အခန်း ၁၄၂၀
Vol. 95 Ch. 1420
အခန်း ( ၁၄၂၀ ) စစ်ထူရွယ်၏ အတွေးများ။
ဓားသင်္ချိုင်းအတွင်း၌ ဝူရွယ်က ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ဓားတောင်သည်လည်း မူလပုံစံအတိုင်း ပြန်ပြောင်းသွား၏။
ယခုအခါ အမွေဆက်ခံသူက ပေါ်လာပြီဖြစ်၍ ဓားသင်္ချိုင်းသည် သဘာဝအတိုင်း ပြန်ပိတ်သွားလိမ့်မည်။
ထို့နောက်တွင် ကျိချင်းရီ၊ ရန်ယုမန်နှင့် စစ်ထူရွယ်တို့ ဝင်ရောက်လာကြသည်။
ရဲ့ကူချန်နှင့် ကျွင်းရှောင်ယောက်ကို တွေ့ဆုံသောအခါ ကျိချင်းရီက ပြုံးပြပြီး ပြောလိုက်၏။
"ချင်းရီက ကျွင်းသခင်လေးနဲ့ ရဲ့သခင်လေးကို ဒီနေရာကနေ ဂုဏ်ပြုပါတယ်"
ရဲ့ကူချန်နှင့် ကျွင်းရှောင်ယောက်တို့ နှစ်ယောက်စလုံးက ခေါင်းညိတ်ပြလိုက်ကြသည်။
"ကျွင်းရှောင်ယောက်၊ ရှင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ရန်ယုမန်က မေးသည်။
ကျွင်းရှောင်ယောက်က ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။
"အခုလောလောဆယ်တော့ ဓားသင်္ချိုင်းမှာပဲ နေဖြစ်လိမ့်မယ်"
ပထမအချက်က ကျွင်းရှောင်ယောက်သည် ဓားသင်္ချိုင်း၏ အဖွဲ့ဝင်ဖြစ်လာပြီးနောက် ဓားသင်္ချိုင်းထဲသို့ လွတ်လွတ်လပ်လပ် ၀င်ထွက်နိုင်သည်။
ထို့ပြင် ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းရှိ ဓားပညာအားလုံးကို လွတ်လပ်စွာ နားလည်နိုင်ပေသည်။
ဒုတိယအနေဖြင့် ဤနေရာတွင် သူက ရဲ့ကူချန်နှင့် မကြာခဏ ယှဉ်ပြိုင်တိုက်ခိုက်ပြီး အတူတိုးတက်အောင် လုပ်နိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဓားသင်္ချိုင်းတွင် အကြာကြီးနေမည် မဟုတ်ပါ။
သူသည် သူ၏ကတိကို ဖြည့်ဆည်းရန်နှင့် စေ့စပ်ပွဲကျင်းပရန် အင်မော်တယ်နယ်မြေကြီးသို့ ပြန်သွားမည်ဖြစ်သည်။
"အင်း"
ရန်ယုမန်က ခေါင်းညိတ်လိုက်သည်။
ကျိချင်းရီကလည်း ပြောလိုက်၏။
"ဒီလိုဆိုရင် ချင်းရီလည်း အရင်သွားတော့မယ်။ နောက်ပိုင်း ကောင်းကင်ကိုးပါးမှာ တစ်ခုခုပြောစရာရှိရင် ကျွင်းသခင်လေးကို လာရှာပါ့မယ်"
“ကောင်းပြီ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျိချင်းရီက အကြံအစည် နက်နဲသော အမျိုးသမီးဖြစ်သည်။ သူ၏ အမူအရာအရ ကျွင်းရှောင်ယောက်ထံမှ တစ်ခုခုကို လိုချင်နေတာ သေချာပင်။
သို့သော်လည်း ကျိချင်းရီက ထိုအကြောင်းကို ဘာမျှမပြောသေးပါ။
သို့ရာတွင်၊ မည်သို့ပင်ဆိုစေကာမူ ကျိချင်းရီက အချက်အလက်များ စုဆောင်းရန် အဆင်ပြေသည်။
ကျိချင်းရီက ကွေ့ရှအပျက်အယွင်းအကြောင်း သတင်းကိုလည်း ပြောပြခဲ့၏။
ကွေ့ရှအပျက်အယွင်းတွင် သင့်လျော်သော အခွင့်အရေးကို ရှာဖွေရမည့်အပြင်...
လက်မှတ်ထိုးဝင်ရန် အခွင့်အလမ်းလည်း ရှိသေးသည်။
နှုတ်ဆက်ပြီးနောက် ကျိချင်းရီက ထွက်သွားသည်။
ကျွင်းရှောင်ယောက်က ရန်ယုမန်ကိုကြည့်ပြီး ပြောလိုက်သည်။
"မင်း ဆန္ဒရှိရင် ဓားသင်္ချိုင်းမှာ ကျုပ်နဲ့အတူ နေလို့ရပါတယ်။ နတ်ဆိုးဧကရီလေး ရောက်ရှိလာမှ သူနဲ့လိုက်သွားလို့ရတယ်"
ရန်ယုမန်က ဓားသင်္ချိုင်း၏ အဖွဲ့ဝင်တစ်ဦး မဟုတ်သော်လည်း...
တစ်ယောက်ယောက်ကို ဓားသင်္ချိုင်းသို့ ခေါ်ထားချင်လျှင် ကျွင်းရှောင်ယောက်၏ စကားတစ်ခွန်းသာ ဖြစ်သည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က နတ်ဆိုးဧကရီလေးအကြောင်း သိချင်မိသည်။
နတ်ဆိုးဧကရီလေး၏ နောက်ကွယ်တွင် မည်သို့သော အင်အားစုမျိုး ရှိနေသလဲဆိုတာ သူ သိချင်ပေသည်။
ရန်ယုမန်က ခေါင်းညိတ်လိုက်သည်။
အရင်ကဖြစ်လျှင် သေချာပေါက် သူ ထွက်သွားမည်။
ယခုမူ၊ သူမ၏ အတွင်းစိတ် ပဋိပက္ခက ပြေလည်သွားပြီ ဖြစ်သည်။
ဤကံကြမ္မာက လွတ်မြောက်ရန် မရှိမှတော့ သူက ငြင်းဆန်တော့မည် မဟုတ်ပေ။
ထိုအချိန်တွင်၊ စစ်ထူရွယ်က တိတ်ဆိတ်နေပြီး ရဲ့ကူချန်ကို ခဏခဏ စိုက်ကြည့်နေသည်။
ရဲ့ကူချန်က ရိုးသားသူဖြစ်သော်လည်း ဤအခြေအနေကိုတော့ သတိပြုမိသေးသည်။
"ဘာဖြစ်လို့လဲ"
ရဲ့ကူချန်က မေးလိုက်သည်။
"မဟုတ်... ဘာမှမဟုတ်ပါဘူး... ကျွန်မက မိသားစုကို ခဏပြန်သွားရမယ်"
စစ်ထူရွယ်က တုံ့ဆိုင်းဆိုင်းဖြင့် ပြောသည်။
"ကောင်းပါပြီ၊ နောင်မှာ မင်းရဲ့ အသက်ကယ်ခဲ့တဲ့ကျေးဇူးကို ကျုပ်ပြန်ဆပ်မယ်"
ရဲ့ကူချန်က ရိုးရိုးသားသား ပြောလိုက်၏။
ဘေးတွင်၊ ကျွင်းရှောင်ယောက်က ရဲ့ကူချန်ကို စိုက်ကြည့်လိုက်သည်။
ရဲ့ကူချန်၏ ရိုးသားသော အဖြေစကားက သူ့သည်ပင် သည်းမခံနိုင်ပေ။
ကောင်မလေးက လမ်းခွဲရန် တွန့်ဆုတ်နေခြင်းက သူ့စိတ်ထဲမှာ တစ်ခုခု ရှိနေနိုင်သည်။
ဤအချိန်မျိုးက ရှေ့ကိုလှမ်းပြီး စောင့်ရှောက်မှုနှင့် ဖေးမရန်အတွက်အတွက် အကောင်းဆုံးအချိန်ပင်။
မိန်းကလေးတစ်ဦးအတွက် အခက်ခဲဆုံးအချိန်၌ မှီခိုရန် ကျယ်ပြန့်၍ ခိုင်ခံ့သောပခုံးကို ပေးအပ်သင့်သည်။ သို့မှသာ သူက ထိုလုံခြုံမှုခံစားချက်အတွက် ပို၍ ပျော်ရွှင်လိမ့်မည်။
ဒါမျိုးက လုပ်သင့်လုပ်ထိုက်သည်။
ဤကဲ့သို့ စကားလေးတစ်ခွန်းဖြင့် ပြီးဆုံးမည်ဟု အဘယ်ကြောင့် ထင်နေရသနည်း။
ကျွင်းရှောင်ယောက်က ရဲ့ကူချန်ကို လမ်းညွှန်ပေးချင်စိတ်တို့ပင် ပေါ်လာသည်။
ရဲ့ကူချန်၏စကားကို ကြားသောအခါ စစ်ထူရွယ်က ခါးသီးသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
သူက ခေါင်းကိုမော့ပြီး ရဲ့ကူချန်ကို စိုက်ကြည့်လိုက်၏။
"ရှောင်ရဲ့ကျစ်၊ ရွယ်အာရဲ့ဘဝမှာ အကောင်းဆုံးအရာက အဲဒီနေ့က ရှင့်ကို ကယ်တင်ခဲ့တာပါပဲ"
"ရှင် ကျွန်မကို အမြဲတမ်း သတိရနေမယ်လို့ မျှော်လင့်တယ်။ အဲဒါက ကျွန်မရဲ့ကြင်နာမှုကို ပြန်ဆပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ"
စစ်ထူရွယ်က ပြောဆိုပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားသည်။ သူမ၏ မျက်လုံးထောင့်မှ ကြည်လင်သော မျက်ရည်တစ်စက်က လွင့်သွားလေသည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဤနှုတ်ဆက်ပွဲက သေကွဲ၊ရှင်ကွဲ ကွဲကွာခြင်းကဲ့သို့ အဘယ်ကြောင့်ခံစားရသနည်း။
စစ်ထူရွယ်က လှည့်ထွက်သွားတာကို မြင်သောအခါ ရဲ့ကူချန်က တစ်စုံတစ်ခုကိုပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ မပြောဖြစ်ခဲ့ပေ။
သူက ရဲ့ကူချန်...
သူက ဓားနတ်ဆိုး...
သူက တုကူးဓားနတ်ဘုရား၏ ဝိညာဉ်...
အချစ်နှင့် တွယ်တာနှောင်ကြိုးက သူ့ဘဝတွင် မရှိသင့်ပေ။
ဒါကိုမြင်တော့ ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
"သနားစရာကောင်မလေးပဲ၊ ညီနောင်ရဲ့... မင်း သူ့ကို ဒီလိုမျိုး တကယ်ငြင်းလိုက်မှာလား"
ရဲ့ကူချန်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ကျုပ်ရဲ့အသက်ကို ဓားနဲ့အတူ မြှုပ်ထားတယ်။ တခြား အရာတွေအတွက် နေရာမရှိပါဘူး"
"ကျုပ်နဲ့အတူ ရှိနေမယ်ဆိုရင် သူ ပျော်ရွှင်ရမှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်သည်။
ကျွင်းရှောင်ယောက်အတွက်လည်း ကျင့်ကြံခြင်းက အရေးကြီးပေသည်။
သို့ရာတွင်... သူ့မိသားစု၊ ချစ်ရသူ၊ နောက်လိုက်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများကလည်း ထပ်တူထပ်မျှ အရေးကြီးသည်။
ကျွင်းရှောင်ယောက်က တစ်မိုးအောက်တွင် တစ်ဦးတည်း ပြိုင်ဘက်ကင်းဖြစ်နေရန် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
လောကကြီး၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း သူတစ်ဦးတည်း နေထိုင်ရပါက မည်မျှ အထီးကျန်မည်နည်း။
"ကျင့်ကြံခြင်းရဲ့ အဓိပ္ပာယ်နဲ့ ပတ်သက်ပြီး လူတိုင်းမှာ မတူညီတဲ့ အဖြေတစ်ခု ရှိကောင်းရှိနိုင်ပါတယ်"
"ဒါပေမဲ့ ကျုပ်အတွက်က အထွတ်အထိပ်ကို ရောက်ရှိဖို့ ကြိုးစားနေရခြင်းဟာ တစ်ဦးတည်း စွမ်းအားကြီးနေဖို့ မဟုတ်ပါဘူး။ ကျုပ်ရဲ့ နှလုံးသားထဲက တန်ဖိုးထားရသူတွေကို ကာကွယ်ဖို့... သူတို့နဲ့အတူ အမြဲတမ်း ရှိနေနိုင်ဖို့ပဲ"
ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
ဘေးမှာရပ်နေသော ရန်ယုမန်က ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်၏။
ဤလူငယ်က မွန်မြတ်ပြီး အထီးကျန်ဆန်ကာ အရာရာကို လျစ်လျူရှုထားပုံရသည်။
သို့သော်လည်း သူ၏ အတွင်းစိတ်ထဲမှာတော့ အခြားသူများ နားမလည်နိုင်သော ဖိအားများနှင့် လေးလံမှုမျိုး ရှိနေပုံပင်။
ရန်ယုမန်က ထိုအချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသည်။
ကျန်းစန်းယီက ကျွင်းရှောင်ယောက်အတွက် အတွက် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။
၎င်းက ထိုအချက်များကြောင့် ဖြစ်နိုင်သည်။
ကျန်းစန်းယီက ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှတွင် လေးလံမှုနှင့် အထီးကျန်မှုကို နားလည်သည်။
ထို့ကြောင့် ဤဝန်ထုပ်ဝန်ပိုးကို ခွဲဝေယူရန် သူတို့က လိုလားကြပေသည်။
ဤအခိုက်တွင်၊ ရန်ယုမန်၏ စိတ်ထဲမှာ ရည်မှန်းချက်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ကျွင်းရှောင်ယောက်၏အနားတွင် ထာဝရနေရန် သူ မတောင်းဆိုပါ။
သူ့ကို ဘေးမှ ကူညီနိုင်သရွေ့ လုံလောက်သည်။
လေထုက အနည်းငယ် တင်းမာလာသည်ကို ခံစားလိုက်ရသောအခါ...
ကျွင်းရှောင်ယောက်က ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်။
"ညီနောင်ရဲ့၊ ကမ္ဘာပေါ်မှာ အရက်စက်ဆုံးအရာက မိန်းမတစ်ယောက်ရဲ့ စိတ်ရင်းမှန်ကို လှည့်စားတာပဲ။ ဒါကို မင်းသိရမယ်"
ဤစကားကို ကြားသောအခါ...
ရန်ယုမန်နှင့် ကျွင်းရှောင်ယောက်တို့ နှစ်ယောက်စလုံးက ကျွင်းရှောင်ယောက်ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်လိုက်ကြ၏။
"ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်က သူ့မေးစေ့ကိုပွတ်ပြီး မေးလိုက်၏။
"ညီနောင်ကျွင်း၊ မင်း ဆေးမှားသောက်မိတာများလား"
ရဲ့ကူချန်၏ အေးဆေးတည်ငြိမ်သော စရိုက်ဖြင့်ပင် ဤအခိုက်တွင် ဆွံ့အမိသည်။
'ကျွင်းရှောင်ယောက်... မင်းကိုယ်တိုင်ကော အမျိုးသမီး ဘယ်နှယောက်ကို လှည့်စားခဲ့သလဲဆိုတာ သိရဲ့လား'
'အဝေးကြီးကို ပြေးမကြည့်နဲ့၊ အခု ဘေးနားမှာတင် တစ်ယောက်ရှိတယ်'
ရန်ယုမန်လည်း အံကြိတ်လိုက်သည်။ သူ့အကြည့်များက စူးရှလာတော့သည်။
'သူကရော ဒီပုတ်ထဲက ဒီပဲမဟုတ်ဘူးလား'
"အဟမ်း... အဟမ်း"
ကျွင်းရှောင်ယောက်က အဆင်မပြေစွာ ချောင်းဟန့်ပြီး ပြောလိုက်သည်။
"ဒီအကြောင်းကို မပြောတော့ဘူး၊ လေ့ကျင့်ကြရအောင်။ ဒါနဲ့... ညီနောင်ရဲ့၊ မင်းက ကျုပ်နဲ့ အမြဲတိုက်ခိုက်ချင်နေတာ မဟုတ်လား။ အခု ကျုပ်တို့မှာ အချိန်ရတယ်"