အခန်း ၁၃၉၇
Vol. 94 Ch. 1397
အခန်း ( ၁၃၉၇ ) ဓားသင်္ချိုင်းကို ဖွင့်လှစ်တော့မည်။
အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း သုံးလကျော်သွားပြီ။
ဤသုံးလအတွင်းမှာ ကျွင်းရှောင်ယောက်ကို မည်သူမျှ လာမရှာကြသော်လည်း မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ ဓားဧကရာဇ်က ကျွင်းရှောင်ယောက်ကို အရေးယူမည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။
ဓားဧကရာဇ်က ကောင်းကင်ကိုးပါးတွင် နာမည်ကျော်ကြားသည်။ သူသည် ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်းတွင် အဆင့်ရှစ်ဖြစ်ပြီး မဟာကောင်းကင်အဓိပတိအဆင့် ကျင့်ကြံမှုရှိ၏။
ဤအရာက လူများစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။
ထို့ပြင် သားရဲဂူ၏ ဘုရင်လေးပါးတွင် ဒုတိယအဆင့်ရှိ ဟွင်းဝမ်လည်း ကျွင်းရှောင်ယောက်ကို ဆုံးမပြီး အခြားဘုရင်နှစ်ပါးကို ကယ်တင်မည်ဟု ကြေငြာခဲ့သည်။
ဟွင်းဘုရင်က ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်းတွင် အဆင့်ကိုး ဖြစ်သည်။
သူ၏ ခွန်အားသည် ဓားဧကရာဇ်နှင့် မကွာပေ။
တစ်ချိန်တည်းမှာပင် ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်း၏ ထိပ်တန်းဆယ်ဦးစာရင်းတွင် ပါ၀င်သည့် ပါရမီရှင်နှစ်ဦးစလုံးက ကျွင်းရှောင်ယောက်ကို ဆုံးမမည်ဟု ကြေညာခဲ့သည်။
ဤအချက်ကြောင့် ကောင်းကင်ကိုးပါးတစ်ခုလုံး တုန်လှုပ်ခဲ့ရပေသည်။
ကောင်းကင်ကိုးပါးမှ သတ္တဝါများက ဓားဧကရာဇ်နှင့် ဟွင်းဝမ်မှ ကျွင်းရှောင်ယောက်ကို အနိုင်ယူကာ ကောင်းကင်ကိုးပါး၏ ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်စေနိုင်ရန် မျှော်လင့်ခဲ့ကြသည်။
ထိုအချိန်တွင်၊ နောက်ထပ် တုန်လှုပ်စရာ သတင်းတစ်ခုကလည်း ထပ်မံ ထွက်ပေါ်လာပြန်သည်။
ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ဆယ်ခုထဲမှ တစ်ခုဖြစ်သည့် ဓားသင်္ချိုင်းက နောက်ဆုံးတွင် ၎င်း၏တံခါးများကို ဖွင့်တော့မည်။
ဒါက ကောင်းကင်ကိုးပါးကို အကြီးအကျယ် တုန်ခါစေခဲ့သည်။
အကြောင်းပြချက်က အလွန်ရိုးရှင်းပေသည်။
ဓားသင်္ချိုင်းက ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ဆယ်ခုအနက် အထူးခြားဆုံး တားမြစ်နယ်မြေ ဖြစ်သည်။
ဤတားမြစ်နယ်မြေတွင် သွေးအနွယ်ဝင် သို့မဟုတ် အထူးအမွေဆက်ခံသူများ မရှိပါ။
ရှေးခေတ်မှ ယနေ့အထိ ဓားသင်္ချိုင်း၏ မျိုးဆက်တစ်ခုစီတွင် လူအနည်းငယ်မျှသာ ရှိခဲ့သည်။
ဓားသင်္ချိုင်း၏ အကြွယ်ဝဆုံးအချိန်မှာပင် လူတစ်ဒါဇင်ခန့်သာရှိခဲ့သည်ဟု ကောလဟာလများ ရှိသေးသည်။
ထို့ပြင်၊ ဓားသင်္ချိုင်းတွင် သွေးမျိုးဆက် ဆက်နွယ်ခြင်းဟူ၍ မရှိပါ။
ဓားသင်္ချိုင်းကို အမွေဆက်ခံရန် တစ်ခုတည်းသော နည်းလမ်းက ခေတ်တိုင်းတွင် တံခါးဖွင့်ပြီး ပြင်ပကမ္ဘာမှ သွေးသစ်များကို စုပ်ယူခြင်း ဖြစ်သည်။
၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သရွေ့ ဓားသင်္ချိုင်း၏ လူတစ်ဦးဖြစ်လာနိုင်ပြီး အခွင့်အလမ်းများစွာ၊ နတ်ဘုရားစွမ်းရည် စသည်တို့ကို ရယူနိုင်လိမ့်မည်။
အကယ်၍ စမ်းသပ်မှု အောင်မြင်ပါက ဓားသင်္ချိုင်း၏ အမွေဆက်ခံသူ ဖြစ်လာနိုင်သည်။
သို့သော်လည်း ဓားသင်္ချိုင်းတွင် လူအနည်းငယ်သာရှိ၍ အနိုင်ကျင့်ရန် လွယ်ကူသည်ဟု မထင်သင့်ပါ။
ဓားသင်္ချိုင်းမှာ ကြောက်စရာကောင်းသော တည်ရိမှုတစ်ခုရှိသည်ဟု ကောလဟာလများ ရှိသည်။
သို့သော်လည်း ဓားသင်္ချိုင်း၏ အထူးသဘာ၀ကြောင့် ၎င်းတို့သည် အခြေခံအားဖြင့် မငြိမ်သက်မှုများတွင် မပါဝင်ဘဲ ကြားနေသဘောထားကို အမြဲထိန်းသိမ်းထားခဲ့သည်။
ယခုမူ၊ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ဓားသင်္ချိုင်းက ၎င်း၏တံခါးများကို ပြန်ဖွင့်ပေးတော့မည်။
ဒါက အရပ်ရပ်မှ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။
ဓားဧကရာဇ်နှင့် အခြားသော ပါရမီရှင်များ အားလုံးက ထိုနေရာသို့ သွားကြလိမ့်မည်။
လူတိုင်းက ဓားသင်္ချိုင်းကို မဝင်ရောက်နိုင်သော်လည်း အခွင့်အလမ်းကောင်းများကို ရရှိနိုင်သည်။
အရေးအကြီးဆုံးအချက်က ဓားသင်္ချိုင်းမှာ အမျိုးအမည် ခွဲခြားမှုမရှိပါ။
တစ်နည်းဆိုရသော် မည်သည့်အင်အားစု၊ မည်သည့်မျိုးနွယ်စုမှမဆို သတ္တဝါတိုင်းက လေ့ကျင့်ရန်အတွက် ဓားသင်္ချိုင်းထဲသို့ သွားရောက်နိုင်သည်။
ဒါက ပါဝင်သူ အရေအတွက်ကို ကန့်သတ်ထားသော ရှန်းလင်၏ စန်းရှန်းအင်မော်တယ်ဂူနှင့် မတူပေ။
ဤနည်းဖြင့် ဓားသင်္ချိုင်းသို့သွားရောက်မည့် ပါရမီရှင် အရေအတွက်က အလွန်ကြောက်စရာကောင်းသည်မှာ သေချာသည်။
သူတို့ကြားတွင် အမည်မထင်ရှားသော ဖျက်မြင်းတချို့ပင် ပါဝင်လာလိမ့်မည်။
ဆိုရလျှင်၊ ဓားသင်္ချိုင်းဖွင့်ပွဲက ကောင်းကင်ကိုးပါးတစ်ခုလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော အဓိကပွဲတစ်ခု ဖြစ်သည်။
အပြင်လောကမှာ ကမောက်ကမ ဖြစ်နေချိန်...
ရှန်းလင်ရှိ ကျန်းလော့လီ၏ အိပ်ခန်းထဲမှာ...
ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီတို့က တူနှစ်ကိုယ်လေ့ကျင့်ခြင်းကို သုံးလတိုင်တိုင် လေ့ကျင့်ခဲ့ကြသည်။
ယခုဆိုလျှင် သူတို့၏ ကျင့်ကြံမှုက အရေးကြီးသော အခိုက်အတန့်ကို ရောက်နေပြီ။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ ပိတ်ဆို့မှုများ ကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။
မီးတောင်ပေါက်ကွဲသကဲ့သို့ ကောင်းကင်အဓိပတိငယ်အဆင့်မှ မဟာကောင်းကင်အဓိပတိအဆင့်အထိ တစ်ကြိမ်တည်း ဖြတ်ကျော်နိုင်ခဲ့၏။
ပုံမှန်အားဖြင့် အဓိပတိနယ်ပယ်ခုနစ်ခုတွင် နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်နိုင်ခြင်းက အလွန်ကောင်းမွန်နေပြီဖြစ်သည်။ ထိုအတွက် များစွာ ကြိုတင်စုဆောင်းထားရန်လည်း လိုအပ်သေးသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်အတွက် ဒါက အစမျှသာ ဖြစ်သည်။
သူ့အရှိန်အဝါများက ဆက်လက် တိုးတက်လာသည်။
မဟာကောင်းကင်အဓိပတိ အစောပိုင်း အဆင့်။
မဟာကောင်းကင်အဓိပတိ အလယ်လတ်အဆင့်။
မဟာကောင်းကင်အဓိပတိ နှောင်းပိုင်းအဆင့်။
မဟာကောင်းကင်အဓိပတိ သေးငယ်သော ပြီးပြည့်စုံမှုအဆင့်။
မဟာကောင်းကင်အဓိပတိ ကြီးမားသော ပြီးပြည့်စုံမှုအဆင့်။
ဤအချိန်တွင်ပင် ကျွင်းရှောင်ယောက်မှာ ခွန်အားအနည်းငယ် ကျန်နေသေးသည်။
သူက မဟာကောင်းကင်အဓိပတိ ကြီးမားသော ပြီးပြည့်စုံမှုအဆင့်သို့ရောက်ရှိပြီး ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့်၏ အတားအဆီးကို ချဉ်းကပ်နေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဆန္ဒရှိနေသရွေ့ အဆင့်တက်နိုင်လိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ထိုသို့လုပ်ရန် မရွေးချယ်ခဲ့ပေ။
ကောင်းကင်ကိုးပါး၏ အခွင့်အလမ်းများက ဒါအကုန်မဟုတ်ကြောင်း သူ ယောင်ဝါးဝါး ခံစားမိသည်။
နောက်ပိုင်းတွင် ပိုကောင်းမွန်သော အခွင့်အရေးကို ရကောင်းရလိမ့်မည်။
ထိုအချိန်တွင်၊ ထပ်မံဖြတ်ကျော်ပါက သူ့ခွန်အားက ပိုမိုတည်ငြိမ်လာရုံသာမကဘဲ ဆန်းကျယ်ကောင်းကင်အဓိပတိနယ်ပယ်သို့ ကောင်းမွန်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က ရေရှည်ကို အမြဲကြိုပြီးကြည့်တတ်သည်။
သူက အဆင့်တစ်ခုတက်ရန် အလျင်မလိုပေ။
ထိုအချိန်တွင် သင့်တော်သော အခွင့်အလမ်းကို ရှာမတွေ့ခဲ့လျှင်ပင် သူ့ဘာသာ ဖြတ်ကျော်နိုင်သည်။
ဒါက သူ့ယုံကြည်မှုပင်။
ကျွင်းရှောင်ယောက်က ဆုံးဖြတ်ချက်ချပြီးနောက် သူ့ခန္ဓာကိုယ်တွင်းရှိ အင်မော်တယ်ရတနာများနှင့် အနှစ်သာရများကို ထုတ်ယူလိုက်သည်။
အားလုံးကို ကျန်းလော့လီ၏ နူးညံ့သော ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်၏။
"ကိုကိုရှောင်ယောက်၊ ရှင်..."
ကျန်းလော့လီက အံ့ဩသွားပြီး သူ့မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်သည်။
ကျွင်းရှောင်ယောက်က အင်မော်တယ်ရတနာအားလုံးကို သူ့ထံသို့ အမှန်တကယ် ပို့လွှတ်ခဲ့ပေသည်။
"စိတ်မပူပါနဲ့၊ အဆင့်ချိုးဖြတ်ဖို့ပဲ အာရုံစိုက်ထား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျန်းလော့လီ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်အတွင်းမှ အတားအဆီး ကွဲအက်သံကိုလည်း ကြားရ၏။
သူမ၏ ကျင့်ကြံမှုက ကောင်းကင်အဓိပတိငယ်အဆင့်သို့ ရောက်သွားသည်။
ဒါက ကျွင်းရှောင်ယောက်နှင့် နှိုင်းမယှဉ်မရသော်လည်း မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းအဆင့်သို့ ရောက်နေပြီ။
၎င်းက သူမ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာကြောင့် ဖြစ်သည်။ ၎င်းမှာ အင်မော်တယ်ရတနာကဲ့သို့ အရာမျိုးနှင့် လိုက်ဖက်လွန်းပြီး သန့်စင်ခြင်းလုပ်ငန်းစဉ်ကလည်း စီးဆင်းနေသော ရေပမာ ချောမွေ့မှုရှိလေသည်။
"ကိုကိုရှောင်ယောက်၊ ရှင့်ရဲ့ အရှိန်အဝါက..."
သို့သော်လည်း ကျန်းလော့လီက သူကိုယ်တိုင်ထက် ကျွင်းရှောင်ယောက်ကို ဦးစွာ ဂရုစိုက်သည်။
ကျွင်းရှောင်ယောက်၏ အရှိန်အဝါက ယခင်ကထက် အဆများစွာ ပိုနက်ရှိုင်းသည်ဟု သူ ခံစားရ၏။
သူ၏ လက်ရှိကျင့်ကြံမှုဖြင့်ပင် ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရသောအခါ အဆုံးမဲ့ နက်ရှိုင်းပြီး နားမလည်နိုင်အောင် ခံစားရသေးသည်။
"မဟာကောင်းကင်အဓိပတိ ကြီးမားသော ပြီးပြည့်စုံမှူအဆင့် ဒါမှမဟုတ် ဆန်းကျယ်ကောင်းကင်အဓိပတိတစ်ပိုင်းအဆင့်လို့လည်း ပြောနိုင်တယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ယခင် ကောင်းကင်အဓိပတိငယ်အဆင့်တွင် ရှိစဉ်ကတည်းက ကျွင်းရှောင်ယောက်သည် သာမန် ဆန်းကျယ်ကောင်းကင်အဓိပတိများကို မကြောက်ခဲ့ပေ။
ယခုဆိုလျှင် ကျွင်းရှောင်ယောက်၏ နယ်ပယ်က တိုးတက်လာခဲ့ပြီမို့ ဆန်းကျယ်ကောင်းကင်အဓိပတိကို အလေးအနက်ထားရန် မလိုတော့ပါ။
မဟာကောင်းကင်အဓိပတိများဆိုလျှင် အထူးပြောနေရန်ပင် မလိုတော့ပါချေ။
ကျွင်းရှောင်ယောက်၏ လက်ရှိအင်အားဖြင့် နတ်ဖန်ဆင်းခြင်းအဓိပတိ သို့မဟုတ် ပျက်စီးခြင်းတာအိုသခင်တို့ပင် အလွယ်တကူ မဖိနှိပ်နိုင်တော့ပါ။
ယေဘုယျအားဖြင့်၊ အဓိပတိနယ်ပယ်ခုနစ်ခုတွင် အဆင့်တစ်ခုနှင့်တစ်ခုကြား ကွာဟချက်က မိုးနှင့်မြေကဲ့သို့ ကြီးမားသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ ဒါက ထူးခြားသောအရာ မဟုတ်တော့ပါ။
"ကိုကိုရှောင်ယောက်က ကိုကိုရှောင်ယောက်ပါပဲ။ သူ့ကို လိုက်မီဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ကျန်းလော့လီက ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်သည်။
ဒါက သူချစ်မြတ်နိုးရသူပင်။
လေ့ကျင့်မှုပြီးနောက်၊ ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီက အခန်းထဲမှ ထွက်ခဲ့သည်။
မကြာမီ၊ ယွင်ထျမ်းမေ ရောက်ရှိလာ၏။
သူက သံသယမျက်လုံးတို့ဖြင့် ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီတို့ကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။
"အစ်မယွင်၊ ရှင်ဘာတွေကြည့်နေတာလဲ"
ကျန်းလော့လီက မေးလိုက်သည်။
"သုံးလတောင်ကြာတာပဲ"
ယွင်ထျန်းမေက ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ သူ့မျက်လုံးထဲမှ အဓိပ္ပာယ်က မပြောဘဲနှင့် သိနိုင်သည်။
"အစ်မယွင်၊ ရှင်ဘာတွေတွေးနေတာလဲ"
ကျန်းလော့လီ၏ ပါးပြင်ပေါ်တွင် အနီရောင် တိမ်တိုက်လေးနှစ်ခု ချက်ချင်း ပေါ်လာသည်။
"နတ်သမီးထျန်းမေ၊ ခင်ဗျား နားလည်မှုလွဲနေပြီ"
ကျွင်းရှောင်ယောက်က ပြုံးလျက် ရှင်းပြလိုက်သည်။
"ဪ၊ ဟုတ်လား"
ယွင်ထျန်းမေက မယုံသင်္ကာဖြင့် မျက်ခုံးပင့်တင်လိုက်၏။
"သုံးလပဲ ရှိသေးတဲ့ဟာ... ကျုပ်ကို လျှော့တွက်နေတာလား ဒါမှမဟုတ် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို အထင်သေးတာလား"
"တကယ်ဆိုရင် နှစ်နဲ့တွက်သင့်တယ်"
ကျွင်းရှောင်ယောက်က ရွှတ်နောက်နောက် ပြောလိုက်သည်။
ဒီတစ်ခါတော့ ယွင်ထျန်းမေလည်း ရှက်ရွံ့သွားလေသည်။
"ထားပါ၊ ဒီအကြောင်းကို မပြောတော့ဘူး။ အခု ဒီကိုလာတာက သတင်းပေးစရာရှိလို့။ ဓားသင်္ချိုင်းက ပွင့်တော့မယ်"
ယွင်ထျန်းမေက ပြောလိုက်သည်။