← Chapters

အခန်း ၁၄၀၂

Vol. 94 Ch. 1402

အခန်း ၁၄၀၂

Vol. 94 Ch. 1402

အခန်း ( ၁၄၀၂ ) ရဲ့ကူချန်နှင့် ပြန်ဆုံခြင်း။

ကျွင်းရှောင်ယောက်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်သောအခါ...

ရန်ယုမန်က တုန်လှုပ်သွားသည်။ သူ့နှလုံးသားထဲတွင် တလှပ်လှပ် ဖြစ်သွား၏။

ကျွင်းရှောင်ယောက်၏အနားမှာ သူက တကယ်ပဲ မနေချင်တာလား။

အဲဒါက မဖြစ်နိုင်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် သူက ကျွင်းဧကရာဇ်ခုံရုံး၏ အဖွဲ့ဝင် သူငယ်ချင်းတစ်ယောက်သာ ဖြစ်သည်။

ထို့ထက်မပိုပါ။

"ဓားသင်္ချိုင်းက အခွင့်အလမ်းတွေ ပေါများပေမဲ့ သိပ်ပြီးမရိုးရှင်းဘူး။ ကျုပ်အနားမှာ ရှိနေမယ်ဆိုရင် မင်းကို ကာကွယ်ပေးနိုင်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ရန်ယုမန်ကဲ့သို့ မိန်းမလှလေးများအတွက် ကိုယ်တိုင်က လုံလောက်အောင် မသန်မာလျှင် သို့မဟုတ် ခိုင်မာသော နောက်ခံမရှိပါက အေးချမ်းစွာ နေထိုင်ရမည် မဟုတ်ပေ။

အင်မော်တယ်နယ်မြေကြီးတွင်...

ရန်ယုမန်က နတ်ဆိုးနတ်ဘုရားနန်းတော်၏ သူတော်စင်သမီးတော်ဖြစ်ပြီး ကျွင်းဧကရာဇ်ခုံရုံး၏ အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကျွင်းရှောင်ယောက်နှင့်လည်း ပတ်သက်မှုရှိသည်။

ထို့ကြောင့် သူမကို မည်သူမျှ တော်ရုံ မထိပါးဝံ့ပေ။

သို့ရာတွင်၊ ဒါက ကောင်းကင်ကိုးပါး ဖြစ်သည်။

နတ်ဆိုးဧကရီလေးကလည်း ရန်ယုမန်၏အနားတွင် ရှိမနေတော့ပါ။

ရန်ယုမန်က တစ်ယောက်တည်း ခရီးကြမ်းထွက်လိုလျှင် အန္တရာယ်များသည်။

ကျွင်းရှောင်ယောက်၏ စိုးရိမ်ပူပန်သော စကားသံကို ကြားသောအခါ ရန်ယုမန်က နှုတ်ခမ်းကိုတင်းတင်းကိုက်လိုက်သည်။

"ရှင် ဘာဖြစ်လို့ ကျွန်မကို ဒီလောက်စိတ်ပူနေတာလဲ"

ရန်ယုမန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ပြီး မေးလိုက်သည်။

"မင်းက ကျုပ်ရဲ့ သူငယ်ချင်းပဲလေ၊ ဘယ်သူမှ မင်းကို အနိုင်ကျင့်ခွင့်မပြုနိုင်ဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

ရန်ယုမန်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

ကျွင်းရှောင်ယောက်က ရန်ယုမန်ကို သူ့အနားသို့ ပြန်ဆွဲခေါ်လိုက်သည်။

"ကျုပ်နဲ့အတူ လိုက်ခဲ့ပါ၊ မင်းကို ဘယ်သူမှ မထိစေရဘူး"

'လူဆိုးပဲ...'

ရန်ယုမန်က ဝေခွဲမရ ဖြစ်နေဟန်ဖြင့် သူမ၏ အနီရောင်နှုတ်ခမ်းများကို တင်းတင်းကိုက်လိုက်သည်။

သူက တကယ်ထွက်သွားချင်တာ မဟုတ်ဘူးလား။

ဘာဖြစ်လို့ တုံ့ဆိုင်းနေရတာသေးတာလဲ။

ထိုအချိန်တွင် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"အင်မော်တယ်နယ်မြေကြီးရဲ့ သူငယ်ချင်းဟောင်းနှစ်ယောက်ကို ဒီမှာ ထပ်တွေ့ရဖို့ မမျှော်လင့်ထားဘူး။ တကယ်ကို ဝမ်းမြောက်စရာပါပဲ"

ထိုအသံကို ကြားရသောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။

သူက တစ်ချက် လှမ်းကြည့်လိုက်သည်။

မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ရုပ်သွင်တစ်ခုက ကြာဖြူပန်းတစ်ပွင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။

သူ့တကိုယ်လုံးကိုလည်း နတ်ပန်းပွင့်များနှင့် မြူခိုးများက လွှမ်းခြုံထား၏။

သူ့မျက်နှာကိုတော့ နတ်အလင်းလွှာတစ်ခုဖြင့် ကွယ်ထားကာ မှုန်ရီဝါးသော အလှတစ်မျိုး ဖြစ်ပေါ်စေသည်။

သူမ၏ ရှည်လျားသော အနက်ရောင်ဆံပင်ရှည်များကလည်း ကျောထက်တွင် ဖြန့်ချထားသောကြောင့် ‌ကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။

ကျိချင်းရီ ဖြစ်သည်။

“ဒါက မင်းပဲ"

ကျွင်းရှောင်ယောက်က ကျိချင်းရီကို ဤနေရာတွင် တွေ့ရန် မမျှော်လင့်ထားပေ။

ကျိချင်းရီကို ကောင်းကင်ကိုးပါးသို့ ပို့ဆောင်ခံရကြောင်းကို သူ ကြားခဲ့ဖူးသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပေ။

ကျိချင်းရီက အကြံအစည်နက်နဲသော အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း ထိုမျှသာ ဖြစ်သည်။

သူ့ကို မနှောင့်ယှက်သရွေ့ ကိုယ့်လမ်းကို အေးအေးဆေးဆေး ဆက်လျှောက်သွားနိုင်သည်။

"ကျွင်းသခင်လေးနဲ့ မိန်းကလေးရန်၊ ရှင်တို့ကို ဒီမှာ ပြန်တွေ့ရဖို့ မမျှော်လင့်ထားဘူး"

"အထူးသဖြင့်၊ မကြာသေးခင်က ကျွင်းသခင်လေးဟာ ကောင်းကင်ကိုးပါးကို အတော်လေး လှုပ်ခတ်စေနိုင်ခဲ့တယ်"

ကျိချင်းရီက ပြောလိုက်သည်။ သူ့မျက်နှာက မှုန်ဝါးဝါးဖြစ်ပြီး ကြည်လင်သော မျက်လုံးတစ်စုံကိုသာ မြင်နိုင်လေသည်။

ဤအခိုက်အတန့်တွင်၊ သူက ကျွင်းရှောင်ယောက်၏ လက်ရှိအင်အားနှင့် ‌အခြေအနေကို မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ လွန်စွာနက်နဲသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။

သို့သော်လည်း သူက ဘာမှမပြောနိုင်ခဲ့ပေ။

ကျွင်းရှောင်ယောက်က သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားမည်ဆိုလျှင် သူ၏ကျင့်ကြံမှုအဆင့်ကို အဓိပတိနယ်ပယ်ခုနစ်ခုမှ မည်သူမျှ သိရှိနိုင်မည် မဟုတ်ပါ။

"ဒါက အသေးအဖွဲလေးပါပဲ။ မိန်းကလေးချင်းရီရဲ့ အထောက်အထားကလည်း အခု တစ်မျိုးပြောင်းနေပုံရတယ်"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျန်းလော့လီထံမှ ကျိချင်းရီအကြောင်းကို သူကြားရပေသည်။

ကျိချင်းရှက ပြုံးပြီး ဖန်းယန်နှင့် အခြားသူများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ကြည့်လိုက်သည်။

"ဖန်းယန်က ကူချမ်မြဲ့ရဲ့ အစေခံတစ်ယောက်ပဲ။ အခုလိုဖြစ်သွားတော့ ပြဿနာတော့ နည်းနည်းရှိလိမ့်မယ်"

ကျိချင်းရီက ပြောလိုက်၏။

ကူချမ်မြဲ့က အင်မော်တယ်‌နတ်ဆိုး ကောင်းကင်ဂူရှိ မဟာနတ်ဆိုးဘုရင်၏ အမည်ရင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

"ဘာလဲ၊ မိန်းကလေးချင်းရီက ကူချမ်မြဲ့ကို လက်စားချေဖို့ ကူညီမှာလား"

ကျန်းလော့လီထံမှတဆင့်... ကျိချင်းရီကို အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူမှ လူများက ကောင်းကင်ကိုးပါးသို့ ခေါ်ဆောင်ခဲ့ကြောင်း သူ သိရခဲ့ရသည်။

အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူက ကျိချင်းရီကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။

ဒါက နယ်စပ်တွင် ကမ္ဘာနှစ်ခု၏ ပါရမီရှင်များ ထိပ်တိုက်တွေ့ဆုံချိန်ကို ပြန်လည် အမှတ်ရစေသည်။

သူက ကျိချင်းရီကို သူ၏ ကစဉ့်ကလျားခန္ဓာဖြင့် စမ်းသပ်တိုက်ခိုက်ခဲ့၏။

ထိုအချိန်တွင် ကျိချင်းရီက အင်မော်တယ်ရတနာ အမှတ်အသားကို ထုတ်ယူခဲ့သည်။

ထိုအင်မော်တယ်ရတနာ အမှတ်အသားက အင်မော်တယ်နှင့်နတ်ဆိုး ပန်းချီကားပင်။

၎င်းက ကျိမိသားစု သို့မဟုတ် လူသားအင်မော်တယ်ဂိုဏ်းမှ ရ‌တနာတစ်ခု မဟုတ်သင့်ဟု သူ ခံစားခဲ့ရသည်။

ယခုတော့ အင်မော်တယ်နှင့်နတ်ဆိုး ပန်းချီကားက အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူနှင့် ဆက်စပ်မှုတချို့ရှိပုံပင်။

ကျိချင်းရီက အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူ၏ ရွေးချယ်ခံရခြင်းမှာ အင်မော်တယ်နှင့်နတ်ဆိုး ပန်းချီကားနှင့် ပတ်သက်သည့် အမွေကို ရယူခဲ့ခြင်းကြောင့် ဖြစ်မည်။

ဒါက ကျန်းလော့လီသည် ရှေးဦးဝိညာဉ်ကမ္ဘာ အမွေကိုရရှိပြီး ရှန်းလင်၏ မျက်နှာသာပေးခံရသကဲ့သို့ပင်။

ကျွင်းရှောင်ယောက်သည်ပင် သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ကျိချင်းရီက သူ့ကိုယ်သူ ကောင်းစွာ ဖုံးကွယ်ထား၏။ သူက ခြေလှမ်းတိုင်းကို သေသေချာချာ စီစဉ်ထားခဲ့သည်။

"ကျွင်းသခင်လေးက နောက်နေပြန်ပါပြီ။ ချင်းရီနဲ့ ကူချမ်မြဲ့တို့ နှစ်ယောက်စလုံးက အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူရဲ့ တပည့်တွေဖြစ်ပေမဲ့ သူကသူ... ကျွန်မက ကျွန်မပါပဲ"

"ကျွင်းသခင်လေးကို တစ်ခုပဲ သတိပေးချင်တယ်။ ကူချမ်မြဲ့က ကောင်းကင်နတ်ဆိုးခန္ဓာကို ပိုင်ဆိုင်ထားပြီး တကယ်ကို သန်မာတဲ့လူတစ်ယောက်ပဲ"

ကျိချင်းရီက ပြောလိုက်သည်။

"ကောင်းကင်နတ်ဆိုးခန္ဓာလား..."

ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်ပြီး ကျိချင်းရီကို နက်နဲသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"မိန်းကလေးချင်းရီရဲ့ တာအိုခန္ဓာကလည်း သိပ်ပြီး မရိုးရှင်းဘူးထင်တယ်"

ကျိချင်းရီက ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါ။

ထိုအချိန်တွင်၊ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျွင်းရှောင်ယောက်၊ တကယ်ကို ခင်ဗျားပဲလား"

ခပ်လှမ်းလှမ်းတွင်၊ လူရွယ်တစ်ယောက်နှင့် မိန်းမငယ်တစ်ဦးတို့ လျှောက်လာနေ၏။

အေးတိအေးစက် အမူအရာဖြင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူရွယ်က ရဲ့ကူချန်မှတပါး အခြားမရှိပေ။

"ရဲ့ကူချန်လား"

ကျွင်းရှောင်ယောက်က ဤတစ်ကြိမ်တွင် အမှန်တကယ် အံ့အားသင့်သွားသည်။

ကျိချင်းရီက ကောင်းကင်ကိုးပါးသို့ တက်လှမ်းသွားကြောင်း သူ သိထားသောကြောင့် သိပ်ပြီးမအံ့ဩခဲ့ပေ။

သို့ရာတွင်၊ ရဲ့ကူချန်ကိုတော့ သူ အမှန်တကယ် မမျှော်လင့်ခဲ့ပါ။

ယခင်က သူသည် သူ့ကိုတွေ့ရန် ရဲ့မိသားစုသို့ သွားခဲ့သော်လည်း ရဲ့ကူချန် ဘယ်နေရာကို ထွက်ခွာသွားမှန်း မသိခဲ့ရပေ။

မထင်မှတ်ပဲ ကောင်းကင်ကိုးပါး၌ သူ့ကို ပြန်တွေ့ခဲ့ရသည်။

ဒါက တကယ်ကို အံ့သြစရာကောင်းပေသည်။

ရဲ့ကူချန်က အနားကိုလျှောက်လာပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

သူတို့နှစ်ဦးစလုံးက တစ်ဖက်လူထံမှ အပြောင်းအလဲများကို အသီးသီး ခံစားရ၏။

သူတို့၏ ခွန်အားများက ယခင်ကနှင့် မတူတော့ပေ။

"ကျွင်းရှောင်ယောက်၊ မတွေ့တာကြာပြီ။ ခင်ဗျားရဲ့ ခွန်အားက တကယ် အံ့ဩစရာကောင်းအောင် အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တာပဲ"

ရဲ့ကူချန်က ကျွင်းရှောင်ယောက်ထံမှ ကြီးမားသော ဖိအားကို ခံစားရသည်။

သို့သော်လည်း သူက မကြောက်ရွံ့ပေ။ ထိုအစား ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ဖြစ်ပေါ်လာစေသည်။

"ခင်ဗျားလည်း အများကြီး ပြောင်းလဲသွားတာပဲ"

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

ရဲ့ကူချန်က ဓားနတ်ဆိုး၏ လူပြန်ဝင်စားသူဖြစ်သည်။ သူသည် အတိတ်နှင့် အဆက်အသွယ်ဖြတ်ထားသော်လည်း ကျင့်ကြံမှုအတွေ့အကြုံမျိုးစုံကို ပိုင်ဆိုင်ထားသေးသည်။

ထို့ကြောင့် သူ၏စွမ်းရည်များက အလွန်လျင်မြန်စွာ တိုးတက်လာခဲ့သည်။

"ဧကရာဇ်လမ်းမှာ ဘုရင်ဘွဲ့အတွက် တိုက်ခိုက်ခဲ့ရတာ ကြာပြီ။ ကျုပ် ခင်ဗျားနဲ့ ထပ်ပြီး တိုက်ခိုက်ချင်တယ်"

ရဲ့ကူချန်က တကယ်ကို တိုက်ပွဲရူးတစ်ယောက် ဖြစ်သည်။ သူက ကျွင်းရှောင်ယောက်နှင့် တိုက်ခိုက်ရန် မစောင့်နိုင်တော့ပေ။

ကျွင်းရှောင်ယောက်က ရယ်မောလိုက်သည်။

"ဓားသင်္ချိုင်းက ဖွင့်တော့မှာဆိုတော့ အခုလောလောဆယ် ကျုပ်တို့ မတိုက်ခိုက်နိုင်မှာ ကြောက်ရတယ်"

"အမှန်ပါပဲ၊ နောက်မှပြောကြရအောင်"

ရဲ့ကူချန်က အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

သူတို့က ပြန်ဆုံကြပြီဖြစ်သောကြောင့် အလျင်လိုစရာမရှိတော့ပါ။

ကျွင်းရှောင်ယောက်က ရဲ့ကူချန်အနားမှ လှပသော မိန်းကလေးကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။

"ညီနောင်ရဲ့က ကောင်းကင်ကိုးပါးမှာ တစ်ယောက်တည်း မဟုတ်ဖြစ်တော့ဘူး ထင်တယ်"

"သူက ကျုပ်အသက်ကို ကယ်တင်ခဲ့တဲ့သူပါ..."

ရြဲကူချန်က သူ၏ ဘဝအတွေ့အကြုံအချို့ကို အတိုချုံးပြောပြခဲ့သည်။

ထိုမှသာ ကျွင်းရှောင်ယောက်က ရဲ့ကူချန်သည် အဘယ်ကြောင့် ကောင်းကင်ကိုးပါးသို့ ရောက်ရှိလာသည်ကို သဘောပေါက်သွားသည်။

သို့သော်...

စစ်ထူမိသားစုက ပြန်လည်ဝင်စားခြင်းပင်လယ်၏ လက်အောက်မှ တားမြစ်မိသားစုတစ်ခု ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။

ဖြစ်ကောင်းဖြစ်နိုင်သည်က၊ နောက်ပိုင်းမှာ ပြဿနာများ ပိုရှိလာလိမ့်မည်။

စစ်ထူရွယ်ကလည်း ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။

သူက အမှန်တကယ် ထူးခြားသော လူငယ်တစ်ဦးပင်။

ရဲ့ကူချန်က သူ့ကို ရည်မှန်းချက်ထားခဲ့သည်မှာ အံ့ဩစရာမဟုတ်ပါ။

ထိုအချိန်တွင် ကျိချင်းရီက ပြောလိုက်သည်။

"ကျွန်မတို့ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်တွေက ကောင်းကင်ကိုးပါးမှာ အခုလို ပြန်ဆုံမယ်လို့ မမျှော်လင့်ထားဘူး။ ဒါက ရေစက်ပဲဖြစ်မယ်။ ဒီလိုဆိုမှတော့ ဘာဖြစ်လို့ အတူတူ မသွားရမှာလဲ"

ကျိချင်းရီ၏ စကားကိုကြားတော့ အားလုံးက ခေါင်းညိတ်လိုက်၏။

ဤတော့မှသာ သူတို့ သတိပြုမိကြသည်။

ကျွင်းရှောင်ယောက်၊ ရဲ့ကူချန်၊ ကျိချင်းရီနှင့် ရန်ယုမန်။

သူတို့အားလုံးက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ ဆင်းသက်လာကြသည်။

သူတို့ကို အစောဆုံး ပါရမီရှင်စာရင်းတွင် ထည့်သွင်းနိုင်ပေသည်။

ယခုတော့ ခေတ်များ ပြောင်းလဲသွားခဲ့ပြီ။ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ တစ်ချိန်က ထင်ရှားခဲ့သော ပါရမီရှင်များက ယခုအခါ ဘယ်လောက်ကျန်ရှိသေးသနည်း။

All Chapters