← Chapters

အခန်း ၁၃၆၆

Vol. 92 Ch. 1366

အခန်း ၁၃၆၆

Vol. 92 Ch. 1366

အခန်း ( ၁၃၆၆ ) ရှားဘုရင်ကို တိုက်ခိုက်ခြင်း။

ကျွင်းရှောင်ယောက်၏ စကားကြောင့် တားမြစ်မိသားစုများမှ ပါရမီရှင်များမှာ နားကြားမှားသလို ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်က သားရဲဂူ၏ ဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်သော ရှားဘုရင်ကို လှည်းဆွဲရန် တိရစ္ဆာန်အဖြစ် အမှန်တကယ် အသုံးပြုလိုသလော။

ဒါက မောက်မာလွန်းသည်။

သားရဲဂူ၏ ဘုရင်လေးပါးက မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။

၎င်းတို့အားလုံးက ကောင်းကင် နဂါးနှင့် ဖီးနစ်စာရင်းတွင် အဆင့်သတ်မှတ်ခံရသည်။

ဧကရာဇ်ကြွေလွင့်တောင်မှ ဝမ့်ယန်သည်ပင် သားရဲဘုရင်လေးပါးကို မျက်နှာသာပေးရမည်။

ရလဒ်အနေဖြင့်၊ အင်မော်တယ်နယ်မြေကြီးမှ ဆင်းသက်လာသော ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ၎င်းတို့အား လှည်းဆွဲရန် နွားများ၊ မြင်းများအဖြစ် အမှန်တကယ် အသုံးပြုလိုခဲ့သည်။

ဒါက ဒေါသထွက်စရာပင်။

"အတင့်ရဲလိုက်တာ၊ အရှင် ရှားဘုရင်က ဘယ်လိုတည်ရှိမှုမျိုးဆိုတာ မင်းသိလား။ နဂါးနဲ့ဖီးနစ်စာရင်းမှာတောင် သူက အဆင့်ဆယ့်ငါးရှိတယ်။ သူက အနာဂတ်မှာ ဉာဏ်အလင်းပွင့်ပြီး ဧကရာဇ်ကြီး သေချာပေါက်ဖြစ်လာလိမ့်မယ်"

ထူကျန့်က အော်ဟစ်လိုက်သည်။

သားရဲဂူ၏ ကွပ်ကဲမှုအောက်မှ တားမြစ်မိသားစုတစ်ခု၏ ပါရမီရှင်တစ်ဦးအနေဖြင့် သူဟာ ဤအချိန်တွင် သဘာဝအတိုင်း ရပ်တည်ရလိမ့်မည်။

ထို့ပြင် သူက အမှန်အတိုင်းပြောနေတာ ဖြစ်သည်။

အဆင့်ဆယ့်ငါးဖြစ်သောကြောင့် နိမ့်ကျသည်ဟု မထင်စေလို။

အထက်ကောင်းကင်ကိုးပါး၏ ပါရမီရှင်များ အင်အားက အင်မော်တယ်နယ်မြေကြီးထက် များစွာ သန်မာကြကြောင်း သိထားကြရမည် ဖြစ်သည်။

ကောင်းကင်ကိုးပါးတွင် အဆင့်ဆယ့်ငါးက အင်မော်တယ်နယ်မြေကြီးတွင် ထိပ်တန်းဖြစ်ကာ ထိပ်တန်းအဆင့်မှ ထူးချွန်သူတချို့ကိုပင် တိုက်ခိုက်နိုင်သည်။

ကျွင်းရှောင်ယောက်က ထူကျန့်ကို လျစ်လျူရှုစွာ ကြည့်လိုက်သည်။

ထူကျန့်၏ အမူအရာက တခဏချင်း အေးခဲသွား၏။

အသူတရာနက်သော ချောက်ကမ်းပါးထဲ ပြုတ်ကျသွားသကဲ့သို့ သူ့နှလုံးသားထဲထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

'ကြောက်စရာကောင်းလိုက်တာ၊ အကြည့်တစ်ချက်ကတောင်...'

ထူကျန့်က သူ၏ လည်ပင်းကို ညှစ်ခံထားရသလို ခံစားရကာ အသံပင်မထွက်နိုင်တော့ပေ။

သူသည် တားမြစ်မိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း လူတစ်ဦး၏အကြည့်ကိုပင် မခံနိုင်ပါ။

ကျွင်းရှောင်ယောက်က သူ့ကို ဂရုမစိုက်တော့ဘဲ ရှားဘုရင်ကို ကြည့်လိုက်သည်။

ရှားဘုရင်၏ မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် မှိန်ဖျော့သွားသည်။

"မင်း ဘာပြောလိုက်တာလဲ၊ ပြန်ပြောစမ်း"

ကျွင်းရှောင်ယောက်က အရည်အချင်းရှိသူတစ်ယောက်ဆိုတာ သူသိသည်။

သို့သော်လည်း ဒါက အင်မော်တယ်နယ်မြေကြီးမဟုတ်ပေ။

ဤနေရာတွင် နဂါးဆိုလျှင်ပင် ဝတ်နေရမည်။

ကျားဖြစ်လျှင်ပင် လှဲအိပ်နေရမည်။

တားမြစ်နယ်မြေများ၏ ပိုင်နက်တွင် ကျွင်းရှောင်ယောက်က သူ့ကို ဤကဲ့သို့ စော်ကားဝံ့သည်။

ဒါက မောက်မာလွန်းပေသည်။

"ဒါပေါ့၊ မင်းတင်မကဘဲ သားရဲဂူရဲ့ ဘုရင်လေးပါးစလုံးကို ဖိနှိပ်ပြီး ငါ့လှည့်ကို ဆွဲခိုင်းရမယ်။ ဒါက အကြံကောင်းပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ကျိုးလီပန်းချီကားကို သန့်စင်ရာတွင် လိုအပ်သော သားရဲဝိညာဉ်က အညံ့ဆုံးသည်ပင် ဧကရာဇ်တစ်ပိုင်းအဆင့် ရှိရမည်။

ဤဘုရင်လေးပါးကတော့ ပစ္စည်းများအဖြစ် အသုံးပြုရန် အရည်အချင်းမပြည့်မီသောကြောင့် လှည်းဆွဲရန် နွားနှင့် မြင်းများအဖြစ်သာ အသုံးပြုနိုင်ပေမည်။

သို့ရာတွင်၊ သူ့စကားက တစ်ဖက်လူအတွက်တော့ စော်ကားလွန်းလှသည်။

အမြဲလိုလို သိမ်မွေ့သော အမူအရာရှိသည့် ရှားဘုရင်ပင်လျှင် သည်းမခံနိုင်တော့ပါ။

အလွန်အေးစက်သော အပြုံးတစ်ခုက သူ့မျက်နှာတွင် ပေါ်လာသည်။

သူ့ပါးစပ်တွင်းမှ သွားများက ချွန်ထက်နေ၏။

သိမ်မွေ့သော အသွင်အပြင်နှင့် သွေးဆာနေသော ချွန်ထက်သောသွားများကြားမှ ခြားနားမှုက လူများကို အလွန်ကြောက်စရာကောင်းသလို ခံစားရစေသည်။

"အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က လူတိုင်းကို နှိမ့်ချပြီး မောက်မာသလို ကြီးစိုးလွန်းတယ်လို့ ငါကြားဖူးတယ်။ အခုတော့ သူက ထင်ထားထက်တောင် ပိုမောက်မာပုံပဲ"

"ဒီလိုဆိုမှတော့ မင်းရဲ့အသွေးအသား အရသာကို ငါ မြည်းစမ်းကြည့်ပါရစေ"

ရှားဘုရင်က အေးစက်စွာ ပြောလိုက်သည်။

ကြီးမားလှသော သတ်ဖြတ်ခြင်း အငွေ့အသက်က သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သွေးနီရောင် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ချက်ချင်းဆိုသလိုပင်၊ သူက လေထဲသို့ ဖြတ်သွားကာ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ကျွင်းရှောင်ယောက်ဆီသို့ ကုပ်ဆွဲလိုက်၏။

စူးရှသော သွေးနီရောင် လက်သည်းများက လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်တော့သည်။

မိစ္ဆာသားရဲများ၏ နည်းလမ်းများက ဤကဲ့သို့ပင် ရိုးရှင်းသော်လည်း ကြမ်းကြုတ်ပြီး ကြီးစိုးသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကလည်း ရှုပ်ရှုပ်ထွေးထွေး မလုပ်ပေ။

ခွန်ပန်က သူ၏တောင်ပံများကို ဖြန့်ကျက်လိုက်သကဲ့သို့... သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။

"ခွန်ပန်ရဲ့နည်းလမ်းလား"

ရှားဘုရင်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

သူက တောက်ဝူမျိုးနွယ်မှဖြစ်ပြီး တောက်ဝူနတ်ဘုရားစွမ်းရည်ကို လေ့ကျင့်သည်။

ခွန်ပန်ကလည်း ရှေးခေတ် ဒဏ္ဍာရီလာ သားရဲတစ်ကောင်ပင်။

ရှေးခေတ်က မိစ္ဆာသားရဲကြီးလေးပါးနှင့် ခွန်ပန်ကြားတွင် ဆက်ဆံရေး မကောင်းခဲ့ပါ။

မိစ္ဆာသားရဲလေးပါးက အဆုံးမဲ့ ဘေးအန္တရာယ်များနှင့် ပရမ်းပတာဖြစ်စေခဲ့သောကြောင့် ခွန်ပန်က ၎င်းတို့အပေါ်တွင် ရန်လိုခဲ့သည်။

"ဝုန်း"

နှစ်ယောက်သား အချင်းချင်း တိုက်မိသွားကြသည်။ အဆုံးမဲ့ နိယာမရွန်းများက တုန်လှုပ်သွားကြ၏။

တားမြစ်မိသားစုများမှ ပါရမီရှင်များမှာတော့ အဝေးမှသာ စောင့်ကြည့်နေကြတော့သည်။

"ဒီကျွင်းရှောင်ယောက်က တကယ်ကို သေချင်နေတာပဲ၊ သူသာ အင်မော်တယ်နယ်မြေကြီးမှာ ဆက်နေရင် ဘုရင်တစ်ပါးအဖြစ် ထမြောက်ပြီး ကမ္ဘာကြီးကို စိုးမိုးနိုင်လိမ့်မယ်"

"ဒါပေမဲ့ ဒါက အထက်ကောင်းကင်ကိုးပါးပဲ။ နဂါးနဲ့ဖီးနစ်စာရင်းမှာ အဆင့်ဆယ့်ငါးရှိတဲ့ အရှင် ရှားဘုရင်ကို အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်က ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ"

ထူကျန့်က အေးစက်စွာ ပြောလိုက်သည်။

ယခုအချိန်အထိ ကောင်းကင်ကိုးပါး၏ ပါရမီရှင်များအဖြစ် ၎င်းတို့၏ မာနကို မစွန့်လွှတ်သေးပေ။

သို့သော်လည်း နောက်အခိုက်တန့်မှာ...

သွေးအန်သံနှင့်အတူ လူရိပ်တစ်ခုက နောက်သို့ လွင့်သွားသည်။

ယင်းက ရှားဘုရင်သည်ပင်။

"မင်း..."

ရှားဘုရင်က ကွဲအက်နေသော အတွင်းအင်္ဂါများနှင့် သွေးများကို အန်ထုတ်လိုက်ရသည်။

သူ၏ တည်ငြိမ်မှုနှင့် ရက်စက်မှုတို့လည်း ပျောက်ကွယ်သွားပြီ။

ထိုအစား တုန်လှုပ်ချောက်ချားမှု ခံစားချက်က ပေါ်ထွက်လာခဲ့သည်။

ကျွင်းရှောင်ယောက်က သာမန်လူမဟုတ်ကြောင်း သူ သိသည်။

ထို့ကြောင့် သူ လှုပ်ရှားသောအခါတွင် ရန်သူအား လျှော့မတွက်ဘဲ ခွန်အားအပြည့်ဖြင့် အသုံးချခဲ့ပေသည်။

သို့သော်ငြားလည်း ကျွင်းရှောင်ယောက်၏ အင်အားကို သူ လျှော့တွက်နေဆဲပင်။

ကျွင်းရှောင်ယောက်က သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သော်လည်း ပြင်းထန်သော ဖိအားကို ယူဆောင်လာခဲ့သည်။

ထိုစွမ်းအားက ကြောက်စရာကောင်းလွန်းသည်။

အကြောင်းမသိသူဆိုလျှင် ကျွင်းရှောင်ယောက်ကို ရှေးဦး မိစ္ဆာသားရဲကြီးတစ်ကောင်ဟု ထင်ကြလိမ့်မည်။

သို့သော်လည်း ယင်းက မမှားပေ။ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူ၏ အင်အားက တုနှိုင်းမယှဉ်သာတော့ပါ။

"မဆိုးဘူး၊ မင်းက ငါ့လှည်းကိုဆွဲဖို့ လုံလောက်တယ်"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

ရှေးခေတ် မိစ္ဆာသားရဲ၏ မျိုးဆက်ဆိုသည့်အတိုင်း၊ ၎င်း၏ တိုက်ခိုက်မှုက သူ့လက်ဝါးကို အနည်းငယ် ထုံကျင်သွားစေခဲ့သည်။

သို့သော်၊ ထိုမျှသာ...

"မောက်မာမနေနဲ့ကွ၊ ပွဲမပြီးသေးဘူး"

ရှားဘုရင်က ဟိန်းဟောက်လိုက်သည်။

သူ့သွေးများက ပွက်ပွက်ဆူလာသည်။ သူ့အရေပြားကလည်း နီရဲလာ၏။

သူ့အင်အားက ပို၍ ကြီးမားလာတော့သည်။

မူလက သိမ်မွေ့သော လူငယ်လေးတစ်ယောက်နှင့်တူသော ရှားဘုရင်က ခဏချင်းမှာပင် အပြောင်းလဲကြီး ပြောင်းလဲသွားသည်။

ထို့နောက် တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲဟိန်းသံကို ကြားလိုက်ရ၏။

နောက်ဆုံးမှာတော့ ကြောက်စရာကောင်းသော သားရဲကြီးတစ်ကောင်က ကျွင်းရှောင်ယောက်၏ရှေ့တွင် ပေါ်လာတော့သည်။

၎င်းက ကျားတစ်ကောင်နှင့် ဆင်တူပြီး ခန္ဓာကိုယ်အနှံ့တွင် သွေးနီရောင် အမွေးများ ရှိသည်။

အလျားကိုးပေရှိပြီး ဓားသွားများကဲ့သို့ ချွန်ထက်သော အစွယ်များ ရှိ၏။

သွေး‌အငွေ့အသက်များကလည်း လွှမ်းခြုံထားပြီး သတ်ဖြတ်လိုစိတ်တို့က တဖွားဖွား ထွက်ပေါ်နေသည်။

ဒါက သူ၏မူလခန္ဓာပင်။

"ဘာ၊ အရှင် ရှားဘုရင်က သူ့ရဲ့ မူလပုံစံကို ထုတ်သုံးဖို့အထိ ဖိအားပေးခံလိုက်ရပြီလား"

အဝေးတွင် ထူကျန့်က တုန်လှုပ်သွားသည်။

သားရဲဂူရှိ မိစ္ဆာသားရဲအားလုံးက ၎င်းတို့၏ မူလပုံစံသို့ ပြောင်းလဲရန် နည်းလမ်းများရှိသည်။

ဒါက သူတို့၏ သွေးမျိုးဆက်ကြောင့်ဖြစ်ပြီး ထိုအခြေအနေမျိုးတွင် ပို၍ အားကောင်းလာပေမည်။

သို့သော် ယေဘူယျအားဖြင့်ပြောရလျှင် ဤနည်းလမ်းက ဝှက်ဖဲဖြစ်ပြီး အလွယ်တကူ အသုံးမပြုနိုင်ပေ။

"ဒါက တောက်ဝူရဲ့ ခန္ဓာပုံစံလား။ ကြည့်ရတာတော့ မဆိုးပါဘူး၊ အနည်းဆုံးတော့ လှည်းဆွဲသွားတဲ့အခါ ငါ့ကို အရှက်မရစေတော့ဘူး"

ကျွင်းရှောင်ယောက်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ကျွင်းရှောင်ယောက်၊ မင်း သေချင်နေတာပဲကွ"

ရှားဘုရင် တစ်ဖြစ်လဲ တောက်ဝူက လူသားဘာသာစကားဖြင့် အော်ဟစ်ကြိမ်းမောင်းပြီး တိုက်ခိုက်လိုက်သည်။

သားရဲဂူမှ သတ္တဝါများ၏ ထူးခြားချက်က သူတို့၏မူလပုံစံကို ပြောင်းလိုက်သောအခါ သူတို့၏ခွန်အားက သိသိသာသာ တိုးလာမည် ဖြစ်သည်။

သို့သော်လည်း ဒါက ကျွင်းရှောင်ယောက်အပေါ်မှာတော့ သက်ရောက်မှု မရှိပေ။

၎င်းက တိုက်ခိုက်ရေးအင်အား '0.5' သာရှိသော အမှိုက်တစ်စနှင့် တူသည်။

သူ၏ ခွန်အားက ဆယ်ဆ တိုးလာလျှင်ပင် တိုက်ခိုက်ရေးအင်အား ငါးသာရှိသည့် အမှိုက်တစ်စ ဖြစ်နေဆဲပင်။

ဟုတ်သည်၊ ဒါက ကျွင်းရှောင်ယောက်၏ အမြင်သာ။

တခြားပြိုင်ဘက်သာ ဖြစ်ခဲ့မည်ဆိုလျှင် ရလဒ်က ကွဲပြားသွားလိမ့်မည်။

ဒါကိုမြင်တော့ ကျွင်းရှောင်ယောက်က လက်သီးနှင့်ထိုးလိုက်သည်။

ပြန်လည်ဝင်စားခြင်း အငွေ့အသက်များက မြင့်တက်လာ၏။

ကျွင်းရှောင်ယောက်၏ လက်သီးတွင် ဖိနှိပ်ထားသော ကမ္ဘာငယ်လေး ခြောက်ခု ရှိနေသကဲ့သို့ပင်။

၎င်းက လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီး ဖြစ်သည်။

All Chapters