးဝ ဖုံးကွယ် ထားခြင်း မရှိသော ဆင်ခြေ သက်သက် သာ ဖြစ်လေသည်။
ကျီချန်တောက် ကဲ့သို့သော သိုင်းသူတော်စင် တစ်ပါး က ကျင့်ကြံ ခြင်း ကြောင့် ပြန်လည် ထိခိုက် ဒဏ်ရာ ရနိုင်ပါ့မလား။
မြို့တော် မှ မထွက်ခွာ လို၍ သက်သက်သာ ဖြစ်လေသည်။
သို့သော်... ဤ ကိစ္စ နှင့် ပတ်သက်၍ သူ လည်း ဘာမှ မတတ်နိုင်ချေ။ အသက်ကို ပြင်းပြင်း ရှူသွင်း လိုက်ပြီး ခေါင်း အနည်းငယ် ညိတ်လိုက် လေသည်။
"ဦးရီးတော် မှာ ဒဏ်ရာ ရှိနေတယ် ဆိုမှတော့ လည်း ထားလိုက်ပါတော့..."
စကား အဆုံး တွင် သူ၏ အကြည့် များက ကျီချန်တောက် ၏ ဘေးနားရှိ သံချပ်ကာ ဝတ်စုံ ဝတ်ဆင် ထားသော သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် ထံသို့ ရွှေ့သွား လေသည်။
"မြို့စားကြီးယန်... ဒီတစ်ခေါက် တော့ မြောက်ပိုင်းလူရိုင်း တွေ ဝင်ရောက် ကျူးကျော် လာမှာကို ကာကွယ် ဖို့ အတွက် တားမြစ်ခံ ကိုယ်ရံတော်တပ်ဖွဲ့ ငါးသောင်း ကို ဦးဆောင် ပြီး မြောက်ပိုင်း နယ်စပ် ကို သွားရောက် ကူညီ ဖို့ မြို့စားကြီးယန် ကို အကူအညီ တောင်းရ လိမ့်မယ်..."
မြို့စားကြီးယန် ဟု ခေါ်ဆို ခံရသူမှာ တာ့ကျိုး နိုင်ငံတော် ၏ ထိပ်တန်း မြို့စားကြီး များ အနက်မှ တစ်ပါး ဖြစ်ပြီး မြို့တော် တားမြစ်ခံ ကိုယ်ရံတော်တပ်ဖွဲ့ ၏ စစ်သူကြီးချုပ် လည်း ဖြစ်လေသည်။
ကျီချန်တောက် နှင့် အတူ တော်ဝင် နန်းတော် ၏ အဓိက ခိုင်မာသော ထောက်တိုင် ကြီး တစ်ခု အဖြစ် သတ်မှတ် ခံထား ရသူ ဖြစ်လေသည်။
ဧကရာဇ်မင်း ၏ အမိန့် ကို ကြားသောအခါ မြို့စားကြီးယန် က လက်ယှက် အရိုအသေ ပေးလိုက်လေသည်။
"အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး..."
ကျီဝမ်ဟောက် ခေါင်းညိတ် လိုက်ပြီး လက်ကာပြ လိုက်လေသည်။
"ငါကိုယ်တော် ပင်ပန်း နေပြီ... ညီလာခံ ရပ်နား မယ်..."
ညီလာခံ ပြီးဆုံး သွားပြီးနောက် ကျန်းချဲ့ သည် ချန်ချင်းဖန် ထံမှ ခွင့်ပြုချက် တောင်းခံ ပြီးနောက် တစ်ကိုယ်တော် စတင် လှုပ်ရှား လိုက်လေသည်။
အဓိက ပစ်မှတ် မှာ ရွှီချိုးယွဲ့ သာ ဖြစ်ပြီး သူမ ၏ ကိုယ်ပေါ် မှ ဖြတ်သန်း ဝင်ရောက် နိုင်မည့် လမ်းစ တစ်ခု ကို ရှာဖွေ လိုခြင်း ပင်ဖြစ်သည်။
ထို အချိန် ကျရောက် လာပါက ဤ လျှို့ဝှက်ချက် ကို အခြား သူများ သိစေချင် သလား ဆိုသည်ကို မိဖုရားကြီးရွှီ အား သူ သေချာပေါက် မေးမြန်း ရမည် ဖြစ်လေသည်။
အခြား တစ်ဖက် တွင်။ ဖုန်းထျန်း နန်းဆောင် ၏ ညီလာခံ ကိစ္စ မှာ မြို့တော် အတွင်း တွင် သေးငယ်လှသော လှုပ်ခတ်မှု များကို ဖြစ်ပေါ် စေခဲ့လေသည်။
ကြီးမားလှသော ရှင်းလင်း သုတ်သင် မှု ကြီး တစ်ရပ် ရောက်ရှိ လာတော့မည် ကို လူများစွာ သတိပြု မိသွား ကြပြီး ချက်ချင်း ပင် လူတိုင်း အထိတ်တလန့် ဖြစ်သွား ကြလေသည်။
သို့သော် မင်းသား အချို့ ကတော့ ပုံမှန် အတိုင်း ပင် ရှိနေလေသည်။
မည်သို့ပင်ဆိုစေ သူတို့ သည် ချင်းထျန်းမိစ္ဆာဂိုဏ်း နှင့် ပူးပေါင်း ရန် အဖြစ်နိုင်ဆုံး မရှိသူ များ သာ ဖြစ်ကြသည် မဟုတ်ပါလော။
ကျီချန်ရှန်း သည် ပျင်းရိ ငြီးငွေ့ နေသဖြင့် ဖုန်းဟယ် နန်းဆောင် သို့ လာရောက် ကာ ဂါရဝပြု ပြီးနောက် မြို့တော် အတွင်း ရှိ အဖြစ်အပျက် အချို့ ကို မိဖုရားကြီးရွှီ အား ပြောပြ လိုက်လေသည်။
"ချင်းထျန်းမိစ္ဆာဂိုဏ်း က သူပုန် တွေ ဒီလောက် အထိ ရက်စက် လိမ့်မယ် လို့ တကယ်ကို ထင်မထားခဲ့ဘူး... သံတမန် တွေ အကုန်လုံး ကို တိုက်ရိုက် သတ်ပစ် ပြီး ခမည်းတော် ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အစီအစဉ် ကြီး ကို ပျက်စီး သွားစေခဲ့တာ တကယ်ကို နှမြော စရာ ကောင်းတာပဲ..."
ကျီချန်ရှန်း က ခေါင်းရမ်း ကာ သက်ပြင်းချ လိုက်လေသည်။
မူလ က သူ သည် ဤ ကိစ္စ မှ အကျိုးအမြတ် ရယူ ကာ ခမည်းတော် ၏ မျက်နှာသာ ပေးမှု ကို ရရှိ ရန် တွေးတော ထားခဲ့သော်ငြား ယခု အခြေအနေ တွင်တော့ သိသာ ထင်ရှားစွာ ပင် မဖြစ်နိုင် တော့ချေ။
"ကျန်းချဲ့ ကလည်း ဒီတစ်ခေါက် ချင်းထျန်းမိစ္ဆာဂိုဏ်း ကို စုံစမ်း စစ်ဆေး မယ့် အဓိက တာဝန်ရှိ သူတွေ ထဲက တစ်ယောက် လို့ မင်း ပြောလိုက် တာလား..."
မိဖုရားကြီးရွှီပိုင်ဟယ် မျက်မှောင် ကြုတ်သွား လေသည်။
"ဟုတ်ပါတယ်... သူ က ခမည်းတော် ရဲ့ အနက်ရောင်ရုံးတော် တပ်မှူးကြီး အဖြစ် ခန့်အပ် ခြင်း ကို ခံလိုက် ရပြီး ချန်ချင်းဖန် နဲ့ အတူတူ မြောက်ပိုင်းလူရိုင်း သံတမန် တွေ သတ်ဖြတ် ခံရတဲ့ အမှု ကို စုံစမ်း စစ်ဆေး ရမှာပါ..."
ကျီချန်ရှန်း က ခေါင်းညိတ် လိုက်လေသည်။
"ဒီ ကျန်းချဲ့ က အရမ်း ကို ရက်စက် ကြမ်းကြုတ် တဲ့ သူပဲ... ရည်ရွယ်ချက် အောင်မြင် ဖို့ အတွက် ဘာမဆို လုပ်မယ့် သူ မျိုး... သူ မင်း အပေါ် ကို အပြစ် ပုံချ မှာကို သတိထား ရမယ်... မင်း ရဲ့ ဘေးနား က လူတွေကို အရင်ဆုံး သေသေချာချာ ရှင်းလင်း ပစ်ဖို့ လိုအပ် လိမ့်မယ်... ဒီလို အချိန် မျိုးမှာ မင်း ရဲ့ ခမည်းတော် က အကြီးအကျယ် ဒေါသ ထွက်နေ တာဆိုတော့ ဒီ ကိစ္စ ကြောင့် လုံးဝ ပြဿနာ အဖြစ်ခံ လို့ မရဘူး နော်..."
မိဖုရားကြီးရွှီ က လေးနက်သော လေသံ ဖြင့် အကြံပေး လိုက်လေသည်။
ကျီချန်ရှန်း ၏ မျက်နှာ ပေါ်တွင်တော့ အလွန်အမင်း ဂရုမစိုက် သည့် အမူအရာ များ ပေါ်လွင် နေလေသည်။
"မယ်တော်ကြီး စိတ်ချ ပါ... သားတော် ရဲ့ ဘေးနား မှာ ဘာ ပြဿနာ မှ မရှိပါဘူး... အဲ့ဒီ လူတွေ အားလုံး က သားတော် သေသေချာချာ ရွေးချယ် ပြီး မှ ဘေးနား ကို ခေါ်ထား တာပါ လုံးဝ အမှားအယွင်း မရှိနိုင်ပါဘူး... ကျန်းချဲ့ ကိစ္စ နဲ့ ပတ်သက် ပြီးတော့ လည်း သားတော် က မင်းသား တစ်ပါး ပဲလေ... သက်သေ အထောက်အထား လုံးဝ မရှိဘဲ နဲ့ သားတော် ရဲ့ အပေါ် ကို အပြစ် ပုံချ ရဲတယ် ဆိုရင် နောက်ဆုံး မှာ သူ ကိုယ်တိုင် ပဲ ဒုက္ခ ရောက်သွား လိမ့်မယ်..."
"သားတော် က နောက်ခံ မရှိတဲ့ အင်အားစု သေးသေးလေး မှ မဟုတ်တာ... အနက်ရောင်ရုံးတော် ရဲ့ အပြစ် ပုံချ မှု တွေက မင်းသား တစ်ပါး ရဲ့ အပေါ် ကို အသုံးပြု ရဲမှာ မဟုတ်ပါဘူး... တကယ်လို့များ မင်းသား တစ်ပါး ကို အပြစ် ပုံချ တာ သာ စစ်ဆေး တွေ့ရှိ သွားရင် ကျန်းချဲ့ မှာ အသက် ဆယ်ချောင်း ရှိနေ ရင်တောင် မှ အသတ် ခံရဖို့ လုံလောက် မှာ မဟုတ်ဘူး..."
အမှန်တကယ်တော့ သူ သည် ကျန်းချဲ့ ကို ထိုသို့ လုပ်ဆောင် စေချင် နေမိလေသည်။
ဤသို့ ဆိုလျှင် တစ်ဖက်လူ အနေဖြင့် ပြဿနာ ကြီးကြီးမားမား နှင့် ရင်ဆိုင် ရစေရန် သူ ပြုလုပ် နိုင်မည် ဖြစ်လေသည်။
မိဖုရားကြီးရွှီ ကတော့ သားဖြစ်သူ ကျီချန်ရှန်း ကဲ့သို့ အကောင်းမြင် နိုင်စွမ်း မရှိချေ။
မည်သည့် အတွက်ကြောင့် မှန်း မသိသော်ငြား မကြာသေးမီ ကာလ များ အတွင်း သူမ ၏ ရင်ထဲတွင် အမြဲတမ်း စိုးရိမ် ပူပန် မှု တစ်ခု ကို ခံစား နေရပြီး ပြဿနာ တစ်ခုခု ဖြစ်ပေါ် လာတော့မည့် အလား ပင်ဖြစ်သည်။
ခေတ္တခဏ တိတ်ဆိတ် သွားပြီးနောက် သူမ သက်ပြင်း တစ်ချက် ကို မှုတ်ထုတ် လိုက်လေသည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ့ပေါ့ဆဆ နေလို့ မရဘူး... မယ်တော်ကြီး အခုတလော စိတ်ထဲမှာ နည်းနည်းလေး မအေးချမ်း ဘူး ဖြစ်နေတယ်..."
ကျီချန်ရှန်း ကြက်သေသေ သွားပြီး အလျင်အမြန် ပင် ပြန်ပြော လိုက်လေသည်။
"မယ်တော်ကြီး စိတ်ချ ပါ... လုံးဝ ပြဿနာ မရှိနိုင်ပါဘူး... မယ်တော်ကြီး က အခုတလော စိတ်ဖိစီး မှု တွေ များနေ လို့ နေမှာပါ... သားတော် ခဏနေရင် လူ တစ်ယောက် ကို မယ်တော်ကြီး ရဲ့ စိတ်ကို တည်ငြိမ် စေဖို့ အတွက် ငွေရောင် မှို ကြာစေ့ စွပ်ပြုတ် တစ်ခွက် ချက်ခိုင်း လိုက်ပါ့မယ်…”