← Chapters

အခန်း ၁၄၁၁

Vol. 95 Ch. 1411

အခန်း ၁၄၁၁

Vol. 95 Ch. 1411

အခန်း ( ၁၄၁၁ ) အချိန်ကို ရပ်တန့်စေနိုင်လောက်သော ဓားသိုင်း။

ကျန့်ချီကဲ့သို့ ကျွမ်းကျင်သူတစ်ဦးပင် အနည်းငယ် အံ့သြသွားမိသည်။

ကျွင်းရှောင်ယောက်က ဓားပညာတွင် ဤမျှထူးချွန်သော်လည်း လူများက အဘယ်ကြောင့် မသိရှိကြသနည်း။

သူက တစ်ထောင်မှာ တစ်ယောက် တွေ့ရခဲသော ဓားလမ်းစဉ်အတွက် ပါရမီရှင်တစ်ဦးဖြစ်သည်ဟု အဘယ်ကြောင့် မည်သူကမျှ မပြောကြသနည်း။

သို့သော်လည်း ကျန့်ချီသည် ခဏမျှစဉ်းစားပြီးနောက် နားလည်သွားသည်။

ဒါက ကျွင်းရှောင်ယောက်ဟာ အဘက်ဘက်တွင် ထူးချွန်နေခြင်းပင်။

သူ့ခန္ဓာကိုယ်က ပြိုင်စံရှားသော ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်သည်။ နောက်ပိုင်းတွင်၊ ပိုအားကောင်းသော မြင့်မြတ်ခန္ဓာတာအိုသန္ဓေအဖြစ် ပြောင်းလဲသွား၏။

သူက ကစဉ့်ကလျားခန္ဓာကို ပိုင်ဆိုင်ထားသေးသည်။

သူ၏ ရှေးဦးဝိဉာဉ်ကလည်း သမိုင်းတလျှောက်တွင် တွေ့ရခဲသော ထာဝရကွဲလွဲမှုတစ်ခု ဖြစ်သည်။

ဤအရာအားလုံး၏ တောက်ပမှုအောက်တွင်...

သူ၏ ဓားပညာ အရည်အချင်းက လျှို့ဝှက်စွာ နေခဲ့ရ‌ပေသည်။

ကျွင်းရှောင်ယောက်က ဓားလမ်းစဉ်တွင် အားနည်းခြင်းမဟုတ်ဘဲ အဘက်ဘက်တွင်၊ ထူးချွန်လွန်းသောကြောင့် ဖြစ်သည်။

"ဒါက တကယ်ကို မနာလိုစရာပဲ"

ကျန့်ချီက မနေနိုင်တော့ဘဲ သက်ပြင်းချလိုက်သည်။

သူကဲ့သို့ အကျော်အမော်တစ်ဦးပင် ကျွင်းရှောင်ယောက်၏ အရည်အချင်းများအတွက် မနာလိုဖြစ်မိပေသည်။

ထိုအထဲမှတစ်ခုကို ပိုင်နိုင်လျှင်ပင် ကောင်းကင်ကိုးပါး၌ နာမည်ကျော်ကြားနိုင်မည် ဖြစ်သည်။

ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်က အသုံးပြုခဲသော ဓားလမ်းစဉ်မှာပင် ဓားသမားအများစုထက် များစွာသာလွန်သေးသည်။

'ကျွင်းမိသားစုမှာ ဘယ်လိုမကောင်းဆိုးရွားမျိုး မွေးဖွားလာခဲ့တာလဲ'

ကျန့်ချီက သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင်...

ကျွင်းရှောင်ယောက်က 'သတ်ဖြတ်ခြင်းဓား'ကို အသုံးပြု၍ ထျန်းကြွယ် ရှေးဟောင်းဓားအစီရင်၏ အမြုတေကို ထိုးဖောက်ခဲ့သည်။

ဤအစီရင်က အလွန်အားကောင်းသည်။ ၎င်းက ဓားဧကရာဇ်၊ ဟွင်းဝမ်နှင့် ရွှမ်လီတို့ကိုပင် အချိန်အတစ်ခုကြာ ဆွဲထားနိုင်စွမ်းရှိ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က ဘာမှ မခံစားရပေ။

သူက ကိုးရောင်ဓားဝိညာဉ်ကို တိုက်ရိုက်ဖိနှိပ်ပြီးနောက် တာ့လော့ဓားသန္ဓေဖြင့် ပြန်လည်သန့်စင်ခဲ့သည်။

တာ့လော့ဓားသန္ဓေပေါ်ရှိ အမှတ်အသားများက ပိုထင်ရှားလာ၏။

တစ်ချိန်တည်းမှာပင်၊ ယခင်က မသွေးရသေးသော ဓားသွားမှာ ပိုပြတ်သားလာပုံရသည်။

ယခင်က တာ့လော့ဓားသန္ဓေသည် ပုံမဖော်ရသေးသော ဓားတစ်လက်မျှသာ ဖြစ်ခဲ့သည်။

ယခုမူ၊ ၎င်းသည် နောက်ဆုံးတွင် ဓားသန္ဓေအဖြစ် အသွင်သဏ္ဌာန် စတင်ဖြစ်ပေါ်လာခဲ့ပြီ။

'ဓားဧကရာဇ်ကိုသာ စုပ်ယူပြီး သန့်စင်နိုင်ရင် သိပ်မကြာလောက်တော့ဘူး'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

တာ့လော့ဓားသန္ဓေက ဓားဧကရာဇ်ကို တွေ့သောအခါ ချက်ချင်း တုံ့ပြန်ခဲ့သည် မဟုတ်လော။

ဓားဧကရာဇ်၏ ခန္ဓာကိုယ်က တာ့လော့ဓားသန္ဓေအတွက် အလွန်အထောက်အကူဖြစ်စေမည်ဟု သူ ခန့်မှန်းမိခဲ့သည်။

ထို့ကြောင့် ဓားဧကရာဇ်ကို မဖြစ်နေ သတ်ရလိမ့်မည်။

ဖြစ်နိုင်ချေရှိသော၊ ဆိုးရွားသော အကျိုးဆက်များကိုတော့... ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပါ။

'ဒါက ဓားအစီရင်ဆိုမှတော့ ဒီအထဲမှာ အမွေအနှစ်တစ်မျိုးမျိုး ရှိသင့်တယ်'

ကိုးရောင်ဓားဝိဥာဉ်ကို သန့်စင်ပြီးနောက် ကျွင်းရှောင်ယောက်က အစီရင်အတွင်း၌ စတင်စူးစမ်းလိုက်သည်။

ရုတ်တရက်၊ သူသည် အပျက်အယွင်း အလယ်ဗဟိုတွင် ကျောက်စာတိုင်တစ်ခုကို တွေ့လိုက်ရ၏။

ကျောက်စာတိုင်ပေါ်မှာတော့ ထက်မြက်ပြီး ပြတ်သားသော ဓားအမှတ်အသားတစ်ခု ရှိနေသည်။

ထိုဓားအမှတ်အသားက အလွန်ရှေးကျပုံရပြီး အချိန်စီးဆင်းမှု အငွေ့အသက်တို့ပင် ထွက်ပေါ်နေပေသည်။

"အလို"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် တောက်ပလာသည်။

ယခင်က၊ သူသည် ကျောက်နံရံပေါ်တွင် ရေးထိုးထားသော ဓားပညာကို တစ်ချက်ကြည့်ကာ နားလည်သဘောပေါက်ခဲ့သည်။

သို့ရာတွင်၊ သူ့ကို များစွာ မဆွဲဆောင်နိုင်ခဲ့ပေ။

သို့သော်လည်း သူ့ရှေ့မှ ဓားအမှတ်အသားက မတူတော့ပါ။ ၎င်းက ဓားသင်္ချိုင်း၏ ထိပ်တန်း အကျော်အမော် ဘိုးဘေးတစ်ဦးမှ ချန်ထားခဲ့သော အမွေအနှစ် ဖြစ်နိုင်သည်။

"အချိန်ရဲ့ အငွေ့အသက်..."

ကျွင်းရှောင်ယောက်က သေချာစွာ ခံစားကြည့်လိုက်သည်။

ဒါက ဘာကိုဆိုလိုသနည်း။

ဤဓားချက်က မြန်ဆန်လွန်း၍ အချိန်ကိုပင် ရပ်တန့်စေနိုင်ပုံရသည်။

အမြင့်မားဆုံး အမြန်နှုန်းက အားလုံးကို ဖြတ်ကျော်သွားနိုင်သည်။

အမြန်နှုန်းက လုံလောက်အောင် မြန်ဆန်လာလျှင် သစ်သားဓားဖြင့် ကြယ်မြစ်ကို ဖြတ်သန်းနိုင်လိမ့်မည်။

ဤကျောက်တိုင်ပေါ်တွင် မှတ်တမ်းတင်ထားသော ဓားသိုင်းက အမြန်နှုန်း၏ အဆုံးစွန်ဖော်ဆောင်ခြင်း ဖြစ်သည်။

အချိန်ကို ရပ်တန့်စေနိုင်လောက်အောင် မြန်ဆန်မှုရှိ၏။ ၎င်းက မည်မျှလျှို့ဝှက်ဆန်းကြယ်ပါသနည်း။

ထို့ပြင်၊ ကျွင်းရှောင်ယောက်က သူ၏ 'သတ်ဖြတ်ခြင်းဓား'နှင့် ပေါင်းစပ်လိုက်ပါက ဤဓားသိုင်းသည် ပို၍ အာကောင်းလာမည်ဟု ခံစားမိသည်။

ဒါက မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ရှောင်လွှဲလို့ မရနိုင်သော ဓားချက် ဖြစ်လိမ့်မည်။

ဤဓားချက်ကို ထုတ်ဖော်လိုက်သည်နှင့် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ ၎င်းကို ရှောင်တိမ်းရန် မဖြစ်နိုင်သလောက်ပင်။

ဒါက ကြောက်စရာကောင်းလွန်းသည်။

'ဒါက ငါလိုအပ်တဲ့ ဓားသိုင်းပဲ'

ကျွင်းရှောင်ယောက်က ကျေနပ်စွာ ပြုံးလိုက်သည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ကျောက်တိုင်ရှေ့မှာ တင်ပျဉ်ခွေထိုင်ပြီး နားလည်ဆင်ခြင်လိုက်တော့သည်။

ဤဓားသိုင်းက 'သတ်ဖြတ်ခြင်းဓား'နှင့် တစ်တန်းထဲ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အရည်အချင်းဖြင့်ပင် တစ်ချက်ကြည့်ရုံဖြင့် လုံးဝ နားမလည်နိုင်ပါ။

သူက အချိန်တစ်ခုယူရဦးမည် ဖြစ်သည်။

ဒါက သာမန်ပါရမီရှင်များကို ဆယ်စုနှစ်များစွာ နားလည်ဆင်ခြင်စေရန် လုံလောက်ပေသည်။

'ကြည့်ရတာ ထျန်းကြွယ်ဓားနတ်ဘုရားရဲ့ ဓားသိုင်းက ကျွင်းရှောင်ယောက်အတွက် ဖြစ်သွားပြီပဲ'

လေဟာနယ်ထဲတွင်၊ ကျန့်ချီက ဤမြင်ကွင်းကိုကြည့်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

မူလက၊ သူသည် ထျန်းကြွယ်ဓားနတ်ဘုရား၏ နတ်ဘုရားသိုင်းကို မည်သူမျှ အချိန်တိုအတွင်း နားလည်နိုင်မည်ဟု သူမယုံပေ။

ယခုမူ၊ ကျွင်းရှောင်ယောက်၏ ထူးချွန်သော အရည်အချင်းကို မြင်လိုက်ရသောအခါ ကျန့်ချီက ဖြစ်နိုင်သည်ဟု ခံစားမိခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်...

ဓားသင်္ချိုင်းသို့ ဝင်ရောက်ခဲ့သော ပါရမီရှင်များတွင် အကြောင်းတစ်ခုခုကြောင့် ဆန္ဒအလျောက် နုတ်ထွက်ခြင်း သို့မဟုတ် သေဆုံးခြင်းမရှိပါက အနည်းနှင့်အများဆိုသလို တစ်စုံတစ်ခုကို အသီးသီး ရရှိခဲ့ကြသည်။

ရန်ယုမန်ပင်လျှင် အမြတ်အစွန်းများစွာ ရရှိခဲ့၏။

သူက ကောင်းကင်အိပ်မက် စိတ်ညှို့လိပ်ပြာ၏ အိပ်မက်လမ်းစဉ်နှင့် လွန်စွာ လိုက်ဖက်သော ပုံရိပ်ယောင် ဓားအစီရင်တစ်ခုကို ရရှိခဲ့ပေသည်။

ဓားဧကရာဇ်၊ ဟွင်းဝမ်နှင့် အခြားသော ထိပ်တန်းပါရမီရှင်များသည်လည်း သဘာဝအတိုင်း တစ်စုံတစ်ရာ ရရှိခဲ့ကြသည်။

အထူးသဖြင့် ဓားဧကရာဇ်...

နောက်ဆုံးတွင် သူကိုယ်တိုင်က ဓားလမ်းစဉ်အတွက် မွေးဖွားလာသူ ဖြစ်သည်။

ဤဓားသင်္ချိုင်းက သူ၏ အိမ်ယာကဲ့သို့ ခံစားခဲ့ရ၏။

သူ့ခွန်အားက ပို၍ တိုးတက်လာသည်။

ကျွင်းရှောင်ယောက်ကို အနိုင်ယူရန် ယုံကြည်ချက်မှာလည်း ပို၍ မြင့်မားလာတော့သည်။

ဟုတ်သည်၊ သရုပ်ပျက်စွာဖြင့် ကျရှုံးခဲ့သူများလည်း ရှိသေးသည်။

ဥပမာအားဖြင့် ရွှမ်လီ...

ရွှမ်လီသည် ရဲ့ကူချန်ကို ရှုံးနိမ့်ပြီးနောက် ဒဏ်ရာဒဏ်ချက်များဖြင့် ထွက်ပြေးခဲ့ရသည်။

မျက်စိတစ်မှိတ်အတွင်း လဝက် ကြာသွားပြီ။

ကျောက်တိုင်ရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်က နောက်ဆုံးတွင် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်မှ အချိန်က ရပ်တန့်သွားပုံရသည်။

"အချိန်ခဏက အင်မတန်လှပတဲ့ အခိုက်အတန့်ပါလား။ ဒါက တကယ်ကို လက်ရာမြောက်တဲ့ ဓားသိုင်းတစ်ခုပဲ"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

လဝက်အတွင်း၊ သူသည် ဤဓားသိုင်းကို ကျွမ်းကျင်ခဲ့ပေသည်။

ဤဓားသိုင်း၏ အမည်မှာ 'တဒင်္ဂ၏အလှတရား' ဖြစ်သည်။

ဤကမ္ဘာပေါ်တွင် ဘယ်အရာမှ မတည်မြဲနိုင်ဘဲ မီးရှူးမီးပန်းကဲ့သို့ ခဏတာမျှသာ ဖြစ်သည်။

ဤဓားသိုင်းက ၎င်း၏အနှစ်သာရကို ထုတ်ယူထားခြင်းပင်။

ဤဓားသိုင်းဖြင့် ဓားချက်က မြန်ဆန်လွန်းလှသည်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို ထုတ်ယူပြီး ဓားတစ်ချက်ကို ထုတ်ဖော်လိုက်သည်။

တောက်ပသော ဓားအလင်းတစ်ခု ပေါ်လာ၏။

ဤဓားအလင်း ပေါ်လာသည်နှင့် တပြိုင်နက်၊ အချိန်က ရပ်တန့်သွားပုံရသည်။

ဟုတ်သည်၊ ဒါက အမှန်တကယ် အချိန်ရပ်တန့်ခြင်း မဟုတ်ပါ။

သာမာန်ဧကရာဇ်တစ်ပါးပင်လျှင် အချိန်ကို ရပ်တန့်ရန် ခက်ခဲမည် ဖြစ်သည်။

ပိုအစွမ်းထက်သော ဧကရာဇ်ပင်လျှင် အချိန်ကို အကန့်အသတ်ဖြင့် သက်ရောက်မှုရှိနိုင်လိမ့်မည်။

ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးသာ အချိန်မြစ်ကို စူးစမ်းရန် အရည်အချင်းပြည့်မီသည်။

ကျွင်းရှောင်ယောက်က ထူးချွန်သော်လည်း အချိန်ကို လွှမ်းမိုးရန် မဖြစ်နိုင်သေးပေ။

ဒါက အမြင်မှားခြင်းသာ ဖြစ်သည်။

အကြောင်းမှာ၊ ထိုဓားအလင်းက မြန်ဆန်လွန်းလှသောကြောင့်ပင်။

ထို့ကြောင့်ပင်၊ လူများက အချိန်ရပ်တန့်နေပြီဟု ခံစားရစေခဲ့သည်။

အမြန်နှုန်းက အလင်း၏အမြန်နှုန်းကို ရောက်ရှိသောအခါ ပတ်ဝန်းကျင်မှ အရာအားလုံး ရပ်တန့်သွားသကဲ့သို့ပင်။

ဓားအလင်းက ကျောက်တိုင်ကို ဖြတ်သန်းသွားသည်။

သို့သော်... ပေါက်ကွဲသံကို မကြားလိုက်ရပေ။

ကျောက်တိုင်က ထက်ခြမ်းကွဲသွားသည်။

၎င်း၏ မျက်နှာပြင်က ကြေးမုံမျက်နှာပြင်ကဲ့သို့ ချောမွေ့နေ၏။

အမွေအနှစ်ကို လက်ဆင့်ကမ်းခဲ့ပြီးဖြစ်သောကြောင့် ဤကျောက်တိုင်က ဆက်လက်တည်ရှိရန် မလိုအပ်တော့ပါ။

All Chapters