အခန်း ၁၃၇၇
Vol. 92 Ch. 1377
အခန်း ( ၁၃၇၇ ) စန်းရှန်းအင်မော်တယ်ဂူအတွင်းမှ ကမ္ဘာငယ်။
ဝိညာဉ်တောင်က မြူခိုးများ ဖုံးအုပ်ပြီး အုံ့ဆိုင်းနေသည်။
ဂူဝင်ပေါက် သုံးခုက အခြားကမ္ဘာငယ်တစ်ခုဆီသို့ ဦးတည်နေသော တံခါးပေါက်များကဲ့သို့ အလွန်နက်ရှိုင်း၏။
ဤသည်မှာ ရှန်းလင်၏ ဘိုးဘွားမြေဖြစ်ပြီး အလွန်ရှေးကျသည်။
၎င်းကို သတ်မှတ်ထားသော အချိန်နှင့် အခွင့်အလမ်းတစ်ခုတွင်သာ ဖွင့်လှစ်လိမ့်မည်။
ထိုအထဲတွင် အခွင့်အလမ်းများစွာရှိသော်လည်း အန္တရာယ်အလွန်များသည်။
ထိုအချက်ကြောင့် ရှန်းလင်က ပြင်ပကမ္ဘာမှ ပါရမီရှင်တချို့ကို ခေါ်ဆောင်သွားရန် ခွင့်ပြုပေးခဲ့ခြင်းပင်။
"ဒီဂူဝင်ပေါက်သုံးခုက ရှန်းလင်ရဲ့ မျိုးရိုးကြီးသုံးခုနဲ့ သက်ဆိုင်တယ်။ အခွင့်အလမ်းတွေကို ရနိုင်၊မရနိုင်ကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်ပါတယ်"
ရှန်းလင်၏ အမျိုးသမီး ပညာရှင်က ပြောလိုက်သည်။
ယခုအချိန်တွင် လျိုချုံးယန်၊ ယွင်ထျန်းမေနှင့် ကျန်းလော့လီတို့ကို အဖွဲ့သုံးခု ခွဲထားပေသည်။
ကျွင်းရှောင်ယောက်က သူ့မျက်လုံးထောင့်မှ ယွင်ထျန်းမေဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
ယွင်ထျန်းမေနှင့်အတူ ပါရမီရှင် လူငယ်တစ်ဦး ရှိနေကြောင်း တွေ့လိုက်ရ၏။
၎င်းက ရွှေရောင်အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး အလွန်ထူးခြားသော အရှိန်အဝါတို့ ရှိသည်။
သူက ကျွင်းရှောင်ယောက်ကို ရန်လိုမှု အရိပ်အမြွက်တို့ဖြင့် အကဲခတ်နေပေသည်။
"လော့လီ၊ သူက..."
ကျွင်းရှောင်ယောက်က ခပ်တိုးတိုး မေးလိုက်သည်။
"သူက ဆမ်ဆာရာပင်လယ်ရဲ့ တတိယသခင်လေးပါ"
ကျန်းလော့လီက ပြောသည်။
သူက ကောင်းကင်ကိုးပါးတွင် ကြာရှည်စွာ နေခဲ့သောကြောင့် ကောင်းကင်ကိုးပါး၏ ထိပ်တန်း ပါရမီရှင်များကို သိရှိပေသည်။
"ပြန်လည်ဝင်စားခြင်းပင်လယ်..."
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ထိုနေရာကလည်း အတော်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးမားသော တားမြစ်နယ်မြေတစ်ခုပင်။
"ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ တတိယသခင်လေးက အစ်ကို့အပေါ်မှာ ရန်ငြိုးထားနေပုံရတယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူက ကြောက်ရွံ့မှုမရှိသော်လည်း နားမလည်နိုင်ပေ။
သူမှတ်မိသလောက် ပြန်လည်ဝင်စားခြင်းပင်လယ်၏ တားမြစ်နယ်မြေနှင့် သူက ပတ်သက်မှုရှိပုံမရပါ။
ကျန်းလော့လီက ခဏမျှစဉ်းစားနေပြီးမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်သည်။
"ဪ၊ ဒါနဲ့ ညီမက သတင်းတစ်ခုကို ကြားထားတယ်"
"ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဟာ အဆုံးမဲ့ မဟာဧကရာဇ်ကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပုံရပြီး အဲဒီအချိန်ကတည်းက အိပ်မောကျသွားခဲ့တယ်တဲ့"
"ရလဒ်အနေနဲ့ ပြန်လည်ဝင်စားခြင်းပင်လယ်ဟာ အဆင့်တစ်ခုကို နိမ့်ကျသွားခဲ့ရတယ်"
"ဒီလိုပဲ"
ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေး၏ ရန်လိုမှုကို နားလည်သွားသည်။
အဆုံးမဲ့ဧကရာဇ်၏ဆက်ခံသူအဖြစ် ကျွင်းရှောင်ယောက်၏ အထောက်အထားက လျှို့ဝှက်ချက် မဟုတ်တော့ပါ။
ဤအခြေအနေမျိုးတွင်၊ ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေးက သူ့အား ရန်လိုသည်မှာ သဘာဝ ဖြစ်သည်။
ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်၏ ဆက်ခံသူ ဖြစ်လာသောအခါ၊ တစ်ချိန်က လွမ်ကုဧကရာဇ်နှင့် ရန်ငြိုးရှိခဲ့သည့် မြင့်မြတ်ဝိညာဉ်အပျက်အယွင်းက သူ့အပေါ် ရန်လိုခဲ့ကြသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဒါတွေကို ဂရုမစိုက်တော့ပါ။
အကြောင်းမှာ၊ သူက ဤတစ်ကြိမ်တွင် ကောင်းကင်ကိုးပါးရှိ ပါရမီရှင်အားလုံးကို ဖိနှိပ်ပြီး သူ့ကို ဆန့်ကျင်သူများအား ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသောကြောင့် ဖြစ်သည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများက စန်းရှန်းအင်မော်တယ်ဂူသို့ ဝင်ရောက်ရန် အသင့်ဖြစ်ခဲ့ကြသည်။
ထိုစဉ်၊ ဝမ့်ယန်က ရှေ့သို့တိုးလာပြီး ကျန်းလော့လီကိုကြည့်လိုက်သည်။
"မိန်းကလေးကျန်း၊ မင်း ကျုပ်အပေါ်မှာ အထင်မြင်လွဲမှုတွေ ရှိနေသေးတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ဘယ်သူက အကောင်းဆုံး ရွေးချယ်ထိုက်သူဖြစ်မလဲဆိုတာ မင်းသိအောင်ပြောပြမယ်"
"စန်းရှန်းအင်မော်တယ်ဂူမှာ ကျုပ်က မင်းရဲ့ တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ အကောင်းဆုံးသူဆိုတာကို သက်သေပြမယ်"
ထိုမှတစ်ဖန်၊ ဝမ့်ယန်က ကျွင်းရှောင်ယောက်ကိုကြည့်ပြီး ပြောလိုက်၏။
"ခင်ဗျားရဲ့နာမည်ကို ကျုပ်ကြားဖူးတယ်"
"ယောက်ကျားအချင်းချင်း အလောင်းအထပ်ပြုကြမယ်ဆိုရင် ဘယ်လိုထင်လဲ။ မိန်းကလေးကျန်းကို ဟွင်းယွမ်ကျင်းသို ရရှိအောင် ကူညီပေးနိုင်သူက သူ့ကိုပိုင်ဆိုင်လိမ့်မယ်"
ဝမ့်ယန်၏ သဘောထားက နူးညံ့သိမ်မွေ့ပြီး အေးချမ်းသည်။
သို့ရာတွင်၊ စူးရှသော ယှဉ်ပြိုင်လိုမှုတို့ ရှိနေပေသည်။
ကျန်းလော့လီမှာ ထိုစကားကိုကြားတော့ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
ကျွင်းရှောင်ယောက်က နားလည်မှုလွဲပြီး သူနှင့် ဝေးကွာသွားလျှင် မည်သို့လုပ်ရမည်နည်း။
ထိုစကားကိုတော့ ကျွင်းရှောင်ယောက်က တစ်ချက်ပြုံးလိုက်သည်။
သူက ဝမ့်ယန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်၏။
"ဧကရာဇ်ကြွေလွင့်တောင်ရဲ့ သခင်လေးဖြစ်တဲ့ ခင်ဗျားကို အရင်က မှတ်သားထိုက်သူတစ်ဦးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီလောက်မိုက်မဲသူဖြစ်ဖို့ မမျှော်လင့်ထားဘူး"
"ကျွင်းရှောင်ယောက်၊ ခင်ဗျား စကားကိုကြည့်ပြောပါ"
ဝမ့်ယန်၏ လေသံက အေးစက်သွားသည်။
ဧကရာဇ်ကြွေလွင့်တောင်၏ သခင်လေးတစ်ပါးအနေဖြင့် သူ့ကို တစ်စုံတစ်ယောက်က မိုက်မဲသူဟုဆိုခြင်းမှာ ဒါပထမဆုံးပင်။
ကျွင်းရှောင်ယောက်၏ လေသံကလည်း အေးစက်လာသည်။
"ပထမ... ငါ့မျက်လုံးထဲမှာ လော့လီက ညှိနှိုင်းရာ ချစ်ပ်မဟုတ်ဘူး"
"ဒုတိယအနေနဲ့ လော့လီက ငါ့မိန်းမပဲ။ ငါက ဘာဖြစ်လို့ သူ့ကို မင်းလိုငတုံးနဲ့ ယှဉ်လုရမှာလဲ"
ကျွင်းရှောင်ယောက်က ကျန်းလော့လီ၏ ပခုံးကိုဖက်ထားရင်းမှ ပြောလိုက်၏။
ကျန်းလော့လီက ရင်ခုန်သံမြန်လာသည်။
ကျွင်းရှောင်ယောက်က အမြဲတမ်း အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သူဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။ သူက အရာအားလုံးကို ဂရုမစိုက်သလို အမြဲလျစ်လျူရှုထားတတ်ပေသည်။
ယခုမူ၊ ကျွင်းရှောင်ယောက်က သူ့ကြောင့် ဒေါသထွက်သွားပြီ ဖြစ်သည်။
ဒါက ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှ သူမ၏တည်ရှိမှုကို သက်သေပြလိုက်ခြင်းပင်။
"ကောင်းပြီ ကျွင်းရှောင်ယောက်၊ ဒါဆိုရင် ဘယ်သူက ပိုပြီး စွမ်းဆောင်နိုင်မလဲ ဆိုတဲ့အချက်နဲ့ သက်သေပြလိုက်ရအောင်"
ဝမ့်ယန်၏ အမူအရာက ရေခဲကဲ့သို့ အေးစက်နေသည်။
သူက ကျန်းလော့လီကိုပင် မစောင့်တော့ဘဲ ဂူထဲသို့ ပထမဆုံး ဝင်ရောက်သွားတော့သည်။
သူက ဟွင်းယွမ်ကျင်းသိုကို တစ်ယောက်တည်း ရှာချင်သည်။
အချိန်တန်သောအခါ၊ ကျန်းလော့လီက သူ့ကို လွှဲပြောင်းပေးအပ်ရန် တောင်းပန်ရလိမ့်မည်။
ဝမ့်ယန် ထွက်သွားပြီးနောက် ကျန်းလော့လီက စိတ်လှုပ်ရှားမှု၊ ကြောက်ရွံ့မှု အရိပ်အယောင်တို့ဖြင့် ကျွင်းရှောင်ယောက်၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"ကိုကိုရှောင်ယောက်၊ ညီမကို စိတ်မဆိုးပါနဲ့။ ကျွန်မက ဝမ့်ယန်ကို တကယ်မုန်းတယ်၊ ဒါပေမဲ့ သူက မျက်နှာပြောင်တိုက်လွန်းပြီး ဖယ်ရှားလို့မရဘူး"
ကျန်းလော့လီက ကျွင်းရှောင်ယောက် နားလည်မှုလွဲမည်ကို စိုးရိမ်သကဲ့သို့ ချက်ချင်း ရှင်းပြလိုက်လေသည်။
နောက်ဆုံးမှာတော့ မည်သည့်ယောက်ျားကမှ မိမိချစ်ရသူကို သူစိမ်းယောက်ျားနှင့် တွဲမမြင်လိုပေ။
ကျွင်းရှောင်ယောက်က စိတ်ထဲမထားဟန်ဖြင့် ကျန်းလော့လီ၏ ဦးခေါင်းလေးကို ခပ်ဖွဖွပွတ်သပ်လိုက်သည်။
"စိတ်မဆိုးပါဘူး၊ ဒါက အစ်ကို့ရဲ့ လော့လီလေးရဲ့ ကျက်သရေကို ဖော်ပြနေတာပဲ"
ထိုစကားက ကျန်းလော့လီ၏ နှလုံးသားကို အရည်ပျော်သွားစေပြီး သူမ၏ မျက်လုံးများကို အရည်လဲ့လာစေခဲ့သည်။
"ညီမလေး လော့လီ၊ အားလုံးပြီးမှ ကြည်နူးကြရင်လည်း နောက်မကျသေးပါဘူး။ အခုတော့ အဆုံးမှာ ဘယ်သူက အနိုင်ရမလဲဆိုတာကို ကြည့်ရအောင်"
လျိုချုံးယန်က ပြောလိုက်သည်။ သို့ရာတွင်၊ သူ့လေသံက အနည်းငယ် မနာလိုမှုကိုတော့ ဖုံးကွယ်မရနိုင်ပေ။
ကျန်းလော့လီက ပျော်ရွှင်ကြည်နူးနေတာကိုကြည့်ရင်း သူ အနည်းငယ် စိတ်မချမ်းသာသလို ခံစားလိုက်ရသည်။
နောက်ဆုံးမှာတော့ သူ့ဘက်မှလူများတွင် ကျောက်ဧကရာဇ်လေး၊ ရှုံးဝမ်... လူသား တစ်ယောက်မှ မပါချေ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ လျိုချုံးယန်သည် ရှုံးဝမ်နှင့် အခြားသူများ၏ အကူအညီကို လိုအပ်နေဆဲ ဖြစ်သည်။
တစ်ဖက်တွင်... ရှုံးဝမ်၊ ကျောက်ဧကရာဇ်လေးနှင့် အခြားသူများအားလုံးက ကျွင်းရှောင်ယောက်ကို အေးစက်စွာ ကြည့်နေကြသည်။
စန်းရှန်းအင်မော်တယ်ဂူ စမ်းစပ်မှုက အေးချမ်းတော့မည်မဟုတ်ကြောင်း ထင်ရှားပေသည်။
ထို့နောက် လူသုံးအုပ်စုက ဂူများဆီသို့ ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် ရှေးဟောင်း ဝိညာဉ်တောင်ပေါ်၌ မြူမှုန်များ ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်ဆန်ဆန် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
၎င်းက စန်းရှန်းအင်မော်တယ်ဂူအတွင်းရှိ မြင်ကွင်းများကို ထင်ဟပ်စေနိုင်ပေသည်။
အပြင်ဘက်တွင် လူတိုင်းက စောင့်ကြည့်နေခဲ့သည်။
ယခုတစ်ကြိမ်၊ စန်းရှန်းအင်မော်တယ်ဂူ စမ်းသပ်မှုက ရှန်းလင်၏ မျိုးရိုးကြီးသုံးခုအတွက် အလွန်အရေးကြီးသည်။
ပိရှောင်းမျိုးနွယ်မှ ဒေါ်လေးရွယ်သည်ဘည်း စိုးရိမ်ပူပန်မှုတို့ဖြင့် သူမ၏ အဝတ်အစားထောင့်စွန်းများကို ဆုပ်ကိုင်ရင်း ကြည့်နေလေသည်။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီတို့က အင်မော်တယ်ဂူအတွင်းသို့ ဝင်ရောက်လာကြသည်။
ဟင်းလင်းပြင်အတက်အကျများက ဖြစ်ပေါ်လာပြီးနောက်...
မြင်ကွင်းများက ပြန်လည်ကြည်လင်လာ၏။
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် တကယ်ကို ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ပင် ဖြစ်သည်။
ဤကမ္ဘာငယ်လေးက အလွန်ထူးဆန်းပြီး ကုန်းမြေကြီးကို မမြင်ရပါ။
ဝိညာဉ်စွမ်းအင်က ကြွယ်ဝပြီး အင်မော်တယ်အငွေ့အသက်များ ပြည့်နေသည်။
ဆေးပင်မျိုးစုံတို့ကလည်း တောင်စောင်းများတွင် ပေါက်ရောက်နေပြီး လန်းဆန်းသော ရနံ့တို့ကို ထုတ်လွှတ်နေသေးသည်။
တကယ်ကို တားမြစ်နယ်မြေတစ်ခု၏ ဘိုးဘွားမြေ ဖြစ်ထိုက်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးခြားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
အကြောင်းမှာ၊ ရင်းနှီးသော အငွေ့အသက်တစ်ခုကို ယောင်ဝါးဝါး ခံစားလိုက်ရသောကြောင့်ပင်။
'အင်မော်တယ်ပစ္စည်း...'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
ယောက်လင်တောင်မှ အင်မော်တယ်ပစ္စည်းတချို့ကို သူ ရရှိခဲ့သော်လည်း ပမာဏက နည်းပါးလွန်းကာ မလုံလောက်ပါချေ။
ယခင်တော့ စန်းရှန်းအင်မော်တယ်ဂူအတွင်း၌ အင်မော်တယ်ပစ္စည်းများ ရှိနေပုံရသည်။
သို့သော်လည်း တွေးကြည့်ရလျှင် ရှန်းလင်က ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။
ထို'တံခါး'အဖြစ်အပျက်မှာပင် ပါဝင်ပတ်သက်နိုင်သေးသည်။
သို့ဆိုလျှင်၊ အင်မော်တယ်ပစ္စည်းတချို့ ရှိနေခြင်းက ပုံမှန်သာဖြစ်သည်။
"လော့လီ၊ သွားကြရအောင်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
အကယ်၍၊ အင်မော်တယ်ပစ္စည်းများကို အမှန်တကယ် ရှာတွေ့နိုင်လျှင်...
ကျွင်းရှောင်ယောက်က တစ်ကြိမ်တည်းဖြင့် ဖြတ်ကျော်ကာ ပိုမိုမြင့်မားသောအဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။