← Chapters

အခန်း ၁၄၁၅

Vol. 95 Ch. 1415

အခန်း ၁၄၁၅

Vol. 95 Ch. 1415

အခန်း ( ၁၄၁၅ ) ကောင်းကင်ဓားတောင်ထိပ်သို့။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေကို ပထမဆုံး လက်မှတ်ထိုးဝင်ခဲ့ချိန်တွင်...

တာ့လော့ဓားသန္ဓေက ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်တစ်ခုသာ ဖြစ်သည်။

ယုတ္တိဗေဒအရ၊ ဧကရာဇ်တစ်ပိုင်းအဆင့် လက်နက်တစ်ခုကို ဧကရာဇ်လက်နက်အဖြစ် အဆင့်မြှင့်တင်ရန် အလွန်ခက်ခဲသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လမ်းတစ်လျှောက်တွင် အဖိုးတန်ပစ္စည်းများနှင့် သဘာဝရတနာများစွာကို အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးနှင့် တာ့လော့ဓားသန္ဓေတို့တွင် ထည့်သွင်းခဲ့သည်။

မြင့်မြတ်ဝိညာဉ်အချို့ကိုပင် သတ်ဖြတ်ခဲ့သေးသည်။

ယခုကဲ့သို့၊ ရှားပါးသော ကောင်းကင်သင်္ချိုင်း ဓားကျောက်တုံးကို ထပ်မံသန့်စင်လိုက်သောအခါ...

တာ့လော့ဓားသန္ဓေက နောက်ဆုံးတွင် အရည်အသွေးပိုင်း ပြောင်းလဲမှုကို ခံယူရရှိကာ ဧကရာဇ်လက်နက်အဆင့်သို့ တိုးတက်ခဲ့ပေသည်။

ထိုအချိန်တွင်၊ အလွန်အားကောင်းပြီး ပြင်းထန်သော ဖိအားတစ်ခုက မိုးနှင့်မြေကြားတွင် ပျံ့နှံ့သွားသည်။

လေထဲတွင်၊ အလင်းရောင်မိုးစက်များ ရွာသွန်းလာ၏။

ပိုးချည်မျှင်ကဲ့သို့ နတ်အလင်းများကလည်း တာ့လော့ဓားသန္ဓေကို ရစ်ပတ်လာတော့သည်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေမှ အဆုံးမဲ့ စွမ်းအားတို့ကို ခံစားလိုက်ရသည်။

ဤသည်မှာ အကန့်အသတ်မဲ့ အလားအလာရှိသော လက်နက်တစ်ခု ဖြစ်၏။

တာ့လော့ဓားသန္ဓေက ဧကရာဇ်လက်နက်အဆင့်သို့ တိုးတက်သွားပြီးနောက်...

တာ့လော့ဓားသန္ဓေ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်စေရန်အတွက် သူ၏ကိုယ်ပိုင်နယ်ပယ်က ပိုမိုမြင့်မားလာရန် လိုအပ်ကြောင်း သူ သဘောပေါက်ခဲ့သည်။

သိုသော်လည်း ကျွင်းရှောင်ယောက်က စိတ်မပူမိပေ။

သူသည် ဧကရာဇ်တစ်ပိုင်း နယ်ပယ်သို့ ရောက်သည်နှင့် ဧကရာဇ်အဆင့် လက်နက်တစ်ခု၏ စွမ်းအားကို ထုတ်လွှတ်နိုင်မည်ဟု သူယုံကြည်သည်။

ထို့ပြင်၊ ဧကရာဇ်တစ်ပိုင်းအဆင့်က ကျွင်းရှောင်ယောက်၏ ရည်မှန်းချက် မဟုတ်ပါ။

၎င်းက သူဖြတ်သွားရမည့် နယ်ပယ်တစ်ခုသာ ဖြစ်သည်။

ကျွင်းရှောင်ယောက်က တာ့လော့ဓားသန္ဓေ၏ ပြောင်းလဲမှုများကို စူးစမ်းနေချိန်...

အခြားသူများက အံသြသွားကြသည်။

ကျွင်းရှောင်ယောက်က ဓားဧကရာဇ်ကို အနိုင်ယူခြင်းသည် အထူးအဆန်းမဟုတ်ပေ။

သို့ရာတွင်၊ သူက တစ်ဖက်လူကို သုတ်သင်ပြီး သန့်စင်ပစ်ခဲ့သည်။

ဒါက ကြီးမားသော သက်ရောက်မှု ရှိနိုင်သည်။

ကျွင်းရှောင်ယောက်က ရှုံးဝမ်နှင့် ရှားဘုရင်တို့ကို ဖိနှိပ်ထားသော်လည်း သားရဲဂူသည် သူ့ကို လာမရှာကြပေ။

နောက်ဆုံးတွင်၊ အသက်ရှင်နေသရွေ့ အရာအားလုံးကို နောက်ပြန်လှည့်ရန် အခွင့်အရေးရှိသည်။

ဂုဏ်သိက္ခာပိုင်းတွင် ထိခိုက်မှုရှိသော်လည်း မျက်နှာကို ပြန်အဖက်ဆည်နိုင်သေးသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ဓားဧကရာဇ်အား တိုက်ရိုက်သတ်ဖြတ်ပြီး လက်နက်သန့်စင်ရန်အတွက် ပစ္စည်းအဖြစ် အသုံးပြုခဲ့သည်။

မြင့်မြတ်ဝိညာဉ်အပျက်အယွင်းသာ ဤအကြောင်းကို သိရှိပါက၊ ဒေါသူပုန်ထပြီး ငြိမ်ခံနေတော့မည် မဟုတ်ပေ။

လူတိုင်းက ကြီးမားသော လှုပ်ခတ်မှုများကို ကြိုတင်မှန်းဆနေချိန်...

အဓိကလက်သည် ကျွင်းရှောင်ယောက်ကိုယ်တိုင်က ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်‌မှုရှိသည်။

"ဒါက သန်မာလွန်းတယ်"

ရဲ့ကူချန်၏ အနားတွင်၊ စစ်ထူရွယ်လည်း အနည်းငယ် အံ့အားသင့်သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဓားဧကရာဇ်က တားမြစ်နယ်မြေတစ်ခု၏ ထိပ်တန်းပါရမီရှင်ဖြစ်သော်လည်း မဆိုင်းမတွ အသတ်ခံခဲ့ရ၏။ ဒါက ပြတ်သားပြီး လျင်မြန်လွန်းလှသည်။

"ဒါက သူ့စရိုက်ပဲ"

ရဲ့ကူချန်က ခေါင်းယမ်းလိုက်သည်။

အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းရှောင်ယောက်က အလွန်ကြီးစိုးသည်။

ယခု၊‌ ကောင်းကင်ကိုးပါးသို့ ရောက်ရှိလာချိန်မှာလည်း သူ့အမူအကျင့်တို့က မပြောင်းလဲခဲ့ပေ။

"ကျွင်းသခင်လေးက တကယ်သတ္တိကောင်းတာပဲ"

ကျိချင်းရီက ဆွံ့အသွားသည်။

အသက်တားမြစ်နယ်မြေတစ်ခုသို့ ဝင်ရောက်ပြီးမှသာ ၎င်းက မည်မျှကြောက်စရာကောင်းသည်ကို သူ သဘောပေါက်ခဲ့သည်။

သို့တိုင်၊ ကျွင်းရှောင်ယောက်က အနည်းငယ်မျှ မတုံ့ဆိုင်းခဲ့ပေ။

"ကိုင်း၊ ကောင်းကင်ဓားတောင်ထိပ်ကို တက်ကြတာပေါ့"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

တစ်ဖက်မှာတော့ ဟွင်းဝမ်က တုန်တုန်ယင်ယင် ဖြစ်နေပေသည်။

သူက ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသော်လည်း အနည်းဆုံးတော့ အသက်ရှင်နေသေးသည်။

ဟွင်းဝမ်က သူ့ကိုယ်သူ ကံကောင်းသည်ဟု ခံစားခဲ့ရသည်။

ကံကောင်းထောက်မစွာ၊ သူသည် လှည်းဆွဲရန်အတွက် သားရဲအဖြစ် အသုံးပြုနိုင်သေးသည်။ ထို့ကြောင့် သူ့တွင် လက်တွေ့ကျသော တန်ဖိုးအချို့ ရှိသည်။

ဒါကပင် သူ့အတွက် တော်တော်ကောင်းပုံရပေသည်။

"ညီနောင်ကျွင်း၊ ကျုပ်ကတော့ ခင်ဗျားနဲ့ တိုက်ခိုက်ဖို့ စိတ်ထက်သန်နေပြီ"

ရဲ့ကူချန်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်က အံ့ဩစရာဖြစ်သော်လည်း ဒါက သူ၏တိုက်ခိုက်ချင်စိတ်ကို ပို၍ လှုံ့ဆော်ပေးခဲ့သည်။

"ကျုပ်တို့ ကောင်းကင်ဓားတောင်ထိပ်ကို တက်ပြီးတော့မှ တိုက်ခိုက်ရင်လည်း သိပ်နောက်မကျသေးပါဘူး"

ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။

သူက ရဲ့ကူချန်၏ နောက်ကြောင်းကို အမှန်တကယ် သိချင်မိသည်။ ထိုအဖြေကို ကောင်းကင်ဓားတောင်ထိပ်တွင်သူ တွေ့ကောင်းတွေ့လိမ့်မည်။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများက နောက်ဆုံးတွင် ကောင်းကင်ဓားတောင်ကို စတင်တက်ခဲ့ကြသည်။

ကောင်းကင်ဓားတောင်၏ ဖိအားက အလွန်ကြောက်စရာကောင်းသည်။

ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်နှင့် အဆုံးမဲ့ပုံရိပ်ယောင်များကြားကို ကျရောက်သွားပုံရ၏။

အဆုံးမရှိသော ဓားအလင်းများက လေပြင်းတိုက်ခတ်သကဲ့သို့ တိုးဝင်လာတော့သည်။

ကောင်းကင်ဓားတောင်တွင် ခြေတစ်ချက်လှမ်းလိုက်တိုင်း ဖိအားများ ပိုကြီးမားလာသည်။ ပုံရိပ်ယောင်များနှင့် စမ်းသပ်မှုအမျိုးမျိုးလည်း ရှိ၏။

ဒါက အလွန်ခက်ခဲပြီး မျိုးဆက်တစ်ခုစီတွင် ဓားသင်္ချိုင်းသို့ ပါဝင်နိုင်သူက လက်တစ်ဆုပ်စာမျှသာ ရှိသည်မှာ အံ့သြစရာမဟုတ်ပေ။

ပါရမီရှင်တချို့က တဖြည်းဖြည်း နှေးကွေးလာပြီး ရပ်တန့်သွားကြသည်။

နောက်ဆုံးတွင်၊ စစ်ထူရွယ်လည်း ကြာကြာမထိန်းနိုင်တော့ပေ။

သူသည် စစ်ထူမိသားစု၏ ပါရမီရှင်ဖြစ်သော်လည်း ကောင်းကင်ဓားတောင်ထိပ်သို့ မတက်ရောက်နိုင်သေးပါ။

"ရှောင်ရဲ့ကျစ်၊ ကျွန်မ ဆက်မသွားနိုင်တော့ဘူး။ ရှင် ဆက်သွားလိုက်ပါ"

စစ်ထူရွယ်က မောပန်းနေဟန်ဖြင့် ပြောလိုက်သည်။

ရဲ့ကူချန်က အနည်းငယ် ခေါင်းညိတ်လိုက်၏။

ဤကောင်းကင်ဓားတောင်တွင်၊ အခြားသူများကို မကူညီနိုင်ပါ။

ဒါကပင် အားနည်းသူများ ကောင်းကင်ဓားတောင်ကို မဝင်နိုင်သော အချက်တစ်ခု ဖြစ်သည်။

နောက်တော့ ရန်ယုမန်လည်း ဆက်မထိန်းနိုင်တော့ပါ။

ကျွင်းရှောင်ယောက်၏ အကူအညီဖြင့် မျိုးဆက်သစ်လူငယ်များကြားတွင် သူမ၏ခွန်အားက မြင့်မားသောအဆင့်ကို ရောက်ရှိလာသော်လည်း သူသွားရမည့်လမ်းက ဝေးနေဆဲ ဖြစ်သည်။

ထို့ပြင်၊ ရန်ယုမန်က ဓားသမားမဟုတ်သောကြောင့် သဘာဝအတိုင်း တောင်ထိပ်ကို မတက်ရောက်နိုင်ပေ။

နောက်ဆုံးတွင် လူသုံးဦးသာ ထိပ်ဆုံးသို့ ရောက်ရန် ကြိုးစားဆဲ ဖြစ်သည်။

ကျွင်းရှောင်ယောက်၊ ရဲ့ကူချန်နှင့် ကျိချင်းရီ။

ကျွင်းရှောင်ယောက်၏ ခွန်အားက ပြောနေစရာ မလိုပေ။

သူက ဓားသမားမဟုတ်သော်လည်း ဓားသမားအများစုထက် ပိုကြောက်စရာကောင်းသည်။

ရွှမ်လီနှင့် ရဲ့ကူချန်၏ တိုက်ပွဲက ပြင်းထန်သော်လည်း ထိုအကြောင်းကို သိရှိသူတော့ မများပေ။

ထို့ကြောင့် ရဲ့ကူချန်က တည်ငြိမ်စွာဖြင့် ရှေ့ဆက်သွားနေကြောင်း မြင်ရသောအခါ အချို့က အနည်းငယ် အံ့သြသွားကြသည်။

ထို့ပြင်၊ ကျိချင်းရီမှာလည်း ထို့အတူပင်။

ပထမအချက်က သူဟာ အမျိုးသမီးတစ်ဦး ဖြစ်သည်။

ဒုတိယအချက်မှာ သူက ဓားသမား မဟုတ်ပေ။

သူက အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓားခုတ်သမားပင်မဟုတ်သော်လည်း ယခုအချိန်ထိ ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ဒါက တကယ်ကို အံ့သြစရာပင်။

"အင်မော်တယ်နတ်ဆိုး ရှေးဟောင်းဂူရဲ့ ဒီမိန်းကလေးက တကယ်ကို တစ်ခုခုပဲ"

"သူကလည်း အင်မော်တယ်နယ်မြေကြီးကနေ ခေါ်ဆောင်ခံခဲ့ရသူဖြစ်မယ်"

ကျိချင်းရီက လူတချို့၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

ကျွင်းရှောင်ယောက်လည်း ကျိချင်းရီကို မျက်လုံးထောင့်မှ ကြည့်လိုက်မိ၏။

သူက တကယ်ကို မမျှော်လင့်ခဲ့ပါ။

ဤအမျိုးသမီးက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် ရှိစဉ်ကတည်းက ခြေလှမ်းတိုင်းကို ဂရုတစိုက် စီစဉ်ကာ တွက်ချက်တတ်သူ ဖြစ်သည်။

မူလက သူသည် လူသားအင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သည်။

ကျိတောက်ရီ သေဆုံးသွားပြီးနောက် လူသားအင်မော်တယ်ဂိုဏ်း ဆက်ခံသူတစ်ဦး ဖြစ်လာခဲ့၏။

ယခုဆိုလျှင်၊ သူက အင်မော်တယ်နတ်ဆိုး‌ ကောင်းကင်ဂူ၏ ပါရမီရှင်တစ်ဦး ဖြစ်လာပြီ။

သူက တည်ငြိမ်စွာဖြင့် တိုးတက်လာနေသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း သူ့ပတ်ဝန်းကျင်က လူများအားလုံး ဆိုးရွားသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရသည်။

ဥပမာအားဖြင့် ကျိတောက်ရီ...

သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးထဲမှာတော့ ကျိချင်းရီ၏ အစီအစဉ်များဟာ ထို့ထက်မပိုပေ။

သူ့ကို မစော်ကားလျှင် အားလုံး အဆင်ပြေသည်။

"ချင်းရီက ဒီအထိပဲ သွားနိုင်တော့မယ်။ ရှင်တို့နှစ်ယောက်စလုံး တောင်ထိပ်ကို တက်လှမ်းပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်"

သူတို့က ကောင်းကင်ဓားတောင်ထိပ်မှ ပေတစ်ရာအောက်သာ ဝေးတော့သည်။

ထိုအချိန်တွင်၊ ကျိချင်းရီက ရပ်တန့်သွားခဲ့သည်။ သူနဖူးပေါ်မှာလည်း အနည်းငယ် ချွေးစို့နေလေသည်။

'ဘယ်အချိန် ရပ်ရမယ်ဆိုတာ သူသိတယ်'

ကျွင်းရှောင်ယောက်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ကျိချင်းရီက ယခုအခါ အင်မော်တယ်နတ်ဆိုး ကောင်းကင်ဂူတွင် နေထိုင်သူ ဖြစ်သည်။

သူက ကောင်းကင်ဓားတောင်ထိပ်ကို တက်နိုင်လျှင်ပင် ဓားသင်္ချိုင်းကို မဝင်နိုင်ပါ။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်တို့သာ ကျန်သည်။

"ဒီတစ်ကြိမ်မှာ ပါရမီရှင်နှစ်ဦးက တောင်ထိပ်ကို တက်နိုင်တော့မှာလား"

တောင်ခြေရင်းမှာ လူတိုင်းက စောင့်ကြည့်နေကြသည်။

လူနှစ်ယောက်က တောင်ထိပ်ကို တစ်ချိန်တည်း ရောက်ရှိရန်မှာ အလွန်ရှားသည်။

မျိုးဆက်တစ်ခုက ထိပ်သီး ဓားသမားတစ်ဦးကို မွေးထုတ်ပေးနိုင်လျှင်ပင် တော်တော်ကောင်းနေပြီ။

ဤအကွာအဝေးကို ရောက်သောအခါ...

ခြေလှမ်းတိုင်းတွင် ခေတ်အဆက်ဆက်က ဓားသင်္ချိုင်း၏ အကျော်အမော်များ၏ပုံရိပ် အသွင်အပြင်က သင့်ရှေ့မှာ ပေါ်လာမည် ဖြစ်သည်။

အသွင်အပြင်တစ်ခုစီက ဓားချက်များ ထုတ်ဖော်မည် ဖြစ်၏။

တစ်နည်းဆိုရသော် ထိပ်ဆုံးသို့ရောက်ရန်၊ ဓားသင်္ချိုင်း၏ သမိုင်းတစ်လျှောက်မှ အကျော်အမော်များ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။

ဒါက အလွန်ခက်ခဲ၏။

‌ဓားသင်္ချိုင်းသို့ ဝင်ရောက်ရန် လူအနည်းငယ်သာ အရည်အချင်းပြည့်မီကြသည်မှာ အံ့သြစရာ မဟုတ်ပေ။

သို့ရာတွင်၊ ဒါက ကျွင်းရှောင်ယောက်အတွက် ကြီးမားသော ပြဿနာ မဟုတ်ပါ။

တစ်ဖက်မှာ၊ ရဲ့ကူချန်၏ မျက်လုံးအကြည့်များကလည်း ပြတ်သားသည်။

ကောင်းကင်ဓားတောင်ထိပ်သို့ နီးကပ်လာသည်နှင့်အမျှ၊ သူ့ရင်ထဲမှ ထူးခြားသော ခံစားချက်က ပိုပြင်းထန်လာ၏။

တစ်စုံတစ်ခုက သူ့ကို လှမ်းခေါ်နေသကဲ့သို့... သူ့ကို စောင့်နေသလို ခံစားရသည်။

ဒါက ဘာများဖြစ်မည်နည်း။

All Chapters