← Chapters

အခန်း ၁၄၀၄

Vol. 94 Ch. 1404

အခန်း ၁၄၀၄

Vol. 94 Ch. 1404

အခန်း ( ၁၄၀၄ ) ရန်ယုမန်၏ နှလုံးသားမှ အနှောင်အဖွဲ့ကို ဖြည်ချခြင်း။

"ရှင်က ကျွန်မရဲ့ သွေးမျိုးဆက်ကို နိုးထစေဖို့ ကူညီပေးမှာလား"

ရန်ယုမန်က အံ့ဩသွားသည်။ ကျွင်းရှောင်ယောက်က ဒီလိုစိတ်ကူးနေရန် သူ မမျှော်လင့်ခဲ့ပေ။

သူမ၏ သွေးမျိုးဆက်က အလွန်ထူးခြားပြီး လေ့ကျင့်ရန် အလွန်ခက်ခဲကြောင်း သူသိသည်။

ထို့ကြောင့် နတ်ဆိုးဧကရီလေးကပင် အခွင့်ကောင်းရှာပြီး သူမကို ဆရာကောင်းတစ်ယောက်နှင့် မိတ်ဆက်ပေးမည်ဟု ကတိပေးခဲ့ဖူးသည်။

သို့သော်လည်း နောက်ပိုင်းတွင် နတ်ဆိုးဧကရီလေးက ပျောက်ကွယ်သွားခဲ့လေသည်။

ထို့ကြောင့်ပင် ရန်ယုမန်က ကောင်းကင်ကိုးပါးမှာ တစ်ဦးတည်း စွန့်စားခန်းထွက်ခဲ့ရသည်။

ရန်ယုမန်သည် ကျွင်းရှောင်ယောက်က သူ့အတွက် စိုးရိမ်ပူပန်နေကြောင်း သိလိုက်ရပြီးနောက်...

သူ့နှလုံးသားထဲမှ နာကြည်းမှုများမှာ အရည်ပျော်ကျသွားလေတော့သည်။

သူက နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ပြီး ပြောလိုက်သည်။

"ရှင့်ဆီက ဒီလိုစကားမျိုး ကြားရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ သွေးမျိုးဆက်က အရမ်းထူးခြားတယ်"

သူ့အဓိပ္ပာယ်က ရှင်းပေသည်။

ကျွင်းရှောင်ယောက်က ထူးချွန်သော်လည်း လူသားကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူက သူမကို မည်သို့ကူညီနိုင်မည်နည်း။

ကျွင်းရှောင်ယောက်က တစ်ချက်ပြုံးလိုက်သည်။

သူက စကားများများ မပြောတော့ဘဲ သူ့လက်တစ်ဖက်ကို မြှောက်ပြလိုက်၏။ အခိုးငွေ့များကဲ့သို့ စွမ်းအင်အနှစ်သာရက လေထဲတွင် ပေါ်လာတော့သည်။

ထိုစွမ်းအင်အနှစ်သာရတွင် ကောင်းကင်၊ နေ၊ လ၊ ကြယ်များ၊ မြစ်များ၊ တောင်များ၊ ရေကန်များနှင့် ပင်လယ်များ... မရေမတွက်နိုင်သော ဝိညာဉ်များ ဖြစ်ထွန်းလာပုံရသည်။

ရန်ယုမန်လည်း သူ့သွေးထဲမှ ဆာလောင်မွပ်သိပ်မှုတို့ကို ချက်ချင်း ခံစားလိုက်ရတော့သည်။

"ဒါက..."

ရန်ယုမန် အံ့ဩသွားသည်။ ဒါက ဘယ်လို စွမ်းအင်မျိုးလဲ။

"ဒါက အင်မော်တယ်ရတနာပါ"

ကျွင်းရှောင်ယောက်က‌ ပြောလိုက်သည်။

"အင်မော်တယ်ရတနာ..."

ရန်ယုမန်က ရေရွတ်လိုက်သော်လည်း နားမလည်ပေ။

ထို့ကြောင့် ကျွင်းရှောင်ယောက်က အတိုချုံးပြီး ရှင်းပြလိုက်ရသည်။

ဒါကိုကြားတော့ ရန်ယုမန်က အသက်ပြင်းပြင်းရှူလိုက်မိသည်။

အင်မော်တယ်လက်နက်များကို ထုဆစ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခု...

ဧကရာဇ်များပင် ရူးသွပ်စေနိုင်သော ရတနာ...

ဒဏ္ဍာရီလာ ဧကရာဇ်ကိုပင် အားဖြည့်ပေးရန် လုံလောက်သော စွမ်းအင်...

ဤစွမ်းအင်ဓာတ်တစ်မျိုးက အင်မော်တယ်နယ်မြေကြီးတွင် ပျောက်ကွယ်လုနီးပါးဖြစ်၍ ၎င်း၏ ရှားပါးမှုမှာ သံသယဖြစ်စရာမရှိတော့ပေ။

ဒါက ငွေရှိလျှင်ပင် ဝယ်မရနိုင်သော ရတနာဟု ဆိုနိုင်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့အတွက် အသုံးပြုလိုခဲ့ပေသည်။

"ဒါ...ဒါက အဖိုးတန်လွန်းတယ်"

ရန်ယုမန်သည် သူ့ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တိုင်းက ဤဓာတ်စွမ်းအင်ကို တောင့်တနေသည်ဟု ခံစားရသော်လည်း...

သူ့ကိုယ်သူ ထိန်းချုပ်ထားဆဲ ဖြစ်သည်။

နောက်ဆုံးမှာတော့ ဒါက အဖိုးတန်လွန်းသည် မဟုတ်ပါလား။

ဒါကို ကျွင်းရှောင်ယောက်ကိုယ်တိုင် အသုံးပြုနိုင်သည်။

လောလောဆယ်တွင် သူက အဆင့်တက်ရန် မလိုအပ်သော်လည်း လက်နက်များ သန့်စင်ခြင်းနှင့် ဆေးပင်များ အတွက် ကြီးမားသော သက်ရောက်မှု ရှိသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများသည်ပင် ဤအရာအတွက် စိတ်လိုလက်ရ အလုပ်လုပ်ကြလိမ့်မည်။

"ဒါက အဖိုးတန်ပေမဲ့ မင်းနဲ့ ယှဉ်လို့ မရပါဘူး"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သို့သော်လည်း ဤအရာက ရန်ယုမန်၏ နှလုံးသားကို တဒုန်းဒုန်း ‌ခုန်ပေါက်စေကာ ကျေနပ်ပျော်ရွှင်မှုတို့ဖြင့် ပြည့်စေခဲ့ပေသည်။

"ကျုပ်က မင်းကို အမြဲတမ်း မကာကွယ်နိုင်ဘူးလေ။ ဒါကြောင့် မင်းရဲ့ ကိုယ်ပိုင်ခွန်အားက အရေးကြီးဆုံးပဲ"

"ကျုပ်ပတ်ဝန်းကျင်မှာရှိတဲ့ လူတိုင်းက ကိုယ်ပိုင်ခွန်အားကို တိုးတက်နေစေဖို့ လိုတယ်"

ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။

သူက ဤတစ်ကြိမ်တွင် အင်မော်တယ်ရတနာများ အလုံအလောက်ရရှိပါက အင်မော်တယ်နယ်မြေကြီးသို့ ပြန်သွားရန် စီစဉ်ထားသည်။

သူ၏နောက်လိုက်များ၊ မိသားစုဝင်များနှင့် သူငယ်ချင်းအချို့ကို မျှဝေရလိမ့်မည်။

သူတို့အားလုံး၏ ခွန်အားကို တိုးတက်စေလိုသည်။

ပြောခဲ့သည့်အတိုင်း၊ ကျွင်းရှောင်ယောက်က သူ့ပတ်ဝန်းကျင်မှ လူတိုင်း၏ ခွန်အားကို တိုးတက်စေရန် အစီအစဉ်များ အမှန်တကယ် ရှိပေသည်။

ရန်ယုမန်က သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။

သို့သော်လည်း ရန်ယုမန်က ဒါကို နားလည်မှုလွဲမှားခဲ့ပုံပင်။

သူ့ကို အထူးဂရုစိုက်သည်ဟု ထင်သွားခဲ့သည်။

'လူဆိုးလေးပဲ'

ရန်ယုမန်၏ မျက်လုံးထောင့်မှ ကြည်လင်သော‌ ရေစက်လေးတစ်စက်က လွင့်သွားလေသည်။

"မင်း အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင်"

ကျွင်းရှောင်ယောက်က အင်မော်တယ်ရတနာကို ရန်ယုမန်၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။

ရန်ယုမန်လည်း မငြင်းဆန်တော့ပေ။

ရုတ်တရက်၊ သူက ပိုပြီးတော့ သန်မာချင်လာသည်။

ဤနည်းဖြင့်၊ အနည်းဆုံးတော့ ကျွင်းရှောင်ယောက်နှင့် ပိုနီးစပ်နိုင်လိမ့်မည်။

အင်မော်တယ်ရတနာများနှင့် ပေါင်းစပ်လိုက်သောအခါ...

ရန်ယုမန်၏ အသားအရေက ပို၍ ကြည်လင်ပြီး သန့်စင်လာသည်။

လိပ်ပြာပုံရိပ်ယောင်တစ်ခုက သူမ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီး ပျံသန်းနေပုံရ၏။

ကျွင်းရှောင်ယောက်မှ ပို့လွှတ်ခဲ့သော အင်မော်တယ်ရတနာ ပမာဏမှာ မကြီးမားသော်လည်း ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာ၏ သွေးမျိုးဆက် စွမ်းအားကို အသက်သွင်းရန် လုံလောက်သည်။

ဒဏ္ဍာရီအရ ဤရှေးဦးသားရဲသည် အတောင်ပံတစ်ချက်ခတ်ရုံမျှဖြင့် ရှေးဟောင်းကြယ်စက်ဝိုင်းတစ်ခုလုံးရှိ သတ္တဝါများကို အိပ်မက်လောကအတွင်း တွန်းပို့နိုင်သည်ဟု ဆိုထားသည်။

ထို့ပြင် ကောင်းကင်အိပ်မက်စိတ်ညှို့လိပ်ပြာက ရှေးဦးဝိညာဉ်နှင့် အိပ်မက်လမ်းစဉ်တွင်လည်း အလွန်ထူးချွန်ထက်မြက်၏။

အချို့နေရာများတွင် သူက မေ့ပျောက်ခြင်းမြေရှိ ကျွမ်းရှောင်မုံ့နှင့် ဆင်တူသည်။

ရန်ယုမန်က ဤအတိုင်း ဆက်လက်လေ့ကျင့်နေလျှင် သူမ၏ အနာဂတ် အောင်မြင်မှုများက ကျွမ်းရှောင်မုံ့ထက် နိမ့်ကျမည် မဟုတ်ပေ။

ရန်ယုမန်၏ ကျင့်ကြံမှုမှ အတားအဆီးက တဖြည်းဖြည်း စတင်ပြေလျော့လာသည်။

ထို့နောက် ကောင်းကင်အဓိပတိငယ်နယ်ပယ်သို့ အောင်မြင်စွာ ချိုးဖြတ်ခဲ့၏။

ကောင်းကင်ကိုးပါး၏ မျိုးဆက်သစ်လူငယ်များကြားတွင် ကောင်းကင်အဓိပတိငယ်က အထွတ်အထိပ်သို့ ရောက်ရှိသည်ဟု မဆိုနိုင်သော်လည်း...

အနည်းဆုံးတော့ အလွယ်တကူ ရှုပ်နိုင်သောအရာ မဟုတ်တော့ပေ။

ယခင် ဖန်းယန်ကဲ့သို့လူများက ရန်ယုမန်၏ တိုက်ခိုက်မှုတစ်ခုကိုပင် လက်ခံနိုင်စွမ်းရှိမည် မဟုတ်တော့ပါ။

အဆင့်ဖြတ်ကျော်ပြီးနောက် ရန်ယုမန်က သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူက တောက်ပသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်လိုက်၏။

ကျွင်းရှောင်ယောက်၏ အကူအညီဖြင့် သူမ၏ သွေးမျိုးဆက်ကို အသက်သွင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုဆိုလျှင်၊ ကောင်းကင်အဓိပတိငယ်အဆင့်သို့ပင် ဖြတ်ကျော်သွားခဲ့ပြီ။

ဤအခြေအနေတွင် မည်သူမဆို ရင်ခုန်သွားကြမည် ဖြစ်သည်။

"ဘယ်လိုနေလဲ"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ဤနည်းလမ်းက အလုပ်ဖြစ်လျှင် အင်မော်တယ်ရတနာများကို ပိုမိုရရှိရန်အတွက် နည်းလမ်းတိုင်းကို သူကြိုးစားရလိမ့်မည်။

ရန်ယုမန်က ဘာမျှမပြောဘဲ စိုက်ကြည့်နေဆဲ ဖြစ်သည်။

နောက်အခိုက်တွင်...

သူက အံ့သြဖွယ်ရာ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့၏။

သူက ရုတ်ချည်း ထရပ်လိုက်ပြီး ကျွင်းရှောင်ယောက်ကို ပွေ့ဖက်လိုက်တော့သည်။

ရန်ယုမန်က ခြေတံရှည်နှင့် အရပ်မြင့်သောကြောင့် ကျွင်းရှောင်ယောက်ထက် ဦးခေါင်းတစ်ဝက်သာ နိမ့်သည်။

"မင်း..."

ကျွင်းရှောင်ယောက်က တစ်ခုခုပြောလိုသော်လည်း ရန်ယုမန်က တားမြစ်လိုက်လေသည်။

"စကားမပြောနဲ့ ဒီအတိုင်းခဏလောက်နေလိုက်ပါ..."

သူက စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ခဏတာ ပွေ့ဖက်ထားချင်သည်။

ကျွင်းရှောင်ယောက်က ရန်ယုမန်၏ ဆံနွယ်များမှ မွှေးရနံ့ကို အနည်းငယ်ရှူရှိုက်ရင်း တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။

ကျွင်းရှောင်ယောက်က ရန်ယုမန်ကို တိုးတက်စေရန် ကူညီပေးခြင်းမှာ ကျွင်းဧကရာဇ်ခုံရုံးအတွက် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

ထို့ပြင်၊ သူက ရန်ယုမန်ကိုလည်း ပြုပြင်ပြောင်းလဲချင်သေးသည်။

အကြောင်းမှာ၊ သူက ယခုအချိန်တွင် ရန်ယုမန်ကို ကတိပေးရန် မဆိုထားဘိ...

မည်သည့်အရာကိုမျှ သဘောမတူနိုင်သေးသောကြောင့်ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ရန်ယုမန်က သူမ၏ ပွေ့ဖက်မှုကို လွှတ်ပေးလိုက်သည်။ သူ့မျက်လုံးများက အနည်းငယ်နီနေသော်လည်း နှုတ်ခမ်းများမှာတော့ တွန့်ကွေးကာ ပြုံးနေခဲ့လေသည်။

"ရှင်က လူဆိုးပဲ၊ ရှင် ကျွန်မကို တကယ်အနိုင်ယူခဲ့ပြီ"

ရန်ယုမန်က သူ့ကိုယ်သူ အနည်းငယ် မကျေနပ်ဖြစ်မိသည်။ သူက သူ့ရှေ့မှလူနှင့် ခွဲခွာမရနိုင်ကြောင်း သဘောပေါက်လိုက်လေသည်။

"မကျေနပ်ဘူးလား၊ ဒါဆိုရင် ကျုပ်ပခုံးကို နောက်ထပ် ဆယ့်ငါးမိနစ်လောက် ငှားပေးနိုင်တယ်"

ကျွင်းရှောင်ယောက်က လေထုကို သက်တောင့်သက်သာဖြစ်စေရန်အတွက် စနောက်လိုက်သည်။

"ကျွင်းရှောင်ယောက်၊ ကျွန်မ တစ်ခုစဉ်းစားမိတယ်"

ရန်ယုမန်၏ အမူအရာက ရုတ်တရက် လေးနက်သွားသည်။

"ဘာလဲ"

ကျွင်းရှောင်ယောက်က အနည်းငယ် စောင်းငဲ့ပြီး ကြည့်လိုက်၏။

"အခုချိန်ကစပြီး ကျွန်မကို ဖယ်ထုတ်ဖို့ မစဉ်းစားတော့နဲ့။ ရှင့်နောက်ကို ကျွန်မ လိုက်မယ်"

ရန်ယုမန်က ပုလဲလုံးသဖွယ် ဖြူစင်သော သွားများပေါ်သည်အထိ အံကိုကြိတ်ပြီး ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။

ရှင်က ကျွန်မကို ပရောပရည်လုပ်ပြီးမှ ပြေးနိုင်မယ်ထင်တာလား။

ဒါက မဖြစ်နိုင်ဘူး။

All Chapters