အခန်း ၁၄၂၃
Vol. 96 Ch. 1423
အခန်း ( ၁၄၂၃ ) ပြန်လည်ဝင်စားခြင်းပင်လယ်၏ အစီအစဉ်။
ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေးက ကိုယ်လုပ်တော်ကောက်ယူခြင်းမှာ ကောင်းကင်ပြိုတောင်ကြားမှ တိုက်ပွဲနှင့်ယှဉ်လျှင် အထူးအဆန်း မရှိပေ။
နောက်ဆုံးတွင်၊ တားမြစ်နယ်မြေများမှ သခင်လေးများက ကိုယ်လုပ်တော် ကောက်ယူခြင်းမှာ သာမန် ဖြစ်သည်။
ထို့ပြင်၊ တားမြစ်မိသားစုများ၏ ပါရမီရှင် မိန်းမပျိုများစွာက ထိုသခင်လေးများ၏ ကိုယ်လုပ်တော်များ ဖြစ်လာစေရန် နည်းမျိုးစုံဖြင့် ကြိုးစားတတ်ကြသည်။
ဥပမာအားဖြင့် လုမိသားစုမှ လုချင်း...
ထို့ကြောင့် ပုံမှန်အားဖြင့် ဤသတင်းမှာ လုံးဝ သာမန်ဆန်လွန်းသည်။
သို့သော်လည်း ဤသတင်းက ဓားသင်္ချိုင်းသို့ ရောက်လာခဲ့ပေသည်။
ဓားသင်္ချိုင်းမှ တိတ်ဆိတ်သော တောင်တစ်လုံးပေါ်တွင်...
ရဲ့ကူချန်က တစ်ယောက်တည်း တင်ပျဉ်ခွေထိုင်နေသည်။
ရွှင်းချိုရှီးပိုက်ဓားကို သူ့ပေါင်နှစ်ဖက်ပေါ်တွင် တင်ထား၏။
အချိန်တိုလေးသာ ကုန်လွန်သွားသော်လည်း ရဲ့ကူချန်၏ အရှိန်အဝါက ပို၍ နက်နဲလာပြီ။
ဤအခိုက်တွင်၊ အဖြူရောင်အလင်းတန်းတစ်ခုက လေထဲမှ ဖြတ်သန်းလာသည်။ ဒါက ကျွင်းရှောင်ယောက်ပင်။
"ညီနောင်ရဲ့၊ မင်း ဒါကို လျစ်လျူရှုထားဦးမှာလား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ရဲ့ကူချန်၏ အမူအရာက ငြိမ်သက်နေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် သူက ပြောလေသည်။
"ဒါက စစ်ထူမိသားစုအတွက် ကိစ္စပဲ"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးပြီး ပြောလိုက်သည်
"ဒီလို ပေါပေါပဲပဲ သတင်းတစ်ခုက ဝေးကွာတဲ့အရပ်က ဓားသင်္ချိုင်းကို ရောက်လာတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ"
"ရွှမ်လီက ဓားသင်္ချိုင်းမှာ မင်းကို ရှုံးနိမ့်ခဲ့တာကြောင့် မင်းကိုလက်စားချေရအောင် စစ်ထူရွယ်ကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ခေါ်ခဲ့တာ"
"သူတို့လိုလူတွေက အရည်အချင်း သိပ်မရှိပေမဲ့ အောက်လမ်းနည်းတွေတော့ အများကြီး ရှိကြတယ်"
ရဲ့ကူချန်၏ မျက်လုံးများက အလင်းရောင်တစ်ခု လက်သွားသည်။ သို့သော်လည်း သူက ခေါင်းကို ခါယမ်းနေဆဲပင်။
"ကျုပ် သွားတာက စစ်ထူရွယ်အတွက် ပိုပြီး ခက်ခဲစေရုံပဲရှိမယ်"
"စစ်ထူမိသားစုက တားမြစ်မိသားစုတစ်ခုဖြစ်ပေမဲ့ ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ အမြင်မှာတော့ အလိုရှိတိုင်း စွန့်ပစ်နိုင်တဲ့ ခွေးတစ်ကောင်ထက် မပိုဘူး"
"ဒါပေမဲ့... မင်း မသွားမိရင်တော့ နောင်တရလိမ့်မယ်"
ကျွင်းရှောင်ယောက်က ရဲ့ကူချန်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။
"နောင်တလား..."
ရဲ့ကူချန်က တွေဝေသွားသည်။
စစ်ထူရွယ်နှင့် တွေ့ဆုံခဲ့ချိန်မှစ၍ အသေးစိတ် အချက်အလက်များက သူ့ခေါင်းထဲတွင် အစီအရီ ပြန်ပေါ်လာ၏။
သူက ကောင်းကင်ကိုးပါးကို မထင်မှတ်ဘဲ ရောက်ရှိလာပြီး ထိုမိန်းကလေး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။
ကြာလာသည်နှင့်အမျှ၊ ဤအမျိုးသမီးဟာ သူ့နှလုံးသားကို အမှန်တကယ် လှုပ်ရှားစေခဲ့ပေသည်။
သို့ရာတွင်၊ သူက ရဲ့ကူချန် ဖြစ်သည်။
သူက ဓားနတ်ဆိုးလည်း ဖြစ်၏။
သူက အထီးကျန်ခြင်း၏ ဓားနတ်ဘုရားပင်။
သူနှင့် အတူရှိနေပါက ပျော်ရွှင်ရန် မဖြစ်နိုင်ပါ။
"မင်း သေချာစဉ်းစားသင့်တယ်။ လက်ထပ်ပွဲက တစ်လပဲလိုတယ်"
"ကျုပ်ရဲ့ အထောက်အထားအရ ပြန်လည်ဝင်စားခြင်းပင်လယ်ကို သွားရောက်တာဟာ နည်းနည်းတော့ အခက်အခဲရှိပေမဲ့ မင်းနဲ့လိုက်ခဲ့ပေးဖို့ ပြဿနာမရှိဘူး"
ကျွင်းရှောင်ယောက်က သက်ပြင်းချပြီး ပြောလိုက်သည်။
ထို့ပြင် ကိုယ်လုပ်တော်ကောက်ယူခြင်းက ရဲ့ကူချန်ကို ပစ်မှတ်ထားခြင်းထက် သူ့ကို ပစ်မှတ်ထားသည်ဟုဆိုလျှင် ပိုမှန်မည်။
ပြန်လည်ဝင်စားခြင်းပင်လယ်အတွက် အလွန်ဆွဲဆောင်မှုရှိသော လျှို့ဝှက်ချက်အချို့ကို သူက ပိုင်ဆိုင်ထားပုံရ၏။
ထို့ကြောင့် ရွှမ်လီနှင့် ရွှမ်မော့တို့ကို စေခိုင်းခဲ့ကြခြင်း ဖြစ်မည်။
'ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနဲ့ သတ်ပစ်ဖို့ ကြိုးစားနေတဲ့ ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ အစီအစဉ်က တကယ်ထက်မြက်တယ်လို့ ပြောရမယ်'
'ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်သူက ရယ်မောနိုင်မှာလဲ'
ကျွင်းရှောင်ယောက်က အေးစက်သော အပြုံးဖြင့် သူ့စိတ်ထဲမှ တွေးလိုက်သည်။
အချိန်က တရွေ့ရွေ့ ကုန်လွန်လာပြီး မကြာမီ တစ်လပြည့်တော့မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ရဲ့ကူချန်ကို နောက်ထပ် မနှောင့်ယှက်တော့ပါ။
သူက တကယ်မသွားဘူးဆိုလျှင် ကျွင်းရှောင်ယောက်က ဘာမျှပြောမည် မဟုတ်ပေ။
ကျွင်းရှောင်ယောက်က အောင်သွယ်တော် ဖူးစာရေးနတ်လည်း မဟုတ်ပါ။
စစ်ထူရွယ်က ရွှမ်လီကို လက်ထပ်ခဲ့လျှင်ပင် သူက အနေသာကြီး ဖြစ်သည်။
သို့သော်...
ရဲ့ကူချန်က ဓားလမ်းစဉ်၏ အထွတ်အထိပ်ကို အမှန်တကယ်ရောက်ရှိလိုပါက အစွဲအလမ်းများကို ဖြေရှင်းရမည်ဟု သူ ခံစားရသည်။
စစ်ထူရွယ်က စွဲလမ်းခြင်းမှ လွတ်မြောက်ရန် အဓိကသော့ချက်ပင်။
ရဲ့ကူချန်က မသွားခဲ့လျှင်ပင် သူ၏ အနာဂတ်အောင်မြင်မှုများက တုကူးဓားနတ်ဘုရားထက် မနိမ့်ကျနိုင်ပေ။
သို့ရာတွင်...
သူက တုကူးဓားနတ်ဘုရားကို ကျော်လွန်ရန် မဖြစ်နိုင်ပါ။
ဤလအတွင်းမှာ ရွှမ်လီက ကိုယ်လုပ်တော်ကောက်ယူမည့်သတင်းမှာ ပျံ့နှံ့သွားခဲ့သည်။
အင်အားစုကြီးတချို့လည်း ဂုဏ်ပြုလက်ဆောင်များကို ပြင်ဆင်ကြလေသည်။
နောက်ဆုံးတွင်၊ ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေးက ထူးခြားသော အဆင့်အတန်း ရှိသည်။
သူ့ကို မြှောက်ပင့်ချင်သူများက အများအပြား ဖြစ်၏။
အမျိုးမျိုးသော အင်အားစုများသည်လည်း ပြန်လည်ဝင်စားခြင်းပင်လယ်ကို ခရီးထွက်ကြလေသည်။
ပြန်လည်ဝင်စားခြင်းပင်လယ်တွင် မင်္ဂလာပွဲကို ကျင်းပမည် ဖြစ်သည်။
ဒါက လူတော်တော်များများကို အံ့အားသင့်စေသည်။
ပုံမှန်အားဖြင့် ကိုယ်လုပ်တော်ကောက်ယူခြင်းအတွက် ပြန်လည်ဝင်စားခြင်းပင်လယ်တွင် ပွဲကြီးကျင်းပနေရန် မလိုပေ။
မင်္ဂလာပွဲကျင်းပရန် မလိုပါ။
ထို့ကြောင့် ရွှမ်လီက ဤကဲ့သို့ ကြီးကြီးမားမား လုပ်နေသောအခါ လူအများက နားမလည်နိုင် ဖြစ်ကြသည်။ သို့သော်လည်း သူတို့က ၎င်းကို သိပ်ပြီး မစဉ်းစားခဲ့ကြပေ။
တားမြစ်နယ်မြေမှ သခင်လေးများက လုပ်စရာမရှိလျှင် အဆန်းထွင်တတ်သည်။
ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်သာ ရွှမ်လီ၏ ရည်ရွယ်ချက်အမှန်ကို သိကြပေသည်။
လက်ထပ်ပွဲမစတင်မီ ခုနစ်ရက်အလို...
ဓားသင်္ချိုင်းတွင်...
ရဲ့ကူချန်က ဓားတစ်လက်ကဲ့သို့ တောင်ထိပ်တွင် အမြဲတမ်း ထိုင်နေခဲ့သည်။
ယနေ့မှာတော့ နောက်ဆုံးတွင် သူ လှုပ်ရှားခဲ့၏။
သူသည် မျက်လုံးများကိုဖွင့်ကာ ရွှင်းချိုရှီးပိုက်ဓားဖြင့် တစ်ချက် လွှဲခုတ်လိုက်သည်။
ဤဓားက မမြန်ပေ။ ၎င်းက နှေးကွေးသည်ဟုပင် ခံစားရသည်။
သို့ရာတွင်၊ လူများကို ထူးခြားသော ခံစားချက်အား ခံစားရစေသည်။
၎င်းက အရာခပ်သိမ်းကို အိုမင်း၍ ညှိုးနွမ်းစေသော စွမ်းအားရှိပုံရပေသည်။
"ကောင်းလိုက်တဲ့ ဓားချက်"
ကျွင်းရှောင်ယောက်က ပေါ်လာခဲ့သည်။ သူ့မျက်လုံးများမှာတော့ သဘောကျမှုတို့ ပေါ်လွင်နေ၏။
ရဲ့ကူချန်၏ ကိုယ်တိုင်ဖန်တီးမှုဖြစ်သော နတ်ဘုရားအားလုံး၏ ကပ်ဘေးဒုက္ခက သူ့ကို အထင်ကြီးစေခဲ့သည်။
ဤဓားချက်ကလည်း သူ့ကို သဘောကျစေပါသည်။
၎င်းက နတ်ဘုရားအားလုံး၏ ကပ်ဘေးဒုက္ခနှင့် မတူပေ။
ဤဓားချက်က မာကျောခြင်းနှင့် နူးညံ့ခြင်းကို ခံစားရစေသည်။
ကျွင်းရှောင်ယောက် ပေါ်လာတာကို မြင်သောအခါ ရဲ့ကူချန်က အများကြီး မပြောတော့ပေ။ သူက ရွှင်းချိုရှီးပိုက်ဓားကို ကျောထက်မှာလွယ်ပြီး ရှေ့သို့ ခြေလှမ်းလိုက်သည်။
"နောက်ဆုံးတော့ မင်းသိသွားပြီပေါ့"
ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ရဲ့ကူချန်က အပြောင်းအလဲမရှိသော အမူအရာဖြင့် ပြောလိုက်၏။
"ကျုပ်က ဓားကွက်အသစ်ကို လေ့ကျင့်ထားလို့ ဓားသွေးကျောက်ကို...၊ မင်း ကျုပ်နဲ့အတူ လိုက်ခဲ့မှာလား"
"ကိစ္စမရှိဘူး"
ကျွင်းရှောင်ယောက်က ပြုံးပြီး ပြောလိုက်သည်။
ထို့နောက် ဓားသင်္ချိုင်းမှ အတူ ထွက်ခဲ့ကြလေသည်။
ထိုအချိန်တွင်၊ ကျန့်ချီ၏ ရုပ်သွင်က လေထဲမှာ ပေါ်လာသည်။
"ဟင်း... ငါ့ဓားသင်္ချိုင်းက ပြဿနာကောင်လေးတွေကို ဆွဲခေါ်ခဲ့မိတာများလား"
ကျန့်ချီက အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ ရွေးချယ်စရာမရှိဘဲ လျှို့ဝှက်စွာ လိုက်သွားတော့သည်။
ကျွင်းရှောင်ယောက်၏ လုံခြုံရေးအတွက် သူ စိတ်မပူပါ။ ကျွင်းရှောင်ယောက်၏ ကျောထောက်နောက်ခံက အလွန်တရာ သန်မာသည်။
သူ တကယ်စိတ်ပူတာက ရဲ့ကူချန်ကိုပင်။
ရဲ့ကူချန်က တုကူးဓားနတ်ဘုရား ပြန်လည် ပေါ်ထွန်းရေးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ သူ့ကို ဆုံးရှုံးမခံနိုင်ပါ။
............
ပြန်လည်ဝင်စားခြင်းပင်လယ်က ကောင်းကင်ကိုးပါး၏ တားမြစ်နယ်မြေ ဆယ်ခုထဲမှ တစ်ခု ဖြစ်သည်။
၎င်းက ခေတ်ကာလတစ်လျှောက်တွင် အခိုင်အမာ ရပ်တည်ခဲ့ပြီး မပျက်စီးနိုင်ပေ။
၎င်းတို့ကို ပြန်လည်ဝင်စားခြင်း၏မူလဟု လူသိများပြီး အလွန်လျှို့ဝှက်ဆန်းကျယ်သည်။
မူလက ပြန်လည်ဝင်စားခြင်းပင်လယ်သည် သက်ရှည်ကျွန်းနှင့် ယှဉ်ပြိုင်နိုင်ပြီး တားမြစ်နယ်မြေ ဆယ်ခုအနက် ပထမ သို့မဟုတ် ဒုတိယနေရာအတွက် အမြဲ ယှဉ်ပြိုင်နိုင်ခဲ့သည်။
သို့သော်လည်း အဖြစ်အပျက်တစ်ခုကြောင့် ပြန်လည်ဝင်စားခြင်းပင်လယ်မှာ ကျဆင်းသွားရသည်။
၎င်းမှာ အဆုံးမဲ့ပင်ဧကရာဇ်က ပြန်လည်ဝင်စားခြင်းပင်လယ်၏ မဟာပုဂ္ဂိုလ်ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ခြင်းပင်။
သို့သော်လည်း ၎င်းက ကျဆင်းသွားသည့်တိုင် ပြန်လညိဝင်စားခြင်းပင်လယ်၏ အင်အားကို သံသယဖြစ်ဖွယ် မရှိပါ။
ကောင်းကင်ကိုးပါး၏ ကြယ်ကောင်းကင်မှာ....
သားရဲဂူ၏ ဘုရင်ငယ်သုံးပါးက ရထားတစီးကိုဆွဲကာ ပြန်လည်ဝင်စားခြင်းပင်လယ်သို့ ဦးတည်သွားနေသည်။
ရထားပေါ်တွင် ကျွင်းရှောင်ယောက်နှင့် ရဲ့ကူချန်တို့က လိုက်လာကြ၏။
ရဲ့ကူချန်က စကားမပြောသော်လည်း သူ့အမူအရာက အေးစက်သည်။
တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်၏ အမူအရာက ထုံးစံအတိုင်း တည်ငြိမ်မှုရှိပေသည်။
သူ့အပေါ်ရန်လိုသော ပြန်လည်ဝင်စားခြင်းပင်လယ်သို့ သွားနေရသည့် သူ့အမူအရာက ငြိမ်သက်နေခဲ့သည်။
ထိုအချိန်တွင် အသံတစ်ခုက ရုတ်တရက် ထွက်လာခဲ့လေသည်။
"ယို၊ ဒီသခင်လေးက ကျွင်းရှောင်ယောက်များလား"