← Chapters

အခန်း ၁၃၉၈

Vol. 94 Ch. 1398

အခန်း ၁၃၉၈

Vol. 94 Ch. 1398

အခန်း ( ၁၃၉၈ ) တာ့လော့ဓားသန္ဓေ၏ ဆင့်ကဲပြောင်းလဲရန် အခွင့်အလမ်း။

"ဓားသင်္ချိုင်းလား"

"ဟုတ်တယ်၊ ‌ဓားသင်္ချိုင်းက ကောင်းကင်ကိုးပါးရဲ့ တားမြစ်နယ်မြေ ဆယ်ခုထဲက တစ်ခုဖြစ်ပြီး အင်မတန် ထူးခြားတဲ့ တားမြစ်နယ်မြေတစ်ခုပဲ"

"မျိုးဆက်တစ်ခုစီမှာ လူဦးရေက လက်တစ်ဆုပ်စာပဲရှိတယ်။ အများဆုံးက တစ်ဒါဇင် ဒါမှမဟုတ် တစ်ဒါဇင်ဝန်းကျင်ပဲ။ အဲဒီနေရာက ဓားသမားတွေအတွက် ကြီးမားတဲ့ အမွေအနှစ်နယ်မြေလို့ ဆိုနိုင်တယ်"

ယွင်ထျန်းမေက ဓားသင်္ချိုင်းနှင့်ပတ်သက်သော အကြောင်းအရာအချို့ကို အတိုချုံးပြောပြလိုက်သည်။

"ကျုပ် နားလည်ပါတယ်၊ အဲဒါက ဓားသမားတွေရဲ့ အမွေဆက်ခံမှုနေရာဖြစ်တဲ့အပြင် တခြား တားမြစ်နယ်မြေတွေနဲ့လည်း အတော်လေးကွာခြားမှုရှိတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

အရေးကြီးဆုံးအချက်က အတိတ်မှ ကပ်ဘေးလှိုင်းကြီးများတွင်...

ဓားသင်္ချိုင်းက အခြေခံအားဖြင့် အပြင်လူတစ်ဦးကဲ့သို့ ဘေးမှစောင့်ကြည့်နေပြီး ပါဝင်ခြင်းမရှိခဲ့ပေ။

ထို့ကြောင့်ပင်၊ ကျွင်းရှောင်ယောက်က တခြားတားမြစ်နယ်မြေများကဲ့သို့ ဓားသင်္ချိုင်းအပေါ်တွင် မကျေလည်မှုမျိုး မရှိခဲ့ပါ။

"ဒါဆိုရင် ဒီတစ်ခေါက်မှာ ဓားသင်္ချိုင်းက အမွေဆက်ခံသူကို ရွေးချယ်တော့မှာပေါ့"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဒီအခွင့်အရေးမျိုး အမှန်တကယ်ရှိပါတယ်၊ ဒါပေမဲ့ အများအားဖြင့်တော့ အခြား တားမြစ်နယ်မြေတွေရဲ့ ပါရမီရှင်တွေက ဓားသင်္ချိုင်းကို မဝင်ရောက်ကြဘူး"

"နောက်ပြီးတော့ ကျွင်းသခင်လေးရဲ့ ခွန်အားနဲ့ ဓားသင်္ချိုင်းကို သွားမယ်ဆိုရင် အထောက်အထားတစ်ခုကို အလွယ်လေး ရယူနိုင်မယ် မဟုတ်လား"

"ဓားသင်္ချိုင်းရဲ့ အသိအမှတ်ပြုခံရဖို့နဲ့ ဓားသင်္ချိုင်းမှာ ပါဝင်ရဖို့က ပြဿနာမဖြစ်သင့်ဘူး"

ယွင်ထျန်းမေက ပြောလိုက်၏။

ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းသို့ ဝင်ရောက်ခဲ့လျှင် ၎င်းက သူ့အတွက် အကာအကွယ်တစ်ခု ဖြစ်လိမ့်မည်။

"ဒါပေမဲ့ ကျုပ်က ဓားရေးကျွမ်းကျင်တဲ့သူ မဟုတ်ဘူး၊ ဓားသမားလည်း မဟုတ်ဘူးလေ။ ဓားပညာကို လေ့ကျင့်ဖူးပေမဲ့ အခြေခံအားဖြင့်တော့ စစ်မှန်တဲ့ ဓားသမားမဟုတ်ဘူးလို့ ဆိုနိုင်တယ်"

ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ ဓားသမားဟု မယူဆပေ။

သို့သော်လည်း အင်မော်တယ်နယ်မြေကြီးမှ ဓားသမားအချို့သာ ကျွင်းရှောင်ယောက်၏ ဤစကားကို ကြားလိုက်ရလျှင် ကျိန်းသေပေါက် သွေးအန်သွားရမည်ဖြစ်သည်။

မဟာနတ်ဘုရားသိုင်း ငါးခုစလုံးက ယခုအခါ ကျွင်းရှောင်ယောက်၏ လက်ထဲသို့ ရောက်နေပြီ။

ကျွင်းရှောင်ယောက်က ဤနတ်ဘုရားသိုင်းကြီး ငါးခုကို ပိုအားကောင်းသည့် ဓားသိုင်းအသစ်အဖြစ် ပေါင်းစပ်ခဲ့သေးသည်။

သူသည် ဓားပညာကို များစွာ မလေ့လာခဲ့သော်လည်း ဓားသမားအများစုကို ကျော်ဖြတ်ရန် လုံလောက်သည်။

သို့သော်လည်း ယွင်ထျန်းမေက ကျွင်းရှောင်ယောက်၏ ဓားပညာအဆင့်ကို မသိပါ။

ထို့ကြောင့် အကြံဉာဏ်များ ပေးလိုက်သည်။

"ဒါပေမဲ့ ဓားသင်္ချိုင်းမှာ အခွင့်အလမ်းအများကြီးရှိတယ်။ အများစုက ရှေးဟောင်းဓားဝိညာဉ်တွေတောင် ရှိနေတယ်တဲ့"

"အဲဒီကနေ ဧကရာဇ်တစ်ပိုင်းအဆင့် ဓားဝိညာဉ်ကိုတောင် ရနိုင်တယ်"

ယွင်ထျန်းမေက ပြောလိုက်၏။

ဒါက ကျွင်းရှောင်ယောက်၏ မျက်လုံးများကို အနည်းငယ် တောက်ပသွားစေသည်။

သူသည် အချိန်အတော်ကြာအောင် မတိုးတက်ခဲ့သော တာ့လော့ဓားသန္ဓေကို သတိရမိ၏။

ဓားသင်္ချိုင်းအတွင်းတွင်၊ တာ့လော့ဓားသန္ဓေကို အသွင်ပြောင်းရန် အခွင့်အလမ်းတစ်ခု ရှိကောင်းရှိနိုင်သည်။

"ဒါနဲ့ စကားမစပ်၊ ဓားဧကရာဇ်က ဓားသင်္ချိုင်းကို သွားနိုင်တယ်"

ယွင်ထျန်းမေက ပြောလိုက်သည်။

"ဓားဧကရာဇ်လား..."

"သူက မြင့်မြတ်ဝိညာဉ်အပျက်အယွင်းရဲ့ ထိပ်တန်း ပါရမီရှင်တွေထဲက တစ်ပါးပဲ"

ယွင်ထျန်းမေက ပြောလိုက်၏။

"ဪ"

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူနှင့် မြင့်မြတ်ဝိညာဉ် အပျက်အယွင်းကြား များစွာသော ပဋိပက္ခများ ရှိခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က‌ ဤဓားဧကရာဇ်ကို ဂရုမစိုက်ပေ။

သူ အဆင့်မတက်သေးချိန်မှာတောင် ဓားဧကရာဇ်ကို ဂရုမစိုက်ခဲ့ပါ။

ကျွင်းရှောင်ယောက်၏ လျစ်လျူရှုထားသော အမူအရာကို သတိပြုမိဟန်ဖြင့် ယွင်ထျန်းမေက သတိပေးလိုက်သည်။

"ဒါနဲ့ ကျွင်းသခင်လေးရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က ဘာလဲ။ အဲဒီဓားဧကရာဇ်က မဟာကောင်းကင်အဓိပတိအဆင့်မှာ ရှိတယ်"

"နောက်ပြီးတော့ သားရဲဂူရဲ့ ဘုရင်ငယ်လေးပါးထဲက တစ်ပါးဖြစ်တဲ့ ဟွင်းဝမ်ကလည်း ရှင့်ကို ဖိနှိပ်မယ်လို့ ကြုံးဝါးနေသေးတယ်။ သူကလည်း မဟာကောင်းကင်အဓိပတိအဆင့်မှာ ရှိတယ်"

ယွင်ထျန်းမေက ကျွင်းရှောင်ယောက်ကို အကဲခတ်လိုက်သည်။

ကျွင်းရှောင်ယောက်က သူ့အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်ထားသောကြောင့် အပြင်လူများ ရိပ်မိနိုင်ရန် ခက်ခဲပေသည်။

သို့ရာတွင်၊ ယွင်ထျန်းမေက ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်သော်လည်း ယခင်ကထက် ပိုနက်နဲလာတာကိုတော့ ခံစားရသည်။

ယွင်ထျန်းမေ၏စကားကို ကြားသောအခါ ကျန်းလော့လီ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ကျွင်းရှောင်ယောက်၏ လက်ရှိ ကျင့်ကြံမှုအဆင့်က ထိုသူနှစ်ဦးထက် ကျော်လွန်သွားပုံပင်။

"ဒါက အသေးအဖွဲ အောင်မြင်မှုလေးပါပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူ့အတွက်တော့ ဒါက ရိုးရှင်းသော အောင်မြင်မှုတစ်ခုသာဖြစ်ပြီး ဘာမျှမထူးခြားပေ။

"ဒါဆိုရင် ကျွင်းသခင်လေး ပိုပြီး သတိထားသင့်တယ်။ နောက်ဆုံးတော့ သူတို့အားလုံးက ကောင်းကင်နဂါးနဲ့ဖီးနစ်စာရင်းရဲ့ ထိပ်တန်းဆယ်ယောက်ထဲမှာ ပါဝင်တယ်"

ယွင်ထျန်းမေက စိုးရိမ်မကင်းဟန်ဖြင့် သတိပေးလိုက်၏။

ယွင်ထျန်းမေ၏ စိုးရိမ်ပူပန်စွာ သတိပေးနေပုံက ကျန်းလော့လီ၏ မျက်လုံးများတွင် သံသယအရိပ်အမြွက်တို့ ပေါ်လာစေခဲ့သည်။

သူက ယွင်ထျန်းမေကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

"အစ်မယွင်၊ ရှင်က ဘယ်အချိန်ကစပြီး ကိုကိုရှောင်ယောက်ကို ဒီလောက်စိုးရိမ်တတ်လာတာလဲ"

"အို...မဟုတ်..."

"ကျွန်မ... ကျွန်မမှာ ကျွင်းသခင်လေးနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အတွေးတွေ လုံးဝမရှိပါဘူး"

ယွင်ထျန်းမေက တုန်လှုပ်သွားပြီးနောက် ထစ်ငေါ့စွာဖြင့် ငြင်းဆန်ရင်း ခေါင်းကိုခါယမ်းလိုက်သည်။

သို့သော်လည်း ဘယ်လိုပဲကြည့်ကြည့် သူက တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေသလို ခံစားရပေသည်။

ကျန်းလော့လီ၏ မျက်လုံးများမှ သံသယအရိပ်အယောင်က ပို၍ပင် အားကောင်းလာခဲ့သည်။

"ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ နတ်သမီးထျန်းမေ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျွင်းရှောင်ယောက်က အဆင်မပြေမှုကို ဖြေလျှော့ရန် ပြုံးပြီး ပြောလိုက်သည်။

"ရပါတယ်၊ ကျွန်မ ပြောချင်တာကလည်း ဒီလောက်ပဲ။ အခု သွားတော့မယ်"

ယွင်ထျန်းမေက ပြောဆိုပြီး ကမန်းကတန်း ပြန်ထွက်သွားလေသည်။

ဓားသမားများအတွက် အခွင့်အလမ်းများက သူ့အတွက် အသုံးမဝင်သောကြောင့် သူသည် ဓားသင်္ချိုင်းသို့ သွားရန် ရည်ရွယ်ချက်မရှိပေ။

ကျွင်းရှောင်ယောက်ကို သတိပေးရန်အတွက် သက်သက်လာခဲ့ခြင်း ဖြစ်သည်။

ယွင်ထျန်းမေ ထွက်ခွာသွားတာကိုကြည့်ရင်း ကျန်းလော့လီက သက်ပြင်းချလိုက်သည်။

"ဟင်း...၊ အစ်မယွင်လည်း ကိုကိုရှောင်ယောက်ရဲ့ ကျက်သရေအောက်မှာ ကြွေဆင်းသွားပုံရတယ်"

"ဒါအားလုံးက ကိုယ့်အမှားပါပဲ။ တစ်ခါတလေ အရမ်းထူးချွန်တာဟာ အပြစ်တစ်ခုပဲ"

ကျွင်းရှောင်ယောက်ကလည်း သက်ပြင်းချလိုက်၏။

သူက ယွင်ထျန်းမေကို တမင်တကာ ပရောပရီ မလုပ်ခဲ့ပေ။

ဒါက ပိရမစ်ထိပ်တွင် ရပ်တည်နေမိသည့် အပြစ်ကြောင့်သာ ဖြစ်သည်။

"ထားပါ၊ လော့လီ... မင်း ဓားသင်္ချိုင်းကို သွားမှာလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

သူကတော့ ဓားသင်္ချိုင်းသို့ သွားရန် ဆုံးဖြတ်ထားပြီးပြီ။

ကျန်းလော့လီက ခဏစဉ်းစားပြီးနောက် ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

"လော့လီလည်း ကိုကိုရှောင်ယောက်ရဲ့အနားမှာ ဆက်နေချင်ပါတယ်။ ဒါပေမဲ့..."

"လော့လီက ဟွင်းယွမ်ရွှေခွက်ကို အသုံးပြုပြီး ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်ကို ခိုင်မာအောင် လေ့ကျင့်ချင်တယ်"

ယခင်က ကျန်းလော့လီသည် ကျွင်းရှောင်ယောက်၏ အနားမှာပဲ အမြဲကပ်နေချင်ခဲ့သည်။

သို့ရာတွင်၊ ယခုက မတူတော့ပေ။

"ကောင်းပြီ"

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ကျန်းလော့လီနှင့်‌ ရက်အနည်းငယ်ကြာ နေထိုင်ခဲ့လေသည်။

နောက်ပိုင်းမှာတော့ ကျန်းလော့လီက ကျင့်ကြံမှုတွင် အာရုံစိုက်ခဲ့သည်။ ကျွင်းရှောင်ယောက်လည်း ရှန်းလင်မှ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

ရှန်းလင်၏ ဂိတ်တံခါးဝတွင် သားရဲကြီးနှစ်ကောင်ကကော ရထားလုံးတစ်စီး ပေါ်လာသည်။

ထိုသားရဲနှစ်ကောင်က ရှားဘုရင် တောက်ထျဲနှင့် ရှုံးဝမ် ချုံးချီတို့ ဖြစ်၏။

သူတို့နှစ်ဦးစလုံးကို ကျွင်းရှောင်ယောက်က အပြတ်အသတ် အနိုင်ယူခဲ့သောကြောင့် သူတို့၏ ဒေါသများကို မျိုသိပ်ကာ လှည်းဆွဲရန် နွားများအဖြစ် ပြုမူဆောင်ရွက်ခဲ့ကြရလေသည်။

အဝေး‌တွင်၊ ရှန်းလင်မှ အမျိုးသမီးကျင့်ကြံသူများက ဤမြင်ကွင်းကိုကြည့်ရင်း အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။

ထိုစဉ်... ရှန်းလင်အတွင်းမှ လောကီကို ဆင်းသက်လာသော အင်မော်တယ်တစ်ပါးကဲ့သို့ ရုပ်သွင်တစ်ခု ထွက်လာသည်။

သူ့ကို မြူတိမ်တို့က ကာရံထားပြီး နတ်အလင်းများကလည်း ဖြာထွက်နေ၏။

"ဒါက ကျွင်းသခင်လေးပဲ"

"အို... အနီးကပ်ကြည့်မှ သူ့ရဲ့ ကျက်သရေက တကယ်ကို မြင့်မြတ်တာပဲ"

မနီးမဝေးတွင်၊ ရှန်းလင်၏ အမျိုးသမီးတပည့်များက တလက်လက် တောက်ပနေသော မျက်ဝန်းတို့ဖြင့် ကြည့်နေခဲ့ကြလေသည်။

ကျွင်းရှောင်‌ယောက်က သားရဲဂူ၏ ဘုရင်ငယ်လေးပါးအနက် နှစ်ပါးဆွဲသော ရထားပေါ်တွင် ထိုင်လိုက်သည်။

ထို့နောက် ဤနေရာမှ ထွက်သွား၏။

ထိုခဏ၌ လှပသော မိန်းမပျိုတစ်ဦးက ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။ ဒါက လျိုချုံးယန်ပင်။

'ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းကိုသွားနေတာဖြစ်မယ်။ အချိန်ကျလို့ ဓားဧကရာဇ်ရဲ့သားတော် ဒါမှမဟုတ် ဟွင်းဝမ်တို့နဲ့ ဆုံတွေ့ပြီဆိုရင် ဘယ်လိုဖြစ်မလဲ။ ငါ တကယ်ပဲ သိချင်မိတယ်'

လျိုချုံးယန်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ကိုးပါး၏ နေရာအနှံ့မှ လူငယ်ပါရမီရှင်များက ဓားသင်္ချိုင်းကို သွားရောက်ကြလေသည်။

ဓားသင်္ချိုင်းသို့ ဦးတည်သော လမ်းများထဲမှ တစ်ခုတွင်...

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးဖြင့် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားကာ ဓားတစ်လက်ကို ကျောထက်တွင် လွယ်ပိုးထားသော လူငယ်တစ်ယောက်က ဓားသင်္ချိုင်းသို့ ခရီးဆက်နေသည်။

ကျွင်းရှောင်ယောက်သာ ဤနေရာတွင် ရှိနေလျှင်တော့ သေချာပေါက် အံ့ဩသွားလိမ့်မည်။

အကြောင်းမှာ၊ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုလူငယ်က ရှေးဟောင်းရဲမိသားစု၏ ဓားနတ်ဆိုး လူဝင်စားသော ရဲ့ကူချန် ဖြစ်နေသောကြောင့်ပင်။

All Chapters