အခန်း ၁၃၆၅
Vol. 91 Ch. 1365
အခန်း ( ၁၃၆၅ ) သားရဲဂူ၏ ဘုရင်ငယ်လေးပါးအနက်မှ တစ်ပါး။
သားရဲဂူက ရှေးခေတ် မိစ္ဆာသားရဲမျိုးရိုးတို့ဖြင့် ဖွဲ့စည်းထားသော တားမြစ်နယ်မြေ ဖြစ်သည်။
ရှေးခေတ် မိစ္ဆာသားရဲများအနက် အကျော်ကြားဆုံးကတော့ သဘာဝအတိုင်း တောက်ထျဲ၊ ဟွင်းသွမ်း၊ ချုံးချီနှင့် တောက်ဝူတို့ မိစ္ဆာသားရဲကြီးလေးကောင်ပင်။
ဤမိစ္ဆာသားရဲကြီးလေးကောင်က ရှေးခေတ်တွင် အလွန်နာမည်ကြီးခဲ့သည်။
၎င်းက အစစ်အမှန်နဂါး၊ နတ်ဖီးနစ်၊ ခွန်ပန်ကဲ့သို့သော တန်ခိုးအကြီးဆုံး နတ်သားရဲများနှင့် တန်းတူဖြစ်တည်မှုတစ်ခုပင်။
ဤအကြောင်းကြောင့်လည်း သားရဲဂူရှိ အသန်မာဆုံး မျိုးနွယ်စု လေးစုက သဘာဝအတိုင်း ရှေးခေတ် မိစ္ဆာသားရဲကြီး လေးကောင်၏ မျိုးရိုးများသာ ဖြစ်ခဲ့သည်။
မျက်မှောက်ခေတ်၏ သားရဲဂူတွင် အသန်မာဆုံး မျိုးဆက်သစ် လူငယ် လေးဦး ရှိသည်။
၎င်းတို့က မိစ္ဆာသားရဲမျိုးရိုးကြီး လေးခု၏ အသန်မာဆုံး မျိုးဆက်များပင်။
ချောမောပြီး သိမ်မွေ့ပုံရသော ဤလူငယ်က မိစ္ဆာသားရဲမျိုးရိုးကြီး လေးခုအနက် တောက်ဝူမျိုးရိုး၏ ပါရမီရှင် ဖြစ်သည်။
သို့သော်လည်း သူ၏ သိမ်မွေ့သော အသွင်ပြင်က တောက်ဝူ မိစ္ဆာသားရဲမျိုးရိုးမှ ဆင်းသက်လာသည်ဟု စိတ်ကူးရန်ပင် မလွယ်ပေ။
သို့ရာတွင်၊ ဤသို့သော အသွင်ပြင်ကြောင့်ပင် သူ့ကို ပို၍ နားလည်နိုင်စွမ်းမရှိသလို ခံစားရစေသည်။
"သက်ရှိဆေးကို ဖမ်းဖို့ဆိုရင် ကျုပ်တို့ကို ပြောလိုက်ရုံပါပဲ၊ ဒီအတွက် ရှားဘုရင်က လူကိုယ်တိုင်လာဖို့ မလိုပါဘူး"
ထူကျန့်က လွန်စွာ ရိုသေလေးစားသော လေသံဖြင့် ပြောလိုက်သည်။
အကြောင်းမှာ၊ သူတို့၏ ထူမိသားစုသည် သားရဲဂူ၏ လက်အောက်မှ တားမြစ်မိသားစုတစ်ခု ဖြစ်နေသောကြောင့်ပင်။
သားရဲဂူက ထူမိသားစုကို ကျင့်ကြံမှုနည်းလမ်းများနှင့် မိစ္ဆာသားရဲများ၏ သွေးအနှစ်သာရကို ပေးခဲ့သည်။
သဘာဝအတိုင်း၊ ထူမိသားစုက သားရဲဂူအပေါ် သစ္စာစောင့်သိခဲ့ပေသည်။
ရှားဘုရင်ဟုခေါ်သော သိမ်မွေ့သောလူငယ်က သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဒါတွေအားလုံးက နတ်သမီး လျိုချုံးယန်အတွက် လက်ဆောင်ပဲ။ ဒါကြောင့် ငါ့ရဲ့ရိုးသားမှုကို ပြသဖို့ လူကိုယ်တိုင်လာယူဖို့လိုတယ်"
"ဒါပေမဲ့ ဒီကိုလာတဲ့လမ်းမှာ အခုလို အံ့သြစရာကောင်းတဲ့ မြင်ကွင်းမျိုးကိုကို မြင်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ရှားဘုရင်က တည်ငြိမ်သော အမူအရာဖြင့် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားသော ဝမ့်မန်၏ အကြွင်းအကျန်များကိုကြည့်လိုက်သည်။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်ကလည်း ရောက်လာသူက အကဲခတ်နေပေသည်။
ဤလူငယ်က တားမြစ်မိသားစုများ၏ ပါရမီရှင်များ သို့မဟုတ် ဝမ့်မန်နှင့် တူညီသောအဆင့်တွင် မရှိဘူးဟု သူခံစားရနိုင်သည်။
သူက အထက်ကောင်းကင်ကိုးပါး၏ နဂါးနှင့်ဖီးနစ်စာရင်းမှ အဆင့်မြင့် တည်ရှိမှုတစ်ခု ဖြစ်လိမ့်မည်။
ဘေးမှာလည်း ယောက်အာက ရှားဘုရင်ကိုမြင်သောအခါ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အမြွက်တို့ ပေါ်လာသည်။
ဤရှားဘုရင်ကို သူ၏ သိမ်မွေ့သော အမူအရာကိုကြည့်ပြီး လျှော့မတွက်သင့်ပေ။
နောက်ဆုံးမှာတော့ သူတို့၏ သားရဲဂူမှ သတ္တဝါများက တားမြစ်နယ်မြေအားလုံးထဲမှာ အရက်စက်ဆုံး ဖြစ်ကြသည်။
စင်စစ်တွင်၊ ဒါက မိစ္ဆာသားရဲများ၏ သွေးနှင့် အရိုးထဲတွင် အမြစ်တွယ်နေသော ဗီဇပင်။
ယောက်အာက သားရဲဂူအကြောင်း အချက်အလက်အချို့ကို ကျွင်းရှောင်ယောက်အား ပြောပြလိုက်သည်။
"ဪ၊ ရှေးခေတ် မိစ္ဆာသားရဲမျိုးရိုးက တားမြစ်နယ်မြေတစ်ခုကို ထူထောင်ထားတာပဲ"
ကျွင်းရှောင်ယောက်က ရုတ်တရက် သဘောပေါက်သွားသည်။
သို့သော်လည်း သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုတို့ မရှိရုံသာမက၊ စိတ်ဝင်စားမှု အရိပ်အမြွက်တို့ပင် ရှိနေသေးသည်။
သူ၏ ကျိုးလီပန်းချီကားက အင်မော်တယ်တစ်ပိုင်းလက်နက်အဖြစ် အဆင့်မြှင့်တင်ရန် မိစ္ဆာသားရဲလေးကောင်၏ ဝိညာဉ်များကို လိုအပ်သည်။
ကျွင်းမိသားစုသည် ယခင်က မိစ္ဆာသားရဲတချို့ကို မွေးမြူထားသော်လည်း...
အင်မော်တယ်စစ်ပွဲအတွင်း၌ ၎င်းတို့ကို တိုက်ခိုက်ရေးသားရဲအဖြစ် အသုံးပြုခဲ့ပေသည်။
ထို့ပြင် ကျွင်းမိသားစုမှ မွေးမြူထားသော မိစ္ဆာသားရဲများ၏ သွေးမျိုးဆက်က အထူးသန့်စင်ခြင်းမရှိပေ။
အထက်ကောင်းကင်ကိုးပါးရှိ သားရဲဂူ၏ သွေးသန့်စင်သော သားရဲများနှင့် ၎င်းတို့ကြားတွင် ကွာဟချက်ရှိနေဆဲ ပင်။
သို့ဖြစ်ပေရာ၊ အင်မော်တယ်နယ်မြေကြီးတွင် သွေးသန့်စင်သော ရှေးခေတ် မိစ္ဆာသားရဲလေးကောင်ကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူအချိန်အတော်ကြာ ရှာမတွေ့ခဲ့သည့် မိစ္ဆာသားရဲကို ဤနေရာတွင် အလွယ်တကူ ရှာတွေ့မည်ဟု မမျှော်လင့်ထားပေ။
သူ့အမြင်တွင် သားရဲဂူက ယခုအခါ ကျိုးလီပန်းချီကားကို အဆင့်မြှင့်တင်ရန်အတွက် ဈေးတန်းတစ်ခု ဖြစ်သည်။
သို့ရာတွင်၊ ဤရှားဘုရင်ကတော့ လိုအပ်ချက်များနှင့် မကိုက်ညီသေးပါ။
ကျိုးလီပန်းချီကားတွင် ပေါင်းစည်းထားသော မိစ္ဆာသားရဲလေးပါးက အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိရမည်။
"အရှင်၊ ဒီလူက ဧကရာဇ်ကြွေလွင့်တောင်ရဲ့ ဝမ့်မန်ကို သတ်ပစ်လိုက်တယ်။ သူက ကျုပ်တို့ အထက်ကောင်းကင်ကိုးပါးက လူတစ်ယောက် ဟုတ်ပုံမရဘူး"
ထူကျန့်က ပြောလိုက်သည်။
"ငါသိပါတယ်"
ရှားဘုရင်က ကျွင်းရှောင်ယောက်ကို လေးနက်သော မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။
"ငါမမှားရင် မင်းအသုံးပြုခဲ့တဲ့ နည်းလမ်းက အဆုံးမဲ့တံဆိပ်တော်ပဲ၊ အဲဒါကပဲ အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်နဲ့ ပဲ့တင်ထပ်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်"
"ကောလဟာလတွေ မှန်နေပုံရတယ်။ မင်းက တကယ်ကို အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူပဲ"
ရှားဘုရင်၏ စကားများက ထူကျန့်၊ လုချင်း၊ ကျိမင်ဖုန်း၊ ကျင်းယုနှင့် အခြားသူများ၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။
"ဘာ... အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူလား"
မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြ၏။
အဆုံးမဲ့ဧကရာဇ်က အင်မော်တယ်နယ်မြေကြီးရှိ လူအပေါင်းတို့ လေးစားအပ်သော သူရဲကောင်းတစ်ဦး ဖြစ်သည်။
အထက်ကောင်းကင်ကိုးပါးအတွက်တော့ သူသည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်၏။
ယနေ့အချိန်အထိ တားမြစ်နယ်မြေအချို့တွင် အဆုံးမဲ့ဧကရာဇ်နှင့် ပတ်သက်သော မှတ်တမ်းများစွာ ရှိသေးသည်။
အမျိုးသားတစ်ဦးက ခေါင်းတလားကို ကျောထက်တင်ကာ အထက်ကောင်းကင်ကိုးပါးသို့ ထိုးဖောက်တိုက်ခိုက်ခဲ့ဖူးသည်။
ဒါက တကယ်ကို ဒဏ္ဍာရီတစ်ခုပင်။
ကောင်းကင်ကိုးပါးရှိ အဆုံးမဲ့ဧကရာဇ်၏ ဂုဏ်သတင်းက အင်မော်တယ်နယ်မြေကြီးထက် အားနည်းသည် မဟုတ်ပေ။
သို့သော်လည်း ကောင်းကင်ကိုးပါးရှိ သတ္တဝါများက အဆုံးမဲ့ဧကရာဇ်ကို ပို၍ သတိထားပြီး ကြောက်ကြသည်။
"သူက အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူလား"
ကျင်းယု၊ လုချင်းနှင့် အခြားသူများက မယုံကြည်နိုင်သလို စိတ်ထဲမှာ ရှုပ်ထွေးကုန်ကြသည်။
တစ်ဖက်မှာတော့ ယောက်အာ၏ မျက်လုံးများက ပြူးကျယ်ဝိုင်းစက်သွားလေသည်။
ယောက်လင်တောင်က ယခုအချိန်ထိ ရှင်သန်နိုင်ခြင်း အကြောင်းရင်းမှာ ၎င်းတို့ကို အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်မှ ကာကွယ်ထားသောကြောင့် ဖြစ်သည်။
ယခုတော့ အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူတစ်ဦးက ပေါ်လာပြီ။ ဒါက ယောက်အာနှင့် ဆေးမျိုးနွယ်မှ သက်ရှိများကို အိပ်မက်မက်နေသလို ခံစားရစေသည်။
"ငါမမှားရင် မင်းက နာမည်ကျော်နေတဲ့ ကျွင်းရှောင်ယောက်ဆိုသူပဲ ဖြစ်ရမယ်"
ရှားဘုရင်က ကျွင်းရှောင်ယောက်ကိုကြည့်ပြီး ပြောလိုက်သည်။
ဤစကားကြောင့် တားမြစ်မိသားစုများမှ လူများအားလုံး အံ့အားသင့်သွားသည်။ သူတို့၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွား၏။
မကြာသေးမီ အချိန်များအတွင်း၌ ကောင်းကင်ကိုးပါးတွင် လှုပ်ခတ်မှုကြီးကြီး ဖြစ်စေခဲ့သည်မှာ အဘယ်နည်း။
၎င်းက အင်မော်တယ်သတ်ဓားဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပေ။
၎င်းက တားမြစ်နယ်မြေအားလုံးကို ကျွင်းရှောင်ယောက်အား ထပ်မံ မထိပါးစေရန် သတိပေးခဲ့သည်။
ဤအရာက မည်မျှ မောက်မာပြီး ကြီးစိုးပါသနည်း။
ယင်းကြောင့် ပါရမီရှင်များစွာမှာ မကျေမနပ်ဖြစ်ခဲ့ကြသည်။
ယခုမူ၊ လက်သည်က ကောင်းကင်ကိုးပါးသို့ တစ်ယောက်တည်း အမှန်တကယ် ရောက်လာပြီ။
ဒါက သူတို့ မျှော်မှန်းထားတာ လုံးဝကို ကျော်လွန်သွားသည်။
"သူက ကျွင်းရှောင်ယောက်လား"
လုချင်း အံ့ဩသွားခဲ့သည်။
ကျန်းလော့လီက ဝမ့်ယန်ကို ငြင်းပယ်ခဲ့ရသည့် အကြောင်းရင်းကို သူ ကြားဖူးသည်။
အကြောင်းမှာ၊ သူက အင်မော်တယ်နယ်မြေကြီးမှ ကျွင်းရှောင်ယောက်ကို စွဲလမ်းနေသောကြောင့်ပင်။
ယခင်က လုချင်းသည် ကျွင်းရှောင်ယောက်ကို အထင်မြင်သေးခဲ့သည်။ သူက ဝမ့်ယန်နှင့် နှိုင်းယှဉ်ရန် အရည်အချင်းမရှိဟု ထင်မြင်ခဲ့ပေသည်။
ယခုအခါတွင်၊ နတ်လောကမှ ဆင်းသက်လာသော နတ်တစ်ပါးကဲ့သို့ နတ်အလင်းရောင်တို့ လွှမ်းခြုံထားသော ဝတ်စုံဖြူဝတ် လူငယ်ကို မြင်လိုက်ရပြီးနောက်...
ထိုမှသာ လုချင်းသည် သူဟာ အနည်းငယ်မှ မသိနားမလည်သူတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
သူ လွန်စွာ တုန်လှုပ်ခဲ့မိပြီ။
သို့သော်လည်း ရှားဘုရင်၏ တည်ရှိမှုကြောင့် ဤတားမြစ်မိသားစုများ၏ ပါရမီရှင်များမှာ အတန်ငယ် တည်ငြိမ်မှုရှိခဲ့သည်။
ကျင်းယုနှင့် ကျိမင်ဖုန်း၏ မျက်လုံးများမှာတော့ နက်နဲသော နာကြည်းမှု အရိပ်အယောင်တို့ ပေါ်လာ၏။
သူတို့နောက်ကွယ်ရှိ ကျင်းမိသားစုနှင့် ကျိမိသားစုတို့ နှစ်ခုစလုံးက အင်မော်တယ်သတ်ဓားကြောင့် ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပြီး မရေမတွက်နိုင်သော အဖွဲ့ဝင်များ သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာများ ရရှိခဲ့ပေသည်။
ဒါတွေအားလုံးက ကျွင်းရှောင်ယောက်ကြောင့် ဖြစ်သည်။
သဘာဝအတိုင်း သူတို့က ကျွင်းရှောင်ယောက်ကို ဆိုးရွားသော ကံကြမ္မာအား ခံစားစေလိုကြပေသည်။
"ငါက ကောင်းကင်ကိုးပါးမှာ ဒီလောက်နာမည်ကြီးနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ရှားဘုရင်ကလည်း အနည်းငယ် ပြုံးပြီး ဆိုလေသည်။
"မှန်ပါတယ်။ တားမြစ်နယ်မြေရဲ့ ပါရမီရှင် ဘယ်နှစ်ယောက်က မင်းကို ဖိနှိပ်ချင်နေပြီလဲ ငါမသိနိုင်ဘူး"
"အခုတော့ ငါ့မှာ အခွင့်အရေးရလာပြီ"
ယခင်က အင်မော်တယ်သတ်ဓားသည် အားနည်းသူများကို အနိုင်ကျင့်ခြင်းမပြုရန် မျိုးဆက်ဟောင်းများကို သတိပေးခြင်းမျှသာ ဖြစ်သည်။
သို့ရာတွင်၊ မျိုးဆက်တူများကိုတော့ တားမြစ်ထားခြင်း မရှိပေ။
ရှားဘုရင်က ဤအချက်ကို ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်ကို ဖိနှိပ်နိုင်ပါက သူ့ဂုဏ်သိက္ခာ လွန်စွာ တိုးတက်လာပေမည်။
ထို့ပြင်၊ လျိုချုံးယန်သည် ကျန်းလော့လီမှ စွဲလန်းနေသူအား သူ ဖိနှိပ်ထားသည်ကိုမြင်လျှင် ပျော်ရွှင်ဝမ်းမြောက်သင့်သည်။
ထို့နောက် ကျွင်းရှောင်ယောက်ကို ဖိနှိပ်ပြီး စန်းရှန်းအင်မော်တယ်ဂူသို့ ခေါ်ဆောင်သွားပါက ထိုမြင်ကွင်းမှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလိမ့်မည်။
"မင်းက ငါ့ကို ဖိနှိပ်ချင်တာလား"
ကျွင်းရှောင်ယောက်က ရှားဘုရင်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
"မင်းဘယ်လိုထင်လဲ၊ အခွင့်အရေးကောင်းတစ်ခုကို ကြုံလာပြီးမှ မဆုပ်ကိုင်ရင် အခြားတစ်ယောက်က ယူဆောင်သွားတော့မှာပေါ့"
ရှားဘုရင်က ပြောလိုက်သည်။
"မင်းတို့အားလုံးက ငါ့ကို တည်သီးပျော့တစ်လုံးလို့ တကယ်ထင်ပြီး ကိုက်ချင်နေပုံရတယ်"
ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်၏။
ကောင်းကင်ကိုးပါးမှ လူတိုင်းက အင်မော်တယ်နယ်မြေကြီးမှ သတ္တဝါများကို အထင်မြင်သေးကြသည်။
သူ့တွင် ဤစိတ်ဓာတ်မျိုး ရှိနေခြင်းက ပုံမှန်ပင်။
"မဟုတ်ဘူးလား"
ရှားဘုရင်က ပြုံးလိုက်၏။
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"အင်း၊ ငါကိုယ်တိုင်လည်း လက်နက်တစ်ခုကို သန့်စင်နေပြီး မိစ္ဆာသားရဲလေးကောင်ရဲ့ ဝိညာဉ်တွေကို လိုနေတယ်"
"ဒါပေမဲ့ မင်းရဲ့နယ်ပယ်က အရမ်းနိမ့်နေသလိုပဲ။ မင်းက ငါ့ရဲ့ ပစ္စည်းတစ်ခုအနေနဲ့တောင် အရည်အချင်းမပြည့်မီဘူး"
"ဒါပေမဲ့ လှည်းဆွဲဖို့အတွက် သားရဲကောင်းတစ်ကောင်တော့ ဖြစ်နိုင်ပါတယ်"