အခန်း ၁၃၅၆
Vol. 91 Ch. 1356
အခန်း ( ၁၃၅၆ ) အတွင်းစကြာဝဠာ၏ အပြောင်းအလဲ။
ကျွင်းရှောင်ယောက်က အနည်းငယ် အံ့ဩသွားသည်။
ဟော်တုဧကရာဇ်၏ အစစ်အမှန်ပုံစံက အရာအားလုံး၏မိခင်ချီစွမ်းအင်၏ ရင်းမြစ်ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း သေချာ စဉ်းစားကြည့်လျှင် ဒါက ပုံမှန် ဖြစ်သည်။
ဟော်တုဧကရာဇ်က ကမ္ဘာမြေကြီး၏ မိခင် ဖြစ်သည်။
အရာခပ်သိမ်းကို ထောက်ပံ့ပေးထားသော မိခင်က ကမ္ဘာမြေကြီးပင် မဟုတ်လော။
"ဧကရာဇ်အရှင်မက နောက်နေပါပြီ။ ကျွန်တော်က အရှင်မရဲ့ မွန်မြတ်သန့်စင်ခြင်းကို ဘယ်လို သန့်စင်နိုင်မှာလဲ"
ကျွင်းရှောင်ယောက်က ဟော်တုဧကရာဇ်၏ ကြီးမားထည်ဝါသော ရွှေရင်အစုံကိုကြည့်ရင်း အနည်းငယ် ရှက်ရွံ့သွားသည်။
ဒါကို သူ လုံးဝ မရင်ဆိုင်နိုင်ပေ။
လက်ရှိအချိန်တွင်၊ ဟော်တုဧကရာဇ်က ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။
ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အကျော်အမော်များထဲမှ တစ်ပါးအနေဖြင့် ဟော်တုဧကရာဇ်သည် သာမန်ဧကရာဇ် မဟုတ်သည်မှာ သေချာသည်။
"ဟင်း...၊ တကယ်တော့ မင်းငါ့ကို ဒီအရာအားလုံးရဲ့မိခင်ချီ ဒယ်စောက်အိုးကို ပေးမယ်ဆိုရင် စိတ်ရင်းမှန်နဲ့ ကူညီပေးနိုင်တယ်"
ဟော်တုဧကရာဇ်က ပြောလိုက်သည်။ သူက အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို အမှန်တကယ် ရယူလို၏။
အကြောင်းမှာ၊ ဤအရာက အရာအားလုံး၏ရင်းမြစ်ဖြစ်သော သူ၏ မူလခန္ဓာနှင့် အလွန်ကိုက်ညီသောကြောင့်ဖြစ်သည်။
ဒါက သူ့အတွက် သီးသန့်ပြုလုပ်ထားသလိုပင်။
သို့သော်လည်း သူက အတင်းအကျပ်လုပ်မည် မဟုတ်ပါ။
ပထမအချက်အနေဖြင့် သူဟာ ဒီလိုလူမျိုး မဟုတ်ပေ။
စင်စစ်တွင်၊ သူက မိခင်ကမ္ဘာမြေဖြစ်ပြီး ကြင်နာသနားတတ်သူ ဖြစ်သည်။ ဤကဲ့သို့ လုယက်မှုမျိုးကို သူ မလုပ်နိုင်ပါ။
ဒုတိယအနေဖြင့်၊ ကျွင်းရှောင်ယောက်၏ ပစ္စည်းများကို မည်သူက လုယက်နိုင်မည်နည်း။
သူက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ဧကရာဇ်လေးပါးထဲမှ တစ်ဦးဖြစ်ခဲ့သော်လည်း လက်နက်တစ်ခုကြောင့် ကျွင်းမိသားစုကို သူ မစော်ကားလိုပေ။ ဒါက ပညာမဲ့လွန်းရာကျသည်။
"ခွင့်လွှတ်ပါ၊ ဒါက ကျွန်တော့်ရဲ့ သီးခြားလက်နက်တွေထဲက တစ်ခုပဲ။ ဒါပေမဲ့ အရှင်မက လိုအပ်မယ်ဆိုရင် နောင်အခါမှာ မကြာခဏ ငှားနိုင်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ဟော်တုဧကရာဇ်၏ စွမ်းအားက အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို သန့်စင်ရာတွင် အလွန်အသုံးဝင်ပေသည်။
"ဘာလဲ...၊ ကောင်လေး... မင်းက ငါ့ကို အလကား အသုံးပြုချင်လို့လား"
ဟော်ဝုဧကရာဇ်က မျက်ခုံးပင့်လိုက်သည်။ သူက အတွေ့အကြုံကြွယ်ဝသူဖြစ်ပြီး ကျွင်းရှောင်ယောက်၏ အကြံအစည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ကျွင်းရှောင်ယောက်က အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို သန့်စင်ရန် သူမ၏ ရင်းမြစ်စွမ်းအားကို အသုံးပြုလိုသည်။
ကျွင်းရှောင်ယောက်က မဖုံးကွယ်ထားဘဲ ပြုံးလိုက်လေသည်။
"ဒါက ကျွန်တော်ရော အရှင်မအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စပဲ"
"ငါတို့နှစ်ယောက်က လက်နက်တစ်ခုကို အတူတူ သန့်စင်မယ်ဆိုရင် အဲဒါက နှစ်ထပ်လေ့ကျင့်မှုပဲ မဟုတ်ဘူးလား"
ဟော်တုဧကရာဇ်က အဓိပ္ပာယ်ရှိရှိ ပြုံးပြီး ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က ပို၍ ရှက်ရွံ့သွား၏။
ဟော်တုဧကရာဇ်ကို ရှေးခေတ်မှ တည်ရှိမှုတစ်ခုဟုပင် ဆိုနိုင်သည်။
သူ့ကို ဒေါ်လေးဟုပင် မဆိုနိုင်တော့ပေ။
သူက ဖွားဖွားအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သို့သော်လည်း ဟော်တုဧကရာဇ်၏ အလှအပနှင့် ရုပ်ရည်သွင်ပြင်က အိုကြီးအိုမနှင့် မတူပေ။
ထိုအစား တည်ငြိမ်ရင့်ကျက်ပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ဦးနှင့် ပိုတူသည်။
"အရှင်မ နောက်နေပြန်ပါပြီ"
ကျွင်းရှောင်ယောက်ကတော့ ဤသို့သာ ပြောနိုင်လေသည်။
သူက လော့ရှန်းလင်ထက်ပင် များစွာ အသက်ပိုကြီးသည်။
"ဟင်းဟင်းဟင်း..."
ဟော်တုဧကရာဇ်က ဘာမျှမပြောတော့ဘဲ ရယ်မောလိုက်သည်။
သို့သော်လည်း နောက်ဆုံးမှာတော့ သဘောတူညီမှုတစ်ခုရခဲ့ပေသည်။
ကျွင်းရှောင်ယောက်က ပုံမှန်အချိန်များတွင် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို ဟော်တုဧကရာဇ်ထံ ငှားရမ်းထားနိုင်သည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ဘိုးဘွားနယ်မြေ၏ နက်နဲရာသို့ တစ်ဖန်ပြန်သွားကာ သူ၏ တိုက်ပွဲရလဒ်များကို စတင်ချေဖျက်ခဲ့သည်။
ဤတွင်၊ အရေးကြီးဆုံးအချက်က နေမင်း အင်မော်တယ်ကျမ်းဖြစ်ပြီး အခြားအရာများကိုတော့ သိပ်ပြီး ဂရုမစိုက်ပေ။
ဧကရာဇ်လက်နက်ဖြစ်သည့် နေနတ်ဘုရားမီးပြင်းဖိုကိုပင် ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံးအတွက် ချန်ထားရစ်ခဲ့သည်။
သို့ရာတွင်... ကျွင်းဧကရာဇ်ခုံရုံး၏ ပိုင်ဆိုင်မှုက သူ၏ပိုင်ဆိုင်မှုဖြစ်သောကြောင့် ကွာခြားမှု သိပ်မရှိပေ။
ထို့နောက်၊ ကျွင်းရှောင်ယောက်က မဟာနေမင်း အင်မော်တယ်ကျမ်းကို စတင်လေ့လာခဲ့သည်။
ယခင် ထိုက်ယင်အင်မော်တယ်ကျမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာတွင် နေနှင့်လ၊ ယင်နှင့်ယန်တို့၏ စစ်မှန်သော ပြောင်းလဲမှုများက အကြမ်းဖျင်း ပေါ်လာကြ၏။
ဒါက အလွန်အရေးကြီးသည်။
စစ်မှန်သော အလှည့်အပြောင်းနှင့် လှည့်ပတ်မှုဖြင့်သာ ကမ္ဘာကြီးတစ်ခုလုံး ရှင်သန်လာနိုင်သည်။
ကျွင်းရှောင်ယောက်၏ ထာဝရကွဲလွဲမှုများ၏ဘုရင် အရည်အချင်းဖြင့်...
ယခုအချိန်တွင် အင်မော်တယ်ကျမ်းကို နားလည်လိုပါက ထမင်းစားရေသောက်ကဲ့သို့ မလွယ်သော်လည်း များစွာ မခက်တော့ပေ။
သာမာန်ပါရမီရှင်တစ်ဦးက အင်မော်တယ်ကျမ်းကို နားလည်မည်ဆိုလျှင် နှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ချီ အချိန်ယူရမည် ဖြစ်သည်။
အလွန်ထက်မြက်သော ပါရမီရှင်တစ်ဦးအတွက်ပင်လျှင် ဆယ်စုနှစ်များစွာ အချိန်ယူရဦးမည်။
တိဟောက်ထျန်းကဲ့သို့ ပါရမီရှင်တစ်ဦးသည်ပင် လျှို့ဝှက်ဆန်းကြယ်သော ဝူလောင်ကဲ့သို့ တည်ရှိမှု၏ လမ်းညွှန်မှုဖြင့်သာ အင်မော်တယ်ကျမ်းကို လျင်မြန်စွာ နားလည်သဘောပေါက်နိုင်သည်။
ကျွင်းရှောင်ယောက်ကတော့ သူ၏ ကိုယ်ပိုင် ဉာဏ်စွမ်းဉာဏ်စဖြင့် နှစ်လ သုံးလအတွင်းတွင် မဟာနေမင်း အင်မော်တယ်ကျမ်းကို အပြည့်အဝ နားလည်နိုင်ခဲ့ပေသည်။
ထိုအချိန်တွင်၊ သူ၏ အတွင်းစကြာဝဠာအတွင်း၌...
နေ၊ လ နှင့် ကြယ်များက ပို၍ ဖွဲ့စည်းလာကြသည်။
သူ၏ အတွင်းစကြာဝဠာတွင် နေနှင့်လက တလှည့်စီ လည်ပတ်နေပြီး ယင်နှင့်ယန်ကို စီးဆင်းစေသည်။
နိယာမသုံးဆယိကလည်း မိစ္ဆာနတ်ဘုရား(ဖင်းဂေါ့)များအဖြစ် ပြောင်းလဲသွားကြပြီ။
ကမ္ဘာသစ်ပင်နှင့် ပြန်လည်ဝင်စားခြင်း အင်မော်တယ်အမြစ်ကဲ့သို့သော အရာများပင်လျှင် လျင်မြန်စွာ ကြီးထွားလာပြီး တက်ကြွမှု ရှိသည်။
သူ၏ အတွင်းစကြာဝဠာကို ချဲ့ထွင်ရာတွင် ကမ္ဘာ့သစ်ပင်ကဲ့သို့ နတ်အရာဝတ္ထုများက အထောက်အကူ ဖြစ်စေသည်။
ယခုတော့ နေနှင့်လ၏ လှည့်ပတ်မှုဖြင့် ယန်နှင့်ယန်နိယာမက ပို၍ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ပြီ။
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက လျင်မြန်စွာ ကျယ်ပြန့်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာသည် မူလက ကမ္ဘာငယ်တစ်ထောင် အဆင့်တွင် ရှိသည်။
ယခုတော့ ဆက်လက် ချဲ့ထွင်နေပြီး ကမ္ဘာငယ်၏ စွမ်းအားကလည်း ပို၍ တိုးလာနေပြီ။
အချိန်မည်မျှကြာသွားပြီမသိ...
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာ ချဲ့ထွင်မှုအရှိန်က တဖြည်းဖြည်း နှေးကွေးလာသည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က စကြဝဠာ၏မူလမှ အလွန်ပြင်းထန်သော စွမ်းအားကို ခံစားနိုင်နေနေပြီ။
ကမ္ဘာငယ်တစ်ထောင်၏ စွမ်းအားကို ဝတစ်ထောင်စွမ်းအားဟု ရိုးရှင်းစွာ ရည်ညွှန်းနိုင်သည်။
ယခုမူ၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက အလွန်ပြည့်ဝနေပြီး ဝနှစ်ထောင် စွမ်းအားအဆင့်ကို ရောက်ရှိနေပေပြီ။
တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာစွမ်းအားက ကမ္ဘာငယ်တစ်ထောင်မှ ကမ္ဘာငယ်နှစ်ထောင်သို့ ရောက်လာခဲ့သည်။
ဒါက နှစ်ဆတိုးသွားခြင်းပင်။
ဤတွင် နေနှင့်လ၏ နက်နဲမှုများအပြင် ကမ္ဘာ့သစ်ပင်ကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
ကောင်းကင်နှင့်မြေပြင်၏ ရှားပါးမြင့်မြတ်သော အရာဝတ္ထုတစ်ခုအနေဖြင့်၊ ကမ္ဘာ့သစ်ပင်က ဒဏ္ဍာရီလာ ဧကရာဇ်ပင်လျှင် မက်မောသော ရတနာတစ်ခု ဖြစ်သည်။
ထိုကဲ့သို့သော ရတနာက ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေသည်။
ကျွင်းရှောင်ယောက်က ကမ္ဘာ့သစ်ပင်၏ စွမ်းအားကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ခြင်းမှာ သူ၏ လက်ရှိအင်အားနှင့် နယ်ပယ်က မလုံလောက်ခြင်းကြောင့် ဖြစ်သည်။
ဒါက နဂါးသတ်ဓားကို ပိုင်ဆိုင်ထားသော သုံးနှစ်အရွယ်ကလေးတစ်ယောက်လိုပင်။
ထို့ကြောင့် ယခုအချိန်အထိ ကမ္ဘာ့သစ်ပင်က ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာတွင် တိတ်ဆိတ်စွာရှိနေခဲ့ကာ စကြာဝဠာကို ချဲ့ထွင်ရန် ကူညီပေးခဲ့သည်။
ကျွင်းရှောင်ယောက်က ပို၍ အားကောင်းလာသောအခါ ရန်သူအားလုံးကို ဖိနှိပ်ရန် ကမ္ဘာ့သစ်ပင်၏ စွမ်းအားကို အသုံးပြုနိုင်ပေသည်။
'အဓိပတိနယ်ပယ်ခုနစ်ခုမှာ ကမ္ဘာငယ်တစ်ထောင်ရဲ့ စွမ်းအားကို ပိုင်နိုင်ထားသူက ငါကလွဲလို့ ဘယ်သူမှ မရှိသင့်ဘူး'
ကျွင်းရှောင်ယောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူ့ကိုယ်ပိုင်နယ်ပယ်က မပြောင်းလဲသော်လည်း သူ၏ခွန်အားက အဆင့်သစ်တစ်ခုကို ရောက်နေပြီ။
သာမာန် ကျင့်ကြံသူများအတွက်၊ ခွန်အားကိုတိုင်းတာရန် အရိုးရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့၏ နယ်ပယ်အဆင့်ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ ဤသို့မဟုတ်ပေ။
အတွင်းစကြဝဠာ၏ မြှင့်တင်မှုက သူ့အတွက် နယ်ပယ်ချိုးဖြတ်ခြင်းကဲ့သို့ အရေးပါသည်။
'အတွင်းစကြာဝဠာကို မြှင့်တင်တာက အင်မတန်အရေးကြီးပေမဲ့ အခုတော့ ငါ့ရဲ့ ကိုယ်ပိုင်နယ်ပယ်ကို မြှင့်တင်ဖို့ အချိန်တန်ပြီ'
'ကောင်းကင်ကိုးပါးအထက်ရဲ့ ကျင့်ကြံမှု ပတ်ဝန်းကျင်က ထူးခြားပြီး မရေမတွက်နိုင်တဲ့ လျှို့ဝှက်နယ်မြေတွေနဲ့ ရတနာတွေရှိတယ်လို့ ကြားတယ်။ အဲဒီမှာ ငါ့ကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိသင့်တယ်'
ကျွင်းရှောင်ယောက်က တွေးလိုက်သည်။
ကောင်းကင်ကိုးပါးအထက်သို့သွားရန် အချိန်တန်ပြီ။