← Chapters

အခန်း ၁၃၅၁

Vol. 91 Ch. 1351

အခန်း ၁၃၅၁

Vol. 91 Ch. 1351

အခန်း ( ၁၃၅၁ ) ငါ့စကားကို မနာခံသူတွေ‌ သေရမယ်။

နေနတ်ဘုရားတောင်၏ သတ္တဝါများ အားလုံးနီးပါး သုတ်သင်ခံခဲ့ကြရသည်။

ရွှေကျီးကန်းဘုရင်နှင့် ပထမအကြီးအကဲတို့မှာတော့ မသေသေးပေ။

သို့ရာတွင်၊ သူတို့ကလည်း ချောင်ပိတ်မိနေသော သားရဲများကဲ့သို့ အသည်းအသန် ရုန်းရန်နေကြရသည်။

သူတို့အတွက် သေဆုံးခြင်းက အချိန်တစ်ခုသာ ဖြစ်လိမ့်မည်။

"ငါသေရင်တောင် မင်းတို့ကို လွယ်လွယ် ခွင့်မပြုဘူး"

ရွှေကျီးကန်းဘုရင်က သူ၏ သွေးမျိုးဆက်စွမ်းအားကို စတင် လောင်ကျွမ်းစေလိုက်သည်။ သူ့တကိုယ်လုံးတွင် နေမီးတောက်များက အလျှံညီးညီး တောက်လောင်နေ၏။

သူ၏ အသက်ဓာတ်က လောင်ကျွမ်းခံရသောကြောင့် သွေးကြောတိုင်းက ပူလောင်နေတော့သည်။

ဤအခိုက်တွင်၊ ရွှေကျီးကန်းဘုရင်၏ အရှိန်အဝါက အမှန်တကယ် မြင့်မားလာခဲ့သည်။

သူက ဧကရာဇ်အဆင့်သို့ မရောက်သေးသော်လည်း အလွန်နီးစပ်နေပြီ။

သို့သော်လည်း ဒါက အသုံးမဝင်ခဲ့ပါ။

ဤနေရာတွင် လွန်စွာ တန်ခိုးကြီးသော ဧကရာဇ်ကြီးများ ရှိနေကြသည်။

ရွှေကျီးကန်းဘုရင်က ကံကောင်းပြီး ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် သေခြင်းမှ မလွတ်မြောက်နိုင်ပေ။

လူသတ်ဘုရင်နှင့် ပိုင်သို့ဧကရာဇ်က လှုပ်ရှားလိုက်ကြသည်။

ဘိုးဘွားတောင်က အကာအကွယ်ပေးထားသည့်တိုင် ရွှေကျီးကန်းဘုရင်၏ ခန္ဓာကိုယ်က တုန်ခါနေပြီး အက်ကွဲနေသေးသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဧကရာဇ်လက်နက်များဖြစ်သော မဟာနေမင်းနတ်ဘုရားချပ်ဝတ်က တိုက်ခိုက်မှုများကို မခံနိုင်တော့ဘဲ အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

နေနတ်ဘုရားမီးပြင်းဖိုမှာလည်း ကျွင်းဧကရာဇ်ခုံရုံး၏ ဧကရာဇ်လက်နက် အများအပြားက ဖိနှိပ်ခံထားရပြီး ခေါင်းပင်မထောင်နိုင်ပေ။

ပထမအကြီးအကဲ၏ ခန္ဓာကိုယ်ကလည်း အက်ကွဲလာပြီး သေအံ့ဆဲဆဲဖြစ်နေပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။

"ကျွင်းဧကရာဇ်ခုံရုံး၊ မင်းတို့ ရူးနေပြီပဲ။ မင်းတို့ နေနတ်ဘုရားတောင်ကို ဖျက်ဆီးဝံ့တယ်လား"

စကားပြောလာသူမှာ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦး ဖြစ်၏။

ထို့နောက် ကောင်းကင်ယံ၏ အခြားတစ်ဖက်မှ လူရိပ်တစ်ခုက တိတ်ဆိတ်စွာ ထပ်မံထွက်ပေါ်လာသည်။

"ကျွင်းမိသားစု ကောင်လေး၊ မင်း တရားလွန်သွားပြီ။ ငါတို့ ရှေးဟောင်းတော်ဝင်မျိုးနွယ်ကို ဒီလို လွယ်လွယ်နဲ့ ဖျက်ဆီးနိုင်မယ်ထင်တာလား"

ထို့နောက်တွင်၊ နောက်ထပ် အားကောင်းသော အရှိန်အဝါဖြင့် လူရိပ် အများအပြားက လေထဲမှ ထပ်မံပေါ်လာကြ၏။

ခြွင်းချက်မရှိဘဲ၊ သူတို့အားလုံးက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ ဖြစ်တော့သည်။

"သူတို့က... ရှေးခေတ်တော်ဝင်မျိုးနွယ်ဝင်တွေလား"

ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရှိ ကျင့်ကြံသူအားလုံး အံ့အားသင့်သွားကြသည်။

၎င်းတို့က နဂါးဘုရင်နန်းတော်၊ နတ်ဆိုးဖီးနစ် ရှေးဟောင်းဂူ၊ ကောင်းကင်ပိုးတောင်ကြားနှင့် ကျိုယိုးတောင်ကဲ့သို့ အင်အားစုများမှ ဆင်းသက်လာပေသည်။

'ရှေးဟောင်းတော်ဝင်မျိုးနွယ်တွေက အတူတကွ ကြီးပွားချမ်းသာကြပြီး အတူတကွ ဆင်းရဲဒုက္ခခံကြတယ်။ သူတို့က မျိုးနွယ်တစ်ခုတည်း မဟုတ်ပေမဲ့ သူတို့ကို မျိုးနွယ်ခွဲတွေအဖြစ် သတ်မှတ်လို့ရတယ်'

'အမှန်ပဲ၊ သေချာတာကတော့ သူတို့က နေနတ်ဘုရားတောင်ကို ဒီလိုဖျက်ဆီးနေတာကို ထိုင်ကြည့်နေမှာ မဟုတ်ဘူး'

ကျင့်ကြံသူတချို့က အချင်းချင်း စိတ်ဖြင့် ဆက်သွယ်ကာ ပြောဆိုလိုက်ကြသည်။

ထို့နောက်တွင် အခြား အင်အားစုများမှ အကျော်အမော်အချို့က ထပ်မံ ရောက်ရှိလာသည်။

သို့သော်လည်း သူတို့ကတော့ စကားများများ မပြောပေ။

နောက်ဆုံးတွင်၊ သူတို့က နေနတ်ဘုရားတောင်နှင့် ပတ်သက်မှုမရှိဘဲ အပျော်တမ်းသက်သက် ကြည့်ရှုရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်၊ အခု ရပ်လိုက်ပါ။ ဒါဆိုရင် ဆွေးနွေးစရာရှိသေးတယ်"

ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်နှင့်ခရမ်းရောင်အလင်းများ ဖုံးလွှမ်းနေသော ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးက လျစ်လျူရှုစွာ ပြောလိုက်သည်။

သူ့အနောက်တွင် အမြီးကိုးချောင်း ရှိ၏။ အမြီးတစ်ခုစီတွင် ရက်စက်ကြမ်းကြုတ်သော ဦးခေါင်းတစ်ခုစီ ရှိနေပုံရသည်။

၎င်းက ကျိုယိုးသားရဲမျိုးနွယ်မှ အကျော်အမော်ပင်။

သူတို့၏ အင်အားစုကိုတော့ ကျိုယိုးတောင်ဟု‌ ခေါ်သည်။

ယခုအချိန်တွင်၊ ဤရှေးဟောင်းတော်ဝင်မျိုးနွယ်များ ထွက်ပေါ်လာရခြင်းက နေနတ်ဘုရားတောင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်းကြောင့် မဟုတ်ပါ။

သို့သော်လည်း နေနတ်ဘုရားတောင်၏ ပျက်စီးခြင်းသည် လူတိုင်းကို သတိဝင်စေမည်မှာ သေချာသည်။

အလွန်ရှေးကျသော ရှေးဟောင်း တော်ဝင်မျိုးနွယ်တစ်ခုသည်ပင် ပျက်သုဉ်းရမည့်နေ့ ရှိလိမ့်မည်။

ဟုတ်သည်၊ သူတို့က စကားပြောရုံသာဖြစ်ပြီး ဤစစ်ပွဲသို့ တိုက်ရိုက်ပါဝင်ရန် မဖြစ်နိုင်ပေ။

၎င်းတို့ မျိုးနွယ်များမှ ရှေးဘိုးဘေးများကလည်း ဤကိစ္စမျိုးအတွက် လက်ပါကြမည် မဟုတ်ချေ။

သို့ရာတွင်၊ မည်သို့ပင်ဆိုစေကာမူ သူတို့က လူအများစုအပေါ် ဟန့်တားနိုင်စွမ်းရှိနေဆဲ ဖြစ်သည်။

သို့ပေသော်ငြား၊ ကျွင်းရှောင်ယောက်က သူတို့အားလုံးကို လျစ်လျူရှုထားခဲ့ပေသည်။

"ဖျက်ဆီးကြ"

ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ဇာတ်သိမ်းကတော့ ပြေးကြည့်စရာပင် မလိုတော့ပေ။

ရွှေကျီးကန်းဘုရင်က သူ၏ သွေးမျိုးဆက်စွမ်းအားကို လောင်ကျွမ်းစေခဲ့လျှင်ပင် ရထားကို တားဆီးရန် ကြိုးစားနေသော ကျားတစ်ကောင်ကဲ့သို့ အချည်းနှီးသာ ဖြစ်သည်။

နောက်ဆုံးတွင်၊ သူက လူသတ်ဘုရင်၏ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပြီး သူ၏ ဝိညာဉ်သည်လည်း ပျက်သုဉ်းသွားခဲ့ရပေသည်။

ပထမအကြီးအကဲလည်း ထို့အတူပင်။ သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး နိယာမများက လောကတခွင်ကို ပြန့်ကျဲသွားခဲ့သည်။

"ကျွင်းမိသားစုက အငယ်လေး၊ မင်း..."

ဤမြင်ကွင်းကို မြင်လိုက်ရသော ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ၏ မျက်နှာများမှာ မည်းမှောင်သွားကြသည်။

၎င်းတို့က စစ်မှန်သော ဧကရာဇ်များ မဟုတ်သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ ဖြစ်နေကြသေးသည်။

သို့သော်လည်း သူတို့ကို အငယ်တစ်ဦးမှ လျစ်လျူရှုခဲ့သည်။

"မင်းတို့ ငါ့ကို ဒီလိုပြောဝံ့တယ်လား။ ဒါမှမဟုတ် မင်းတို့ရဲ့ မျိုးနွယ်တွေလည်း ရွှေကျီးကန်းမျိုးနွယ်လို ဖြစ်ချင်လို့လား"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။ သို့သော်လည်း သူ့လေသံက အေးစက်ပြီး အရှိန်အဝါကြီး၏။

ရှေးခေတ် တော်ဝင်မျိုးနွယ်များမှ ဧကရာဇ်တစ်ပိုင်းများ၏ မျက်နှာများ အလွန်အေးစက်သွားကြသည်။

သို့သော်လည်း သူတို့က အံကိုသာတင်းတင်းကြိတ်ပြီး စကား ထပ်မပြောကြတော့ပေ။

နောက်ဆုံးတွင်၊ လူသတ်ဘုရင်နှင့် တခြားသူများက သူတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေသည်။

"စကားတစ်ခွန်းနဲ့ ရှေးဟောင်းတော်ဝင်မျိုးနွယ်တွေရဲ့ ဧကရာဇ်တစ်ပိုင်းအားလုံး နှုတ်ဆိတ်သွားရတယ်..."

ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရှိ အင်အားစုများစွာ၏ ခေါင်းဆောင်များ အားလုံး ထိတ်လန့်သွားကြသည်။

ကျွင်းရှောင်ယောက်က မျိုးဆက်သစ် လူငယ်တစ်ဦးမျှသာ ရှိသေးသည်။

သို့သော်လည်း သူ၏ ဩဇာအာဏာက ဤမျှကြီးမားနေပြီ ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်းတောင်မှ သူ့ကို မာမာထန်ထန် မပြောဝံ့ပေ။

ဤသို့ဖြင့် စစ်ပွဲကြီးက ပြီးဆုံးသွားခဲ့သည်။

ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် ခေတ်ပေါင်းများစွာ ရပ်တည်ခဲ့သော နေနတ်ဘုရားတောင်က လုံးလုံးလျားလျား ပျက်စီးသွားပြီ ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ဤအင်မော်တယ်အင်အားစုကို ဖျက်ဆီးလိုက်သူက အင်မော်တယ်အင်အားစု အသစ်တစ်ခု ဖြစ်နေခြင်းပင်။

ဤအင်မော်တယ်အင်အားစု အသစ်၏ ခေါင်းဆောင်ကြီးမှာလည်း အသက်သုံးဆယ်ခန့်သာ ရှိသေးသည်။

၎င်းကို ကျင့်ကြံသူများထဲတွင် အတော်ပင် ငယ်ရွယ်သေးသူဟု ဆိုနိုင်သည်။

အသက်အရွယ်တူ အခြားသော ပါရမီရှင်များက တစ်ကိုယ်တော် အတွေ့အကြုံရရှိရန် စတင်နေချိန်တွင်...

ကျွင်းရှောင်ယောက်က အင်မော်တယ်အင်အားစုတစ်ခုကို အမိန့်ပေးကာ ရှေးဟောင်း တော်ဝင်မျိုးနွယ်တစ်ခုကို ဖျက်ဆီးခဲ့သည်။

ဒါက ဒဏ္ဍာရီတစ်ခုပင်။

ထို့ပြင်၊ ဤစစ်ပွဲမှာ ကျွင်းမိသားစု သို့မဟုတ် ကျန်းမိသားစု၏ အင်အားကို အသုံးမပြုခဲ့ပါ။

ဒါက အထင်ရှားဆုံး အချက် ဖြစ်သည်။

အားလုံးပြီးသွားချိန်တွင်...

ကျွင်းရှောင်ယောက်က ကောင်းကင်အမြင့်သို့ ပျံတက်သွားခဲ့သည်။ သူ၏ အဖြူရောင်ဝတ်စုံ အနားစက လေထဲတွင် တဖျတ်ဖျတ် လှုပ်ရှားလျက်ရှိ၏။

"ကျုပ်ရဲ့ ကျွင်းဧကရာဇ်ခုံရုံးက စစ်မက်ကို မလိုလားပါဘူး၊ ဒါပေမဲ့..."

"ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မကောင်းကြံဝံ့ရင် တစ်ခုတည်းသော အဆုံးသတ်က ပျက်စီးခြင်းပဲ"

"ကျုပ်က ကောင်းကင်ကိုးပါးနဲ့ မြေကမ္ဘာဆယ်ခုတို့ရဲ့ အရှင်သခင် ဖြစ်တယ်။ ကျုပ်ကို မနာခံသူတို့ သေရမယ်"

ကျွင်းရှောင်ယောက်၏ နောက်ဆုံး စကားသံက အကန့်အသတ်မဲ့ ကြယ်ကောင်းကင်ကို တုန်လှုပ်သွားစေခဲ့သည်။

လူငယ် ဧကရာဇ်ကဲ့သို့ နတ်အလင်းများက ထွန်းလင်းတောက်ပလျက် ရှိ၏။

ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတစ်လျှောက်မှ ကျင့်ကြံသူများစွာတို့လည်း ကောင်းကင်အမြင့်တွင် ရပ်နေသော ကျွင်းရှောင်ယောက်ကို မျှော်ကြည့်လိုက်ကြသည်။

သူသည် နတ်ဘုရားကဲ့သို့ဖြစ်ပြီး အင်မော်တယ်အင်အားစုတစ်ခုကို ဖျက်ဆီးခြင်းဖြင့် သူ၏စွမ်းရည်ကို သက်သေပြခဲ့ပြီ။

ထိုအချိန်၊ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးနှင့် ဝေးကွာသောအရပ်မှ ကောင်းကင်ယံမှာ...

ကျွင်းမိသားစု၏ ဘိုးဘေးများက တိတ်ဆိတ်စွာ ရပ်နေကြသည်။

ဤမြင်ကွင်းနှင့် ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ သူတို့အားလုံး ပြုံးလိုက်မိ၏။

သူတို့ထဲတွင် ခံစားချက်အမြင့်ဆုံးသူမှာ သဘာဝအတိုင်း ဘိုးဘေးဆယ့်ရှစ် ဖြစ်သည်။

ငယ်စဉ်ကလေးဘဝကတည်းက သူ့ဘေးမှာရှိနေခဲ့ပြီး သူ၏ လမ်းညွှန်မှုအောက်မှာရှိခဲ့သော ဤကလေးငယ်လေးဟာ ယခုဆိုလျှင် အင်မော်တယ်အင်အားစုတစ်ခုကို ကိုယ်ပိုင်အင်အားဖြင့် ဖျက်ဆီးနိုင်သော အင်အားစုခေါင်းဆောင်ကြီးအဖြစ် ကြီးပြင်းလာခဲ့ပြီ။

"နောက်ဆုံးတော့ သူ အရွယ်ရောက်လာပြီ"

ဘိုးဘေးဆယ့်ရှစ်က သက်ပြင်းချလိုက်သည်။

"မိသားစုက ရှောင်ယောက်အတွက် လုံခြုံတဲ့ အရိပ်တစ်ခု ဖြစ်သေးပေမဲ့ သူကတော့ လွတ်လွတ်လပ်လပ် ပျံသန်းနေခဲ့ပြီ"

ဘိုးဘေးဆယ့်ခြောက်နှင့် အခြားသူများလည်း သက်ပြင်းချလိုက်ကြလေသည်။

သို့သော်လည်း အမှန်အတိုင်းဆိုရလျှင်၊ ကျွင်းမိသားစုက ကျွင်းရှောင်ယောက်ကို သိပ်ပြီး ဂရုမစိုက်ခဲ့ပါ။

အကြောင်းမှာ၊ သူတို့က လွတ်လပ်စွာ ရှင်သန်စေခြင်း မူဝါဒကို လက်ကိုင်ထားခြင်းကြောင့် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကိုယ်တိုင်က အရည်အချင်းမရှိလျှင်...

ကျွင်းမိသားစု၏ နောက်ခံဖြင့်ပင် သာမန် သခင်လေးတစ်ဦးထက် ပိုလာခဲ့မည် မဟုတ်ပါ။

ယခုတော့ သူဟာ ကိုယ်ပိုင် နာမည်ဂုဏ်သတင်းကို တည်ဆောက်လိုက်ပြီ ဖြစ်သည်။

ယနေ့မှစပြီး လူများသည် ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဟုသာ သတ်မှတ်ကြတော့မည် မဟုတ်ပါ။

သူ့တွင် နောက်ထပ် ဘွဲ့အမည်တစ်ခု ရှိလာပြီ ဖြစ်သည်။

ဒါက...

'ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင်'သည်ပင်။

All Chapters