အခန်း ၁၃၆၃
Vol. 91 Ch. 1363
အခန်း ( ၁၃၆၃ ) အင်မော်တယ်တစ်ပိုင်း ဆေးပင်၊ အင်မော်တယ်ဗောဓိ။
"အကြီးအကဲရဲ့ မူလပုံစံက အင်မော်တယ်တစ်ပိုင်းဆေးပင် ဖြစ်ရမယ်၊ ဟုတ်တယ် မဟုတ်လား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ဗောဓိကျစ်ကလည်း မကွယ်ဝှက်ဘဲ ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ပါတယ်၊ ဒီအဘိုးကြီးရဲ့ မူလခန္ဓာက အင်မော်တယ်ဗောဓိပင်ပါ"
အင်မော်တယ်ဗောဓိ။
အင်မော်တယ်ဗောဓိကို သန့်စင်ခြင်းဖြင့် သာလွန်ထူးကဲသော ဥာဏ်ပညာကို ပိုင်ဆိုင်နိုင်သည်ဟု ကောလဟာလများ ရှိသည်။
အကြောင်းမှာ၊ ဗောဓိပင်က ဉာဏ်ပညာ၏ သင်္ကေတ ဖြစ်နေသောကြောင့်ပင်။
အင်မော်တယ်ဗောဓိကို သန့်စင်နိုင်ပါက ငတုံးတစ်ယောက် သို့မဟုတ် သေမျိုးတစ်ဦးပင်လျှင် အင်မော်တယ်ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။
ထိုသူက ဤရွှေခေတ်တွင် အသန်မာဆုံး ပါရမီရှင်များထဲမှ တစ်ဦးဖြစ်လာပေလိမ့်မည်။
ဤသည်မှာ အင်မော်တယ်တစ်ပိုင်းအဆင့် ဆေးပင်၏ စွမ်းအား ဖြစ်သည်။
စစ်မှန်သော အင်မော်တယ်ဆေးပင်ဆိုလျှင် ပို၍ပင် ရှားပါးပြီး ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်း ရှိသည်။
ကောလဟာလများအရ အင်မော်တယ်ဆေးသည် အင်မော်တယ်များထံမှ ဆင်းသက်လာခဲ့ခြင်းပင်။
အသန်မာဆုံး ဧကရာဇ်တချို့အတွက်ပင် ဒုတိယအသက်ကို ပေးနိုင်သည်ဟု ဆိုသည်။
ဤအကြောင်းကြောင့်ပင် အင်မော်တယ်ဆေးပင်က စိတ်ကူးမယဉ်နိုင်လောက်အောင် တန်ဖိုးမြင့်မားနေခြင်းပင်။
အင်မော်တယ်ဆေးပင်ကို မဆိုထားဘိ...
လက်ရှိ အင်မော်တယ်နယ်မြေကြီးတွင် အင်မော်တယ်တစ်ပိုင်းဆေးဖြစ်လျှင်ပင် အလွန်ရှားပါးသည်။ တစ်ခု ပေါ်လာပါက၊ အင်မော်တယ်အင်အားစုများကြားတွင် တိုက်ပွဲကြီးများ ဖြစ်ပေါ်လာရလိမ့်မည်။
အင်မော်တယ်တစ်ပိုင်းဆေးကို မြင်တွေ့ရပါက မည်သူမဆို ဣန္ဒြေဆည်နိုင်မည် မဟုတ်ပေ။
ကျွင်းရှောင်ယောက်ကတော့ ဒါကို မှန်းဆထားပြီးသားဖြစ်သောကြောင့် အမူအရာ မပြောင်းလဲဘဲ တည်ငြိမ်မှုရှိခဲ့သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် လောဘမရှိသည်ကို မြင်လိုက်ရသောအခါ ဗောဓိကျစ်လည်း လေးစားသော မျက်လုံးတို့ဖြင့် ကြည့်လိုက်မိလေသည်။
သူက တကယ်ကို ကျွင်းမိသားစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ထိုက်တန်သည်။
"အကြီးအကဲက ယောက်လင်တောင်ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သင့်ပေမဲ့ အခုအချိန်မှာတော့ ယောက်လင်တောင်ရဲ့အခြေအနေက နည်းနည်းဆိုးပုံရတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဗောဓိကျစ်က သက်ပြင်းချပြီး ခေါင်းညိတ်လေသည်။
"မိတ်ဆွေလေး ပြောတာက မမှားပါဘူး"
"ငါ့ရဲ့ ယောက်လင်တောင်ကို တားမြစ်မိသားစုတွေနဲ့ တားမြစ်နယ်မြေတွေက အမဲလိုက်ရာနယ်မြေအဖြစ် သတ်မှတ်ထားကြတယ်"
"ပြီးတော့ ငါတို့ ဆေးမျိုးနွယ်ကို 'သက်ရှိဆေး'အဖြစ် သတ်မှတ်ပြီး သားကောင်တွေလို အမဲလိုက်တယ်"
"ဆေးမျိုးနွယ်ရဲ့ အဖွဲ့ဝင် အများအပြားကို ဖမ်းဆီး၊ သတ်ဖြတ်၊ သန့်စင်တာတွေကို အချိန်ကြာမြင့်စွာကတည်းက ပြုလုပ်ခဲ့ကြတယ်"
ဗောဓိအဘိုးအိုက ပြောလိုက်သည်။
ယောက်အာ၊ ဂျင်ဆင်းကလေးငယ်နှင့် ဆေးမျိုးနွယ်မှ အခြား သတ္တဝါများလည်း ဝမ်းနည်းနေကြလေသည်။
"အကြီးအကဲ၊ အင်မော်တယ်တစ်ပိုင်းဆေးအနေနဲ့ ခင်ဗျားမှာ ဧကရာဇ်တစ်ပိုင်းအဆင့် ခွန်အားရှိတယ်။ ဒါတောင်မှ ယောက်လင်တောင်ကို မကာကွယ်နိုင်ဘူးလား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
ဗောဓိကျစ်က ခေါင်းယမ်းပြီး ပြောလိုက်၏။
"ကောင်းကင်ကိုးပါးရဲ့ သတ္တဝါတွေက ငါတို့ ဆေးမျိုးနွယ်ကို အမဲလိုက်ဖို့နဲ့ လေ့ကျင့်မှုပုံစံအဖြစ် မှတ်ယူထားကြတယ်"
"အဲဒီ ပါရမီရှင်တွေကို ငါအရေးယူရင် ပိုသန်မာတဲ့သူတွေက ငါ့ကို ချက်ချင်း ဖမ်းဆီးကြလိမ့်မယ်"
"ဒါကြောင့် ယောက်လင်တောင်ရဲ့ နက်နဲရာမှာ ပုန်းနေနိုင်တယ်"
ဗောဓိကျစ်က သက်ပြင်းချလိုက်လေသည်။
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
ယောက်လင်တောင်က လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး အခြားရွေးချယ်စရာရှိတော့ပုံမရပေ။
ဒါကလည်း သူလိုချင်သည့်အတိုင်း အတိအကျ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဤဆေးမျိုးနွယ်ဝင်များကို အမှန်တကယ် ဂရုမစိုက်ပါ။
အင်မော်တယ်ဗောဓိကို သန့်စင်ရန်လည်း ရည်ရွယ်ချက် မရှိပေ။
အင်မော်တယ်ဗောဓိက ဉာဏ်ပညာ၏ သင်္ကေတတစ်ခုဖြစ်သော်လည်း...
ကျွင်းရှောင်ယောက်က ထာဝရကွဲလွဲမှုများ၏ဘုရင် နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ထို့ကြောင့် ဤအင်မော်တယ်ဗောဓိက ကျွင်းရှောင်ယောက်အတွက် များစွာ ပို၍ မသက်ရောက်စေနိုင်တော့ပါ။
သူ အလေးထားတာက ယောက်လင်တောင် ဖြစ်သည်။
သူတို့ဆေးမျိုးနွယ် အသွင်ပြောင်းနိုင်ခြင်း၏ လျှို့ဝှက်ချက်လည်း ရှိသေးသည်။
ဒါကမှ တကယ် အရေးကြီးသောအရာ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"အကြီးအကဲ၊ အခုချိန်မှာ ဒီစကားမျိုးကို ပြောရတာ ခွင့်လွှတ်ပါ။ ဒါပေမဲ့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ခင်ဗျားရဲ့ ဆေးမျိုးနွယ်က ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး"
ဗောဓိကျစ်ကလည်း ခေါင်းညိတ်ပြီး ပြောလေသည်။
"ဟုတ်ပါတယ်၊ အဲဒါက မမှားဘူး။ ယောက်လင်တောင်က အဆုံးမဲ့ချောက်နက်မှာ ပုန်းအောင်းနေရတဲ့ အကြောင်းရင်းက ကောင်းကင်ကိုးပါးအထက်က သတ္တဝါတွေကို ရှောင်ရှားဖို့အပြင် သူတို့ ဝင်လာတဲ့အခါ အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်နဲ့ ဟန့်တားနိုင်ဖို့ပဲ"
“ဒါပေမယ့် ဒီသတ်ဖြတ်ခြင်းအစီရင်က ပြိုကွဲစပြုလာပြီး နောက်ဆုံးမှာ ပျက်သုဉ်းသွားလိမ့်မယ်”
“အဲဒီအချိန်ကျရင် တားမြစ်နယ်မြေရဲ့ သတ္တဝါတွေက ငါ့ကို ဖမ်းဖို့ လာကြမှာ သေချာတယ်။ သူတို့က ငါ့ကို မက်မောနေတာ ကြာပြီလေ"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
မမှားပေ။
အသက်တားမြစ်နယ်မြေကဲ့သို့ နယ်မြေမျိုးမှာပင် အင်မော်တယ်တစ်ပိုင်းဆေးပင်ကို လျစ်လျူမရှုနိုင်ပါ။
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"အကြီးအကဲ၊ ကျုပ် ခင်ဗျားကို ကူညီပေးနိုင်တယ်"
ဗောဓိကျစ်က ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"ကျွင်းမိသားစုက လူတစ်ယောက်မှာ ဒီလိုအရည်အချင်းမျိုး ရှိကောင်းရှိနိုင်ပါတယ်"
"အကြီးအကဲက ကျွင်းမိသားစုကို သိတာလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
ယောက်လင်တောင်၏ မူလဇစ်မြစ်ကို သူ အမှန်တကယ် မသိခဲ့ပါ။
သို့သော်လည်း ဗောဓိကျစ်၏ စကားအသွားအလာအရ သူတို့သည် အထက်ကောင်းကင်ကိုးပါးမှ ဒေသခံများ ဟုတ်ပုံမရပေ။
သူတို့က အခြားတစ်နေရာမှ အထက်ကောင်းကင်ကိုးပါးသို့ ရောက်လာပုံရသည်။
ဗောဓိကျစ်၏ မျက်လုံးများတွင် တုံ့ဆိုင်းနေသော အရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။
ဒါက သူတို့ ယောက်လင်တောင်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်ပေသည်။
သူက ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
"ငါက အသက်ကြီးနေပါပြီ၊ ဒါပေမဲ့ ငါ့ရဲ့ ဝေဝါးနေပြီဖြစ်တဲ့ မှတ်ဉာဏ်တစ်ခုမှာတော့ ကျွင်းမိသားစုကို အထင်မြင်ကောင်း ရှိဖူးပုံရတယ်"
"ဒါက ဝိညာဉ်အားလုံးကို ထိန်းချုပ်နိုင်တဲ့ နတ်မျိုးနွယ်တစ်ခုပဲ"
"အလို"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်စွာ တွေးတောမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
ဤဗောဓိကျစ်က ဘယ်ကလာသနည်း။
ယောက်လင်တောင်က ဘယ်ကလာသနည်း။
သူတို့က အဘယ်ကြောင့် အသွင်ပြောင်းလဲနိုင်သနည်း။
ကျွင်းရှောင်ယောက်က နောက်ထပ်မေးခွန်းများ မေးရန်ပြင်လိုက်ချိန်တွင်...
အဝေးမှ ဆေးမျိုးနွယ်ဝင်တစ်ဦးက ရုတ်တရက် ပြေးလာပြီး ပြောလိုက်သည်။
“အဘိုး ဗောဓိ၊ ဟိုလူဆိုးတွေ ဒီကို ရောက်လာကြပြန်ပြီ။ သူတို့က အဆုံးမဲ့ချောက်နက်ကို နက်နက်နဲနဲ ဝင်ရောက်လာပြီး ကျုပ်တို့ လူတချို့ကို ဖမ်းသွားတယ်"
ထိုစကားကိုကြားတော့ ယောက်အာ၊ ဂျင်ဆင်းကလေးငယ်နှင့် အခြားသူများ စိုးရိမ်ပူပန်သွားကြသည်။
ဗောဓိကျစ်ကမူ စိတ်ပင်ပန်းဆင်းရဲစွာဖြင့် သက်ပြင်းချလိုက်၏။
အကယ်၍ သူအရေးယူပါက၊ ဧကရာဇ်တစ်ပိုင်းအဆင့်၏ အတက်အကျများကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပါ။ ယင်းက တားမြစ်မိသားစုများနှင့် တားမြစ်နယ်မြေများမှ ကျွမ်းကျင်သူများကို စွဲဆောင်နိုင်မည် ဖြစ်သည်။
ဒါကိုမြင်တော့ ကျွင်းရှောင်ယောက်က ဝင်ပြောလိုက်သည်။
"အကြီးအကဲနဲ့ တခြားသူတွေ သိပ်လည်း စိတ်မပူကြပါနဲ့။ ကျုပ် တစ်ချက်လောက် သွားကြည့်လိုက်မယ်"
"သခင်လေး..."
ကျွင်းရှောင်ယောက်၏ စကားကို ကြားရသောအခါ ယောက်အာ၏ လှပသော မျက်လုံးများက တောက်ပလာခဲ့သည်။
ဂျင်ဆင်းကလေးငယ်များကလည်း ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်ခုန်ပေါက်လိုက်ကြလေသည်။
ကျွင်းရှောင်ယောက်က အများကြီး မပြောတော့ဘဲ လှည့်ထွက်သွားသည်။
ကျွင်းရှောင်ယောက် ပြန်ထွက်သွားတာကိုကြည့်ရင်း ဗောဓိကျစ်၏ မျက်လုံးထဲမှာတော့ အတွေးရိပ်တစ်ခု ပေါ်လာတော့သည်။
'ငါ သူ့ကို ယုံကြည်ပြီး ယောက်လင်တောင်ရဲ့ ကံကြမ္မာကို သူ့အပေါ် လောင်းကြေးထပ်လိုက်ရမလား'
ဗောဓိကျစ်က လေးလေးနက်နက် တွေးလိုက်သည်။
နောက်ဆုံးတွင်၊ သူ၏ ဆုံးဖြတ်ချက်က ယောက်လင်တောင်မှ ဆေးမျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။
ထို့ပြင် 'သစ်ကောက် ဝါးကောက်ကိုသာ မြင်နိုင်သည်၊ လူ့အတွင်းစိတ်ကောက်တာကိုတော့ မမြင်နိုင်' မဟုတ်လား။
အကယ်၍ ရွေးချယ်မှုမှားယွင်းခဲ့ပါက ယောက်လင်တောင် တစ်ခုလုံးအတွက် ဆိုးရွားသော ထိုးနှက်ချက်ဖြစ်မည်မှာ သေချာသည်။
ထို့ကြောင့် သတိထားရသေးသည်။
တစ်ဖက်တွင်...
ယောက်လင်တောင်နှင့် မိုင်တစ်သောင်းဝေးကွာသောအရပ်မှ လေထဲမှာ...
ဝမ့်မန့်၊ ကျင်းယု၊ ထူကျန့်၊ ကျိမင်ဖုန်း၊ လုချင်းနှင့် အခြားသူများက အသွင်ပြောင်းဆေးနွယ်ဝင်များကို ဖမ်းယူရန်အတွက် မိုးနှင့်မြေ ပိုက်ကွန်ကဲ့သို့ လက်နက်များကို ယူဆောင်ပြီး အစီရင်ချိုးဖျက်ခြင်းလှေကို စီးနင်းလာကြသည်။
"အဲဒီလူက ထွက်သွားပြီလား"
ကျင်းယုက သံသယစိတ်ဖြင့် မေးသည်။
"သူက ယောက်လင်တောင်နဲ့ တကယ်ကို ဆက်စပ်မှု မရှိဘူးလား"
ကျိမင်ဖုန်းက မှန်းဆလိုက်သည်။
"မဖြစ်နိုင်ပါဘူး၊ ယောက်လင်တောင် မျိုးနွယ်စုက အဆုံးမဲ့ချောက်နက်မှာ အမြဲတမ်း ချောင်ပိတ်ခံထားရပြီး ပုံမှန်ဆိုရင် အပြင်လူတွေကို ယုံကြည်လက်ခံဖို့ လုံးဝ မဖြစ်နိုင်ဘူး"
ဝမ့်မန်က ပေါ့ပေါ့ပါးပါး ပြော၏။
သူ စကားသံအဆုံး...
အဝေးမှ လေထဲတွင်...
ခန္ဓာကိုယ်တစ်ခုလုံးကို နတ်အလင်းများဖြင့် လွှမ်းခြုံထားပြီး အင်မော်တယ် နတ်တစ်ပါးကဲ့သို့ ထူးကဲသော အသွင်ပြင်ဖြင့် လူရိပ်တစ်ခုက သူတို့ဆီသို့ အေးအေးလူလူ လျှောက်လာနေတာကို မြင်လိုက်ရသည်။
သူ့ဘေးမှာလည်း ယောက်အာ၊ ဂျင်ဆင်းကလေးငယ်နှင့် ဆေးမျိုးနွယ်၏ အခြား သတ္တဝါများ ရှိနေကြသေးသည်။
"ဟမ်"
တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဝမ့်မန်၏ မျက်နှာက မှုန်ကုပ်သွားသည်။
သူ ပြောပြီးသည်နှင့် ရောက်လာခြင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲလား။
“အဲဒါက သူပဲ...”
"ဒီအငွေ့အသက်က တကယ်ကို နက်နဲတယ်"
ကျွင်းရှောင်ယောက်ကို မြင်လိုက်ရပြီးနောက် ကျိမင်ဖုန်း၊ ထူကျန့်၊ကျင်းယုနှင့် အခြားသူများ၏ မျက်လုံးများတွင် လေးနက်သော အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
သူတို့အားလုံးက သူတို့၏ သက်ဆိုင်ရာ တားမြစ်မိသားများမှ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့က အင်မော်တယ်နယ်မြေကြီး၏ အင်မော်တယ်အင်အားစုများမှ ဆက်ခံသူနှင့် မျိုးစေ့အဆင့် ပါရမီရှင်အချို့ထက်ပင် ပိုသန်မာသေးသည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် မှုန်ရီဝေသော နတ်အလင်းရောင်နှင့် ထူးကဲသော အသွင်အပြင်ရှိ ပုဂ္ဂိုလ်ကို ရင်ဆိုင်ရချိန်မှာ မကြုံစဖူး ဖိအားကို ခံစားခဲ့ကြရသည်။
'အဲဒီလူက ကောင်းကင် နဂါးနဲ့ဖီးနစ်စာရင်းမှာ သေချာပေါက် ပါဝင်နိုင်တယ်...'
သူတို့အားလုံး၏ နှလုံးသားထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
ဝမ့်မန်၏ မျက်လုံးများမှာလည်း လေးနက်နေ၏။
အစကတော့ သူ ဂရုမစိုက်ပေ။
သို့သော်လည်း ယခုအချိန်တွင် လူကိုယ်တိုင် မြင်လိုက်ရချိန်မှာတော့ သူ လျှော့မတွက်ဝံ့တော့ပါ။
"မိတ်ဆွေက ဘယ်တားမြစ်နယ်မြေကလဲ၊ နောက်ပြီးတော့ ကောင်းကင် နဂါးနဲ့ဖီးနစ်စာရင်းမှာ ဘယ်အဆင့်လဲဆိုတာ သိချင်မိတယ်"
ဝမ့်မန်က သတိထားပြီး မေးလိုက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အဖြေစကားက ရိုးရိုးလေးပင်။
“ထွက်သွား၊ ဒါမှမဟုတ် သေ"