← Chapters

အခန်း ၁၃၆၂

Vol. 91 Ch. 1362

အခန်း ၁၃၆၂

Vol. 91 Ch. 1362

အခန်း ( ၁၃၆၂ ) ယောက်လင်တောင်မှ ဗောဓိကျစ်။

"ဒီခေတ်ကြီးမှာ ဒီလိုမျိုး ကြင်နာတတ်တဲ့လူတွေ တကယ်ရှိသေးလို့လား"

ကျင်းမိသားစု၏ ပါရမီရှင် ကျင်းယုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဘာကို ကြင်နာတတ်တဲ့သူလဲ၊ သူက အဲဒီသက်ရှိဆေးအားလုံးကို မောင်ပိုင်စီးချင်နေတာလို့ပဲထင်တယ်"

ကျိမိသားစု၏ ပါရမီရှင် ကျိမင်ဖုန်းက အေးစက်စွာ ပြောသည်။

"အမှန်ပဲ၊ အထူးဓာတ်တွေနဲ့ ရောနှောနေတဲ့ သက်ရှိဆေးတွေက အဖိုးမဖြတ်နိုင်ဘူး"

"အသွင်ပြောင်းနတ်ဆေးက သာမန် နတ်ဆေးတွေထက် ငါးဆ ပိုထိရောက်မှုရှိတယ်"

ထူမိသားစုမှ ပါရမီရှင် ထူကျန့်ကလည်း ပြောလိုက်၏။

"သခင်လေးတို့၊ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူရဲ့ စွမ်းအားက လျှော့တွက်လို့ မရပါဘူး။ သူက တစ်ချက်တည်းနဲ့ ဘယ်သူကိုမဆို သတ်နိုင်တယ်။ အဝေးက လှမ်းကြည့်ရုံနဲ့တောင် ကျွန်တော် သေလောက်အောင် ကြောက်ခဲ့ရပါတယ်"

သတင်းပို့လာသော တားမြစ်မိသားစု၏ ကျင့်ကြံသူက စိုးရိမ်စွာဖြင့် သတိပေးသည်။

"ဟမ်၊ သူက မျိုးဆက်ဟောင်းထဲက ကျွမ်းကျင်သူတစ်ဦးလား"

လုချင်းက ပြောလိုက်သည်။

"သူ့မျက်နှာက မှုန်ဝါးပြီး မရှင်းမလင်းဖြစ်နေပေမဲ့ မျိုးဆက်ဟောင်းနဲ့တော့ မတူပါဘူး။ သူက တားမြစ်နယ်မြေက သခင်လေးတစ်ယောက် ဖြစ်နိုင်တယ်"

သတင်းပို့သူက ပြောသည်။

"သူက တားမြစ်နယ်မြေရဲ့ သခင်လေးဖြစ်ရင်တောင် ဒီအပြုအမူက မောက်မာလွန်းတယ်။ ယောက်လင်တောင်က သူ့ရဲ့ အမဲလိုက်မြေလို့ တကယ်ထင်နေတာလား"

လုချင်းက မျက်မှောင်ကြုတ်လိုက်သည်။

"အမှန်ပဲ၊ ကျုပ်တို့က ကိုယ့်အတွက်တင်မကဘူး၊ တားမြစ်နယ်မြေက အကြီးအကဲတွေကို လက်ဆောင်ပေးဖို့လည်း သိမ်းထားဦးမှာ"

ကျင်းယုက ပြောလိုက်၏။

သူတို့နောက်တွင် မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၊ ဧကရာဇ်ကြွေလွင့်တောင်၊ သားရဲဂူနှင့် သက်ရှည်ကျွန်းတို့ အဓိကတားမြစ်နယ်မြေ လေးခု ရှိသည်။

ခွေးကိုရိုက်ချင်လျှင်ပင် ခွေးရှင်၏မျက်နှာကို ကြည့်ရဦးမည်။

အခြား တားမြစ်နယ်မြေများ၏ လူငယ် ပါရမီရှင်များပင်လျှင် သူတို့ တားမြစ်မိသားစုများမှ လူများကို အလိုရှိတိုင်း မသတ်နိုင်ပါ။

"အဲဒီလူက ဘယ်သူလဲဆိုတာ သွားကြည့်ရအောင်"

ဒေါသအကြီးဆုံးဖြစ်သော ထူကျန့်က ချက်ချင်း ထရပ်လိုက်သည်။

ထိုစဉ်... လူရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။

သူက ချောမောပြီး ထူးကဲသော အသွင်ပြင်နှင့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါရှိသူတစ်ဦးပင်။

ထိုလူကိုမြင်တော့ လူအုပ်ထဲမှ လုချင်းက ချက်ချင်း ထရပ်ပြီး နှုတ်ဆက်လိုက်သည်။

"သခင်လေးဝမ့်မန် ရောက်လာမယ်လို့ မမျှော်လင့်ထားဘူး"

လုချင်း၏စကားက တားမြစ်မိသားစုများမှ ပါရမီရှင်များ အားလုံး၏ မျက်နှာများကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။

"သူက ဧကရာဇ်ကြွေလွင့်တောင်ရဲ့ ပါရမီရှင်ပဲ"

ထူကျန့်၊ ကျင်းယု၊ ကျိမင်ဖုန်းနှင့် တားမြစ်မိသားစုများမှ အခြားပါရမီရှင် အားလုံးတို့ကလည်း ထရပ်ပြီး နှုတ်ဆက်လိုက်ကြလေသည်။

တားမြစ်မိသားစုများမှ ဤပါရမီရှင်များက အင်မော်တယ်နယ်မြေကြီးရှိ ကျင့်ကြံသူများထက် သာလွန်သည်ဟု ထင်နေတတ်ကြသည်။

သို့သော်လည်း တားမြစ်နယ်မြေရှိ ကျင့်ကြံသူများရှေ့မှာတော့ သူတို့က ညီငယ်တစ်ဦးမျှသာ။

သူတို့ထဲတွင် တစ်ချို့က ဝမ့်မန်ထက် အားမနည်းကြသော်လည်း... ဝမ့်မန်၏ရှေ့တွင် မဝံ့ကြွားရဲပေ။

ဤသည်မှာ အသက်တားမြစ်နယ်မြေ၏ ဩဇာအာဏာ ဖြစ်သည်။

"ငါက ဒီကို ယောက်လင်တောင်အတွက် လာခဲ့တာ၊ လုချင်း... သက်ရှိဆေးတွေကို ဖမ်းဆီးတာက ဘယ်လိုအခြေအနေရပြီလဲ"

ဧကရာဇ်ကြွေလွင့်တောင်မှ ပါရမီရှင် ဝမ့်မန်က လုချင်းကို စူးစိုက်ကြည့်လိုက်သည်။

လုမိသားစုက ဧကရာဇ်ကြွေလွင့်တောင်၏ လက်အောက်မှ တားမြစ်မိသားစုဖြစ်ပေရာ... သဘာဝအတိုင်း သူတို့၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိပေသည်။

လုချင်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။

ဒါကိုမြင်တော့ ဝမ့်မန်က မျက်မှောင်ကြုတ်သွားသည်။

"ဘာလဲ၊ မဖမ်းမိသေးဘူးလား"

"ရှန်းအင်မော်တယ်ဂူရဲ့ အခွင့်အလမ်းက စတော့မယ်။ သခင်လေး ဝမ့်ယန်က မိန်းကလေးကျန်းအတွက် ‌လက်ဆောင်အနေနဲ့ ဒီနတ်ဆေးကို လိုချင်နေတာ"

"ဒီကိစ္စက မအောင်မြင်ရင် သခင်လေးဝမ့်ယန်ကို စိတ်ပျက်စေလိမ့်မယ်"

ဝမ့်မန်က အေးစက်စွာ ပြောလိုက်သည်။

"မဟုတ်... မဟုတ်ပါဘူး... ဒါက..."

လုချင်း၏ မျက်လုံးများတွင် မနာလိုမှု အရိပ်အယောင်တို့ ယှက်သန်းသွားခဲ့သည်။

အင်မော်တယ်နယ်မြေကြီးမှ မိန်းမတစ်ယောက်က ဝမ့်ယန်၏ အလွန်တန်ဖိုးထားခံရခြင်းကို မည်သို့ ခံယူထိုက်သနည်း။

လုချင်း၏ မျက်လုံးများမှ မနာလိုစိတ်များကို သတိပြုမိသောအခါ ဝမ့်မန်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးပြီး ပြောလိုက်သည်။

"လုချင်း၊ သခင်လေးဝမ့်ယန်ရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ချက်ကို မင်း လေးစားသင့်တယ်"

"

"အမှန်တိုင်းပြောရရင် ကျန်းလော့လီ ပိုင်ဆိုင်ထားတဲ့ ယွမ်လင်(ရှေးဦးဝိညာဉ်)အင်မော်တယ်ခန္ဓာက သခင်လေး ဝမ့်ယန်ရဲ့ ကျင့်ကြံမှုအတွက် အလွန်အရေးကြီးတယ်"

"ကျန်းလော့လီနဲ့သာ တူနှစ်ကိုယ် လေ့ကျင့်နိုင်ရင် သခင်လေးဝမ့်ယန်ရဲ့ ကျင့်ကြံမှုက အရည်အသွေးပိုင်း တိုးတက်လာမှာလေ"

"မင်းက ကျန်းလော့လီနဲ့ နှိုင်းယှဉ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး"

"ဒါပေမဲ့ မင်း ကောင်းကောင်းကြိုးစားမယ်ဆိုရင်တော့ သခင်လေးဝမ့်ယန်ရဲ့ အလေးထားမှုခံရပြီး ကိုယ်လုပ်တော်ဖြစ်ဖို့ အခွင့်အရေးရှိသေးတယ်"

ဝမ့်မန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ ဒါက ဒီလိုပါ..."

လုချင်းက သူ၏ မနာလိုမှုနှင့် မုန်းတီးမှုကို ဖိနှိပ်ခဲ့ပြီး အခြေအနေကို ရှင်းပြလိုက်လေသည်။

"ဘာ၊ တစ်စုံတစ်ယောက်က ယောက်လင်တောင်ရဲ့ သက်ရှိဆေး အားလုံးကို လက်ဝါးကြီးအုပ်ချင်နေတာလား"

ဝမ့်မန်၏ မျက်လုံးများတွင် အေးစက်သောအရိပ်အယောင်တို့ ပေါ်လာသည်။

"မှန်ပါတယ်၊ ဒါပေမဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့လူက အရမ်း အစွမ်းထက်တယ်။ သူက တားမြစ်နယ်မြေတစ်ခုရဲ့ သခင်လေးတစ်ဦး ဖြစ်နိုင်ပါတယ်"

ကျင်းယုက ဘေးမှ ပြောလိုက်၏။

ဝမ့်မန်၏ မျက်လုံးများတွင် အထင်အမြင်သေးသော အရိပ်အမြွက်တို့ ပေါ်လာကာ ပြောလိုက်သည်။

"သူက တားမြစ်နယ်မြေတစ်ခုရဲ့ ပါရမီရှင်ဆိုရင်တောင် ဘာဖြစ်သေးသလဲ။ သခင်လေးဝမ့်ယန်က နဂါးနဲ့ဖီးနစ်စာရင်းမှာ ပါဝင်တယ်။ အဲဒါက ဘယ်တားမြစ်နယ်မြေရဲ့ ပါရမီရှင်ဖြစ်နေပါစေ... သခင်လေး ဝမ့်ယန်ကို မျက်နှာသာပေးရမှာပဲ။ သွားကြစို့"

ဝမ့်မန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ကျင်းယု၊ ကျိမင်ဖုန်း၊ ထူကျန့်နှင့် အခြားသူများ၏ မျက်လုံးများက ပျော်ရွှင်မှုတို့ ပေါ်လာကြလေသည်။

အကယ်၍၊ သူတို့သာဆိုလျှင် လျှို့ဝှက်ဆန်းကြယ်သော ထိုလူငယ်ကို ထိပါးဝံ့မည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါ ဧကရာဇ်ကြွေလွင့်တောင်မှ ပါရမီရှင် ဝမ့်မန်က သူတို့၏ရှေ့တွင် ရပ်တည်နေပြီ ဖြစ်သည်။

ထို့ကြောင့် ကြောက်စရာမရှိတော့ပေ။

ထို့နောက်တွင်၊ သူတို့လူစုက အရှိန်အဝါကြီးစွာဖြင့် ခြေလှမ်းပြင်လိုက်ကြသည်။ သူတို့က အစီရင်ချိုးဖျက်ခြင်းလှေများကို စီးနင်းကာ အဆုံးမဲ့ချောက်နက်သို့ ထွက်သွားလာကြတော့သည်။

အခြားတစ်ဖက်တွင်...

အဆုံးမဲ့ချောက်နက်မှာ...

ကြီးကျယ်ခမ်းနားသော နတ်တောင်တစ်လုံးကဲ့သို့ ယောက်လင်တောင်ကို အဝေးမှလှမ်းကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ဤယောက်လင်တောင်၏ မူလဇာစ်မြစ်က အလွန်ထူးခြားသည်ဟု သူခံစားနိုင်ပေသည်။

ဝိညာဉ်စွမ်းအင်ကလည်း အလွန်ကြွယ်ဝသည်။

ဒါက ကောင်းကင်ကိုးပါး၏ အခြား နေရာများထက်ပင် ပို၍ ကြွယ်ဝသေးသည်။

ဤနေရာတွင် နတ်ဆေးပင်များ ပေါက်ရောက်ခြင်းက အံ့ဩစရာ မဟုတ်ပါ။

"သခင်လေး၊ ဒါက ယောက်လင်တောင်ပါ။ ယောက်အာက အဘိုးဗောဓိကိုတွေ့ဖို့ ခေါ်သွားပေးမယ်"

ယောက်အာက ချိုသာသော အပြုံးဖြင့် ပြောလိုက်သည်။

လမ်းတစ်လျှောက်တွင်၊ ကျွင်းရှောင်ယောက်က ယောက်လင်တောင်ရှိ သတ္တဝါများစွာကို ကယ်တင်ခဲ့သည်။

ဤအရာက ယောက်လင်တောင်ရှိ သတ္တဝါများကြားတွင် ကျွင်းရှောင်ယောက်အပေါ် အလွန်ကောင်းမွန်သော အထင်အမြင် ကျန်ရစ်စေခဲ့ပေသည်။

"ကောင်းပြီ"

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

သူတို့က ယောက်လင်တောင်သို့ လျှောက်သွားကြသည်။

ဤနေရာတွင် တိမ်တိုက်များကလည်း လှပစွာ လွင့်မျောနေလေသည်။

ဤနေရာတွင် ထူးဆန်းသော ကျောက်ဆောင်များ၊ မတ်စောက်သော ချောက်ကမ်းပါးများနှင့် ဆန်းကြယ်သော တောင်ထိပ်များ ရှိသည်။ ဤနေရာက ကောင်းကင်နှင့်မြေပြင်၏ အလှတရားများ ပြည့်နှက်နေသည့် နေရာတစ်ခုပင်။

ကျွင်းရှောင်ယောက်ကဲ့သို့ အမြင်ကျယ်သူတစ်ဦးပင်လျှင် ဒါက ရှားရှားပါးပါး နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ ခံစားခဲ့ရသည်။

အင်မော်တယ်နယ်မြေကြီးမှာပင် ဤနေရာမျိုးက ရှားပေသည်။

"ကောင်းမွန်ပေတယ်"

ကျွင်းရှောင်ယောက်က ပိုပိုပြီး ကျေနပ်လာမိသည်။

သူက ယောက်လင်တောင်ကို သူ့ကိုယ်ပိုင်အဖြစ် သတ်မှတ်ခဲ့တာ ကြာပြီ။

'ရှားပါးပြီး တန်ဖိုးကြီးတဲ့ ဆေးပင်တွေ အများကြီးရှိတဲ့ ဒီမင်္ဂလာရှိတဲ့မြေက တားမြစ်မိသားစုတွေနဲ့ တားမြစ်နယ်မြေတွေရဲ့ လက်ထဲကို ကျရောက်နေတယ်။ ဒါက အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။

ရုတ်တရက်၊ သူ့မျက်လုံးအကြည့်များက အရောင်ပြောင်းသွားသည်။

အကြောင်းမူ၊ သူ့ရှေ့မှတောင်က မီးဖိုတစ်လုံးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

'ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

ထိုအချိန်တွင်၊ အိုမင်းသော အသံတစ်ခုကို ကြားလိုက်ရသည်။

"ကျုပ်တို့ရဲ့ မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က မီးဖိုနှင့်တူသောတောင်ကို လှမ်းကြည့်လိုက်သောအခါ...

နှစ်ရောင်စပ် ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုလေးတစ်ယောက် ရပ်နေ‌တာကို မြင်လိုက်ရလေသည်။

အဘိုးအိုလေးဟု ခေါ်ရခြင်း အကြောင်းရင်းမှာ သူ၏အရပ်က သာမန်လူတစ်ဦး၏အရပ် သုံးပုံ တစ်ပုံခန့်သာ ရှိသောကြောင့် ဖြစ်သည်။

သူ့ကိုကြည့်ရသည်မှာ အခွံခွာထားသော သစ်ကြားသီးနှင့်ပင် တူသေးသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်မှ အငွေ့အသက်များက ကျွင်းရှောင်ယောက်ကို အံ့သြသွားစေသည်။

"ဧကရာဇ်တစ်ပိုင်းလား"

သူ့ရှေ့မှ အဘိုးအိုလေးက တကယ်ကို ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးပင်။

"ဒီဗောဓိအိုကြီးက မင်းဆီက ထူးခြားတဲ့ အငွေ့အသက်ကို ခံစားနေရတယ်။ မိတ်ဆွေလေးက အထက်ကောင်းကင်ကိုးပါးက ဟုတ်ပုံမရဘူး"

ဗောဓိကျစ် အမည်ရှိသော အဘိုးအိုမှာလည်း အစိမ်းရောင် မျက်လုံးများရှိသည်။ သူက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်၏။

ကျွင်းရှောင်ယောက်ကလည်း သူ၏ အထောက်အထားကို ဖုံးကွယ်ရန် ရည်ရွယ်ချက်မရှိသလို ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ကျုပ်နာမည်က ကျွင်းရှောင်ယောက်ပါ၊ အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုကနေ လာခဲ့တာ"

"ကျွင်းမိသားစုလား"

ဗောဓိကျစ်၏ မျက်လုံးထဲတွင် ထူးဆန်းသောအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

သူ၏ အလွန်ရှေးကျပြီး ဝေဝါးဝါး မှတ်ဉာဏ်ထဲတွင်...

ကျွင်းမိသားစုအကြောင်း ကြားဖူးပုံရသည်။

ဗောဓိကျစ်က ကျွင်းမိသားစု၏ မျိုးဆက်တစ်ဦးကို ဤနေရာတွင် တွေ့လိမ့်မည်ဟု မမျှော်လင့်ထားပေ။

All Chapters