← Chapters

အခန်း ၁၃၉၆

Vol. 94 Ch. 1396

အခန်း ၁၃၉၆

Vol. 94 Ch. 1396

အခန်း ( ၁၃၉၆ ) ကောင်းကင်ကို အံတုနိုင်သော အဖော်ခန္ဓာ။

ယခုအချိန်၊ ခရမ်းရောင်တောင်ပေါ်တွင်...

ခရမ်းရောင်အငွေ့အသက်များဖြင့် အုံ့ဆိုင်းနေပြီး ပိန်ပိန်ပါးပါး လူရိပ်တစ်ခုက ပေါ်လာခဲ့သည်။

ဒါက ဝမ့်ယန်ကိုယ်တိုင်ပင်။

ရှန်းလင်၏ အင်မော်တယ်ဂူအတွင်းမှ ဝမ့်ယန်က အာဒိကပ္ပခရမ်းရောင်ချီ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

ဤအခိုက်တွင်၊ ဝမ့်ယန်၏ မျက်ခုံးနှစ်ခုကြားမှ ခရမ်းရောင်အလင်း‌တစ်ခု တောက်ပလာခဲ့သည်။

၎င်းက ကမ္ဘာ၏မူလအစ၊ အရာအားလုံး၏ အစ၊ ကျယ်ပြောသော စကြာဝဠာနှင့် အရှေ့ဘက်မှ ခရမ်းရောင်လေက တိုက်ခိုက်နေသကဲ့သို့ မြင်ကွင်းများလည်း ပေါ်လာပုံရ၏။

ဤဆန်းကြယ်သော မြင်ကွင်းအားလုံးက ဝမ့်ယန်ကို နတ်ဘုရားတစ်ပါးလို ဖြစ်စေသည်။

မူလဝမ့်ယန်၏ အရှိန်အဝါက အာဒိကပ္ပခရမ်းရောင်ချီ၏ ကိုယ်ပွားထက် အဆပေါင်းများစွာ ပိုအားကောင်းပေသည်။

သူက တကယ်ကို ကောင်းကင်ကိုးပါး၏ ထိပ်တန်းပါရမီရှင် ဖြစ်ထိုက်သည်။

သို့သော်လည်း ပို၍ပင် အံ့သြစရာကောင်းသည်မှာ...

သူ၏ မျက်ခုံးနှစ်ခုကြားရှိ ခရမ်းရောင်မျိုးစေ့က အမှန်တကယ်ပင် အက်ကွဲကြောင်းအချို့ ရှိနေသည်။

၎င်းက မပြည့်စုံသေးသော်လည်း... ယင်းမှာ ခရမ်းရောင်ချီမျိုးစေ့ အညှောက်ပေါက်လာတော့မည့် လက္ခဏာပင်။

အကြောင်းမှာ ဝမ့်ယန်၏ရှေ့တွင် အားကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ စီးဆင်းနေသည့် အရာဝတ္ထုတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

၎င်းက အင်မော်တယ်ရတနာပင်။

အင်မော်တယ်ပစ္စည်းက အလွန်ရှားပါးပြီး အဖိုးတန်သော်လည်း ဧကရာဇ်ကြွေလွင့်တောင်၏ သခင်လေးအနေဖြင့် ဝမ့်ယန်သည် ထိုကဲ့သို့သော အရင်းအမြစ်များကို ရရှိနိုင်သေးသည်။

သို့သော်လည်း ဤအင်မော်တယ်ပစ္စည်းက ဟွင်းယွမ်ရွှေခွက်အတွင်းရှိ အင်မော်တယ်ရတနာနှင့် နှိုင်းယှဉ်၍မရနိုင်ပါ။

ယောက်လင်တောင်မှ ကျွင်းရှောင်ယောက် ရရှိခဲ့သော အင်မော်တယ်ရတနာများပင်လျှင် ဝမ့်ယန် ပိုင်ဆိုင်ထားတာထက် ပိုသည်။

နောက်ဆုံးမှာတော့ အင်မော်တယ်ရတနာများက အလွန်ရှားပါးသည်။

ဧကရာဇ်ကြွေလွင့်တောင်က တားမြစ်နယ်မြေဖြစ်သည်။ ၎င်းတို့က သမိုင်းတလျှောက်မှ မငြိမ်သက်မှုများတွင် ပါဝင်ခဲ့ပြီး အင်မော်တယ်ပစ္စည်းများကို ရရှိခဲ့၏။

သို့သော်လည်း ထိုအင်မော်တယ်ရတနာအများစုကို ဧကရာဇ်ကြွေလွင့်တောင်၏ ပုဂ္ဂိုလ်ကြီးများက ထိန်းသိမ်းထားသည်။

ဤအင်မော်တယ်ရတနာများအားလုံးကို မျိုးဆက်သစ်လူငယ်များအား ဆုချီးမြှင့်ရန် မဖြစ်နိုင်ပေ။

ဧကရာဇ်ကြွေလွင့်တောင်၏ သခင်လေးဖြစ်သော ဝမ့်ယန်သာလျှင် ဤအင်မော်တယ်ရတနာကို ရရှိနိုင်ခြင်း ဖြစ်သည်။

ကျန်သော မျိုးဆက်သစ်များက အရည်အချင်းမရှိပေ။

“နည်းလွန်းသေးတယ်”

"ငါသာ ကျန်းလော့လီကို ရယူနိုင်ပြီး အင်မော်တယ်ရတနာကို စုပ်ယူဖို့ သူ့ရဲ့ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာကို အသုံးပြုနိုင်ရင် အကျိုးသက်ရောက်မှုက နှစ်ဆရရှိနိုင်မှာ"

"ဒီဆိုရင် အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကလည်း ပိုပြီးတော့မြန်မြန် အညှောက်ပေါက်နိုင်လိမ့်မယ်။ ဒါပေမဲ့ အခုတော့ ကျွင်းရှောင်ယောက်က အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ"

ဝမ့်ယန်၏ လေသံက အေးစက်သွားသည်။

မူလက သူ့အကြံအစည်မှာ ပြီးပြည့်စုံသည်။ သူက ကျန်းလော့လီကို ရရှိနိုင်လျှင် သူ၏ ကျင့်ကြံမှုက ကြီးကြီးမားမား တိုးတက်လာလိမ့်မည်။

ရလဒ်အနေဖြင့် အစီအစဉ်က လုံးဝ ပျက်စီးခဲ့ရသည်။

လက်ရှိ အင်မော်တယ်ရတနာ ပမာဏက အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ကို အညှောက်ပေါက်စေရန် မလုံလောက်ပေ။

"အခု မြင့်မြတ်တဲ့တောင်မှာ အင်မော်တယ်ရတနာက သိပ်မကျန်တော့ဘူး။ ဒါတွေအားလုံးကို ထွတ်မြတ်ဆရာတွေကို အပ်ထားတယ်"

"အင်မော်တယ်ရတနာကို ပိုရရှိနိုင်ဖို့က ငါ့အတွက် မဖြစ်နိုင်တော့ဘူး"

"အခုချိန်မှာ တစ်ခုတည်းသော အခွင့်အလမ်းက အပျက်အယွင်းနယ်မြေမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို စောင့်ဖို့ပဲရှိတယ်။ အဲဒါက အင်မော်တယ်ရတနာရဲ့ အရင်းအမြစ်ပဲ"

"ငါ အင်မော်တယ်ရတနာတွေကို ပိုရလာတာနဲ့အမျှ အာဒိကပ္ပခရမ်းရောင်ချီမျိုးစေ့ အညှောက်ပေါက်လာပြီး ကျွင်းရှောင်ယောက်ကို လွယ်လွယ်လေး သတ်ပစ်နိုင်တယ်"

ဝမ့်ယန်က သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိတယ်။ သူက အင်မော်တယ်ရတနာများကို ယာယီ လိုအပ်နေရုံသာ။

ကံကောင်းထောက်မစွာဖြင့်၊ ဟွင်းယွမ်ရွှေခွက်တွင် အင်မော်တယ်ရတနာများ ရှိနေသည်ကို သူ မသိခဲ့ပေ။

မဟုတ်လျှင် ဒေါသထွက်လွန်းသဖြင့် သွေးအန်နေလိမ့်မည်။

..............

ယခုအခါ ကျွင်းရှောင်ယောက်၏ လုပ်ရပ်များက ကောင်းကင်ကိုးပါး အနှံ့ ပြန့်နှံ့နေပြီ ဖြစ်သည်။

မတူညီသော တားမြစ်နယ်မြေများတွင် မတူညီသောတုံ့ပြန်မှုများ ရှိ၏။

တချို့က ရှေ့ထွက်လိုပြီး တချို့က အေးစက်စွာ ကြည့်သည်။ တချို့က‌လည်း စူးစမ်းချင်ကြပေသည်။

တားမြစ်နယ်မြေများ၏ ပါရမီရှင်တချို့ကလည်း ကျွင်းရှောင်ယောက်ကို ဖိနှိပ်မည်ဟု ကြေညာခဲ့သည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ ပြင်ပကမ္ဘာက ကောလာဟလများကို လုံးဝ မသိပါ။

သို့မဟုတ် သူသည် လုံးဝ ဂရုမစိုက်ပေ။

ယခုအချိန်တွင် သူက ကျန်းလော့လီ၏ အိပ်ခန်းထဲတွင် လေ့ကျင့်နေသည်။

လေ့ကျင့်နေစဉ်တွင်၊ ကျွင်းရှောင်ယောက်က ကျင့်ကြံမှုရလဒ်များကို တိုးတက်စေနိုင်သော ရှေးဦးဝိညာဉ်ခန္ဓာအကြောင်း ရုတ်တရက် တွေးလိုက်မိ၏။

ဒါက ကျန်းလော့လီကို ပိုးပန်းနေရသော ဝမ့်ယန်၏ အဓိကရည်ရွယ်ချက်လည်း ဖြစ်သင့်သည်။

ကျွင်းရှောင်ယောက်လည်း ကျန်းလော့လီနှင့် တူနှစ်ကိုယ်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်တော့သည်။

ကျန်းလော့လီက ကျွင်းရှောင်ယောက်၏ အဆိုပြုချက်ကို ကြားသောအခါ သူမ၏မျက်နှာလေးက ချက်ချင်းပင် နီမြန်းလာသည်။

သူက တုန်ယင်သော လေသံဖြင့် ပြောလိုက်သည်။

"ကိုကိုရှောင်ယောက်၊ ဒါ... ဒါက ရုတ်တရက်ဖြစ်လွန်းတယ် မဟုတ်လား။ ဟို... ဟိုဟာလေ... ရေအရင်ချိုးရဦးမလား"

"ငတုံးမလေး၊ မင်း ဘာတွေတွေးနေတာလဲ"

ကျွင်းရှောင်ယောက်က ကျန်းလော့လီ၏ ဦးခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

သူ၏ တူနှစ်ကိုယ်ကျင့်ကြံခြင်းက ဖြစ်ရိုးဖြစ်စဉ်အတိုင်း ယောက်ျားနှင့် မိန်းမတို့၏ ပေါင်းစည်းမှု မဟုတ်ပါ။

ထိုအစား သူသည် ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာဖြင့် အင်မော်တယ်ရတနာများကို အပြန်အလှန် သန့်စင်စေလိုသည်။

ဤအကျိုးသက်ရောက်မှုက တစ်ယောက်တည်း လေ့ကျင့်ခြင်းထက် ပိုမို အကျိုးရှိလိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ ရှင်းလင်းချက်က ကျန်းလော့လီ၏ မျက်နှာလေးကို ပို၍ နီမြန်းလာစေသည်။ သူမ၏ နားရွက်များပင် ရဲတွတ်လာတော့သည်။

"တစ်နည်းပြောရရင်... အင်မော်တယ်ရတနာက ညီမရဲ့ ခန္ဓာကိုယ်ထဲကို အရင်ဝင်တယ်၊ ပြီးတော့ ကိုကိုရှောင်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားမယ်။ ပြီးတော့ ညီမရဲ့ ခန္ဓာကိုယ်ထဲကို တစ်ဖန်ပြန်ဝင်သွားမှာပေါ့..."

“ဒါ... ဒါက..."

ကျန်းလော့လီက နှုတ်ခမ်းကို ကိုက်လိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တို့ ပေါ်လာသည်။

ဒါက သာမန် လေ့ကျင့်ခြင်းသာဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း ကျန်းလော့လီ၏ ပါးစပ်ထဲတွင် အဘယ်ကြောင့် တစ်မျိုးပြောင်းလာသနည်း။

ဟုတ်သည်၊ ဒါက ရိုးရှင်းသော အစပျိုးမှုတစ်ခုသာ...

ကျန်းလော့လီက ကျွင်းရှောင်ယောက်၏ တောင်းဆိုချက်ကို သဘာဝအတိုင်း လိုက်လျောခဲ့သည်။

ထို့နောက် နှစ်ယောက်သား စတင်လေ့ကျင့်ကြလေသည်။

ကျန်းလော့လီက သူမ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာကို အသက်သွင်းပြီး အင်မော်တယ်ရတနာများကို ဝါးမျိုလိုက်သည်။

အုံ့ဆိုင်းနေသော အင်မော်တယ်အငွေ့အသက်များက ကျန်းလော့လီကို လနန်းတော်မှ နတ်သမီးတစ်ဦးကဲ့သို့ ဖြစ်စေသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာ၏။

အင်မော်တယ်ရတနာများ၏ အကျိုးသက်ရောက်မှုက အမှန်ပင် နှစ်ဆတိုးလာသည်ကို သူတွေ့လိုက်ရသည်။

ဒါက နှစ်ဆသာဖြစ်သော်လည်း ရိုးရှင်းသော တိုးတက်ခြင်းမျိုး မဟုတ်ပေ။

ဤအရာက ကမ္ဘာပေါ်တွင် အလွန်ရှားပါးသော အင်မော်တယ်ရတနာ ဖြစ်သည်။

ဒါက အင်မော်တယ်ရတနာများ၏ နှစ်ဆတိုးခြင်းနှင့် ညီမျှပေသည်။

ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာဖြင့် သန့်စင်ပြီးနောက် ၎င်းက နှစ်ဆအကျိုးသက်ရောက်မှု ဖြစ်နိုင်သည်။

ဒါက ကြောက်စရာကောင်းလွန်းပေသည်။

ဒါတောင် ကျန်းလော့လီက အင်မော်တယ်ရတနာများကို စတင်စုပ်ယူပြီး သန့်စင်ခါစဖြစ်၍ မကျွမ်းကျင်သောကြောင့် ဖြစ်သည်။

သူမ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာက ၎င်း၏ အပြည့်စုံဆုံး အခြေအနေသို့ မရောက်သေးပါ။

ဟွင်းယွမ်ရွှေခွက်ကို သန့်စင်ကာ ရှေးဦးဝိညာဉ်ကမ္ဘာကို အောင်မြင်စွာ လေ့ကျင့်ပြီးနောက်...

ကျွင်းရှောင်ယောက်၏ အင်မော်တယ်ရတနာများကို သန့်စင်ခြင်း၏ အကျိုးသက်ရောက်မှုက သုံးဆ၊ ငါးဆ သို့မဟုတ် ဆယ်ဆပင် တိုးတက်လာမည် ဖြစ်သည်။

ဤသည်မှာ ကောင်းကင်ကို အံတုနေပြီး မယုံနိုင်စရာ အကောင်းဆုံး အဖော်ခန္ဓာပင်။

ကျွင်းရှောင်ယောက်လည်း ပျော်ရွှင်စွာဖြင့် ကျန်းလော့လီကို ပွေ့ဖက်လိုက်သည်။

"လော့လီ၊ မင်းသိရဲ့လား။ မင်းက လမ်းလျှောက်နေတဲ့ ရတနာလေးဖြစ်နေပြီ"

ကျန်းလော့လီ၏ တာအိုခန္ဓာက တန်ဖိုးဖြတ်၍မရပေ။

ရှန်းလင်က သူမကို အလွန်တန်ဖိုးထားသည်မှာ အံ့ဩစရာမရှိတော့ပါ။

ဟုတ်သည်၊ ကျွင်းရှောင်ယောက်က ဤအချက်ကြောင့် ကျန်းလော့လီကို တန်ဖိုးထားခြင်းတော့ မဟုတ်ပါ။

ကျန်းလော့လီက ကျန်းလော့လီဖြစ်သောကြောင့် ဖြစ်သည်။

သူ့မိန်းမကို တန်ဖိုးဖြတ်စရာ မရှိပေ။

"ညီမက ကိုကိုရှောင်ယောက်ရဲ့ ရတနာပဲ ဖြစ်ချင်တာပါ။ ကိုကိုရှောင်ယောက်ကို ကူညီနိုင်တာက လော့လီရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပါပဲ"

ကျန်းလော့လီလည်း ပျော်ရွှင်မှုကို ခံစားခဲ့ရလေသည်။

ဤလေ့ကျင့်မှုက ကျွင်းရှောင်ယောက်အတွက်သာမကဘဲ ကျန်းလော့လီကိုယ်တိုင်လည်း အကျိုးရှိသည်။

ထို့ပြင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင်း၌ အင်မော်တယ်ရတနာက အတွင်းစကြာဝဠာ၏ မူလအစ အရိပ်အယောင်နှင့် ပေါင်းစပ်သွားမည် ဖြစ်သည်။

ဤအရာက ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်ကမ္ဘာအတွက် မမြင်နိုင်သော အကူအညီတစ်ခုပင်။

ထို့ကြောင့် ဤလေ့ကျင့်ခြင်းက ကျွင်းရှောင်ယောက်အတွက်သာမကဘဲ ကျန်းလော့လီအတွက်ပါ အလွန်အကျိုးရှိစေသည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီတို့က ဤတူနှစ်ကိုယ်လေ့ကျင့်ခြင်းတွင် နစ်မြုပ်သွားကြလေသည်။

သူတို့နှစ်ဦးကြားတွင် အင်မော်တယ်ရတနာများက လှည့်ပတ်သွားလာနေပြီး သူတို့၏အရှိန်အဝါများကလည်း တစ်ချိန်တည်းတွင် မြင့်တက်လာခဲ့သည်။

ထို့ပြင် ရွှေရောင်နှစ်များသစ်သီး၏ အကူအညီလည်း ရှိသေးသည်။

ကျွင်းရှောင်ယောက်၏ အောင်မြင်မှုက သာမန်မဟုတ်မည်မှာ သေချာသည်။

All Chapters