← Chapters

အခန်း ၁၃၈၀

Vol. 92 Ch. 1380

အခန်း ၁၃၈၀

Vol. 92 Ch. 1380

အခန်း ( ၁၃၈၀ ) အင်မော်တယ်တစ်ပိုင်း ဆေးပင်၊ ရွှေရောင်နှစ်များ။

"စန်းရှန်းအင်မော်တယ်ဂူရဲ့ နက်နဲရာမှာ အင်မော်တယ်တစ်ပိုင်းဆေး ရှိသင့်တယ်"

ယွင်ထျန်းမေ၏ စကားများက ကျွင်းရှောင်ယောက်၏ မျက်လုံးများကို အရောင်တောက်စေသည်။

အင်မော်တယ်တစ်ပိုင်းဆေးပင်က ဆွဲဆောင်အားကြီး၏။

ကျွင်းရှောင်ယောက်ကဲ့သို့ အမြင်ကျယ်သူတစ်ယောက်ကိုပင် ဆွဲဆောင်နိုင်သေးသည်။

ယောက်လင်တောင်မှ ဗောဓိကျစ်က အင်မော်တယ်တစ်ပိုင်းဆေးဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကို ဆွဲဆောင်နိုင်‌စွမ်း နည်းပါးခြင်းမှာ နားလည်မှုအားကောင်းရုံမျှသာဖြစ်သောကြောင့် ဖြစ်သည်။

"ဒါပေမဲ့ နတ်သမီး၊ အင်မော်တယ်တစ်ပိုင်းဆေးပင်က စန်းရှန်းအင်မော်တယ်ဂူမှာ ရှိရိုးမှန်ရင် အခုချိန်ထိ တကယ်ရှိနေနိုင်ပါဦးမလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ယွင်ထျန်းမေက ပြော၏။

"စန်းရှန်းအင်မော်တယ်ဂူကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာပဲ ဖွင့်လှစ်မယ်ဆိုတာ ကျွင်းသခင်လေး သိပါတယ်"

"ပြီးခဲ့တဲ့အကြိမ် ဖွင့်လှစ်ချိန်က အင်မော်တယ်တစ်ပိုင်းဆေးဟာ အပြည့်အဝ မရင့်ကျက်သေးဘူး"

“အင်မော်တယ်တစ်ပိုင်းဆေး ရင့်ကျက်ဖို့က အချိန်တော်တော်ကြာပါတယ်"

“မရင့်ကျက်တဲ့ အင်မော်တယ်တစ်ပိုင်းဆေးဖြစ်ရင် သူ့ရဲ့ ထိရောက်မှုက သိသိသာသာ လျော့ကျသွားလိမ့်မယ်”

"ကျွန်မတောင်မှ ဒီအကြောင်းကို စန်းရှန်းအင်မော်တယ်ဂူကို ဝင်ရောက်ခဲ့ဖူးတဲ့ ယွင်ရှောင်းမျိုးရိုးရဲ့ အကြီးအကဲတစ်ဦး ပြောပြလို့သိရတာ၊ ဒါပေမဲ့ အင်မော်တယ်တစ်ပိုင်းဆေးက အခု အပြည့်အဝ ရင့်ကျက်ပြီလားဆိုတာတော့ မသိဘူး"

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဒီလိုပဲ"

ယွင်ထျန်းမေက ဆက်ပြောလိုက်၏။

"နောက်ပြီးတော့ အင်မော်တယ်တစ်ပိုင်းဆေးက ရင့်ကျက်နေရင်တောင် အဲဒါကို ရရှိဖို့က လွယ်မှာမဟုတ်ဘူး"

"အင်မော်တယ်တစ်ပိုင်းဆေးကို ကာကွယ်ထားတဲ့ အစွမ်းထက် သားရဲတစ်ကောင်ရှိတယ်။ သူ့ရဲ့ခွန်အားက ကောင်းကင်အဓိပဓိထက် သာလွန်ပြီး အနည်းဆုံးတော့ ဆန်းကြယ်ကောင်းကင်အဓိပဓိအဆင့်မှာ ရှိတယ်"

"စန်းရှန်းအင်မော်တယ်ဂူက ရှန်းလင်ရဲ့ မျိုးဆက်သစ်တွေပဲ ဝင်ရောက်ခွင့်ရှိတာလေ"

"မျိုးဆက်သစ်တွေထဲမှာလည်း လူအနည်းစုပဲ အဲဒီအဆင့်သားရဲကို ကိုင်တွယ်နိုင်စွမ်းရှိလိမ့်မယ်။ ဒါကြောင့် အင်မော်တယ်တစ်ပိုင်းဆေးက ဒီနေ့အထိ တည်ရှိနေနိုင်သေးတာပဲ"

ကျွင်းရှောင်ယောက်က နောက်ဆုံးတွင် အရာအားလုံးကို သဘောပေါက်သွားသည်။

"ဒါပေမဲ့ တစ်ခုမေးချင်တာက ဒီအင်မော်တယ်တစ်ပိုင်းဆေးကို ဘယ်လိုခွဲဝေရမှာလဲ"

အကျိုးမရှိလျှင် စိတ်မဝင်စားပါ။

ကျွင်းရှောင်ယောက်က အကျိုးမရှိသော ကိစ္စများကို ဘယ်တော့မှမလုပ်ပေ။

ထို့ပြင် သူက အဆင့်တက်ခါနီးနေပြီဖြစ်ပြီး အခွင့်အလမ်းတစ်ခုကိုသာ လိုသည်။

ယွင်ထျန်းမေက ပြောလိုက်သည်။

"အင်မော်တယ်တစ်ပိုင်းဆေးပင်က အပင်တစ်ပင်ပဲလေ၊သူ့ရဲ့အသီးကမှ အဓိကပဲ"

ယွင်ထျန်းမေ၏ စကားကိုကြားပြီးနောက် ကျွင်းရှောင်ယောက်က ခေါင်းညိတ်သဘောတူလိုက်သည်။

အင်မော်တယ်ဗောဓိကဲ့သို့ အင်မော်တယ်တစ်ပိုင်းဆေးပင်မျိုးက ခွဲဖြတ်မရပေ။ ထိုသို့ပြုလုပ်ပါက ဆေး၏အကျိုးသက်ရောက်မှု ဆုံးရှုံးနိုင်သောကြောင့် မျှဝေရန်မလွယ်ပါ။

ဤသစ်သီးအမျိုးအစားကတော့ ခွဲဝေရန်ပိုလွယ်သည်။

အတိုချုံး ဆွေးနွေးပြီးနောက်...

ယွင်ထျန်းမေက ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီကို စန်းရှန်းအင်မော်တယ်ဂူ၏ နက်နဲရာသို့ ခေါ်သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ထူးဆန်းသော သားရဲများ၊ အစီရင်ဟောင်းများ၊ သဘာဝအန္တရာယ်များ စသည်တို့ကို ကြုံတွေ့ခဲ့ရသော်လည်း ၎င်းတို့အားလုံးကို ကျွင်းရှောင်ယောက်က အလွယ်တကူ ဖြေရှင်းနိုင်ခဲ့ပေသည်။

ထိုမှသာလျှင် ယွင်ထျန်းမေက ကျန်းလော့လီ၏ သက်တောင့်သက်သာရှိမှုနှင့် လွတ်လပ်မှုတို့ကို သဘောပေါက်သွားခဲ့သည်။

သူ့စိတ်ထဲတွင် မနာလိုစိတ်တို့ပင် ဖြစ်ပေါ်‌မိ၏။

မိမိ၏ ဇနီးသည်ကို အပြည့်အဝ ကာကွယ်ပေးနိုင်သော လက်တွဲဖော်တစ်ယောက်ကို ပိုင်ဆိုင်ထားတာက တကယ်ကို ကောင်းချီးတစ်ခုပင်။

နာရီအနည်းငယ်ကြာပြီးနောက်...

ကျွင်းရှောင်ယောက်နှင့် အခြားသူများက လေထဲတွင် ဆိုင်းငံ့တည်ရှိနေသော တောင်တစ်လုံးရှေ့မှာ ရပ်လိုက်ကြသည်။

တောင်များကြားတွင် နက်နဲသော တောင်ကြားချိုင့်ဝှမ်းတစ်ခု ရှိသည်။

ချိုင့်ဝှမ်းတဝိုက်တွင် ပန်းများနှင့် ဆေးပင်များစွာတို့ ပေါက်ရောက်နေကြ၏။

စွမ်းအင်များကလည်း မိုးရေစက်များအဖြစ် ရွားသွန်းလုနီးနီး သိပ်သည်းသည်။

ကျွင်းရှောင်ယောက်က လှမ်းကြည့်လိုက်သောအခါ ချိုင့်ဝှမ်းရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပေါက်နေသော ရွှေရောင်အပင်ငယ်လေးကို မြင်လိုက်ရလေသည်။

ထိုသစ်ပင်လေးက ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသကဲ့သို့ တစ်ပင်လုံး ရွှေရောင်ဖြစ်သည်။

ရွှေရောင်အလင်းတန်းများကလည်း ပတ်ဝန်းကျင်သို့ ဖြာထွက်နေသေးသည်။

သစ်ပင်ပေါ်မှာတော့ လုံငန်းသစ်သီး(လေချူသီး) အရွယ်အစားရှိသော သစ်သီးငါးလုံး သီးနေသည်။

၎င်းထံမှ မွှေးရနံ့ကို အဝေးမှပင် သိသိသာသာ ရနိုင်ပေသည်။

အထူးဆန်းဆုံးအရာမှာ၊ ကျွင်းရှောင်ယောက်က သစ်သီးများပေါ်မှ အချိန်စီးဆင်းမှု၏ အရိပ်အယောင်တချို့ကို အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။

အဆုံးမရှိသော အချိန်၏ အရိပ်အယောင်များဖြင့် သစ်သီးက အမှန်တကယ် ဆန်းကြယ်ပေသည်။

"တကယ်ကို အင်မော်တယ်တစ်ပိုင်းဆေးပဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်တောက်လာသည်။

"ဟုတ်တယ်၊ အဲဒါက အင်မော်တယ်တစ်ပိုင်းဆေး ရွှေရောင်နှစ်များပဲ"

ယွင်ထျန်းမေလည်း အသက်ရှူမြန်လာ၏။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ပင် ပေါ်လာတော့သည်။

ရွှေရောင်နှစ်များက ဤအင်မော်တယ်တစ်ပိုင်းဆေး၏ အမည်ဖြစ်သည်။

အားလုံးသိကြသည့်အတိုင်း အင်မော်တယ်တစ်ပိုင်း ဆေးပင်တိုင်းတွင် မတူညီသော ဆေးအာနိသင်များ၊ ဂုဏ်သတ္တိများနှင့် စွမ်းရည်များ ရှိသည်။

ဥပမာအားဖြင့် အင်မော်တယ်ဗောဓိက ဉာဏ်ရည်နှင့် နားလည်နိုင်စွမ်းကို တိုးတက်စေနိုင်သည်။

ရွှေရောင်နှစ်များကလည်း အကျိုးသက်ရောက်မှုကလည်း အမည်အတိုင်းပင်။

ထိုသစ်သီးများက အဆုံးမဲ့နှစ်များ၏ အနှစ်သာရဖြင့် ငွေ့ရည်ဖွဲ့စည်းပုံမျိုး ဖြစ်သည်။

၎င်းကို သန့်စင်ခြင်းက နှစ်ပေါင်းများစွာ လေ့ကျင့်ခြင်းနှင့် ညီမျှပေသည်။

ဤသည်မှာ ရွှေရောင်နှစ်များ၏ စွမ်းရည် ဖြစ်သည်။

ဤသည်မှာ ကျင့်ကြံသူများအတွက် အခြေခံအုတ်မြစ်ကို စုဆောင်းပြီး နယ်ပယ်ကိုဖြတ်ကျော်ရန် အသင့်တော်ဆုံးသော အင်မော်တယ်ဆေးတစ်ပိုင်းဟု ဆိုနိုင်ပေသည်။

"ကောင်းတယ်"

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ပျော်ရွှင်မှုအရိပ်အမြွက်များ ပေါ်လာခဲ့သည်။

ဗောဓိမျိုးစေ့နှင့် အင်မော်တယ်ဗောဓိက သူ့အတွက် အသုံးမဝင်ပေ။

သို့သော်လည်း ထိုရွှေရောင်နှစ်များက ကျွင်းရှောင်ယောက်အတွက် များစွာအထောက်အကူဖြစ်စေသည်။

"ဒါပေမဲ့ ဒီရွှေရောင်နှစ်များသစ်သီးတွေ ရင့်ကျက်ဖို့အတွက် အချိန်တစ်ခုယူရလိမ့်မယ်"

ယွင်ထျန်းမေက ရွှေရောင်နှစ်များ သစ်သီးကိုကြည့်ကာ ပြောလိုက်သည်။

ရင့်မှည်းသော ရွှေရောင်နှစ်များသစ်သီးက ကလေးတစ်ယောက်၏ လက်သီးဆုပ်အရွယ် ဖြစ်သင့်သည်။

ယခုက လုံငန်းသီးအရွယ်အစားသာ ရှိသေးသည်။

"ကိစ္စမရှိပါဘူး၊ ကျုပ်မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်"

ကျွင်းရှောင်ယောက်က စိတ်မဝင်စားပါ။

ရွှေရောင်နှစ်များသစ်သီးကို အချိန်တိုအတွင်း ရင့်ကျက်စေရန် နည်းလမ်းကို သူသိသည်။

သို့သော်လည်း ထိုမတိုင်ခင်မှာ အကြီးမားဆုံး အတားအဆီးတစ်ခု ရှိသေးသည်။

၎င်းက ရွှေရောင်နှစ်များကို စောင့်ရှောက်သော သားရဲဖြစ်သည်။

၎င်းက ချီလင်ကဲ့သို့ သားရဲတစ်ကောင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်အနှံ့တွင် အကြေးခွံများ ထူထပ်စွာ ဖုံးအုပ်ထားပေသည်။

၎င်း၏ ခြေလက်များကမူ လင်းယုန်ခြေသည်းများကဲ့သို့ဖြစ်ပြီး စူးရှ၏။ သူ့မျက်လုံးများက ကြက်သွေးရောင်ဖြစ်ပြီး နောက်ဘက်တွင် နဂါးအမြီးတစ်ချောင်း ရှိသည်။

ချီလင်ဦးခေါင်း၊ လင်းယုန်ခြေသည်း၊ နဂါးအမြီးဖြင့် သားရဲပင်။

"အဲဒါက အနီရောင်မျက်လုံး ကြေးခွံပါနဂါးပဲ"

အနီရောင်မျက်လုံး ကြေးခွံပါနဂါးက အစစ်အမှန် ချီလင်၏ သွေးမျိုးဆက်တချို့ကို ပိုင်ဆိုင်ထားသည့် မျိုးစိတ်တစ်ခု ဖြစ်သည်။

ဤမျက်လုံးနီ ကြေးခွံပါနဂါး၏ အရှိန်အဝါအရ လူသားမျိုးနွယ်၏ ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

ယေဘူယျအားဖြင့်၊ ထိုအဆင့် အထူးသားရဲများ၏ စွမ်းအားက လူသားကျင့်ကြံသူများထက် သိသိသာသာ အားကောင်းသည်။

သာမန် ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့် လူသားကျင့်ကြံသူအတွက် ဤမျက်လုံးနီကြေးခွံပါနဂါးကို သတ်ဖြတ်ရန် မဆိုထားဘိ၊ ဖိနှိပ်ရန်ပင် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။

"အင်မော်တယ်တစ်ပိုင်းဆေးပင်က ဒီနေ့အထိ ရှင်သန်လာတာ အံ့သြစရာ မရှိပါဘူး"

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က သဘောပေါက်သွားသည်။

မျိုးဆက်သစ်လူငယ်များသာ ဝင်ရောက်နိုင်သော စန်းရှန်းအင်မော်တယ်ဂူအတွင်း၌...

အနီရောင်မျက်လုံး ကြေးခွံပါနဂါး၏ ကာကွယ်မှုကို ရရှိထားသော အင်မော်တယ်တစ်ပိုင်းဆေးကို ရရှိနိုင်သူမှာ များများမရှိနိုင်ပေ။

နောက်ဆုံးမှာတော့ အနီရောင်မျက်လုံး ကြေးခွံပါနဂါးကို တိုက်ခိုက်နိုင်သော ပါရမီရှင်က များများမရှိပါ။

ထို့ပြင် အနီရောင်မျက်လုံး ကြေးခွံပါနဂါးက ရွှေရောင်နှစ်များသစ်သီး အပြည့်အဝ ကြီးထွားသည်အထိ စောင့်မျှော်နေသည်မှာ ထင်ရှားသည်။

"ပုံမှန်ဆိုရင် ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့် အနီရောင်မျက်လုံး ကြေးခွံပါနဂါးက ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့် ကျွမ်းကျင်သူတွေတောင် ကိုင်တွယ်နိုင်ဖို့ မလွယ်ဘူး။ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ"

အနီရောင်မျက်လုံး ကြေးခွံပါနဂါးကို အာရုံခံပြီးနောက် ယွင်ထျန်းမေမှာ အနည်းငယ် မျက်နှာပျက်သွားသည်။

ဤသားရဲ၏ ခွန်အားက သူမျှော်လင့်ထားသည်ထက် များစွာ ပိုအားကောင်းသည်။

"ကျုပ် လုပ်လိုက်မယ်"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါက..."

ယွင်ထျန်းမေက အံ့ဩသွား၏။

ကျွင်းရှောင်ယောက်၏ ခွန်အားကို သူမ မယုံတာ မဟုတ်ပါ။

သို့သော်လည်း ဤမျက်လုံးနီ ကြေးခွံပါနဂါး၏ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းသည်။

သေချာတာကတော့ မျိုးဆက်သစ်လူငယ်များ ကိုင်တွယ်နိုင်သောအရာ မဟုတ်ပေ။

"ဒီအစီအစဥ်က အရမ်းကိုရိုးရှင်းပါတယ်။ မျက်လုံးနီ ကြေးခွံပါနဂါးကို ကျုပ်က ဆွဲဆောင်ထားချိန်မှာ မင်းနဲ့ လော့လီက ရွှေရောင်နှစ်များသစ်ပင်ဆီကို သွားဖို့ပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒါက ကိုကိုရှောင်ယောက်အတွက် အန္တရာယ်မရှိဘူးလား"

ကျန်းလော့လီက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။

ကျွင်းရှောင်ယောက်၏ စွမ်းရည်ကို သူ ယုံကြည်သည်။

သို့သော်လည်း စိုးရိမ်ပူပန်မှုကိုတော့ ဖျောက်မရနိုင်ပေ။

"စိတ်မပူပါနဲ့၊ သားရဲတစ်ကောင်က ကိုယ့်ကို ဘာလုပ်နိုင်မှာလဲ"

ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။

သူ့နယ်ပယ်က သိပ်ပြီး ပြောင်းလဲမှုမရှိပေ။

သို့သော်လည်း သူ့ခန္ဓာကိုယ်တွင်းရှိ အတွင်းစကြာဝဠာမှာ ကမ္ဘာငယ်နှစ်ထောင်၏ စွမ်းအားကို ရရှိခဲ့ပြီ ဖြစ်သည်။

ဤစွမ်းအားက အဓိပတိနယ်ပယ်ခုနစ်ခုမှ ကျင့်ကြံသူများ ပိုင်ဆိုင်သင့်သည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်က လှုပ်ရှားရန် ဟန်ပြင်လိုက်ချိန်...

သူ၏ ဝိညာဉ်အသိက တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က ပုံစံမပြောင်းဘဲ အနီရောင်မျက်လုံး ကြေးခွံပါနဂါးကို ဆွဲဆောင်ရန် ထွက်သွားတော့သည်။

All Chapters