← Chapters

အခန်း ၁၃၆၈

Vol. 92 Ch. 1368

အခန်း ၁၃၆၈

Vol. 92 Ch. 1368

အခန်း ( ၁၃၆၈ ) ယုံကြည်မှုရရှိခြင်း။

ကျွင်းရှောင်ယောက်က ဤဆေးပင်သက်ရှိများအကြောင်းကို သိပ်ပြီး စိတ်မဝင်စားပေ။

အင်မော်တယ်တစ်ပိုင်းဆေးပင်ဖြစ်သော ဗောဓိကျစ်ကိုပင် ကျွင်းရှောင်ယောက်က သန့်စင်ရန် စိတ်ကူးမရှိပါ။

သူ ဂရုစိုက်တာက ဤသက်ရှိဆေးပင်များ၏ ဇစ်မြစ်...

အသွင်ပြောင်းနိုင်ခြင်း၏ လျှို့ဝှက်ချက် ဖြစ်သည်။

သို့သော်လည်း ဒါက သူတို့၏ လျှို့ဝှက်ချက်များနှင့် ဆက်စပ်နေပြီး အပြင်လူများကို ထုတ်ဖော်လို့မရပေ။

ထို့ကြောင့် ကျွင်းရှောင်ယောက်က သူတို့၏ ယုံကြည်မှုကို ဦးစွာ သိမ်းပိုက်ရသည်။

ယခုအခါ သူက အဆုံးမဲ့ဧကရာဇ်နှင့် ဆက်ဆံရေးရှိပုံရကြောင်း သိရပြီးနောက်...

ဤဆေးမျိုးနွယ်မှ သတ္တဝါများက သူ့ကို ပို၍ပင် ယုံကြည်ခဲ့ကြပေသည်။

ကျွင်းရှောင်ယောက်၊ ယောက်အာနှင့် အခြားသူများက ယောက်လင်တောင်သို့ ပြန်ခဲ့ကြသည်။

ဗောဓိကျစ်က ကျွင်းရှောင်ယောက်ကို မြင်သောအခါ သူ့အား အနည်းငယ် ဦးညွှတ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး၊ ငါ့ဆေးမျိုးနွယ်ရဲ့ အသက်ကို နောက်တစ်ကြိမ် ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

ဧကရာဇ်တစ်ပိုင်း နယ်ပယ် သူ၏ ကျင့်ကြံမှုကြောင့် သူဟာ လှုပ်ရှားနိုင်စွမ်း မရှိခဲ့ပေ။ မဟုတ်လျှင် တားမြစ်နယ်မြေများမှ အကျော်အမော်များကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် အတိတ်တွင်၊ ဆေးမျိုးနွယ်ဝင် သတ္တဝါများ ဖမ်းဆီးခံရခြင်းကို မည်သို့မျှ မလုပ်ဆောင်နိုင်ဘဲ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရပေသည်။

ယခုတစ်ကြိမ်မှာတော့ ကျွင်းရှောင်ယောက်၏ ကျေးဇူးကြောင့် ဆေးမျိုးနွယ်မှ ဤသတ္တဝါများမှာ အသက်ချမ်းသာရာရခဲ့ပြီ ဖြစ်သည်။

"အကြီးအကဲ... ခင်ဗျားက ယဉ်ကျေးလွန်းပါပြီ၊ ဒါပေမဲ့ ကျုပ်က ဒီမှာ ကြာကြာနေလို့မရဘူး"

"ကျုပ်က ဆေးမျိုးနွယ်ကို တစ်ကြိမ်နှစ်ကြိမ် ကယ်နိုင်ပေမဲ့ အဲဒါပြီးရင် ဘာဖြစ်မလဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဗောဓိကျစ်၏ မျက်နှာက စိုးရိမ်မှု၊ တုံ့ဆိုင်းမှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်ကပင် ဆက်ပြောလိုက်၏။

"နောက်ပြီးတော့ ဒီနေရာမှာ အဆုံးမဲ့သတ်ဖြတ်ခြင်း အစီရင်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးမှာ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်"

"ကျုပ်က အဆုံးမဲ့ဧကရာဇ်ရဲ့ အမွေအစိတ်အပိုင်းကို ရရှိထားပေမဲ့ အဆုံးမဲ့သတ်ဖြတ်ခြင်းအစီရင်ကို အခုချိန်မှာပြင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး"

ကျွင်းရှောင်ယောက်က ဆေးမျိုးနွယ်၏ လျှို့ဝှက်ချက်များကို သိချင်သော်လည်း တိုက်ရိုက် မစူးစမ်းခဲ့ပေ။

ထိုအစား၊ သူသည် ယောက်လင်တောင်၏ လက်ရှိအကျပ်အတည်းကို တစ်ဖက်မှ ထောက်ပြလိုက်သည်။

ဒါက ကျွင်းရှောင်ယောက်၏ ပရိယာယ်ပင်။

"မိတ်ဆွေလေး၊ မင်းပြောတာက မှန်ပါတယ်။ တကယ်တော့ ငါတို့ ယောက်လင်တောင်က ရှင်သန်နေနိုင်ရုံပဲ။ တစ်နေ့ထက်တစ်နေ့ ဆုံးရှုံးမှုတွေကို ခံစားနေရတယ်"

ဗောဓိကျစ်က သက်ပြင်းချလိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အလင်းရောင်ဖျော့ဖျော့တစ်ခု လင်းလက်သွားသည်။

"တကယ်တော့ ကျုပ်က ဆေးမျိုးနွယ်ဝင်တိုင်းကို ကူညီပေးနိုင်ပါတယ်"

"ခင်ဗျားက ကျွင်းမိသားစုကို သိတယ်ဆိုရင် ကျုပ်ရဲ့ ကျွင်းမိသားစုက ဘာတွေလုပ်နိုင်တယ်ဆိုတာကိုလည်း သိသင့်တယ်။ ကျုပ်ရဲ့ စကားတစ်ခွန်းနဲ့ ယောက်လင်တောင်က လုံခြုံမှုရှိလိမ့်မယ်"

ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

ဗောဓိကျစ်ကလည်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

မမှားပေ။

ကျွင်းရှောင်ယောက်က ရှားဘုရင်ကို တိုက်ခိုက်မှုသုံးခုဖြင့် ဖိနှိပ်လိုက်ကြောင်း မြင်ရပြီးနောက်...

ဤလူငယ်ဟာ ကျွင်းမိသားစုတွင် အဆင့်အတန်းမြင့်မားပြီး အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းကို သူနားလည်ခဲ့သည်။

သူ့တွင် ထိုအရည်အချင်းမျိုး ရှိကောင်းရှိပေမည်။

"ဟုတ်ပါတယ်၊ ကျွင်းမိသားစုရဲ့ ခွန်အားကို ငါယုံတယ်။ ဒါပေမယ့်..."

ဗောဓိကျစ်က သူ့စိတ်ထဲမှာ သံသယတွေ ရှိနေဆဲပင်။

နောက်ဆုံးမှာတော့၊ သူတို့၏ အထောက်အထားက ထူးခြားသည်။

ကျင့်ကြံသူများ၏ အမြင်တွင် သူတို့က ကျင့်ကြံမှုအရင်းအမြစ်များ ဖြစ်သည်။

အထူးသဖြင့်၊ အင်မော်တယ်တစ်ပိုင်း ဆေးပင်ဖြစ်သည့် ဗောဓိကျစ်...

ကျွင်းရှောင်ယောက်က သူတို့နှင့်ပတ်သက်ပြီး အခြားသော အတွေးအမြင် မရှိလျှင်ပင်၊ အခြား ကျွင်းမိသားစုဝင်များက မည်သို့တွေးမည်နည်း။

ဒါကိုမြင်တော့ ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"အကြီးအကဲ၊ ခင်ဗျား ဘာတွေကို စိတ်ပူနေလဲဆိုတာ ကျုပ်သိပါတယ်"

"ကျုပ်က စကားကိုပြန်ပြင်ပြီး ယောက်လင်တောင်ကို ထိခိုက်စေမှာကို ကြောက်နေတယ်"

"ဒီလိုဆိုမှတော့ ခင်ဗျားယုံကြည်အောင် သစ္စာပြုပေးပါမယ်။ ကျုပ်ရဲ့ ကျွင်းမိသားစုနဲ့ ကျုပ်က ယောက်လင်တောင်ကို ထိခိုက်စေတာ တစ်ခုခုလုပ်ရင် ကောင်းကင်ရဲ့ အပြစ်ပေးခံရပါစေ"

ကျွင်းရှောင်ယောက်က ကျိန်ဆိုလိုက်သည်။

ကျွင်းရှောင်ယောက်၏ လေသံနှင့် စကားများက အလွန်ရိုးသားပေသည်။

"မိတ်ဆွေလေး၊ မင်း..."

ဗောဓိကျစ်က တုန်လှုပ်သွားသည်။ ကျွင်းရှောင်ယောက်ကို သူတို့အတွက် ဤမျှလုပ်ပေးမည်ဟု မမျှော်လင့်ထားပေ။

ယောက်အာနှင့် ဆေးမျိုးနွယ်၏ အခြားသော သတ္တဝါများလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

တကယ်တော့ သူတို့ မသိသောအချက်မှာ...

ဤကျိန်ဆိုချက်က ကျွင်းရှောင်ယောက်အပေါ် လုံးဝ သက်ရောက်မှုမရှိပေ။

နောက်ဆုံးတွင်၊ သူက အကြောင်းအကျိုးတို့ သက်ရောက်ခြင်းမခံရသော ဗလာနယ်ကံကြမ္မာ ဖြစ်သည်။

သစ္စာဆိုရုံမျှဖြင့် သက်ရောက်မှု မရှိနိုင်ပေ။

သို့သော်လည်း ဒါကိုဖော်ပြရန် လိုနေဆဲ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ယောက်လင်တောင်၏ လျှို့ဝှက်ချက်များကို အမှန်တကယ် စိတ်ဝင်စားပေသည်။

မမျှော်လင့်ထားသော အကျိုးအမြတ်များပင် ဖြစ်နိုင်ခြေ မြင့်မားသည်။

“အဘိုး ဗောဓိ…”

ယောက်အာ၊ ဂျင်ဆင်းကလေးငယ်နှင့် ဆေးမျိုးနွယ်မှ အခြားသတ္တဝါများအားလုံးက ဗောဓိကျစ်ကို သနားစဖွယ် မျက်လုံးလေးများဖြင့် ကြည့်လိုက်ကြသည်။

ကျွင်းရှောင်ယောက်က သူတို့ကို လုံးဝ ဆွဲယူခဲ့ပြီဖြစ်ကြောင်း ထင်ရှားပေသည်။

နောက်ဆုံးတွင်၊ ဗောဓိကျစ်လည်း သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

"ဒီအဘိုးကြီးက နည်းနည်း သံသယများပြီး အခြားသူတွေနဲ့အတူ စံနှုန်းထားပြီး အကဲဖြတ်မိသွားတယ်"

ဗောဓိကျစ်က သူ့ကိုယ်သူ ရယ်မောလိုက်သည်။

ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်လေသည်။

"အကြီးအကဲက နောက်နေပါပြီ၊ ခင်ဗျားရဲ့ ထူးခြားတဲ့ အထောက်အထားအရ ဒီလိုသံသယစိတ်တွေရှိနေတာ နားလည်နိုင်ပါတယ်"

"ဒါဆိုရင် မိတ်ဆွေလေးက ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ဗောဓိကျစ်က မေးလိုက်သည်။

ကျွင်းရှောင်ယောက်က ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။

"ကျုပ် ဒီတစ်ခေါက်မှာ အထက်ကောင်းကင်ကိုးပါးကို လာရောက်တာက အရေးကြီးကိစ္စရှိလို့ပါ"

"ဒါပေမဲ့ ဒါတွေပြီးသွားရင် ခင်ဗျားတို့ကို အင်မော်တယ်နယ်မြေကြီးကို ပြန်ခေါ်သွားလို့ရတယ်၊ ယောက်လင်တောင်ကို ကျုပ်ကာကွယ်ထားမှာဖြစ်ပြီး ခင်ဗျားရဲ့အသက်အန္တရာယ်ကို ဘယ်သူမှ ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ ယောက်အာနှင့် အခြား သတ္တဝါများမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။

"ကောင်းလိုက်တာ၊ နောက်ဆုံးတော့ အကြောက်တရားတွေနဲ့ ရှင်သန်နေရတဲ့ ဒီဘဝကနေ လွတ်မြောက်နိုင်တော့မယ်"

ဆေးမျိုးနွယ်စု၏ သတ္တဝါအားလုံးက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြလေသည်။

ယခင်က သူတို့ဟာ အင်မော်တယ်နယ်မြေကြီးကို ထွက်ပြေးရန် စိတ်ကူးဖူးသည်။

သို့သော်လည်း ပထမအနေဖြင့် သူတို့အတွက် အင်မော်တယ်နယ်မြေကြီးကိုသွားရန် မဖြစ်နိုင်ပေ။

နောက်တစ်ချက်ကတော့ အင်မော်တယ်နယ်မြေကြီးကို ရောက်သွားလျှင်ပင် သူတို့ကို အကာအကွယ်ပေးမည့်သူ မရှိနိုင်ပါ။

သူတို့က လူအများ၏ ပစ်မှတ်ဖြစ်လာပြီး အခြားသူများ၏ လိုချင်တပ်မက်မှုကို ခံရဦးမည်သာ ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်၏ ကတိစကားဖြင့် သူတို့၏ အနာဂတ်ပြဿနာများက ပြေလည်မှုရှိခဲ့ပြီ။

စိတ်ချမ်းသာစွာဖြင့် အင်မော်တယ်နယ်မြေကြီးသို့ သွားနိုင်ပြီ။

ဗောဓိကျစ်က ပြုံးပြီး ပြောလိုက်သည်။

"မိတ်ဆွေလေး၊ မင်းက ယောက်လင်တောင်ကို စိတ်ရင်းမှန်နဲ့ ကူညီနေတာမို့ ယောက်လင်တောင်ကလည်း ကျေးဇူးသိတတ်ရပါမယ်"

"တကယ်တော့ ငါတို့ယောက်လင်တောင်ရဲ့ အထူးချွန်ဆုံးအရာက ဆေးဝါးဖော်စပ်တာပဲ"

"ဆေးဖော်စပ်တာလား"

ကျွင်းရှောင်ယောက်က မီးဖိုတစ်လုံးနှင့်တူသော တောင်ကြီးကို တစ်ချက်ကြည့်လိုက်သည်။

သို့သော်လည်း တွေးကြည့်ရလျှင် မမှားပေ။

ဤသက်ရှိဆေးအားလုံးက ဆေးပင်အမျိုးအစား သက်ရှိများ ဖြစ်ကြသည်။ သူတို့က ဆေးဝါးအကြောင်းကို ပို၍ နားလည်ကြလိမ့်မည်။

ဗောဓိကျစ်က ဆက်ပြောလိုက်သည်။

"နောက်ပြီးတော့ ငါ့ကို လျှော့မတွက်လိုက်နဲ့၊ ဒီအဘိုးကြီးက ဧကရာဇ်တစ်ပိုင်းသာဆိုပေမဲ့ ဆေးဝါးဖော်စပ်ခြင်းနဲ့ ပတ်သက်လာရင် ဆေးဝါးပညာကို ကျွမ်းကျင်တဲ့ ဧကရာဇ်ကြီးတွေတောင် ငါ့ကို ယှဉ်နိုင်ဖို့မလွယ်ဘူး"

ဗောဓိကျစ်၏ လေသံက ဂုဏ်ယူဝံ့ကြွားမှုတို့ ပြည့်နေ၏။

နောက်ဆုံးတွင်၊ သူ၏ မူလခန္ဓာက အင်မော်တယ်ဗောဓိ ဖြစ်သည်။

ဒါက ဉာဏ်ပညာ၏ နိမိတ်ပုံရိပ်တစ်ခုပင်။

သူ၏ ဆေးဝါးပညာ ကျွမ်းကျင်မှုက သဘာဝအတိုင်း အလွန်ကြောက်စရာကောင်းနိုင်သည်။

ဗောဓိကျစ်က မြကျောက်စိမ်းနှင့်တူသော မြစိမ်းရောင်ဆေးတစ်လုံးကို ထုတ်ယူပြီးပေးလိုက်သည်။

"ဒါဟာ ဗောဓိဉာဏ်အလင်းဆေးလုံးပဲ၊ ဒါကို ဒီအဘိုးကြီးရဲ့ ဆေးအနှစ်သာရတစ်စက်နဲ့ ဖော်စပ်ထားတာ။ ဒါက ဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံမှုစွမ်းရည် တိုးတက်စေဖို့အတွက် အင်မတန် အသုံးဝင်ပါတယ်"

ကျွင်းရှောင်ယောက်က ဗောဓိဉာဏ်အလင်းဆေးလုံးကို ယူပြီး မျိုချလိုက်၏။

တခဏအတွင်းမှာပင် သူ့ပတ်ဝန်းကျင်မှ ကမ္ဘာကြီး၏ နိယာမများက ပိုရှင်းလာသလို ခံစားလိုက်ရတော့သည်။

ဟုတ်သည်၊ ကျွင်းရှောင်ယောက်ကိုယ်တိုင်၏ နားလည်နိုင်စွမ်းက အလွန်ထူးကဲနေပြီ။

ဤဗောဓိဉာဏ်အလင်းဆေး၏ အကျိုးသက်ရောက်မှုက သူ့အတွက်တော့ အချိုပေါ် သကာလောင်းခြင်းသာ ဖြစ်သည်။

သို့သော်...

ကျွင်းဧကရာဇ်ခုံရုံးမှ ပါရမီရှင် မျိုးဆက်သစ်များကို ဤဆေးဝါးမျိုး ပေးလိုက်ပါက မည်သို့သော အကျိုးသက်ရောက်မှုရှိမည်နည်း။

ဥပမာအားဖြင့် ရမ်ကျန့်လျို၊ ယောက်တောက်ကျောင်းနှင့် အခြားသော ပါရမီရှင်များအတွက် ဤဆေးကိုသောက်ရလျှင် အာနိသင်က ပို၍ ထူးခြားမည် ဖြစ်သည်။

ထိုမျှသာမကဘဲ ကျွင်းဧကရာဇ်ခုံရုံး၏ အခြားအဆင့်မြင့်အရာရှိများကိုလည်း ပေးနိုင်သေးသည်။

ထို့ထက် ပိုအရေးကြီးသည်မှာ၊ ဗောဓိကျစ်က ဤဆေးတစ်မျိုးကိုသာ သန့်စင်နိုင်ရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။

ဒါက ဘာကိုကိုယ်စားပြုသနည်း။

တစ်နည်းဆိုရလျှင်၊ ယောက်လင်တောင်ကို အစွမ်းထက်သော ဆေးဝါးအင်အားတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ကျွင်းဧကရာဇ်ခုံရုံး၏ ဌာနခြောက်ခုအနက်မှ တစ်ခုဖြစ်သည့် စက်မှုလက်မှုဌာနက ဆေးဝါးများကို သန့်စင်ခြင်း၊ လက်နက်သန့်စင်ခြင်းနှင့် အဆောင်၊ အစီရင်များ ပြုလုပ်ရာတွင် အထူးပြုသော ဌာန ဖြစ်သည်။

သို့သော်လည်း ယခုအချိန်အထိ လက်နက်သန့်စင်ခြင်းအတွက် လုမိသားစုနှင့် မော့မိသားစုတို့သာ ရှိသေးသည်။

ယောက်လင်တောင်ကို စက်မှုလက်မှုဌာနတွင် ပေါင်းစည်းနိုင်ပြီး ကျွင်းဧကရာဇ်ခုံရုံး၏ ဆေးဝါးဌာနတစ်ခု ဖြစ်လာစေနိုင်သည်။

ဗောဓိကျစ်ကဲ့သို့ ဆေးဝါးပညာရှင်တစ်ဦး၏ အကူအညီနှင့်အတူ ကျွင်းဧကရာဇ်ခုံရုံးက ဆေးဝါးပြဿနာကို မကြုံရနိုင်တော့ပေ။

လုံလောက်သော ဆေးဝါးများဖြင့် ကျွင်းဧကရာဇ်ခုံရုံးရှိ ကျင့်ကြံသူအားလုံး၏ အရည်အချင်းနှင့် ခွန်အားက တဟုန်ထိုးတက်လာမည် ဖြစ်သည်။

ကျွင်းဧကရာဇ်ခုံရုံး တစ်ခုလုံး၏ အင်အားကလည်း တဟုန်ထိုး တက်လာပေလိမ့်မည်။

All Chapters