← Chapters

အခန်း ၁၄၁၇

Vol. 95 Ch. 1417

အခန်း ၁၄၁၇

Vol. 95 Ch. 1417

အခန်း ( ၁၄၁၇ ) ဓားလမ်းစဉ်၏ ဒဏ္ဍာရီ၊ တစ်ဦးတည်းသော ဓားနတ်ဆိုး။

ကျွင်းရှောင်ယောက်က ထိုအခါမှ ရပ်လိုက်သည်။

ယခုမှသာ သူ အနည်းငယ် လွန်သွားတာကို သတိပြုမိသွား၏။

နောက်ဆုံးမှာတော့ အမွေဆက်ခံခြင်းဓားက ဒါဇင်အနည်းငယ်သာ ရှိသည်။

ကျွင်း‌ရှောင်ယောက် တစ်ယောက်တည်းက ဆယ်ခုထက်မနည်း သန့်စင်ခဲ့သောကြောင့် ကျန့်ချီ မထိုင်နေနိုင်တော့တာ အံ့ဩစရာ မရှိပါ။

ကျန့်ချီက ကျွင်းရှောင်ယောက်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'ကျွင်းရှောင်ယောက်၊ ငါ့ဓားသင်္ချိုင်းကို မျက်နှာသာပေးတဲ့အနေနဲ့ ရပ်လိုက်ပါတော့'

လက်ရှိအချိန်တွင် ဓားသင်္ချိုင်းက ဘူဖေးစားသောက်ဆိုင်ပိုင်ရှင်နှင့် တူသည်။

ကျွင်းရှောင်ယောက်ကတော့ ပြိုင်စံရှားသော အစားဘုရင် ဖြစ်၏။

ဤအတိုင်းဆက်သွားလျှင် ဆိုင်က ဒေဝါလီခံရလိမ့်မည်။

ဓားသင်္ချိုင်း၏ အမွေအနှစ်က ကျွင်းရှောင်ယောက်လက်တွင် အဆုံးသတ်သွားနိုင်သည်။

ဤသတင်းထွက်လာလျှင် ဓားသင်္ချိုင်းက ရယ်စရာဖြစ်ပေရော့မည်။

'ဒါဆိုရင် ငါ့ဓားသင်္ချိုင်းက မင်းကို ကျေးဇူးတင်မိမှာပါ'

ကျန့်ချီက ဆက်ပြောလိုက်သည်။

ကျွင်းရှောင်ယောက်တွင် အားကောင်းသော နောက်ခံရှိပြီး ဓားသင်္ချိုင်းကို ဝင်ရောက်မည်မဟုတ်မှန်း သူသိသည်။

သို့သော်လည်း ဓားသင်္ချိုင်းက တားမြစ်နယ်မြေဆယ်ခုအနက်မှ တစ်ခုဖြစ်သောကြောင့် ဤကျေးဇူးတရားက အလွန်ကြီးမားပေသည်။

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

သူကိုယ်တိုင်လည်း ဓားသင်္ချိုင်းအပေါ်တွင် အထင်မြင်ကောင်းရှိ၏။

ဓားသင်္ချိုင်းက ယခင် ကပ်ဘေးကြီးများတွင် တစ်ခါမျှ မပါဝင်ခဲ့ဖူးပါ။

ထို့ပြင်၊ ရဲ့ကူချန်ကလည်း ဓားသင်္ချိုင်းနှင့် နက်ရှိုင်းသော ဆက်နွယ်မှု ရှိသင့်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ချင်သည်။

နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်က တားမြစ်နယ်မြေ ဆယ်ခုစလုံးကို စော်ကားရန် မလိုပါ။

တားမြစ်နယ်မြေများနှင့် အဆက်အသွယ်ရှိပါက အနာဂတ်တွင် အဆင်ပြေလာနိုင်သည်။

ကျွင်းရှောင်ယောက်က အကြံအစည်ကြီးပြီး အနာဂတ်အတွက် ပြင်ဆင်ခြင်းကို အမြဲနှစ်သက်သည်။

ကျွင်းရှောင်ယောက်က နောက်ဆုံးတွင် လက်လျှော့သွားပြီဖြစ်ကြောင်း မြင်လိုက်ရမှ ကျန့်ချီလည်း တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။

အခြေအနေက ဤသို့ဖြင့် ပြီးဆုံးသွားသည်။

ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်တို့ နှစ်ယောက်စလုံးက ဓားများကို ဆွဲနှုတ်ခဲ့၏။

ရဲ့ကူချန်ကတော့ သူ့လက်ထဲမှာ ရွှင်းချိုရှီးပိုက် သစ်သားဓားကို ဆုပ်ကိုင်ထားရင်း စူးစမ်းနေဆဲ ဖြစ်သည်။

သစ်သားဓားကို ဆုပ်ကိုင်ထားချိန်တွင် ကမ္ဘာတစ်ခုလုံးကို ဆုပ်ကိုင်ထားမိသလို သူ ခံစားရ၏။

နောက်အခိုက်အတန့်မှာ အံ့ဩစရာတစ်ခု ဖြစ်သွားသည်။

ရဲ့ကူချန်၏ ဧကရာဇ်သတ်ဓားက အလိုအလျောက် လှုပ်ရှားလာပြီး သစ်သားဓားနှင့် သူ့ဘာသာသူ ပေါင်းစပ်သွားခြင်း ဖြစ်တော့သည်။

"မိတ်ဆွေဟောင်းကြီး၊ မင်း..."

ရဲ့ကူချန်က အံ့သြသွားသည်။

ဓားသမားတစ်ဦးအတွက် သူနှင့် အချိန်အကြာဆုံး ရှိခဲ့သူမှာ သူ့မိသားစုနှင့် ချစ်ရသူပင် မဟုတ်ပါ။

ဓားတစ်လက် ဖြစ်သည်။

သို့သော်လည်း ဤအခိုက်တွင် ဧကရာဇ်သတ်ဓားက သစ်သားဓားနှင့် တက်ကြွစွာ ပေါင်းစပ်သွားပြီ။

နောက်အခိုက်တွင်၊ ရဲ့ကူချန်၏ မျက်လုံးများက စိတ်သက်သာရာရခြင်း အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

"မိတ်ဆွေဟောင်းကြီး၊ မင်း မပျောက်ကွယ်သေးဘူး"

ရဲ့ကူချန်က ရွှင်းချိုရှီးပိုက်ဓားကို လက်တစ်ဖက်ဖြင့် ပွတ်တိုက်လိုက်သည်။

၎င်းက အက်ကြောင်းများနှင့် ဟောင်းနွမ်းသော သစ်သားဓားတစ်လက်မျှသာဖြစ်သော်လည်း ကမ္ဘာပေါ်တွင် အထက်ဆုံးဖြစ်ပုံပင်။

ဒါက ဘယ်သူ့ရဲ့ဓားလဲ...

ဤအခိုက်တွင်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများက စဉ်းစားဆင်ခြင်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ဓားဆွဲနှုတ်ပြီးပြီ။

ကျန့်ချီက တစ်ခါ ပြောဖူးသည်။

ကောင်းကင်ဓားတောင်ထိပ်တွင် အထူးဓားတစ်လက် ရှိ၏။

ထိုဓားနှင့် ပဲ့တင်ထပ်နိုင်လျှင် ဓားသင်္ချိုင်း၏ ဆက်ခံသူဖြစ်လာရန် အရည်အချင်းပြည့်မီသည်။

သို့ရာတွင်၊ ထိုဓားက ဘယ်နေရာမှာ ရှိသနည်း။

ထိုအချိန်တွင် ကောင်းကင်ဓားတောင်တစ်ခုလုံးက ပြိုလဲတော့မည်ကဲ့သို့ တုန်လှုပ်လာသည်။

ဒါကိုမြင်သောအခါ ကျန့်ချီ၏ မျက်လုံးများက အရောင်လက်သွား၏။

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နိယာမစွမ်းအားက တဟုန်ထိုး ထွက်ပေါ်လာတော့သည်။

"ကောင်းပြီ၊ ဓားသင်္ချိုင်းရဲ့ အကဲဖြတ်ခြင်းပြီးပြီ။ ရဲ့ကူချန်နဲ့ ကျွင်းရှောင်ယောက်က ဒီမှာနေဖို့ အရည်အချင်းပြည့်မီတယ်"

"ကျန်တဲ့သူတွေ အခုထွက်သွားကြတော့"

ကျန့်ချီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ကျိချင်းရီ၊ ရန်ယုမန်၊ စစ်ထူရွယ်နှင့် ဟွင်းဝမ်ကဲ့သို့ ပါရမီရှင်များအပါအဝင် ကျန်လူများအားလုံးက ဓားသင်္ချိုင်း အပြင်ဘက်သို့ ချက်ချင်း ပို့လွှတ်ခံလိုက်ကြရသည်။

‌ဓားသင်္ချိုင်း၏ လျှို့ဝှက်ချက်များကို အပြင်လူများထံသို့ မပေါက်ကြားစေလိုကြောင်း ထင်ရှားသည်။

ကျန်သော ပါရမီရှင်များကို ပို့လွှတ်လိုက်ပြီးနောက် ကျန့်ချီ၏ ပုံရိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။

နေရာတွင်၊ ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်တို့ နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ယခုအချိန်တွင် ကောင်းကင်ဓားတောင်က ပြင်းထန်စွာ တုန်လှုပ်နေဆဲ ဖြစ်သည်။

ကောင်းကင်ဓားတောင် ပတ်ပတ်လည်တွင် ရစ်ပတ်ထားသော နဂါးကြီးများကဲ့သို့ သံကြိုးများကလည်း အဆက်မပြတ် တုန်ခါနေ၏။

'ဒါက ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး တစ်ခုခုကို သူ သဘောပေါက်သွားသည်။

"ညီနောင်ရဲ့၊ ဒီဓားက ဘယ်မှာရှိတယ်ဆိုတာ ခင်ဗျားသိမယ်ထင်တယ်"

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။

ရဲ့ကူချန်ကလည်း ဒါကို မျှော်လင့်ထားပုံရပြီး အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

ထို့နောက်တွင် ကောင်းကင်ဓားတောင်တစ်ခုလုံး အက်ကွဲသွားပြီး ကျောက်တုံးများ လိမ့်ကျသွားသည်။

ထို့နောက် ပေါ်လာသောအရာမှာ ဓားတစ်လက် ဖြစ်၏။

ကောင်းကင်ဓားတောင် တစ်ခုလုံးက ဓားတစ်လက် ဖြစ်သည်။

ဤဓားက အလွန်ထူးခြားသည်။

သံကြိုးကြီးများဖြင့် ဓားကို ရစ်ပတ်ထား၏။

ကျောက်တုံးများ အားလုံး လိမ့်ကျသွားပြီးနောက် ဤဓား၏ ပုံစံအမှန်ကို မြင်လာရတော့သည်။

"အင်မော်တယ်လက်နက်"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေအနေဖြင့် အင်မော်တယ်လက်နက်က ဘယ်နေရာမှာ ရှိမလဲဟု သူတွေးခဲ့ဖူးသည်။

ယခုတော့၊ ဓားသင်္ချိုင်းက ၎င်းတို့၏ အင်မော်တယ်လက်နက်ကို နောက်ဆုံးတွင် ထုတ်ဖော်ပြသလိုက်ပြီ။

ဒါက သူတို၏ ခြေထောက်အောက်တွင် အမြဲရှိနေခဲ့ခြင်း ဖြစ်သည်။

"ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ။ နောက်ဆုံးတော့ ဒီအဘိုးကြီးကို နောက်တစ်ကြိမ် နိုးထစေနိုင်တဲ့သူတစ်ယောက် ပေါ်လာပြီ"

ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

"ဝှစ်..."

လူရိပ်တစ်ခုက လေထဲတွင် ပေါ်လာသည်။

၎င်းက ရိုးရှင်းသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးပင်။

သူ့ပုံစံက ရိုးရှင်းသော်လည်း တောင်တန်းနှင့်ပင်လယ်ကဲ့သို့ နက်ရှိုင်းသော ခံစားမှုမျိုးကို ပေးစွမ်းနိုက်သည်။

၎င်း၏ အငွေ့အသက်က ကြယ်ကောင်းကင်ထက် ပိုနက်နဲ၏။

စွမ်းအားကြီးသည်။

ဒါက ကျွင်းရှောင်ယောက်၏ ပထမဆုံး အမြင်ပင်။

ဤအဘိုးအိုက ထူးခြားသော ခွန်အားကို ပိုင်ဆိုင်ထားရမည်။

သူက သာမန်ဧကရာဇ်များကို သာလွန်ပြီး အလွန်လေးနက်၍ ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ။

ဒါက ဓားသင်္ချိုင်း၏ အခြေခံအုတ်မြစ်ဟုပင် ဆိုနိုင်သည်။

"ဒီအဘိုးကြီးရဲ့ နာမည်က ဝူမင်၊ ဒါမှမဟုတ် မင်းငါ့ကို‌ ကောင်းကင်ဓားဝူမင်လို့ ခေါ်နိုင်ပါတယ်"

ဝူမင်အဘိုးအိုက ပြုံးလိုက်သည်။

"ကောင်းကင်ဓား ဝူမင်၊ ဒါဆိုရင် အကြီးအကဲ... ခင်ဗျားက..."

ကျွင်းရှောင်ယောက်က အံ့အားသင့်သွားသည်။

“မှန်ပါတယ်၊ ငါက ဒီကောင်းကင်ဓားရဲ့ ဝိညာဉ်ပဲ”

ဝူမင်က တည်ငြိမ်စွာ ပြောလိုက်၏။

ကျွင်းရှောင်ယောက်က ရုတ်တရက် သဘောပေါက်သွားသည်။

သူမျှော်လင့်ထားသည့်အတိုင်းပင်။

"အလို... မင်းက အင်မော်တယ်သတ်‌ဓားရဲ့ သခင်ပဲ"

ဝူမင်က ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်ပြီးနောက် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ကျွင်းရှောင်ယောက်ထံမှ ထူးခြားသော အငွေ့အသက်ကို သူ ခံစားရ၏။

၎င်းက အင်မော်တယ်သတ်ဓား၏ အရှိန်အဝါပင်။

ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော်က အင်မော်တယ်သတ်ဓားကို တစ်ကြိမ်လောက် ကိုင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ အဖေ့လက်ထဲမှာရှိတယ်"

အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်စဉ်အခါက ကျွင်းရှောင်ယောက်သည် အင်မော်တယ်သတ်ဓားကို ကိုင်ခဲ့ဖူးသည်။

သို့သော်လည်း နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်က အင်မော်တယ်သတ်ဓားကို ကျွင်းဝူဟွေ့ထံ ပေးခဲ့ပေသည်။

ဝူမင်က အနည်းငယ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ငါနားလည်ပါပြီ။ ကျွင်းမိသားစုရဲ့ အင်မော်တယ်သတ်ဓားက တကယ်တော့ အင်မတန် စွမ်းအားကြီးပြီး အင်မော်တယ်နဲ့ နတ်ဘုရားတွေကိုတောင် သတ်နိုင်တယ်"

ဒါကိုကြားတော့ ကျွင်းရှောင်ယောက်က အံ့ဩသွားသည်။ ကောင်းကင်ဓားဝူမင်က အင်မော်တယ်သတ်ဓားနှင့် ပတ်သက်ပြီး ဤမျှမြင့်မားသော အမြင်ရှိရန် မမျှော်လင့်ထားပေ။

"ဓားသင်္ချိုင်းရဲ့ စမ်းသပ်မှုကို မင်း အောင်မြင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး"

ဝူမင်က ပြောဆိုပြီး ရဲ့ကူချန်ကို တစ်ဖန်လှည့်ကြည့်လိုက်သည်။

သူ့မျက်လုံးထဲတွင် လွမ်းဆွတ်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။

"အရာအားလုံးကို ကြိုတင်စီစဉ်ထားသလို မင်းပြန်လာတုန်းပဲ"

"ကျုပ် ပြန်လာတာလား၊ ကျုပ်က ဘယ်သူလဲ"

ရဲ့ကူချန်က မေးလိုက်သည်။

ရွှင်းချိုရှီးပိုက်ဓားကို ဆုပ်ကိုင်လိုက်စဉ်က သူသည် မရေရာသော ခံစားချက်တစ်ခုကို ခံစားခဲ့ရသည်။

သူ့အသိစိတ်ထဲမှ ထိုရုပ်သွင်က ကမ္ဘာ့အထက်တွင် ရပ်တည်နေပြီး ဓားတစ်လက်ဖြင့် အားလုံးကို ချေမှုန်းနိုင်စွမ်းရှိ၏။

အဲဒီလူက မည်သူနည်း။

ကျွင်းရှောင်ယောက်လည်း စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

ဝူမင် သက်ပြင်းချလိုက်သည်။

"ဓားတစ်လက်နဲ့ ကမ္ဘာအနှံ့လှည့်လည်ပြီး ရှုံးနိမ့်မှုကို ရှာဖွေခဲ့သူ... သူ့ကြောင့်ပဲ ငါ့ဓားသင်္ချိုင်းက တားမြစ်နယ်မြေ ဆယ်ခုထဲမှာ တစ်ခုဖြစ်လာခဲ့ရတာ"

"သူက ဘယ်သူလဲ"

ရီဂူချန်၏ မျက်လုံးအကြည့်များက စူးရှလာ၏။

ဝူမင်က ခဏရပ်ပြီးနောက် ပြောလိုက်သည်။

"ဓားလမ်းစဥ်ရဲ့ ဒဏ္ဍာရီ၊ တစ်ဦးတည်းသော ဓားနတ်ဆိုး(တုကူးဓားနတ်ဆိုး)"

All Chapters