အခန်း ၁၃၇၀
Vol. 92 Ch. 1370
အခန်း ( ၁၃၇၀ ) အင်မော်တယ်ပစ္စည်း။
ယောက်လင်တောင်၏ နက်နဲရာတွင်...
ဆေးမွှေးရနံ့နှင့် ရေတံခွန်တစ်ခုကို မြင်ရသည်။
နှင်းဆီရောင် တိမ်တိုက်များက တောက်ပနေပြီး တာအိုသံစဉ်များလည်း ထွက်ပေါ်လျက်ရှိ၏။
၎င်းက ကမ္ဘာပေါ်ရှိ နတ်ဘုံငယ်တစ်ခုကဲ့သို့ပင်။
ထူးခြားသော၊ ဖော်ပြ၍မရနိုင်သော၊ နားမလည်နိုင်သော အင်မော်တယ်တို့၏ ကျက်သရေနှင့် ပြည့်နေပုံရသည်။
ဤနတ်ဘုံ၏ အလယ်မှာတော့ ရေကန်တစ်ခု ရှိပေသည်။
ရေကန်ဟု ဆိုရသော်လည်း အမှန်တကယ် ဧရိယာက အလွန်သေးငယ်သောကြောင့် ရေကန်ငယ်တစ်ခုနှင့် ပိုတူသည်။
၎င်း၏ အချင်းက သုံးမီတာခန့်သာ ရှိမည်။
ဤရေကန်ငယ်ထဲမှာတော့ အဆုံးမဲ့စွမ်းအင်တို့ဖြင့် အရည်များ ရှိနေသည်။
၎င်းမှာ အရည်နှင့် ဓာတ်ငွေ့ကဲ့သို့ ပုံစံမျိုးပင်။
၎င်းပေါ်တွင် အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်နေသည်။
အဖြူရောင်အခိုးအငွေ့များက တစ်ခါတစ်ရံတွင် အစစ်အမှန်နဂါးအဖြစ်သို့ ပြောင်းလဲသွားကာ တစ်ခါတစ်ရံ နတ်ဖီးနစ်အဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ခါတစ်ရံတွင် ယူနီကွန်းအဖြစ်သို့ ပြောင်းလဲသွား၏။
၎င်းသည် ဝိညာဉ်အမျိုးမျိုးသို့ ပြောင်းလဲသွားနိုင်ပုံရသည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းက အလွန်ထူးခြားသော အင်မော်တယ် အငွေ့အသက်တို့ ထွက်ပေါ်နေသည်။
"ဒါက..."
ကျွင်းရှောင်ယောက်ဟာ ဒါက အလွန်ထူးခြားသော စွမ်းအင်တစ်ခုဖြစ်ကြောင်း ချက်ချင်း ခံစားလိုက်မိသည်။
၎င်းက အင်မော်တယ်နယ်မြေ သို့မဟုတ် ကောင်းကင်ကိုးပါးရှိ မည်သည့်ပစ္စည်းနှင့်မှ မတူပေ။
"ဒါကြောင့်မို့လို့ ငါတို့တွေ အသွင်ပြောင်းနိုင်ကြတာ"
ဗောဓိကျစ်က ပြောလိုက်သည်။
“ဒီစွမ်းအးက..."
ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းကာ တို့ထိကြည့်လိုက်သည်။
သူ့ကိုယ်ပိုင် ကျင့်ကြံမှုအခြေခံက အနည်းငယ် တုန်လှုပ်သွားပုံရသည်ဟု ချက်ချင်း ခံစားလိုက်ရ၏။
သူ့ခန္ဓာကိုယ်တွင်ရှိသော ဆဲလ်တိုင်းက ဤစွမ်းအားကို တောင့်တနေသကဲ့သို့ပင်။
"ဒါက အင်မော်တယ်နယ်မြေကြီးရဲ့ စွမ်းအင်ထက် သာလွန်တဲ့အရာ တစ်ခုပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်သွားသည်။
အားလုံးသိကြသည့်အတိုင်း ကောင်းကင်နှင့်မြေပြင်ကြားတွင် စွမ်းအင်များစွာ ရှိသည်။
အစပိုင်းတွင် ကျင့်ကြံသူများက ကောင်းကင်နှင့်မြေပြင်၏ အနှစ်သာရကို စုပ်ယူကြပြီး ၎င်းတို့၏ဒန်တျန်တွင် ဝိညာဉ်ပင်လယ်တစ်ခုကို ဖန်တီးကြသည်။
ထို့ပြင်၊ ဤလောကမှာ စွမ်းအားကြီးသည့် အထူးစွမ်းအင်များစွာ ရှိသေးသည်။
ဥပမာအားဖြင့်၊ ကစဉ့်ကလျားစွမ်းအင်၊ နေမင်း၏ သန့်စင်သောစွမ်းအား၊ လမင်း၏ သန့်စင်သောစွမ်းအားစသည်ဖြင့်...
အဓိပတိနယ်ပယ်ခုနစ်ခုတွင် ဤနိယာမစွမ်းအား အမျိုးမျိုးတို့ကို စတင်အသုံးပြုနိုင်သည်။
ယခုမူ၊ ကျွင်းရှောင်ယောက်က ပို၍ထူးကဲသော အရာတစ်မျိုးကို တွေ့နေရပြီ။
၎င်းက အခြားကမ္ဘာတစ်ခု၏ စွမ်းအားကဲ့သို့ အင်မော်တယ်နယ်မြေကြီးရှိ စွမ်းအင်များစွာကို ကျော်လွန်သွားသလို ခံစားရသည်။
"ဒါကို ငါတို့ကတော့ အင်မော်တယ်ပစ္စည်းလို့ ခေါ်တယ်"
"ငါတို့ ဆေးမျိုးနွယ်ဝင်တွေ အသွင်ပြောင်းနိုင်တဲ့ အကြောင်းရင်းကလည်း ဒီအင်မော်တယ်ပစ္စည်းကို စုပ်ယူနိုင်ခဲ့လို့ပဲ"
ဗောဓိကျစ်က ပြောလိုက်သည်။
ဤသည်မှာ ယောက်လင်တောင်တစ်ခုလုံး၏ အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။
ပုံမှန်ဆိုလျှင်၊ အပြင်လူများက အဝေးမှပင် ကြည့်ရှုရန် မဖြစ်နိုင်ပါ။
ကျွင်းရှောင်ယောက်သည်ပင် ယုံကြည်မှု အပြည့်အ၀ရရှိပြီးမှ အရာအားလုံးကို သိခဲ့ခြင်း ဖြစ်သည်။
"အင်မော်တယ်ပစ္စည်းလား..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပနေသည်။
သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက ဤအင်မော်တယ်စ္စည်းကို တောင့်တနေကြောင်း သူခံစားနိုင်ပေသည်။
ထိုဆန္ဒက သက်ရှိသတ္တဝါများ၏ မူလဗီဇမှ ဆင်းသက်လာခြင်း ဖြစ်သည်။
မွေးကင်းစ ကလေးငယ်တစ်ဦးက မိခင်နို့ကို အလိုအလျောက် တောင့်တသလိုပင်။
"အကြီးအကဲ၊ ခင်ဗျားက 'တံခါး'ကတဆင့် ကောင်းကင်ကိုးပါးကို ရောက်လာတယ်လို့ ပြောတယ်နော်။ ဒါဆိုရင် အဲဒီ အင်မော်တယ်ပစ္စည်းလည်း အဲဒီ'တံခါး' က လာတာပေါ့"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
"ဟုတ်ပါတယ်"
ဗောဓိကျစ်က ပြောသည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွား၏။
ဤအင်မော်တယ်ပစ္စည်းက မည်မျှအရေးကြီးသည်ကို သူသိသည်။
ဧကရာဇ်ကြီးများပင်လျှင် ဤအင်မော်တယ်ပစ္စည်းကို မက်မောကြလိမ့်မည်။
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး ကျိုးလီပန်းချီကားကို ထုတ်ယူလိုက်သည်။
ချီယိုနတ်ဆိုးဧကရာဇ်သည် တစ်ချိန်က ကျိုးလီပန်းချီကားကို စစ်မှန်သော အင်မော်တယ်လက်နက်အဖြစ် ပြန်လည်ပြင်ဆင်လိုခဲ့သည်။
သို့သော်လည်း အရေးပါသော ပါဝင်ပစ္စည်းတစ်ခု လိုအပ်နေသောကြောင့် မအောင်မြင်ခဲ့ပေ။
“ဒါက... ဖြစ်နိုင်မလား..."
ကကျွင်းရှောင်ယောက်က နားလည်သွားသည်။
အင်မော်တယ်ရတနာများကို ထုလုပ်ရန် လိုအပ်နေသော ပစ္စည်းကား အဘယ်နည်း။
၎င်းက သင့်ရှေ့တွင် အင်မော်တယ်ပစ္စည်း ဖြစ်သည်။
အင်မော်တယ်နယ်မြေကြီး၏ ခေတ်ကာလတစ်လျှောက်လုံးတွင် အမွေဆက်ခံခဲ့သော အင်မော်တယ်ပစ္စည်းအားလုံးက ရှေးခေတ်က ကျန်ရစ်ခဲ့သော အမွေအနှစ်များဖြစ်သည်။
တစ်နည်းဆိုရသော်၊ မကြာသေးမီကာလများတွင် စစ်မှန်သော အင်မော်တယ်လက်နက်ကို မည်သူမျှ မဖန်တီးနိုင်တော့ပေ။
လုမိသားစု၊ မော့မိသားစုနှင့် အခြား လက်နက်သန့်စင်ခြင်း မိသားစုများ၊ ပညာရှင်များက အင်မော်တယ်လက်နက်တစ်ခုကို ဖန်တီးနိုင်ရန် အိပ်မက်မက်ကြသည်။
သို့သော်လည်း၊ သူတို့မှာ အမြင့်ဆုံး အင်မော်တယ်တစ်ပိုင်း လက်နက်ကိုသာ ဖန်တီးနိုင်ပေသည်။
အဘယ်ကြောင့်နည်း။
ယင်းက ဤအင်မော်တယ်ပစ္စည်း မရှိခြင်းကြောင့် ဖြစ်သည်။
ထို့ပြင်၊ ဤအင်မော်တယ်ပစ္စည်းက တန်ခိုးကြီးသော ဧကရာဇ်များပင်လျှင် အဆုံးမရှိ သွေးဆောင်မှု ရှိသည်။
အကြောင်းမှာ၊ ဤအင်မော်တယ်ပစ္စည်း တစ်နည်း ဓာတ်စွမ်းအင် အလုံအလောက်ရှိပါက ၎င်းတို့၏ဒဏ်ရာများမှ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန် လုံးဝ ဖြစ်နိုင်သောကြောင့်ပင်။
ကျွင်းရှောင်ယောက်က အသက်ပြင်းပြင်းရှူလိုက်သည်။
ယောက်လင်တောင်တွင် ဤမျှကြီးမားသောလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
'တံခါး'က အမှန်တကယ် စွမ်းအားကြီးသူများအတွက် မည်မျှ ဆွဲဆောင်မှုရှိသည်ကို သူ နောက်ဆုံးတွင် နားလည်ခဲ့သည်။
အကြောင်းမူ၊ ၎င်းက လောက၏ အထွတ်အထိပ်သို့ ရောက်ရှိရန် အကောင်းဆုံးအခွင့်အရေး ဖြစ်နေသောကြောင့်ပင်။
'ဒါက... ဖြစ်နိုင်မလား...၊ တားမြစခနယ်မြေက ဆရာကြီးတွေအားလုံးက အဲဒီ 'တံခါး' ပေါ်လာဖို့ကို စောင့်နေကြတာလား'
'ဒါပေမယ့် အဲဒီတံခါးရဲ့ အသွင်အပြင်နဲ့ ကပ်ဘေးကြီးတွေကြားမှာ ဘယ်လိုဆက်စပ်မှု ရှိသလဲ'
'အရင်က ဗောဓိကျစ်ဟာ တံခါးကို ပိတ်ထားပုံရပြီး ဘယ်တော့မှ ပြန်မပွင့်ခဲ့ဘူးလို့ ပြောတယ်'
'ဒီတံခါးကို ဘယ်သူက ပိတ်လိုက်တာလဲ'
'မဟာဆရာသခင်နဲ့ အခမ်းအနားမှူးက ဘာကိုဆိုလိုတာလဲ'
ကျွင်းရှောင်ယောက်က အချက်အလက်တချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။
သို့ရာတွင်၊ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများလည်း ရှိသေးသည်။
ဤ'တံခါး' နောက်ကွယ်တွင် ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေကြောင်း သူအမြဲတမ်း ခံစားခဲ့ရသည်။
သူက ပျက်စီးခြင်းဧကရာဇ်ကို တိုက်ခိုက်ခဲ့သော နောက်ကွယ်မှ လက်မည်းကြီးကို တွေးတောမိပြန်သည်။
'ဒီနောက်ကွယ်က လက်မည်းကြီးက ကမ္ဘာပျက်ကပ်ရဲ့ နိမိတ်လေးခုထဲက တစ်ခုလို့တော့ မပြောနဲ့'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။
ကမ္ဘာပျက်ကပ်၏ နိမိတ်ပုံလေးခုမှာ ကမ္ဘာကို အဆုံးစွန်သော ပျက်စီးခြင်းသို့ ရောက်စေသော ရှေးယခင်ဘဝက သမ္မာကျမ်းစာပါ မြင်းစီးသူရဲလေးယောက် ဖြစ်သည်။
၎င်းတို့က စစ်ပွဲ၊ အငတ်ဘေး၊ ပလိပ်ရောဂါနှင့် သေခြင်းတရားတို့ပင်။
အန္တိမကပ်ဘေးကြီးက လောက၏ အဆုံးသတ်ဖြစ်သော နိမိတ်ပုံလေးပါးတို့တွင် ပလိပ်ရောဂါ ဖြစ်သည်။
သို့ဆိုလျှင်၊ ပျက်စီးခြင်းဧကရာဇ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သူက မည်သူနည်း။
"မိတ်ဆွေလေး၊ မင်းက ဒီအင်မော်တယ်ပစ္စည်းကို လိုအပ်နေပုံရတယ်"
ဗောဓိကျစ်သည် ကျွင်းရှောင်ယောက်က ကျိုးလီပန်းချီကားကို ထုတ်ယူလိုက်ကြောင်း မြင်ရပြီးနောက် မေးလိုက်သည်။
ကျွင်းရှောင်ယောက်က ဤအင်မော်တယ်ပစ္စည်းကို လိုချင်နေပုံပင်။
ကျွင်းရှောင်ယောက်လည်း ဤတော့မှ သတိပြန်ဝင်လာပြီး ရယ်မောလိုက်သည်။
"ကောင်းကင်ကိုးပါးနဲ့ အင်မော်တယ်နယ်မြေ တစ်ခုလုံးမှာ ဒီလို အင်မော်တယ်ပစ္စည်းမျိုး မလိုအပ်တဲ့ သက်ရှိတွေ မရှိမှာကို ကြောက်မိတယ်"
ဤအင်မော်တယ်ပစ္စည်းမျိုးကို မည်သည့်အဆင့်မှ ကျွမ်းကျင်သူမဆို လိုချင်ကြလိမ့်မည်။
သို့သော်လည်း သူ့ရှေ့မှ အင်မော်တယ်ပစ္စည်းက နည်းပါးလွန်းလှသည်။
"ဒါပေမဲ့ အဲဒီ 'တံခါး' မှာ အင်မော်တယ်ပစ္စည်းတွေ အများကြီး ရှိနိုင်တယ်"
"တံခါး"က လမ်းကြောင်းတစ်ခုဆိုရင်တောင် 'တံခါး' ရဲ့နောက်ကွယ်က ကမ္ဘာကြီးက စစ်မှန်တဲ့ အင်မော်တယ်ကမ္ဘာပဲ"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
အင်မော်တယ်နယ်မြေကြီးက အလွန်အဆင့်မြင့်သော ကမ္ဘာဖြစ်နေပြီ။
သို့ရာတွင်၊ အင်မော်တယ်နယ်မြေကြထက် ပိုအဆင့်မြင့်သော ကမ္ဘာကြီးက အမှန်တကယ်ရှိသေးတာလား။
ထို့ပြင်၊ ရှေ့တွင် ဖော်ပြခဲ့သော "အရင်းအမြစ်" လည်းရှိသေးသည်။
ထိုအရင်းအမြစ်က "တံခါး" ၏နောက်ကွယ်ရှိကမ္ဘာနှင့် ချိတ်ဆက်နေသလော သို့မဟုတ် ဆက်စပ်မှုမရှိ ဖြစ်မည်လော။
ကျွင်းရှောင်ယောက်က ဤအကြောင်းကို ပိုတွေးလေလေ၊ ဤကမ္ဘာမှာ သူနားမလည်သော အရာများ အများကြီးရှိနေသေးသည်ဟု ခံစားလာရလေလေပင်။
သူ၏ လက်ရှိ အတွေ့အကြုံအရပင် ဤလောကကြီး၏ ထိပ်ပိုင်းကိုသာ ထိတွေ့နိုင်ဆဲ ဖြစ်သည်။
ဤလောကကြီးက ကျယ်ပြောပြီး ခမ်းနားကြီးကျယ်ကာ သူထင်ထားသည်ထက် ပို၍ ဆန်းကြယ်ပြီး အရောင်အသွေးစုံလင်ပေသည်။
ကျွင်းရှောင်ယောက်၏ ပိုသန်မာလာစေရန် ဆုံးဖြတ်ချက်က ပို၍ ခိုင်မာလာသည်။
တစ်နေ့တွင်၊ ဤကမ္ဘာကြီး၏ အမှန်တရားကို နားလည်လာလိမ့်မည်။
ကျွင်းရှောင်ယောက်က တွေးနေချိန်တွင်...
ဗောဓိကျစ်က ပြောလိုက်သည်။
"တကယ်လို့ မင်းလိုအပ်ရင် ဒီအင်မော်တယ်ပစ္စည်းအားလုံးကို ပေးမယ်"
"အကြီးအကဲ၊ ဒါက အဖိုးတန်လွန်းတယ်"
ကျွင်းရှောင်ယောက်သည် ဗောဓိကျစ်က ဤမျှ ရက်ရောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဗောဓိကျစ်က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
"အင်မော်တယ်ပစ္စည်းက အဖိုးတန်ပေမဲ့ ငါတို့က စုပ်ယူပြီး အနည်းငယ်ပြောင်းလဲပြီးပါပြီ"
"နောက်ပြီးတော့ မိတ်ဆွေလေးက စေတနာကောင်းလွန်းတယ်။ မင်းက ငါတို့ကို ကာကွယ်ဖို့ ဆန္ဒရှိရုံတင်မကဘူး၊ အသက်ရေနဲ့ ကမ္ဘာ့သစ်ပင်ရဲ့ အကိုင်းအခက်ကိုတောင် ပေးအပ်နိုင်ခဲ့တယ်"
ဗောဓိကျစ်က ကြင်နာမှုကို ပြန်ပေးဆပ်ရမည်မှန်း ကောင်းစွာ နားလည်ပေသည်။
ဒါကိုကြားတော့ ကျွင်းရှောင်ယောက်လည်း မငြင်းဆန်တော့ဘဲ ပြုံးပြီး ခေါင်းညိတ်လိုက်တော့သည်။