အခန်း ၁၄၂၄
Vol. 96 Ch. 1424
အခန်း ( ၁၄၂၄ ) မင်္ဂလာပွဲ။
ကျွင်းရှောင်ယောက်က အသံလာရာဆီသို့ ကြည့်လိုက်သောအခါ...
အသားဖြူဖြူ၊ နှုတ်ခမ်းပါးပါးနှင့် ပုလဲလုံးသဖွယ် သွားများရှိသော လူငယ်တစ်ဦးကို ကြည့်လိုက်မိ၏။
သူက နူးညံ့သိမ်မွေ့ပြီး ပျော့ပျောင်းပုံရ၏။
သူက အမျိုးသားတစ်ဦးနှင့်တူပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း...
အခြေခံအားဖြင့်တော့ သူသည် ယောက်ျားတစ်ယောက်လို ၀တ်စားထားသော မိန်းမတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။
ဤအခိုက်တွင်၊ သူက စူးစမ်းလိုစိတ် အရိပ်အယောင်တို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေခဲ့သည်။
ကျွင်းရှောင်ယောက်က ဘုရင်ငယ်သုံးပါးကို ဖိနှိပ်ခဲ့ခြင်းမှာ လျှို့ဝှက်ချက် မဟုတ်ပေ။
ထို့ကြောင့် ဘုရင်ငယ်သုံးပါးကသော ရထားကို မြင်လိုက်သည်နှင့် ကျွင်းရှောင်ယောက်ဖြစ်ကြောင်း သိနိုင်သည်။
"ဟုတ်ပါတယ်၊ မင်းက ဘယ်သူလဲ"
ကျွင်းရှောင်ယောက်က ပြောသည်။
"ကျုပ်က ခွင်းလင်ယုပါ၊ ကျွင်းသခင်လေးကို ဒီနေရာမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး"
ခွင်းလင်ယု အမည်ရှိသော လူငယ်က ပြောလိုက်သည်။
သို့သော်... သူက ယောက်ျားတစ်ယောက်လို မည်သို့ပင် ဝတ်ဆင်ထားစေကာမူ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် လှပသော မျက်နှာသွင်ပြင်ကို ဖုံးကွယ်မရပေ။
သူက ကျွင်းရှောင်ယောက်ကို စူးစမ်းလိုစိတ်တို့ဖြင့် ကြည့်နေသည်။
"ကျွင်းသခင်လေးက ပြန်လည်ဝင်စားခြင်းပင်လယ်ကို တကယ်သွားဖို့ ရည်ရွယ်ထားတာလား"
ခွင်းလင်ယုက ဆက်မေးသည်။
"ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ"
"ကောလဟာလတွေသာ အမှန်ဆိုရင်၊ ကျွင်းသခင်လေးက အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်သင့်တယ်"
“မှန်ပါတယ်”
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် အဆုံးမဲ့ဧကရာဇ်နဲ့ ပြန်လည်ဝင်စားခြင်းပင်လယ်ကြားက ရှည်ကြာတဲ့ အမုန်းတရားတွေကို ခင်ဗျားသိမှာပေါ့"
ခွင်းလင်ယုက ပြောလိုက်၏။
"ကျုပ်သိပါတယ်၊ အဲဒါက ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ညိမ့်လိုက်သည်။
ခွင်းလင်ယုက ဆွံ့အသွားသည်။
အဆုံးမဲ့မဟာဧကရာဇ်၏ ဆင်းသက်လာသူတစ်ဦးအနေဖြင့် ပြန်လည်ဝင်စားပင်လယ်သို့ သွားရောက်ခြင်းမှာ မီးပုံထဲသို့ ခုန်ဆင်းသကဲ့သို့ပင်။
"ပြန်လည်ဝင်စားခြင်းပင်လယ်ကို သွားတာက ရန်သူလက်ထဲ ဆင်းသက်ရသလိုဖြစ်ပြီး အပြင်ထွက်ဖို့ ခက်ခဲမယ်ဆိုတာ ရှင်မသိဘူးလား"
ခွင်းလင်ယုက ကြင်နာစွာဖြင့် သတိပေးလိုက်သည်။
"ဒါက ပိုလို့တောင် စိတ်ဝင်စားစရာ မဟုတ်ဘူးလား။ ပြန်လည်ဝင်စားခြင်းပင်လယ်က ကျုပ်ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ချင်တယ်"
ထိုသို့ပြောဆိုပြီးနောက် ကျွင်းရှောင်ယောက်က သားရဲဘုရင်သုံးပါးကို ဆက်သွားရန် အချက်ပြလိုက်သည်။
"ဟေး၊ ခဏစောင့်..."
ခွင်းလင်ယုက အော်လိုက်သော်လည်း ကျွင်းရှောင်ယောက်မှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီ။
သူက နှုတ်ခမ်းစူလိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲတွင် ထူးခြားသော အလင်းရောင်တစ်ခု လင်းလက်သွား၏။
"ကောလဟာလတွေအတိုင်း သူက တကယ်ကို ထူးခြားတာပဲ။ မမအားကျိုးက သူ့ကို နေ့ရောညပါ လွမ်းဆွတ်နေတာ အံ့သြစရာမရှိတော့ဘူး"
"ဘာပဲဖြစ်ဖြစ် သူတို့နောက်ကို ငါလိုက်သွားရမယ်။ ဒီတစ်ခေါက် ပြန်လည်ဝင်စားခြင်းပင်လယ်မှာ စိတ်ဝင်စားရာ ပြပွဲကောင်းတစ်ခုကို မြင်ရလိမ့်မယ်"
ခွင်းလင်ယုက ပြောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။
အခြားတစ်ဖက်... ရထားလုံးပေါ်တွင်...
ရဲ့ကူချန်က စကားစလိုက်သည်။
"ယောက်ျားလေးအသွင်နဲ့ အဲဒီမိန်းကလေးရဲ့ နောက်ခံက သာမန်တော့ ဖြစ်ပုံမရဘူး"
"သူက တားမြစ်နယ်မြေက သခင်မလေးဖြစ်နိုင်ပြီး ရည်ရွယ်ချက်မဲ့ လှည့်ပတ်သွားလာနေတာလည်း ဖြစ်နိုင်ပါတယ်"
ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။
သူ၏အာရုံက ယခုအခါ ပြန်လည်ဝင်စားခြင်းပင်လယ်၌သာ ရှိသည်။
ရဲ့ကူချန်၏ မျက်လုံးများကလည်း အလင်းရောင်တို့ တောက်ပနေပေသည်။
သူတို့နှစ်ဦး၏ ဤခရီးစဉ်က ပြန်လည်ဝင်စားခြင်းပင်လယ်တစ်ခုလုံးတွင် မုန်တိုင်းတိုက်ခတ်သလို လှုပ်ခတ်သွားဖွယ်ရှိသည်။
............
ပြန်လည်ဝင်စားခြင်းပင်လယ်က ရှေးဟောင်းကြယ်ကောင်းကင်တွင် တည်ရှိသည်။
ထို့အပြင် ၎င်းသည် ကြီးမားသော ဂလက်ဆီ၏ အလယ်နေရာတွင် ရှိပေသည်။
အပြင်မှကြည့်လျှင် အဆုံးမဲ့ကြယ်များက တောက်ပနေပြီး အလွန်လှပသည်။ ဂလက်ဆီအတွင်းပိုင်းမှာတော့ ကမ်းစပ်ကို လှိုင်းပုတ်သံများ ကြားကြရ၏။
အထဲတွင် အန့်အသတ်မဲ့ ကျယ်ပြောသော ပင်လယ်ပြင်ကြီး ရှိနေသကဲ့သို့ပင်။
ယခုအချိန်တွင်၊ ကြယ်ရောင်စုံကောင်းကင်၏ တစ်နေရာမှာ လူများ စုဝေးနေကြသည်။
သူတို့က မင်္ဂလာပွဲအတွက် ဂုဏ်ပြုရန် ရောက်ရှိလာသော ကောင်းကင်ကိုးပါးမှ ကျင့်ကြံသူများ ဖြစ်လေသည်။
ဤအခိုက်တွင် ဂလက်ဆီ၏ အလယ်ဗဟိုမှ လမ်းကြောင်းတစ်ခု ပွင့်လာသည်။
လူတိုင်းက ရှေ့ကို လျှောက်သွားကြ၏။
ဂလက်ဆီအတွင်းကို ဝင်ရောက်သွားပြီးနောက် မြင်ကွင်းက ပြောင်းလဲသွားသည်။
ဤနေရာတွင် ကုန်းမြေတိုက်ကြီးမရှိပါ။
မျက်စိတစ်ဆုံး မြင်နိုင်သမျှက ပင်လယ်ပြင်ကြီး ဖြစ်သည်။
ပင်လယ်ပြင်တွင် မရေမတွက်နိုင်သော ထင်ယောင်ထင်မှားများနှင့် ကမ္ဘာကြီးကို ရောင်ပြန်ဟပ်နေသော ရောင်စုံအလင်းများ တောက်ပနေ၏။
၎င်းက ဆွဲဆောင်နိုင်လွန်းပြီး အလိုလို ကူးခတ်ချင်စိတ်တို့ ဖြစ်လာစေနိုင်သည်။
လူငယ်တချို့က စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ ပင်လယ်ထဲသို့ ပြုတ်ကျလုနီး ဖြစ်သွားကြလေသည်။
ကံကောင်းထောက်မစွာဖြင့် အခြားသူများက ဖမ်းဆွဲခြင်းကို ခံခဲ့ရသည်။
"စိတ်ကိုငြိမ်ငြိမ်ထားပြီး အာရုံစူးစိုက်ပါ။ မဟုတ်လို့ ဒီပင်လယ်ထဲ ပြုတ်ကျသွားရင် ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
တစ်ယောက်က သတိပေးလိုက်သည်။
ဒါက အမှန်တကယ်ပင် ပြန်လည်ဝင်စားခြင်းပင်လယ်၏ အကာကွယ်များထဲမှ တစ်ခုဖြစ်သည်။
ဓားသင်္ချိုင်းတွင် ဓားစွမ်းအင်ကြယ်မြစ်ရှိသကဲ့သို့ ပြန်လည်ဝင်စားခြင်းပင်လယ်မှာလည်း သဘာဝအတိုင်း ကိုယ်ပိုင် အကာအကွယ်များ ရှိပေသည်။
ထိုစဉ်၊ ပင်လယ်ပြင်၏ အခြားတစ်ဖက်မှ ကောင်းကင်ကြိုးတံတားများ ရုတ်တရက် ပေါ်လာသည်။
လူများလည်း တံတားပေါ်သို့ တက်သွားကြ၏။
သူတို့က ကြိုးတံတားကို ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင် ပြန်လည်ဝင်စားခြင်း ပင်လယ်အထက်မှာ ရှေးဟောင်းဂြိုလ်များကို တွေ့လိုက်ရသည်။
ဂြိုလ်များပေါ်တွင် ကောင်းကင်ဘုံဗိမာန်များ၊ အဆောင်များနှင့် နန်းတော်အမျိုးမျိုး ရှိ၏။
ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေး ရွှမ်လီ၏ မင်္ဂလာပွဲက ဂြိုလ်တစ်ခုပေါ်တွင် ကျင်းပသည်။
ထိုနေရာတွင် အနီရောင်ဖဲကြိုးများ၊ ရောင်စုံမီးပုံးများဖြင့် အလှဆင်ထား၏။
စစ်ထူမိသားစု၏ ကျင့်ကြံသူများသည်ပင် ထိုနေရာတွင် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။
သူတို့၏ မျက်နှာများမှာလည်း ပျော်ရွှင်မှုတို့ ပြည့်နှက်နေပေသည်။
သူတို့မိသားစုမှ မိန်းကလေးက ပြန်လည်ဝင်စားခြင်းပင်လယ်၏ ဒုတိယသခင်လေးနှင့် လက်ထပ်တော့မည်ဖြစ်သည်။
သူက ကိုယ်လုပ်တော်တစ်ဦးသာဖြစ်သော်လည်း အိမ်ထောင်ရေး မဟာမိတ်ဖွဲ့နိုင်သရွေ့ စစ်ထူမိသားစု၏ ရပ်တည်ချက်က လုံခြုံနေလိမ့်မည်။
ဥပမာဆိုရသော်...
စစ်ထူမိသားစုသည် ယခင်က ပြန်လည်ဝင်စားခြင်းပင်လယ်အတွက် ခွေးတစ်ကောင်သာ ဖြစ်ခဲ့ပါက...
ယခုဆိုလျှင် အနည်းဆုံးတော့ စစ်ထူမိသားစုသည် ပြန်လည်ဝင်စားပင်လယ်၏ ကျွန်များဖြစ်လာပြီး လူတိုင်း အနိုင်ကျင့်နိုင်မည် မဟုတ်တော့ပေ။
ယခုအချိန်တွင် လူအုပ်ထဲမှ အကြီးအကဲတစ်ဦးက ပျော်တပြုံးပြုံး ဖြစ်နေသည်။
သူက စစ်ထူမိသားစု၏ အကြီးအကဲ ဖြစ်၏။
ဤမင်္ဂလာပွဲပြီးလျှင် ကောင်းကင်ကိုးပါးရှိ စစ်ထူမိသားစု၏ သြဇာလွှမ်းမိုးမှုက ဆက်လက် ကျယ်ပြန့်လာမည်မှာ သေချာသည်။
သူတို့က အခြားသော တားမြစ်မိသားစုအချို့ကိုပင် လွှမ်းမိုးသွားလိမ့်မည်။
ထိုအချိန်၊ အဝေးမှ လူရိပ်တစ်ခုက ပျံသန်းလာသည်။
ဒါက ရွှမ်လီပင်။
"ဒုတိယသခင်လေး ရောက်လာပြီ"
"မင်္ဂလာပါ ဒုတိယသခင်လေး"
ရွှမ်လီ ပေါ်လာတာကို မြင်သောအခါ ဧည့်သည်များက နှုတ်ဆက်လိုက်ကြသည်။
"မင်္ဂလာပါ သခင်လေးရွှမ်လီ"
စစ်ထူမိသားစု၏ အကြီးအကဲက ရှေ့သို့ အလျင်အမြန်တိုးလာပြီး လက်ယှက်ပြလိုက်သည်။
ရွှမ်လီက သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးလျက် ပြောလိုက်၏။
"အကြီးအကဲစစ်ထူ၊ ခင်ဗျား ယဉ်ကျေးလွန်းပါပြီ။ အခုအချိန်ကစပြီး စစ်ထူမိသားစုဟာ ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မယ်"
ရွှမ်လီ၏စကားကို ကြားသောအခါ စစ်ထူမိသားစုခေါင်းဆောင်က ဝမ်းမြောက်စွာဖြင့် ဦးညွတ်လိုက်သည်။
"စစ်ထူမိသားစုအတွက် ပြန်လည်ဝင်စားခြင်းပင်လယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတာ ဂုဏ်ယူစရာပါပဲ"
"ဒါနဲ့ စစ်ထူရွယ်က ဘယ်မှာလဲ"
ရွှမ်လီက မေးသည်။
"သခင်လေး၊ စစ်ထူရွယ်က အဝတ်အစားတွေ ပြင်ဆင်နေပြီး မကြာခင် ထွက်လာပါလိမ့်မယ်"
စစ်ထူမိသားစုခေါင်းဆောင်က ပြောလိုက်သည်။
ရွှမ်လီက အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
သူက ထူးခြားသော အရိပ်အယောင်တို့ဖြင့် ဝေးကွာသောအရပ်မှ ကောင်းကင်ကို လှမ်းကြည့်လိုက်၏။
'ဒီတော့ မင်း မလာဘူးပေါ့ ရဲ့ကူချန်၊ မင်းက ဘယ်အချိန်မှာ နောက်ဆုတ်ရမယ်ဆိုတာကို တကယ်သိတယ်'
'နောက်ပြီးတော့ ကျွင်းရှောင်ယောက်...'
ရွှမ်လီက မျက်လုံးကို အနည်းငယ် မှေးစင်းလိုက်သည်။
စစ်ထူရွယ်ကို ကိုယ်လုပ်တော်အဖြစ် တော်ကောက်ခြင်းက ရဲ့ကူချန်ကို အမှန်တကယ် လက်စားချေရန် ဖြစ်သည်။
ရဲ့ကူချန်သည် ထိုအချိန်က သူ့ကို ဆိုးဆိုးရွားရွား အရှက်ရစေခဲ့ပေသည်။
သို့ရာတွင်၊ သူတို့ကို ဤသို့ကလိရခြင်းမှာ တခြားအကြောင်းပြချက်တစ်ခု ရှိသည်။
ဒါက သူ့ဆန္ဒသက်သက် မဟုတ်ပါ။
'ကျွင်းရှောင်ယောက်က ငါ့ပြန်လည်ဝင်စားခြင်းပင်လယ်အတွက် အလွန်အရေးကြီးတဲ့ လျှို့ဝှက်ချက်တစ်ခုခုကို အမှန်တကယ် ပိုင်ဆိုင်ထားတာ ဖြစ်နိုင်မလား'
ရွှမ်လီက အနည်းငယ် သံသယဖြစ်မိသည်။
ထိုအချိန်တွင် ဖီးနစ်သရဖူကို ဆောင်းထားပြီး လှပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် စစ်ထူရွယ်က နောက်ဆုံးတွင် ပေါ်လာခဲ့သည်။
သူက အနီရောင်ပဝါစကို ဦးခေါင်းထက်တွင် ခြုံထားပြီး အနီရောင်ဝတ်စုံဝတ် အစေခံမိန်းကလေး လေးဦးကို ခြံရံလျက် ရောက်ရှိလာခြင်း ဖြစ်လေသည်။
ဤမြင်ကွင်းကို မြင်သောအခါ လူအုပ်မှ ပျော်ရွှင်စွာ အော်ဟစ်ကြိုဆိုသံများ ထွက်ပေါ်လာသည်။
အမျိုးသမီး ကျင့်ကြံသူ အများအပြားမှာလည်း မနာလိုစိတ်ဖြင့် ကြည့်နေကြလေသည်။
ကိုယ်လုပ်တော်အဖြစ် ကောက်ယူခြင်းသာဖြစ်သော်လည်း လူတစ်ဦး၏ အဆင့်အတန်းနှင့် ရပ်တည်မှုတွင် ကြီးမားသော ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးနိုင်သည်။
စစ်ထူရွယ် ပေါ်လာတာကို မြင်သောအခါ ရွှမ်လီက အနည်းငယ် ပြုံးလိုက်တယ်။
သူ ဤသို့လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်က ရဲ့ကူချန်နှင့် ကျွင်းရှောင်ယောက်ကို ပစ်မှတ်ထားရန်ပင်။
သို့သော်လည်း စစ်ထူရွယ်က အမှန်တကယ် ချောမောလှပသော အမျိုးသမီးတစ်ဦးဟု ဆိုရမည် ဖြစ်သည်။
သူက ရှန်းလင်၏ နတ်သမီးသုံးပါးနှင့် မယှဉ်နိုင်သော်လည်း အလွန်လှပပြီး ထူးချွန်သူတစ်ဦး ဖြစ်နေသေးသည်။
ရွှမ်လီထံသို့ လျှောက်လှမ်းနေသော စစ်ထူရွယ်၏ ခြေလှမ်းများက တုံ့ဆိုင်းဆိုင်း ဖြစ်သည်။
သို့သော်လည်း အနီရောင်ပဝါဖြင့် ဖုံးအုပ်ထားသောကြောင့် သူမ၏ အမူအရာကိုတော့ မည်သူမျှ မမြင်နိုင်ကြပေ။
အခမ်းအနားကို ဆက်လက်ကျင်းပပြီး ပြီးမြောက်မည့်အချိန်ကို စစ်ထူမိသားစု၏ ခေါင်းဆောင်က မစောင့်နိုင်တော့ပါ။
ထိုစဉ်...
ရုတ်တရက်၊ ကောင်းကင်ယံမှ စူးရှသော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံက လေဟာနယ်ကို ထိုးခွဲလာသော အသံမျိုး ဖြစ်၏။
ဓားတစ်လက်က ကောင်းကင်မှ မြေပြင်သို့ ထိုးဆင်း၍ ရွှမ်လီကို ရည်ရွယ်ကာ ဆင်းသက်လာတော့သည်။
ရွှမ်လီ၏ အမူအရာက အေးစက်သွားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ နိယာမစွမ်းအားက ထွက်ပေါ်လာ၏။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားက မြေပြင်ကို စိုက်ဝင်သွားတော့သည်။
ဒါက သစ်သားဓားတစ်လက် ဖြစ်သည်။
"ငါ့ကိုရှုံးနိမ့်ခဲ့တဲ့ အရှုံးသမား၊ ဒီနေ့ ငါ့ဓားနဲ့ မင်းကို ထပ်ပြီးစမ်းသပ်မယ်"