အခန်း ၁၃၇၃
Vol. 92 Ch. 1373
အခန်း ( ၁၃၇၃ ) ပြပွဲကောင်းက စတင်တော့မည်။
"လော့လီရဲ့ဘဝမှာ လူတစ်ယောက်ပဲ ရှိတယ်"
ကျန်းလော့လီ၏ မျက်လုံးအကြည့်များက ခိုင်မာသည်။ သူ့စကားများက ရိုးရှင်းသော်လည်း ပြတ်သား၏။
သူ့စိတ်က ဘယ်တော့မှ မပြောင်းလဲပေ။
"ငါသိပါတယ်၊ မင်းရည်ညွှန်းတဲ့လူဟာ အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုက ကျွင်းရှောင်ယောက်ပဲ ဖြစ်ရမယ်"
"တကယ်တော့ ဒေါ်လေးရွယ်လည်း သူ့အကြောင်း တချို့ကို ကြားဖူးပါတယ်။ သူက တကယ်ထူးချွန်တယ်"
"ဒါပေမဲ့ မင်းသိတဲ့အတိုင်း ဒါက ကောင်းကင်ကိုးပါးပဲ"
"ဒီနေရာမှာ ထူးချွန်တဲ့ လူငယ်တွေဆိုတာက မရေမတွက်နိုင်အောင်ရှိတယ်"
"ဒါပေမဲ့ ဒီလိုနေရာမျိုးမှာတောင် ဝမ့်ယန်ထက် ပိုသန်မာသူက များများမရှိနိုင်ဘူး"
ဒေါ်လေးရွယ်က ပြောလိုက်သည်။
အကြိမ်တစ်ရာ ကြားရခြင်းက တစ်ကြိမ် မြင်ရခြင်းကို မမီပေ။
ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးတွင် လွန်စွာ ဂုဏ်သတင်းကျော်ကြားသည်။
သူက အထက်ကောင်းကင်ကိုးပါးမှာပင် နာမည်ကြီး၏။သို့သော်လည်း လူအများစုကတော့ သိပ်ပြီး အထင်မကြီးကြသေးပေ။
ထို့ပြင် ကောင်းကင်ကိုးပါးမှ သတ္တဝါများက သာလွန်မြတ်သော အသိတို့ဖြင့် မွေးဖွားလာကြခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့က အင်မော်တယ်နယ်မြေကြီးရှိ ကျင့်ကြံသူများကို သဘာဝအတိုင်း အထင်မြင်ကောင်း မရှိပေ။
သဘာဝအတိုင်း၊ ဒေါ်လေးရွယ်သည်လည်း ကျွင်းရှောင်ယောက်ကို မထီမဲ့မြင်ပြုခဲ့သည်။ နောက်ဆုံးမှာတော့ သူက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်တစ်ဦးသာ မဟုတ်လော။
အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်းပါရမီရှင်ဖြစ်လျှင်ပင် ကောင်းကင်ကိုးပါးသို့ ရောက်ရှိလာပါက အံ့သြဖွယ်ကောင်းတော့မည် မဟုတ်ပေ။
ဥပမာအားဖြင့် ဟွမ်နျဲ့တောက်...
ကောင်းကင်ကိုးပါးသို့ ရောက်လာပြီးနောက် သူဟာ နှိမ့်ချနေခဲ့ရသည် မဟုတ်လော။
"ဒေါ်လေးရွယ်၊ ရှင် ဘာမှနားမလည်ပါဘူး"
ကျန်းလော့လီက ခေါင်းခါလိုက်သည်။
ဒေါ်လေးရွယ်က သူ့ကို ကောင်းစွာ ဂရုစိုက်ခဲ့သောကြောင့်သာ မဟုတ်လျှင်...
ကျန်းလော့လီက ကျိန်ဆဲပစ်လိုက်ပြီ ဖြစ်သည်။
တောင်တစ်လုံးထက် တောင်တစ်လုံးက ပိုမြင့်သည်ဟု ဆိုသော်ငြားလည်း...
ကျွင်းရှောင်ယောက်က မည်သို့သောသူမျိုး ဖြစ်သနည်း။
နှိမ့်ချခြင်းလား။
စိတ်မကောင်းစရာက ကျွင်းရှောင်ယောက်၏ အဘိဓာန်တွင် ထိုသို့သောစကားလုံး မရှိပါ။
အကယ်၍၊ ကျွင်းရှောင်ယောက်သာ အထက်ကောင်းကင်ကိုးပါးသို့ ရောက်ရှိလာနိုင်ပါက ကျန်းလော့လီသည် အခိုင်အမာ ယုံကြည်သည်။
သူက အထက်ကောင်းကင်ကိုးပါးမှ ပါရမီရှင်များကို နင်းခြေပစ်လိမ့်မည်။
"ဟင်း..."
ခေါင်းကြောမာသော ကျန်းလော့လီကြောင့် ဒေါ်လေးရွယ်မှာ အကူအညီမဲ့သလို ခံစားလိုက်ရသည်။
ကျန်းလော့လီသည် သူတို့ ပိရှောင်းမျိုးရိုးမှ ရှေးအကျော်အမော်၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သည်။
ထို့ပြင်၊ သူက ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာကို ပိုင်ဆိုင်ထား၏။
'ဟွင်းယွမ်ကျင်းသို'ကို ရနိုင်လျှင် ရှေးဦးဝိညာဉ်ကမ္ဘာကို ပျိုးထောင်ရန် ကူညီပေးနိုင်လိမ့်မည်။
ထိုအခါ ကျန်းလော့လီ၏ အနာဂတ်အောင်မြင်မှုများက အကန့်အသတ် မရှိနိုင်တော့ပါ။
သူတို့၏ ပိရှောင်းမျိုးရိုးသည်လည်း ရှန်းလင်ကို လုံးဝ ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။
ထိုစဉ်... လှပကြော့ရှင်းသော အမျိုးသမီးတစ်ယောက်က လေထဲမှ လျှောက်လာသည်။
ဒါက နတ်သမီး ယွင်ထျန်းမေသည်ပင်။
"ဒေါ်လေးရွယ်၊ ကျွန်မပဲ ဆက်ပြောလိုက်ပါရစေ"
ယွင်ထျန်းမေက ပြုံးလျက် ပြောလိုက်သည်။
ရှန်းလင်၏ မျိုးရိုးကြီးသုံးခုတွင် ချုံးရှောင်းမျိုးရိုးက အလွန်သန်မာသည်။
ယင်းကြောင့် ပိရှောင်းမျိုးရိုးနှင့် ယွင်ရှောင်းမျိုးရိုးမှာ ပူးပေါင်းလာခဲ့ကြပေသည်။
မျိုးရိုးနှစ်ခုကြားမှ ဆက်ဆံရေးက အမှန်ပင် ကောင်းမွန်သည်။
"အင်း၊ မင်းပဲ သူ့ကို နားချဖို့ကြိုးစားလိုက်ပါတော့"
ဒေါ်လေးရွယ်က ခေါင်းညိတ်ပြပြီး ထွက်သွားတော့သည်။
"အစ်မယွင်၊ ကျွန်မ ဝမ့်ယန်ကို လက်ထပ်ဖို့က မဖြစ်နိုင်ဘူးဆိုတာ ရှင်သိထားသင့်တယ်"
ကျန်းလော့လီက ပြောလိုက်သည်။
အထက်ကောင်းကင်ကိုးပါးသို့ ခေါ်ဆောင်သွားပြီးနောက် ယွင်ထျန်းမေသည် သူ့အား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့သည်။
ဒါကြောင့် ကျန်းလော့လီကလည်း သူ့ကို လေးစားသမှုဖြင့် အစ်မယွင်ဟု ခေါ်ခဲ့လေသည်။
"သခင်လေးကျွင်းရဲ့ အရည်အချင်းကို အစ်မသိပါတယ်။ နောက်ဆုံးမှာတော့ သူက အင်မော်တယ်နယ်မြေကြီးမှာ အကြီးမားဆုံး လှုပ်ခတ်မှုတွေကို ဖြစ်စေခဲ့ဖူးသူပဲ"
ယွင်ထျန်းမေက သက်ပြင်းချလိုက်သည်။
ကိုယ်ပိုင်အင်အားစုကို ဦးဆောင်ပြီး ရှေးဟောင်းတော်ဝင်မိသားစုတစ်ခုကို ဖျက်ဆီးခြင်း...
ဒါက တကယ်ကို ကြီးမားသော ကိစ္စတစ်ခုပင်။
နေနတ်ဘုရားတောင်ကို ကောင်းကင်ကိုးပါးအထက်တွင် အလွန်အစွမ်းထက်သော အင်မော်တယ်အင်အားစုဟု မသတ်မှတ်နိုင်သော်လည်း...
ဒါကို ကျွင်းရှောင်ယောက် တစ်ယောက်တည်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အထက်ကောင်းကင်ကိုးပါးရှိ မည်သည့်ပါရမီရှင်က နောက်ကွယ်မှ အင်အားစုကို မမှီခိုဘဲ ရှေးဟောင်းတော်ဝင်မိသားစုတစ်ခုကို ဖျက်ဆီးနိုင်မည်နည်း။
ဘယ်သူမှ မလုပ်နိုင်ပေ။
ဝမ့်ယန်အတွက်ပင် လုံးဝ မဖြစ်နိုင်ပေ။
ထိုမှတဆင့် ကောင်းကင်ကိုးပါးအထက်မှ ပါရမီရှင်များနှင့် ကျွင်းရှောင်ယောက်တို့၏ ကွာဟချက်ကို တွေ့နိုင်သည်။
ဝမ့်ယန်နှင့် အခြားသူများက ထိပ်တန်း ပါရမီရှင်များဖြစ်သည်။
တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က ခေါင်းဆောင်ကြီးအဆင့် ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနေပြီ။
"ကိုကိုရှောင်ယောက်က ကြီးကြီးမားမား ဘာတွေထပ်လုပ်ခဲ့ပြန်ပြီလဲ"
ကျွင်းရှောင်ယောက်အကြောင်းကို စကားစလိုက်သည်နှင့် ကျန်းလော့လီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု၊ သိလိုစိတ်တို့ဖြင့် တောက်ပလာတော့သည်။
"မင်း..."
ယွင်ထျန်းမေက ခေါင်းယမ်းပြီး ပြုံးလိုက်သည်။
ထို့နောက်တွင် သူက ကျွင်းရှောင်ယောက်၏ အကြောင်းကို အတိုချုံးပြီး ပြောပြခဲ့လေသည်။
ကျွင်းရှောင်ယောက်က အထက်ကောင်းကင်ကိုးပါးကို လာရောက်တော့မည်ဆိုသော သတင်းလည်းရှိသည်။
ထိုသတင်းကို ကြားရပြီးနောက် ကျန်းလော့လီက အလွန်ပျော်ရွှင်ခဲ့သည်။ သူ့နှလုံးသားထဲမှာလည်း ချိုမြိန်မှုတို့ ပြည့်နေတော့သည်။
"သိတယ်၊ ကိုကိုရှောင်ယောက်က ကျွန်မကို အချစ်ဆုံးပဲ"
ကျန်းလော့လီက ပီတိတို့ဖြင့် ပြုံးလိုက်သည်။
သူသည် တစ်စုံတစ်ဦးကို လက်ထပ်ရန် ဖိအားပေးခံနေရကြောင်း သိရသည်နှင့်၊ ကျွင်းရှောင်ယောက်က အထက်ကောင်းကင်ကိုးပါးသို့သွားရန် ချက်ချင်း ဆုံးဖြတ်ခဲ့သည်။
ဒါက ကျန်းလော့လီအတွက် ဘာနှင့်မျှ မလဲနိုင်သော ခံစားချက်တစ်ခုပင်။
"ကြည့်ရတာ ဒီတစ်ခါတော့ ပြပွဲကောင်းတစ်ခု ရှိလာတော့မယ်"
ယွင်ထျန်းမေက ပြောလိုက်သည်။
သူ့တွင် မသိစိတ်မှ ကြိုတင်သတိပေးချက်တစ်ခု ရှိ၏။
မာနကြီးသော စရိုက်ရှိသည့် ကောင်းကင်ကိုးပါး၏ ပါရမီရှင်များက ရက်စက်ကြမ်းကြုတ်သော အဖြစ်မှန်ကို ရင်ဆိုင်ရတော့မည်။
ထို့နောက်တွင်၊ ယွင်ထျန်းမေက ကျန်းလော့လီကို ပြန်ခေါ်ထုတ်လာသည်။
အခြေအနေကို လှမ်းကြည့်လိုက်ပြီးနောက် ဒေါ်လေးရွယ် အံ့ဩသွား၏။
ဒါက ဉာဏ်အလင်းပွင့်ခြင်းရဲ့ လက္ခဏာလား။
အထူးသဖြင့် ပီတိအပြည့်ဖြင့် ပြုံးနေသော ကျန်းလော့လီ၏ အပြုံးကြောင့် သူ ပို၍ အံ့ဩမိသည်။
အချိန်ခဏလေးနဲ့ သူ့စိတ်က ဒီလောက်တောင် ပြောင်းလဲသွားပြီလား။
ဒေါ်လေးရွယ်က အနည်းငယ် သံသယဖြစ်မိသည်။
သို့သော်လည်း ကျန်းလော့လီကို ကျေနပ်စေနိုင်သရွေ့တော့ သူက ဒီကိစ္စကို သိပ်ပြီး မတွေးမိပေ။
ကျန်းလော့လီကလည်း ပျော်ရွှင်ဝမ်းမြောက်ကာ ဘာမျှ မရှင်းပြနေတော့ပါ။
သူ့နှလုံးသားထဲမှ သူရဲကောင်းက သူ့ကိုကယ်တင်ရန် လာမည်ဆိုတာ သူသိသည်။ ဒါက လုံလောက်ပေသည်။
ကျန်းလော့လီနှင့် ယွင်ထျန်းမေက အခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် ဘက်ပေါင်းစုံမှ လူအများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
"ဝိုး၊ သူတို့နှစ်ယောက်က ပိရှောင်းနဲ့ ယွင်ရှောင်း မျိုးရိုးနှစ်ခုက နတ်သမီးတွေလား။ သူတို့နှစ်ယောက်လုံးက တစ်သန်းမှာ တစ်ယောက် တွေ့ခဲတဲ့ မိန်းမလှလေးတွေပဲ"
ယွင်ထျန်းမေက ကောင်းကင်ကိုးပါးမှ ပါရမီရှင်များနှင့် အတန်ငယ် ရင်းနှီးမှုရှိသည်။
အဓိကအားဖြင့် ကျန်းလော့လီက လူများစွာကို အံ့အားသင့်စေခဲ့ခြင်းပင်။
သူက အရပ်မြင့်မြင့်မြင့်၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်ဖြင့် ဆွဲဆောင်မှုရှိခြင်းမျိုး မဟုတ်သော်လည်း လှပပြီး နတ်သူငယ်လေးတစ်ကောင်လို ချစ်စရာကောင်းလေသည်။
သူမ၏ အရပ်အမောင်းက သိသိသာသာ မပြောင်းလဲသော်လည်း ဖွံ့ဖြိုးမှုကတော့ ပုံမှန်ပင်။
ကလေးငယ်တစ်ယောက်လို အပစ်ကင်းစင်ပြီး လှပသော သူ့အသွင်က အမှန်ပင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိသည်။
ယင်းကြောင့် ကောင်းကင်ကိုးပါး၏ ပါရမီရှင် လူငယ်များစွာကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"အဲဒါက ကျန်းလော့လီလား။ သူက အင်မော်တယ်နယ်မြေကြီးကနေ လာရောက်တဲ့သူဖြစ်ပေမဲ့ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ အလှအပက ကောင်းကင်ကိုးပါးရဲ့ မိန်းမလှတွေထက် လုံးဝ မနိမ့်ကျဘူး"
"အမှန်ပဲ၊ နောက်ပြီးတော့ သူက ပိရှောင်းမျိုးရိုးရဲ့ သမီးတော်ပဲလေ။ သူ့ကို လက်ထပ်နိုင်ရင် ရှန်းလင်ရဲ့ သားမက်တစ်ဦး ဖြစ်လာနိုင်လိမ့်မယ်"
"ဒါပေမဲ့ သူက အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိတယ်လို့ ကျုပ်ကြားတယ်"
ကျွင်းရှောင်ယောက်အကြောင်းကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင် အခြေအနေက အနည်းငယ် ပြောင်းလဲသွားသည်။
ကျွင်းရှောင်ယောက်က နောက်ပိုင်း ကောင်းကင်ကိုးပါးတွင် နာမည်ကျော်ကြားလာသူပင်။
ထို့ပြင် သူနာမည်ကြီးလာပုံကလည်း ထူးခြားသည်။
အကြောင်းမှာ၊ သူက တားမြစ်မိသားစုမှ လူများကို သတ်ဖြတ်ဝံ့သည့် အင်မော်တယ်နယ်မြေကြီးမှ လူဖြစ်နေသောကြောင့်ပင်။ သူက တားမြစ်နယ်မြေကိုလည်း လုံးဝ မကြောက်ပါ။
ကျွင်းရှောင်ယောက်ကို ပို၍ နာမည်ကြီးစေတာက ကောင်းကင်ကိုးပါးသို့ လာရောက်ခဲ့သော အင်မော်တယ်သတ်ဓားကြောင့် ဖြစ်သည်။ ဓားတစ်လက်က တားမြစ်မိသားစုများကို ပြင်းထန်စွာ ဆုံးရှုံးစေပြီး တားမြစ်နယ်မြေအားလုံးကို တုန်လှုပ်စေခဲ့ပေသည်။
ဤဖြစ်ရပ်များကြောင့် ကောင်းကင်ကိုးပါးရှိ သတ္တဝါတိုင်းက ကျွင်းရှောင်ယောက်အပေါ် မုန်းတီးခြင်းနှင့် ရွံရှာခြင်းတို့ကို အလိုလို ခံစားလာရသည်။
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါး၏ မြင့်မားသော ဂုဏ်သိက္ခာကို စိန်ခေါ်ခဲ့သူဟု သူတို့က ယုံကြည်ထားကြပေသည်။
ထိုအချိန်၊ စားပွဲတစ်ခုတွင်...
မိစ္ဆာဘုရင်၊ ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့က ကျန်းလော့လီကို အဝေးမှ ကြည့်နေကြသည်။
"ငါမှတ်မိသလောက်ဆိုရင် သူက ကျွင်းရှောင်ယောက်ရဲ့ ဇနီးလောင်းဖြစ်ပုံရတယ်၊ အခုမှပေါ်လာတာက နောက်ခင်ပွန်းရွေးတော့မှာမို့လား"
ကျောက်ဧကရာဇ်လေးက ဝိုင်ခွက်ကို ကောက်ယူပြီး အရသာခံကာ စုပ်ယူလိုက်သည်။
သူနှင့် ကျွင်းရှောင်ယောက်ကြားမှာလည်း ရန်ငြိုးတို့ ရှိ၏။
အစပိုင်းတွင်၊ ကျောက်ဧကရာဇ်လေးက ကျန်းစန်းယီထံမှ အလင်းဝင်ပေါက်ကိုးခု မြင့်မြတ်ဝိညာဉ် ကျောက်သန္ဓေကို ရရှိရန်မျှော်လင့်လျက် ယောက်ချီမြင့်မြတ်မြေသို့ လူများကို စေလွှတ်ခဲ့သည်။
နောက်ဆုံးတွင်၊ ကျောက်သန္ဓေသားက သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်သည် မဟုတ်လော။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့အစီအစဉ်ကို ပျက်ပြားစေခဲ့သည်။
သူ၏နောက်လိုက် အရိုးစုမိန်းကလေးနှင့် သူ၏ အဖော် မြင့်မြတ်ဝိညာဉ်သားရဲ ခရမ်းရောင်ရွှေချီလင်တို့အားလုံး သေဆုံးခဲ့ကြရပေသည်။
သို့ရာတွင်၊ ထိုအချိန်က ကျောက်ဧကရာဇ်လေးသည် တိတ်တဆိတ် လေ့ကျင့်နေသောကြောင့် ကျွင်းရှောင်ယောက်ကို မတွေ့ခဲ့ရပေ။
နောက်ပိုင်း လေ့ကျင့်ရာမှ ထွက်လာသောအခါမှာလည်း ကောင်းကင်ကိုးပါးသို့ တိုက်ရိုက်သွားခဲ့ရသည်။
ထို့ကြောင့် ကျောက်ဧကရာဇ်လေးသည် ဤရန်ငြိုးကို မတုံ့ပြန်သေးပါပေ။
"အဲဒါက အမှန်ဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းလိမ့်မယ်။ အချိန်ကျရင် ကျွင်းရှောင်ယောက်ရဲ့ အမူအရာက ဘယ်လိုဖြစ်မလဲဆိုတာ ကျုပ်ကြည့်ချင်မိတယ်"
ဟွမ်နျဲ့တောက်လည်း အနည်းငယ် အူမြူးသွားလေသည်။
နောက်ဆုံးတွင်၊ သူနှင့် ကျွင်းရှောင်ယောက်ကြားမှာလည်း ပဋိပက္ခများ ရှိခဲ့သည်။
သူက ရွှီထျန်းလောကတွင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရဖူးပေသည်။
"သူက ချစ်စရာကောင်းပေမယ့် ဝမ့်ယန်ရဲ့ ရည်ရွယ်ချက်က ဒီလောက်မရိုးရှင်းသင့်ဘူး"
မိစ္ဆာဘုရင်က လေးနက်စွာ ပြောလိုက်သည်။