← Chapters

အခန်း ၁၃၇၉

Vol. 92 Ch. 1379

အခန်း ၁၃၇၉

Vol. 92 Ch. 1379

အခန်း ( ၁၃၇၉ ) ဧကရာဇ်၏ လက်အရိုး။

"ငါ ခန့်မှန်းတာ မမှားဘူး၊ မင်းမှာ ပြန်လည်ဝင်စားခြင်းနဲ့ သက်ဆိုင်တဲ့ ရတနာတစ်ခုရှိတယ်"

"ပြန်လည်ဝင်စားခြင်းနဲ့ ပတ်သက်တဲ့ အရာအားလုံးက ငါ့ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ဟာပဲ"

ရွှမ်မော့က လေးနက်သော မျက်လုံးတို့ဖြင့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

သူ အလေးအနက်ထားလာပြီ။

တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က ဂရုမစိုက်ပါ။

အသက်တားမြစ်နယ်မြေများမှ လူများ၏ နှလုံးသားတွင် အာဏာရှင်စိတ်ဓာတ်က နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီးသား ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့တွင် အာဏာပြခြင်းက ကိုယ့်သေတွင်းကို ကိုယ်တူးနေခြင်းပင်။

"ငါ့ရှေ့မှာ ကလေးကလားအကွက်တွေကို ထုတ်မနေနဲ့။ မင်းရဲ့ စွမ်းရည်အမှန်ကို ပြလိုက်ပါ"

ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်စကို တစ်ချက်ခါပြီး ပြောလိုက်သည်။

"မင်း သေချင်နေတာပဲ"

ရွှမ်မော့က သူ့ညာဘက်လက်ကို မြှောက်လိုက်သည်။ ပြန်လည်ဝင်စားခြင်း၏ စွမ်းအားတို့က တဟုန်ထိုး တိုးတက်လာ၏။

အံ့ဩစရာကောင်းအောင် သူ၏ ညာဘက်လက်က အမှန်တကယ် တောက်ပလာတော့သည်။

ပြိုးပြိုးပြက်ပြက် တောက်ပပြီး ပြန်လည်ဝင်စားခြင်း အလင်းတို့ဖြင့် ပြည့်နေသော လက်အရိုးတစ်ခုကိုလည်း သူ့အရေပြားအောက်မှ မြင်လိုက်ရသည်။

ဒါက သန့်စင်ခြင်း၊ အရှိန်အဝါကြီးခြင်းအပြင် ဧကရာဇ်အငွေ့အသက်တို့ပင် ထွက်ပေါ်နေသေးသည်။

"အဲဒါ...ဧကရာဇ်ရဲ့ လက်ရိုးအပိုင်းအစပဲ။ ရွှမ်မော့က အတည်ချနေပြီ"

တောက်ပသော လက်အရိုးကို မြင်လိုက်ရသောအခါ၊ အနီးနားရှိ အခြားသော ပါရမီရှင်များ အံ့အားသင့်သွားကြသည်။

ပြန်လည်ဝင်စားခြင်းပင်လည်တွင် သခင်လေး သုံးပါး ရှိသည်။

၎င်းတို့တစ်ဦးစီက မူလဇာစ်မြစ်တူသော ဧကရာဇ်အရိုးသုံးခုကို ထည့်သွင်းထားခဲ့ကြောင်း ကောလဟာလများ ရှိပေသည်။

နဖူးအရိုး။

ရင်ညွန့်အရိုး။

လက်အရိုး။

တတိယသခင်လေး ရွှမ်မော့က လက်အရိုးကို ထည့်သွင်းထားခဲ့ကြောင်း ထင်ရှားသည်။

ဧကရာဇ်၏ အရိုးသုံးခုဖြင့် ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးဦးမှာ အဆုံးမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။

သို့ရာတွင်၊ ဒါက ကြောက်စရာအကောင်းဆုံး မဟုတ်သေးပါ။

ထိုဧကရာဇ်အရိုးသုံးခုကို ပေါင်းစပ်နိုင်ပြီး ပိုကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

ဒါက ကြောက်စရာအကောင်းဆုံးပင်။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ သခင်လေးသုံးယောက် ပေါင်းလိုက်ပါက...

၎င်းတို့၏ စွမ်းအားမှာ အဆများစွာ တိုးတက်လာလိမ့်မည်။

ဝမ့်ယန်ကဲ့သို့ ထိပ်တန်းပါရမီရှင်တစ်ဦးပင်လျှင် သူတို့သုံးယောက်ကို တပြိုင်နက်တည်း ရင်ဆိုင်ရမည်ဆိုပါက အခက်တွေ့မည်ဟု ဆိုနိုင်သည်။

ဤသို့သော အကြောင်းများကြောင့်၊ ယခုအခါ ပြန်လည်ဝင်စားခြင်းပင်လယ်၏ မဟာပုဂ္ဂိုလ်ကြီးက အိပ်စက်နေသို့ ကျရောက်နေပြီး ပြန်လည်ဝင်စားခြင်းပင်လယ်က နိမ့်ကျနေပုံသော်လည်း...

သူတို့ကို မည်သူမျှ လျှော့မတွက်ဝံ့ခြင်းပင်။

နောင်တွင် ဤသခင်လေးသုံးပါးသာ ဧကရာဇ်ကြီးများ ဖြစ်လာပါက၊ ၎င်းတို့သည် ဘီလူးကြီးသုံးကောင် ဖြစ်လာမည်ဖြစ်သည်။

ယခုအချိန်၊ ဤနေရာတွင် တစ်ဦးတည်းသာ ရှိသေးသော်လည်း...

ဧကရာဇ်၏ လက်အရိုးကို အသက်သွင်းခဲ့ပြီးနောက် စွမ်းအားက တုန်လှုပ်ချောက်ချားစရာ ဖြစ်ခဲ့ပေသည်။

"ဧကရာဇ်ရဲ့ လက်ရိုး၊ ဒါက မင်း မာနကြီးရခြင်း အကြောင်းရင်းပေါ့"

ကျွင်းရှောင်ယောက်က အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ သို့သော်လည်း သူ့အမူအရာက အနည်းငယ် ပျင်းရိပျင်းတွဲဖြစ်ပုံရသေးသည်။

ဧကရာဇ်၏ လက်ရိုးတစ်ပိုင်းက သာမန်ပါရမီရှင်များအတွက် အဆုံးစွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။

သို့‌ရာတွင်၊ ကျွင်းရှောင်ယောက်အတွက်တော့...

ဧကရာဇ်များသည်ပင် သူ့လက်အောက်မှာ အလုပ်လုပ်နေရသည်။

ထို့ကြောင့်၊ ဧကရာဇ်၏ လက်အရိုးက သူ့ကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်ပေ။

ဟုတ်သည်၊ ဒါက ကျွင်းရှောင်ယောက်ဟာ ဧကရာဇ်များကို မထင်မဲ့မြင်ပြုသည်ဟု မဆိုလိုပါ။

သို့ရာတွင် ဤဧကရာဇ်၏ လက်အရိုးအပိုင်းအစကတော့ သူ့နှလုံးသားကို အနည်းငယ်မျှ မတုန်လှုပ်စေနိုင်ပေ။

"ထပ်လာမယ်"

ရွှမ်မော့က ဧကရာဇ်၏လက်အရိုးမှ စွမ်းအားကို စုစည်းလိုက်သည်။

သူက ရှေ့ကိုလှမ်းပြီး လက်သီးချက်ထုတ်ဖော်လိုက်သည်နှင့် ပြန်လည်ဝင်စားခြင်း၏ အလင်းများက တဟုန်ထိုး တက်လာ၏။

၎င်းက သူ့ကိုယ်ပိုင်ခွန်အားအပြင် ဧကရာဇ်၏လက်အရိုးမှ စွမ်းအားများလည်း ပါဝင်သည်။

လက်သီးတစ်ချက်ဖြင့် ဤကမ္ဘာ‌ငယ်၏ လေဟာနယ်က တုန်ခါနေပြီး အက်ကြောင်းများပင် ပေါ်လာတော့သည်။

ယွင်ထျန်းမေ၏ အမူအရာက ပြောင်းလဲသွားသည်။

ဤလက်သီးချက်ကြောင့် သူလည်း တုန်လှုပ်သွားပေသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းကို အထူးပြုသော ပါရမီရှင်တစ်ယောက်ပင်လျှင် ဤလက်သီးချက်ကို ခုခံရန် ခက်ခဲမည်ဟု ဆိုနိုင်သည်။

အကြောင်းမူ၊ ဤလက်သီးက ဧကရာဇ်၏ အငွေ့အသက်တို့ကို သယ်ဆောင်လာသောကြောင့်ပင်။

ထို့ပြင် ဧကရာဇ်၏ လက်အရိုးမှ စွမ်းအားက အရာအားလုံးကို ဖျက်ဆီးနိုင်လောက်သည်။

သို့သော်...

ဤကဲ့သို့ အရှိန်အဝါကြီးသော တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်တိုင် ကျွင်းရှောင်ယောက်က ရိုးရှင်းသော လက်သီးတစ်ချက်ကို ထုတ်ဖော်နေသေးသည်။

မြင့်မြတ်ခန္ဓာနှင့် တာအိုသန္ဓေတို့၏ စွမ်းအားက မြင့်တက်လာခဲ့သည်။ အားကောင်းသော သွေးစွမ်းအင်နှင့် ချီတို့က နဂါးကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်ကို ထိုးတက်သွား၏။

ကျွင်းရှောင်ယောက်က စစ်မှန်သော မြင့်မြတ်ခန္ဓာတာအိုသန္ဓေ မဟုတ်သေးသော်လည်း...

သူ့ခန္ဓာကိုယ်က သာမန် ရှေးဟောင်းမြင့်မြတ်ခန္ဓာထက် များစွာ ပိုသန်မာနေပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ မေယုကမ္ဘာ လေးထောင်၏ အင်အားကိုလည်း အသက်သွင်းခဲ့သေးသည်။

ဤလက်သီးချက်က ကောင်းကင်ကို တုန်ခါပြီး မြေကမ္ဘာကို အက်ကွဲစေနိုင်သည်။

"ဝုန်း"

ကြီးမားသော ရှေးဟောင်းကြယ်နှစ်စင်းက တိုက်မိသွားသလိုပင်။

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်...

ရွှမ်မော့က တိုက်ရိုက်လွင့်စဉ်သွားသည်။ သူ့လက်က ပေါက်ကွဲလုနီးဖြစ်ပြီး သွေးကြောများ ပေါက်ထွက်သွား၏။

ဧကရာဇ်၏ လက်အရိုးကသာ ပျက်စီးခြင်းမရှိဘဲ တောက်ပနေဆဲ ဖြစ်သည်။

"ဘယ်လို... ဘယ်လိုဖြစ်ပြီး...၊ မင်းရဲ့ခန္ဓာကိုယ်က..."

ရွှမ်မော့က တုန်လှုပ်ချောက်ချားပြီး ထစ်ငေါ့စွာ ပြောလိုက်သည်။

ယုတ္တိဗေဒအရ သူ၏ ဤလက်သီးချက်ကို ခန္ဓာကိုယ်သန့်စင်သော ပါရမီရှင်များပင် ခုခံနိုင်မည် မဟုတ်ပေ။ သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်အားကောင်းသည်ဟု သူကြားဖူးသော်လည်း...

အနည်းဆုံးတော့ လက်ရည်တူ ဖြစ်နိုင်သေးသည်။

ယခုတော့ သူကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာဖြင့် သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

သူက မြင့်မြတ်ခန္ဓာတာအိုသန္ဓေသက်သက် မဟုတ်ပါ။

သူက ကောင်းကင်ကျမ်းကိုးအုပ်အနက်မှ တစ်ခုဖြစ်သည့် ခန္ဓာကျမ်းကို လေ့ကျင့်ထားခဲ့သည်။

ခန္ဓာကျမ်းက ခန္ဓာကိုယ်သန့်စင်ခြင်း၏ အဆုံးစွန်နည်းလမ်း ဖြစ်သည်။

မြင့်မြတ်ခန္ဓာတာအိုသန္ဓေ၏ စွမ်းအားကို ထည့်ပေါင်းလိုက်သောအခါ စွမ်းအားက တုနှိုင်းမယှဉ်သာတော့ပေ။

တစ်ဖက်လူတွင် ဧကရာဇ်၏လက်အရိုးရှိလျှင်ပင် အသုံးမဝင်ပါ။

သို့သော်လည်း ဧကရာဇ်၏ လက်အရိုးက အလွန်အစွမ်းထက်သည်ဟု ဆိုရမည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင်းရှိ မေယုကမ္ဘာ ရာနှင့်ချီပြီး ကွဲအက်သွားခဲ့သည်။

ဟုတ်ပေသည်၊ အချိန်နှင့်အမျှ မေယုကမ္ဘာများသည် အလိုအလျောက် ပြန်လည်ကောင်းမွန်လာမည် ဖြစ်သည်။

"ဧကရာဇ်ရဲ့ လက်အရိုးက တကယ်ကို ကောင်းမွန်တာပဲ၊ ဒါပေမဲ့ မင်းရဲ့ခွန်အားက အားနည်းလွန်းတော့ သူ့ရဲ့ အစွမ်းကို မင်း အပြည့်မထုတ်နိုင်ရှာဘူး"

ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ဒါက အရည်အချင်းမပြည့်မီရှာသော လူငယ်တစ်ယောက်ကို အကြီးတစ်ယောက်မှ ဆူပူနေသကဲ့သို့ပင်။

"ကျွင်းရှောင်ယောက်၊ မင်း..."

ရွှမ်မော့၏ မျက်နှာမှာ ရှက်ရွံ့မှုတို့ ပြည့်သွားသည်။

ကျွင်းရှောင်ယောက်၏ ခွန်အားက သူမျှော်လင့်ထားသည်နှင့် လုံးဝ မတူပေ။

သူက ရှားဘုရင်ကို ဖိနှိပ်နိုင်ခဲ့တာ အံ့ဩစရာမဟုတ်တော့ပါ။

ရွှမ်မော့၏ခွန်အားက ရှားဘုရင်ထက် သန်မာသော်လည်း သန်မာသော်လည်း အကန့်အသတ်ရှိသည်။ သူက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် အဆင့်ဆယ့်လေး ဖြစ်သည်။

"အခု မင်းက ငါ့ကို ပြန်လည်ဝင်စားခြင်းပင်လယ်ဆီ ခေါ်သွားနိုင်မယ်လို့ ထင်သေးလား"

ကျွင်းရှောင်ယောက်၏ လေသံက လှောင်ပြောင်သရော်ခြင်းများ ပြည့်နေသည်။

ရွှမ်မော့၏ မျက်နှာက ရှုံ့တွသွားသည်။

သူက ထပ်မံလှုပ်ရှားချင်သော်လည်း ယုံကြည်မှုမရှိတော့ပေ။

"ကျွင်းသခင်ခေး၊ ကျေးဇူးပြုပြီး ခဏလောက်ရပ်လိုက်လို့ရမလား"

ယွင်ထျန်းမေက ရှေ့သို့ထွက်လာသည်။

ရွှမ်မော့က ထိုစကားကိုကြားသောအခါ ပို၍ ရှက်ရွံ့သွားခဲ့သည်။

ယွင်ထျန်းမေ၏ စကားအရ သူဟာ ကျွင်းရှောင်ယောက်ကို ရပ်စေချင်သည်။

တစ်နည်းဆိုရသော်... သူမ၏ နှလုံးသားထဲတွင် ရွမ်မော့က ကျွင်းရှောင်ယောက်ကို မယှဉ်နိုင်ဟု ယုံကြည်နေပြီ။

ဒါက ရွှမ်မော့၏ နှလုံးသားကို ဒေါသဖြင့် ပေါက်ကွဲတော့မလို ဖြစ်စေသည်။

"နတ်သမီးယွမ်က ကျုပ်ကို မယုံကြည်တော့ဘူးဆိုမှတော့ ကျုပ်ထွက်သွားမယ်"

ရွှမ်မော့က ပြောလိုက်သည်။ သူက မျက်နှာပြောင်တိုက်ပြီး ဤနေရာတွင် ဆက်မနေနိုင်တော့ပါ။

ကျွင်းရှောင်ယောက်ကလည်း ရွှမ်မော့ ထွက်သွားတာကိုကြည့်ရုံသာကြည့်ပြီး ဘာမျှမလုပ်ပေ။

ဒါက လမ်းဘေး ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ကျွင်းသခင်လေး"

ယွင်ထျန်းမေက ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။

သူ ရှာဖွေထားရသော အကူအညီကို ကျွင်းရှောင်ယောက်က အလွယ်တကူ ရိုက်နှက်ခဲ့သည်။

သို့သော်လည်း ရွှမ်မော့က အလွန်အားနည်းသူဖြစ်သည်ဟု သူ မထင်ပေ။

သို့တည်းမဟုတ်...

ကျွင်းရှောင်ယောက်က အလွန်သန်မာသည်ဟု ဆိုရမည်။

'ကျွင်းသခင်လေးသာ ငါ့ကို ကူညီမယ်ဆိုရင်...'

ယွင်ထျန်းမေက သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

သို့သော်လည်း သူက ထိုအကြောင်းကို တွေးမိရုံမျှသာ။

ကျွင်းရှောင်ယောက်က သူ့မိန်းမကိုသာ ကူညီမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အရှိန်အဝါတို့ကို မြင်သောအခါ အခြား ပါရမီရှင်များကလည်း အစပြုပြီး ထွက်ခွာသွားကြသည်။

ယွင်ထျန်းမေက ကျွင်းရှောင်ယောက်တို့နှင့်အတူ ခရီးဆက်မည်ဆိုလျှင်...

အခြားသူတွေက ဘာမျှ ရရှိနိုင်တော့မည် မဟုတ်ပါ။

နောက်ဆုံးတွင် ယွင်ထျန်းမေ၊ ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီတို့သာ နေရာတွင် ကျန်ရစ်ခဲ့သည်။

"စိတ်မကောင်းပါဘူး၊ မင်းရဲ့ အကူအညီတွေအကုန်လုံး ထွက်သွားကြပြီထင်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒီလိုမပြောပါနဲ့၊ ကျွန်မတို့က အစကတည်းက ဟွင်းယွမ်ကျင်းသိုအတွက် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ လျိုချုံးယန်ကို မအောင်မြင်စေသရွေ့ လုံလောက်ပါတယ်"

ယွင်ထျန်းမေက ပြောလိုက်သည်။

"ဒါဆိုရင် နတ်သမီးထျန်းမေက ဘာဖြစ်လို့ ကျုပ်တို့နဲ့အတူ မလိုက်ခဲ့ရမှာလဲ"

ကျွင်းရှောင်ယောက်က ဖိတ်ခေါ်လိုက်၏။

ယွင်ထျန်းမေ၏ မျက်လုံးများက တောက်ပလာသည်။

သူက ဟွင်းယွမ်ကျင်းသိုအတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိသော်လည်း...

စန်းရှန်းအင်မော်တယ်ဂူတွင် အခြား အခွင့်အလမ်းကောင်းများစွာတို့ ရှိနေသေးသည်။

"ကျွင်းသခင်လေး၊ ရှင့်ကို စိတ်ဝင်စားစေနိုင်တဲ့ အခွင့်အလမ်းတစ်ခုကို ကျွန်မ သိထားတယ်"

ယွင်ထျန်းမေက ပြောလိုက်၏။

"ဘာအခွင့်အရေးလဲ"

ကျွင်းရှောင်ယောက် စိတ်ဝင်စားသွားသည်။

All Chapters