← Chapters

အခန်း ၁၄၁၆

Vol. 95 Ch. 1416

အခန်း ၁၄၁၆

Vol. 95 Ch. 1416

အခန်း ( ၁၄၁၆ ) ရွှင်းချိုရှီးပိုက်ဓား။

ကျန့်ချီက လေထဲမှ စောင့်ကြည့်နေသည်။

ရဲ့ကူချန်က သူခန့်မှန်းထားသည့်အတိုင်း ထိုလူနှင့် အမှန်တကယ် ဆက်စပ်နေလျှင်...

သူသည် တောင်ထိပ်သို့ တက်ရောက်ပြီးနောက် ထိုဓားကို ဆွဲထုတ်နိုင်မည် ဖြစ်သည်။

အချိန်က တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။

ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်တို့က တည်ငြိမ်သော အရှိန်အဟုန်ဖြင့် တောင်ထိပ်ကို ဆက်လက် တက်လှမ်းသွား၏။

နောက်ဆုံးမှာတော့ သူတို့နှစ်ဦးစလုံးက တစ်ချိန်တည်းမှာ

တောင်ထိပ်ကို ရောက်ရှိသွားတော့သည်။

ထိုအချိန်တွင် ထင်ယောင်ထင်မှား ပုံရိပ်ယောင်များ ပျောက်ကွယ်သွားကြသည်။

သူတို့ရှေ့မှာတော့ သင်္ချိုင်းမြေတစ်ခုကဲ့သို့ တောင်ကုန်းမို့မို့လေး ရှိနေ၏။

တောင်ကုန်းပေါ်တွင် ဒါဇင်နှင့်ချီသော ဓားများကို နေရာအနှံ့ စိုက်ထူထားသည်။

ဤဓားများက ရှေးကျပြီး ရိုးရှင်းခြင်း သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသော အငွေ့အသက်များ ရှိကြသည်။ အချို့က ရေခဲကဲ့သို့ အေးစက်သော တွင်းထဲသို့ ပေါက်ရောက်ကြပြီး အချို့မှာလည်း မီးတောက်ကဲ့သို့ တောက်လောင်နေ၏။

ဒါတွေအားလုံးဟာ ဓားသင်္ချိုင်းရဲ့ ကျွမ်းကျင်သူများ ကျန်ရစ်ခဲ့သော ဓားများ ဖြစ်ကြသည်။

ဓားသင်္ချိုင်းတွင် စည်းမျဉ်းတစ်ခု ရှိသည်။

တစ်စုံတစ်ယောက်က ကျဆုံးလျှင် သို့မဟုတ် ဓားသင်္ချိုင်းမှ ထွက်ခွာလိုလျှင်...

သူ၏ဓားကို ကောင်းကင်ဓားတောင်ထိပ်တွင် စိုက်ထားမည်ဖြစ်ပြီး အနာဂတ်မျိုးဆက်များအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာစေလိမ့်မည်။

တစ်နည်းအားဖြင့် ဤသည်မှာ အမွေအနှစ်တစ်မျိုးလည်း ဖြစ်သည်။

ဓားသင်္ချိုင်းက လူဦးရေနည်းပါးသော်လည်း ယနေ့တိုင် ရှင်သန်နိုင်ခြင်း အကြောင်းရင်းမှာ ဤကဲ့သို့ အမွေဆက်ခံမှုများကြောင့်ပင်။

ဤနေရာရှိ ဓားတိုင်းက အလွန်ထူးခြားသည်။

အနိမ့်ဆုံးက ဧကရာဇ်တစ်ပိုင်းလက်နက် ဖြစ်၏။

ဧကရာဇ်လက်နက်များလည်း ရှိနေကြသေးသည်။

'တားမြစ်နယ်မြေတစ်ခုက မျှော်လင့်ထားတဲ့အတိုင်းပါပဲ'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ကျွင်းမိသားစုနှင့် ကျွင်းဧကရာဇ်ခုံရုံးက ဧကရာဇ်လက်နက်များ ပြတ်လပ်မှုမရှိသော်လည်း...

ဒါက ဧကရာဇ်လက်နက်များသည် ရှားပါးသည်ဟု မဆိုလိုပါ။

ဤတားမြစ်နယ်မြေတိုင်းက တကယ်ကို အံ့ဩစရာကောင်းသော အခြေခံအုတ်မြစ်များ ရှိကြသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ၎င်းတို့ကြားတွင် အင်မော်တယ်လက်နက်များကို မတွေ့ခဲ့ရပေ။

ဟုတ်သည်၊ ဓားသင်္ချိုင်းတွင် အင်မော်တယ်လက်နက် မရှိတာတော့ မဖြစ်နိုင်ပါ။

ယခုအခါ လုပ်စရာတစ်ခုသာ ကျန်သည်။ ဒါက ဓားဆွဲထုတ်ရန်ပင်။

ဓားများထဲမှ တစ်လက်ကို ဆွဲနိုင်ခြင်းဖြင့် ဓားသင်္ချိုင်းသို့ ဝင်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။

ဓားသင်္ချိုင်းကို ဆက်ခံချင်သူကတော့ အထူးဓားဖြင့် ပဲ့တင်ထပ်ရန် လိုအပ်ပေသည်။

သို့ရာတွင်၊ မည်သည့်‌ဓားနှင့် ပဲ့တင်ထပ်မည်ကိုမူ ကျန့်ချီက မပြောပြခဲ့ပါ။

ကျွင်းရှောင်ယောက်က ‌ဓားတစ်လက်ချင်းစီကို ဂရုတစိုက် အကဲခတ်လိုက်သည်။

သို့သော်လည်း ရဲ့ကူချန်၏ အကြည့်က ဓားတစ်လက်ကိုသာ စူးစိုက်ထား၏။

ထိုဓားက အလယ်ဗဟိုတွင် စိုက်ထားသော်လည်း အခြားဓားများကြားတွင် သာမန်ဟုထင်ရသည်။

၎င်းက တကယ်ကို သာမန် သစ်သားဓားတစ်လက်ပင်။

၎င်းက အလွန်ရှေးကျပုံရပြီး မျက်နှာပြင်ပေါ်တွင် အက်ကြောင်းအချို့ပင် ရှိနေသည်။

ဓားရိုးပေါ်မှာတော့ စာလုံးတချို့ကို ရေးထိုးထားပေသည်။

ရွှင်းချိုရှီးပိုက်... ရှုံးနိမ့်မှုကို ရှာဖွေခြင်း။

အရှိန်အဝါကြီးသော ဓားအများကြားတွင် ဤသစ်သားဓားက ထင်ထင်ရှားရှားမရှိရုံသာမက အနည်းငယ်ပင် နိမ့်ကျနေပုံရသည်။

သို့သော်လည်း 'ရွှင်းချိုရှီးပိုက်'ဟူသော စာလုံးက ဤသစ်သားဓားကို သာမန်ထက် ပိုထူးခြားစေသည်။

ရုတ်တရက်... ရဲ့ကူချန်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။

မရေမတွက်နိုင်သော စိတ်ပုံရိပ် အပိုင်းအစများစွာက သူ့ခေါင်းထဲတွင် ပေါ်လာ၏။

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် ရယ်မောနေသော ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုကို သူ မြင်ရသည်။

၎င်း၏ လှုပ်ရှားမှုတိုင်းက အင်အားကြီးပြီး တည်ငြိမ်မှုရှိ၏။

သူ၏ သူရဲကောင်းဆန်သော စိတ်ဓာတ်က ကမ္ဘာကိုလှုပ်ခါစေပြီး သူ့ဓား၏ ထက်မြက်မှုက ကောင်းကင်ကို အရောင်ပြောင်းစေသည်။

လူတစ်ယောက်... ဓားတစ်ချောင်း...

ကောင်းကင်ကို ဖြတ်ကျော်ပြီး လောကကြီးထဲရှိ ဆိုးယုတ်မှုအားလုံးကို အနိုင်ယူသည်။

မည်သူမျှ သူ့ကိုမတားဆီးနိုင်၊ သို့မဟုတ် သူ့လက်ထဲမှ ဓားကို တားဆီးမရပါ။

'ဒီ... ဒီလူက ဘယ်သူလဲ...၊ ဒါက ငါ့ရဲ့ အတိတ်ဘဝလား။ မဟုတ်ဘူး... မဖြစ်နိုင်ဘူး။ ငါက ငါ့ရဲ့ အတိတ်ဘဝနဲ့ အဆက်အသွယ်အားလုံးကို ဖြတ်လိုက်ပြီ'

ရဲ့ကူချန်၏ ခေါင်းထဲတွင် ရှုပ်ထွေးနေခဲ့သည်။ သူက အခြေအနေကို လုံးဝ နားမလည်နိုင်တော့ပေ။

သူ၏ ယခင်ဘဝတွင်၊ သူသည် အလွန်အစွမ်းထက်သော ဓားနတ်ဆိုး တုကူးဝူပိုက် ဖြစ်သည်။

သို့သော်လည်း ကောင်းကင်ကို တုန်ခါစေသော ထိုပုံရိပ်နှင့် မတူပေ။

ရဲ့ကူချန်၏ ထူးခြားသော အမူအရာက ကျန့်ချီနှင့် ကျွင်းရှောင်ယောက်တို့ကို အာရုံစိုက်စေခဲ့သည်။

'အင်း၊ ငါထင်တာမမှားဘူး။ ညီနောင်ရဲ့နဲ့ ဓားသင်္ချိုင်းက အကြောင်းအကျိုး သက်ရောက်မှုတစ်မျိုးမျိုးနဲ့ ဆက်စပ်မှုရှိပုံရတယ်'

'နောက်ပြီးတော့ ဒါက သူ့အတိတ်ဘဝက ဒီအစိတ်အပိုင်းတစ်ခုပဲ ဖြစ်နိုင်တယ်'

ကျွင်းရှောင်ယောက်က လျှို့ဝှက်စွာ ခန့်မှန်းခဲ့သည်။

ရဲ့ကူချန်က မမျှော်လင့်ဘဲ ကောင်းကင်ကိုးပါးသို့ မတော်တဆ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဒါက ကြိုတင်သတ်မှတ်ထားသော ကံကြမ္မာတစ်မျိုးမျိုး ဖြစ်လိမ့်မည်။

ကျန့်ချီ၏ မျက်လုံးအိမ်များ အနည်းငယ် တုန်လှုပ်သွားကြသည်။

သူကဲ့သို့ အဆင့်မြင့် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးပင်လျှင် ဤမြင်ကွင်းကြောင့် တုန်လှုပ်မိချေပြီ။

'တကယ်လား... သူ တကယ်ပဲ ပြန်လာပြီလား'

ဤအခိုက်တွင်...

ရဲ့ကူချန်၏ ခေါင်းထဲမှာ ရှုပ်ထွေးနေသော်လည်း သေချာတာတစ်ခုတော့ ရှိသည်။

သစ်သားဓားကို ဆွဲထုတ်ရမည်။

ဤသည်မှာ စိတ်ဝိညာဉ်၏ နက်နဲရာများမှ ထွက်ပေါ်လာသော ပဲ့တင်ထပ်ခြင်းမျိုး ဖြစ်သည်။

ရဲ့ကူချန်က ရှေ့ကိုတိုးသွားကာ ရွှင်းချိုရှီးပိုက်ဓား၏ ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။

ရုတ်တရက်၊ ရဲ့ကူချန်၏ နှလုံးသားထဲတွင် သွေးနှင့်ဆက်နွယ်သော ခံစားချက်တစ်ခု ပေါ်လာခဲ့၏။

၎င်းက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ပင်။

"အဆုံးစွန်သောဓားသမားအတွက် ဓားကို အမြဲတမ်းမလိုဘူး။ တောင်၊ မြစ်၊ သစ်ပင်၊ သစ်ကိုင်း... အရာအားလုံးက ဓားဖြစ်နိုင်တယ်"

"ဒါက... စစ်မှန်တဲ့ ဓားလမ်းစဥ်ပဲ"

ဤအခိုက်အတန့်တွင်၊ ရဲ့ကူချန်က ဉာဏ်အလင်းတစ်ချက်ပွင့်သွားပြီး အဆုံးစွန်သော အခြေခံဓားအနှစ်သာရအချို့ကို နားလည်သွားခဲ့သည်။

ရဲ့ကူချန်က ရွှင်းချိုရှီးပိုက်ဓားကို ဆွဲထုတ်လိုက်၏။

ထိုအချိန်တွင်၊ ဓားသင်္ချိုင်းတစ်ခုလုံး တုန်ခါသွားပြီး ဓားနတ်ဘုရား ရောက်ရှိလာခြင်းကို ကြိုဆိုသကဲ့သို့ ထစ်ချုံးသံများလည်း ထွက်ပေါ်လာတော့သည်။

"ဆွဲထုတ်လိုက်ပြီ၊ ရဲ့ကူချန်က ဓားသင်္ချိုင်းရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်းပြည့်မီသွားပြီ"

တောင်ခြေတွင်၊ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူများ အားလုံး အံ့သြတုန်လှုပ်သွားကြသည်။

ကြီးကျယ်ခမ်းနားသော ဓားသမားတစ်ဦး မွေးဖွားခြင်းကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြရပြီ။

ကျိချင်းရီလည်း အလွန်အံ့သြသွားသည်။

ရဲ့ကူချန်က အင်မော်တယ်နယ်မြေကြီးတွင် အလွန်ကျော်ကြားသော်လည်း...

ရဲ့ကူချန်သည် ဤနေရာထိ ရောက်ရှိလာပြီး ဓားသင်္ချိုင်း၏ ကျင့်ကြံသူတစ်ဦးဖြစ်လာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

'စိတ်ဝင်စားစရာပဲ'

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

သစ်သားဓားတစ်လက်နှင့် လူတစ်‌ယောက်...

ဒါက အရှိန်အဝါကြီးသော ဓားသမားကြီးတစ်ဦးကို ပြန်လည်အမှတ်ရစေခဲ့သည်။

ဟုတ်သည်၊ ဤအခိုက်တွင် ကျွင်းရှောင်ယောက်ကလည်း အေး‌အေးဆေးဆေး ထိုင်နေမည်တော့ မဟုတ်ပါ။

သူက ဓားသင်္ချိုင်းသို့ ဝင်ရန် အထူးစိတ်မ၀င်စားသော်လည်း ဆုပ်ကိုင်ရမည့် အခွင့်အလမ်းများကိုတော့ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။

အားစိုက်ထုတ်မှု မရှိသလောက်ဖြစ်ပြီး ဓားတစ်ချောင်းကို ဆွဲလိုက်၏။

"ဆွဲထုတ်လိုက်ပြန်ပြီလား"

ဒါကိုမြင်တော့ လူတိုင်း ဆွံ့အသွားကြသည်။

ရဲ့ကူချန်က ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သောအခါ ‌ဓားသင်္ချိုင်းတစ်ခုလုံး တုန်လှုပ်သွားရသည်။

ယခု ကျွင်းရှောင်ယောက်ကလည်း ဓားတစ်လက်ကို အလွယ်တကူ ဆွဲထုတ်လိုက်၏။

သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက ပိုအံ့ဩစရာကောင်းသည်။

ကျွင်းရှောင်ယောက်က ခဏလောက်စဉ်းစားပြီးနောက် တာ့လော့ဓားသန္ဓေကို ထုတ်ယူလိုက်သည်။

တာ့လော့ဓားသန္ဓေက ထိုဓား၏ အနှစ်သာရကို စတင်စုပ်ယူလိုက်၏။

တာ့လော့ဓားသန္ဓေက ဧကရာဇ်လက်နက်အဆင့်သို့ ရောက်ရှိလာသော်လည်း ၎င်း၏ အလားအလာမှာ အကန့်အသတ်မရောက်သေးကြောင်း ထင်ရှားသည်။

ထိရောက်မှု ရှိသည်ကို တွေ့လိုက်ရသဖြင့် ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် တောက်ပလာပြီး ဒုတိယဓားကို ဆက်လက် ဆွဲထုတ်လိုက်လေသည်။

ထို့နောက် တတိယဓားကို ရောက်လာသည်။

ထိုမှတဆင့် စတုတ္ထဓား...

ပဉ္စမ...

ကျွင်းရှောင်ယောက်က မုန်လာဥကို ဆွဲနှုတ်လိုက်သကဲ့သို့ ဓားများကို လွယ်လင့်တကူ ဆွဲထုတ်နေကြောင်း မြင်ရသောအခါ...

ပါရမီရှင်အားလုံး၏ မျက်လုံးများက ပြူးကျယ်လာကြသည်။ သူတို့၏ အောက်မေးရိုးများက မြေပြင်သို့ ကျဆင်းလုနီးပါး ဖြစ်နေပြီ။

ဤဓားများက အလိုရှိတိုင်း ဆွဲထုတ်နိုင်သောအရာမဟုတ်ကြောင်း သိထားကြရမည် ဖြစ်သည်။

ဓားတစ်လက်စီက ဓားသင်္ချိုင်းမှ အကျော်အမော်တစ်ဦး၏ အမွေအနှစ်နှင့် အသိအမှတ်ပြုမှုကို ကိုယ်စားပြု၏။

တောင်ထိပ်ကို တက်ရောက်နိုင်သော ပါရမီရှင်တစ်‌ယောက်အတွက် ဓားတစ်လက်ကို ဆွဲထုတ်နိုင်လျှင်ပင် တော်တော်ကောင်းနေပြီဟု ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်ကတော့ တောင်ထိပ်ကို ရောက်သွားပြီးနောက် မုန်လာဥများကို ဆွဲနှုတ်နေသကဲ့သို့ ဓားများကို ဆွဲနှုတ်နေခဲ့ပြီ။

အချိန်တိုအတွင်းမှာ ကျွင်းရှောင်ယောက်က ဓားတစ်ဒါဇင်ကျော်ကို ဆွဲထုတ်လိုက်သည်။

၎င်းတို့အားလုံးကို တာ့လော့ဓားသန္ဓေမှ စုပ်ယူသွား၏။

တာ့လော့ဓားသန္ဓေက ပိုထက်လာပြီး ၎င်းပေါ်မှ အင်မော်တယ်အမှတ်အသားများမှာ ပို၍ ရှင်းလင်းလာတော့သည်။

ထိုအချိန်တွင် ကျန့်ချီ၏ ရုပ်သွင်က ပေါ်လာခဲ့သည်။

သူက ထိုင်မနေနိုင်တော့ပါ။

ဤအတိုင်းဆက်သွားလျှင်၊ ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်း၏ အမွေအနှစ် ဓားအားလုံးကို ယူဆောင်သွားမှာ ကြောက်ရသည်။

သို့ဆိုလျှင်၊ မည်ကဲ့သို့ အမွေကိုလက်ဆင့်ကမ်းရပါမည်နည်း။

"အဟမ်း... ဒါက... ရလောက်ပါပြီ"

ကျန့်ချီက အဆင်မပြေစွာ ချောင်းဟန့်လိုက်သည်။

All Chapters