← Chapters

အခန်း ၁၄၀၉

Vol. 94 Ch. 1409

အခန်း ၁၄၀၉

Vol. 94 Ch. 1409

အခန်း ( ၁၄၀၉ ) ရဲ့ကူချန်နှင့် ရွှမ်လီ။

"စစ်ထူမိသားစုဝင်ပဲ"

ရွှမ်လီက တည်ငြိမ်စွာ ပြောသည်။

"ဟုတ်ပါတယ်၊ ကျွန်မက စစ်ထူမိသားစုက စစ်ထူရွယ်ပါ။ သခင်လေးရွှမ်လီက ကျွန်မကိုငဲ့ပြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

စစ်ထူရွယ်က ပြောလိုက်သည်။

ပုံမှန်ဆိုလျှင်၊ စစ်ထူမိသားစု၏ ကျင့်ကြံသူအနေဖြင့် စစ်ထူရွယ်က ရွှမ်လီအပေါ် အလွန်ယဉ်ကျေးကာ နှိမ့်ချနေသင့်သည်။

ယခင်က တားမြစ်မိသားစုဝင်များဆိုလျှင်လည်း တားမြစ်နယ်မြေများ၏ ပါရမီရှင်များကို ရင်ဆိုင်ရသောအခါ သခင်နှင့်ကျွန်ကဲ့သို့ ရိုကျိုးခဲ့သည် မဟုတ်လော။

သို့ရာတွင်၊ စစ်ထူရွယ်က ရဲ့ကူချန်အတွက် ရှေ့ကိုထွက်ခဲ့သည်။

"ဪ၊ စိတ်ဝင်စားစရာပဲ"

ရွမ်လီက ခပ်တိုးတိုး ရယ်မောလိုက်သည်။

စစ်ထူမိသားစု၏ ပါရမီရှင် အမျိုးသမီးက အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတစ်ဦးအတွက် အမှန်တကယ်ပင် သူ့ကို ရင်ဆိုင်ဝံ့သည်။

ဒါက ဒေါသထွက်စရာပင်။

သို့သော်လည်း ရွှမ်လီက စစ်ထူရွယ်နှင့် ငြင်းခုံရန် အလွန်ပျင်းရိသည်။

ထိုအစား၊ စစ်ထူရွယ်၏ ပင်ကိုယ်စရိုက်က သူ၏စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ပေသည်။

နောက်ဆုံးတွင်၊ သူ အရင်ကတွေ့ဖူးသော မိန်းမတိုင်းက ပျင်းစရာကောင်းလောက်အောင် သူ့ထံ စိတ်ပါလက်ပါ အပ်နှင်းတတ်သည်။

"ဒါဆိုရင် မင်းလုပ်တတ်တာက မိန်းမတွေနောက်မှာ ပုန်းကွယ်နေတာပဲလား"

ရွှမ်လီက လှောင်ပြောင်လိုက်သည်။

ရဲ့ကူချန်၏ မျက်လုံးများက အေးစက်သွားသည်။ သူက စစ်ထူရွယ်၏ ပခုံးကို ညင်သာစွာဆုပ်ကိုင်ပြီး ရှေ့ကို လှမ်းထွက်လိုက်၏။

"ရှောင်ရဲ့ကျစ်..."

စစ်ထူရွယ်က အလွန်စိုးရိမ်သွားသည်။

ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေးအနေဖြင့် ရွှမ်လီ၏ခွန်အားက သာမန်မဟုတ်ပေ။

သူက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် အဆင့်တစ်ဆယ့်တစ် ဖြစ်သည်။

‌ဒါက ထိပ်တန်းအဆင့်မဟုတ်သော်လည်း ရွှမ်လီ၏အင်အားကို သက်သေပြရန် လုံလောက်ပေသည်။

"ကိစ္စမရှိဘူး၊ ငါ့ရဲ့ဓားပညာကို လေ့ကျင့်ဖို့ မင်းကနေစလိုက်တာပေါ့"

ရဲ့ကူချန်က ဧကရာဇ်သတ်ဓားကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်သည်။ သူ့ထံမှ အလွန်ထက်သော ‌ဓားတစ်လက်ကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်လာ၏။

ဓားစွမ်းအင်က မိုင်သုံးသောင်းအထိ ဖြတ်သန်းသွားသည်။

ဓားတစ်လက်၏ အလင်းရောင်က တိုက်ကြီးဆယ့်ကိုးခုကို ငြိမ်သက်စေနိုင်သည်။

ဤအခိုက်အတန့်တွင်၊ ရဲ့ကူချန်က မြေကမ္ဘာပေါ်သို့ ဆင်းသက်လာသော ဓားနတ်ဆိုးကဲ့သို့ဖြစ်ပြီး လွှမ်းမိုးကြီးစိုးကာ အားကောင်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။

"ရှောင်ရဲ့ကျစ်..."

စစ်ထူရွယ်က အံ့အားသင့်သွားသည်။ သူက ရဲ့ကူချန်ကို ဤ‌အခြေအနေမျိုးဖြင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

သို့မဟုတ်...

ဒါကမှ သူ့ရဲ့ ပုံစံအမှန်ပဲလား။

"ဒီအရှိန်အဝါက..."

ဤအခိုက်အတန့်တွင်၊ လျှို့ဝှက်စွာ စောင့်ကြည့်နေသော ကျန့်ချီလည်း ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူ့မျက်လုံးအိမ်များ အနည်းငယ် တုန်လှုပ်သွားသည်။

ရဲ့ကူချန်၏ အရှိန်အဝါက မိုင်တစ်သောင်းအကွာအဝေးအတွင်းရှိ ဓားအားလုံးကို တုန်လှုပ်စေကာ တစ်ချိန်တည်းတွင် ပဲ့တင်ထပ်နေပုံရ‌ပေသည်။

"ဒါက တကယ်ဖြစ်နေမလား..."

ကျန့်ချီက အသက်ပြင်းပြင်းရှူလိုက်မိသည်။

ရဲ့ကူချန်က သူမျှော်လင့်ထားသည့်အတိုင်း တကယ်ဖြစ်နေလျှင်...

ဤတိုက်ပွဲတွင် အန္တာရာယ်ရှိနေသူက ရဲ့ကူချန်မဟုတ်တော့ပေ။

"ဟမ်...ဒီကောင်..."

ကောင်းကင်ကို ဖြတ်သန်းသွားနိုင်ပုံရသော ရဲ့ကူချန်၏ အေးစက်စက် အငွေ့အသက်တို့ကို ခံစားမိသောအခါ ရွှမ်လီလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

အင်မော််တယ်နယ်မြေကြီးမှ လူများအားလုံးက အဘယ်ကြောင့် ဤကဲ့သို့ မကောင်းဆိုးရွားများ ဖြစ်နေကြသနည်း။

ကျွင်းရှောင်ယောက် အရှိန်အဝါကြီးနေခြင်းက နားလည်နိုင်သည်။ နောက်ဆုံးမှာတော့ သူက ထူးခြားသော အဆင့်အတန်းတစ်ခု ရှိသည်။

သို့ရာတွင်၊ ဤရှေးဟောင်းမိသားစုတစ်ခု၏ ပါရမီရှင်က အဘယ်ကြောင့် ဤမျှသန်မာရသနည်း။

သို့မဟုတ်... လက်ရှိ အင်မော်တယ်နယ်မြေကြီးက အတိတ်ကနှင့် မတူတော့ဘူးလား။

"ဟမ့်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို ဖိနှိပ်နိုင်သေးတယ်"

ရွှမ်လီက သူ့ကိုယ်သူ မာန်တင်းလိုက်သည်။ သူ၏ အရှိန်အဝါများကလည်း အမှန်တကယ် ကြောက်စရာကောင်း၏။

သူတို့နှစ်ဦးက ပြင်းထန်သော တိုက်ပွဲတစ်ခုကို ချက်ချင်း စတင်လိုက်ကြသည်။

ဤနေရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပေသည်။

အခြားတစ်ဖက်တွင်...

ဓားစွမ်းအင်များ ဖြာထွက်နေသော လူရုပ်သွင်တစ်ခုက ခုနစ်ရောင် ဓားဝိညာဉ်ကို ဖမ်းဆီးပြီး သိမ်းယူလိုက်သည်။

ထိုသူက ဓားဧကရာဇ်ပင်။

"ဟမ်၊ ဒီ‌ဓားစိတ်ဆန္ဒက ကျွင်းရှောင်ယောက်အနားက ဝတ်စုံနက်ဝတ်လူငယ်ဆီက ဖြစ်သင့်တယ်"

ဓားဧကရာဇ်က ရေရွတ်လိုက်သည်။

"ဒါပေမယ့်... အဲဒါက ငါနဲ့မဆိုင်ပါဘူး။ ငါ့မှာ ရည်မှန်းချက်တစ်ခုပဲရှိတယ်"

ဓားဧကရာဇ်က လျစ်လျူရှုလိုက်ကာ ဓားဝိညာဉ်ကို ဝါးမြိုပြီး သန့်စင်ရန် အာရုံစိုက်ခဲ့သည်။

မမှားပေ၊ ၎င်းက အမှန်တကယ် ဝါးမျိုခြင်း ဖြစ်သည်။

ဓားဝိညာဉ်ကို ဖမ်းယူပြီးလျှင် အခြားသော ကျင့်ကြံသူများက ၎င်းတို့၏ ကိုယ်ပိုင်လက်နက်တွင် ပေါင်းစပ်ထားကြသည်။

သို့မဟုတ် ဓားပညာ၏ အနှစ်သာရကို ဆုပ်ကိုင်ရန် ကြိုးစားကြ၏။

ဓားဧကရာဇ်၏ နည်းလမ်းကတော့ အလွန်ရိုးရှင်းပြီး တိုက်ရိုက်ဆန်သည်။ သူက ၎င်းကို သူ့ခန္ဓာကိုယ်အတွင်းသို့ ရိုးရှင်းစွာ သန့်စင်ခဲ့ပေသည်။

သူက မြင့်မြတ်ဝိညာဉ်မျိုးနွယ်ဝင် ဖြစ်သည်။

သူကိုယ်တိုင်က အကောင်းဆုံးလက်နက် ဖြစ်၏။

ခန္ဓာကိုယ်ကြံ့ခိုင်မှုတွင် မြင့်မြတ်ဝိညာဉ်မျိုးရိုးက ရှေးဦးမိစ္တာသားရဲ မျိုးရိုးထက် အနည်းငယ် အားနည်းသည်။

သို့ရာတွင် ခွန်အားအရာမှာတော့ လုံးဝ အားမနည်းပေ။

ထို့ကြောင့် ဓားဧကရာဇ်ကိုယ်တိုင်က အချွန်ဆုံးဓားဖြစ်ပြီး အခြားလက်နက်များကို မလိုအပ်ပါ။

သူ့ကိုယ်သူ ‌ဓားအဖြစ် အသုံးပြုပြီး လေ့ကျင့်နိုင်သည်။

ဤကဲ့သို့ ထူးခြားသော ကျင့်ကြံမှုလမ်းဖြင့် ဓားဧကရာဇ်က ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်းတွင် အဆင့်ရှစ်နေရာကို ရရှိခဲ့ပေသည်။

"နောက်ထပ် ခုနစ်ရောင်ဓားဝိညာဉ်နည်းနည်းလောက် စုပ်ယူလိုက်ရင် ငါ့ရဲ့ခွန်အားကညတစ်ဖန်တိုးတက်လာလိမ့်မယ်။ ကျွင်းရှောင်ယောက်၊ မင်းစောင့်နေပါ"

ဓားဧကရာဇ်၏ မျက်လုံးများအကြည့်များက စူးရှလာတော့သည်။

...........

ရဲ့ကူချန်ဘက်တွင်...

တိုက်ပွဲအဟုန်က တဖြည်းဖြည်း မြင့်တက်လာနေပြီ ဖြစ်သည်။

ကျန့်ချီကလည်း လျှို့ဝှက်စွာ စောင့်ကြည့်နေဆဲ ဖြစ်၏။

သူ့အာရုံကို ရဲ့ကူချန်က အပြည့်အဝ ဆွဲဆောင်ထားခဲ့ပြီ။

"အိုး၊ ရွှမ်လီက သူ့ရဲ့ဝှက်ဖဲကို အသုံးပြုတော့မှာလား"

ကျန့်ချီက ပိုပြီး စိတ်ဝင်စားလာသည်။

တိုက်ပွဲအခြေအနေက ဤသို့ဤပုံ...

ရဲ့ကူချန်နှင့် ရွှမ်လီတို့က ရှေးဦးသားရဲကြီးနှစ်ကောင်ကဲ့သို့ အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။

"နတ်ဘုရားသတ်ဓားသိုင်း"

ရဲ့ကူချန်က အသူရာတစ်ပါးကဲ့သို့ သူ၏ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။ သွေးနီရောင်ဓားအလင်းက အဆုံးမဲ့သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ကောင်းကင်ကို ဖြတ်သန်းသွား၏။

"ချီးတဲ့မှပဲ ဘယ်လိုအရူးမျိုးလဲ"

ရွှမ်လီ၏ မျက်နှာက အလွန်အကြည့်ရဆိုးလှသည်။

သူက ရဲ့ကူချန်ကို အနိုင်မယူနိုင်သည့်အပြင် တန်ပြန်ဖိနှိပ်ခြင်းကိုပင် ခံနေရသေးသည်။

သူက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေး ဖြစ်သည်။ ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်းမှာပင် အဆင့်တစ်ဆယ့်တစ် ဖြစ်၏။

အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတစ်ဦးက သူ့ကို မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။

ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်ခဲ့မည်ဆိုလျှင် သူ နားလည်နိုင်သည်။

သို့ရာတွင် ရဲ့ကူချန်က ကောင်းကင်ကိုးပါး၌ နာမည်ရှိပင် သူမဟုတ်ပေ။ ရွှမ်လီအနေဖြင့် သူ့ကို ရှုံးသွားခဲ့လျှင် သူ့သိက္ခာက ဘာဖြစ်သွားမည်နည်း။

"မင်းက သေဖို့ စိတ်အားထက်သန်နေမှတော့ ဒီသခင်လေးက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်"

ရွှမ်လီ၏ စကားသံအဆုံးတွင်၊ သူ့ရင်ဘတ်မှ အဆုံးမဲ့ အားကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

၎င်းက ပြိုးပြိုးပြက်ပြက် တောက်ပပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းမိုးထားနိုင်သော ဧကရာဇ်အငွေ့အသက်တို့ကို ထုတ်လွှတ်နေ၏။

နောက်ဆုံးတွင်၊ ရွှမ်လီက သူ၏ ဧကရာဇ်အဆင့် ရင်ဘတ်အရိုး၏စွမ်းအားကို ထုတ်လွှတ်လိုက်ပြီ။

ရွှမ်လီ၏ လက်ရှိခွန်အားဖြင့် ဧကရာဇ်အဆင့် ရင်ဘတ်ရိုး၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ရန် မဖြစ်နိုင်ပါ။

သို့တိုင်၊ ၎င်း၏ စွမ်းအားတစ်စိတ်တစ်ပိုင်းက ပွဲသိမ်းတိုက်ခိုက်မှုများအတွက် ဝှက်ဖဲဖြစ်နိုင်သည်။

"ရှောင်ရဲ့ကျစ်..."

စစ်ထူရွယ်က အလွန်စိုးရိမ်သွားသည်။

ရွှမ်လီသာ အနိုင်ရရှိပါက သူ့ကိုသတ်ရန် တွန့်ဆုတ်နေမည်မဟုတ်မှန်း သူမ သိသည်။

တားမြစ်နယ်မြေများမှ ပါရမီရှင်များက သတ်ဖြတ်ခြင်းကို ကျင့်သားရနေပြီ။

သို့သော်လည်း ဤကဲ့သို့ ကြီးမားသော စွမ်းအားမျိုးကို ရင်ဆိုင်ရသောအခါ၌ပင် ...

ရဲ့ကူချန်၏ မျက်လုံးများက ရေကဲ့သို့ ငြိမ်သက်နေခဲ့သည်။

သူ့အတွက် သေဆုံးခြင်းနှင့် ရှင်သန်ခြင်းက ကြီးကြီးမားမား ပြဿနာ မဟုတ်သလိုပင်။

ဤအခိုက်တွင် ရဲ့ကူချန်၏ နှလုံးသားက တည်ငြိမ်သွားသည်။

သူသည် ဧကရာဇ်သတ်ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး မြှောက်လိုက်၏။

ရုတ်တရက်... အချင်းဝက် မိုင်တစ်သောင်းအတွင်းမှ ဓားအားလုံးက တပြိုင်နက်တည်း တုန်လှုပ်သွားကာ ကြည်လင်သော ဓားမြည်သံများ ထွက်ပေါ်လာကြသည်။

ဒါက ဓားဘိုးဘေးကြီးကို ကြိုဆိုနေသကဲ့သို့ပင်။

နောက်အခိုက်အတန့်တွင် ဓားများအားလုံးက မြေပြင်မှ မြင့်တက်လာပြီး လေဟာနယ်ကို ဖြတ်သန်းကာ ရဲ့ကူချန်ဆီသို့ ပျံသန်သွားကြတော့သည်။

ဓားသင်္ချိုင်းအတွင်း၌ နှစ်ပေါင်းများစွာ တိတ်တဆိတ် လေ့ကျင့်နေသော တည်ရှိမှုတစ်ခုလည်း သတိပြုမိသွားပြီး တအံ့တဩဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။

"ဒီအငွေ့အသက်က... တကယ်ဖြစ်နိုင်မလား..."

ဓားတစ်သောင်းက ကောင်းကင်ကို ဖုံးလွှမ်းပြီး ကြယ်ကောင်းကင်ကို ဖုံးကွယ်ထားလိုက်သည် ။

လမ်းတစ်လျှောက်မှ ပါရမီရှင်အချို့ကတော့ ဤအရာကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားသော်လည်း ဘာဖြစ်သွားမှန်း မသိလိုက်ကြပေ။

"ဒါ..."

ရွှမ်လီသည်ပင် ဤအခိုက်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

ဘာတွေဖြစ်နေသနည်း။

ရဲ့ကူချန်က ဧကရာဇ်သတ်ဓားကို ကိုင်မြှောက်လိုက်သည်နှင့် ဓားတစ်သောင်းက သူ့အလိုဆန္ဒအတိုင်း လိုက်ပါလာခဲ့သည်။

"ဓားတစ်ချောင်းက နတ်ဘုရားတွေကို သေစေနိုင်တယ်၊ ဒါက... နတ်ဘုရားတစ်သောင်းရဲ့ ကပ်ဘေးဒုက္ခပဲ"

ရဲ့ကူချန်က ဓားဖြင့် ခုတ်ချလိုက်သည်။ ဓားတစ်သောင်းကလည်း ထိုဓားနှင့်အတူ လိုက်ပါသွား၏။

ထိုအချိန်တွင် ရွှမ်လီ၏ နှလုံးသားများပင် တုန်လှုပ်လာတော့သည်။

All Chapters