← Chapters

အခန်း ၁၃၆၁

Vol. 91 Ch. 1361

အခန်း ၁၃၆၁

Vol. 91 Ch. 1361

အခန်း ( ၁၃၆၁ ) အဆုံးမဲ့ချောက်နက်၏ နက်နဲရာ။

ကျွင်းရှောင်ယောက်က အလကားနေအလကား သူရဲကောင်းလုပ်ချင်နေသူ မဟုတ်ပေ။

သို့သော်လည်း မိန်းကလေး၏ ထူးခြားသော လက္ခဏာကို သူ စိတ်ဝင်စားသည်။

သူက လူသား မဟုတ်ပေ။ သူ့ထံမှ အင်မော်တယ်ဆေး၏ ရနံ့ကိုပင် ရနေသည်။

ထိုစကားကိုကြားတော့ မိန်းကလေးက သိပ်ပြီး မအံ့ဩပေ။

ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်၏ ခွန်အားအရ သူ့ကို မြင်နေရခြင်းမှာ မထူးခြားပါ။

ထို့ပြင်၊ သူတို့၏ ယောက်လင်တောင်က ကောင်းကင်ကိုးပါးတွင် လူသိများသည်။

ယင်းက ရတနာနယ်မြေတစ်ခု ဖြစ်၏။

စကားအနည်းငယ်ပြောရုံဖြင့် လူတိုင်း သိသင့်သည်။

"ကျွန်မရဲ့ နာမည်က ယောက်အာပါ... ယောက်လင်တောင်ကနေ လာခဲ့တာ၊ ကျွန်မရဲ့ မူလပုံစံက မက်မွန်သီး နတ်ဆေးပါ"

ယောက်အာ အမည်ရှိသော မိန်းကလေးက ရိုးရိုးသားသား ပြောလိုက်သည်။

ကျွင်းရှောင်ယောက်ကဲ့သို့ ဆန်းကြယ်သော ပညာရှင်မျိုးကို ရင်ဆိုင်ရချိန်တွင် လိမ်ညာခြင်းက သတ်ဖြတ်ချင်စိတ်ကိုသာ လှုံ့ဆော်စေနိုင်သည်။

"ယောက်လင်တောင်..."

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

သဘာဝအတိုင်း၊ ယောက်လင်တောင်ကို သူ တစ်ခါမှ မကြားဖူးပေ။

သို့သော်လည်း အခြေအနေအရ၊ ၎င်းမှာ ကောင်းကင်ကိုးပါးမှ အခွင့်အလမ်းတစ်ခု ဖြစ်သင့်သည်။

ကျွင်းရှောင်ယောက်၏ တုံ့ပြန်ပုံကိုမြင်တော့ ယောက်အာ၏စိတ်ထဲတွင် ကျွင်းရှောင်ယောက်က သူမကိုသန့်စင်ရန် တွေးနေသလားဟု တွေးမိလာသည်။

ယောက်အာက တုန်လှုပ်စွာဖြင့် ကျွင်းရှောင်ယောက်၏ရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်လေသည်။

"ကျေးဇူး... ကျေးဇူးပြုပြီး ကျွန်မကို မသန့်စင်ပစ်လိုက်ပါနဲ့"

ဤအခိုက်တွင် သူ့ပုံစံက အလွန်သနားစရာကောင်းသည်။

တကယ်တော့ ယောက်အာ အလွန်ကြောက်နေရခြင်းမှာ အကြောင်းရှိသည်။ သူ၏ မျိုးနွယ်စုဝင် တော်တော်များများကို ဖမ်းဆီးပြီး ဆေးမီးဖိုထဲတွင် အရှင်လတ်လတ် သန့်စင်ပစ်တာကို သူမြင်ခဲ့ရဖူးပေသည်။

သူတို့၏ မူလပုံစံက အင်မော်တယ်ဆေးပင်ဖြစ်သော်လည်း၊ ၎င်းတို့က လူသားပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် လူသားများ၏ စိတ်ခံစားမှုများနှင့် ခံယူချက်များ ရှိသည်။

သူတို့သည်လည်း နာကျင်မှုကို ခံစားရနိုင်ပေသည်။

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒါက နတ်ဆေးတစ်ခုပဲ၊ ငလါ စိတ်မဝင်စားပါဘူး"

"ဒါပေမဲ့ မင်း အသွင်ပြောင်းလဲနိုင်တဲ့အချက်ကို ငါတော်တော်စိတ်ဝင်စားတယ်"

ပုံမှန်အားဖြင့် နတ်ဆေးပင်က ရှားပါးပြီး အဖိုးတန်သည့်တိုင် လူသားပုံစံအဖြစ် ပြောင်းလဲရန် အလွန်ခက်ခဲနေသေးသည်။

ယေဘုယျအားဖြင့်၊ ဒဏ္ဍာရီလာ အင်မော်တယ်တစ်ပိုင်းဆေး သို့မဟုတ် အင်မော်တယ်ဆေးများသာ လူသားအသွင် ပြောင်းလဲရန် အရည်အချင်းပြည့်မီသည်။

သို့ရာတွင်... အင်မော်တယ်တစ်ပိုင်း ဆေးပင်နှင့် အင်မော်တယ်ဆေးပင်၏ ရှားပါးမှုက အင်မော်တယ်တစ်ပိုင်း လက်၊ အင်မော်တယ် လက်နက်တို့နှင့် နှိုင်းယှဉ်နိုင်သည်။

သာမန် အင်မော်တယ်အင်အားစုများက ၎င်းကို မပိုင်ဆိုင်နိုင်ပေ။

ကျွင်းရှောင်ယောက်က နတ်ဆေးပင်ကို သိပ်ပြီး ဂရုမစိုက်ပါ။

သို့သော်လည်း၊ အင်မော်တယ်တစ်ပိုင်းဆေးပင်ဖြစ်လျှင် ကျွင်းရှောင်ယောက်က စိတ်ဝင်စားမိမည် ဖြစ်သည်။

ဤမိန်းကလေးကို သူ ကယ်တင်ရသည့် အကြောင်းရင်းက သူ့နောက်ကွယ်တွင် အင်မော်တယ်တစ်ပိုင်းဆေးပင် ရှိနေမည်ဟု သူ ခန့်မှန်းမိသောကြောင့်ပင်။

"ကျွန်မတို့ အသွင်ပြောင်းနိုင်တဲ့ အကြောင်းရင်းက ယောက်လင်တောင်ရဲ့ လျှို့ဝှက်ချက်နဲ့ ဆက်စပ်..."

ယောက်အာက တစ်ခုခုပြောချင်သော်လည်း ရပ်လိုက်သည်။

ဒါက သူတို့၏လျှို့ဝှက်ချက်ပင်။

သို့ရာတွင်၊ သူ မပြောပါက သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သောသူကို ဒေါသထွက်စေမှာလည်း ကြောက်ရသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်တွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သူမ အလိုလို ခံစားမိခဲ့လေသည်။

သူက သူတို့ကို ဖမ်းဆီးချင်သော တားမြစ်မိသားစုများနှင့် မတူပေ။

ကျွင်းရှောင်ယောက်ကလည်း ယောက်အာ၏ တုံ့ဆိုင်းမှုကို သဘာဝအတိုင်း နားလည်သည်။

အကယ်၍၊ ယောင်လင်တောင်တွင် အင်မော်တယ်တစ်ပိုင်းဆေး အမှန်တကယ်ရှိပါက ၎င်းသည်လည်း အသွင်ပြောင်းပြီးနေပြီ ဖြစ်သည်။

ဤအခြေအနေတွင်၊ အဓမ္မနည်းလမ်းမျိုးကို အသုံးပြုပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ရှိနိုင်သည်။

ထို့ကြောင့် ဤနတ်ဆေးပင်များက အဘယ်ကြောင့် ပြောင်းလဲသွားနိုင်သည်ကို ဦးစွာရှာဖွေရန် လိုအပ်ပေသည်။

ဤသည်မှာ အခွင့်ကောင်းတစ်ခုနှင့် ဆက်စပ်နေနိုင်သည်။

ထိုသို့တွေးမိသောအခါ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာတော့သည်။

သူ့မျက်နှာကို ဖုံးကွယ်ထားသော နတ်အလင်းရောင်က အနည်းငယ်မှိန်ဖျော့သွားပြီး နတ်ဘုရားကဲ့သို့ ချောမောသော မျက်နှာကို ပေါ်လွင်စေလိုက်သည်။

သူ့မျက်နှာမှာတော့ နူးညံ့သော အပြုံးတစ်ခု ရှိ၏။

အထူးချွန်ဆုံး သရုပ်ဆောင်မုဒ်ကို အသက်သွင်းလိုက်ပြီ။

"တကယ်တော့ ငါက ကောင်းကင်ကိုးပါးက မဟုတ်ဘူးဆိုတာ မင်း သတိထားမိသင့်တယ်။ ပြီးတော့ အဲဒီတားမြစ်မိသားစုတွေနဲ့ အသက်တားမြစ်နယ်မြေတွေက ငါနဲ့ နည်းနည်းမှ အစေးမကပ်ဘူးလေ"

"မင်းတို့ ယောက်လင်တောင်လည်း သူတို့ရဲ့ နှိပ်စက်မှုကို မကြာခဏ ခံကြရဖူးတယ် မဟုတ်လား"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

ယောက်အာက အနည်းငယ် မင်သက်သွားသည်။

သူ့ရှေ့မှ အမျိုးသားက သူ မြင်ဖူးသမျှထဲမှာ အချောဆုံးပင်။

ကျွင်းရှောင်ယောက်၏ နူးညံ့သိမ်မွေ့သော သဘောထားကြောင့်လည်း ယောက်အာ၏ သတိပဋ္ဌာန်က များစွာ လျော့ကျသွားခဲ့သည်။

ကျွင်းရှောင်ယောက်၏ ရုပ်ရည်အသွင်ပြင်က အမျိုးသမီးများအတွက် လူသတ်လက်နက်တစ်ခုဖြစ်သည်ဟု ဆိုရမည်။ နတ်ဆေးပင်များပင် ချွင်းချက် မဟုတ်ပေ။

ယောက်အာက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"မှန်ပါတယ်၊ တားမြစ်မိသားစုတွေနဲ့ ကျင့်ကြံသူတွေက ကျွန်မတို့လူတွေကို ဖမ်းဆီးဖို့ မကြာခဏဆိုသလို လာတတ်တယ်"

"ဒါပေမဲ့ ကျွန်မတို့ရဲ့ ယောက်လင်တောင်က အဆုံးမဲ့ချောက်နက်ထဲမှာ လျှို့ဝှက်နေတာကြောင့်၊ သူတို့က ဒီထက်ပိုပြီး နက်ရှိုင်းအောင် မဝင်ရောက်နိုင်သေးဘူး"

"ဒါပေမဲ့လည်း အခုဆိုရင် အဆုံးမဲ့ချောက်နက်က အစီရင်ဟာ ပိုပိုပြီး အားနည်းလာတာကြောင့် ယောက်လင်တောင်ကို ကြာရှည် ကာကွယ်ထားနိုင်တော့မယ် မထင်ဘူး"

"အစီရင် လုံးဝပျောက်ကွယ်သွားတဲ့အခါ အဲဒီလူတွေက ကျွန်မတို့ရဲ့ ယောက်လင်တောင်ကို အပြည့်အဝ ကျူးကျော်လာမှာ သေချာတယ်။ အဲဒီအချိန်မှာ အဘိုးဗောဓိတောင် ကျွန်မတို့ကို ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး"

ထိုအကြောင်းများကို ပြောသောအခါ ယောက်အာက ပြိုတော့မည့်မိုးကဲ့သို့ ငိုမဲ့မဲ့လေး ဖြစ်လာသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများလည်း အနည်းငယ် အရောင်လက်သွားလေသည်။

အဘိုး ဗောဓိလား။

ဒါက တကယ်ကို အင်မော်တယ်တစ်ပိုင်းဆေးပင် ဖြစ်နိုင်မလား။

ကျွင်းရှောင်ယောက်၏ အပြုံးက ပို၍ နူးညံ့လာခဲ့သည်။

ယောင်လင်တောင်ကို သူ့အပိုင်အဖြစ် သိမ်းယူရန် လိုအပ်သည်ဟုပင် သူ ခံစားမိနေပြီ။

"ကြည့်ရတာ မင်းတို့ရဲ့အခြေအနေက မကောင်းဘူးထင်တယ်။ ဒီလိုဆိုရင် မင်းကိုကူညီဖို့ ငါနည်းလမ်းရှိတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"သခင်လေး၊ ရှင်..."

ယောက်အာက မျက်ရည်ဝဲနေသော မျက်ဝန်းတို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်က တကယ်ကို သန်မာပေသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ သူက လူတစ်ယောက်တည်းသာ ဖြစ်သည်။

"မင်းငါ့ကို ယုံမယ်ဆိုရင် မင်းငါ့ကို ယောက်လင်တောင်ကိုခေါ်သွားနိုင်တယ်"

"နောက်ပြီး စိတ်မပူပါနဲ့၊ ဒီအချိန်အတွင်းမှာ ငါရှိနေရင် ယောက်လင်တောင်ကို ဘယ်သူမှ တိုက်ခိုက်ဝံ့မှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။

ဤအခိုက်တွင် သူက ဖြူစင်သော မိန်းကလေးတစ်ယောက်ကို လှည့်ဖြားရန် ကြိုးစားနေသည့် ဦးလေးတစ်ယောက်ကဲ့သို့ပင်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ ရုပ်ရည်သွင်ပြင်က အလွန်ကြည့်ကောင်းသည်။

အင်မော်တယ်နယ်မြေကြီးမှာဆိုလျှင် ကျွင်းရှောင်ယောက်၏ လှည့်ဖြားခြင်းကိုခံရရန် အမျိုးသမီး ဘယ်နှယောက်အထိ ယှဉ်ပြိုင်ကြမလဲဆိုတာ တွေးကြည့်ရန်ပင် မလွယ်ပေ။

ယောက်အာက နုံအပြီး ရိုးသားပုံရသော်လည်း တကယ်တော့ မတုံးပါ။

သာမန်လူများက ထိုသို့ပြောလျှင် သူတို့ကို လိမ်ညာပြီး ကြွားလုံးထုတ်နေမည်ဟု သူမထင်မှာ သေချာသည်။

သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် နတ်သက်ကြွေလာသော နတ်သားတစ်ပါးကဲ့သို့ ဤလူငယ်က ပြောလာသောအခါ ကျိုးကြောင်းဆီလျော်သည်ဟု သူ အမှန်တကယ် ခံစားခဲ့ရသည်။

ဤသည်မှာ ကျွင်းရှောင်ယောက်က အချိန်အတော်ကြာအောင် စွဲမြဲလာခဲ့သော အရှိန်အဝါပင်။

၎င်းက လူများကို နားမလည်နိုင်သော တည်ငြိမ်မှုနှင့် လုံခြုံရေးကို အမြဲပေးသည်။

ထို့နောက် ယောက်အာက ကျွင်းရှောင်ယောက်ကို အဆုံးမဲ့ချောက်နက်ထဲသို့ ခေါ်ဆောင်သွားလေသည်။

လမ်းခရီးတွင် 'သက်ရှိဆေး'များကို လိုက်လံရှာဖွေနေကြသည့် တားမြစ်မိသားစုများမှ ကျင့်ကြံသူတချို့ကို ထပ်မံ တွေ့ခဲ့ရသေးသည်။

ဥပမာအားဖြင့်၊ ကျင်းမိသားစုမှ ကျင့်ကြံသူများက ကလေးငါးဦးကို လိုက်ဖမ်းနေကြသည်။

သူတို့ကိုကြည့်ရသည်မှာ သုံးနှစ်၊ လေးနှစ် အရွယ်ခန့်သာ ရှိဦးမည်။

ယခုမူကား၊ သူတို့မှာ သားကောင်အဖြစ် အမဲလိုက်ခြင်းခံနေကြရသည်။

"ဂျင်ဆင်းကလေး"

ယောက်အာက အော်ဟစ်လိုက်သည်။

ထိုကလေးငယ်ငါးဦးက အမှန်တကယ်ပင် အဖိုးတန် ဂျင်ဆင်းငါးမျိုးမှ အသွင်ပြောင်းထားသူများပင်။

"အစ်မယောက်အာ..."

ဂျင်ဆင်းကလေး ငါးဦးက ကယ်တင်ရှင်ကို မြင်တွေ့ရသလို အော်လိုက်ကြသည်။

ယောက်အာလည်း ကျွင်းရှောင်ယောက်ကို အသနားခံ‌သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော အမူအရာဖြင့် ကျင်းမိသားစု၏ ကျင့်ကြံသူများကို ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်သည်။

သူနှင့် ကျင်းမိသားစုကြားတွင် ပြဿနာများက ရှိပြီးသားမို့ ငဲ့ညှာစရာမရှိပေ။

ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးတွင် ထောင်လွှားခဲ့သော ဤတားမြစ်မိသားစုများအပေါ် ကောင်းမွန်သောခံစားချက်မရှိပါ။

ကျွင်းရှောင်ယောက်၏ အပြုအမူကိုမြင်တော့ ယောက်အာက ပို၍ ယုံကြည်ပြီး ရင်းနှီးမှုရှိလာခဲ့သည်။

ဂျင်ဆင်းကလေး ငါးယောက်ကလည်း သူတို့အနားကို ရောက်လာကြလေသည်။

"ဒီအစ်ကိုကြီးရဲ့ အငွေ့အသက်က သိပ်ပြီး သက်တောင့်သက်သာရှိတာပဲ"

ဂျင်ဆင်းကလေးငယ် ငါးယောက်စလုံးက ပြိုင်တူ ပြောလိုက်ကြသည်။

ဒါက ကျွင်းရှောင်ယောက်သည် သူ၏ အတွင်းစကြာဝဠာအတွင်းရှိ ကမ္ဘာ့သစ်ပင်၊ ပြန်လည်ဝင်စားခြင်း အင်မော်တယ်အမြစ် အစရှိသော ရှားပါးအရာများကြောင့်ဖြစ်ကြောင်း နားလည်သည်။

အထူးသဖြင့် သစ်ပင်အားလုံး၏ ဘိုးဘေးဟု လူသိများသော ကမ္ဘာ့သစ်ပင်...

၎င်းက နတ်ဆေးပင်များ၊ အင်မော်တယ်တစ်ပိုင်းဆေးပင်များနှင့် အင်မော်တယ်ဆေးပင်များအပေါ်မှာပင် ဆွဲဆောင်နိုင်စွမ်းရှိပေသည်။

၎င်းက ကျွင်းရှောင်ယောက်၏ ညှိနှိုင်းမှု ချစ်ပ်တစ်ခုလည်းဖြစ်သည်။

ထို့နောက် ကျွင်းရှောင်ယောက်က ရှေ့ဆက်သွားကာ လမ်းတစ်လျှောက်မှ ယောက်လင်တောင်၏ အသွင်ပြောင်း ဆေးပင်များစွာကို ကယ်တင်ခဲ့သည်။

ဒါက ယောက်အာနှင့် တခြားသူများကို သူ့အပေါ်တွင် ပို၍ ယုံကြည်လာစေခဲ့သည်။

မကြာလိုက်ပေ... ယောက်အာက ကျွင်းရှောင်ယောက်ကို ခေါ်ဆောင်ပြီး အဆုံးမဲ့ချောက်နက်၏ နက်နဲရာသို့ ရောက်လာခဲ့သည်။

ဒါက ရေတံခွန်များ၊ မြင့်မားပြီး ကျယ်ပြောလှသော တောင်များနှင့် အင်မော်တယ်ဘုံကဲ့သို့ ကြီးကျယ်ခမ်းနားသော နေရာတစ်ခုပင်။

'ဒါက ယောက်လင်တောင်လား'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။

ဤဆေးပင်များက ပုံစံအမျိုးမျိုးသို့ ပြောင်းလဲနိုင်ခြင်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်ပေသည်။

တစ်ဖက်တွင်...

တားမြစ်မိသားစုများမှ လွတ်မြောက်သူများက ပါရမီရှင်များစုဝေးရာ ဂြိုလ်ဆီသို့ ပြန်ပြေးလာခဲ့ကြသည်။

"မကောင်းတော့ဘူး၊ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ လူတစ်ယောက်က ကျုပ်တို့ကို တားဆီးပြီး အဲဒီ 'သက်ရှိဆေး' အားလုံးကို ကယ်တင်သွားခဲ့ပြီ"

"ဘာလဲ"

ထိုစကားကို ကြားရပြီးနောက် စားသောက်ပွဲမှ တားမြစ်မိသားစုများ၏ ထိပ်တန်း ပါရမီရှင်များ အားလုံး မျက်နှာအမူအရာ ပြောင်းလဲကုန်တော့သည်။

All Chapters