← Chapters

အခန်း ၁၃၉၂

Vol. 93 Ch. 1392

အခန်း ၁၃၉၂

Vol. 93 Ch. 1392

အခန်း ( ၁၃၉၂ ) မင်းက ကိုယ်ပွားတစ်ဦးလား။ စိတ်မကောင်းပါဘူး၊ ငါကလည်း ကိုယ်ခွဲတစ်ဦးပဲ။

ဤအခြေအနေမျိုး ပြောင်းလဲသွားမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ကျောက်ဧကရာဇ်လေးက ကျောက်ဧကရာဇ်၏ သဏ္ဍာန်ကိုပင် ထုတ်ဖော်ခဲ့သော်လည်း ကျွင်းရှောင်ယောက်မှ ဖျက်ဆီးခံရဆဲ ဖြစ်သည်။

နေရာတွင် ဝမ့်ယန် တစ်ဦးတည်းသာ ကျန်တော့သည်။

သို့သော်လည်း ဝမ့်ယန်က ကောင်းကင်ကိုးပါး၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ထိုက်သည်။

ဤအခိုက်အတန့်တွင် သူက တည်ငြိမ်စွာဖြင့် ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်နေပေသည်။

"ကျွင်းရှောင်ယောက်၊ ငါ မင်းကို လျှော့တွက်ခဲ့မိတာကို ဝန်ခံရမယ်"

"ငါတင်မကဘဲ တခြား ကောင်းကင်ကိုးပါးရဲ့ ကျင့်ကြံသူတွေကလည်း မင်းကို လျှော့တွက်ခဲ့ကြတာပဲ။ ဒါပေမဲ့..."

"ဒါက ကောင်းကင်ကိုးပါးမှာ မင်း ထင်ရာစိုင်းနိုင်တယ်လို့ မဆိုလိုဘူး။ မင်းကို အနိုင်ယူဖို့ တစ်ယောက်ယောက်က ရှေ့ထွက်လာလိမ့်မယ်"

"ငါမဟုတ်ရင်တောင် တခြားတစ်ယောက်ရှိမယ်"

ဝမ့်ယန်က သာမန်အရာတစ်ခုကို ပြောနေသကဲ့သို့ အေးဆေးသောလေသံဖြင့် ပြောလိုက်သည်။

အမှန်မှာလည်း ကောင်းကင်ကိုးပါးတွင် ဝမ့်ယန်ကဲ့သို့ ထိပ်တန်းပါရမီရှင်များ မနည်းပေ။

ပိုအရေးကြီးတာက ကောင်းကင်ကိုးပါးမှာ ဝမ့်ယန်တောင်မှ အလွန်သတိထားရမည့် တည်ရှိမှုတစ်ခု ရှိသည်။

ထိုသူက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေသူ ဖြစ်၏။

အကယ်၍ သူသာ လှုပ်ရှားခဲ့မည်ဆိုလျှင် ကျွင်းရှောင်ယောက်က ဖိနှိပ်ခံရမည်ဟု ဝမ့်ယန် ယုံကြည်သည်။

"အရေးမပါတဲ့ စကားတွေကို ရပ်လိုက်ပါ၊ မင်းက ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ဖို့ အခွင့်အရေးမရှိဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် အနှိုင်းမဲ့သွေးက ဆူပွက်နေပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများက နိုးထလာ၏။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ စူးရှသော အလင်းများ ထွက်ပေါ်လာတော့သည်။

၎င်းက ကောင်းကင်နတ်ဘုရားအလင်း၊ ဆမ်ဆာရာနီဗားနားနှင့် အပြစ်သားကမ္မနတ်ဆိုးအလင်းတို့ပင်။

၎င်းတို့သည် တစ်ချိန်က အနှိုင်းမဲ့အရိုး၏ နတ်ဘုရားစွမ်းရည်များ ဖြစ်သည်။

အနှိုင်းမဲ့အရိုးက အနှိုင်းမဲ့သွေးအဖြစ်သို့ ပြောင်းလဲပြီးသော်လည်း ကျွင်းရှောင်ယောက်သည် ၎င်းတို့ကို ဆက်လက်အသုံးပြုနိုင်သေးသည်။

ကျွင်းရှောင်ယောက်က ကြယ်ကြွေသကဲ့သို့ လျင်မြန်သော အဟုန်ဖြင့် ဝမ့်ယန်အနားကို ပြေးသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းသုံးခုက တောက်ပနေပြီး ဟင်းလင်းပြင်ကို ခွဲထွက်သွား၏။

ဒါကိုမြင်တော့ ဝမ့်ယန်က သူ့လက်ကိုမြှောက်လိုက်သည်။ ခရမ်းရောင်စွမ်းအင်များက စုစည်းပြီး ကောင်းကင်ကို ဖုံးလွှမ်းထားသော ခရမ်းရောင်လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

အတိုင်းအတာတစ်ခုအထိ၊ ၎င်းက ကစဉ့်ကလျားတံဆိပ်တော်နှင့် ဆင်တူသည်။

ဧရာမ ခရမ်းရောင်လက်ဝါးကြီးက ဖိချလိုက်သည်။

ထိုစွမ်းအားသည် အလွန်ကြောက်စရာကောင်း၏။

ဝမ့်ယန်က မည်မျှအစွမ်းထက်ကြောင်း ယခုမှသာ လူများ သိနားလည်လာသည်။

အကယ်၍ သူသာ ဆန္ဒရှိပါက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် ထိပ်တန်းတစ်ဆယ်သာဖြစ်မည် မဟုတ်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က နတ်အလင်းသုံးခုဖြင့် တောက်ပနေပြီး ခရမ်းရောင်လက်ဝါးကြီးကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

သူက ဝမ့်ယန်ကို လက်သီးဖြင့် ထိုးချလိုက်၏။

အနှိုင်းမဲ့သွေး၏ ကောင်းချီးအောက်တွင် ကျွင်းရှောင်ယောက်၏ လက်ရှိအင်အားက အလွန်ကြောက်စရာကောင်းသည်။

"ဝုန်း"

ထိပ်တိုက်ရင်ဆိုင်မှုအပြီးတွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

ဝမ့်ယန်၏ ခန္ဓာကိုယ်က တိုက်ရိုက် လွင့်စဥ်သွားပြီး ခရမ်းရောင်စွမ်းအင်များလည်း ပြိုကျသွား၏။

သို့သော်လည်း အံ့သြစရာကောင်းသည်မှာ ဝမ့်ယန်၏ရုပ်သွင်က ယခုအခိုက်အတန့်တွင် ထင်ယောင်ထင်မှားဖြစ်လာခြင်းပင်။

"ဒါ... ဖြစ်နိုင်မလား"

ယွင်ထျန်းမေ၊ လျိုချုံးယန်နှင့် အခြားသူများ အံ့သြသွားကြသည်။

အင်မော်တယ်ဂူ၏ အပြင်ဘက်တွင်၊ အလင်းမျက်နှာပြင်မှတဆင့် တိုက်ပွဲကို ကြည့်ရှုနေသူများလည်း အံ့ဩကုန်တော့သည်။

"ဒါက ကိုယ်ပွားတစ်ခုပဲ"

တစ်ယောက်က အော်လိုက်သည်။

လူတိုင်း အံ့ဩတုန်လှုပ်သွား၏။

ဤမျှ ကြောက်စရာကောင်းသော ခွန်အားကို ပြသခဲ့သည့် ဝမ့်ယန်က အမှန်တကယ်ပင် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်။

"ဘုရားရေ၊ ဧကရာဇ်ကြွေလွင့်တောင်ရဲ့ သခင်လေးက ဒီလောက်တောင် သန်မာတာလား"

"အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ပိုင်ရှင်က မျှော်လင့်ထားတဲ့အတိုင်းပဲ"

ဤရလဒ်က လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

ဝမ့်ယန်က အထက်ကောင်းကင်ကိုးပါးမှ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ယခင်လှုပ်ရှားမှုများက ကောင်းကင်ကိုးပါး၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ပေသည်။

ယခုတော့ ဝမ့်ယန်ကြောင့် သူတို့တွေ ပြန်လည်ပြီး မျက်နှာသာရခဲ့ပြီ ဖြစ်သည်။

အင်မော်တယ်ဂူအတွင်းပိုင်းဝယ်...

ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်နေသည်။ ဒါကို ယခင်ကတည်းက သူခန့်မှန်းမိပေသည်။

"မင်းရဲ့ လက်ရှိအခြေအနေနဲ့ ငါ့ရှေ့မှာ ဆူညံနေဖို့ အခွင့်မရှိဘူးလို့ ငါပြောခဲ့တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ငါ့ရဲ့ အာဒိကပ္ပခရမ်းရောင်ချီက မင်းကို ခြိမ်းခြောက်မှု သိပ်မရှိဘူးထင်တယ်"

ဝမ့်ယန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

ထိုသို့ပြောလိုက်သော်လည်း သူ့အမူအရာနှင့် လေသံတွင် စိတ်သက်သာရာရမှု အရိပ်အယောင်တို့ ပေါ်လွင်နေသည်။

နောက်ဆုံးမှာတော့ ဤသည်မှာ သူ၏ အာဒိကပ္ပခရမ်းရောင်ချီကိုယ်ပွားတစ်ခု ဖြစ်သောကြောင့် ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်ခဲ့လျှင်ပင် ရှက်စရာမဟုတ်ပါ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကလည်း ပြုံးပြီး ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး၊ ငါကလည်း အခု ခွန်အားအပြည့်မဟုတ်သေးဘူး"

"ဟမ်"

ဝမ့်ယန်က မျက်မှောင်ကြုတ်သွားသည်။

"ရွှမ်စစ်မူတောင်သုံးလုံးက မင်းကို ဖိနှိပ်နေတယ်လို့ ဆိုလိုတာလား"

"ငါက ကစဉ့်ကလျားရဲ့ စွမ်းအားကို ဘာဖြစ်လို့ မသုံးခဲ့တာလဲဆိုတာ မင်းမသိချင်ဘူးလား"

ကျွင်းရှောင်ယောက်က ပြောသည်။

ဝမ့်ယန်၏ အမူအရာက ပြောင်းလဲသွား၏။

ယခင်က ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းသည် ကောင်းကင်ကိုး တစ်ခုလုံးသို့ ပျံ့နှံ့ခဲ့သည်။

ကျွင်းရှောင်ယောက်က ထိပ်တန်း တာအိုခန္ဓာနှစ်ခုကို ပိုင်ဆိုင်ထားကြောင်း သဘာဝအတိုင်း လူတိုင်းသိပေသည်။

ကစဉ့်ကလျားခန္ဓာနှင့် မြင့်မြတ်ခန္ဓာ ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်သည် ကစဉ့်ကလျား၏ စွမ်းအားကို အစမှအဆုံးထိ မပြသခဲ့ပေ။

အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။

ယခုချိန်ထိ သူဟာ ပြီးပြည့်စုံသော အနေအထားမှာ မရှိသေးပေ။

အရေးကြီးဆုံးအချက်က ကျွင်းရှောင်ယောက်ဟာ ရွှမ်စစ်မူတောင်သုံးလုံး၏ ဖိအားအောက်တွင် ရှိနေသေးခြင်း ဖြစ်သည်။

ဒီခွန်အားဟာ ကောင်းကင်ကို အန်တုခြင်းလို့ ဖော်ပြရန်ပင် မလွယ်တော့ပေ။

အင်မော်တယ်ဂူအပြင်ဘက်ရှိ၊ ကောင်းကင်ကိုးပါး၏ သတ္တဝါအားလုံး အေး‌စက်တောင့်တင်းသွားကြသည်။

သူက ခွန်အားအပြည့် မဟုတ်သည့်တိုင် ရွှမ်စစ်မူတောင်သုံးလုံးကို ထမ်းပိုးထားကာ ထိပ်တန်း ပါရမီရှင် သုံးဦးကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ပြီး အလွယ်တကူ အနိုင်ယူနိုင်ခဲ့သေးသည်။

ဒါက လူသားတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းတောင် ဟုတ်ရဲ့လား။

"တောင်တစ်လုံးထက် ပိုမြင့်တဲ့တောင် အမြဲရှိတယ်၊ ပါရမီရှင်တစ်ဦးထက် ပိုထူးချွန်တဲ့ ပါရမီရှင်ကလည်း အမြဲရှိလိမ့်မယ်"

ဒေါ်လေးရွယ်က အလင်းမျက်နှာပြင်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

နောက်ဆုံးတော့၊ ကျန်းလော့လီကို သူနားလည်သွားပြီ။

အမှန်တကယ် ရယ်စရာကောင်းပြီး အမြင်ကျဥ်းသူက သူကိုယ်တိုင် ဖြစ်သည်။

မျက်နှာသာပြန်ရပြီဟု ခံစားခဲ့ရသော ကောင်းကင်ကိုးပါး၏ ပါရမီရှင်များလည်း မျက်နှာမထားတတ်အောင် ရှက်ရွံ့နေကြတော့သည်။

တစ်ဖက်တွင်၊ ရှန်းလင်မှ အမျိုးသမီးတပည့်များ၏ မျက်လုံးများက ပို၍ တောက်ပလာခဲ့ကြသည်။

အင်မော်တယ်ဂူအတွင်းဝယ်...

ဝမ့်ယန်၏ မျက်နှာမှာလည်း မည်းမှောင်သွားသည်။

သူ့၏ ခန္ဓာအစစ်အမှန်ရောက်လာခဲ့လျှင်ပင် ကျွင်းရှောင်ယောက်က ဖိနှိပ်ထားနိုင်ဦးမည်။

ဤခွန်အားက စိတ်ပျက်စရာကောင်းလွန်းသည်။

"မင်းရဲ့ ခန္ဓာအစစ်အမှန် ရောက်လာရင်တော့ ငါ့ကို နည်းနည်းပါးပါး ခုခံတိုက်ခိုက်ဖို့ အရည်အချင်းရှိလိမ့်မယ်"

ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်လိုက်ရာ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ၏ စွမ်းအားက ပေါက်ကွဲထွက်လာသည်။

ဝမ့်ယန်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွား၏။

သူသည် အာဒိကပ္ပ ခရမ်းရောင်ချီမျိုးစေ့၏ ကိုယ်ပွားတစ်ခုသာဖြစ်သောကြောင့်၊ သူ့ခန္ဓာကိုယ်ထဲတွင် သဘာဝအတိုင်း အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ မရှိပါ။

"ကျွင်းရှောင်ယောက်၊ မင်းစောင့်နေပါ..."

ဝမ့်ယန်၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။

ထို့နောက်မှာတော့ မြင်ကွင်းက တိတ်ဆိတ်သွားတော့သည်။

ပြဿနာများ ပြေလည်သွားပြီ ဖြစ်သည်။

ထိုအချိန်တွင်၊ ကျန်းလော့လီကလည်း ဟွင်းယွမ်ရွှေခွက်ကို အစဦးထိန်းချုပ်နိုင်ခဲ့သည်။

ထို့နောက် ဟွင်းယွမ်ရွှေခွက်က သေးငယ်လာပြီး သူမ၏ လက်ဖဝါးပေါ်သို့ ကျရောက်သွား၏။

ထိုမှသာ ကျွင်းရှောင်ယောက်က ရွှမ်စစ်မူတောင်သုံးလုံးကို ပြန်ချထားလိုက်သည်။

စန်းရှန်းအင်မော်တယ်ဂူ၏ နေရာတစ်ခုလုံး တုန်လှုပ်သွားတော့သည်။

ဤရွှမ်စစ်မူတောင်သုံးလုံး၏ အလေးချိန်က မည်မျှထိတ်လန့်စရာကောင်းသည်ကို တွေ့မြင်နိုင်သည်။

ယခုလေးတင်၊ ကျွင်းရှောင်ယောက်က ဤတောင်သုံးလုံး၏ ဖိနှိပ်မှုကို ခံယူရင်း ပါရမီရှင်သုံးယောက်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပေသည်။

"ကိုကိုရှောင်ယောက်"

ကျန်းလော့လီက ကျွင်းရှောင်ယောက်ကို ပြေးဖက်ထားလိုက်သည်။

ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို သူ မြင်ခဲ့ရပေသည်။

ကျွင်းရှောင်ယောက်မှ ယူဆောင်လာသော လုံခြုံမှုခံစားချက်သည် ဘာနဲ့မှ လဲလို့မရပေ။

"သန့်စင်မှု ပြီးပြီလား။ ဒါဆိုရင် ဒီခရီးစဉ်က ပြီးပြီပေါ့"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူက အဆင့်တက်ရန် အသင့်ဖြစ်နေပြီ။

"ကိုကိုရှောင်ယောက်၊ ဒီဟွင်းယွမ်ရွှေခွက်ထဲမှာ တစ်ခုခုရှိတယ်..."

ကျန်းလော့လီက ခပ်တိုးတိုးလေး ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွား၏။

သို့သော်လည်း သူက မသိမသာ ခေါင်းညိတ်ပြပြီး ဘာမှ မပြောတော့ပါ။

All Chapters