အခန်း ၁၃၇၈
Vol. 92 Ch. 1378
အခန်း ( ၁၃၇၈ ) ပြဿနာရှာတာ လူမှားနေပြီ။
အင်မော်တယ်ဂူ အတွင်းပိုင်းက အလွန်ကျယ်ပြောသော ကမ္ဘာငယ်တစ်ခု ဖြစ်သည်။
နေရာတိုင်းတွင် ဆေးပင်များရှိပြီး ပန်းမျိုးစုံလည်း ပွင့်လန်းနေ၏။
ဟုတ်သည်၊ အန္တရာယ်များကလည်း အပြည့်ရှိပေသည်။
ဥပမာအားဖြင့် တစ်နေရာ၌ သာမန် ကောင်းကင်အဓိပဓိကို ခဏအတွင်း သေဆုံးစေနိုင်လောက်သော အစီရင်အဟောင်းတစ်ခု ရှိပေသည်။
နွံအိုင်များ၊ ဝိညာဉ်စားမြက်ခင်း အစရှိသည့် ထူးခြားသော နေရာတချို့လည်း ရှိသည်။
ကြောက်စရာကောင်းသော ခွန်အားမျိုးဖြင့် ထူးခြားသော သားရဲများပင် ရှိသေးသည်။
၎င်းတို့အားလုံးက အလွန်ရှေးကျသော သွေးမျိုးဆက်များရှိသည့် သားရဲမျိုးစိတ်များ ဖြစ်သည်။
စန်းရှန်းအင်မော်တယ်ဂူ၏ ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ပေါင်းစပ်လိုက်သောအခါ သားရဲများ၏ ခွန်အားက ပြင်ပကမ္ဘာထက် များစွာ ပိုကြောက်စရာကောင်းပေသည်။
ဤစမ်းသပ်မှုက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းမှ ပါရမီရှင်များအတွက်ပင် လွယ်ကူသော အလုပ်မဟုတ်ဟု ဆိုနိုင်သည်။
သို့သော်လည်း ဤစမ်းသပ်မှုတွင် လွယ်ကူသူတစ်ဦး ရှိနေသည်။
ဒါက ကျန်းလော့လီပင်။
ကျွင်းရှောင်ယောက်နှင့်အတူ သူက ပျော်ပွဲစားထွက်သကဲ့သို့ ပေါ့ပေါ့ပါးပါး ရှိခဲ့သည်။
ကျွင်းရှောင်ယောက်၏ ခြေလှမ်းကို မည်သည့်အရာကမှ တားဆီးမရပေ။
ကျွင်းရှောင်ယောက်က အထူးသားရဲအားလုံးကို လက်တစ်ဖက်တည်းဖြင့် သတ်ပစ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အစီရင်များကိုလည်း ခြေဖဝါးတစ်ဖက်ဖြင့် နင်းချေပစ်ခဲ့သေးသည်။
နောက်မှလိုက်လာသော ကျန်းလော့လီကို မဆိုထားဘိ၊ ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် စိတ်အေးလက်အေး ရှိနေခဲ့သည်။
"ကိုကိုရှောင်ယောက်၊ ဒါက စမ်းသပ်မှုတစ်ခုဆိုပေမဲ့ လော့လီက နည်းနည်းလွယ်လွန်းနေသလိုပဲ"
ကျန်းလော့လီက အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။
ဒါက စမ်းသုံးမှု လုံးဝ မဟုတ်တော့ပါ၊ ကိုယ်ပိုင်ခြံဝင်းတွင် လမ်းလျှောက်နေခြင်း ဖြစ်သည်။
"လော့လီ၊ မင်းအနေနဲ့ ဟွင်းယွမ်ကျင်းသိုကို ထိန်းချုပ်ဖို့ပဲ အာရုံစိုက်ထားပါ။ ကျန်တာက အစ်ကို့အတွက် ထားလိုက်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျန်းလော့လီက ယခု ဖန်လှောင်အိမ်ထဲမှ ပန်းတစ်ပွင့်မဟုတ်တော့ပါ။
သို့သော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် ကိုယ့်မိန်းမကို ကာကွယ်ခြင်းမှာ သဘာဝ ဖြစ်သည်။
ကျန်းလော့လီကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းကာ လူများကို ကာကွယ်လိုစိတ် ဖြစ်ပေါ်စေနိုင်သော မိန်းကလေးမျိုးကိုဆိုလျှင် အထူးပြောစရာ မလိုတော့ပါ။
ကျန်းလော့လီက ရှက်စနိုးဖြင့် ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့နှလုံးသားက ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားလေသည်။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်...
ရှေ့တွင် ဟင်းလင်းပြင် အတက်အကျ လှိုင်းတစ်ခု ပေါ်လာသည်။
"စန်းရှန်းအင်မော်တယ်ဂူမှာ ဝင်ပေါက် လမ်းကြောင်းသုံးခု ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက အတွင်းမှာ ပြန်ပေါင်းစည်းသွားမယ်တဲ့"
ကျန်းလော့လီက ပြောလိုက်သည်။
"သွားကြရအောင်။ နောက်ခရီးက ပျင်းစရာ မဟုတ်တော့ဘူး"
ကျွင်းရှောင်ယောက်က ပြော၏။
စန်းရှန်းအင်မော်တယ်ဂူတွင် သူ့ကို တိုက်ခိုက်လိုသူ အများအပြား ရှိသည်။
ကျွင်းရှောင်ယောက်ကလည်း ထိုလူများနှင့် တွေ့လိုပေသည်။
နှစ်ယောက်သား ဟင်းလင်းပြင်ကြောင်းလမ်းကို ဖြတ်ကျော်သွားကြသည်။
တခဏချင်းမှာပင်၊ ရှေ့မှ မြင်ကွင်းများက ပိုကျယ်ပြောလာတော့သည်။
'အဲ့ဒီခံစားချက်က ပိုရှင်းလာတယ်...'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
စန်းရှန်းအင်မော်တယ်ဂူ၏ နက်နဲရာတွင် ရှိနေပုံရသော အင်မော်တယ်ပစ္စည်း၏ အငွေ့အသက်ကို သူ ခံစားနိုင်ပေသည်။
ထိုအချိန်တွင် အခြားအရပ်မျက်နှာတစ်ခုမှ လူရိပ်တချို့ ပေါ်လာသည်။
ထိုအထဲမှ တစ်ဦးက ယွင်ထျန်းမေသည်ပင်။
သို့သော်လည်း ယခုအချိန်တွင် ယွင်ထျန်းမေ၏ အဝတ်အစားများက တိုက်ပွဲ၏ ခြေရာလက်ရာများနှင့် အနည်းငယ် ရှုပ်ပွနေသည်။
သူက လမ်းခရီးတွင် တိုက်ပွဲတချို့ကို ကြုံတွေ့ခဲ့ရကြောင်း ထင်ရှားသည်။
ယွင်ထျန်းမေအနားမှာလည်း အခြား ပါရမီရှင်တချို့ ရှိသေးသည်။
သူတို့ထဲမှ တစ်ယောက်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေး ဖြစ်သည်။
ယွင်ထျန်းမေက ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီကို မြင်သောအခါ ပြုံးလျက်ပြောလိုက်လေသည်။
"ကျွင်းသခင်လေး၊ လော့လီ"
ချုံးရှောင်းမျိုးရိုးက အလွန်သန်မာသောကြောင့် ပိရှောင်းမျိုးရိုးနှင့် ယွင်ရှောင်းမျိုးရိုးတို့မှာ တစ်ဦးနှင့်တစ်ဦး ထောက်ပံ့ရင်း ပို၍ ရင်းနှီးမှုရှိခဲ့ပေသည်။
သူတို့ကြားမှ ဆက်ဆံရေးကလည်း ပြေပြစ်သည်။
ယွင်ထျန်းမေသည် ကျန်းလော့လီကို ကြည့်လိုက်သည်။
အညစ်အကြေးကင်းစင်ပြီး သပ်ရပ်သော အဝတ်အစားများဖြင့် ကျွင်းရှောင်ယောက်၏ဘေးတွင် ရပ်နေသော ကျန်းလော့လီကိုကြည့်ရင်း သူ့မျက်လုံးများတွင် မနာလိုမှု အရိပ်အမြွက်တို့ ပေါ်လာလေသည်။
ကျွင်းရှောင်ယောက်က ကျန်းလော့လီကို ကောင်းမွန်စွာ ဂရုစိုက်ခဲ့ကြောင်း ထင်ရှားသည်။
တစ်ဖက်တွင်၊ ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေးနှင့် အခြားသူများက သူ့အား အကူအညီပေးနိုင်သော်လည်း...
ထိခိုက်မှုများကိုတော့ ရှောင်လွှဲမရနိုင်ပေ။
ယွင်ထျန်းမေ၏ မျက်လုံးများမှ မနာလိုမှုအရိပ်အမြွက်ကို မြင်လိုက်ပုံရသည်။
ဘေးနားတွင် ရွှေရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေး ရွှမ်မော့၏ မျက်လုံးများတွင် မကျေနပ်မှုတို့ ပေါ်လာတော့သည်။
ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေးအနေဖြင့် အဆုံးမဲ့ဧကရာဇ်မှ ဆင်းသက်လာသူ ကျွင်းရှောင်ယောက်ကို လုံးဝ မနှစ်သက်ပါ။
ယခု ယွင်ထျန်းမေ၏ မျက်လုံးများမှ အရိပ်အယောင်ကို မြင်ရသောအခါ သူက ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။
ရွှမ်မော့က ထူးခြားသော အရိပ်အယောင်တို့ဖြင့် ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်သည်။
"မင်းက ကျွင်းရှောင်ယောက်ပေါ့၊ မင်းမှာ ငါ့ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်နဲ့ ဆင်တူတဲ့ ထူးခြားတဲ့အရိပ်အယောင်တစ်ခု ရှိတယ်"
ရွှမ်မော့က ရုတ်တရက် စကားပြောလာကြောင်း မြင်ရသောအခါ ယွင်ထျန်းမေ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
ပြန်လည်ဝင်စားခြင်းပင်လယ်နှင့် အဆုံးမဲ့ဧကရာဇ်တို့က တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဖြစ်သော ရန်သူများဖြစ်ကြောင်း သူသိပေသည်။
အဆုံးမဲ့ဧကရာဇ်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ မဟာပုဂ္ဂိုလ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့ဖူးသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်က အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူ ဖြစ်လာသောအခါ...
ပြန်လည်ဝင်စားခြင်းပင်လယ်နှင့် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားရန် မဖြစ်နိုင်တော့ပေ။
"အဲဒါ ဘာဖြစ်လဲ"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောသည်။
ပြန်လည်ဝင်စားခြင်း၏ စွမ်းအားက အမှန်ပင် သူနှင့် မစိမ်းပေ။
ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်း နိယာမကို ထိန်းချုပ်ထားသည်။ လမ်းကြောင်းခြောက်သွယ် ပြန်လည်ဝင်စားခြင်း အင်မော်တယ်အမြစ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။
သူ၏ မြင့်မြတ်ခန္ဓာ ရူပါရုံကလည်း ပြန်လည်ဝင်စားခြင်းလမ်းစဉ်ခြောက်သွယ်ကို ဖန်တီးနိုင်သည်။
ထို့ကြောင့် ပြန်လည်ဝင်စားခြင်း၏ စွမ်းအားနှင့် ပတ်သက်လျှင် ကျွင်းရှောင်ယောက်က လုံးဝ အားမနည်းပေ။
"ဘာရယ်မဟုတ်ပါဘူး၊ မင်းရဲ့ ပြန်လည်ဝင်စားခြင်း စစ်မှန်တဲ့ အဓိပ္ပါယ်က ပြင်းထန်လွန်းတယ်လို့ ခံစားရတယ်။ မင်းနဲ့ ငါ့ရဲ့ ပြန်လည်ဝင်စားခြင်း ပင်လယ်ကြားမှာ ပတ်သက်မှု တစ်မျိုးမျိုး ရှိကောင်းရှိနိုင်တယ်"
"ဒီကိစ္စပြီးရင် မင်းက ငါနဲ့အတူ ပြန်လည်ဝင်စားခြင်းပင်လယ်ကို လိုက်ခဲ့ရလိမ့်မယ်"
ရွှမ်မော့၏ လေသံက မောက်မာပြီး သူက ကျွန်တစ်ဦးကို အမိန့်ပေးနေသကဲ့သို့ပင်။
သူ အပြစ်ရှာရသည့် အကြောင်းရင်းက ကျွင်းရှောင်ယောက်အပေါ် အနည်းငယ် စိတ်မကျေနပ်သောကြောင့် ဖြစ်သည်။
ဒုတိယအနေဖြင့် ကျွင်းရှောင်ယောက်ထံမှ ပြန်လည်ဝင်စားခြင်း၏ ထူးခြားသော အငွေ့အသက်တို့ကို သူ ခံစားရ၏။
ဒါက ပြန်လည်ဝင်စားခြင်းပင်လယ်နှင့် ပတ်သက်ခြင်း သို့မဟုတ် ပြန်လည်ဝင်စားခြင်းနိယာမနှင့် ပတ်သက်သည်ဖြစ်စေ... ထူးခြားသော တစ်စုံတစ်ရာကို ရှာတွေ့နိုင်လျှင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိနိုင်သည်။
ကျွင်းရှောင်ယောက်၏ မျက်နှာတွင် ရယ်ချင်ပက်ကျိ အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ပြန်လည်ဝင်စားခြင်းပင်လယ်ကို လိုက်သွားရမှာလား။
ထိုအချိန်တွင် ပြန်လည်ဝင်စားခြင်း လက်စဉ်ခြောက်သွယ် အင်မော်တယ်လက်သီး၊ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်နှင့် ပြန်လည်ဝင်စားခြင်းနိယာမနှင့် ပတ်သက်သည့် အရာများကို မက်မောပြီး ပစ်မှတ်ထားကြတော့မည် မဟုတ်လော။
ထို့ပြင် သူ၏ အထောက်အထားဖြင့် ပြန်လည်ဝင်စားခြင်းပင်လယ်သို့ အမှန်တကယ်သွားလျှင် ကျားဂူထဲသို့ လှမ်းဝင်သွားသလို ဖြစ်လိမ့်မည်။
ပြန်လည်ဝင်စားခြင်းပင်လယ်က အင်မော်တယ်သတ်ဓား၏ အရှိန်အဝါပြခဲ့ခြင်းကြောင့် ကျွင်းရှောင်ယောက်ကို တိုက်ခိုက်မည်တော့ မဟုတ်ပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဤမျှမိုက်မဲပြီး ပြဿနာကို လက်ယပ်ခေါ်မည် မဟုတ်ပေ။
"ငါ့ကို ပြန်လည်ဝင်စားခြင်းပင်လယ်ကို လိုက်ခဲ့လို့ ပြောရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ"
ရွှမ်မော့က ယွင်ထျန်းမေ၏လူဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကတော့ မျက်နှာသာမပေးပါ။
"မင်းက အခွင့်အရေးနေတာကို လက်မခံချင်ဘူးထင်တယ်"
ရွှမ်မော့က မျက်လုံးများကို အနည်းငယ်မှေးစင်းပြီးကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က ဤကဲ့သို့ပြုမူလေလေ၊ ကျွင်းရှောင်ယောက်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေနိုင်ချေ ပိုများလေပင်။
"တတိယသခင်လေးနဲ့ ကျွင်းသခင်လေး၊ ရှင်တို့..."
ယွင်ထျန်းမေက တစ်ခုခုဝင်ပြောရန် ပြင်လိုက်သည်။
"နတ်သမီးယွင် ကျေးဇူးပြုပြီး ဘေးကို ဖယ်ပေးပါ။ ကျွင်းရှောင်ယောက်က ဘယ်လောက်သန်မာသလဲဆိုတာ ကျုပ်သိချင်တယ်။ ကောင်းကင်ကိုးပါးမှာ ဒီလောက်ထိ မောက်မာနေရအောင် သူက ဘယ်ကသတ္တိတွေရနေတာလဲ"
ရွှမ်မော့က ပြောပြီးသည်နှင့် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။
ပြန်လည်ဝင်စားခြင်း အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို အလင်းဆောင်နိုင်သကဲ့သို့ အလွန်တောက်ပသော ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ဤသည်မှာ ပြန်လည်ဝင်စားခြင်းရင်လယ်၏ ထိပ်တန်းသိုင်းပညာ... ဆမ်ဆာရာဓားချက်ပင်။
ဤဓားချက်ဖြင့် ထိမှန်ခံရသည်နှင့် အဆုံးမဲ့ ပြန်လည်ဝင်စားခြင်းပင်လယ်သို့ ကျရောက်သွားသလို ခံစားရမည် ဖြစ်သည်။ ၎င်း၏စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး အကန့်အသတ် မရှိပေ။
"မင်းက လူတွေကို အနိုင်ကျင့်ချင်တာဆိုရင် မင်း လူရွေးမှားသွားပြီ"
ကျွင်းရှောင်ယောက်က နောက်ပြန်မဆုတ်ပေ။ သူက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်လက်သီးကို အသုံးပြုကာ ထိုးနှက်လိုက်သည်။
ပြန်လည်ဝင်စားခြင်းစွမ်းအားတို့ဖြင့် ကမ္ဘာကြီးတစ်ခုက ဖိချလာသကဲ့သို့...
ကြောက်စရာကောင်းသော ပြန်လည်ဝင်စားခြင်းစွမ်းအားက ရွှမ်မော့ကို ဖိနှိပ်လာ၏။
"ဘာ"
ရွှမ်မော့က အံ့ဩတုန်လှုပ်သွားသည်။
သူက ပြန်လည်ဝင်စားခြင်းပင်လယ်၏ တတိယသခင်လေးဖြစ်သော်လည်း... ပြန်လည်ဝင်စားခြင်း၏ စွမ်းအားတွင် အင်မော်တယ်နယ်မြေကြီးမှ လူတစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူးလား။
နတ်အလင်းများ ပေါက်ကွဲထွက်လာပြီး နိယာမစွမ်းအားက နေရာအနှံ့ ပျံ့နှံ့သွားသည်။
ရွှမ်မော့က မီတာတစ်ရာကျော်အထိ ဆုတ်သွားရ၏။ သူ့ရင်ဘတ်ထဲတွင် တုန်လှုပ်နေပြီး သွေးများအန်ထွက်လုနီး ဖြစ်သွားသည်။ သို့ရာတွင်၊ အပြင်ကို ထုတ်မပြဘဲ အတင်းအကြပ် ပြန်လည်မျိုလိုက်ပေသည်။
သူ့မျက်နှာမှာတော့ မည်းမှောင်သွားသည်။