အခန်း ၁၄၂၂
Vol. 96 Ch. 1422
အခန်း ( ၁၄၂၂ ) ခုနစ်ရောင်ခြယ် တာအိုသခင်၏ စိန်ခေါ်သံ။
အတိတ်က မငြိမ်သက်မှုများတွင် ကျွင်းမိသားစုက အမြဲတမ်း ဝေးကွာနေခဲ့သည်။
သူတို့က ဝင်မစွတ်ဖက်သလို တားဆီးခြင်းလည်း မပြုပေ။
ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေများကလည်း ကျွင်းမိသားစု၏ အင်အားကို နားလည်သဘောပေါက်သည်။ ၎င်းက အလွန်အန္တရာယ်များသော မိသားစုတစ်ခုဖြစ်သောကြောင့် ကျွင်းမိသားစုကို မထိပါးခဲ့ပါ။
ဒါက ပြဌာန်းမထားသော စည်းမျဉ်းတစ်ခုလိုပင် ဖြစ်သည်။
သို့သော်လည်း ယခုအခါ သြဇာကြီးသော ပုဂ္ဂိုလ်တစ်ဦးက ကျွင်းမိသားစုအား အရေးယူရန် ရည်ရွယ်ထားကြောင်း ပြောလာခဲ့ပြီ။
ဤသတင်းထွက်လာလျှင် ဒါက မုန်တိုင်းတစ်ခုကဲ့သို့ ကောင်းကင်ကိုးပါး တစ်ခုလုံးကို တုန်လှုပ်သွားစေမည် ဖြစ်သည်။
"ဒါက ကျုပ်တို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူး၊ သက်ရှည်ကျွန်းရဲ့ ဆန္ဒလည်းမဟုတ်ဘူး"
"သက်ရှည်ကျွန်း..."
ဤအကြောင်းကို ပြောသောအခါ၊ မြင့်မြတ်ဝိညာဉ် အပျက်အယွင်းမှ ပုဂ္ဂိုလ်ကြီးများ၏ လေသံက လေးနက်လာသည်။
ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေဆယ်ခုတွင် အကုန်လုံးက လျှို့ဝှက်ဆန်းကြယ်သည်။
သို့သော်လည်း အင်အားအရာမှာတော့ မတူညီမှုများ ရှိနေသေးသည်။
သက်ရှည်ကျွန်းက ကောင်းကင်ကိုးပါးရှိ တားမြစ်နယ်မြေ ဆယ်ခုအနက် အင်အားအကြီးဆုံး ဖြစ်သည်။
ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ထိပ်တန်းငါးဦးတွင် နှစ်ဦးက သက်ရှည်ကျွန်းမှ ဖြစ်၏။
၎င်းတို့ထဲမှ တစ်ဦးက ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် ပထမအဆင့် ဖြစ်သည်။
ဒါက သက်ရှည်ကျွန်း၏ နက်နဲသော အခြေခံအုတ်မြစ်ကို တစ်နည်းတစ်ဖုံ ဖော်ပြပေးပေသည်။
သမိုင်းတစ်လျှောက်မှ အမျိုးမျိုးသော မငြိမ်သက်မှုများတွင် သက်ရှည်ကျွန်းက အတက်ကြွဆုံး ဖြစ်သည်။
တစ်နည်းဆိုရလျှင်၊ သက်ရှည်ကျွန်းက အဓိကပွဲစီစဉ်သူနှင့် တူသည်။
မြင့်မြတ်ဝိညာဉ်အပျက်အယွင်းကဲ့သို့ အခြားသူများက ထိုပွဲတွင် ပါဝင်လှုပ်ရှားသူများပင်။
"ကျွင်းမိသားစုကို အရေးယူဖို့ဆိုတာ အရင်က လုံးဝ မဖြစ်ဖူးတဲ့ ကိစ္စပဲ။ သက်ရှည်ကျွန်းက ဘာတွေကြံစည်နေတာလဲ"
"ဒါက ကျွင်းရှောင်ယောက်ကြောင့် ဖြစ်မယ်ထင်တယ်"
"ကျွင်းရှောင်ယောက်လား၊ သူက အငယ်လေးတစ်ယောက်ပဲလေ။ သူက ဘယ်လောက်ပဲ ထူးချွန်နေပါစေ... လက်ရှိမှာတော့ သူက ကျုပ်တို့မျက်လုံးထဲမှု ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး"
"ဒါကို ဘယ်သူသိမှာလဲ၊ ကျုပ်တို့တွေ သူ့ကို ဒီအတိုင်း ကြီးပြင်းခွင့်ပေးလိုက်ရင် အနာဂတ်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး"
"ကျုပ်တို့ကြားက အမုန်းတရားတွေအရ ဒါက ပြန်လည်သင့်မြတ်ဖို့လည်း မဖြစ်နိုင်တော့ဘူး"
"ဒါနဲ့ စကားမစပ်၊ ခုနစ်ရောင်ခြယ် တာအိုသခင်က တိတ်တဆိတ် လေ့ကျင့်ရာကနေ ထွက်လာပြီထင်တယ်"
"ဓားဧကရာဇ် သေဆုံးသွားပြီးတဲ့နောက်... သူက ကျုပ်တို့ မြင့်မြတ်ဝိညာဉ် အပျက်အယွင်းရဲ့ တစ်ဦးတည်းသော ထွတ်မြတ် ပါရမီရှင်ပဲ။ ဒီတစ်ခေါက်မှာ သူလှုပ်ရှားသင့်တယ်"
"သူသာ ကျွင်းရှောင်ယောက်ကို သတ်နိုင်ခဲ့ရင် ကျုပ်တို့တွေ အလုပ်ရှုပ်သက်သာလိမ့်မယ်။ ကျွင်းမိသားစုကလည်း ဒါကို အပြစ်ယူလို့ မရဘူး"
မြင့်မြတ်ဝိညာဉ် အပျက်အယွင်းအတွင်းမှ နတ်အသိစိတ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၏ အတွင်းပိုင်း တစ်နေရာတွင်... အရောင် ခုနစ်ရောင်ရှိသော တောင်တစ်လုံး ရှိသည်။
မသေမျိုးနတ်တစ်ပါးကဲ့သို့ လူငယ်တစ်ဦးက ယပ်တောင်တစ်ချောင်းကိုကိုင်ကာ ထွက်လာခဲ့၏။
သူ၏ ဆံပင်များက သက်တံကဲ့သို့ ခုနစ်ရောင်ဖြစ်သည်။
သူ့မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်သော ခုနစ်ရောင်အလင်းများက လင်းလက်နေပြီး အဝေးကို လှမ်းကြည့်လိုက်လေသည်။
............
မြင့်မြတ်ဝိညာဉ်အပျက်အယွင်း၏ ဖြစ်ရပ်များပြီးနောက်...
နောက်ဆုံးတွင် ကောင်းကင်ကိုးပါးက သဘောပေါက်သွားသည်။
ကောင်းကင်ကိုးပါးမှာပင် ကျွင်းရှောင်ယောက်ကို မည်သူမျှ ဖိနှိပ်မရပေ။
ထို့ပြင်၊ ယခုအခါ ကျွင်းရှောင်ယောက်က သူ၏ကျောထောက်နောက်ခံအဖြစ် ဓားသင်္ချိုင်းကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ဓားသင်္ချိုင်းတွင် လူအနည်းငယ်သာရှိသော်လည်း ၎င်းတို့အားလုံးက အဆင့်မြင့် ကျွမ်းကျင်သူများ ဖြစ်သည်။ ၎င်းတို့တစ်ဦးစီက မည်သူမဆို ထိပါးနိုင်တာ မဟုတ်ပေ။
ဤအခြေအနေမျိုးဖြင့် နောက်ပိုင်းမှာ ကျွင်းရှောင်ယောက်ကို မည်သူမျှ မနှောင့်ယှက်တော့ပါ။
သားရဲဂူဆိုလျှင် မည်သူမျှပင် မရောက်လာခဲ့ကြချေ။
သို့သော်လည်း ဟွင်းဝမ်နှင့် အခြားသူများက ဖိနှိပ်ခံခဲ့ရရုံသာ ဖြစ်သည်။ အနည်းဆုံးတော့ အသက်ရှင်နေဆဲဖြစ်ပြီး ဓားဧကရာဇ်ကဲ့သို့ ဆိုးရွားသောကံကြမ္မာကို မခံစားခဲ့ရပေ။
ကောင်းကင်ကိုးပါးက နောက်ဆုံးတွင် ခေတ္တမျှ ငြိမ်သက်အေးချမ်းမှုကို ခံစားနိုင်မည်ဟု လူတိုင်းက တွေးလိုက်သောအခါတွင်...
အံ့ဩစရာသတင်းတစ်ခုက ကောင်းကင်ကိုးပါးတစ်ခုလုံးကို ကိုင်လှုပ်လိုက်ပြန်သည်။
မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၏ ပါရမီရှင်တစ်ဦးဖြစ်သော ခုနစ်ရောင်ခြယ် တာအိုသခင်က ကျွင်းရှောင်ယောက်ကို ကောင်းက်ပြိုတောင်ကြားတွင် ယှဉ်ပြိုင်တိုက်ခိုက်ရန် စိန်ခေါ်လိုက်သည်။
ဤသတင်းက ပင်လယ်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သလို လှိုင်းလုံးကြီးကို ထပ်မံဖြစ်ပေါ်လာစေပြန်တော့သည်။
မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၏ ပြိုင်စံရှား ပါရမီရှင်နှစ်ဦးမှာ ဓားဧကရာဇ်နှင့် ခုနစ်ရောင်ခြယ် တာအိုသခင်တို့ ဖြစ်ကြသည်။
တကယ်တမ်းတွင်၊ ခုနစ်ရောင်ခြယ် တာအိုသခင်သည် ဓားဧကရာဇ်ထက် ပိုအားကောင်း၏။
ကောလဟာလများအရ၊ သူ၏ မူလပုံစံမှာ အဓိပတိကောင်းကင်ရတနာခုနစ်မျိုးဖြင့် ပေါင်းစပ်ထားသည့် မြင့်မြတ်ဝိညာဉ် ဖြစ်သည်။
ခုနစ်ရောင်ရှိသော နတ်အလင်းဖြင့် မွေးဖွားလာသူအနေဖြင့် သူ၏ မျက်လုံးအဖွင့်အပိတ်တိုင်းမှာ ကောင်းကင်က ပြိုကျပြီး မြေပြင်က အက်ကွဲရသည်။
ထို့ပြင်၊ ခုနစ်ရောင်ခြယ် တာအိုသခင်က ကောင်းကင်ကိုးနဂါးနှင့် ဖီးနစ်စာရင်းတွင် ပဉ္စမအဆင့် ရှိသည်။
သူက ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် ကျင့်ကြံမှုအခြေခံလည်း ရှိ၏။
ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းရှိ ထိပ်တန်းငါးဦးက ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ဟုတ်သည်၊ ခုနစ်ရောင်ခြယ် တာအိုသခင်က ဤမျှငယ်ရွယ်သူတော့ မဟုတ်ပေ။
သူနှင့် အသက်သုံးဆယ်ဝန်းကျင်သာရှိသေးသော ကျွင်းရှောင်ယောက်ကဲ့သို့ ပါရမီရှင်ကြားတွင် အခြေခံကွာခြားချက်တစ်ခု ရှိသည်။
သို့သော်လည်း ယေဘူယျအားဖြင့်တော့ သူ့ကို မျိုးဆက်သစ်လူငယ် ပါရမီရှင်အဖြစ် သတ်မှတ်နိုင်သေးသည်။
ထို့ကြောင့် ခုနစ်ရောင်ခြယ် တာအိုသခင်၏ စိန်ခေါ်ချက်က အာရုံစူးစိုက်မှုများစွာကို စွဲဆောင်လာခဲ့သည်။
ကောင်းကင်နဂါးနှင့်ဖီးနစ်စာရင်းမှ ပဉ္စမအဆင့် ပါရမီရှင်၏ စိန်ခေါ်သံက လူတိုင်း၏ အာရုံစိုက်မှုကို စွဲဆောင်နိုင်ပေသည်။
ထို့ပြင်၊ ကောင်းကင်ပြိုတောင်ကြား၏ တည်နေရာက လေးနက်သော အဓိပ္ပါယ်တစ်ခု ရှိသည်။
"ကောင်းကင်ပြိုတောင်ကြား၊ အဲဒါက ကောင်းကင်ကိုးပါးရဲ့ နာမည်ကျော် တားမြစ်ဒေသတစ်ခု မဟုတ်ဘူးလား"
"လွမ်ကုဧကရာဇ်က မြင့်မြတ်ဝိညာဉ် အပျက်အယွင်းရဲ့ ကြီးမားသောအောင်မြင်ခြင်းအဆင့် ပုဂ္ဂိုလ်ကြီးတွေကို အဲဒီနေရာမှာ သတ်ခဲ့တယ်လို့ ဆိုကြတယ်"
"ကြည့်ရတာ... ခုနစ်ရောင်ခြယ် တာအိုသခင်က လွမ်ကုဧကရာဇ်ရဲ့ဆက်ခံသူ ကျွင်းရှောင်ယောက်ကိုသတ်ပြီး သူ့ဘိုးဘေးတွေကို ယဇ်ပူဇော်ဖို့ ဒီနေရာကို ရွေးချယ်ခဲ့ပုံရတယ်"
"ဒါဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းလာပြီ"
ကောင်းကင်ကိုးပါး တစ်ခုလုံးမှ အင်အားစုများနှင့် တားမြစ်မိသားစုများက ဤကိစ္စကို ဆွေးနွေးခဲ့ကြလေသည်။
ထိုအချိန်တွင် နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာသည်။
ကျွင်းရှောင်ယောက်က စိန်ခေါ်မှုကို လက်ခံမှာလား။
နောက်ဆုံးတွင်၊ ခုနစ်ရောင်ခြယ် တာအိုသခင်က ယခင်ပါရမီရှင်များနှင့် အခြေခံအားဖြင့် ကွဲပြားသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက အားကောင်းသည့်အပြင် ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် ကျင့်ကြံမှုရှိ၏။
ကျွင်းရှောင်ယောက်၏ တကယ့်နယ်ပယ်ကိုတော့ သိရှိသူက နည်းပါးသည်။
အခြားသော ပါရမီရှင်များက ကျွင်းရှောင်ယောက်ကို သူ၏ခွန်အား အပြည့်အ၀ အသုံးပြုရန် ဖိအားပေးနိုင်ခြင်း မရှိသဖြင့် သူ၏ ကျင့်ကြံမှုအဆဆင့်ကို လုံးဝ မသိကြပေ။
အားလုံးက ကျွင်းရှောင်ယောက်၏ တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သည်။
ဓားသင်္ချိုင်းတွင်...
ဤသတင်းကို ကြားသောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများက စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"ကောင်းကင်နဂါးနဲ့ ဖီးနစ်စာရင်းက ပဉ္စမအဆင့်... နောက်ပြီးတော့ ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် ကျင့်ကြံမှုအခြေခံနဲ့... အခြားသူတွေရဲ့အမြင်မှာ သူက တကယ်ကို ပြိုင်ဘက်ကင်းလုနီး တည်ရှိမှုတစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့..."
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"မလုံလောက်သေးဘူး"
ကျွင်းရှောင်ယောက်က ကောင်းကင်အဓိပတိငယ်အဆင့်မှာ ရှိစဉ်ကပင် ဆန်းကြယ်ကောင်းကင်အဓိပတိအဆင့် အနီရောင်မျက်လုံး ကြေးခွံပါနဂါးကို သတ်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ လက်ရှိနယ်ပယ်က ဆန်းကျယ်ကောင်းကင် အဓိပတိတစ်ပိုင်းအဆင့်နှင့် ညီမျှသည်။
သူ့မျက်လုံးထဲတွင် ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့်က ထူးထူးခြားခြား ဘာမှမရှိတော့ပေ။
ခုနစ်ရောင်ခြယ် တာအိုသခင်က သူ၏ ထူးကဲသော အရည်အချင်းကြောင့် သာမန် ဆန်းကျယ်ကောင်းကင်အဓိပတိများထက် များစွာ အားကောင်းနိုင်သည်။
သို့သော်လည်း ယခုအခါ၊ ကျွင်းရှောင်ယောက်က နတ်ဖန်ဆင်းခြင်း အဓိပတိကိုပင် ရင်ဆိုင်နိုင်နေပြီ။
"ကောင်းပြီ၊ အခမဲ့ ကမ်းလှမ်းထားတဲ့ ပစ္စည်းတွေကို ဘာဖြစ်လို့ လက်မခံရမှာလဲ"
"နောက်ပြီးတော့ ကောင်းကင်ပြိုတောင်ကြားက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
မကြာမီ၊ သတင်းများ ပျံ့သွားသည်။
ကျွင်းရှောင်ယောက်က စိန်ခေါ်မှုကို လက်ခံခဲ့၏။
ကောင်းကင်ကိုးပါးတစ်ခုလုံး တုန်လှုပ်သွားသည်။
တားမြစ်နယ်မြေများရှိ သတ္တဝါအားလုံးလည်း ဤတိုက်ပွဲကို သက်သေခံရန် ပြင်ဆင်နေကြတော့သည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက လွမ်ကုဧကရာဇ်သည် ကောင်းကင်ပြိုတောင်ကြားတွင် ကြီးမားသော ပြီးပြည့်စုံခြင်းအဆင့် မြင့်မြတ်ဝိညာဥ်များစွာကို သတ်ပစ်ခဲ့သည်။
ယခုတော့ လွမ်ကုဧကရာဇ်၏ ဆက်ခံသူနှင့် မြင့်မြတ်ဝိညာဉ် အပျက်အယွင်း၏ မျိုးဆက်သစ်ပါရမီရှင်က ၎င်းတို့၏အမွေကို ဆက်ခံခဲ့သလို ထပ်မံတိုက်ခိုက်ကြတော့မည်။
ဤတစ်ကြိမ်မှာ ဘယ်သူက အောင်ပွဲခံမည်နည်း။
လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့မရသော သက်ရှည်ကျွန်း၏ ပါရမီရှင်များသည်ပင် တိုက်ပွဲကို ကြည့်ရှုရန်အတွက် ကောင်းကင်ပြိုတောင်ကြားကို သွားရောက်မည်ဟု ကောလဟာလများ ထွက်ပေါ်လာခဲ့သည်။
ဒါက ဤတိုက်ပွဲ၏ လေးနက်သော အကျိုးသက်ရောက်မှုကို ပြသနေပေသည်။
ဤအတောအတွင်း၊ ကောင်းကင်ကိုးပါးတွင်... ကောင်းကင်ပြိုတောင်ကြားမှ ပြိုင်ပွဲအတွက် လေထုက ပွက်ပွက်ဆူလာချိန်...
အခြား သတင်းတစ်ခုမှာလည်း တိတ်တဆိတ် ပျံ့နှံ့သွားသည်။
ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေး ရွဗမ်လီက တစ်လအတွင်း ကိုယ်လုပ်တော် ကောက်ယူတော့မည်။
ထိုကိုယ်လုပ်တော်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ ကွပ်ကဲမှုအောက်တွင်ရှိသော စစ်ထူမိသားစုမှ ဆင်းသက်လာခြင်း ဖြစ်သည်။
သူ့နာမည်က စစ်ထူရွယ်ပင်။