← Chapters

အခန်း ၁၃၅၄

Vol. 91 Ch. 1354

အခန်း ၁၃၅၄

Vol. 91 Ch. 1354

အခန်း ( ၁၃၅၄ ) တိဟောက်ထျန်း၏ တုံ့ပြန်မှု၊ လျှို့ဝှက်ဆန်းကျယ်သော ကျောက်အပိုင်းအစ။

ဤအင်မော်တယ်စစ်ပွဲ၏ သတင်းက ပျံ့နှံ့လာပြီးနောက် အင်မော်တယ်ခုံရုံးသည်လည်း သဘာဝအတိုင်း ကြားသိခဲ့ရသည်။

အင်မော်တယ်ခုံရုံး... ရွှေရောင်နန်းတော်ထဲတွင်...

လူရိပ်တစ်ခုက အုံ့မှိုင်းနေသော အလင်းရောင်များကြားတွင် တင်ပျဉ်ခွေထိုင်နေသည်။

ထိုရုပ်သွင်က ထူးထူးခြားခြား ထွားကျိုင်းမှုမျိုး မရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးကို ထုတ်လွှတ်နေ၏။

၎င်းက ရှေးခေတ်မှ မွေးဖွားလာသော သဘာဝမိစ္ဆာကြီးကဲ့သို့ပင်။

ဤသည်မှာ တိဂောက်ထျန်း ဖြစ်သည်။

သို့သော်လည်း ယခင်ကနှင့်ယှဉ်လျှင် သူ၏ စိတ်နေစိတ်ထားက ပြောင်းလဲသွားသည်။

ဝူလောင်မှပေးသော 'ဟွင်းယွမ် နတ်ဆိုးနဲ့နတ်ဘုရား အင်မော်တယ်ကျမ်း'ကို လေ့ကျင့်ပြီးနောက်...

တိဟောက်ထျန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်ခဲ့ပေသည်။

သူက သူ့ကိုယ်သူ နတ်ဆိုးနှင့်နတ်ဘုရားခန္ဓာအဖြစ် စတင် လေ့ကျင့်ခဲ့သည်။

ဤသည်မှာ ကမ္ဘာဦးပျက်စီးခြင်းမှ ပေါက်ဖွားလာသော မွေးရာပါ မိစ္ဆာကြီးများ ပိုင်ဆိုင်သည့် အထူးကိုယ်ခန္ဓာမျိုးပင်။

၎င်းက ကမ္ဘာပေါ်တွင် အသန်မာဆုံး ခန္ဓာများထဲမှ တစ်ခုဟုပင် ဆိုနိုင်သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၊ ကစဉ့်ကလျားခန္ဓာနှင့် အခြားခန္ဓာများကို ဖိနှိပ်နိုင်သည်ဟု မဆိုလိုသော်လည်း... အနည်းဆုံးတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွင် တိဟောက်ထျန်းက အားနည်းမှု မရှိတော့ပေ။

"မဆိုးပါဘူး၊ မင်းက ငါနှစ်သက်တဲ့သူတစ်ယောက် ဖြစ်ထိုက်တယ်"

အင်မော်တယ်ကျောက် အပိုင်းအစအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော အဘိုးအို ဝူလောင်ထံမှ အတွေးလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

"ဒီအတွက် ဝူလောင်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်"

တိဟောက်ထျန်းက ပြောလိုက်သည်။

ဝူလောင်သည် ဟွင်းယွမ် နတ်ဆိုးနှင့်နတ်ဘုရား အင်မော်တယ်ကျမ်းကို ပေးအပ်ပြီးနောက်...

အလွန်ရှေးကျပြီး ကြောက်မက်ဖွယ်ကောင်းသော ပညာရပ်များကိုလည်း ပေးအပ်ခဲ့သည်။

ပညာရပ်တစ်ခုစီက ယခုခေတ်တွင် ပျောက်ဆုံးလုနီးပါးဖြစ်နေပြီ။

တိဟောက်ထျန်း၏ လက်ရှိ အင်အားက မေ့ပျောက်ခြင်းမြေတွင် ရှိစဉ်ကထက် များစွာ ပို၍ အားကောင်းလာသည်ဟု ဆိုနိုင်သည်။

"ဒါပေမဲ့ မကြာသေးခင်က ကျွင်းရှောင်ယောက်ဟာ အတော်လေး ဇောင်းကြွနေပုံရတယ်"

တိဟောက်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

သဘာဝအတိုင်း၊ ကျွင်းဧကရာဇ်ခုံရုံးအကြောင်းကို သူ ကြားရပေသည်။

အမှန်အတိုင်း ဝန်ခံရလျှင်၊ ဤသတင်းကို ကြားရပြီးနောက် တိဟောက်ထျန်း၏ စိတ်ထဲတွင် လှုပ်ခတ်မှုတို့ ရှိခဲ့သည်။

သူသည် အင်မော်တယ်ခုံရုံးကို ပေါင်းစည်းရန် တတ်စွမ်းသမျှ နည်းမျိုးစုံနှင့် ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့ မအောင်မြင်ခဲ့ပေ။

ယင်းအစား၊ လက်ရှိ အင်မော်တယ်ခုံရုံးက အုပ်စုသုံးခု ကွဲထွက်သွားပြီး ချီယိုအင်မော်တယ်မျိုးရိုးကိုလည်း လက်လွှတ်ခဲ့ရသည်။

၎င်းက အားနည်းသွားခြင်းဟု မဆိုသာသော်လည်း သူတို့၏ အင်အားကို ဆိုးရွားစွာ ထိခိုက်စေပေသည်။

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက် တည်ထောင်သော ကျွင်းဧကရာဇ်ခုံရုံးက ပို၍ ဖွံ့ဖြိုးလာသည်။ ယခုဆိုလျှင်၊ ၎င်းက နေနတ်ဘုရားတောင်ကိုပင် ဖျက်ဆီးခဲ့ပြီး ကောင်းကင်ကိုးပါး အင်မော်တယ်နယ်မြေကြီးတွင် ဂုဏ်သတင်းကျော်ဇောနေပြီ။

မြောက်မြားစွာသော အင်အားစုများကလည်း ကျွင်းဧကရာဇ်ခုံရုံးတွင် ပါဝင်လိုကြသည်။

အခြေအနေနှစ်ခုကို နှိုင်းယှဉ်ကြည့်လျှင်...

တိဟောက်ထျန်းက လွန်စွာ အရည်အချင်းမရှိသူဟု ထင်မှတ်ရသည် မဟုတ်ပါလား။

"တကယ်တော့ မင်း သိပ်စဉ်းစားနေဖို့ မလိုပါဘူး။ ငါရွေးချယ်ထားတဲ့လူက ဒီလောက် မညံ့ဘူး"

အဘိုးအိုက ပြောလိုက်သည်။

"ဒါပေမဲ့ ကျုပ် မကျေနပ်နိုင်သေးဘူး"

တိဟောက်ထျန်းက အသက်ပြင်းပြင်းရှုလိုက်သည်။

ယခုအချိန်တွင် သူ့အင်အားက များစွာ တိုးတက်လာသော်လည်း ကျွင်းရှောင်ယောက်ကို အနိုင်ယူမည်ဟု မသေချာသေးပါ။

နောက်ဆုံးတွင်... ထိုအချိန်က ကျွင်းရှောင်ယောက်သည် သူ၏ မြင့်မြတ်ခန္ဓာတာအိုသန္ဓေဖြင့်သာ သူ့ကို အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

ကစဉ့်ကလျားခန္ဓာကို ထပ်ပေါင်းလိုက်လျှင် တိဟောက်ထျန်း၏ အားသာချက်က ကွယ်ပျောက်သွားလိမ့်မည်။

"ဟားဟားဟား...တကယ်တော့ မင်း အဲ့ဒါကို ဂရုစိုက်စရာ မလိုပါဘူး"

"နောက်ထပ်လုပ်ရမှာက တခြား ကျောက်အပိုင်းအစတွေကို ရဖို့ပဲ"

"အချိန်တန်လို့ အမှန်တကယ် ပြင်းထန်တဲ့ မငြိမ်မသက်မှုတွေ ကျရောက်လာတဲ့အခါ အင်မော်တယ် အင်အားစု မှန်သမျှ ပျက်သုဉ်းခြင်း ကပ်ဘေးထဲကို ကျရောက်လိမ့်မယ်"

"ကျွင်းမိသားစုရဲ့ လူငယ်လေး တည်ထောင်ထားတဲ့ ကျွင်းဧကရာဇ်ခုံရုံးကလည်း မုန်တိုင်းကြားက စက္ကူလှေငယ်လေးလို ရုန်းကန်နေရပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် မလွယ်ကူနိုင်ဘူး"

ဝူလောင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ထိုစကားကိုကြားမှ တိဟောက်ထျန်းလည်း အနည်းငယ် ငြိမ်သက်သွားလေသည်။

"ဝူလောင်ပြောတာ မှန်ပါတယ်။ ကျွင်းရှောင်ယောက် အခုလုပ်နေတာက အသေးအမွှား ဖြစ်ရပ်တစ်ခုပဲ။ တကယ့်ကပ်ဘေးကြီးတစ်ခုနဲ့ ရင်ဆိုင်ရချိန်မှာ ပြောဖို့မထိုက်တန်ဘူး"

"နောက်ဆုံးမှာ ရယ်နိုင်တဲ့သူကမှ အောင်နိုင်သူပဲ"

တိဟောက်ထျန်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ဝူလောင်၏ အကူအညီဖြင့် သူ့ယုံကြည်မှုက တိုးလာ၏။

ထို့ပြင် သူက အနာဂတ် အဖြစ်အပျက်များနှင့် ရင်းနှီးသည်။

နောက်ဆုံး ရယ်မောနိုင်သူက ကျွင်းရှောင်ယောက် မဟုတ်ဘဲ သူဖြစ်မည်ဟု အပြည့်အဝ ယုံကြည်ခဲ့ပေသည်။

...........

အင်မော်တယ်စစ်ပွဲအပြီးတွင်...

ကျွင်းဧကရာဇ်ခုံရုံးက ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် အခြေစွဲနေပြီ ဖြစ်သည်။

မူလက နေနတ်ဘုရားတောင်နှင့် သက်ဆိုင်သော ယောင်ပြည်နယ်၊ ရန်ပြည်နယ်အပါအဝင်...

နယ်မြေ ဒေသ အားလုံးက ကျွင်းဧကရာဇ်ခုံရုံး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ကုန်သည်။

ဤအင်မော်တယ်စစ်ပွဲပြီးနောက် အားကောင်းနေပြီဖြစ်သော ကျွင်းဧကရာဇ်ခုံရုံး၏ စွမ်းအားက မြောက်မြားစွာသော ပါရမီရှင်များ၊ အင်အားစုအသီးသီး၏ ပါဝင်မှုနှင့်အတူ သိသိသာသာ ထပ်မံ တိုးတက်လာခဲ့သည်။

စိတ်အားထက်သန်မှုနှင့် အားမာန်တို့ အပြည့်ရှိ၏။

ဤအရာအားလုံးက ကျွင်းရှောင်ယောက်၏ ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် ဦးဆောင်နိုင်စွမ်းကြောင့်ဟု ဆိုနိုင်သည်။

မဟုတ်ပါက၊ ယနေ့ကဲ့သို့ သာယာဝပြောသော ကျွင်းဧကရာဇ်ခုံရုံး ရှိလာသေးမည် မဟုတ်ပေ။

အင်မော်တယ်စစ်ပွဲ ပြီးဆုံးပြီးနောက်... ကျွင်းရှောင်ယောက်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် အကြာကြီး မနေခဲ့ပါ။

သူက ကျွင်းဧကရာဇ်ခုံရုံးမှာပဲ စိတ်ရောကိုယ်ပါ နစ်မြုပ်ထားရန် မဖြစ်နိုင်ပေ။

ကျွင်းရှောင်ယောက်၏ အဓိက အာရုံစိုက်မှုက သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုတွင်သာ ရှိသည်။

သူက လုံလောက်အောင် သန်မာနေသရွေ့ ကျွင်းဧကရာဇ်ခုံရုံးလည်း ဘေးကင်းနေဦးမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အမြင်မှာတော့...

အမှန်တကယ် ခိုင်မာသော အင်အားစုတစ်ခုက ကျောရိုးမရှိလျှင်ပင် တည်ငြိမ်စွာ ဆက်လက် လည်ပတ်နိုင်ရမည်။

ယခုအချိန်တွင်၊ ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်လာသော ပါရမီရှင် ရှစ်ဆယ်ရာခိုင်နှုန်းက ကျွင်းရှောင်ယောက်၏ ဩဇာကြောင့် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အနာဂတ်တွင် ကျွင်းဧကရာဇ်ခုံရုံးသည်လည်း ဤစွမ်းရည်ကို မြေကြီးလက်ခတ်မလွဲ ရရှိမည်ဟု ယုံကြည်နေခဲ့သည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်ခဲ့လေသည်။

သူ့တွင် နောက်ထပ် ပိုအရေးကြီးသော လုပ်စရာများ ရှိနေတာကို သူ မမေ့ခဲ့ပါ။

ကြယ်တာရာ ကောင်းကင်ယံတွင်...

ကျွင်းရှောင်ယောက်က အိပ်စက်နေသော ရှောင်ချမ်ရွယ်ကို ပွေ့ချီပြီး လေထဲမှ အေးအေးလူလူ လျှောက်လှမ်းနေသည်။

အင်မော်တယ်နယ်မြေကြီး နှစ်ခုကြားတွင် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များ ရှိနေသော်လည်း...

ကျွင်းရှောင်ယောက်၏ လက်ရှိအင်အားဖြင့် အချိန်တိုအတွင်းမှာ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်နိုင်ပေသည်။

ထိုစဉ်... ကျွင်းရှောင်ယောက်က ရုတ်တရက် ရပ်လိုက်သည်။

အပြာရောင် ကြယ်ကောင်းကင်၏ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။

ကြိုးကြာငှက်တစ်ကောင်က အတောင်ပံများကို လှပစွာ ခတ်ရင်း ပျံသန်းလာနေသည်။

ကြိုးကြာငှက်ပေါ်မှာလည်း အဖြူရောင်ဝတ်စုံဖြင့် လှပသော လူရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသေးသည်။

ပုလော့ရွယ် ဖြစ်သည်။

"လော့ရွယ်က နတ်ဘုရားသားတော်ကို နှုတ်ဆက်ပါတယ်။ မဟုတ်သေးဘူး၊ အခု ရှင့်ကို ဧကရာဇ်အရှင်လို့ နှုတ်ဆက်တာက ပိုသင့်တော်မလား"

ပုလော့ရွယ်က ကျွင်းရှောင်ယောက်ကို ဦးညွတ်ရင်း ပြောလိုက်သည်။

သူမ၏ လှပသော မျက်လုံးများမှာတော့ လေးစားမှု အရိပ်အမြွက်တို့ ရှိနေလေသည်။

"ဆန္ဒရှိသလို ခေါ်နိုင်တယ်"

ကျွင်းရှောင်ယောက်က ထူးခြားမှုမရှိဟန်ဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"လော့ရွယ်က နတ်ဘုရားသားတော်မှာ ဒီလိုနည်းလမ်းတွေကိုလည်း ပိုင်နိုင်ဦးမယ်လို့ မမျှော်လင့်ထားဘူး။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အင်မော်တယ်အင်အားစုတစ်ခုကို ဖျက်ဆီးနိုင်နိုင်နေပြီ"

"လော့ရွယ်ရဲ့ အမြင်က မှန်ကန်ပုံရတယ်။ နတ်ဘုရားသားတော်နဲ့ ပူးပေါင်းဆောင်ရွက်ရတာက လော့ရွယ်အတွက် ဂုဏ်ယူစရာပါပဲ"

ပုလော့ရွယ်က ပြောလိုက်သည်။

ဒါက တမင်တကာ မြှောက်ပင့်ခြင်း မဟုတ်ပေ။

သူက ကျွင်းရှောင်ယောက်ကို အမှန်တကယ် လေးစားနေပြီ ဖြစ်သည်။

တစ်ချိန်က သူကိုယ်တိုင် နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့မိသော တိဟောက်ထျန်းက...

ယခုအချိန်တွင် မည်သို့မျှ အကောင်းမြင်ကြည့်လို့ မရနိုင်တော့ပေ။

သူတို့က နှိုင်းယှဉ်စရာ လုံးဝ မရှိပါ။

"ကောင်းပြီ၊ မင်း ပြောစရာရှိတာကို ပြောပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"နတ်ဘုရားသားတော်က သိပ်ပြီး အေးစက်တာပဲ..."

ပုလော့ရွယ်က နှုတ်ခမ်းကို စူလိုက်၏။

သို့သော်လည်း သူ၏ ယခင်အထောက်အထားအရ ကျွင်းရှောင်ယောက်နှင့် သိပ်ပြီး မရင်းနှီးနိုင်သေးကြောင်း သူ နားလည်ပေသည်။

"လော့ရွယ်ကို တိဟောက်ထျန်းက ရှေးဟောင်းပစ္စည်းတစ်ခုရဲ့ အစိတ်အပိုင်းတွေ ရှာခိုင်းထားတယ်လေ...၊ အခု အစိတ်အပိုင်းတစ်ခုကို ရှာတွေ့ပြီ"

ပုလော့ရွယ်က ပြောလိုက်သည်။

တိဟောက်ထျန်းက ပုလော့ရွယ်ကိုသာ ရှေးဟောင်းပစ္စည်း အပိုင်းအစများ ရှာဖွေရန် တာဝန်ပေးခဲ့သည်။

ထို့ကြောင့်၊ ပုလော့ရွယ်က ရှေးဟောင်းပစ္စည်း အပိုင်းအစများကို ပထမဆုံးရရှိခြင်းမှာ သဘာဝပင်။

"အလို၊ ငါ့ကိုပြကြည့်ပါဦး"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက စိတ်ဝင်စားမှု အရိပ်အယောင်တို့ ပေါ်လာသည်။

ပုလော့ရွယ်သည် မူလက အနည်းငယ် ဉာဏ်များပြီး ဤအပိုင်းအစကို ညှိနှိုင်းခြင်း သို့မဟုတ် တစ်စုတစ်ခုအဖြစ် အသုံးပြုလိုခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ နက်နဲသော အကြည့်တို့ကို မြင်လိုက်ရပြီးနောက် ရှေးဟောင်းပစ္စည်း အပိုင်းအစကို နာခံစွာ ထုတ်ယူလိုက်မိပေသည်။

ကျွင်းရှောင်ယောက်ကို ကစားဝံ့လျှင် မည်သို့မည်ပုံ သေဆုံးသွားမှန်းပင် သိလိုက်ရမည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်က ထိုအပိုင်းအစကိုယူ၍ ဂရုတစိုက် ကြည့်လိုက်သည်။

၎င်းက ကျောက်ပြားတစ်ခု၏ အပိုင်းအစတစ်ခုကဲ့သို့ပင်။

မရေမတွက်နိုင်အောင် များပြားပြီး ရှုပ်ထွေးနက်နဲသော အမှတ်အသားများကိုလည်း ရေးထွင်းထားသည်။

၎င်းမှာ ကောင်းကင်နှင့်မြေပြင်၏ ရှေးခေတ်အမှန်တရားကို ရှင်းပြနေသကဲ့သို့ပင်။

'ဒါက တိဟောက်ထျန်းကို ပြန်လည်မွေးဖွားစေနိုင်ခဲ့တဲ့ ရွှေလက်ချောင်း အပိုင်းအစပဲလား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

သမာရိုးကျ လုပ်ရိုးလုပ်စဉ်အရ...

ကံကြမ္မာ၏သားတော် တိဟောက်ထျန်းမှ ရရှိခဲ့သော ဤအပိုင်းအစမှာ

အများအားဖြင့် ကြီးမားသော အကြောင်း၊ အကျိုး သက်ရောက်မှုတို့ ရှိတတ်သည်။

နောက်ကွယ်တွင် စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုများ ရှိကောင်းရှိနေနိုင်ပေသည်။

သို့သော်လည်း ဤရှေးဟောင်းပစ္စည်း၏ အပိုင်းအစကို ကြည့်ရတာတော့ ကျွင်းရှောင်ယောက်သည် မည်သို့သော အပြောင်းအလဲမျိုးကိုမှ မခံစားရပါ။

သို့သော်... ထိုအခိုက်တွင်...

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလင်းရောင် တစ်ချက်လက်သွားခဲ့သည်။

ကျောက်အပိုင်းအစများနှင့် ထိတွေ့မိပြီးနောက်...

သူ့ခန္ဓာကိုယ်တွင်းမှ မြင့်မြတ်ခန္ဓာသွေးက အနည်းငယ် တုန်လှုပ်သွားပုံရ၏။

'ဒါက... ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာတော့သည်။

All Chapters