အခန်း ၁၃၅၅
Vol. 91 Ch. 1355
အခန်း ( ၁၃၅၅ ) လျှို့ဝှက်ချက်များ တဖြည်းဖြည်း ပေါ်လာပြီ။
ဤရှေးဟောင်းပစ္စည်း၏ အပိုင်းအစက အဘယ်ကြောင့် သူ၏ မြင့်မြတ်ခန္ဓာသွေးကို မငြိမ်မသက် ဖြစ်စေသနည်း။
နှစ်ခုကြားတွင် ဆက်စပ်မှု တစ်ခုခုရှိလို့လား။
သူက အချိန်တိုအတွင်းမှာ အများကြီး စဉ်းစားမိသည်။
သူ ယခင်က ရရှိထားသော သဲလွန်စများလည်း ရှိသေးသည်။
ယခုတော့ ဤသဲလွန်စများက တစ်ခုနှင့်တစ်ခု ရောယှက်နေပုံရသည်။
ရွှီထျန်းလောက၏ မွေးဖွားမှု၊ ပျက်စီးခြင်းဧကရာဇ်နှင့် နောက်ကွယ်မှ လက်မည်းကြီးတို့ကြား တိုက်ပွဲ....
ထို့ပြင် ကြောက်စရာကောင်းသော အမှောင်ထုလည်း ရှိသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကျိန်စာလည်း ရှိနေသေး၏။
ဤအရာအားလုံးက အခြေခံတစ်ခုတည်းမှ ဆင်းသက်လာပုံရသည်။
ကျွင်းရှောင်ယောက်က ဤအမြစ်ကို ရှာတွေ့နေသမျှ လျှို့ဝှက်ချက်အားလုံးကို သိလိမ့်မည်။
တိဟောက်ထျန်း ပြန်လည်မွေးဖွားခြင်း၏ လျှို့ဝှက်ချက်...
ရှေးဟောင်းမြင့်မြတ်ခန္ဓာကျိန်စာ၏ လျှိုဝှက်ချက်...
အမှောင်ထု၏ လျှို့ဝှက်ချက်။
ပျက်စီးခြင်းဧကရာဇ်နှင့် သူ၏ရန်သူကြား လျှို့ဝှက်ချက်...
ဤလျှို့ဝှက်ချက်အားလုံးကို ဖြေရှင်းနိုင်သည်။
'အဓိက လျှို့ဝှက်ချက်က ဘာလဲ'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က သေချာတာတစ်ခုတော့ ရှိပေသည်။
အဓိက လျှို့ဝှက်ချက်များကိုသိရန် တစ်နေရာသို့ သွားရမည်။
ဒါက ကောင်းကင်ကိုးပါးအထက် တားမြစ်နယ်မြေပင်။
အကြောင်းမှာ၊ မငြိမ်မသက်မှု၏ ရင်းမြစ်က ကောင်းကင်ကိုးပါးအထက်မှ ဆင်းသက်လာသောကြောင့် ဖြစ်သည်။
အမှောင်ကမ္ဘာနှင့် ပူးပေါင်းပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ကျိန်စာတိုက်ခဲ့သည့် သက်ရှည်ကျွန်းကလည်း ကောင်းကင်ကိုးပါးအထက်မှ အင်အားစုတစ်ခုပင်။
မူလက ကျွင်းရှောင်ယောက်သည် ကောင်းကင်ကိုးပါးအထက်သို့ သွားရမည့် အကြောင်းရင်းမှာ ကျန်းလော့လီ၏ပြဿနာကို ဖြေရှင်းပေးရန်နှင့် လက်မှတ်ထိုးဝင်ရန်သာ ဖြစ်သည်။
သို့သော်လည်း ယခုအခါ သူ့တွင် နောက်ထပ် အလုပ်တစ်ခု ရှိလာပြီ။
၎င်းက ကောင်းကင်ကိုးပါးအထက်မှ မငြိမ်သက်မှု၏ ရင်းမြစ်ကို ရှာဖွေရန်ပင်။
ထိုရင်းမြစ်တွင် လျှို့ဝှက်ချက်အားလုံးကို ကောင်းစွာ ဖွင့်ထုတ်နိုင်ပေမည်။
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးများဖြင့် ပြည့်သွားသည်။
သို့ရာတွင်... အပေါ်ယံမှာတော့ သူ့အမူအရာက တည်ငြိမ်ပြီး ခံစားချက်ကင်းမဲ့ကာ သူ့အတွေးများကို ခန့်မှန်းမရနိုင်ပေ။
ပုလော့ရွယ်က ကျွင်းရှောင်ယောက်၏ ချောမောသော မျက်နှာကို စိုက်ကြည့်နေသည်။
သို့သော်လည်း ဘာကိုမျှ မခန့်မှန်းနိုင်ရှာပေ။
'ဘာလို့လဲ...'
ပုလော့ရွယ်က သူ့စိတ်ထဲမှ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိသည်။
သူသည် ရန်ယွင်မြင်းသည်တော် ဆယ့်ရှစ်ဦးအနက် အတွေးအခေါ် ပညာရှင် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရချိန်မှာတော့... ကျွင်းရှောင်ယောက်၏ အတွေးများကို မှန်းဆလို့တောင် မရပေ။
ဤသို့ဖြစ်လေလေ၊ ပုလော့ရွယ်က သူမ၏ ထွက်လမ်းအတွက် ရွေးချယ်မှု မှန်ကန်သည်ဟု ပို၍ ခံစားလာရလေ ဖြစ်သည်။
ထို့နောက် တစ်ခုခုကို တွေးမိဟန်ဖြင့် ပုလော့ရွယ်က ပြောလိုက်သည်။
"နတ်ဘုရားသားတော်၊ လော့ရွယ်က နောက်ထပ် တစ်ခုခုကို ရှာတွေ့ထားတယ်"
"ဘာလဲ"
"မေ့ပျောက်ခြင်းမြေ ပြီးဆုံးကတည်းက တိဟောက်ထျန်းဟာ တိတ်တဆိတ် လေ့ကျင့်နေခဲ့ပါတယ်"
"ဒါပေမဲ့ အခု တိဟောကိထျန်းရဲ့ အရှိန်အဝါတွေက ပိုပိုပြီး ကြောက်စရာကောင်းလာသလို နားမလည်နိုင်အောင် ဖြစ်လာတယ်လို့ ခံစားရတယ်"
"ဒါ့အပြင် တိဟောက်ထျန်းက ရှေးဟောင်းပစ္စည်း ကျောက်အပိုင်းအစကို ရည်ရွယ်ချက်ရှိရှိနဲ့ စတင်ရှာဖွေနေပုံရတယ်။ မဟုတ်ရင် ဒီအပိုင်းအစကို ဒီလောက်မြန်မြန် ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
ပုလော့ရွယ်၏ စကားများက ကျွင်းရှောင်ယောက်၏ မျက်လုံးများကို အရောင်လက်သွားစေသည်။
အထူးအခွင့်အလမ်း မရှိပါက အချိန်တိုအတွင်းမှာ ခွန်အားကို တဟုန်ထိုး တိုးတက်စေရန် မဖြစ်နိုင်ပေ။
ကျွင်းရှောင်ယောက်ပင်လျှင် အချိန်တိုအတွင်း သူ၏ ခွန်အားကို လျင်မြန်စွာ မြှင့်တင်ရန် အခွင့်အရေးအချို့ လိုအပ်သည်။
'ဒါက ပြန်လည်မွေးဖွားခြင်းအပြင်... တိဟောက်ထျန်းက သူနဲ့အတူ အဘိုးအိုတစ်ဦးကို အသက်သွင်းနိုင်ခဲ့တာ ဖြစ်မလား'
ကျွင်းရှောင်ယောက်က တွေးလိုက်သည်။
လုပ်ရိုးလုပ်စဉ်အတိုင်းဖြစ်လျှင်...
ကံကြမ္မာ၏သားတော်က ကြီးမားသောဆုတ်ယုတ်မှုနှင့် ကြုံတွေ့ရသောအခါတိုင်း လှည့်ပြောင်းရန်နှင့် အခွင့်အလမ်းများ အမြဲရှိလိမ့်မည်။
ဥပမာအားဖြင့်၊ ချောက်ထဲပြုတ်ကျ သိုင်းကျမ်းရ သို့မဟုတ် ထိပ်သီး အကျော်အမော်တစ်ဦးထံမှ အကူအညီရခြင်းများ စသည်တို့ ဖြစ်သည်။
တိဟောက်ထျန်းက အချိန်တိုလေးအတွင်းမှာပင် သူ၏ ခွန်အားကို သိသိသာသာ မြှင့်တင်နိုင်ခဲ့ခြင်းမှာ...
ဤဖြစ်ရပ်များထဲမှ တစ်ခုခု ဖြစ်နိုင်သည်။
ထို့ပြင်၊ အဖိုးအိုက ဤရှေးဟောင်းကျောက်ပြား အပိုင်းအစနှင့် ပတ်သက်မှုရှိနိုင်သည်။
တိဟောက်ထျန်းက ဤရှေးဟောင်းကျောက်အပိုင်းအစကို လျင်မြန်စွာ ရှာတွေ့ခြင်းမှာ ထိုအဖိုးအို၏ လမ်းညွှန်မှုကြောင့် ဖြစ်လိမ့်မည်။
မဟုတ်လျှင်၊ ဤဖြစ်စဉ်ကို ရှင်းပြလို့ မရပါ။
'ငါ့ရဲ့ ခန့်မှန်းချက်က မမှားဘူးဆိုရင် အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့လူက အရေးကြီးတဲ့ သဲလွန်စပဲ'
ကျွင်းရှောင်ယောက်က ရုတ်တရက် နားလည်သွားသည်။
သို့သော်လည်း သူက တိဟောက်ထျန်းထံသို့ တိုက်ရိုက်သွားရန် အစီအစဉ် မရှိသေးပေ။
ပထမအချက်က ရန်သူကို သတိပေးနေစရာ မလိုပါ။
ဒုတိယအနေဖြင့်၊ ကျွင်းရှောင်ယောက်က ယုံကြည်မှုရှိသည်။
တိဟောက်ထျန်းက လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုမှ အမှန်တကယ် အကူအညီရခဲ့လျှင်ပင် သူ့ကို အနိုင်ယူနိုင်ရန် မဆိုထားဘိ...
လှိုင်းလုံးများ ဖြစ်ပေါ်စေရန်ပင် ခက်လိမ့်မည်။
"နတ်ဘုရားသားတော်၊ ကျွန်မတို့ ဘာဆက်လုပ်ရမလဲ။ ဒီရှေးဟောင်းပစ္စည်းအပိုင်းအစကို သိမ်းယူထားမယ်ဆိုရင် လော့ရွယ်က ဖော်ထုတ်ခံရလိမ့်မယ်"
ပုလော့ရွယ်က ပြောလိုက်သည်။
သူက ရှေးဟောင်းပစ္စည်း အပိုင်းအစကို ကျွင်းရှောင်ယောက်ထံ ပေးအပ်ခဲ့မည်ဆိုလျှင် သူ ဖော်ထုတ်ခံရမည်မှာ သေချာသည်။
တိဟောက်ထျန်းက ငတုံး မဟုတ်ပါ၊ သူက သေချာပေါက် သတိပြုမိနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်လေသည်။
"မလိုပါဘူး၊ ဒီကျောက်အပိုင်းအစကို ပြန်ယူပြီး တိဟောက်ထျန်းကို ပေးလိုက်ချေ"
"ဒါတင်မကဘူး၊ တခြားကျောက်အပိုင်းအစတွေကို ရှာတွေ့အောင်လည်း အစွမ်းကုန်ကြိုးစားရမယ်"
ကျွင်းရှောင်ယောက်က ကျောက်အပိုင်းအစကို ပုလော့ရွယ်ထံ ပြန်ပေးလိုက်သည်။
"နတ်ဘုရားသားတော်၊ ဒီလိုဆိုရင်..."
ပုလော့ရွယ်က အံ့အားသင့်သွားသည်။ သူ စိတ်ရှုပ်ထွေးသွား၏။
ပုံမှန်အားဖြင့်၊ တိဟောက်ထျန်းသည် ကျောက်အပိုင်းအစများကို အသဲအသန် ရှာဖွေနေသောကြောင့် ကျွင်းရှောင်ယောက်မှ သိမ်းယူပြီး တိဟောကိထျန်း၏ အကြံအစည်ကို မအောင်မြင်စေရန် တားဆီးသင့်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ကျောက်အပိုင်းအစကို ပြန်ပေးအပ်သည့်အပြင်...
ကျန်အပိုင်းအစများကို တိဟောက်ထျန်း ရှာတွေ့ရန် သူ့ကို အတတ်နိုင်ဆုံး ကူညီပေးရန်လည်း တောင်းဆိုခဲ့သေးသည်။
ဒါက ပုလော့ရွယ်ကို စိတ်ရှုပ်ထွေးစေသည်။
"နတ်ဘုရားသားတော်က တိဟောက်ထျန်းရဲ့ အကြံအစည်ကို ဖျက်ဆီးချင်တယ် မဟုတ်ဘူးလား"
ပုလော့ရွယ်က မေးလိုက်သည်။
“မင်း အများကြီးသိနေစရာ မလိုပါဘူး၊ ငါပြောတံအတိုင်းသာ လုပ်လိုက်"
ကျွင်းရှောင်ယောက်က ပုလော့ရွယ်ကို အရှည်ကြီး ရှင်းပြနေရန် စိတ်ကူးမရှိပေ။
ပုလော့ရွယ်လည်း သက်ပြင်းချလိုက်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ရှေ့တွင် သူက ကလေးတစ်ယောက်လို ခံစားရ၏။
သူ၏ တွေးခေါ်နိုင်စွမ်းက လုံးဝ မလုံလောက်သေးပေ။
ထို့နောက်တွင် ပုလော့ရွယ်က ရှေးဟောင်းကျောက်အပိုင်းအစကို သိမ်းဆည်းပြီး ထွက်သွားသည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် နက်နဲသော အရိပ်အယောင်များ ပေါ်လာတော့သည်။
'တကယ်လို့ ဒီဟာက အမှန်ဖြစ်မယ်ဆိုရင် စိတ်ဝင်စားစရာပဲ'
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
'မင်းက ကျားစေ့ခုံပေါ်က ကျားစေ့တစ်စေ့ပါပဲ။ ဒါပေမဲ့ မင်းကိုယ်မင်း ကျားကစားသူလို့ ထင်နေတယ်။ တိဟောက်ထျန်း... တိဟောက်ထျန်း၊ မင်း အရမ်းသနားဖို့ကောင်းတာပဲ'
ကျွင်းရှောင်ယောက်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
သူက သူ့ကိုရှုံးနိမ့်သွားသော စစ်သူရဲကို ဂရုမစိုက်ပေ။
တိဟောက်ထျန်းက မည်မျှပင် ရုန်းကန်နေစေကာမူ ထိုမျှသာ ဖြစ်လိမ့်မည်။
ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်၏အာရုံက ကောင်းကင်ကိုးပါးအထက်သို့ စတင် ရောက်ရှိနေပြီဖြစ်သည်။
သို့သော်လည်း ထိုမတိုင်မီမှာတော့ သူ၏ တိုက်ပွဲ၏ရလဒ်များကို ချေဖျက်ရန် ကျွင်းမိသားစုထံ ပြန်သွားရဦးမည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်သည်လည်း ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်သွားခဲ့သည်။
ထိုအခါ သဘာဝအတိုင်း လူအများ၏ အာရုံစိုက်မှုလှိုင်းများ ဖြစ်ပေါ်လာပြန်၏။
နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်၏ အထောက်အထားက ယခုအချိန်မှာ သာမန်မဟုတ်တော့ပေ။
ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင်အဖြစ် သူ၏ လက်ရှိအထောက်အထားက လူအများ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဤသို့သော ဂုဏ်သတင်းများကို ဂရုစိုက်သူ မဟုတ်ပါ။
သို့သော်လည်း နာမည်ကျော်ကြားလာပါက ယုံကြည်ခြင်း၏စွမ်းအားကို စုဆောင်းရန် အထောက်အကူ ဖြစ်စေနိုင်သည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ဟော်တုဧကရာဇ်ထံမှ အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးကို ပြန်လည်ရယူခဲ့သည်။
ထို့ပြင် ဟော်တုဧကရာဇ်ထံမှ တုန်လှုပ်ဖွယ် သတင်းတစ်ခုကို ရရှိခဲ့ပေသည်။
"ကောင်လေး၊ ငါ့မှာ အရာအားလုံးရဲ့မိခင်ချီအရင်းမြစ် ရှိတယ်"
ဟော်တုဧကရာဇ်က လှပစွာပြုံးရင်း ကျွင်းရှောင်ယောက်ကို ကြည့်နေသည်။
ကျွင်းရှောင်ယောက်၏ လက်ရှိအဆင့်အတန်းက သာမန်မဟုတ်သော်လည်း သူ့မျက်လုံးထဲမှာတော့ အသက်အရွယ်နှင့် အရည်အချင်းအရ တကယ့်ကို လူငယ်လေးတစ်ယောက်သာ...
"တကယ်လို့ ဧကရာဇ်အရှင်မက အလိုရှိရင် အရာအားလုံးရဲ့မိခင်ချီရင်းမြစ်နဲ့ လဲလှယ်ဖို့ ကျွန်တော်က ဘယ်လို အဖိုးအခကိုမဆို ပေးဆောင်ရန် ဆန္ဒရှိပါတယ်"
ကျွင်းရှောင်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။
အကယ်၍၊ သူသာ အရာအားလုံး၏မိခင်ချီ ရင်းမြစ်ကို ရယူနိုင်ခဲ့ပါက... အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးသည် ထိပ်တန်းအဆင့် ဧကရာဇ်လက်နက်အဆင့်ကို ရောက်လုနီးပါးအထိ ပြောင်းလဲသွားနိုင်သည်။
အနာဂတ်တွင် အင်မော်တယ်လက်နက်အဖြစ် ပြောင်းလဲရန်ပင် အလွန်လွယ်ကူလိမ့်မည်။
"အို..."
ဟော်တုဧကရာဇ်က မျက်တောင်ခတ်လိုက်သည်။
"အရာအားလုံးရဲ့ မိခင်ချီစွမ်းအင် အရင်းအမြစ်က ငါ့ရဲ့ မူလခန္ဓာပဲ။ မင်း ဒီလိုပြောတာက... ငါ့ကို သန့်စင်ပြီး စားချင်လို့လား"
ဟော်တုဧကရာဇ်က ပြုံးပြီး ပြောလိုက်၏။
ကျွင်းရှောင်ယောက်၏ မျက်နှာအမူအရာက ရုတ်တရက် အေးခဲသွားတော့သည်။