← Chapters

အခန်း ၁၄၁၀

Vol. 94 Ch. 1410

အခန်း ၁၄၁၀

Vol. 94 Ch. 1410

အခန်း ( ၁၄၁၀ ) ရွှမ်လီကို အနိုင်ယူခြင်း။

ဤဓားသိုင်းကို ယခင်က ကျွင်းရှောင်ယောက် မှတ်ချက်ပေးဖူးသည်။

နတ်ဘုရားအားလုံး၏ကပ်ဘေးဒုက္ခက သူ အလွန်နှစ်သက်ခဲ့သော ဓားသိုင်း ဖြစ်၏။

ကျွင်းရှောင်ယောက်၏ အသိအမြင်ဖြင့်ပင် ချီးကျူးရခြင်းက ရဲ့ကူချန်၏ဓားသိုင်းမှာ မည်မျှအစွမ်းထက်ကြောင်း မြင်နိုင်သည်။

ယခင်က ဧကရာဇ်လမ်းတွင် ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်က ကိုယ်တိုင်ဖန်တီးထားသော နတ်ဘုရားသိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြသည်။

ကမ္ဘာဦးကျမ်းနှင့် နတ်ဘုရားအားလုံး၏ ကပ်ဘေးဒုက္ခ...

ထိုတိုက်ပွဲတွင်၊ ကျွင်းရှောင်ယောက်က နောက်ဆုံးမှာ အနိုင်ရခဲ့သော်လည်း 'နတ်ဘုရားအားလုံး၏ကပ်ဘေးဒုက္ခ'က အားနည်းသည်ဟု မဆိုလိုပါ။

ကျွင်းရှောင်ယောက်၏ ကမ္ဘာဦးကျမ်းအပြင် သူကိုယ်တိုင်က မူမမှန်လွန်းသောကြောင့် ဖြစ်သည်။

ယခုဆိုလျှင်၊ ရဲ့ကူချန်က နှစ်အတော်ကြာ လေ့ကျင့်ခဲ့သောကြောင့် နတ်ဘုရားအားလုံး၏ ကပ်ဘေးဒုက္ခ ဓားသိုင်းက သဘာဝအတိုင်း ပို၍ပင် အားကောင်းလာခဲ့ပြီ။

ထို့ပြင်၊ သူတို့က ဓားသင်္ချိုင်းတွင် ရှိနေသောကြောင့် ဖြစ်နိုင်သည်။

နတ်ဘုရားအားလုံး၏ ကပ်ဘေးဒုက္ခ နတ်ဘုရားသိုင်းက သိသိသာသာ ပိုအားကောင်းလာပုံရသည်။

ရဲ့ကူချန်၏ ဓားက နဂါးငွေ့တန်းကို ချိုးဖျက်ပြီး ကောင်းကင်ကို ဖြိုခွဲရန် လုံလောက်သော အင်အားရှိပုံရပေသည်။

ရွှမ်လီက ဧကရာဇ်အဆင့် ရင်ဘတ်အရိုး၏စွမ်းအားကို ထုတ်လွှတ်ထား‌သော်လည်း သူ့အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

‌

တောက်ပပြီး ပြတ်သားသော ဓားအလင်းနှင့် ကြီးကျယ်ခမ်းနားသော ဧကရာဇ်အင်အားတို့ ထိပ်တိုက်တွေ့ဆုံသွားကြသည်။

အသံအားလုံးက စုပ်ယူခံလိုက်ရသလို ခဏတာ တိတ်ဆိတ်သွား၏။

"ဝုန်း"

ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတော့သည်။

"ဖူး"

တစ်စုံတစ်ယောက်က သွေးအန်လိုက်ရသောအသံကို ကြားလိုက်ရသည်။

ရွှမ်လီက လွင့်စဉ်သွားပြီး သူ့ရင်ဘတ်က ပေါက်ကွဲသွားသည်။

သူ့ရင်ဘတ်ပေါ်တွင် ကြောက်စရာကောင်းသော ဓားအမှတ်အသားတစ်ခု ပေါ်လာခဲ့၏။ အတွင်းပိုင်းမှ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ဧကရာဇ်အဆင့် ရင်ဘတ်အရိုးကိုပင် မြင်နိုင်သည်။

အကယ်၍၊ ဤဧကရာဇ်အဆင့် ရင်ဘတ်အရိုး၏ ကာကွယ်ပေးမှုကြောင့်မဟုတ်လျှင် ရွှမ်လီ၏ ရင်ဘတ်က ထုတ်ချင်းခတ်ပြီး ပေါက်ထွက်သွားလိမ့်မည်။

"မင်း... အဟွတ်..."

"ရွှမ်လီ၏ မျက်နှာက မည်းမှောင်သွားသည်။

အခြေအနေက ဤကဲ့သို့ ဖြစ်လာမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

မူလက ဤနေရာကို သူလာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူ့ညီငယ်အတွက် လက်စားချေပြီး ကျွင်းရှောင်ယောက်ကို ဒဏ်ခတ်ရန် ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ရန် မဆိုထားဘိ...

အင်မော်တယ်နယ်မြေကြီးမှ အမည်မသိ ပါရမီရှင်တစ်ဦးကြောင့် ဤသို့ ဒဏ်ရာရရှိသွားခဲ့ပြီ။

ဒါက မယုံနိုင်စရာကောင်းသည်။

ရဲ့ကူချန်၏ မျက်လုံးများမှ အေးစက်ပြီး သတ်ဖြတ်လိုသော အရိပ်အယောင်တို့ကို သတိပြုမိသောအခါ ရွှမ်လီ၏ နှလုံးသားထဲတွင် တင်းကျပ်လာသလို ခံစားလိုက်ရသည်။

ရဲ့ကူချန်က ပြန်လည်ဝင်စားခြင်းပင်လယ်ကို ဂရုမစိုက်ဘဲ သူ့ကိုသတ်ဖြတ်နိုင်ကြောင်း သူ ခံစားမိ၏။

ဒါကိုတွေးမိသောအခါ ရွှမ်လီက အရှိန်အဝါကြီးသော စကားများကိုပင် မဆိုဘဲ ချက်ချင်း ဆုတ်သွားတော့သည်။

ရွှမ်လီက ဆုတ်ခွာသွားသည်ကို မြင်သောအခါ ရဲ့ကူချန်၏ ဓားကိုင်လက်က တစ်ချက်လှုပ်သွားသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ သူ မလှုပ်ရှားဖြစ်ခဲ့ပေ။

ဒါက ရွှမ်လီကို မသတ်ဝံ့သောကြောင့် မဟုတ်ပါ။

စစ်ထူရွယ်၏ စစ်ထူမိသားစုက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ကွပ်ကဲမှုအောက်တွင်ရှိသော တားမြစ်မိသားစု ဖြစ်သည်။

သူက စစ်ထူရွယ်ကို အခက်မကြုံစေချင်ပေ။

"ရှောင်ရဲ့ကျစ်၊ ရှင် အဆင်ပြေရဲ့လား"

စစ်ထူရွယ်က ရှေ့သို့ တိုးလာသည်။

ရဲ့ကူချန်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။

ရွှမ်လီကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော်လည်း ရဲ့ကူချန်ကိုယ်တိုင် ဒဏ်ရာများရရှိခဲ့သည်။

နောက်ဆုံးမှာတော့ ဧကရာဇ်အဆင့် ရင်ဘတ်အရိုး၏စွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

လူတိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ ထိခိုက်မှုမရှိဘဲ ရန်သူကို အနိုင်မယူနိုင်ပေ။

"ရှင်ဒဏ်ရာရထားတယ်"

စစ်ထူရွယ်က စိုးရိမ်စွာ ပြောလိုက်သည်။

"အဆင်ပြေပါတယ်"

ရဲ့ကူချန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ သူက ခဏမျှ ငြိမ်သက်သွားပြီးနောက် ပြောလိုက်၏။

"မင်းကို ဒီကိစ္စထဲ ဆွဲသွင်းခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်"

စစ်ထူရွယ်၏ ရပ်တည်ချက်က အလွန်မလွယ်ကူမှန်း သူသိသည်။

အကြောင်းမှာ၊ စစ်ထူမိသားစုက ပြန်လည်ဝင်စားခြင်းပင်လယ်၏ လက်အောက်မှ တားမြစ်မိသားစုတစ်ခု ဖြစ်နေသောကြောင့်ပင်။

ရွှမ်လီကို ဆန့်ကျင်ခဲ့ခြင်းကြောင့် စစ်ထူမိသားစုက နောက်ပိုင်းတွင် ပြဿနာများကို ရင်ဆိုင်ရဖွယ်ရှိသည်။

"ရှင်က အခုထိ ဒီလိုစကားမျိုးကို ပြောနေသေးတာလား"

စစ်ထူရွယ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

ရဲ့ကူချန်က အများကြီးမပြောတော့ပေ။

သူ၏ အေးစက်ပြီး လျစ်လျူရှုထားတတ်သော မျက်လုံးများမှာတော့ နူးညံ့သိမ်မွေ့မှု အရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။

...........

တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က ခုနစ်ရောင်ဓားဝိညာဉ်ကို ဖိနှိပ်ခဲ့ပြီး ၎င်းကို တာ့လော့ဓားသန္ဓေသားမှ စုပ်ယူသွားခဲ့သည်။

ထို့နောက် သူ့အကြည့်များက အဝေးဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။

ဝေးကွာသောအရပ်မှ အတက်အကျတို့ကို ခံစားမိပြီးနောက် ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

"ရွှမ်လီနဲ့ တိုက်ပွဲဖြစ်ခဲ့တာပဲ။ ရွှမ်လီ‌ကတော့ ကောင်းကောင်းခံစားသွားရလောက်ပြီ"

ကျွင်းရှောင်ယောက်က ရဲ့ကူချန်၏ နတ်ဘုရားအားလုံး၏ကပ်‌ဘေးဒုက္ခနှင့် အလွန်ရင်းနှီးသည်။ ထိုစဉ်က သူကိုယ်တိုင် ၎င်းကို ရင်ဆိုင်ဖူး၏။

ရွှမ်လီအတွက်တော့... ကျွင်းရှောင်ယောက်သည် ရွှမ်လီ၏ ဧကရာဇ်အဆင့် ရင်ဘတ်အရိုး၏ အငွေ့အသက်ကို ခံစားခဲ့ရသည်။

ထို့ကြောင့် ရွှမ်လီနှင့် ရဲ့ကူချန်တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သူခန့်မှန်းမိခဲ့သည်။

သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ကျွင်းရှောင်ယောက်သည် ရဲ့ကူချန်တွင် မဖော်ထုတ်ရသေးသော လျှို့ဝှက်ချက်များ ရှိနေသေးကြောင်း အမြဲခံစားခဲ့ရသည်။

နောက်ဆုံးမှာတော့ ရဲ့ကူချန်သည် ယခင်ဘဝတုန်းက ဓားနတ်ဆိုးတစ်ယောက် ဖြစ်ခဲ့သည် မဟုတ်လော။

ဓားနတ်ဆိုးနှင့် ဓားသင်္ချိုင်းက ဆက်စပ်မှုမရှိဘူးဟုဆိုလျှင် သူ မယုံပေ။

သို့သော်လည်း ဒါက ကျွင်းရှောင်ယောက်အတွက် အနှောက်အယှက် မဖြစ်ခဲ့ပါ။

သူနှင့် ရဲ့ကူချန်တို့က ပြိုင်ဆိုင်မှုများ ရှိခဲ့ကြသော်လည်း အချင်းချင်း အပြန်အလှန် လေးစားမှု ရှိသည်။

ရဲ့ကူချန်က ကောင်းကျိုးရရှိလျှင် သူက သဘာဝအတိုင်း‌ ပျော်ရွှင်လိမ့်မည်။

ထို့နောက်၊ ကျွင်းရှောင်ယောက်က ဓားဝိညာဉ်များကို ဆက်လက်ရှာဖွေခဲ့သည်။

သူ၏ တာ့လော့ဓားသန္ဓေကလည်း သိမ်မွေ့သော အသွင်ကူးပြောင်းမှုကို စတင်ခဲ့၏။

ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်၏ ဝိညာဉ်အသိက ဓားဝိညာဉ်၏ အငွေ့အသက်ကို တွေ့ရှိခဲ့သည်။

ထိုဓားဝိဥာဉ်က မယုံနိုင်လောက်အောင် အစွမ်းထက်သော အငွေ့အသက်များ ရှိ၏။

"အလို၊ ကိုးရောင်ဓားဝိညာဉ်ပါလား"

ကျွင်းရှောင်ယောက်သည် အရောင်ကိုးရောင်ရှိသော ဓားဝိညာဉ်ကို အမှန်တကယ် တွေ့ခဲ့သည်။

၎င်းက ဓားသင်္ချိုင်းတွင် အစွမ်းထက်ဆုံး ဓားဝိညာဉ်ဖြစ်လိမ့်မည်။

သို့သော်လည်း ကိုးရောင်ဓားဝိဥာဉ်က အန္တရာယ်ကို သတိပြုမိပုံရပြီး အဝေးကို ပျံသန်းသွား၏။

ကျွင်းရှောင်ယောက်လည်း တာ့လော့ဓားသန္ဓေကိုကိုင်ပြီး လျင်မြန်သော အဟုန်ဖြင့် ပြေးလိုက်တော့သည်။

အသက်ရှူချိန် ဒါဇင်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ထိုအချိန်တွင် ကိုးရောင်ဓားဝိညာဉ်က အပျက်အယွင်းမြေတစ်ခုသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွား၏။

အပျက်အယွင်းမှ အေးစက်သော အငွေ့အသက်တို့ ထွက်ပေါ်လာတော့သည်။

"အစီရင်တစ်ခုလား..."

အနည်းငယ် မငြိမ်မသက်သော အတက်အကျကို ခံစားမိသောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာသည်။

ဤအရာက ဓားသင်္ချိုင်း၏ အကျော်အအော်တစ်ဦးမှ ချန်ရစ်ခဲ့သော ပိုအဆင့်မြင့်သည့် အမွေအနှစ်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်က အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ အပျက်အယွင်းထဲကို လှမ်းဝင်လိုက်သည်။

ရုတ်တရက်၊ ကောင်းကင်နှင့်မြေပြင်က ချာချာလည်သွားသည်။ တိမ်များက အရပ်ရပ်သို့ ရွေ့လျားသွား၏။

အဆုံးမရှိသော ဓားစွမ်းအင်များက ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံလိုက်တော့သည်။

၎င်းက ဓားသင်္ချိုင်းအပြင်ဘက်မှ ဓားစွမ်းအင် ကြယ်မြစ်ကဲ့သို့ပင် ဖြစ်သည်။

ဟုတ်သည်၊ ၎င်း၏စွမ်းအားကတော့ ဤမျှ ကြောက်စရာမကောင်းပါ။

သို့သော်လည်း အဓိပတိနယ်ပယ်ခုနစ်ခုမှ ကျင့်ကြံသူများအတွက် သေစေနိုင်လောက်သော ခြိမ်းခြောက်မှုတစ်ခုအဖြစ်ရှိနေဆဲ ဖြစ်သည်။

"စိတ်ဝင်စားစရာပဲ"

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကြောက်ရွံ့ခြင်း မရှိဘဲ စိတ်ဝင်စားမှု အရိပ်အမြွက်တို့ပင် ပေါ်လာသည်။

ထိုအချိန်တွင်၊ အခြေအနေကို လျှို့ဝှက်စွာ စောင့်ကြည့်နေသော ကျန့်ချီက ကျွင်းရှောင်ယောက်၏ အခြေအနေကို သတိပြုမိသွားသည်။

"သူက ထျန်းကြွယ် ရှေးဟောင်းဓားအစီရင်ထဲကို တကယ်ကြီး ဝင်ရောက်သွားတာပဲ။ အဲဒါကို ဓားသင်္ချိုင်းရဲ့ အကျော်အမော်တစ်ဦးက ဓားစွမ်းအင်ကြယ်မြစ်ကို အတုယူပြီး ဖန်တီးထားတာ"

"ဒါက ဓားစွမ်းအင်ကြယ်မြစ်ရဲ့ ရိုးရှင်းတဲ့ပုံစံဖြစ်ပေမဲ့ အဓိပတိနယ်ပယ်ခုနစ်ခုက ကျင့်ကြံသူတွေအတွက် အရမ်း အန္တရာယ်များနေတုန်းပဲ။ ကျွင်းရှောင်ယောက် အခက်ကြုံပြီ"

"နောက်ပြီးတော့ သူက ကျွင်းမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ သူသာ ဓားသင်္ချိုင်းမှာ သေသွားခဲ့ရင် မကောင်းဘူး"

ကျန့်ချီက သူ့ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ သူက ကျွင်းရှောင်ယောက်ကို အချိန်မရွေး ကယ်တင်ရန် အသင့်ဖြစ်နေပြီ။

ထိုအချိန်တွင်၊ ကျန့်ချီ၏ အမူအရာက ရုတ်တရက် အေးခဲသွားသည်။ သူ့မျက်နှာတွင် အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာ၏။

ကျွင်းရှောင်ယောက်က ကောင်းကင်သတ် ရှေးဟောင်းဓားအစီရင်၏ အမြု‌တေကို အမှန်တကယ် တွေ့ရှိခဲ့ပြီး ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်ခြင်း ဖြစ်တော့သည်။

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီဓားသိုင်းက..."

ကျန့်ချီက တုန်လှုပ်သွားသည်။

ကျွင်းရှောင်ယောက်က ထျန်းကြွယ် ရှေးဟောင်းဓားအစီရင်ကို ဖျက်ဆီးခဲ့ခြင်းကပင် သူ့ကို အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။

သူ ထုတ်ဖော်ခဲ့သော ဓားသိုင်းက ကျန့်ချီကိုယ်တိုင် မမြင်ဖူးသော မြင်ကွင်းတစ်ခုပင်။

၎င်းက မဟာနတ်ဘုရားသိုင်းကြီးငါးခုကို ပေါင်းစပ်ခြင်းဖြင့် ရရှိလာခဲ့သော သတ်ဖြတ်ခြင်းဓား ဖြစ်သည်။

ဤဓားသိုင်း၏ အရှိန်အဝါနှင့် အင်အားက ကျန့်ချီကိုပင် အံ့အားသင့်စေခဲ့ပေသည်။

မူလက ကျွင်းရှောင်ယောက်သည် အစွမ်းထက်သော်လည်း ဓားပညာ၌ အလယ်အလတ်ရှိသူသာ ဖြစ်နိုင်သည်ဟု သူထင်ခဲ့သည်။

ယခုတော့ ဤဓားတစ်ချက်ကို ကြည့်လိုက်ပြီးနောက် သူနားလည်ခဲ့ပြီ။

၎င်းက ပြိုင်စံရှားသော ဓားပညာရှင်မျိုး ဖြစ်သည်။

All Chapters