← Chapters

အခန်း ၁၄၁၄

Vol. 95 Ch. 1414

အခန်း ၁၄၁၄

Vol. 95 Ch. 1414

အခန်း ( ၁၄၁၄ ) ဓားဧကရာဇ်၏ မူလပုံစံ။

ဤအခိုက်တွင်...

ကမ္ဘာတစ်ခုလုံးက တိတ်ဆိတ်သွားပုံရသည်။

အရာအားလုံးက အေးခဲသွားပုံရ၏။

အလှတရားနှင့် ထက်မြက်မှုအားလုံးက ဤဓားတစ်ချောင်းတည်း၌ ထင်ဟပ်နေပုံရသည်။

ဒါ... တားဆီးမရနိုင်သော ဓားတစ်ချက်ပင်။

ဓားဧကရာဇ်က ဤဓားချက်ကို ရင်ဆိုင်ရသောအခါ အရိုးထဲထိ အေးစိမ့်ခြင်းကို ခံစားလိုက်ရသည်။

သူက ဤဓားချက်ကို လုံးဝ မရှောင်နိုင်သလို ခံစားရ၏။

သူက မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ ဤဓားချက်မှ မလွတ်မြောက်နိုင်ပေ။

'ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက ဘယ်လိုဓားသိုင်းမျိုးလဲ'

ဓားဧကရာဇ်က စိတ်ထဲမှ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

‌တဒင်္ဂ၏အလှတရားက ဓားအတွက် အဆုံးစွန်သော အမြန်နှုန်းကို ကိုယ်စားပြုသည်။

ဤဓားချက်တွင် အကြွင်းမဲ့ ပြတ်သားသော 'သတ်ဖြတ်ခြင်းဓား'ကို ထပ်လောင်းလိုက်သောအခါ...

ဤဓားချက်၏ ထက်မြက်မှုက တွေးဆရန် မလွယ်ကူတော့ပေ။

တိုတောင်းလွန်းသော အချိန်အတွင်း၌ အရာအားလုံး ပြီးပြတ်ခဲ့သည်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို တည်ငြိမ်စွာ ရုပ်သိမ်းလိုက်သည်။

တိတ်ဆိတ်စွာ ဓားချက်ထုတ်ဖော်လိုက်ပြီး တိတ်ဆိတ်စွာပင် ရုတ်သိမ်းလိုက်၏။

သူ၏ လှုပ်ရှားမှုတိုင်းက ဓားလမ်းစဥ်နှင့် လုံးဝ လိုက်ဖက်ပုံရသည်။

လူတိုင်းက ခဏမျှ ငေးမောနေပြီးနောက် သတိပြန်ဝင်လာပြီး ဓားဧကရာဇ်ကို ကြည့်လိုက်ကြ၏။

ထို့နောက် သူတို့၏ မျက်နှာများတွင် သံသယအရိပ်အယောင်တို့ ပေါ်လာသည်။

အကြောင်းမူ၊ ဓားဧကရာဇ်က ဘာမှမဖြစ်သကဲ့သို့ ဆိတ်ငြိမ်စွာ ရပ်နေသောကြောင့်ပင်။

"ကျွင်းရှောင်ယောက်... ဒါက ဘာဓားသိုင်းလဲ"

ဓားဧကရာဇ်က အသက်မဲ့နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

"ရေတွင်းထဲက ဖားတစ်ကောင်ကို ပင်လယ်အကြောင်း ပြောပြတာ... ဒါမှမဟုတ် နွေရာသီ အင်းဆက်တွေကို ရေခဲတွေအကြောင်း ပြောလို့မရဘူး။ ဒီအကြောင်းကို ရှင်းပြရင်တောင် မင်း နားမလည်ပါဘူး"

ကျွင်းရှောင်ယောက်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

သူက တမင်တကာ ဟန်ပြခြင်း မဟုတ်ပါ။

ဒါက အမှန်တရား ဖြစ်သည်။

မဟာနတ်ဘုရားသိုင်းငါးခုကို ဓားဧကရာဇ်ထံ အမှန်တကယ် လွှဲပြောင်းပေးအပ်ခဲ့လျှင်ပင် 'သတ်ဖြတ်ခြင်းဓား'ကို သူ နားလည်နိုင်မည် မဟုတ်ပါ။

မဟုတ်သေး...

၎င်းက ဖော်ထုတ်ရန် မဖြစ်နိုင်တာ ဖြစ်နိုင်သည်။

ဒါက ကျွင်းရှောင်ယောက် တစ်ယောက်တည်းသာ နားလည်နိုင်သော နည်းလမ်းပင်။

"ဟား... အဟား ဟားဟား..."

ဓားဧကရာဇ်က ရူးသွပ်နေသူတစ်ယောက်ပမာ ရယ်မောလိုက်သည်။

အားလုံးက စိတ်ရှုပ်ထွေးနေချိန်...

နောက်အခိုက်အတန့်တွင်၊ ဓားဧကရာဇ်၏ ခန္ဓာကိုယ်က ခါးလည်မှ ပြတ်တောက်သွား၏။

ပြတ်တောက်သွားသော အရာက ကြေးမုံမျက်နှာပြင်ကဲ့သို့ ချောမွေ့သည်။

"ဟင်..."

ဤမြင်ကွင်းကို မြင်လိုက်ရသော ပါရမီရှင်များအားလုံး အံ့ဩသွားကြသည်။

ဓားတစ်ချက်တည်းဖြင့် ဓားဧကရာဇ်ကို နှစ်ခြမ်းခွဲပစ်လိုက်ပြီ။

"အစွမ်းထက်လိုက်တဲ့ ဓားသိုင်း... အဲဒါက ထျန်းကြွယ်ဓားနတ်ဘုရားရဲ့ တဒင်္ဂရဲ့အလှတရား ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလောက်ထိ ကြမ်းနေတာက ဘယ်လိုဖြစ်တာလဲ"

လေဟာနယ်ထဲတွင်၊ ကျန့်ချီက တုန်လှုပ်သွားသည်။

လူတိုင်းက ဤဓားချက်ကြောင့် တုန်လှုပ်ရသော်လည်း ကျန့်ချီက မတူပေ။

သူက တဒင်္ဂ၏အလှတရား ဓားသိုင်းတွင် အခြား ဓားပညာတစ်ခုကို ပေါင်းစပ်ထားကြောင်း သတိပြုမိသည်။

ထိုဓားသိုင်းက တဒင်္ဂ၏အလှတရားထက်ပင် ပို၍ ရင်သပ်ရှုမောဖွယ် ကောင်းသေးသည်။

၎င်းကို ဓားပညာတစ်မျိုးမျိုးဖြင့် ပေါင်းစပ်ထားပုံရသည်။

ဤဓားပညာဖြင့် ကျွင်းရှောင်ယောက်ကို ထိပ်သီး ဓားသမားတစ်ဦးအဖြစ် သတ်မှတ်ရန် လုံလောက်နေပြီ။

ရဲ့ကူချန်၏ မျက်လုံးများမှာလည်း အလင်းရောင် မီးတောက်တစ်ခု လောင်ကျွမ်းသွားသည်။

ဒါက စိတ်လှုပ်ရှားခြင်း...

အံ့ဖွယ် ဓားပညာတစ်ခုကို မြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားခြင်းမျိုးပင်။

"ညီနောင်ကျွင်းက မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဒီဓားပညာက တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းတယ်"

ရဲ့ကူချန်က ပြုံးလိုက်သည်။

သူသည် အချိန်အတော်ကြာ ပြုစုပျိုးထောင်ပြီးနောက် ကျွင်းရှောင်ယောက်ကို တိုက်ခိုက်နိုင်မည်ဟု မူလက ထင်ခဲ့သည်။

သို့သော်၊ သူမှားခဲ့ပေသည်။

ရဲ့ကူချန်က တိုးတက်နေသကဲ့သို့...

ကျွင်းရှောင်ယောက်၏ တိုးတက်မှုကလည်း ကြောက်စရာ ဖြစ်သည်။

ဒါက ရဲ့ကူချန်ဟာ အားနည်းခြင်းကြောင့် မဟုတ်ပေ။

ကျွင်းရှောင်ယောက်ကိုယ်တိုင်က သာမန်အသိဖြင့် နားမလည်နိုင်သော ထာဝရကွဲလွဲမှုတစ်ခု ဖြစ်သည်။

ဓားပညာကို အထူးမလေ့လာသော လူတစ်ဦးက ဓားသမားအားလုံးကို အံ့သြသွားစေနိုင်သော ဓားစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။

ဒါက ဘယ်လိုအခြေအနေကြီးလဲ။

ဤအခိုက်တွင်...

ဓားဧကရာဇ်ကို ကျွင်းရှောင်‌ယောက်က ထက်ပိုင်းဖြတ်ခဲ့သည်။

သို့သော်လည်း သူသည် မြင့်မြတ်ဝိညာဉ်ဖြစ်ပြီး သာမန်သတ္တဝါများနှင့် မတူပေ။

ယခုအချိန်တွင်၊ သူ့ဒဏ်ရာကို ကုစားချင်သကဲ့သို့ အလင်းရောင်များ ဖြာထွက်လာသည်။

"အသုံးမဝင်တဲ့ ရုန်းကန်မှုကို ပြုလုပ်ချင်သေးတာလား"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"မဟုတ်ဘူး... ငါမယုံဘူး။ ငါ့ဓားစွမ်းရည်က ပြိုင်ဘက်ကင်းတယ်"

ဤဓားချက်က ဓားဧကရာဇ်၏ တာအိုနှလုံးသားကို ထိမှန်သွားသလားမသိပေ။

သူ့အမူအရာက တုန်လှုပ်စပြုလာသည်။

သူ့တစ်ကိုယ်လုံးက စွမ်းအင်များ ပြည့်နှက်နေ၏။

တစ်ချိန်တည်းမှာပင်၊ ဓားစွမ်းဖြင့်ဖုံးအုပ်ထားသော သွေးနီရောင်ကျောက်တုံးကြီးတစ်ခု သူ့နောက်ကွယ်မှ ထွက်ပေါ်လာပုံရသည်။

"ဒါက...ဓားဧကရာဇ်ရဲ့ မူလပုံစံ ဖြစ်နိုင်မလား"

ပါရမီရှင် တစ်ယောက်က အံ့အားသင့်စွာ အော်လိုက်သည်။

ဓားဧကရာဇ်၏ အစစ်အမှန်ပုံစံမှာ အထူးဇာစ်မြစ်ရှိသောကြောင့် လူတိုင်းက သိချင်နေသော်လည်း မသိကြရသေးပေ။

ယခုမှသာ မြင်လိုက်ရပြီး အားလုံး အံ့ဩသွားကြသည်။

"ငါ့ရဲ့ အစစ်အမှန်ပုံစံက သမိုင်းတစ်လျှောက်မှာ တုနှိုင်းမယှဉ်နိုင်တဲ့ ကောင်းကင်သင်္ချိုင်း‌ ဓားကျောက်တုံးပဲ။ ဓားလမ်းစဉ်မှာ ဘယ်သူက ငါ့ထက် သာလွန်နိုင်မှာလဲ"

ဓားဧကရာဇ်၏၏ အော်ဟစ်သံက အရပ်ရပ်ကို တုန်လှုပ်သွားစေသည်။

"ဘာ၊ ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံးလား"

"ဒါက ဓားလမ်းစဥ်ရဲ့ အဆုံးစွန်အနှစ်သာရတွေ ပါ၀င်တဲ့ ဒဏ္ဍာရီပစ္စည်းပဲ... ဒါက ဓားဧကရာဇ်ရဲ့ ပုံစံအစစ်အမှန်ဖြစ်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး"

လူများစွာတို့ အံ့သြသွားကြသည်။

ကောင်းကင်သင်္ချိုင်း‌ ဓားကျောက်တုံးက ကောင်းကင်နှင့် မြေပြင်မှ မွေးဖွားလာသော သဘာဝရပစ္စည်းတစ်မျိုး ဖြစ်သည်။

၎င်း၏ မျက်နှာပြင်ကို ဓားလမ်းစဥ်၏ အခြေခံ၊ လျှို့ဝှက်ဆန်းကြယ်သော ဓားအမှတ်အသားများဖြင့် ဖုံးလွှမ်းထား၏။

ဒဏ္ဍာရီအရ၊ ရှေးခေတ်က ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံးကို တွေ့ရှိခဲ့ပြီး ၎င်းအနီးတွင် အမြဲကျင့်ကြံခဲ့သည်။

နောက်ဆုံးတွင်၊ သူက ဒဏ္ဍာရီလာဓားသမားတစ်ဦး ဖြစ်လာခဲ့၏။

၎င်း၏အနီးတွင် ကျင့်ကြံရုံမျှဖြင့် ထိပ်သီး ဓားသမားတစ်ဦး ဖြစ်လာနိုင်သည်။

ဓားဧကရာဇ်ကဲ့သို့ ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံးခန္ဓာပိုင်ရှင်ဆိုလျှင် အထူးပြောနေရန်မလိုတော့ပေ။

"မဆန်းတော့ပါဘူး"

ကျွင်းရှောင်ယောက်လည်း ရုတ်တရက် သဘောပေါက်သွားသည်။

တာ့လော့ဓားသန္ဓေက ဓားဧကရာဇ်ကို တုံ့ပြန်ခဲ့တာ အံ့သြစရာမရှိပါ။

ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံးက တာ့လော့ဓားသန္ဓေအတွက် အကောင်းဆုံးအာဟာရ ဖြစ်သည်။

ထို့အတူ၊ တာ့လော့ဓားသန္ဓေကလည်း ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံးအတွက် အလွန် အသုံးဝင်ပေသည်။

နိုင်သူစား ဖြစ်သည်။

"ကောင်းကင်မြှုပ်နှံခြင်းဓား"

ဓားဧကရာဇ်က ဟိန်းဟောက်ပြီး သူ၏ နောက်ဆုံးဝှက်ဖဲကို ထုတ်လွှတ်လိုက်သည်။

ပေတစ်သောင်းကျော်ရှိသော ကြက်သွေးရောင်ဓားအလင်းတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်လာပြီး ကြယ်ကောင်းကင်ကို ခွဲထွက်သွားပုံရ၏။

ဒါက ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံး၏ အဆုံးစွန်သော နည်းလမ်းပင်။

ဤဓားချက်က ကောင်းကင်နှင့်မြေပြင်ကို ချေမှုန်းနိုင်သော စွမ်းအား အမှန်တကယ် ပိုင်ဆိုင်ထားပုံရသည်။

သို့သော်... ကျွင်းရှောင်ယောက်အတွက်တော့ ၎င်းက ပိုကောင်းမွန်သော ဓားတစ်ချက်ထက် မပိုပေ။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေဖြင့် ခုတ်ချလိုက်သည်။ ၎င်းက ရှည်လျားသော မြစ်တစ်စင်းကဲ့သို့ တောက်လောင်နေသော ဓားအလင်းကို အုပ်မိုးသွား၏။

အဆုံးသတ်ကိုတော့ တွေးနေစရာမလိုတော့ပေ။

ဓားဧကရာဇ်က တစ်ဖန် ဆုတ်ခွာသွားရသည်။ သူခန္ဓာကိုယ်ကလည်း အက်ကွဲသွား၏။

ထိုအချိန်တွင် ဓားဧကရာဇ်က ရူးသွပ်သွားရာမှ သတိပြန်ဝင်လာပုံရသည်။

ကြီးစွာသော အကြောက်တရားတစ်ခုက သူ့နှလုံးသားကို ဖမ်းဆုပ်ထား၏။

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်ကို သူ မြင်နေရသည်။

"မဟုတ်ဘူး...မင်းငါ့ကိုမသတ်နိုင်ဘူး..."

ဓားဧကရာဇ်က ထိတ်လန့်သွားသည်။

ကျွင်းရှောင်ယောက်က ဟွင်းဝမ်ကိုကျတော့ ဖိနှိပ်ရုံထက် မပိုပေ။

သို့ရာတွင်၊ သူ့အလှည့်ကျတော့ အဘယ်ကြောင့် သတ်ဖြတ်ရန် ကြိုးစားနေသနည်း။

"မင်းက ငါ့အတွက် လှည်းဆွဲတဲ့နွားဖြစ်ဖို့တောင် မလုံလောက်ဘူးလေ။ မင်းရဲ့ တစ်ခုတည်းသောတန်ဖိုးက ကုန်ကြမ်းအဖြစ် သန့်စင်ဖို့ပဲ"

ကျွင်းရှောင်ယောက်က ပြောဆိုပြီး ဓားဖြင့် ထိုးသွင်းလိုက်သည်။ သူက ဓားဧကရာဇ်၏ ရှေးဦးဝိညာဉ်ကို ဖျက်ဆီးရန် အဓိကထား၏။

"မဟုတ်ဘူး..."

ဓားဧကရာဇ်က သူ၏ အသက်ကယ်နည်းလမ်းကို အလောသုံးဆယ် အသုံးပြုလိုက်သည်။

မြင့်မြတ်ဝိညာဉ်ကျွန်း၏ ထိပ်သီးပါရမီရှင်အနေဖြင့် သူသည် အကာအကွယ်ပစ္စည်းအချို့ကို သဘာဝအတိုင်း ပိုင်ဆိုင်ထားသည်။

သို့သော်လည်း၊ ကျွင်းရှောင်ယောက်၏ တဒင်္ဂ၏အလှတရား ဓားသိုင်းက မြန်ဆန်လွန်းသည်။

ဓားဧကရာဇ်က တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပါ။

ထို့ပြင်၊ ကျွင်းရှောင်ယောက်က အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ သတ်ဖြတ်ဝံ့မည်ဟု သူ အမှန်တကယ် မမျှော်လင့်ခဲ့ပေ။

မြင့်မြတ်ဝိညာဉ်ကျွန်းက လက်စားချေမှုကို သူ မကြောက်ဘူးလား။

"ရွှပ်"

ဓားအလင်းက ဓားဧကရာဇ်၏နဖူးကို ထိုးဖောက်ဝင်ရောက်ကာ သူ၏ ရှေးဦးဝိဉာဉ်ကို ချေမှုန်းပစ်လိုက်သည်။

ဓားဧကရာဇ်၏ မျက်နှာက အေးခဲသွားပြီး သူ့ခန္ဓာကိုယ်ရှိ အသက်စွမ်းအင်များ တဖြည်းဖြည်း မှိန်ဖျော့သွား၏။

ထို့နောက် အလင်းတန်းတစ်ခု လင်းလက်လာပြီး ၎င်း၏ မူလပုံစံ ပြန်ပေါ်လာတော့သည်။

ဓားအမှတ်အသားတို့ ပြည့်နှက်နေသော သွေးနီရောင် ကျောက်တုံးတစ်တုံး ဖြစ်သည်။

၎င်းက ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံးပင်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေဖြင့် ခုတ်ချလိုက်သည်။

တာ့လော့ဓားသန္ဓေက နတ်အလင်းများ တောက်ပ‌လာပြီး ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံးကို ဝါးမျိုကာ သန့်စင်လိုက်၏။

ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံး၏ အနှစ်သာရတို့ကို စုပ်ယူပြီးနောက်...

တာ့လော့ဓားသန္ဓေပေါ်ရှိ အင်မော်တယ်ဓား အမှတ်အသားများက ပို၍ ရှင်းလင်းလာသည်။

မူလက အနည်းငယ်တုံးသော ဓားသွားသည်ပင်လျှင် ထက်မြိကာ တုနှိုင်းမရသော အလင်းများ ဖြာထွက်နေပြီ။

တချိန်တည်းမှာပင်၊ အားကောင်းသော ဖိအားတစ်ခုက ပေါက်ကွဲထွက်လာသည်။

၎င်းက ဧကရာဇ်လက်နက်တစ်ခု၏ အရှိန်အဝါ ဖြစ်တော့သည်။

All Chapters