အခန်း ၁၃၆၉
Vol. 92 Ch. 1369
အခန်း ( ၁၃၆၉ ) ယောက်လင်တောင်၏ မူလ။
မူလက ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက်မှာ ဆေးမျိုးနွယ်ဝင် သတ္တဝါများ အသွင်ပြောင်းနိုင်ခြင်း အကြောင်းရင်းကို ရှာဖွေရန် ဖြစ်သည်။
ယခုတော့ ယောင်လင်တောင်က ပို၍ တန်ဖိုးကြီးကြောင်း သိလာခဲ့ရပြီ။
"ကျုပ် တည်ထောင်ထားတဲ့ အင်အားစုက ဆေးဝါးပညာရှင်တွေ လိုတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူ့စကားက ဗောဓိကျစ်ကို ပို၍ စိတ်ချစေခဲ့သည်။
သူတို့ကိုယ်တိုင်က အရေးပါနေသရွေ့ သူတို့၏ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုတော့ပေ။
ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံး၏ အခြေအနေကို ပြောပြလိုက်သည်။
"လက်စသတ်တော့ ဒီလိုပဲ၊ မိတ်ဆွေလေးက တကယ်ကို လူငယ်သူရဲကောင်းလေးပါပဲ။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အင်မော်တယ်အင်အားစုရဲ့ ခေါင်းဆောင် ဖြစ်နေပြီ"
"ဒီလိုဆိုရင် ငါတို့က ကျွင်းဧကရာဇ်ခုံရုံးမှာ ပါဝင်ဖို့ ဆန္ဒရှိပါတယ်"
သို့မှသာ ဗောဓိကျစ်က စိတ်သက်သာရာ ရသွားလေသည်။
အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ယောက်က သင့်အား ကြင်နာမှုပြပါက၊ သူသည် လူလိမ် သို့မဟုတ် အကြံသမားတစ်ဦး ဖြစ်နိုင်သည်။
ကျွင်းရှောင်ယောက်က အစပိုင်းတွင် သူတို့ကို ကောင်းမွန်စွာ ကူညီပေးခဲ့သည်။ ထိုစဉ်ကတည်းက ဗောဓိကျစ်ဟာ များစွာ သံသယမရှိခဲ့ပေ။
ယခုဆိုလျှင် သူ့နှလုံးသားထဲမှာ လုံးဝ လွတ်လပ်သွားခဲ့ပြီ ဖြစ်သည်။
သဘောတူညီချက်ရရှိပြီးနောက် အခြေအနေက သဟဇာတဖြစ်ခဲ့လေသည်။
ကျွင်းရှောင်ယောက်က ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။
"တကယ်တော့ ကျုပ်မှာ မေးစရာရှိသေးတယ်။ ယောက်လင်တောင်က ဘယ်ကနေလာတာလဲ၊ ဆေးမျိုးနွယ်က ဘာကြောင့် အသွင်ပြောင်းလဲနိုင်တာလဲ"
သာမန် နတ်ဆေးပင်များက ဝိညာဉ်အသိရှိသော်လည်း အထူးအခွင့်အလမ်းများမရှိလျှင် လူသားအသွင်သို့ မပြောင်းလဲနိုင်ပေ။
အင်မော်တယ်တစ်ပိုင်း ဆေးပင်က ဖြစ်နိုင်ချေရှိသည်။
စစ်မှန်သော အင်မော်တယ်ဆေးပင်ဖြစ်လျှင်တော့ တကယ့်သက်ရှိများနှင့် အတူတူဖြစ်နေပြီ။
"ဒါက..."
ဗောဓိကျစ်က တစ်ခုခုပြောလိုသော်လည်း တုံ့ဆိုင်းနေသည်။
အမှန်အတိုင်းပြောရလျှင် ဒါက သူတို့၏ အဓိကလျှို့ဝှက်ချက်ပင်။
အပြင်လူများကို မဆိုထားဘိ၊ ဆေးမျိုးနွယ်မှာပင် လူတိုင်းမသိနိုင်အောင် ရှုပ်ထွေးသည်။
ဗောဓိကျစ်၏ တုံ့ဆိုင်းမှုကို မြင်ရသောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
"ပြောဖို့ အဆင်မပြေရင်လည်း မေ့လိုက်ပါ။ ခင်ဗျားတို့ ဆေးမျိုးနွယ်ဝင် သတ္တဝါတွေကို ဆက်ပြီး အသွင်ပြောင်းအောင် ကူညီပေးနိုင်ဦးမလားလို့ ကျုပ်တွေးနေမိတာ"
ကျွင်းရှောင်ယောက်၏ စကားသံအဆုံးတွင် ထူးခြားသော အငွေ့အသက်တစ်ခု ပေါ်လာခဲ့သည်။
ဒါက ကမ္ဘာ့သစ်ပင်၏ အငွေ့အသက်ပင်။
ဤအငွေ့အသက် ထွက်ပေါ်လာပြီးနောက်...
ဗောဓိကျစ်၏ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
သူ့မျက်လုံးများက ပြူးကျယ်လာသည်။
သူက ကျွင်းရှောင်ယောက်ရှေ့တွင် ချက်ချင်း ပေါ်လာပြီး အလောတကြီး ပြောလိုက်၏။
"မိတ်ဆွေလေး၊ ဒီအငွေ့အသက်က..."
ဗောဓိကျစ်၏ အသက်အရွယ်နှင့် အတွေ့အကြုံအရပင် သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်တော့ပါ။
"အမှန်အတိုင်းပြောရလျှင် ကျုပ်က ကမ္ဘာ့သစ်ပင်တစ်ပင်ကို ပိုင်ဆိုင်ထားပါတယ်"
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
သူ့စကားက ရိုးရှင်းသော်လည်း ဗောဓိကျစ်နှင့် အခြား ဆေးမျိုးနွယ်ဝင်များ၏ နားထဲတွင် မိုးကြိုးအစင်းတစ်ရာ ပစ်ခွင်းလိုက်သလိုပင်...
"ကမ္ဘာ့သစ်ပင်"
ဗောဓိကျစ်၊ ယောက်အာ၊ ဂျင်ဆင်းကလေးငယ်နှင့် ဆေးမျိုးနွယ်ဝင် သတ္တဝါအားလုံး တုန်လှုပ်သွားကြသည်။
ထို့နောက် သူတို့၏ မျက်လုံးထဲတွင် အလင်းရောင်များ တဖိတ်ဖိတ် တောက်ပလာတော့သည်။
ဒါက ဆန္ဒ၏ အလင်း ဖြစ်သည်။
ကမ္ဘာ့သစ်ပင်ကို သစ်ပင်အားလုံး၏ ဘိုးဘေးဟု လူသိများသည်။
ထိုတန်ဖိုးကို နတ်ဆေးပင် သို့မဟုတ် အင်မော်တယ်တစ်ပိုင်း ဆေးပင်များဖြင့် တိုင်းတာ၍မရပေ။
၎င်းကို မိုးနှင့်မြေ၏ စစ်မှန်သော ထွတ်မြတ်ရတနာဟု ဆိုနိုင်သည်။
"မိတ်ဆွေလေးမှာ ဒီလိုရတနာမျိုးတွေ တကယ်ရှိတယ်လား..."
ကျွင်းရှောင်ယောက်ကိုကြည့်သော ဗောဓိကျစ်၏ မျက်လုံးအကြည့်က သိသိသာသာ ပြောင်းလဲသွားသည်။
မူလက သူဟာ ကျေးဇူးဆပ်ချင်ရုံပင်။
သို့သော်လည်း ယခုအချိန်မှာတော့ ကမ္ဘာ့သစ်ပင်ကို ပိုင်ထားသည့် ကျွင်းရှောင်ယောက်အတွက် အဓိပ္ပါယ်က မတူတော့ပေ။
ထိုသို့သော တည်ရှိမှုနောက်ကို လိုက်နာပါက သူတို့လည်း အဆုံးစွန်သော အသွင်ကူးပြောင်းမှု ဖြစ်နိုင်ချေပင် ရှိပေမည်။
"ဒါက ကမ္ဘာ့သစ်ပင်တင်မကပါဘူး..."
ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်၏ အငွေ့အသက်ကို တစ်ဖန် လှစ်ဟပေးလိုက်သည်။
"ဒီအငွေ့အသက်က... အဲဒါက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ရဲ့ အငွေ့အသက်လား"
ဗောဓိကျစ်က အံ့သြသွားပြန်သည်။
ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်က ကမ္ဘာသစ်ပင်ထက် အနည်းငယ် အားနည်းသော်လည်း အနည်းငယ်သာ။ နှစ်ခုစလုံးက ကောင်းကင်နှင့်မြေပြင်၏ ထွတ်မြတ်ရတနာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ပေ။
“နောက်ပြီးတော့ ဒါကိုလည်းပေးနိုင်တယ်"
ကျွင်းရှောင်ယောက်က သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သောအခါ မွှေးကြိုင်သော အနံ့နှင့်အတူ ကြည်လင်သော အရည်များ ထွက်ပေါ်လာသည်။
"ဒါ... ဒါက... အသက်စမ်းရေပဲ"
ဗောဓိကျစ်က တုန်လှုပ်ရလွန်းသဖြင့် ထုံကျဉ်နေပြီ။
ကျွင်းမိသားစုမှ ဤလူငယ်လေး၏ နောက်ခံက မည်မျှကြောက်စရာကောင်းသနည်း။
"အသက်စမ်းရေကို နေ့စဉ် စုပ်ယူနိုင်ရင် အကျိုးကျေးဇူးတွေက အဆုံးမဲ့ ဖြစ်လိမ့်မယ်"
ယောက်အာ၊ ဂျင်ဆင်းကလေးငယ်နှင့် ဆေးမျိုးနွယ်မှ အခြားသူများက အသက်ရေကို စုပ်ယူလိုက်ကြသည်။
"ကြည့်ရတာ ဒီအဘိုးကြီးက မင်းကို လျှော့တွက်မိသေးတဲ့ပုံရတယ်၊ မင်းရဲ့ အရည်အချင်းက တကယ်ကို အံ့မခန်းပါပဲ"
ဗောဓိကျစ်က ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်လေသည်။
"ယောက်လင်တောင်က ကျွင်းဧကရာဇ်ခုံရုံးကို ပါဝင်တဲ့အတွက် ကျုပ်က သဘာဝအတိုင်း ကူညီပေးမှာပါ"
"အသက်စမ်းရေကို ခင်ဗျားတို့လိုချင်သလောက် ရနိုင်တယ်"
"ခင်ဗျားတို့အတွက် ကမ္ဘာ့သစ်ပင်ရဲ့ အကိုင်းအခက်ကိုတောင် ဖြတ်ယူပေးနိုင်ပါတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူက အတတ်နိုင်ဆုံး လုပ်ခဲ့ပြီးပြီ။
ဗောဓိကျစ်၏ အိုမင်းသော မျက်နှာက ရှက်ရွံ့မှု အရိပ်အယောင်တို့ ပေါ်လာကာ ပြောလိုက်သည်။
"မိတ်ဆွေလေးက ဒီကမ္ဘာ့သစ်ပင်ရဲ့ တည်ရှိမှုကိုတောင် ဖုံးကွယ်ဖို့ မကြိုးစားဘဲ ရိုးရိုးသားသား ဆက်ဆံတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးကတော့ လျှို့ဝှက်ချက်တွေနဲ့... တကယ် ရှက်ရွံ့မိပါတယ်"
"မိတ်ဆွေလေး၊ ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ"
ဗောဓိကျစ်က ပြောဆိုပြီး ရှေ့မှ လမ်းပြလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
စွမ်းရည်များစွာ အသုံးပြုခဲ့ပြီး နောက်ဆုံးတော့ ဤနေရာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်တော့မည်။
ဗောဓိကျစ်က လမ်းပြရင်း ကျွင်းရှောင်ယောက်ကို ပြောလိုက်သည်။
"မိတ်ဆွေလေး၊ မင်းက ငါတို့ ယောက်လင်တောင်ရဲ့ မူလဇစ်မြစ်ကို အရမ်းသိချင်နေတယ်ထင်ပါ့"
"ဟုတ်ပါတယ်"
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။
ဗောဓိကျစ်လည်း မကွယ်ဝှက်တော့ဘဲ တိုက်ရိုက်ပြောလိုက်၏။
"အမှန်အတိုင်းပြောရရင် ဒီအဘိုးကြီးရဲ့ မှတ်ဉာဏ်က အရမ်းဝေဝါးနေပါပြီ။ အစိတ်အပိုင်းတချို့ကိုပဲ ယောင်ဝါးဝါး မှတ်မိနိုင်တော့တယ်"
"အဲဒါက ငါတို့ရဲ့ ယောက်လင်တောင်ဟာ 'တံခါး' မှတဆင့် ကောင်းကင်ကိုးပါးကို ကျရောက်လာပုံရတာပဲ"
"တံခါး''
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
"ဟုတ်ပါတယ်၊ အဲဒါက 'တံခါး' ပဲ... ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကို ငါတကယ် မမှတ်မိတော့ဘူး။ ဒီအဘိုးကြီးက မင်းကို တမင်တကာ ဖုံးကွယ်နေတာ မဟုတ်ပါဘူး မိတ်ဆွေလေး"
"ဒါဆိုရင် ခင်ဗျားက အဲဒီ'တံခါး'ကို ပြန်မသွားနိုင်တော့ဘူးလား"
ကျွင်းရှောင်ယောက်က မေးသည်။
ဗောဓိကျစ်က ခေါင်းယမ်းလိုက်၏။
"အဲဒီ 'တံခါး'က အခြေခံအားဖြင့် တံဆိပ်ခတ်ထားပေမဲ့ နှစ်များစွာတိုင်းမှာ လှုပ်ရှားမှု အရိပ်အမြွက်တချို့ ရှိလိမ့်မယ်"
ဒါကိုကြားတော့ ကျွင်းရှောင်ယောက်က လေးလေးနက်နက် တွေးလိုက်မိသည် ။
နှစ်များစွာကြာတိုင်း အနည်းငယ် လှုပ်ရှားမှု ရှိလာမည်။
ယင်းက ကျွင်းရှောင်ယောက်ကို မရေမတွက်နိုင်သော နှစ်များစွာကြာတိုင်း ဖြစ်ပွားတတ်သည့် အမှောင်ထုကို တွေးတောစေခဲ့သည်။
သူတို့နှစ်ခုကြားတွင် ဆက်စပ်မှုရှိမည်လော။
ကျွင်းရှောင်ယောက်သည် အထက်ကောင်းကင်ကိုးပါးသို့ ပထမဆုံး ရောက်ရှိစဉ်က သူ လက်မှတ်ထိုးဝင်ခဲ့သော မဟာဆရာသခင်၏အမိန့်ကို တွေးတောလိုက်မိသည်။
အမိန့်၊ အခမ်းအနားမှူး၊ ကြီးစွာသော ကပ်ဘေးကြီးနှင့် 'တံခါး'...
ကျွင်းရှောင်ယောက်က ထိုအကြောင်းများကို ပိုတွေးလေလေ၊ သူ့မျက်လုံးများ တောက်ပလာလေလေ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူက တိဟောက်ထျန်းအကြောင်းကို ပြန်တွေးမိပြန်သည်။
တိဟောက်ထျန်းက လျှို့ဝှက်ရှာဖွေနေသော ရှေးဟောင်းကျောက် အပိုင်းအစကို တွေးမိ၏။
ပထမတော့ ကျွင်းရှောင်ယောက်ဟာ ဤသဲလွန်စများကြား ဆက်နွယ်မှုကို နားမလည်ခဲ့ပေ။
ယခုတော့ ဗောဓိကျစ်ပြောတာမမှားလျှင်...
ကောင်းကင်ကိုးပါး၏အထက်မှာ ထို"တံခါး" အမှန်တကယ် ရှိမည်ဆိုလျှင်...
ထိုအခါ 'တံခါး'က လျှို့ဝှက်ချက်အားလုံး၏ အခြေခံဖြစ်ဖွယ် ရှိသည်။
ပျက်စီးခြင်းဧကရာဇ်နှင့် နောက်ကွယ်က လက်မည်းကြီးတို့၏ လျှို့ဝှက်ချက်...
ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကျိန်စာ၏ လျှို့ဝှက်ချက်...
တိဟောက်ထျန်း ပြန်လည်မွေးဖွားခြင်း၏ လျှို့ဝှက်ချက်...
အမှောင်ထု၏ လျှို့ဝှက်ချက်...
အခမ်းအနား ကျင်းပခြင်း၏ လျှို့ဝှက်ချက်...
'တံခါး'တွင် ဤအရာအားလုံးကို ဖွင့်ထုတ်နိုင်သည်။
'ငါထင်တာမမှားဘူး'
ကျွင်းရှောင်ယောက်က စိတ်လှုပ်ရှားသွားသည်။
ယောက်လင်တောင်၏ မူလဇစ်မြစ်က ကြီးကျယ်သောလျှို့ဝှက်ချက်အချို့နှင့် ဆက်စပ်နေသည်ဟု သူအမြဲတမ်းခံစားမိ၏။
မမျှော်လင့်ဘဲ၊ အခြေခံက နောက်ကွယ်တွင် တိုက်ရိုက်ပါဝင်ခဲ့ပေသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထို"တံခါး" အကြောင်းကို အနည်းငယ်သာ သိသည်။
နောက်ပိုင်းတွင် သူက 'တံခါး' နှင့်ပတ်သက်သည့် သဲလွန်စများကို ဆက်လက်ရှာဖွေရလိမ့်မည်။
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေချိန်...
ဗောဓိကျစ်က ပြောလိုက်သည်။
"မိတ်ဆွေလေး၊ မင်းက ငါတို့ဆေးမျိုးနွယ် အသွင်ပြောင်းနိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို သိချင်နေတယ် မဟုတ်လား။ ဒါက အဖြေပဲ"
ကျွင်းရှောင်ယောက်လည်း အငွေ့အသက်အတိုင်း ခံစားပြီး လှမ်းကြည့်လိုက်ပြီးနောက် အံ့ဩသွားတော့သည်။