← Chapters

အခန်း ၁၃၅၂

Vol. 91 Ch. 1352

အခန်း ၁၃၅၂

Vol. 91 Ch. 1352

အခန်း ( ၁၃၅၂ ) နေနတ်ဘုရားတောင်၏ နယ်မြေကို သိမ်းပိုက်ခြင်း။

ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးတွင်...

ကျွင်းရှောင်ယောက်က လေထဲမှာ တိတ်တဆိတ် ရပ်နေသည်။

သူသည် ရိုးရှင်းသော စကားလုံး အနည်းငယ်ကိုသာ ပြောခဲ့သော်လည်း ၎င်းက သူကိုယ်တိုင်နှင့် ကျွင်းဧကရာဇ်ခုံရုံး၏ သဘောဆန္ဒကို ထင်ရှား‌စေပေသည်။

သူတို့က လုံးဝ ထိပါးမရနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

သူတို့ကို ထိပါးဝံ့သူတိုင်းက သွေးဖြင့် ပြန်ပေးဆပ်ရလိမ့်မည်။

ဤနေရာသို့ ရောက်ရှိလာသော ရှေးဟောင်းတော်ဝင်မျိုးနွယ်များမှ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူ အားလုံး၏ မျက်နှာများမှာ ရှုံ့မဲ့နေခဲ့သည်။

နေနတ်ဘုရားတောင်၏ ပျက်စီးခြင်းကို သူတို့ ဂရုမစိုက်ပါ။

သူတို့ ဂရုစိုက်သည်က...

ကျွင်းရှောင်ယောက်သည် နေနတ်ဘုရားတောင်ကို ဖျက်ဆီးနိုင်လျှင် အခြား ရှေးဟောင်းတော်ဝင်မျိုးနွယ်များကိုလည်း ဖျက်ဆီးနိုင်သည်ဟု မဆိုလိုပါလား။

ဒါက သူတို့ကို ပိုသတိရှိစေသည်။

သို့သော်လည်း ဤရှေးဟောင်းတော်ဝင်မျိုးနွယ်များက ကိုင်တွယ်ရ လွယ်ကူတာတော့ မဟုတ်ပါ။

သူတို့ ကြိုသိထားလျှင် အန္တရာယ်ကို ကာကွယ်ရန် ပူးပေါင်းသွားကြမည်မှာ သေချာသည်။

"ကျွင်းရှောင်ယောက်၊ မင်း အပျော်မစောနဲ့ဦး။ နေနတ်ဘုရားတောင်ဆိုတာ ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးမှာရှိတဲ့ ရွှေကျီးကန်းမျိုးနွယ်ရဲ့ အခွဲတစ်ခုသာပဲ"

"ရွှေကျီးကန်းမျိုးနွယ်ရဲ့ မျိုးရိုးအမှန်က မင်းစိတ်ကူးထားတာထက် အများကြီး ပိုဝေးကွာတဲ့ အခြေခံအုတ်မြစ်ရှိတယ်။ သူတို့က အခုလောလောဆယ် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှာ မရှိရုံပဲ"

ကျိုယိုးတောင်၏ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူက အေးစက်စွာ ပြောလိုက်သည်။

ယခုအခါ ကျွင်းရှောင်ယောက်ကို ကျွင်းမိသားစု၏ အငယ်လေးဟု မည်သူမျှ မခေါ်ဝံ့တော့ပေ။

ကျွင်းရှောင်ယောက်က ဘာမျှပြန်မပြောဘဲ ၎င်းတို့ကို အေးတိအေးစက်ဖြင့် ကြည့်လိုက်သည်။

လူသတ်ဘုရင်က တစ်ချက်ပြုံးပြီး လှမ်းကြည့်လိုက်၏။

"သွားကြ"

ရှေးဟောင်းတော်ဝင်မျိုးနွယ်၏ လူများလည်း ထိုအပြုံးကို မြင်လိုက်ရပြီးနောက် ထိတ်လန့်တကြားဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ချက်ချင်း ထွက်သွားကြတော့သည်။

ထို့ပြင်၊ နေနတ်ဘုရားတောင်က လုံးဝ ပျက်စီးသွားပြီ ဖြစ်သည့်အတွက် သူတို့ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။

နောက်ပိုင်းတွင်၊ ဤရှေးဟောင်းမျိုးနွယ်များက ကျွင်းဧကရာဇ်ခုံရုံးကို သတိထားလာကြတော့မည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။

ရှေးခေတ်မှ ယနေ့ခေတ်အထိ ဆင်းသက်လာခဲ့သည့် ရှေးဟောင်းတော်ဝင်မျိုးနွယ်များ၏ အခြေခံအုတ်မြစ်က မရိုးရှင်းကြောင်း သူ သိသည်။

နဂါးမျိုးနွယ်တစ်ခုတည်းတွင် နဂါးနန်းတော်နှင့် ဘိုးဘွားနဂါးသိုက်ကဲ့သို့သော မျိုးနွယ်ခွဲများရှိသည် မဟုတ်လော။

ထိုက်ရွှီရှေးနဂါးမျိုးနွယ်သည်လည်း ရှေးခေတ်က ဆင်းသက်လာခဲ့သည့် ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခုဟု ယူဆနိုင်သည်။

ဖီးနစ်မျိုးနွယ်တွင်လည်း အလုံးစုံဖီးနစ် ဝိညာဉ်တောင်၊ နတ်ဆိုးဖီးနစ် ရှေးဟောင်းဂူ စသည်ဖြင့် မတူညီသော အင်အားစုများအဖြစ် ပိုင်းခြားထားသည်။

ထို့ကြောင့်၊ ရွှေကျီးကန်းမျိုးနွယ်က နေနတ်ဘုရားတောင်တစ်ခုတည်း မဖြစ်နိုင်ပါ။

ရွှေကျီးကန်းမျိုးနွယ်၏ ရှေးဘိုးဘေးကလည်း ရွှေကျီးကန်းမျိုးရိုးသည် "ရင်းမြစ်"တွင် ရှိသေးသည်ဟု ဆိုခဲ့သည်။

သို့သော်လည်း ဒါက ပြဿနာကြီး မဟုတ်ပါ။

ကျွင်းရှောင်ယောက်က 'ရင်းမြစ်'သို့သွားရန် အရည်အချင်းပြည့်မီချိန်တွင်...

ထိုအချိန်တွင် သူ၏ခွန်အားဖြင့် ရွှေကျီးကန်းမျိုးရိုးကို ကြောက်စရာမလိုတော့ပါ။

ထို့နောက် ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

စစ်ပွဲက အလွန်ပြင်းထန်ပြီး ပတ်ဝန်းတစ်ခုလုံး ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပေသည်။

သို့ရာတွင်...

ဤနေရာက နေနတ်ဘုရားတောင်၏ ဘိုးဘွားမြေဖြစ်သောကြောင့် အလွယ်တကူ မပျက်စီးနိုင်ပါ။

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"လူတိုင်းပဲ... ဒီနေ့အောင်ပွဲဟာ ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးတစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ကျုပ်တို့က နေနတ်ဘုရားတောင်ရဲ့ အရင်းအမြစ်အားလုံးကို သိမ်းယူမှာဖြစ်ပြီး လူတိုင်း မျှဝေခံစားခွင့်ရမယ်"

"နောက်ပြီးတော့ နေနတ်ဘုရားတောင်ရဲ့ ဘိုးဘွားနယ်မြေ တစ်ခုလုံးကို ပြောင်းလဲပစ်ပြီး ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ နေထိုင်ရာ နယ်မြေအသစ် ဖြစ်လာစေမယ်"

"ဒါ့အပြင် ယောင်ပြည်နယ်နဲ့ ရန်ပြည်နယ်အပါအဝင် နေနတ်ဘုရားတောင်က သိမ်းပိုက်ထားတဲ့ ပြည်နယ် အများအပြားကိုလည်း ကျွင်းဧကရာဇ်ခုံရုံးက အုပ်ချုပ်သွားမှာ ဖြစ်တယ်"

"ဒါကို အခြား အင်အားစုတွေ ကန့်ကွက်စရာ ရှိသလား"

ကျွင်းရှောင်ယောက်က အပျော်ကြည့်နေသော အဝေးမှ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ ဒေသခံ ကျွမ်းကျင်သူများကို လှမ်းကြည့်လိုက်သည်။

ထိုအထဲတွင် အင်မော်တယ်အင်အားစုများမှ ကျွမ်းကျင်သူများလည်း ပါဝင်ပေသည်။

သို့ရာတွင်၊ ယခုအချိန်မှာတော့ သူတို့အားလုံး နှုတ်ဆိတ်နေခဲ့သည်။

နေနတ်ဘုရားတောင်၏ လောလောလတ်လတ် အဖြစ်ဆိုးကိုကြည့်ရင်း မည်သူက ကန့်ကွက်ဝံ့မည်နည်း။

အစပိုင်းတွင် အခြေအနေကို အခွင့်ကောင်းယူလိုသော အင်အားစုများပင်လျှင် ယခုအခါ လက်တွန့်ကုန်ကြသည်။

ကျွင်းမိသားစုနှင့် ကျန်းမိသားစုကို ထည့်မတွက်လျှင်ပင်...

ကျွင်းဧကရာဇ်ခုံရုံး တစ်ခုတည်းမှ ယခုပြသထားသည့် အင်အားသည် သာမန် အင်မော်တယ် အင်အားစုများ အပြစ်ပြုနိုင်သည့် အရာမဟုတ်ပါ။

"ကျုပ်တို့က သဘာဝအတိုင်း ကန့်ကွက်စရာ မရှိပါဘူး"

"နေနတ်ဘုရားတောင်က ရက်စက်ကြမ်းကြုတ်ပြီး ကောင်းကင်နဲ့ လူထုကို အမျက်ထွက်စေခဲ့တယ်။ ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးရဲ့ ဘေးဆိုးတစ်ခုကို ဖယ်ရှားဖို့ ကူညီပေးခဲ့တဲ့အတွက် ကျုပ်တို့က ကျေးဇူးတောင်တင်ရဦးမှာပါ"

နောက်အခိုက်အတန့်တွင်၊ လူတချို့က ရှေ့ကိုထွက်လာပြီး မြှောက်ပင့်ပြောဆိုလိုက်ကြသည်။

"စိတ်ချပါ၊ ကျုပ်ရဲ့ ကျွင်းဧကရာဇ်ခုံရုံးက ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးကို လာရောက်တာဟာ စစ်ပွဲဖြစ်ဖို့ မဟုတ်ဘူး"

"ကျွင်းဧကရာဇ်ခုံရုံးက နေနတ်ဘုရားတောင် သိမ်းပိုက်ထားတဲ့ ပြည်နယ်ကြီးတွေကိုပဲ ထိန်းသိမ်းထားမယ်"

"နေနတ်ဘုရားတောင်လိုမျိုး အခြားသူတွေရဲ့ နယ်မြေတွေကို ကျူးကျော်ဖို့က ပိုလို့တောင် မဖြစ်နိုင်ဘူး"

ကျွင်းရှောင်ယောက်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှ အင်အားစုများကို အာမခံလိုက်သည်။

နောက်ဆုံးမှာတော့ ကျွင်းဧကရာဇ်ခုံရုံး၏ အခြေခံအုတ်မြစ်က ယခုအချိန်မှာ ထူးထူးခြားခြား မခိုင်မာသေးပေ။

၎င်းက ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကို ရန်ဘက်ပြုနိုင်သည့် အနေအထားသို့ မရောက်သေးပါ။

ထိုအခြေအနေမျိုးဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခြင်းက အဓိပ္ပာယ်မဲ့သည်။

"ဟားဟားဟား၊ ဧကရာဇ်အရှင်က နောက်နေပါပြီ။ ခင်ဗျားရဲ့ ခိုင်မာတဲ့ အခြေခံနဲ့ ကျုပ်တို့ရဲ့ နယ်မြေလေးကို ဘယ်လိုစိတ်ဝင်စားမှာလဲ"

အချို့က ရယ်မောလိုက်ကြသည်။

"သေချာတာပေါ့၊ ကျွင်းဧကရာဇ်ခုံရုံးမှာ ပါဝင်လိုတဲ့ အင်အားစုတွေ ရှိမယ်ဆိုရင်လည်း ကျေးဇူးပြုပြီး လာခဲ့ကြပါ"

"စစ်ဆေးမှုတချို့ ပြုလုပ်ပြီး သင့်တော်မယ်ဆိုရင် သဘာဝအတိုင်း ပါဝင်ခွင့်ပြုနိုင်ပါတယ်"

ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။

ထိုအချိန်တွင် ချူယွင်နန်းတော်၊ ကျစ်ရှောင်းမုခ်ဝ၊ ယွီတင်းအဆောင်၊ နက္ခတ်ဗေဒင်ဂိုဏ်းနှင့် အခြား အင်အားစုများမှ ကျွမ်းကျင်သူများ ထွက်လာခဲ့ကြသည်။

"ကျုပ်တို့က ကျွင်းဧကရာဇ်ခုံရုံးကို စိတ်ရင်းမှန်နဲ့ ပါဝင်လိုပြီး ဧကရာဇ်အရှင်က လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်"

ဤအင်အားစုအများစုမှာ နေနတ်ဘုရားတောင်၏ နှိပ်စက်ညှဉ်းပန်းခြင်း ခံခဲ့ရပြီး ဆိုးရွားစွာ ထိခိုက်နေပေရာ၊ နဂိုကကပင် ပြန်လည်တည်ဆောက်ရန် ခက်ခဲနေပြီ ဖြစ်သည်။

ဤတိုက်ပွဲတွင်လည်း ထပ်မံ ထိခိုက်ခဲ့ရ၏။

ထို့ကြောင့်၊ သီးခြားရပ်တည်မည့်အစား ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်တာက ပိုကောင်းသည်။

"သိပ်ကောင်းတယ်၊ ကျုပ်တို့ရဲ့ ကျွင်းဧကရာဇ်ခုံရုံးက အားလုံးအတွက် တံခါးဖွင့်ထားတယ်။ ကျွင်းဧကရာဇ်ခုံရုံးအပေါ် ရိုးသားပြီး သစ္စာစောင့်သိသရွေ့ ဘယ်အင်အားစုမဆို ပူးပေါင်းလို့ရတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဤသည်မှာ၊ သူက ဤအင်မော်တယ်စစ်ပွဲကို စတင်ခဲ့ရသော အကြောင်းရင်းတစ်ခုပင်။

သူ၏ ရည်ရွယ်ချက်က ကျွင်းဧကရာဇ်ခုံရုံး၏ ဂုဏ်သိက္ခာကို တည်ဆောက်ရန် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဧကရာဇ်အရှင်၊ ကျုပ်တို့က ဧကရာဇ်ကို စိတ်ရင်းမှန်နဲ့ သစ္စာစောင့်သိပါမယ်"

ထိုအင်အားစုများမှ အကျော်အမော်များလည်း စိတ်လှုပ်ရှားသွားကြသည်။

နောက်တစ်ဆင့်မှာတော့ နေနတ်ဘုရားတောင်၏ သယံဇာတများစွာကို သိမ်းရန်ပင်။

ထိုအချိန်တွင်၊ ရှပင်းယွင် ပါဝင်သော စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနမှ ကျွမ်းကျင်သူများ ရောက်လာခဲ့ကြသည်။

ဟုတ်ပေသည်၊ စစ်ပွဲတွင် ပါဝင်ကြသော အင်အားစုများနှင့် ကျင့်ကြံသူများကလည်း အကျိုးအမြတ်များ သေချာပေါက် ရရှိမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်ကတော့ နေနတ်ဘုရားတောင်၏ အတွင်းပိုင်းကို လျှောက်သွားလေသည်။

အမှန်အတိုင်းဆိုရလျှင်၊ ဤနေရာမှာ သူ စိတ်ဝင်စားတာ ‌မတွေ့မိပါ။

၎င်းတို့၏ ဧကရာဇ်လက်နက်ဖြစ်သော နေနတ်ဘုရားမီးပြင်းဖိုက ကျွင်းဧကရာဇ်ခုံရုံး၏ ပိုင်ဆိုင်မှု ဖြစ်လာသည်။

အက်ကွဲသွားသော ဧကရာဇ်လက်နက်ဖြစ်သည့် မဟာနေမင်းနတ်ဘုရားချပ်ဝတ်ကိုလည်း ပြုပြင်ရန်အတွက် မော့မိသားစုနှင့် လုမိသားစု၏ ကျွမ်းကျင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

သို့ရာတွင်၊ ဒါက နေနတ်ဘုရားတောင်တွင် ကျွင်းရှောင်ယောက် စိတ်ဝင်စားတာ တစ်ခုမှ မရှိဘူးဟု မဆိုလိုပါ။

ရှားပါးသော လက်နက်သန့်စင်ခြင်းပစ္စည်းများ၊ လက်နက်များနှင့် ဆေးဝါးများက ရွှေကျီးကန်းမျိုးနွယ်၏ ဘဏ္ဍာတိုက်တွင် အပြည့်ရှိနေသည်။

နတ်ဘုရားစွမ်းရည်များ၊ သိုင်းပညာများ၊ မှတ်စုများ စသည်တို့လည်း ရှိသေးသည်။

ကျွင်းရှောင်ယောက်အတွက် ဤအရာများက အသုံးမဝင်သော်လည်း ကျွင်းဧကရာဇ်ခုံရုံးအတွက်တော့ ကြီးမားသော အထောက်အပံ့များ ဖြစ်သည်။

"မထူးဆန်းတော့ပါဘူး၊ စစ်ပွဲက အရင်းမြစ်အတွက် အလွယ်ဆုံးနည်းပဲ"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်မိသည်။

၎င်းက နောက်ထပ် အင်မော်တယ်စစ်ပွဲကို စတင်ကာ ရှေးဟောင်းတော်ဝင်မျိုးနွယ်များကို လုယက်လိုစိတ်ပင် ဖြစ်စေခဲ့သည်။

ဟုတ်ပေသည်၊ ကျွင်းရှောင်ယောက်က ဤအကြောင်းကို တွေးရုံသာ ဖြစ်သည်။

ယခုအချိန်တွင်၊ အခြား ရှေးဟောင်းတော်ဝင်မျိုးနွယ်များက သတိထားနေကြမည်ဖြစ်ကြောင်း သူသိသည်။

ကျွင်းဧကရာဇ်ခုံရုံးကို စိတ်ရှိတိုင်း ပြုမူခြင်းမှ တားဆီးရန် ကောလဟာလတချို့ပင် မကြာမီ ပေါက်ကြားလာမည်ဟု ခန့်မှန်းရပေသည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က နောက်ထပ် အင်မော်တယ်စစ်ပွဲကို စတင်ရန် ရည်ရွယ်ချက် မရှိပေ။

နေနတ်ဘုရားတောင်ကို ဖျက်ဆီးရခြင်း အကြောင်းရင်းက အကြောင်းပြချက်များစွာ ရှိနေသောကြောင့် ဖြစ်သည်။

ဤနည်းဖြင့် ကျွင်းဧကရာဇ်ခုံရုံး၏ ဩဇာအာဏာကို ထူထောင်နိုင်ပေသည်။

ယခုတော့ ပန်းတိုင်ကို ရောက်ရရှိပြီမို့ လုံလောက်ပြီ ဖြစ်သည်။

"ဧကရာဇ်အရှင်..."

ထိုအချိန်တွင်၊ ရှပင်းယွင်က သူ့အနားသို့ ပေါ့ပါးစွာ ရောက်ရှိလာသည်။

ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သော သူ့မျက်လုံးထဲတွင် ကြည်နူးမှုတို့ ရှိ၏။

လျှို့ဝှက်စွာ လေးစားမှု အရိပ်အမြွက်တို့လည်း ရှိနေသေးသည်။

"ပင်းယွင်၊ ဘာဖြစ်လို့လဲ"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဒီအရာကို ဧကရာဇ်အရှင် စိတ်ဝင်စားမယ်လို့ ထင်လို့ပါ"

ရှပင်းယွင်က ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ၎င်းက ရွှေရောင်ဖြစ်ပြီး ၎င်းကို ရွှေသတ္တုဖြင့် ပြုလုပ်ထားပုံရ၏။

နားမလည်နိုင်အောင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခုလည်း စီးဆင်းနေသေးသည်။

"ဒါက... မဟာနေမင်း အင်မော်တယ်ကျမ်းပဲ"

ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်သည်။

နောက်ဆုံးတွင်၊ သူ့အား စိတ်ဝင်စားစေသည့် အရာတစ်ခုကို တွေ့ခဲ့ပြီ။

All Chapters