အခန်း ၁၃၇၅
Vol. 92 Ch. 1375
အခန်း ( ၁၃၇၅ ) ရှားဘုရင်ကို လှည်းဆွဲရန် အသုံးပြုပြီး လာသည်။
ဝမ့်ယန်သည် ကောင်းကင်ကိုးပါးရှိ ထိပ်တန်း ပါရမီရှင် ဖြစ်သည်။
အဆင့်အတန်းအရ၊ သူသည် အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းရှောင်ယောက်၊ တိဟောက်ထျန်းတို့နှင့် နှိုင်းယှဉ်နိုင်လိမ့်မည်။
"လော့လီ၊ မင်းကို ဘယ်သူက မပျော်ရွှင်အောင် လုပ်ခဲ့တာလဲ"
ဝမ့်ယန်၏ အသံကို ခရမ်းရောင် နေအလင်းထဲမှ ကြားလိုက်ရသည်။
လူအများစု မျှော်လင့်ထားသည်နှင့်မတူဘဲ၊ ဝမ့်ယန်၏ အသံက အလွန်တည်ငြိမ်ပြီး လူများကို သက်တောင့်သက်သာ ဖြစ်စေနိုင်ပေသည်။
သို့ရာတွင်၊ ဤလူမျိုးက အရည်အချင်းကို ထုတ်ပြနေတတ်သော ပါရမီရှင်များထက် ပိုအန္တရာယ်များသည်။
"နောင်ကို အဲဒီလို ဘယ်တော့မှ မခေါ်ပါနဲ့။ ကျွန်မတို့က အရမ်းရင်းနှီးတယ်လို့ ထင်နေတာလား၊ သူများတွေ နားလည်မှုလွဲကုန်မယ်"
ကျန်းလော့လီက အေးစက်စက်ဖြင့် ပြောလိုက်သည်။
ဝမ့်ယန်အပေါ် သူမ၏ သဘောထားက သူစိမ်းလူများနှင့်မခြားပေ။
ဤအရာက ပါရမီရှင်များစွာကို ခေါင်းယမ်းသွားစေခဲ့သည်။
အထက်ကောင်းကင်ကိုးပါးတွင်၊ ဝမ့်ယန်ကို ဤကဲ့သို့ သဘောထားမျိုးဖြင့် ဆက်ဆံဝံ့သူက ကျန်းလော့လီသာ ရှိမည်။
"ကောင်းပါပြီ၊ မင်း မကြိုက်ဘူးဆိုရင် မိန်းကလေးကျန်းလို့ပဲ ခေါ်မယ်"
ဝမ့်ယန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ဒါကိုကြားတော့ ပတ်ဝန်းကျင်မှ လူများက ဝမ့်ယန်၏ သဘောထားကြီးခြင်းကို တိတ်တဆိတ် လေးစားသွားကြသည်။
ဒါက ကျန်းလော့လီကို မျက်မှောင်ကြုတ်သွားစေသည်။
ဝမ့်ယန်သာ အရှိန်အဝါကြီးစွာဖြင့် ချဉ်းကပ်နေလျှင် ငြင်းဆန်ရန် ပို၍ လွယ်ကူလိမ့်မည်။
သို့သော်လည်း ဤကဲ့သို့ အပျော့ဆွဲမျိုးက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ဝမ့်ယန်က လျိုချုံးယန်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"မိန်းကလေးလျို၊ ဒီတစ်ခေါက်မှာ ကျုပ်က မိန်းကလေးကျန်းကို ကူညီမှာမို့ အချိန်တန်ရင် ခွင့်လွှတ်ပါ"
ဝမ့်ယန်ကို ရင်ဆိုင်ရသောအခါ လျိုချုံးယန်က မထီမဲ့မြင်ပြုပြီး မနေဝံ့ပေ။
သူက အပြစ်ကင်းစင်သောအပြုံးဖြင့် ပြုံးပြလိုက်သည်။
"သခင်လေးဝမ့်ယန်၊ ရှင့်ရဲ့ နှလုံးသူးက တောက်ပတဲ့လအပေါ် သက်ဆင်းချင်ပေမဲ့ အဲဒီလအလင်းဟာ မြေပြင်အပေါ်မှာပဲ ထွန်းလင်းနေတယ်။ ရှင်က ကူညီချင်ပေမဲ့ ညီမလေးလော့လီက ကျေကျေနပ်နပ် လက်ခံမလားဆိုတဲ့အပေါ်မှာ မူတည်ပါသေးတယ်"
"သခင်လေးဝမ့်ယန်ရဲ့ ရိုးသားမှုက သစ္စာဖောက်ခံရရင် စိတ်မကောင်းစရာဖြစ်လိမ့်မယ်"
လျိုချုံးယန်တွင် ရှုံးဝမ်(မိစ္ဆာဘုရင်)နှင့် အခြားသူများ၏ အကူအညီရှိသော်လည်း...
ဝမ့်ယန်ကို ရင်ဆိုင်ရပါက မည်သို့သောရလဒ် ရရှိမလဲဆိုတာ ပြောရန်မလွယ်ပေ။
ထို့ကြောင့် ဖြစ်နိုင်လျှင် ဝမ်ယန်ကို ကျန်းလော့လီအား မကူညီစေချင်ပါ။
"ကိစ္စမရှိပါဘူး၊ မိန်းကလေးကျန်းက ဒါကို လိုက်လျောညီထွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်။ နောက်ဆုံးမှာတော့ သူက အင်မော်တယ်နယ်မြေကြီးမှာ နေထိုင်ခဲ့ဖူးတဲ့အတွက် သူ့ရဲ့ အမြင်အာရုံက အကန့်အသတ်ရှိနေခဲ့တယ်"
ဝမ့်ယန်၏ စကားများက တစ်စုံတစ်ယောက်ကို လျှို့ဝှက်စွာ ဦးတည်သည်။
တစ်နည်းဆိုရသော်၊ ကျန်းလော့လီက အင်မော်တယ်နယ်နယ်မြေကြီးတွင် နေထိုင်ခဲ့ရသောကြောင့် အမြင်မကျယ်ပေ။
ထို့ကြောင့်ပင် သူက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်ဆိုသူ ကျွင်းရှောင်ယောက်ကို အလွန်အမင်း စွဲလန်းနေခြင်း ဖြစ်သည်။
"ဝမ့်ယန်၊ ရှင်..."
ကျန်းလော့လီက အံကြိတ်လိုက်သည်။ သူက ဝမ့်ယန်ကို ကြည့်မရတော့ပါ။
"ကောင်းပါပြီ၊ ဒီလိုဆိုမှတော့ ကျွန်မကလည်း သခင်လေးဝမ့်ယန်ကို မလွှဲမရှောင်သာ အပြစ်ပြုရတော့မယ်"
လျိုချုံးယန်က သက်ပြင်းချလိုက်သည်။
ထိုအချိန်တွင်၊ ရှန်းလင်၏ နက်နဲရာအရပ်မှ ဝိညာဉ်အလင်းများက ရုတ်တရက် ပျံ့နှံ့သွားသည်။
တာအို၏အသံကလည်း ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွား၏။
"စန်းရှန်းအင်မော်တယ်ဂူ ဖွင့်တော့မယ်"
ရောက်ရှိနေကြသူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
စန်းရှန်းအင်မော်တယ်ဂူက ကမ္ဘာ့ပါရမီရှင်များ၏ ထိပ်တိုက်တွေ့ဆုံရာ နေရာတစ်ခုပင်။
'ကိုကိုရှောင်ယောက်...'
ကျန်းလော့လီ၏ မျက်လုံးများတွင် အောင့်မေ့သတိရမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
သူသည် ကောင်းကင်ကိုးပါးသို့ တစ်ယောက်တည်း လာခဲ့ရပြီး နာကျင်မှုနှင့် အထီးကျန်မှုတို့ကို ခံစားခဲ့ရသော်လည်း နောက်ကိုတော့ မဆုတ်ခဲ့ပါ။
သူဟာ ဖန်လှောင်အိမ်ထဲမှ ပန်းတစ်ပွင့် မဟုတ်တော့ပေ။
သို့သော်လည်း ဤအချိန်မျိုးတွင် ကျွင်းရှောင်ယောက်ကို သူ အမှန်တကယ် မြင်တွေ့ချင်မိသည်။
ဒါက ကျွင်းရှောင်ယောက်ကို အားကိုးချင်တာကြောင့်တော့ မဟုတ်ပါ။
ရိုးရိုးလေး တွေ့ချင်မိရုံသာ ဖြစ်သည်။
"ဝုန်း"
ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက အဝေးမှ ရုတ်တရက် ထွက်ပေါ်လာသည်။
လူအများက အံ့ဩဟန်ဖြင့် လှမ်းကြည့်လိုက်၏။
'နောက်ဆုံးတော့ သူရောက်လာပြီပေါ့'
ရှုံးဝမ်က တစ်ချက်လှမ်းကြည့်ပြီးနောက် မသိကျိုးကျွံပြုကာ တစ်ဖက်ကို ပြန်လှည့်သွားသည်။
ရှားဘုရင်မှလွဲ၍ ထိုမျှ ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်ကို ပိုင်ဆိုင်နိုင်သူ မရှိနိုင်ပေ။
ဝမ့်ယန်က တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ့အတွက် ရှားဘုရင်က ထူးခြားမှုရှိဟန်မရပေ။
ကျန်းလော့လီနှင့် ယွင်ထျန်းမေတို့ နှစ်ဦးမှာတော့ အနည်းငယ် စိတ်နှလုံးမသာမယာ ဖြစ်သွားကြသည်။
ရှားဘုရင် ရောက်ရှိလာခြင်းဖြင့် လျိုချုံးယန်၏ အင်အားက ပိုအားကောင်းလာတော့မည်။
လျိုချုံးယန်ကတော့ ချစ်စဖွယ်ပြုံရင်း ရှားဘုရင်ကို နှုတ်ဆက်ရန် ရှေ့ကိုလျှောက်သွားသည်။
"ရှားဘုရင်... လာတာ နည်းနည်းနောက်ကျတယ်"
မနီးမဝေးတွင် ကျားတစ်ကောင်နှင့် ဆင်တူပြီး ခန္ဓာကိုယ်အနှံ့တွင် သွေးနီရောင် အမွေးများရှိသော သားရဲကြီးတစ်ကောင် ပေါ်လာခဲ့သည်။
အလျားကိုးပေရှိပြီး ဓားသွားများကဲ့သို့ ချွန်ထက်သော အစွယ်များ ရှိ၏။
သွေးအငွေ့အသက်များကလည်း လွှမ်းခြုံထားပြီး သတ်ဖြတ်လိုစိတ်တို့က တဖွားဖွား ထွက်ပေါ်နေကာ အလွန်ရက်စက်ကြမ်းကြုတ်ပုံရသည်။
ဒါက တောက်ဝူပင်။
"ဟမ်၊ စတုတ္ထညီက ဘာဖြစ်လို့ သူ့ရဲ့ မူလပုံစံကို ထုတ်ဖော်ထားတာလဲ"
ရှုံးဝမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သို့သော်၊ နောက်အခိုက်အတန့်တွင်...
ရှိရှိသမျှ ပါရမီရှင်များ၏ အမူအရာများက ချက်ချင်းပင် အေးခဲသွားပြီး အလွန်အံ့သြထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။
အကြောင်းမူ၊ သူတို့က ရှားဘုရင်၏ မူလခန္ဓာအပြင် သူ့ခန္ဓာကိုယ်ကို ချည်နှောင်ထားသည့် ကြိုးများကို မြင်လိုက်ကြရသောကြောင့်ပင်။
သူက လှပသော ရထားတစ်စီးကို ဆွဲယူလာခြင်း ဖြစ်သည်။
ရထားပေါ်မှာတော့ နတ်အလင်းများ လွှမ်းခြုံထားကာ နတ်တစ်ပါးကဲ့သို့ ပုံရိပ်တစ်ခုက ထိုင်နေ၏။
ဒါက မိစ္ဆာသားရဲ အစီးအနင်းကို စီးကာ အောက်ကမ္ဘာသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
"ဒါ... ဘာတွေဖြစ်နေတာလဲ"
"အဲဒါက ရှားဘုရင်ပဲ၊ ဒါပေမဲ့ ဘာဖြစ်လို့ သူက လှည်းဆွဲနေရတာလဲ"
"သားရဲဂူရဲ့ သားရဲဘုရင်ငယ် လေးပါးထဲက တစ်ပါးဖြစ်တဲ့ ရှားဘုရင်က တစ်စုံတစ်ယောက်ရဲ့ လှည်းကို တကယ်ဆွဲပေးနေတာလား။ ငါ အမြင်မမှားပါဘူးနော်"
ပါရမီရှင်အားလုံး၏ မျက်လုံးများမှာ လင်းကွင်းကဲ့သို့ ပြူးကျယ်သွားကြသည်။
သားရဲဂူမှာ ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ဆယ်ခုအနက်မှ တစ်ခု ဖြစ်သည်။
ထို့ပြင်၊ ၎င်းက ရှေးခေတ် မိစ္ဆာသားရဲမျိုးရိုးဖြင့် တည်ထောင်ထားသည့် တားမြစ်နယ်မြေဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုလွန်း၍ နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ယခင် မငြိမ်သက်မှုများတွင် သူတို့က အဆုံးမဲ့သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့၏။
ထို့ကြောင့် တခြား တားမြစ်နယ်မြေများမှ ပါရမီရှင်များသည်ပင် သားရဲဂူ၏ သားရဲများနှင့် ထိပ်တိုက်တွေ့ရန် ဝန်လေးကြပေသည်။
ယခုမူ၊ သူတို့က ဘာကိုမြင်နေရသနည်း။
သားရဲဂူ၏ ဘုရင်ငယ်လေးပါးထဲမှ တစ်ပါးဖြစ်သော ရှားဘုရင်က လှည်းဆွဲရန် သားရဲအဖြစ် အမှန်တကယ် အသုံးပြုခံရနေရသလော။
ဤသည်မှာ သားရဲဂူအတွက် အကြီးမားဆုံး အရှက်တရားဖြစ်သည်မှာ သေချာသည်။
လျိုချုံးယန်၏ လှပသော မျက်နှာလေးမှာလည်း ရုတ်တရက် အေးခဲသွားခဲ့သည်။
ရှားဘုရင်က သူ၏ တွဲဖက်များထဲမှ တစ်ဦး ဖြစ်သည်။
ယခုမူကား သူ့ကို လှည်းဆွဲရန် သားရဲအဖြစ် အသုံးပြုနေပြီ။
ဒါက သူ့ကိုလည်း လှည်းဆွဲသူတစ်ဦးအဖြစ် သွယ်ဝိုက်၍ ဆိုလိုက်ခြင်းပင် မဟုတ်လော။
ယင်းက လျိုချုံးယန်၏ မျက်နှာကို ရှက်ရွံ့မှုကြောင့် နီမြန်းသွားစေခဲ့သည်။
"ရှားဘုရင်ကိုတောင် လှည်းဆွဲခိုင်းတာက... အဲဒီနေရာမှာထိုင်နေတဲ့လူက ဘယ်သူလဲ"
ရထားပေါ်တွင် ထိုင်နေသူထံသို့ အကြည့်အားလုံးက စုပြုံကျရောက်သွားကြသည်။
ကျန်းလော့လီလည်း တစ်သက်မမေ့နိုင်အောင် လှပသော အကြည့်မျိုးဖြင့် လှမ်းကြည့်လိုက်လေသည်။
"လော့လီ၊ ကိုယ်နောက်မကျဘူး မဟုတ်လား"
ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။
"ကိုကိုရှောင်ယောက်..."
ကျန်းလော့လီ၏ မျက်လုံးထောင့်စွန်းမှာလည်း ကြည်လင်သော မျက်ရည်စီးကြောင်းများ စီးကျလာတော့သည်။
သူနှင့် ကျွင်းရှောင်ယောက်တို့ လမ်းခွဲခဲ့တာက များစွာ မကြာသေးပါ။
သို့သော်လည်း ကျန်းလော့လီက တစ်ရက်တာကိုပင် တစ်ဘဝစာ ဝေးကွာသကဲ့သို့ ခံစားခဲ့ရသည်။
အချိန်အတော်ကြာ မမြင်ခဲ့ရသော ပုံရိပ်ကို ပြန်မြင်ရသောအခါ... ကျန်းလော့လီက အသိုက်ဆီသို့ ပြန်ရောက်သွားသည့် ငှက်ငယ်လေးတစ်ကောင်ပမာ ကျွင်းရှောင်ယောက်ထံ ပြေးဝင်သွားတော့သည်။
ဤမြင်ကွင်းက လူများစွာကို အံ့ဩစေခဲ့သည်။
ယခုလေးတင်၊ ကျန်းလော့လီက ဝမ့်ယန်ကိုပင် လျစ်လျူရှုခဲ့ကာ အပြောင်းအလဲ မရှိပါ။
သို့သော်လည်း ယခုအခါမှာတော့ သူသည် ယောက်ျားတစ်ယောက်၏ ရင်ခွင်ထဲသို့ အစပြုပြီး တိုးဝင်သွားခဲ့သည်။
"သူက ကျွင်းရှောင်ယောက်ပဲ"
"တကယ်ကို ကျွင်းရှောင်ယောက်ပဲ၊ သူက ကောင်းကင်ကိုးပါးကို တကယ်လာဝံ့တယ်"
ကျွင်းရှောင်ယောက်၏ အထောက်အထားကို သိရသောအခါ လူထုက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
အင်မော်တယ်သတ်ဓား၏ လှုပ်ရှားမှုအပြီးတွင်...
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးမှာ နာမည်ကြီးခဲ့သည်။
မရေတွက်နိုင်သော ကောင်းကင်ကိုးပါး၏ ပါရမီရှင်များက သူ့ကို အနိုင်ပိုင်းချင်ကြ၏။
ယခုတော့ ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးသို့ အစပြုပြီး ရောက်ရှိလာခဲ့ပြီ။
"ကျွင်းရှောင်ယောက်..."
ကျန်းလော့လီက ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲသို့ အစပြုကာ ခိုဝင်သွားကြောင်း မြင်လိုက်ရပြီးနောက် ဝမ့်ယန်၏ အမူအရာမှာ အနည်းငယ် အေးစက်စွားသည်။
ရှုံးဝမ်က ခန့်မှန်းခဲ့သည့်အတိုင်း သူသည် ကျန်းလော့လီကို ဤမျှနှစ်သက်ခြင်းမရှိပေ။
သို့သော်လည်း ဤမြင်ကွင်းက သူ့ကို အလိုမကျ ဖြစ်စေသည်။
တစ်ဖက်တွင်၊ ရှုံးဝမ်၏ မျက်နှာမှာလည်း အလွန်အမင်း အေးစက်နေပြီး ခက်ထန်မှုတို့ ပေါ်လာတော့သည်။
"ရှားဘုရင်၊ မင်း ဒါက ဘယ်လိုဖြစ်တာလဲ"
ရှုံးဝမ်က ရှားဘုရင်ကို ကြည့်လိုက်သည်။
သားရဲဂူ၏ ဘုရင်ငယ်လေးပါးထဲမှ တစ်ပါးကို လှည်းဆွဲရန် တိရစ္ဆာန်အဖြစ် သဘောထားနေသည်။
ဒါက သားရဲဂူအတွက် ကြီးစွာသော အရှက်ရစရာပင်။
ဒါက သူ ရှုံးဝမ်ကိုလည်း ထိုအဆင့်သာဖြစ်သည်ဟု သွယ်ဝိုက်၍ ဆိုလိုက်ခြင်းဖြစ်သည်။
"ရှုံးဝမ်၊ ငါ့ကိုကယ်ပါဦး"
ရှားဘုရင်က အော်ပြောလိုက်သည်။
ဒါထက်တော့ သူ ပိုမပြောနိုင်ပေ။
ကျွင်းရှောင်ယောက်က သူ့ကို တိုက်ခိုက်မှုသုံးခုဖြင့် ဖိနှိပ်ခဲ့သည်ဟု လူတိုင်းရှေ့တွင် မပြောနိုင်ပါ။
ဒါက သူ့ကို ပိုအရှက်ကွဲစေမည် ဖြစ်သည်။