← Chapters

အခန်း ၁၃၉၁

Vol. 93 Ch. 1391

အခန်း ၁၃၉၁

Vol. 93 Ch. 1391

အခန်း ( ၁၃၉၁ ) ကျွင်းရှောင်ယောက်က ‌အလေးအနက်ထားပြီ။

"ဒါ..."

ဤမြင်ကွင်းကို မြင်ရသောအခါ ဝမ့်ယန်နှင့် ကျောက်ဧကရာဇ်လေးတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

ယခင်က ကျွင်းရှောင်ယောက်သည် သူတို့ကို အလေးအနက်မထားဘဲ ကျောက်ရုပ်များအဖြစ် အသုံးပြုလိုခဲ့သည်။

ထို့ကြောင့် သူတို့က ကျွင်းရှောင်ယောက်ကို အပြန်ပြန်အလှန်လှန် တိုက်ခိုက်နိုင်ခဲ့ခြင်းပင်။

ယခုမူ ကျွင်းရှောင်ယောက်က ငြီးငွေ့လာသောကြောင့် အလေးအနက်ထားပြီး စတင်လုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။

အနှိုင်းမဲ့သွေး၏ ထောက်ပံ့မှုဖြင့် သူ့စွမ်းရည်များသည် အဘက်ဘက်မှ တိုးတက်ခဲ့၏။

ထို့နောက်၊ ထာဝရပြည်နှင်ခြင်းဖြင့် ဟွမ်နျဲ့တောက်မှာ ဖရိုဖရဲ ဟင်းလင်းပြင်‌တစ်နေရာသို့ ပို့လွှတ်ခြင်းကို ခံခဲ့ရတော့သည်။

"ကျွင်းသခင်လေးက အခုမှ ဒါကိုအတည်လုပ်တာလား။ ဒါဆိုရင် အရင်က ကစားနေခဲ့တာလား"

ယွင်ထျန်းမေက မယုံနိုင်စွာဖြင့် သူမ၏နှုတ်ခမ်းများကို လက်ဖြင့်အုပ်လိုက်မိသည်။

ကျွင်းရှောင်ယောက်က ရွှမ်စစ်မူတောင်သုံးလုံးနှင့် တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်ကို ထမ်းပိုးထားရဆဲဖြစ်ကြောင်း သိထားကြရမည်။

တစ်နည်းဆိုရသော်၊ လက်ရှိ ကျွင်းရှောင်ယောက်သည် ဖိနှိပ်ခံနေရသော အခြေအနေတွင် ရှိနေသည်။

ဖရိုဖရဲ ဟင်းလင်းပြင်အက်ကြောင်းများက အလွှာတစ်ခုပြီးတစ်ခု ပျံ့နှံ့သွားသည်။

လွမ်ကုဧကရာဇ်၏ လျှို့ဝှက်ကျင့်စဉ်က ကြောက်စရာကောင်းလွန်းပေသည်။

ကျောက်ဧကရာဇ်လေးက တုန်လှုပ်သွားပြီး သူ့ကိုယ်သူကာကွယ်ရန် တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်ကို ချက်ချင်း ပြန်ဆွဲယူလိုက်ရသည်။

ဝမ့်ယန်၏ ခန္ဓာကိုယ်မှာလည်း ကြီးမားသော ခရမ်းရောင်နေတစ်စင်းကဲ့သို့ ခရမ်းရောင်စွမ်းအင်များက ဖုံးလွှမ်းထား၏။

စကြာဝဠာမူလအစ၏ ခရမ်းရောင်စွမ်းအင်က လေထဲတွင် ပြည့်နှက်နေကာ ဟင်းလင်းပြင်ချောက်နက်၏ ဆွဲငင်အားကို ပိတ်ဆို့လိုက်တော့သည်။

"တကယ်လို့ ငါ အလေးအနက်ထားရင် မင်းမှာ ပြန်ခုခံနိုင်စွမ်းရှိမယ်လို့ ထင်တာလား"

ကျွင်းရှောင်ယောက်က အေးစက်စွာပြောရင်း ခရမ်းရောင်ဘီးစကြာကို သူ့လက်တစ်ဖက်ဖြင့် ဖမ်းကိုင်လိုက်သည်။

"မင်း သေချင်နေတာပဲ"

ဝမ့်ယန်က လှောင်ပြောင်ပြောဆိုလိုက်သည်။

သို့သော်လည်း နောက်အခိုက်တွင် သူ အံ့ဩသွား၏။

ကျွင်းရှောင်ယောက်က ခရမ်းရောင်ဘီးစကြာကို လက်ဗလာဖြင့် ဖမ်းကိုင်လိုက်သော်လည်း ပြတ်မသွားဘဲ မီးပွားများ ထွက်ပေါ်လာတော့သည်။

ထို့နောက် ကျွင်းရှောင်ယောက်က အားထည့်၍ ဆုပ်ကိုင်လိုက်သောအခါ ခရမ်းရောင်ဘီးစကြာက ပြိုကွဲသွားသည်။ ခရမ်းရောင်အလင်းများအဖြစ် ပတ်ဝန်းကျင်ကို လွင့်သွား၏။

ဤလက်နက်က ဝမ့်ယန် အချိန်တစ်ခုပေးကာ သန့်စင်ထားသော လက်နက်တစ်ခု ဖြစ်သည်။

၎င်းက ဧကရာဇ်လက်နက် မဟုတ်သေးသော်လည်း... စွမ်းအားအရ အဓိပတိလက်နက်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဧကရာဇ်တစ်ပိုင်းလက်နက်အဖြစ် ချဉ်းကပ်လုနီးပါး ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လက်ဗလာဖြင့် ဖျက်ဆီးပစ်လိုက်ပြီ။

ထို့ပြင်၊ အလွန်လွယ်ကူသည်။

ဒါက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ဟာ ဧကရာဇ်လက်နက်နှင့် ယှဉ်နိုင်နေပြီဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလား။

ဝမ့်ယန်၏ မျက်နှာ မည်းမှောင်သွားသည်။

လူတိုင်းကို အမြဲလျစ်လျူရှုကာ နှိမ့်ချခဲ့ဖူးသော သူကဲ့သို့ လူတစ်ယောက်ပင်လျှင် ယခုအခါ ကြီးမားသောဖိအားကို ခံစားလာရတော့သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က သူတို့ကို တုံ့ပြန်ရန် အချိန်မပေးပါ။

သူက ခွန်ပန်အမြန်နှုန်းဖြင့် ကျောက်ဧကရာဇ်လေးထံ ဦးစွာပြေးသွားသည်။

လမ်းစဉ်ခြောက်သွယ် ပြန်လည်ဝင်စားခြင်းလက်သီးက ကောင်းကင်ကို ဖြိုချနိုင်သကဲ့သို့ ကျောက်ဧကရာဇ်လေးထံ ကျရောက်သွား၏။

ကျောက်ဧကရာဇ်လေး၏ ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။

သူသည်လည်း အင်အားအကုန် အသုံးပြုပြီး သူ့လက်ထဲမှ လှံပုဆိန်ဖြင့် ခုတ်ချလိုက်တော့သည်။

ဤလက်နက်က သူ့ဖခင် ကျောက်ဧကရာဇ်ကို တုပပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းတွင် ကျောက်ဧကရာဇ်၏ အရှိန်အဝါတချို့ရှိပြီး ၎င်း၏စွမ်းအားက အလွန်ကြောက်စရာကောင်းပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ လက်သီးက ပိုပြင်းထန်ပြီး ကြောက်စရာကောင်းသည်။

"ဝုန်း၊ ခွမ်း"

ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရသည်။

လှံပုဆိန်က အပိုင်းပိုင်းကျိုးပြီး ကြေမွသွား၏။

ထို့နောက်၊ ကျွင်းရှောင်ယောက်၏ လက်သီးက ကျောက်ဧကရာဇ်လေး၏ ရင်ဘတ်ကို ဆက်လက် ထိမှန်သွားတော့သည်။

"ဒုန်း"

အသံကျယ်တစ်ခုကို ကြားလိုက်ရသည်။

ပုံမှန်အားဖြင့် ဤလက်သီးချက်က ကျောက်ဧကရာဇ်လေးကို အပိုင်းပိုင်း ပေါက်ကွဲသွားစေမည် ဖြစ်သည်။

အနည်းဆုံးတော့ ဆိုးဆိုးရွားရွား ထိခိုက်သွားလိမ့်မည်။

သို့သော်၊ ရလဒ်က ထိုသို့မဟုတ်ခဲ့ပါ။

ကျောက်ဧကရာဇ်လေး၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး လှောင်ပြောင်လိုက်သည်။

"ကျွင်းရှောင်ယောက်၊ မင်း တကယ်မဆိုးဘူး"

ကျောက်ဧကရာဇ်လေး၏ စကားသံအဆုံးတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရှေးကျ၍ စုတ်ပြဲနေသော ကျောက်ချပ်ဝတ်က တုနှိုင်းမရအောင် ခမ်းနားသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။

ဧကရာဇ်တစ်ပါး၏ အရှိန်အဝါတို့နှင့်အတူ မှုန်ဝါးဝါး လူရိပ်ကြီးတစ်ခုက မိုးနှင့်မြေကြားတွင် ပေါ်လာတော့သည်။

ထိုပုံရိပ်က မှုန်ဝါးနေသော်လည်း အလွန်ကြောက်စရာကောင်းသည်။ ၎င်း၏ အငွေ့အသက်က လောက၏ တည်ရှိမှုအပေါင်းကို တုန်လှုပ်စေရန် လုံလောက်ပေသည်။

"ဒါ... ကျောက်ဧကရာဇ်ပဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက စူးရှသောအလင်းတစ်ခု ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို သူခံစားလိုက်ရ၏။

ဤဖိအားက ရွှမ်စစ်မူတောင်သုံးခု ပေါင်းစည်းထားသည်ထက်ပင် ပို၍ကြောက်စရာကောင်းသည်။

ဤသည်မှာ ကျောက်ဧကရာဇ်၏ အရှိန်အဝါပင်။

သူသည် အင်မော်တယ်ကျောက်သန္ဓေမှ အသွင်ပြောင်းခဲ့သူ ဖြစ်သည်။

'ကျောက်ဧကရာဇ်က မြင့်မြတ်ဝိညာဉ်အပျက်အယွင်းနဲ့ တကယ် ဆက်စပ်နေပုံရတယ်'

ဝမ့်ယန်က ကောင်းကင်ယံမှ လူရိပ်ကြီးကိုကြည့်ရင်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

"ဟားဟားဟား၊ လေလုံးထွားတဲ့ ကျွင်းရှောင်ယောက်.. အခု မင်း ဘာတတ်နိုင်သေးလဲ"

ဝမ့်ယန်က ရယ်မောလိုက်၏။

ကျွင်းရှောင်ယောက်က ရွှမ်စစ်မူတောင်သုံးလုံးကို ထမ်းပိုးထားရလျှင်ပင် သူတို့ကို အလွယ်တကူ ဖယ်ရှားနိုင်သည်ဟု ပြောခဲ့ဖူးသည်။

ယခုမူ ကျောက်ဧကရာဇ်လေးက ကျောက်ဧကရာဇ်၏ စွမ်းအားရောင်ခြည်ဖြင့် လျှို့ဝှက်ရတနာတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီ။

ဝမ့်ယန်၏အမြင်တွင် ကျွင်းရှောင်ယောက်က သေဘေးကြုံနေပြီ ဖြစ်သည်။

သူတို့ကို သတ်နိုင်ရန် မဆိုထားဘိ၊ ကိုယ့်ကိုယ်ကို ကာကွယ်ရန်ပင် မလွယ်ကူတော့ပေ။

"ကျွင်းရှောင်ယောက်၊ ဒီကျောက်ဧကရာဇ်ချပ်ဝတ်ဟာ ငါ့အဖေ အသွင်ပြောင်းတုန်းက ကြွေကျသွားတဲ့ ကျောက်သားအရေခွံရဲ့ အကြွင်းအကျန်ပဲ"

"အခု မင်းဘာတတ်နိုင်သေးသလဲ"

ကျောက်ဧကရာဇ်လေးက တည်ငြိမ်မှုတို့ ပြန်လည်ရရှိလာပြီး လက်နှစ်ဖက်ကို နောက်သို့ယှက်လိုက်သည်။

ကျောက်ဧကရာဇ်ချပ်ဝတ်က ကျောက်ဧကရာဇ်၏ ကျောက်သားအရေခွံဖြင့် ပြုလုပ်ထားသည့် ချပ်ဝတ်တန်ဆာတစ်ခုတစ်ခု ဖြစ်သည်။ ထို့ပြင်၊ ကျောက်ဧကရာဇ်က သူ၏မျိုးဆက်များကို ကာကွယ်ရန် သူ၏စွမ်းအား တစ်စိတ်တစ်ပိုင်းကိုလည်း ပေါင်းစပ်ထားသေးသည်။

"လိပ်ခွံကို ၀တ်လိုက်ရုံနဲ့ မင်းရဲ့ ယုံကြည်မှုကို ပြန်ရနိုင်တာလား"

ကျွင်းရှောင်ယောက်က ရယ်မောလိုက်သည်။

"မင်း"

ကျောက်ဧကရာဇ်လေး၏ မျက်နှာက အေးစက်သွားသည်။

ကျောက်ဧကရာဇ်ချပ်ဝတ်ကို လိပ်ခွံဟု ပြောဝံ့၏။

ဒါက သူတင်မကဘဲ သူ့အဖေကိုပါ လိပ်များဟု ပြောဆိုလိုက်ခြင်း မဟုတ်လော။

သူ လုံးဝသည်းမခံနိုင်တော့ပေ။

"ဝမ်"

ကျွင်းရှောင်ယောက်၏ မထီမဲ့မြင်ပြုမှုကို ခံစားမိဟန်ဖြင့် ဧကရာဇ်စွမ်းအင်မှ ဖွဲ့စည်းထားသော ကျောက်ဧကရာဇ်၏ရုပ်သွင်က စူးရှသော မျက်လူံတို့ဖြင့် စိုက်ကြည့်လိုက်သည်။

ရုတ်တရက်၊ အဆုံးမဲ့ ဖိအားများက သူ့အပေါ် ရောက်လာ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က တည်ငြိမ်နေဆဲပင်။

သူသည် အကြားအမြင် ဗဟုသုတကြွယ်ဝပြီး မုန်တိုင်းများစွာကို တွေ့ဖူးသည်။

တစ်ချိန်က ဒဏ္ဍာရီလာဧကရာဇ်နှင့် စကားပြောဆိုခဲ့ပြီး အန္တိမကပ်ဘေးကြီးကိုပင် ရင်ဆိုင်ခဲ့သေးသည်။

ကျောက်ဧကရာဇ်က အမှန်တကယ်ပင် အလွန်အစွမ်းထက်သော်လည်း သာမန်ဖိအားမျိုးဖြင့် သူ့ကိုဖိနှိပ်ရန် မဖြစ်နိုင်ပေ။

"မင်းရဲ့လိပ်ခွံကို ငါမချိုးနိုင်ဘူးလို့ တကယ်ထင်နေတာလား"

ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်လိုက်ပြီး အမှတ်အသားတစ်ခုကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက်တွင်၊ အမှတ်အသားက ပုဆိန်တစ်လက်အဖြစ် ပြောင်းလဲသွား၏။

ဒဏ္ဍာရီထဲမှ၊ ကမ္ဘာကိုဖန်တီးရာတွင် ပန်ဂုအသုံးပြုခဲ့သော ပုဆိန်ကဲ့သို့ ဤပုဆိန်၏ အရှိန်အဝါကလည်း ကောင်းကင်ကို လွှမ်းခြုံထားသည်။

၎င်းက အမှတ်အသားတစ်ခုမျှသာဖြစ်သော်လည်း ဧကရာဇ်အရှိန်အဝါတို့ကို ထုတ်လွှတ်နေပြီး အဆုံးမဲ့ဖိအားကို ဖြစ်ပေါ်စေနိုင်သည်

ဒါက ကျွင်းရှောင်ယောက်၏ ဧကရာဇ်လက်နက်အမှတ်အသား ဖြစ်သည်။

လွမ်ကုဧကရာဇ်တွင် အဓိကလက်နက်နှစ်မျိုး ရှိသည်။

ဒါက လွမ်ကုဧကရာဇ်အဆောင်နှင့် လွမ်ကုပုဆိန်ပင်။

လွမ်ကုဧကရာဇ်အဆောင်က ယခုအခါ ကျွင်းရှောင်ယောက်၏ အသိစိတ်ပင်လယ်တွင် သူ့ဝိညာဉ်ကို ကာကွယ်နေသည်။

လွမ်ကုပုဆိန်နှင့် ပတ်သက်လျှင်တော့ ကျွင်းရှောင်ယောက်သည် ဧကရာဇ်သင်္ချိုင်းကြယ်တွင် လွမ်ကုဧကရာဇ်၏ အတွင်းစိတ်နတ်ဆိုးထံမှ အမှတ်အသားတစ်ခုကိုသာ ရရှိခဲ့သေးသည်။

သို့သော်လည်း လွမ်ကုဧကရာဇ်၏ အတွင်းစိတ်နတ်ဆိုးက လွမ်ကုပုဆိန် အစစ်အမှန်ကို ရှာဖွေရန် ဤအမှတ်အသားကို အသုံးပြုနိုင်ကြောင်း ပြောခဲ့ဖူးသည်။

ကျွင်းရှောင်ယောက်က နောက်ပိုင်းတွင် လွမ်ကုပုဆိန်သည် အထက်ကောင်းကင်ကိုးပါးတွင် ဖြစ်သင့်သည်ဟု မှန်းဆခဲ့သည်။

ယခုလည်း ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကို တစ်ဖန်ဆင့်ခေါ်ခဲ့၏။

တိတ်ဆိတ်ပြီး အလွန်မောက်မာ၍ ကြီးကျယ်ခမ်းနားသော တည်ရှိမှုတစ်ခုက ကမ္ဘာကို ငုံ့ကြည့်နေသကဲ့သို့

အရှိန်အဝါတစ်ခုက ထွက်ပေါ်လာတော့သည်။

"ဒါ..."

ကျောက်ဧကရာဇ်လေးက တုန်လှုပ်သွားသည်။ သူ့နှလုံးသားထဲတွင် ဆိုးရွားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။

သို့သော်လည်း သူ များများစားစား မတွေးနိုင်လိုက်ပါ။

ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာသွေးများက ဆူပွက်လာသည်။

သူက ကမ္ဘာငယ်တစ်ထောင်၏ စွမ်းအားကိုပင် လွမ်ကုပုဆိန် အမှတ်အသားတွင် ပေါင်းစပ်ခဲ့သေးသည်။

ဤအခိုက်တွင်၊ လွမ်ကုပုဆိန်ကို ဆုပ်ကိုင်ထားရင်း ကျွင်းရှောင်ယောက်က ကမ္ဘာကို ဖန်ဆင်းသည့် ရှေးဦးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သူ့အရှိန်အဝါက ကောင်းကင်ကို တုန်ခါစေခဲ့၏။

ထို့နောက် ကျောက်ဧကရာဇ်လေးကို ပုဆိန်ဖြင့် ခုတ်ချလိုက်တော့သည်။

တခဏချင်းမှာပင်၊ ကောင်းကင်ကြီးပြိုကျပြီး မြေကမ္ဘာက အက်ကွဲသွားပုံရသည်။

ဧရာမပုဆိန်ကြီးက ကောင်းကင်ကို ခွဲခြမ်းသွား၏။

ဤပုဆိန်ခုတ်ချက်က အင်မော်တယ်ဂူ၏ နေရာတစ်ဝက်ကိုပင် ဖြတ်တောက်သွားပုံရသည်။

ကျောက်ဧကရာဇ်လေးက ကျောက်ဧကရာဇ်ချပ်ဝတ်ကို တွန်းလှန်ရန် အစွမ်းကုန်ကြိုးစားခဲ့သည်။

သို့သော်...

ကြီးကျယ်ခမ်းနားသော ပုဆိန်အလင်းကြောင့် ကျောက်ဧကရာဇ်၏ ပုံရိပ်ကြီးက ထက်ခြမ်းကွဲသွားသည်။

“လွမ်ကု..."

ကျောက်ဧကရာဇ်၏ အရိပ်က အေးစက်သောလေသံဖြင့်ပြောလိုက်ပြီးနောက် ပြိုကျသွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ ကျောက်ဧကရာဇ်လေးက သွေးများအန်ထွက်လာခဲ့သည်။ သူ့တကိုယ်လုံးက သွေးများ စီးကျနေပြီး ဒဏ်ရာပြင်းထန်စွာရရှိသွား၏။

ကျောက်ဧကရာဇ် ချပ်ဝတ်တန်ဆာသည်ပင် သူ့ခန္ဓာကိုယ်ပေါ်မှ ပြုတ်ကျသွားတော့သည်။

ကျွင်းရှောင်ယောက်က ပုဆိန်ကို ဒုတိယအကြိမ် လွှဲခုတ်ခါနီးတွင်...

ကျောက်ဧကရာဇ်ဝတ်တန်ဆာက ပြင်းထန်စွာ ဒဏ်ရာရပြီး သတိလစ်နေသော ကျောက်ဧကရာဇ်လေးကို တိုက်ရိုက်ရစ်ပတ်သွားသည်။ ၎င်းက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အဝေးသို့ လွတ်မြောက်သွားတော့သည်။

အချိန်က ခဏမျှသာကြာသေးသော်လည်း၊ ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတွင်...

တစ်ဦးက မသိနိုင်သော ဖရိုဖရဲ‌ဟင်းလင်းပြင်အတွင်းသို့ ဆွဲသွင်းခံခဲ့ရသည်။

ကျန်တစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်သွားကာ အသက်မသေရုံတမယ် လွတ်မြောက်ခဲ့ပေသည်။

ယခုအခါ ဝမ့်ယန်တစ်ဦးတည်းသာ ကျန်ခဲ့သည်။

သူ့အမူအရာက တည်ငြိမ်ပုံရသော်လည်း၊ သူ့မျက်လုံးများ၏ နက်နဲရာတွင် စိတ်မသက်မသာဖြစ်မှုတို့ကို မြင်ရလိမ့်မည်။

"အခု၊ မင်းအလှည့်ပဲ"

ကျွင်းရှောင်ယောက်သည် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်နှင့် ကစားနေသကဲ့သို့ အပြောင်အပျက် လေသံမျိုးဖြင့် ပြောလိုက်သည်။

All Chapters