← Chapters

အခန်း ၁၄၀၅

Vol. 94 Ch. 1405

အခန်း ၁၄၀၅

Vol. 94 Ch. 1405

အခန်း ( ၁၄၀၅ ) ဓားသင်္ချိုင်းမှ လာသူ။

ကျွင်းရှောင်ယောက်က ခဏချင်း ဘာပြောရမည်မှန်း မသိတော့ပေ။

ရန်ယုမန်သည် သူမ၏ နှလုံးသားပြဿနာကို ဖြေရှင်းပြီးနောက် ယခင် လွတ်လပ်ပေါ့ပါးသော စရိုက်ဟောင်းတို့ ပြန်ပေါ်လာပုံရသည်။

သို့ရာတွင်၊ ဒါက ကိုယ့်‌ဒုက္ခကို ကိုယ်ရှာမိသည်ဟု အဘယ်ကြောင့် သူခံစားရသနည်း။

ရန်ယုမန်ကတော့ အမှန်တကယ် ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

သူ့ရှေ့မှ ယောက်ျားက သူ့နှလုံးသားထဲတွင် ဖျောက်ဖျက်မရနိုင်သော အမှတ်အသားတစ်ခုကို ချန်ထားခဲ့သောကြောင့် ဤဘဝမှာတော့ တခြားယောက်ျားတစ်ယောက်ကို ချစ်မိရန် မဖြစ်နိုင်တော့ပေ။

ဤသို့ဆိုလျှင် သူက အဘယ်ကြောင့် တိတ်ဆိတ်စွာ ထွက်သွားရမည်နည်း။

အဘယ်ကြောင့် ပုန်းရှောင်နေရမည်နည်း။

ရန်ယုမန်က ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှ ကျန်းစန်းယီနှင့် ကျန်းလော့လီတို့၏ တည်ရှိမှုကို သိသည်။

သို့ရာတွင်၊ သူက အများကြီး မတောင်းဆိုပေ။

ကျွင်းရှောင်ယောက်မှ သူ့အပေါ် အနည်းငယ်ပို၍ တာဝန်ယူစေချင်ရုံ ဖြစ်သည်။

ဒါက အလွန်အကျွံ တောင်းဆိုမှုလား။

"ရှင့်ရဲ့ပခုံးနဲ့ ဆယ့်ငါးမိနစ်က မလုံလောက်တော့ဘူး"

ရန်ယုမန်က စိတ်ဆိုးဟန်ပြုလိုက်သည်။ သို့ရာတွင်၊ ဒါက တမူထူးသော အလှတစ်မျိုးနှင့် ဆွဲဆောင်မှုကို ဖြစ်စေခဲ့ပေသည်။

"ကောင်းပါပြီ၊ မင်းပျော်ရင်ပြီးရော"

ကျွင်းရှောင်ယောက်က ဒါပဲပြောနိုင်ခဲ့သည်။

နောက်ရက်များတွင်၊ ရန်ယုမန်က သူမ၏ ကျင့်ကြံမှုအခြေခံကို တည်ငြိမ်စေရန် အာရုံစိုက်ခဲ့သည်။

ယေဘုယျအားဖြင့်၊ အင်မော်တယ်ရတနာများဖြင့် အဆင့်ဖြတ်ကျော်ခြင်းမှာ မြန်ဆန်သော်လည်း အခြေခံအုတ်မြစ်ကို အနည်းငယ် မတည်မငြိမ် ဖြစ်စေသည်။

ထို့ပြင်၊ ကျန်းလော့လီက ဤနေရာတွင် ရှိမနေတာ စိတ်မကောင်းစရာပင်။

သူမ၏ ရှေးဦးဝိညာဉ်အင်မော်တယ်ခန္ဓာဖြင့် အင်မော်တယ်ရတနာ၏ အကျိုးသက်ရောက်မှုကို ချဲ့ထွင်မရနိုင်တော့ပါ။

ဟုတ်သည်၊ ကျန်းလော့လီက ဤနေရာတွင် ရှိနေလျှင်လည်း ကျွင်းရှောင်ယောက်သည် ရန်ယုမန်ကို ချက်ချင်း ကူညီနိုင်တော့မည် မဟုတ်ပါ။

ကျန်းလော့လီက အနည်းငယ် အူတိုတတ်သည်။

တစ်ရက်တွင်... ဓားတောင်မြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"အိုး၊ အချိန်ကျပြီလား"

ကျွင်းရှောင်ယောက်နှင့် ရန်ယုမန်တို့ ထွက်သွားသောအခါ၊ ပါရမီရှင်များစွာတို့က ‌ဓားတောင်မြို့တော် အပြင်ဘက်သို့ ဦးတည်သွားနေကြကြောင်း သတိပြုလိုက်မိသည်။

ဤအခိုက်အတန့်တွင်၊ ဓားတောင်မြို့တော်အပြင်ဘက်မှ ကောင်းကင်ယံမှာ...

မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်သာမန်ဆန်သော အသွင်ပြင်မျိုးဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။

သူက အရှိန်အဝါကို ထိန်းချုပ်ထားပုံရပြီး အနည်းငယ် သံချေးတက်နေသည့် သာမန်ဓားတစ်လက်ကို ကိုင်ထား၏။

‌ဓားတောင်မြို့တော်အတွင်းမှ ပြေးထွက်လာသော ပါရမီရှင်များက မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားကို မြင်သောအခါ အံ့အားသင့်ပြီး သံသယတို့ ဖြစ်ပေါ်လာကြသည်။

ဓားသင်္ချိုင်းက ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေဆယ်ခုတွင် အလွန်နှိမ့်ချပြီး နေသည်။

ထို့ပြင်၊ ခေတ်သမိုင်းတစ်လျှောက်မှာ ဓားသင်္ချိုင်းက လူအနည်းငယ်သာ ရှိခဲ့၏။

ထို့ကြောင့်၊ ကောင်းကင်ကိုးပါးရှိ သတ္တဝါအများစုက ဓားသင်္ချိုင်းရှိ တည်ရှိမှုများအကြောင်း ဘာမှမသိကြပေ။

ယခုလည်း ဤမီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက သူ့အရှိန်အဝါကို ထိန်းချုပ်ထားသည်။

ထို့ကြောင့် သူ့ကို နားမလည်နိုင်ပါ။

ထို့ပြင် မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက အိပ်ပျော်ရာမှ နိုးလာသကဲ့သို့ သူ့မျက်နှာပေါ်တွင် ငြီးငွေ့ဖွယ်အရိပ်အယောင်များ ရှိနေသည်။

သို့သော်လည်း သူ့ကို မည်သူမျှ မေးခွန်းမထုတ်ဝံ့ပါ။

အနည်းဆုံးတော့၊ ထိုလူဟာ ဤနေရာရှိ ပါရမီရှင်အားလုံးကို အလွယ်တကူ လွှမ်းမိုးနိုင်စွမ်းရှိသည်။

ထို့ကြောင့် ပါရမီရှင်အားလုံးက နှုတ်ဆိတ်နေပြီး မည်သူမျှ ပေါ့ပေါ့ဆဆ ပြုမူဝံ့ခြင်း မရှိပေ။

မီးခိုးရောင် ၀တ်စုံဝတ် အမျိုးသားက သံဓားကို ကိုင်ဆောင်ကာ လေထဲတွင် ရပ်နေသည်။

သူ့မျက်နှာပေါ်တွင် အိပ်ငိုက်ခြင်း အရိပ်အယောင်ပင် ရှိနေ၏။

ဤအခိုက်တွင်...

မိစ္ဆာသားရဲကြီးနှစ်ကောင်ကသော ရထားတစ်စီးက ရောက်ရှိလာခဲ့သည်။

ကျွင်းရှောင်ယောက်နှင့် ရန်ယုမန်က ရထားပေါ်တွင် ထိုင်လျက် လိုက်ပါလာပေသည်။

သူတို့၏ ရောက်ရှိလာခြင်းက အရပ်ရပ်မှ ဆွေးနွေးမှုကို ဖြစ်ပေါ်စေခဲ့သည်။

မီးခိုးရောင် ၀တ်စုံကို ဝတ်ဆင်ထားပြီး လေထဲတွင် ရပ်နေသော အမျိုးသားကလည်း သူ့မျက်နှာပေါ်မှ အိပ်ငိုက်ခြင်းအချို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ကျွင်းရှောင်ယောက်ကို ကြည့်မိသောအခါ ထက်မြက်သော ဓားအလင်းတစ်ခု သူ့မျက်လုံးများထဲတွင် လင်းလက်သွား၏။

ကျွင်းရှောင်ယောက်က မိုးနှင့်မြေကို ခွဲထုတ်နိုင်သော ဓားတစ်လက်ဖြင့် သူ့ကို ခုတ်ပိုင်းလာသလို ခံစားလိုက်ရတော့သည်။

'ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်လား။ ဓားသင်္ချိုင်းက တကယ်ကို အကျော်အမော်တွေ ပုန်းကွယ်နေထိုင်တဲ့နေရာပဲ'

ကျွင်းရှောင်ယောက်က အံ့အားသင့်မှု အရိပ်အယောင်တို့ကို လှစ်ဟလာခဲ့သည်။

သမိုင်းတစ်လျှောက် ဓားသင်္ချိုင်းတွင် လူအနည်းငယ်မျှသာ ရှိခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

သတင်းစကား ပေးပို့ရန် ထွက်လာသူသည်ပင် ဧကရာဇ်တစ်ပိုင်းအဆင့် ခွန်အားရှိသည်။

ဓားသင်္ချိုင်း၏ အင်အားက အရေအတွက်မဟုတ်ဘဲ ၎င်း၏အရည်အသွေးတွင် တည်ရှိနေပုံရသည်။

"ကျွင်းမိသားစုရဲ့ ဒီလူငယ်လေးက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကျွင်းမိသားစုက အင်မော်တယ်သတ်ဓားကို ကိုင်ဆောင်နိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး"

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ဓားသင်္ချိုင်းကဲ့သို့ နှိမ့်ချနေသူများပင် ကျွင်းရှောင်ယောက်၏အမည်ကို ကြားဖူးသည်။

ဓားသင်္ချိုင်းက ကျွင်းရှောင်ယောက်ကို အာရုံစိုက်နေရခြင်းမှာ အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိသည်။

ကျွင်းမိသားစုက အင်မော်တယ်သတ်ဓားကို ထိန်းချုပ်ထား၏။

၎င်းက တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတွင် အမြင့်ဆုံးသော အင်မော်တယ်လက်နက် ဖြစ်သည်။

အမြင့်မြတ်ဆုံးဓားလမ်းစဉ် အင်အားစုတစ်ခုအနေဖြင့် အင်မော်တယ်သတ်ဓားနှင့် ပတ်သက်ပြီး အထူးခံစားမှုတစ်ခု ရှိပေသည်။

ထိုအချိန်တွင်၊ အဝေးမှ နောက်ထပ် လူရိပ်နှစ်ခု ပေါ်လာသည်။

ရဲ့ကူချန်နှင့် စစ်ထူရွယ်တို့ပင်။

"ညီနောင်ကျွင်း..."

ရဲ့ကူချန်က နှုတ်ဆက်လိုက်သည်။

ကျွင်းရှောင်ယောက်က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဒါ...သူက..."

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက ရဲ့ကူချန်ကို မြင်သောအခါ အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုအံ့သြမှုသည် သံသယနှင့် မရေရာမှုများ ပါဝင်နေ၏။

"ဟမ်"

ကျွင်းရှောင်ယောက်က အလွန်သတိထားတတ်ပြီး သတိရှိသောကြောင့် မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသား၏ ပုံမှန်မဟုတ်သော အမူအရာကို ချက်ခြင်း သတိပြုမိလိုက်သည်။

သူက ရဲ့ကူချန်ကို တစ်ချက်ကြည့်ရင်း သူ့စိတ်ထဲမှ နက်နဲစွာ တွေးတောဆင်ခြင်လိုက်လေသည်။

'ရဲ့ကူချန်ရဲ့ အတိတ်ဘဝက ဓားနတ်ဆိုး တုကူးဝူပိုက် ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်က ရဲ့ကူချန်၏ အတိတ်ဘဝကို တွေးလိုက်မိသည်။

ဓားနတ်ဆိုးနှင့် ဓားသင်္ချိုင်း...

ဒါက လုံးဝ ဆက်စပ်မှုမရှိဘူးလို့ပြောရင် ကျွင်းရှောင်ယောက် ယုံကြည်မည်မဟုတ်ပေ။

'ဒီအတိုင်းမှန်ရင် ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းလာလိမ့်မယ်'

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

"ကျွင်းသခင်လေး၊ ရှင်ရောက်နေပြီ"

ကျိချင်းရီက ရောက်ရှိလာပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသားက ခဏတာ အံ့အားသင့်သွားပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သွားသည်။

သူ့မျက်လုံးများမှာတော့ လေးလေးနက်နက် တွေးနေသကဲ့သို့ အနည်းငယ် အရောင်လက်နေတော့သည်။

ထိုအချိန်တွင်၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ဓားအလင်းတစ်ခုက ကျွင်းရှောင်ယောက်အပေါ်သို့ ရုတ်တရက် ဆင်းသက်လာသည်။

'ကိုယ့်အဆင့်ကိုမသိဘူး"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။

သူက အင်္ကျီလက်ကို ဆတ်ခနဲ ခါယမ်းလိုက်၏။

အားကောင်းသော နိယာမစွမ်းအားက မုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်လာပြီး ဓားအလင်းကို ချေဖျက်ပစ်လိုက်တော့သည်။

"အဲဒါက မြင့်မြတ်ဝိညာဉ်အပျက်အယွင်းရဲ့ ဓားဧကရာဇ်ရဲ့သားတော်ပဲ"

ဤဓားအလင်းကို မြင်သောအခါ ပါရမီရှင်များစွာက ချက်ချင်း သဘောပေါက်သွားသည်။

"ကျွင်းရှောင်ယောက်၊ ငါ အရင်က မင်းကိုပညာပေးဖို့ အခွင့်အရေးရှာခဲ့ချင်ပေမဲ့ မင်းတစ်ယောက်တည်း ကောင်းကင်ကိုးပါးကို လာဝံ့မယ်လို့ မမျှော်လင့်ထားဘူး"

မာနကြီးပြီး လျစ်လျူရှုထားသောအသံ ထွက်လာခဲ့သည်။

လူတစ်ယောက် ပေါ်လာ၏။

သူ၏ ဆံပင်ရှည်များက လေထဲတွင် လွင့်မျောနေပြီး ဆံချည်တစ်မျှင်က ဓားစွမ်းအင်များ စီးဆင်းနေပုံရသည်။

သို့သော်လည်း အထူးခြားဆုံးအရာက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားဒဏ်ရာ အမာရွတ်များ ပြည့်နေခြင်းပင်။

သူ့အရေပြား၏ လက်မတိုင်းလိုလို ဓားဒဏ်ရာ အမာရွတ်များ ပြည့်နေသည်။ သူ့မျက်နှာမှာပင် ကန့်လန့်ဖြတ် ဓားဒဏ်ရာကြီးတစ်ခု ရှိနေသေးသည်။

၎င်းက အလွန်ကြောက်စရာကောင်းပုံရသည်။

သို့သော်လည်း ထိုဓားဒဏ်ရာ အမှတ်အသားများကို မည်သူမှ မထားခဲ့ပါ။

ထိုအစား ၎င်းက သူနားလည်ထားသော ဓားပညာ အနှစ်သာရများ ဖြစ်သည်။

တစ်နည်းဆိုရသော်၊ ဓားအမှတ်အသားတစ်ခုစီက ဓားဧကရာဇ်၏ ဓားလမ်းစဥ်အပေါ် နားလည်သဘောပေါက်ခြင်းကို ကိုယ်စားပြုပေသည်။

ထို့ပြင်၊ ဓားဧကရာဇ်ကိုယ်တိုင်က မြင့်မြတ်ဝိညာဉ်မျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားအမှတ်အသားများက သူ၏ မူလပုံ၏နှင့်လည်း သက်ဆိုင်သည်။

ယခုအခါ သူ့ခန္ဓာကိုယ်တွင် ဓားဒဏ်ရာအမာရွတ် တစ်ထောင်ကျော်က ဖုံးလွှမ်းထားပေသည်။

တစ်နည်းဆိုရလျှင်၊ ဓားဧကရာဇ်၏ ဓားပညာကျွမ်းကျင်မှုက မျိုးဆက်သစ်လူငယ်များကြားတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

"ဒီလို သန်မာတဲ့ ဓားစိတ်ဆန္ဒ..."

ဤအခြေအနေတွင် ကျွင်းရှောင်ယောက်ထက် ရဲ့ကူချန်က ပို၍ တုံ့ပြန်သည်။

သားကောင်ကို တွေ့လိုက်ရသော မုဆိုးတစ်ယောက်ကဲ့သို့ သူ့မျက်လုံးများ တောက်ပလာ၏။

"ညီနောင်ရဲ့၊ သူက ကျုပ်အတွက်လာတာပါ"

ကျွင်းရှောင်ယောက်က ခေါင်းယမ်းပြီး ပြုံးလိုက်သည်။

"မင်းက ကျောက်ဧကရာဇ်လေးကို ဒဏ်ရာရစေခဲ့တယ်"

ဓားဧကရာဇ်က အေးစက်စွာ ပြောသည်။

"အဲဒီတော့ ဘာဖြစ်လဲ။ ကျောက်ဧကရာဇ်က ပေးအပ်ထားတဲ့ လိပ်ခွံသာမရှိခဲ့ရင် သူ့ကို ငါ့ရဲ့ အရာအားလုံးရဲ့မိခင်ချီ ဒယ်စောက်အိုးနဲ့ အစောကြီးကတည်းက သန့်စင်ပြီးလောက်ပြီ"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

သို့ရာတွင် ဓားဧကရာဇ် ပေါ်လာသောအခါ..

.

ကျွင်းရှောင်ယောက်က သိုလှောင်ခြင်းရတနာအတွင်းရှိ တာ့လော့‌ဓားသန္ဓေက တစ်နည်းနည်းဖြင့် တုံ့ပြန်နေသကဲ့သို့ အနည်းငယ် တုန်လှုပ်နေပုံရကြောင်း သတိပြုလိုက်မိသည်။

'တာ့လော့ဓားသန္ဓေကို ဒီလောက်ထိ တုံ့ပြန်စေနိုင်တာက... ဒီဓားဧကရာဇ်ရဲ့ မူလပုံစံဟာ ဘာဖြစ်မလဲ'

ကျွင်းရှောင်ယောက်က လျှို့ဝှက်စွာ အံ့သြသွားခဲ့သည်။

အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးကဲ့သို့ပင် တာ့လော့ဓားသန္ဓေက အင်မော်တယ်လက်နက်ဖြစ်လာရန် အလားအလာ ရှိသည်။

ဤသို့သော ရတနာကို တုံ့ပြန်စေနိုင်ခြင်းက ကျွင်းရှောင်ယောက်၏ စူးစမ်းလိုစိတ်ကို နိုးထစေသည်။

သူ့ကို တာ့လော့ဓားသန္ဓေအတွက် အာဟာရအဖြစ် အသုံးပြုရလျှင် ကောင်းမည်။

All Chapters