အခန်း ၁၃၇၆
Vol. 92 Ch. 1376
အခန်း ( ၁၃၇၆ ) စကားကြွယ်သော ကျန်းလော့လီ။
"ရှားဘုရင်ကို ကျွင်းရှောင်ယောက်က တကယ် ဖိနှိပ်ခဲ့တာလား။ ဒီကျွင်းရှောင်ယောက်က ဘယ်လောက်တောင် သန်မာနေတာလဲ"
"အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ သူက နံပါတ်တစ်လို့ ကြားတယ်"
"သူက ပထမဖြစ်ရင်တောင် ဘာဖြစ်သေးသလဲ။ ဒါက အထက်ကောင်းကင်ကိုးပါး... အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်က ဒီနေရာမှာ မာနကြီးဖို့ အလှည့်မကျသေးဘူး"
ပတ်ဝန်းကျင်ရှိ ပါရမီရှင်များစွာက အချင်းချင်း ပြောဆိုလိုက်ကြသည်။
သို့သော်လည်း၊ လူအများစုကတော့ ကျွင်းရှောင်ယောက်အပေါ် အထင်မြင်သေးနေကြဆဲပင်။
ဤသည်မှာ ကောင်းကင်ကိုးပါးရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် အမြစ်တွယ်နေပြီဖြစ်သော သာလွန်မြင့်မြတ်သော စိတ်ထား ဖြစ်သည်။
ဤအခိုက်တွင်၊ ကျန်းလော့လီက အခြားသူများ၏ အကြည့်များကို လုံးဝ လျစ်လျူရှုထားပြီး ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲတွင် နစ်မြုပ်နေခဲ့သည်။
ကျန်းလော့လီသည် ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးသို့ ကိုယ်တိုင်လာရောက်သည့်အတွက် အလွန်ပျော်ရွှင်နေပေသည်။
တစ်ဖက်မှာတော့ ဒေါ်လေးရွယ်၏ မျက်နှာက မသာမယာ ဖြစ်သွားခဲ့သည်။
ဝမ့်ယန်ကမှ ကျန်းလော့လီအတွက် မှန်ကန်သော လက်တွဲဖော်ဖြစ်ကြောင်း သူယုံကြည်သည်။
ထို့ပြင်၊ ဝမ့်ယန်၏နောက်ကွယ်မှာ ဧကရာဇ်ကြွေလွင့်တောင် ရှိနေသေးသည်။
ကျွင်းရှောင်ယောက်၏ နောက်ခံက အလွန်ကြောက်စရာကောင်းသော်လည်း ကောင်းကင်ကိုးပါးမှ တားမြစ်နယ်မြေ မဟုတ်ပေ။
ကျွင်းရှောင်ယောက်ကတော့ တခြားသူများ၏အမြင်နှင့် ခံစားချက်များကို ဂရုမစိုက်ပါ။
သူက ကျန်းလော့လီ၏ခေါင်းကို ခပ်ဖွဖွပွတ်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကိုကိုရှောင်ယောက်ကို ပြဿနာဖြစ်စေမိပြီ"
ကျန်းလော့လီက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်က သူ့ကိုယ်ပိုင် အလုပ်များနှင့် အားလပ်မည်မဟုတ်ပေ။
သို့သော်လည်း သူ့အတွက် ကောင်းကင်ကိုးပါးသို့ လာရောက်နေရဆဲပင်။
ထို့ပြင်၊ ကောင်းကင်ကိုးပါးက ကျွင်းရှောင်ယောက်ကို ရန်လိုသူများ အပြည့်ရှိသော နေရာတစ်ခုလည်း ဖြစ်သည်။
ကျန်းလော့လီက တကယ်ကို ခံစားသွားရလေသည်။
"ငတုံးမလေး၊ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်နေရတာလဲ။ မင်းရဲ့ ပြဿနာက ကိုယ့်အတွက် အနှောက်အယှက် မဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ကိုကိုရှောင်ယောက်..."
ကျန်းလော့လီက ထိုစကားကိုကြားသောအခါ သူ့မျက်လုံးထဲမှ ချစ်ခြင်းမေတ္တာတို့က ပို၍ပင် အားကောင်းလာတော့သည်။
ဤနေရာတွင် လူအများအပြား ရှိနေခြင်းကြောင့် မဟုတ်ပါက နမ်းလိုက်မိပြီ ဖြစ်သည်။
သို့သော်လည်း၊ နှစ်ယောက်သား အတိတ်ကို မအောင်းမေ့နိုင်လိုက်ပါ...
အလွန်အေးစက်ပြီး ခက်ထန်သောအသံက ဤနွေးထွေးမှုကို ချိုးဖျက်ပစ်လိုက်သည်။
"မင်းက ကျွင်းရှောင်ယောက်ပေါ့၊ မင်းကို ကောင်းကင်ကိုးပါးကို တစ်ယောက်တည်း လာဝံ့မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါ စကားအများကြီး မပြောတော့ဘူး၊ အခု ရှားဘုရင်ကို လွှတ်ပေးလိုက်ပါ"
ရှေးဦးစွာ စကားစသူက သဘာဝအတိုင်း ရှုံးဝမ် ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူ့မျက်ခုံးကို အနည်းငယ်ပင့်ပြီး ကြည့်လိုက်သည်။
သူက ရှုံးဝမ်နှင့် အခြားသူများကို တစ်ချက်ဝေ့ကြည့်လိုက်၏။
"ဟွမ်နျဲ့တောက်၊ မင်းလည်း ဒီမှာပဲ။ မင်းကတော့ မြင့်မြတ်ဝိညာဉ်ကျွန်းရဲ့ ကျောက်ဧကရာဇ်လေး ဖြစ်ရမယ်"
ကျွင်းရှောင်ယောက်က ရှုံးဝမ်ကို ဂရုမစိုက်ပေ။ ထိုအစား ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးကို ကြည့်လိုက်သည်။
ဟွမ်နျဲ့တောက်၏ အမူအရာက အနည်းငယ် ပျက်ယွင်းသွားသည်။ သူက ကျွင်းရှောင်ယောက်ကို ဤနေရာတွင် တွေ့ရမည်ဟု မမျှော်လင့်ထားပေ။
သို့သော်လည်း၊ သူသည် ကျွင်းရှောင်ယောက်၏ လက်ဆကို သိထားပြီး ဖြစ်သည်။ ကျွင်းရှောင်ယောက်၏ စွမ်းဆောင်နိုင်စွမ်းကို သိထားသောကြောင့် သူက အများကြီးမပြောခဲ့ပါ။
တစ်ဖက်မှာတော့ ကျောက်ဧကရာဇ်လေးမှာ ကျွင်းရှောင်ယောက်ကို ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။
ထို့ကြောင့် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု လုံးဝမရှိဘဲ ကြိုးစားချင်စိတ်ပင် ပေါက်ဖွားလာတော့သည်။
သို့သော်လည်း၊ သူ့တွင် ထိုကဲ့သို့သောလုပ်ရန် ယုံကြည်မှုနှင့် ခွန်အားများ ရှိသည်။
"ကျွင်းရှောင်ယောက်၊ မင်းနဲ့ ငါက ယောက်ချီမြင့်မြတ်နယ်မြေမှာက ပွတ်တိုက်ခဲ့ကြပြီးပြီ။ ဒီနေ့တော့ လူတွေ့ဖြေရှင်းရတော့မှာပေါ့"
ကျောက်ဧကရာဇ်လေးက ပြောလိုက်သည်။
သူက ရှေးကျပုံရပြီး စုတ်ပြဲနေသော ကျောက်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထား၏။ ၎င်းထံမှ ထူးခြားဆန်းကျယ်သော အငွေ့အသက်တစ်မျိုးလည်း ထွက်ပေါ်နေသည်။
ကျောက်ဧကရာဇ်၏ သားတော်က သာမန်တော့ ဟုတ်ပုံမရပေ။
"မမစန်းယီရဲ့ အလင်းဝင်ပေါက်ကိုးခု မြင့်မြတ်ညာဉ် ကျောက်သန္ဓေကို အာရုံစိုက်ဝံ့တာက မင်း ကိုယ့်ဒုက္ခကို ကိုယ်ရှာနေတာလို့ပဲ ပြောရမယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောသည်။
"ဟမ့်"
ကျောက်ဧကရာဇ်လေးက နှာခေါင်းတစ်ချက်ရှုံ့ပြီး ထပ်မပြောတော့ပေ။
စန်းရှန်းအင်မော်တယ်ဂူ ဖွင့်သောအခါ သူက ကျွင်းရှောင်ယောက်နှင့် သဘာဝအတိုင်း တိုက်ခိုက်မည် ဖြစ်သည်။
"ကျွင်းရှောင်ယောက်၊ ငါပြောတာကို မင်းမကြားဘူးလား"
ကျွင်းရှောင်ယောက်က သူ့ကို လျစ်လျူရှုနေကြောင်း မြင်ရသောအခါ ရှုံးဝမ်က မျက်မှောင်ကြုတ်ပြီး ထပ်ပြောလိုက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ကျန်းလော့လီကိုသာ လှည့်ပြောလိုက်၏။
"ခွေးဟောင်သံကို ကြားမိလား"
ကျန်းလော့လီက ခဏမျှ အံ့ဩသွားပြီးနောက် သဘောကျစွာ ရယ်မောလိုက်သည်။
သူမ၏ ရယ်သံက ငွေခေါင်းလောင်းသံကဲ့သို့ ကြည်လင်စွာ ထွက်ပေါ်လာလေသည်။
သူတို့ပတ်ဝန်းကျင်ရှိ ပါရမီရှင်များစွာမှာတော့ မျက်လုံးပြူးသွားကြသည်။
ရက်စက်ကြမ်းကြုတ်တဲ့ မိစ္ဆာဘုရင်ကို ခွေးတစ်ကောင်လို့ ပြောဆိုဝံ့တယ်လား။
"ကျွင်း...ရှောင်...ယောက်"
ရှုံးဝမ်က အော်ဟစ်လိုက်သည်။ ရှေးခေတ် မကောင်းဆိုးဝါးကြီးတစ်ကောင် နိုးထလာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များလည်း ပေါက်ကွဲထွက်လာတော့သည်။
"ရှုံးဝမ်၊ စိတ်အေးအေးထားပါ၊ စန်းရှန်းအင်မော်တယ်ဂူက မကြာခင် ဖွင့်လှစ်တော့မယ်"
လျိုချုံးယန်က ပြောလိုက်သည်။
ထို့နောက်တွင်၊ သူက အံ့ဩခြင်း အရိပ်အမြွက်တို့ဖြင့် ကျွင်းရှောင်ယောက်ကို လှည့်ကြည့်လိုက်၏။
အမှန်အတိုင်းပြောရလျှင်၊ လျိုချုံးယန်က ယောက်ျားများစွာနှင့် တွေ့ဖူးသည်။
ကျွင်းရှောင်ယောက်၏ အရည်အချင်းကို သူ မသိသေးသော်လည်း...
ရုပ်ဆင်းသွင်ပြင်နှင့် သူ၏ အရှိန်အဝါတို့က လုံးဝကို ပြီးပြည့်စုံသည်။
ဝမ့်ယန် ရောက်ရှိလာချိန်တွင် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော်...
ကျွင်းရှောင်ယောက် ရောက်ရှိလာချိန်မှာတော့ ကမ္ဘာပေါ်ရှိ အလင်းအားလုံးက သူ့အပေါ် ကျရောက်လာသကဲ့သို့ပင်။
ကျန်းလော့လီက အဘယ်ကြောင့် ဤမျှရူးသွပ်နေသလဲဆိုတာကို သူ နားလည်သွားပြီ ဖြစ်သည်။
နောက်ဆုံးမှာတော့ ဤယောက်ျားမျိုးက ဘာမှမစွမ်းလျှင်ပင် သူ့ကို ထိုင်ကြည့်နေရတာက ကြည်နူးစရာပင်။
လျိုချုံးယန်သည် ကျွင်းရှောင်ယောက်ကို ကျန်းလော့လီထံမှ လုယူနိုင်မလားဟုပင် တွေးတောလာမိသည်။
မျက်စိအစာကျွေးစရာအဖြစ် အသုံးပြုလျှင်ပင် ကောင်းသေးသည်။
လျိုချုံးယန်၏ အတွေးများကို ကျွင်းရှောင်ယောက်သာ သိရှိပါက ဆွံအသွားလိမ့်မည်။
တစ်စုံတစ်ယောက်က သူ့ကို အလှဆင်စရာအဖြစ် ဆက်ဆံခြင်းမှာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။
အသွင်အပြင်သည် ကျော်ကြားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း၊ ကျွင်းရှောင်ယောက်၏ လက်ရှိကျော်ကြားမှုသည် သူ့မျက်နှာကြောင့်ချည်း မဟုတ်ပါ။
"သူက နိမ့်ကျတဲ့ အင်မော်တယ်နယ်မြေကြီးရဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ သူက စန်းရှန်းအင်မော်တယ်ဂူမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီလို့လား"
လျိုချုံးယန်၏ စကားကြောင့် ရှုံးဝမ်မှာ ဒေါသကို မျိုသိပ်လိုက်ရသော်လည်း သိပ်ပြီး မကျေနပ်သေးပေ။
သို့ရာတွင်၊ သူ့စကားက သူ့ဘေးနားမှ ဟွမ်နျဲ့တောက်၏ မျက်နှာကို ရှက်ရွံ့မှုတို့ ပေါ်လာစေခဲ့သည်။
သူသည်လည်း အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်တစ်ယောက်ပင် မဟုတ်လော။
တစ်ဖက်မှာတော့ ကျောက်ဧကရာဇ်လေးက တည်ငြိမ်မှုရှိခဲ့သည်။
သူက သူ့ကိုယ်သူ အင်မော်နယ်နယ်မြေကြီးက သတ္တဝါဟု မယူဆပေ။
နောက်ဆုံးတွင်၊ ကျောက်ဧကရာဇ်ကိုယ်တိုင်က မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ မဟာပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည် မဟုတ်လော။
ကျွင်းရှောင်ယောက်က ဘာမျှမပြောရသေးမီ ကျန်းလော့လီက အော်ပြောလိုက်သည်။
"စန်းရှန်းအင်မော်တယ်ဂူက ကိုယ့်ရဲ့ တာအိုလက်တွဲဖော် ဒါမှမဟုတ် သင့်တော်သူကို ဖိတ်ခေါ်ဖို့ ခွင့်ပြုချက်ရှိထားတယ်"
"ကိုကိုရှောင်ယောက်က ကျွန်မရဲ့ တာအိုလက်တွဲဖော်ဆိုမှတော့ သူက ဘာကြောင့် ပါဝင်ဖို့ အရည်အချင်းမပြည့်မီရမှာလဲ"
"နောက်ပြီးတော့ ရှင်က အင်မော်တယ်နယ်မြေကြီးရဲ့ ကျင့်ကြံသူတွေကို ရှုံ့ချတယ်။ ဒါပေမဲ့ ကျွန်မက အင်မော်တယ်နယ်မြေကြီးရဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ရှင် အင်မော်တယ်နယ်မြေကြီးရဲ့ ကျင့်ကြံသူတွေကို ရှုံ့ချတာက ကျွန်မကို ရှုံ့ချတာဖြစ်တယ်... ကျွန်မကို ရှုံ့ချတာက ပိရှောင်းမျိုးရိုးကို ရှုံ့ချတာပဲ... ထပ်ပြောရရင် ဒါက ရှန်းလင်ကို စော်ကားလိုက်တာပဲ"
"ဒီလိုဆိုရင် ထွက်သွားသင့်တဲ့လူက ရှင် မဟုတ်ဘူးလား။ ဪ... မေ့လို့၊ ရှင်က လူသားတစ်ယောက်မှ မဟုတ်တာ"
ကျန်းလော့လီ၏ တရစပ် ပစ်လွှတ်လိုက်သော ပါးစပ်ကျည်ဆံများကြောင့် ရှုံးဝမ်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီး ဖြစ်သွားသည်။
"လော့လီ၊ မင်း..."
ကျွင်းရှောင်ယောက်လည်း အနည်းငယ် ပြုံးလိုက်လေသည်။
ကျန်းလော့လီက စကားတတ်ကြောင့် သူ သိသည်။
သူနှင့် စကားရည်လုနိုင်သူက များများ မရှိပေ။
"ကဲ၊ ဆူညံနေတာတွေကို ရပ်လိုက်ကြပါ။ စန်းရှန်းအင်မော်တယ်ဂူက မကြာခင်ဖွင့်တော့မယ်။ စမ်းသပ်မှုက အဆင်သင့်ဖြစ်နေပြီ"
ရှန်းလင်မှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ပေါ်လာပြီး ပြောလိုက်သည်။
သူက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်သော်လည်း ဘာမှတော့မပြောပေ။
'သူက အဆင်ပြေပါ့မလား'
တစ်ဖက်တွင်၊ ဒေါ်လေးရွယ်က အနည်းငယ် စိုးရိမ်နေသည်။
အကယ်၍၊ ဝမ့်ယန်သာ ကျွင်းရှောင်ယောက်ကြောင့် စိတ်ခုပြီး မကူညီတော့ပါက အခြေအနေများ ပြောင်းလဲသွားလိမ့်မည်။
သို့သော်လည်း ခရမ်းရောင်နေအလင်း ဝန်းရံထားသော ဝမ့်ယန်က ဘာမျှမပြောသေးပါ။ သူက ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်ကလည်း ဝမ့်ယန်ကို ပြန်ကြည့်လိုက်၏။
'ဒီလူက တစ်ခုခုပဲ၊ ဒါပေမဲ့ ငါ့မိန်းမကို ထိချင်ရင်တော့ မလုံလောက်သေးဘူး'
ကျွင်းရှောင်ယောက်က တည်ငြိမ်နေပြီး သူ့စိတ်ထဲမှ တွေးလိုက်သည်။
မကြာမီ၊ စန်းရှန်းအင်မော်တယ်ဂူတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသူများကို ရှန်းလင်၏ ဘိုးဘွားမြေသို့ ပို့ဆောင်ပေးခဲ့ပေသည်။
ဤနေရာမှာ အင်မော်တယ်တို့၏နယ်မြေကဲ့သို့ ခမ်းနားထည်ဝါပြီး နတ်အလင်းများ တောက်ပနေသော နေရာတစ်ခု ဖြစ်သည်။
ဤအုံ့ဆိုင်းနေသော မြူများကြားတွင်...
ရှေးကျသော အငွေ့အသက်တို့ဖြင့် တောင်ကြီးတစ်လုံး ထွက်ပေါ်လာ၏။
ရှေးဟောင်းတောင်၏ အောက်ခြေမှာတော့ အလွန်နက်နဲပြီး တည်နေရာရွှေ့ပြောင်းခြင်း အရိပ်အယောင်များကို ထုတ်လွှတ်နေသော လိုဏ်ဂူကြီး သုံးခုရှိနေသည်။
ဒါက စန်းရှန်းအင်မော်တယ်ဂူပင်။